← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း-(၅)

‎

‎

‎ကမ္ဘာပျက်ကပ်နှင့် ပတ်သက်သမျှက သူအတွက်တော့ အစိမ်းသက်သက်ကြီးသာဖြစ်တာကြောင့် ဝမ်ပင်းဟာ ဘာဝယ်ရမှန်းမသိဘဲ အစားအစာတွေ အများကြီးယူလာခဲ့သည်။ သူသာ အစားအစာတွေကို ခွဲတမ်းချပြီးစားမယ်ဆိုရင်တော့ သူ့အတွက် ရက်နှစ်ဆယ်စာလောက် လုံလောက်မှာဖြစ်ပြီး ဒီမိန်းကလေးနှင့်တစ်ဝက်စီ ဝေမျှစားရင်တောင် သူ့အတွက်တော့ လုံလောက်ပါသေးသည်။

‎

‎

‎"ဘယ်ကလဲ၊ ဒီအစားအစာတွေအားလုံးကို ဘယ်ကရခဲ့တာလဲ"

‎

‎

‎"အဲဒါကိုတော့ ငါ မင်းကို မပြောပြနိုင်ဘူး။ ဒါပေမယ့် မင်းသာ ငါ့ကို ဒီမှာ ခုနစ်ရက်နေခွင့်ပေးရင် တစ်ဝက်ကို မင်းနဲ့ ခွဲဝေမယ်။ ငါတို့ ပြန်တွေ့တဲ့အခါကြရင်လည်း ငါ မင်းကို ထပ်ပေးမယ်"

‎

‎

‎မိန်းကလေးသည် ကိုယ့်ရဲ့စားစရာသိုလှောင်ရာနေရာက လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်ဆိုတာကို သိတာကြောင့် ဝမ်ပင်းကို ဖိအားမပေးဘဲ ခေါင်းညိတ်ပြလိုက်သည်။

‎"မင်း သဘောတူပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရအောင်။ ငါက ဝမ်ပင်း မင်းနာမည်ကရော ဘယ်လိုခေါ်လဲ"

‎

‎

‎"ကျွန်မက ကွမ်းရှောင်ယွဲ့ ၊ ရှင် ကျွန်မကို ရှောင်ယွဲ့လို့ ခေါ်နိုင်တယ်"

‎

‎

‎"ကောင်းပြီ၊ ရှောင်ယွဲ့ အခန်းတစ်ခန်းလောက် ရနိုင်မလား"

‎

‎"ရှင် အဲဒီအခန်းထဲမှာ နေလို့ရတယ်။ ဒါက ကျွန်မအခန်း။ ကျွန်မရဲ့ခွင့်ပြုချက်မရှိရင် ကျွန်မရဲ့အခန်းထဲကို မဝင်ရဘူး၊ ကျွန်မလည်း ရှင့်အခန်းထဲကို မဝင်ဘူး"

‎

‎

‎အခန်းကိုစစ်ဆေးကြည့်လိုက်တော့ ရှောင်ယွဲ့က ပြတင်းပေါက်တွေကို ပျဉ်ချပ်တွေနှင့် ကာထားတာ ဆိုတော့ တံခါးတွေပိတ်ထားသရွေ့တော့ လုံခြုံပါသည်။

‎အခန်းထဲမှာ ကုတင်တစ်လုံး၊ အဝတ်ဗီရိုတစ်လုံး၊ စားပွဲတစ်လုံးနှင့်ခုံနှစ်လုံးပါတာကြောင့် တစ်ချိန်က အမျိုးသမီးအခန်းဖြစ်ခဲ့တယ်လို့ ယူဆရပါသည်။

သူ ဗီရိုတံခါးကို ဖွင့်လိုက်တော့ ပင့်ကူအိမ်တွေဖုံးလွှမ်းနေတဲ့ အဝတ်အစားအတော်များများကို တွေ့လိုက်ရသည်။အလှပြင် မှန်တင်ခုံရဲ့ အံဆွဲကို ဆွဲဖွင့်ကြည့်လိုက်ချိန်မှာတော့ လှပလွန်းတဲ့ စိန်ဆွဲကြိုးတစ်ကုံးနှင့် ရတနာအချို့ကို မြင်လိုက်ရတဲ့ အချိန်မှာတော့ သူ့မျက်လုံးတွေက အရောင်တောက်သွားသည်။

‎

‎

‎ဝမ်ပင်းက စိတ်လှုပ်ရှားစွာဖြင့် စိန်လည်ဆွဲကို ထုတ်ယူပြီး ဖုန်သုတ်ကာ ကြည့်လိုက်သောအခါ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အနည်းဆုံးတော့ သိန်းနှင့်ချီ၍ တန်ဖိုးရှိတာကို သဘောပေါက်သွားပြီး အခြားလက်ဝတ်ရတနာများရဲ့ စုစုပေါင်းတန်ဖိုးမှာလည်းတစ်သန်းကျော်ရှိသည်။

