← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း-(၄)

‎သူတို့အနောက်က တစ်ယောက်ယောက်ကို သတိထားမိသွားတော့ သူတို့ထဲကတစ်ယောက်သည် ချက်ချင်းပဲ မိန်းကလေးငယ်ကို တုတ်နဲ့ လွဲရိုက်လိုက်သည်။

‎

‎

‎မိန်းကလေးသည် သူမရဲ့ အံ့မခန်း လျင်မြန်ဖျတ်လတ်နှုန်းဖြင့်လှုပ်ရှားပြီး ထိုယောက်ျားရဲ့တိုက်ခိုက်မှုကို ရှောင်လွှဲလိုက်ကာ ဝမ်းဗိုက်ကို ဓားနဲ့ ထိုးလိုက်သည်။

‎

‎

‎အစောပိုင်းတုန်းက ဝမ်ပင်းဆီမှာဓါးမြှောင်ဖြင့် အခုတ်ခံခဲ့ရတဲ့လူသည် သူမကို တစ်ချက်ကြည့်လိုက်တာနဲ့ မှတ်မိသွားသည်။ သူမရဲ့ ကျွမ်းကျင်မှုကိုသိတဲ့အတွက် သူက တွန့်ဆုတ်မနေဘဲ ပြေးထွက်သွားသည်။

‎

‎

‎"သူ့ကိုဖမ်းလိုက်၊ ထွက်မပြေးစေနဲ့"

‎

‎မိန်းကလေးသည် ထွက်ပြေးနေတဲ့လူကို လိုက်ဖမ်းဖို့ ဓားမြှောင်ကို ဆွဲထုတ်ချင်ပေမယ့် သူမရဲ့လက်ကို ပြိုင်ဘက်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတာကြောင့် ဝမ်ပင်းကိုပဲ ထိုသူ့နောက်လိုက်ခိုင်းလိုက်ရသည်။

‎

‎

‎ ထိုလူကို အဘယ်ကြောင့် လိုက်ဖမ်းရမည်ကို ဝမ်ပင်းက မသိသော်လည်း တွန့်ဆုတ်ခြင်းမရှိဘဲ သူရဲ့စစ်သုံးတူရွင်းကိုဆွဲယူပြီး လိုက်ဖမ်းခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ အစားအစာများ ထည့်ထားသော ကျောပိုးအိတ်ကြီးတစ်လုံးကို ထမ်းပိုးထားရသောကြောင့် သူအနေဖြင့်လိုက်မီရန်အတွက်က အလွန်နှေးကွေးခဲ့သည်။ ထို့အပြင်၊ ထိုဆူညံသံများကြောင့် အနီးအနားရှိ ဇွန်ဘီအများအပြားကလည်း ယိုင်ထိုးကာရောက်ရှိလာနေပြီဖြစ်သည်။

မိန်းကလေးက သူ့မရဲ့ပြိုင်ဘက်ကို ခြေထောက်ဖြင့် ကန်ချလိုက်ပြီး ဝမ်ပင်း ကို အော်ပြောလိုက်သည် " ပြေး "

ထိုမိန်းကလေးရဲ့ အသံကိုကြားလိုက်တာနဲ့ ဝမ်ပင်းသည် သူတို့ဆီကို အရှိန်မြင့်ကာလာနေတဲ့ ဇွန်ဘီတွေဆီကို တစ်ချက်ကြည့်လိုက်ပြီးမှ မိန်းကလေးရဲ့ ဦးဆောင်နောက်သို့ ပြေးလိုက်သွားသည်။

ထိုမိန်းကလေးက ပတ်ဝန်းကျင်အခြေအနေကို အလွန်ရင်းနှီးသည်။လမ်းမပေါ်မှာပြေးနေတဲ့ ဝမ်ပင်းနှင့်မတူ သူမကတော့ အဆောက်အဦးတွေ ပြိုကျနေတဲ့ အပျက်အစီးအပုံများကြားမှပြေးကာ ဇွန်ဘီများကို ‌မြစ်ခြေဖြတ်ခဲ့သည်။

