← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း-(၆)

‎

‎

ဝမ်ပင်းသည် ဘာပြောရမှန်းမသိအောင်အထိကို အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရတယ်။ သူဌေးတစ်ယောက်ရဲ့ မီးခံသေတ္တာထဲမှာဆိုရင်တော့ တန်ဖိုးကြီးပစ္စည်းတွေ အမြောက်အမြားရှိနေမှာက သေချာလှတာကြောင့် ဖြစ်ပါတယ်။

မကြာခင်မှာပဲ ကွမ်းရှောက်ယွဲ့ရဲ့ လမ်းညွှန်ပြသမှုနဲ့အတူ သူတို့နှစ်ယောက်ဟာ သူမပြောခဲ့တဲ့ အိမ်ကြီးဆီသို့ ဆိုက်ရောက်လာခဲ့ကြတယ်။

ဗီဒိုအံဆွဲထဲမှာတော့ ဝမ်ပင်းသည် ရွှေနာရီအချို့အပါအဝင် လက်ဝတ်ရတနာ အမြောက်အမြားကို ရှာဖွေတွေ့ရှိသွားခဲ့တယ်။

တစ်သက်နဲ့တစ်ကိုယ် ရွှေနာရီတစ်လုံးမျှ မဝတ်ဆင်ဖူးခဲ့တာကြောင့်... ဝမ်ပင်းဟာ အကြီးဆုံးနာရီတစ်လုံးကို ချက်ချင်းထုတ်ယူကာ သူ့ရဲ့လက်ကောက်ဝတ်မှာပတ်ပြီး စမ်းဝတ်ကြည့်လိုက်တော့တယ်။ သူဟာ တစ်ခဏချင်းမှာပဲ ရုတ်တရက် ချမ်းသာလာတဲ့ သူဌေးကြီး တစ်ယောက်လိုမျိုး ကိုယ့်ကိုယ်ကိုယ် ခံစားလိုက်ရတယ်။

" မီးခံသေတ္တာက ဒီမှာ..."ကွမ်းရှောင်ယွဲ့က ညွှန်ပြသည်။

" အိုး... အမိုက်စားပဲဟ"

‎

‎

‎

‎ဝမ်ပင်းက ဗီရိုထဲက လက်ဝတ်ရတနာတွေအားလုံးကို ကျောပိုးအိတ်ထဲ အမြန်ထည့်လိုက်ပြီး ကွမ်းရှောင်ယွဲ့ပြောတဲ့ မီးခံသေတ္တာဆီကို စိတ်လှုပ်ရှားစွာဖြင့်ပြေးသွားလိုက်သည်။

‎

‎၎င်းသည် အီလက်ထရွန်းနစ် ပေါင်းစပ်သော့ပါသည့် တစ်မီတာအမြင့်ရှိတဲ့ မီးခံသောသေတ္တာတစ်လုံးဖြစ်သည်။

‎

‎ဝမ်ပင်း စမ်းကြည့်လိုက်တော့ သော့က အလုပ်လုပ်နေဆဲဖြစ်ပြီး လက်ဗွေရာစကင်နာလည်းပါတာကို တွေ့လိုက်ရတော့ သူ့မှာ အံ့အားသင့်သွားရတယ်။

‎

‎

‎

‎ယေဘုယျအားဖြင့်ဆိုရရင် ထိုကဲ့သို့သော အဖိုးတန် မီးခံသေတ္တာများကို အချက်ပေးစနစ်နှင့် ချိတ်ဆက်ထားပြီး မှားယွင်းသော ကုဒ်ထည့်သွင်းမှုရှိပါက သတိပေးချက်ထုတ်ပေးခြင်း သို့မဟုတ် ရဲကို အကြောင်းကြားခြင်းတို့ ပြုလုပ်လေ့ရှိသည်။ သို့သော် နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ လျှပ်စစ်ဓာတ်အားက ပြတ်တောက်သွားပြီး ရဲများကလည်းမရှိတော့သဖြင့် သူအနေနဲ့ အချိန်ယူ၍ ကြိုးစားကြည့်နိုင်ခဲ့သည်။

‎

‎

‎သို့သော် သူကကုဒ်ကိုမသိတာကြောင့် ဂဏန်းခြောက်လုံးပါ ကုဒ်ဖြစ်နေတာကို မြင်သောအခါမှာတော့ ရှေးအကျဆုံး လှည့်ကွက်ကိုသာ အသုံးပြုခဲ့သည်။ ပထမဦးဆုံးအနေနဲ့ သုညခြောက်လုံးကိုထည့်ပြီးနောက်မှ 000001 ထည့်လိုက်တယ်။ သူ့မှာက အချိန်တွေအများကြီးရှိပြီး နောက်ဆုံးတွင် ၎င်းကို ဖွင့်နိုင်သွားလိမ့်မည်ဟု ဝမ်ပင်းကယုံကြည်သည်။