‎

‎ဝမ်ပင်းသည် တံတွေးကို ခက်ခက်ခဲခဲမျိုချရင်း ခေတ်သစ်လူ့အဖွဲ့အစည်းတွင်သာ ဒါတွေကို ရောင်းချနိုင်လျှင် သူ ချမ်းသာသွားလိမ့်မည်ဟု တွေးလိုက်မိသည်။

‎

‎

‎

‎သို့သော်လည်း သူက ရှောင်ယွဲ့ကို ဦးစွာမေးရန် ဆုံးဖြတ်လိုက်သည်။ ထိုပစ္စည်းများက သူမရဲ့ပိုင်ဆိုင်မှုဖြစ်ပါက အစားအစာနှင့် လဲလှယ်ရန် ကမ်းလှမ်းမည်ဖြစ်သည်။

‎

‎စိန်လည်ဆွဲကိုကိုင်ပြီး ဝမ်ပင်းသည် သူ့အခန်းတံခါးဖွင့်လိုက်တော့ ရှောင်ယွဲ့က ပါးစပ်ထဲဝက်အူချောင်းတွေပြည့်နေပေမယ့် ထပ်ပြီးစားနေသေးတာကို တွေ့လိုက်ရတော့ အံ့အားသင့်သွားသည်။

‎

‎မြင်ကွင်းက ကသိကအောက်ဖြစ်စရာကောင်းပြီး ဝမ်ပင်းကလည်း ရှောင်ယွဲ့စားပြီးတဲ့အထိ နောက်ဆုတ်ပြီး စောင့်သင့်မသင့် တွေးနေမိသည်။

‎ရှောင်ယွဲ့က အနည်းငယ်ရှက်ရွံ့သွားပြီး ကိုလာတစ်ငုံကို အမြန်သောက်ကာ တိုးတိုးလေးမေးလိုက်သည်"တစ်ခုခုလိုအပ်လို့လား"

‎

‎

‎"စားစရာတွေက အများကြီးရှိတယ်။ အချိန်ယူပြီးစားပါ အလျင်စလိုမလုပ်နဲ့"

‎

‎

‎ရှောင်ယွဲ့ကခေါင်းညိတ်ပြီး ဆက်ပြောဖို့ အချက်ပြလိုက်သည်။

‎

‎

‎"ဒီရတနာတွေ ရောင်းမလားလို့ မေးချင်လို့ပါ"

‎

‎

‎"ရှင်ကြိုက်ရင်ယူလိုက်။ အဲတာတွေက ကျွန်မအတွက် အသုံးမဝင်ဘူး"

‎

‎

‎ဝမ်ပင်းရဲ့ မေးခွန်းကို ကြားတော့ ရှောင်ယွဲ့က လျစ်လျူရှုပြီး သူမရဲ့ ဝက်အူချောင်းကိုသာ ဆက်စားလိုက်သည်။

‎

‎"တကယ်ကြီးလား၊ ဒါတွေကို ငါ့ကိုပေးနေတာလား"

‎

‎

‎"ဟုတ်တယ်၊ ရှင်လိုချင်ရင်ယူလိုက်။ ဒါတွေကို ဘယ်သူကမှ မလိုချင်ကြဘူး"

‎

‎"ဘယ်သူကမှ ဒါတွေကို မလိုချင်ကြဘူးလား"

‎

‎

‎"ဒီမှာ ဒီလိုပစ္စည်းတွေ အများကြီးရှိလား" လို့ ဝမ်ပင်းက မေးလိုက်သည်။

‎

‎

‎"အများကြီးပဲ ၊ အရင်ကဆို ဒီနေရာက ချမ်းသာတဲ့လူတွေရဲ့နေရာဖြစ်ခဲ့ဖူးတယ်လေ။ အိမ်အတော်တော်များများမှာ အဲဒါတွေရှိတယ်။ ရှင်က ဒီဟာတွေကို ဘာအတွက် လိုချင်တာလဲ။ စားလို့မရသလို ၊ ဘာနဲ့မှ လဲလှယ်လို့ရမှာမဟုတ်ဘူး"

‎

‎

‎"အိုး... ဒါက ငါ့အတွက်တော့အသုံးဝင်မှုတွေရှိတယ်"

‎

‎

‎"ရှင် လိုချင်တယ်ဆိုရင်တော့ ကျွန်မ ဒီပတ်ပတ်လည်မှာလိုက်ရှာပေးမယ်။ တခြားအိမ်တွေမှာ ဒီထက်ပိုရှိတယ်ဆိုတာကို ကျွန်မမှတ်မိတယ်" လို့ ကွမ်းရှောင်ယွဲ့က ပြောသည်။

‎

‎

‎"အာ... ကျေးဇူးတင်ပါတယ်"