‎

‎အပျက်အစီးများကြားတွင် ပြေးလွှားခြင်းက အားသာချက်များရှိပြီး သတိပြုမိရန်က အလားအလာနည်းသည်။

‎

‎ကမ္ဘာပျက်ကပ်မှာက ဇွန်ဘီတွေ ကြောက်စရာကောင်းပေမယ့် ဉာဏ်ရည်တော့ သူတို့မှာမရှိပါဘူး။ သူတို့ရဲ့မြင်ကွင်းကနေ ထွက်ပြေးသွားနိုင်သရွေ့တော့ အခြေခံအားဖြင့် ဘေးကင်းပါသည်။

‎

‎

‎ဒါပေမယ့် လူသားတွေကတော့ မတူဘူး။တစ်ယောက်ယောက်ကသာ မင်းကို ပစ်မှတ်ထားလိုက်တာနဲ့ မင်း သူတို့ကို ဖယ်ရှားပစ်လိုက်နိုင်မှသာ မင်းလုံခြုံမှာပါ။

‎

‎ထို့အပြင် ၊ သင်သည် ပွင့်လင်းမြင်သာသောနေရာတွင် ရှိနေစဉ်၌ ပြိုင်ဘက်က အမှောင်ထဲတွင် ပုန်းအောင်းနေပါက အန္တရာယ်ဟာ မည်သည့်အချိန်တွင် ကျရောက်နိုင်သည်ကို သင်ဘယ်တော့မှ မသိနိုင်ပါ။

‎

‎

‎ဇွန်ဘီတွေကို မျက်ခြေဖြတ်ပြီးတဲ့နောက်မှာတောင် မိန်းကလေးက မရပ်တန့်ဘဲ အပျက်အစီးပုံတွေကြားထဲမှာ ဆက်ပြေးနေခဲ့သည်။

‎

‎

‎စားစရာအိတ်တစ်လုံးသယ်ဆောင်ထားတဲ့ ဝမ်ပင်းသည် မောပန်းနေပေမယ့်လည်း ရပ်တန့်လို့မရဘူးဆိုတာကို သူသိသည်။ သွားတွေကိုတင်းတင်းစေ့ပြီး ဆက်ပြေးနေခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ အထက်တန်းကျောင်းမှာ နေ့တိုင်းပြေးခဲ့တာကြောင့် သူ့မှာက ရုပ်ပိုင်းဆိုင်ရာ အခြေအနေကောင်းတစ်ခု ရှိနေပါသည်။

‎

‎တစ်နာရီနီးပါး ပြေးပြီးနောက်မှာတော့ ထိုမိန်းကလေးသည် ဝမ်ပင်းအား လူသူကင်းမဲ့ကာ ခြုံနွယ်ပိတ်ပေါင်းများဖုံးလွှမ်းနေတဲ့ အပျက်အစီး နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

‎

‎

‎ဒီမှာက အိမ်တွေ အများကြီးရှိသည်။ အများစုက နှစ်ထပ် ဒါမှမဟုတ် သုံးထပ်တိုက်တွေဖြစ်ပြီး ပေါင်းပင်တွေ ဝန်းရံထားတာကြောင့် ဒီနေရာကို လူသူကင်းမဲ့တဲ့ ခံစားချက်မျိုး ဖြစ်စေသည်။

‎

ထို‎မိန်းကလေးသည် မောပန်းနွမ်းနယ်ပြီးဖြစ်သော ဝမ်ပင်းကို တစ်ချက်ကြည့်လိုက်ပြီးမှ အိမ်ထဲကိုဝင်သွားသည်။

‎

‎သူတို့ရဲ့ ဦးတည်ရာကို မြင်တော့ ဝမ်ပင်းက သူမနောက်မှလိုက်၍ အထဲကိုဝင်သွားသည်။

‎

‎

‎သူဝင်လိုက်တာနဲ့ ဓားတစ်ချောင်းက သူ့လည်ပင်းကို ဖိထားလိုက်သည်။

‎

‎"မလုပ်နဲ့ ၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ ငါတို့ လုပ်နိုင်တယ်၊ ငါတို့ ဒါကို ဆွေးနွေးနိုင်တယ်"