‎

‎

‎ ဝမ်ပင်းက ဆယ်မိနစ်ကျော်ကြာအထိ မအောင်မြင်ဘဲ ကြိုးစားနေဆဲဖြစ်တာကိုကြည့်ပြီး ကွမ်းရှောင်ယွဲ့က စိတ်မရှည်ဖြစ်လာတယ်။ သူကဘာလို့ စားလို့လည်းမရ အစားအစာနဲ့ လဲလှယ်လို့မရတဲ့ အရာတွေကို စိတ်ဝင်စားနေရတာလဲဆိုတာကို သူမ နားမလည်နိုင်ဘူးဖြစ်နေတယ်။

ရှင် ဒီမှာပဲ ကျန်ခဲ့အုံး။ ကျွန်မ အခြားအိမ်တွေကို သွားပြီးကြည့်လိုက်အုံးမယ်။

"ကောင်းပြီ"

ဝမ်ပင်းသည် လောလောဆယ်၌ မီးခံသေတ္တာ ချက်ချင်းပွင့်မလာသေးတဲ့ အဆင်မပြေမှုအပေါ်မှာ နည်းနည်းလေးမှ စိတ်မပျက်အားမလျှော့ဘဲ စိတ်အာရုံကို အပြည့်အဝစုစည်းကာ ဆက်လက်အားထုတ်နေတယ်။

‎

‎ဝမ်ပင်းက အနောက်သို့ပင် လှည့်မကြည့်တာကို မြင်သောအခါတွင် ကွမ်းရှောင်ယွဲ့က ခေါင်းကိုသာ အားကိုးရာမဲ့စွာခါယမ်းပြီး အခြားအိမ်များသို့ ရှာဖွေရန် ထွက်သွားလိုက်သည်။

‎

‎

‎နောက်ထပ် ဆယ်မိနစ်အကြာတွင် မီးခံသေတ္တာပွင့်သွားတဲ့အသံကို ကြားလိုက်ရတယ်။

‎

‎

" ကလစ်ပ် " ဆိုတဲ့အသံကိုကြားလိုက်ရတော့ စိတ်လှုပ်ရှားမှုကြောင့် ဝမ်ပင်းရဲ့နှလုံးသားက ရင်ဘတ်ထဲကနေ ဆတ်ကနဲခုန်ထွက်လုမတတ်ဖြစ်သွားခဲ့ရသည်။သူက တုန်ရီနေတဲ့လက်တွေနှင့် မီးခံ သေတ္တာတံခါးကို ဆွဲဖွင့်လိုက်မိတော့ စိတ်လှုပ်ရှားလွန်းလှတာကြောင့် ဝမ်းသာအားရဖြင့် ခုန်ပေါက်ကာအော်ဟစ် လုမတတ်ဖြစ်သွားရတယ်။

မီးခံ‎သေတ္တာရဲ့ အပေါ်ဆုံးအထပ်မှာက ငွေစက္ကူအသစ်စက်စက်တွေနဲ့ ပြည့်နေပေမယ့် သူ့ရဲ့ကမ္ဘာဆီက မဟုတ်တဲ့ပုံပေါ်တာကြောင့် သူကထားခဲ့လိုက်တယ်။ ဒုတိယအထပ်ကတော့ သူ့အတွက်အသုံးမဝင်တဲ့ မြေယာစာချုပ်တွေလို့ ထင်ရတဲ့ စာရွက်စာတမ်းတချို့ထည့်ထားကာ တတိယအထပ်မှာတော့ အရွယ်အစားအမျိုးမျိုးရှိတဲ့ စိန်အလုံးပေါင်းများစွာနှင့် အလှဆင်ထားသည့် တောက်ပြောင်တဲ့လည်ဆွဲတစ်စုံပါရှိသည်။