‎

‎"ရပါတယ်။ ဘာပဲဖြစ်ဖြစ် ၊ ရှင်က ကျွန်မကို အစားအစာတွေ အများကြီးပေးခဲ့တာဆိုတော့ ဒါက ရှင့်ကို ပြန်ပေးဆပ်တဲ့နည်းလမ်းလို့ပဲ မှတ်ယူလိုက်ပါ။ ခဏစောင့်နော် ကျွန်မရဲ့ အစားအစာတွေကို အခန်းထဲရွှေ့ပြီးရင် ရှင့်ကို ကူပြီးလိုက်ရှာ‌ပေးမယ်"

‎

‎

‎"ကောင်းပြီ ၊ အလျင်စလိုမလုပ်ဘဲ အချိန်ယူပါ" လို့ ဝမ်ပင်းက သတိပေးလိုက်တယ်။

‎ကွမ်းရှောင်ယွဲ့ ရဲ့စကားတွေကိုကြားတော့ ဝမ်ပင်းက ပိုစိတ်လှုပ်ရှားသွားသည်။

အတော်ကြာပြီးတဲ့နောက်မှာတော့... ကွမ်းရှောက်ယွဲ့ဟာ သူမရဲ့ အခန်းထဲကနေ ထွက်လာခဲ့ပြီး အပြင်သို့ မထွက်ခွာမီတွင် ဝမ်ပင်းကို လက်လှမ်းပြလိုက်တယ်။

ကွမ်းရှောက်ယွဲ့ အပြင်ကို ထွက်လာတာကို မြင်လိုက်ရတဲ့ တစ်ခဏမှာပဲ... ဝမ်ပင်းကလည်း အထဲမှာ ဘာမှမရှိတော့ဘဲ ပြောင်စင်နေတဲ့ သူ့ရဲ့ကျောပိုးအိတ်ကို ဆွဲကိုင်ရင်း သူမရှိရာဆီသို့ စိတ်အားထက်သန်စွာနဲ့ အပြေးအလွှား ရောက်ရှိလာခဲ့ပါတော့တယ်။

"သတိထားဦး... ကျွန်မရဲ့အနားကနေပဲ ကပ်ပြီးလိုက်ခဲ့၊ ဘယ်မှ လျှောက်မသွားနဲ့ဦးနော်... ဒီပတ်ပတ်လည်မှာ ကျွန်မထောင်ထားတဲ့ ထောင်ချောက်တွေ ရှိတယ်"

‎ကွမ်းရှောင်ယွဲ့ရဲ့ သတိပေးချက်ကိုကြားတဲ့အခါ ဝမ်ပင်းက စိုးရိမ်တကြီးဖြင့် ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ပြီး သူမနောက်သို့ လျင်မြန်စွာ ကပ်လိုက်သွားလိုက်သည်။

‎

‎

‎မကြာခင်မှာပဲ ကွမ်ရှောင်ယွဲ့က ဝမ်ပင်းကို အနီးနားက အိမ်တစ်အိမ်ဆီခေါ်သွားပြီး ဒုတိယထပ်က အိပ်ခန်းကျယ်ကြီးတစ်ခုဆီ တန်းသွားလိုက်သည်။

‎

‎

‎"ဒီမှာလည်း တချို့ရှိနိုင်တယ်"လို့ ကွမ်းရှောင်ယွဲ့က ပြောလိုက်တယ်။

‎

‎ဒါကိုကြားတော့ ဝမ်ပင်းက အထဲကိုပြေးဝင်သွားပြီး အရာအားလုံးကို လှန်လှောကြည့်လိုက်တော့ သန်းပေါင်းများစွာတန်တဲ့ ရတနာလည်ဆွဲတစ်ခု အပါအဝင် အဖိုးတန်လက်ဝတ်ရတနာပေါင်း တစ်ဒါဇင်ကျော်ကို တွေ့ရှိခဲ့တယ်။

‎

‎

‎"တစ်ခုတောင် မလိုချင်ဘူးလား" ဟု ဝမ်ပင်းက အဖိုးတန်လက်ဝတ်ရတနာများကိုထားရင်း ကွမ်းရှောင်ယွဲ့ကိုကြည့်ကာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ မေးလိုက်သည်။

‎

‎

‎"မလိုဘူး။ အဲဒါတွေက ကျွန်မအတွက် အသုံးမဝင်ဘူး။ ရှင်လိုချင်သေးရင် ကျွန်မ ရှင့်ကို တခြားအိမ်တွေဆီ ခေါ်သွားပေးအုံးမယ်။ အိမ်တစ်အိမ်မှာဆို မီးခံသေတ္တာအကြီးကြီးတစ်လုံးရှိတယ်ဆိုတာကို ကျွန်မမှတ်မိတယ်။ ဒါပေမယ့် ကျွန်မအကြိမ်ကြိမ်ကြိုးစားပြီး ဖွင့်ကြည့်ပေမယ့် ဖွင့်လို့တောင်မရဘူး။ ရတနာတွေနဲ့ပဲ ပြည့်နေလောက်တယ်ထင်လို့ ကျွန်မဘာမှ ထပ်မလုပ်တော့တာ"

" အိုးး.... ကောင်းတာပေါ့"

All Chapters