‎

‎ဝမ်ပင်းသည် ခွေးတစ်ကောင်လိုမျိူး မောပန်းလွန်းနေပြီဖြစ်တာကြောင့် ဘာကိုမှ ဂရုမစိုက်နိုင်တော့ပဲ မြေပြင်ပေါ်ကိုလဲချလိုက်ကာ အသက်ကို အသည်းအသန်ရှု‌နေသည်။

‎ဝမ်ပင်းက တကယ်ကိုပင်ပန်းနွမ်းနယ်နေတာကို မြင်တော့ မိန်းကလေးသည် ဓားမြှောင်ကို လက်ထဲတွင်ကိုင်ကာ သတိထားရပ်နေလိုက်သည်။

‎

‎

‎မိန်းကလေးသည် ဝမ်ပင်း ပြန်ခိုးယူသွားမလားဆိုတာ မသေချာတာကြောင့် လျှပ်စစ်တုတ်ကို မကောက်ဘဲ ဘေးကိုကန်ထုတ်လိုက်သည်။ ပြီးခဲ့တဲ့အကြိမ်လိုသာ သူမ ထပ်လန့်သွားရရင် အသက်ဆုံးရှုံးသွားနိုင်သည်။

‎မိန်းကလေးက လျှပ်စစ်တုတ်ကို လျစ်လျူရှုထားတာကို မြင်သောအခါ ဝမ်ပင်းသည် သူ့ရဲ့ကျောပိုးအိတ်ကိုဖွင့်ပြီး အစားအစာနှင့် အဖျော်ယမကာများကို ထုတ်ယူလိုက်သည်။

‎

‎

‎မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ပေါင်မုန့်တွေ၊ ဘဲဥဆားငန်တွေ၊ ဝက်အူချောင်းတွေ၊ ဘီစကစ်တွေ၊ မာလာချောင်းတွေ၊ မြေပဲဆားလှော်တွေ၊ ဆန်မုန့်ကြွပ်တွေ၊ သကြားလုံးတွေ၊ အမဲသားခြောက်တွေ၊ ဘဲလည်ပင်းစပ်စပ်တွေအပြင် အရက်ဖြူ၊ ဝိုင်နီ၊ ကိုကာကိုလာနှင့် ကော်ဖီတွေကိုပါ မြင်လိုက်ရတဲ့အခါမှာတော့ ထိုမိန်းကလေးမှာ အံ့အားသင့်လွန်းလို့ ပါးစပ်တောင် မစေ့နိုင်တော့ပါဘူး။

ဒီပစ္စည်းတွေဟာ ဒီဘက်ခေတ်မှာဆို လူအများစုအတွက် မြင်ဖို့တောင် မလွယ်ဘဲ စားဖို့ဆိုရင် ပိုလို့တောင် မဖြစ်နိုင်တဲ့ ဇိမ်ခံပစ္စည်းတွေ ဖြစ်နေလို့ပါ။ ဒါပေမဲ့ အခုတော့ ဒီလူက ဒီအရာအားလုံးကို တစ်ပြိုင်နက်တည်း အများကြီး ထုတ်ပြလာခဲ့တာပဲ ဖြစ်ပါသည်"

"မင်း ငါ့ကို ဒီမှာ ၇ရက်နေခွင့်ပေးမယ်ဆိုရင် ဒီအစားစာတွေထဲက တစ်ဝက်ကို မင်းဆီပေးမယ်"

‎"ဘာ...ရှင်က... ရှင်က တစ်ဝက်ပေးမှာလား"

‎

‎

‎"ဟုတ်တယ်၊ တစ်ဝက်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတစ်ယောက်တည်းလည်း အကုန်မစားနိုင်ဘူးလေ"

All Chapters