ဝမ်ပင်းဟာ ရရှိလာတဲ့ လက်ဝတ်ရတနာတွေကို သေချာစစ်ဆေးကြည့်ရှုနိုင်ဖို့အတွက် အလွန်အမင်း စိတ်လှုပ်ရှားစွာနဲ့ အပြင်သို့ ထုတ်ယူလိုက်သည်။ သူဟာ ဒီလိုပစ္စည်းမျိုးတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်တတ်မြောက်တဲ့ ပညာရှင်တစ်ယောက် မဟုတ်ရင်တောင်မှ အခုလက်ရှိသူ့ရှေ့မှာရှိနေတဲ့ ရတနာတွေဟာ ယွမ်သန်းပေါင်းတစ်ထောင်ထက်မက တန်ဖိုးရှိမှန်းကိုတော့ သူ ကောင်းကောင်းကြီး သိနေခဲ့ပါတယ်"

သူသည် စိတ်လှုပ်ရှားလွန်းလို့ တံတွေးတွေကို အကြိမ်ကြိမ် မျိုချလိုက်မိပြီး အဲဒီ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ရတနာဆွဲကြိုးကြီးကို သေတ္တာလေးထဲသို့ ဂရုတစိုက် ပြန်လည်ထည့်သွင်းလိုက်ပြီးမှ သူ့ရဲ့ ကျောပိုးအိတ်ထဲကို ညင်သာစွာနဲ့ ထည့်လိုက်တော့သည်။

မီးခံ‎သေတ္တာရဲ့အောက်ဆုံးအထပ်တွင်တော့ ရွှေချောင်းတစ်ဒါဇင်ကျော်နှင့် လက်မထက် အနည်းငယ်သာပိုကြီးသော အရောင်အသွေးစုံလင်လှတဲ့ ကျောက်မျက်ရတနာ အလုံးပေါင်းများစွာ ရှိနေခဲ့ပြန်တယ်။ ယခုအချိန်မှာတော့ တန်ဖိုးကြီးလှသော ရွှေချောင်းများကတောင် သူ့မျက်စိထဲမှာ ဘာမှ အရေးမပါတော့တဲ့ပုံပေါ်သွားသည်။ သူသည် ကျောက်မျက်ရတနာတစ်ခုစီကို ဂရုတစိုက်ထုတ်ယူစစ်ဆေးလိုက်သောအခါမှာတော့ တစ်ခုချင်းစီတိုင်းဟာ အရည်အသွေးမြင့်သော ထိပ်တန်းကျောက်မျက်ရတနာများဖြစ်ကြောင်းကို တွေ့ရှိလိုက်သည်။

‎

‎ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ဤပစ္စည်းများကို ရောင်းချခြင်းက သူ့ကို ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်လာစေလိမ့်မည်ကို သူသေချာသိသည်။

‎

‎

‎နောက်ဆုံးတော့မှ ဝမ်ပင်းက ကျောက်မျက်ရတနာများကို သေတ္တာထဲသို့ ဂရုတစိုက်ပြန်ထည့်လိုက်သည်။ လည်ဆွဲနှင့် ရတနာများ ပျက်စီးသွားမှာကိုကာကွယ်ရန်အတွက် သူရဲ့ကျောပိုးအိတ်ကို ပြန်လည်စီစဉ်လိုက်ပြီး လည်ဆွဲနှင့် ရတနာများကို မထည့်မီတွင် အရင်ဆုံး ရွှေချောင်းများနှင့် နာရီများကို အောက်ခြေတွင်ထားလိုက်သည်။

‎

‎ဒါတွေအားလုံးလုပ်ပြီးတဲ့အခါမှ ဝမ်ပင်းက အခန်းတစ်ဝိုက်ကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည်။ တခြားတန်ဖိုးရှိတဲ့ပစ္စည်းတွေ ဘာမှမတွေ့တာကြောင့် ထွက်သွားတော့မယ့်အချိန်မှာပဲ ကွမ်းရှောင်ယွဲ့က ပလတ်စတစ်အိတ်တစ်လုံးကိုကိုင်ပြီး ပြန်ရောက်လာခဲ့တယ်။

‎

‎

‎" ဒီအနီးအနားမှာတော့ ဒါတွေပဲတွေ့တယ်" လို့ ကွမ်းရှောင်ယွဲ့က ပြောသည်။

‎

‎

ကွမ်းရှောင်ယွဲ့က အဖိုးတန်ရတနာအမျိုးမျိုးနဲ့ ပြည့်နေတဲ့အိတ်ကို ပစ်ချလိုက်တော့ ဝမ်ပင်းက လန့်သွားတယ်။ သူသာ အိတ်ကို မဖမ်းမိလိုက်ဘဲ မြေကြီးပေါ် ကိုပြုတ်ကျသွားလို့ အထဲကရတနာတွေပျက်စီးသွားရင် သူမှာ အကြီးအကျယ်ဆုံးရှုံးမှု ကြုံရလိမ့်မယ်။

All Chapters