အခန်း ၇
Vol. 1 Ch. 7
အခန်း-(၇)
ဝမ်ပင်းက အိတ်ကို ပျာပျာသလဲဖြင့် ဖမ်းယူလိုက်တာကို မြင်တော့ ရယ်စရာကောင်းတယ်လို့ ကွမ်းရှောင်ယွဲ့က ခံစားလိုက်ရတယ်။
ဒီပစ္စည်းတွေက အရင်တုန်းကဆို အဖိုးတန်ခဲ့ပေမယ့် အခုချိန်မှာတော့ အသုံးမဝင်တော့ပါဘူး။ ဒါတွေကို ဝတ်ဆင်ထားတာက ပိုပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။ ဝမ်ပင်းက ဘာလို့ ဒါတွေကို စုဆောင်းနေလဲဆိုတာကို သူမ နားမလည်နိုင်ဘူး။
"ရှင် မီးခံသေတ္တာကို ဖွင့်လိုက်ပြီလား"လို့ ကွမ်းရှောင်ယွဲ့က မေးလိုက်တယ်။
"ဟုတ်တယ်"
"အထဲမှာ ဘာရှိလဲ"လို့ သူမက ထပ်မေးလိုက်တယ်။
"ငွေသား သိန်းဂဏန်းအနည်းငယ် ၊ ရတနာအချို့နှင့် ရွှေချောင်းဆယ်ဒါဇင်ကျော်လောက်ပေါ့ ။ အရမ်းတန်ဖိုးရှိပြီး လှပတဲ့ လည်ဆွဲတစ်ကုံးလည်းရှိတယ်။ မင်း မလိုချင်ဘူးဆိုတာက သေချာလား"လို့ ဝမ်ပင်းက သေချာအောင်ပြန်မေးလိုက်သည်။
"စိတ်မဝင်စားဘူး၊ ပြန်ကြရအောင်"လို့ ကွမ်းရှောင်ယွဲ့က ပြောလိုက်တယ်။
"အာ... အိုကေ"
ကွမ်းရှောင်ယွဲ့က ဒီအရာတွေကို စိတ်မဝင်စားဘူးဆိုတာကို မြင်တော့ ဝမ်ပင်း စိတ်သက်သာရာ ရသွားတယ်။ အမှန်အတိုင်းပြောရရင်တော့ သူမကသာ အဲဒီအဖိုးတန်ဆုံးလည်ဆွဲကို လိုချင်ခဲ့မယ်ဆိုရင် သူအနေနဲ့ စွန့်လွှတ်ဖို့ကို တွန့်ဆုတ်နေမိမှာပဲ။
သိပ်မကြာခင်မှာပဲ သူတို့ရဲ့ ပုန်းအောင်းရာနေရာကို ပြန်ရောက်လာခဲ့ကြတယ်။ ကွမ်းရှောင်ယွဲ့က ဆိုဖာပေါ်မှာထိုင်ပြီး ဂျယ်လီသကြားလုံး ထုပ်တစ်ထုပ်ကိုဆွဲဖြဲကာ စားလိုက်တယ်။
ဝမ်ပင်းကတော့ ဒီအချိန်မှာ ရတနာများကို သဘောတကျဖြင့် တစ်ခုချင်းစီကို သေချာစွာစစ်ဆေးနေသည်။ ရတနာများက အလွန်သန့်စင်ပြီး အပြစ်အနာဆာမရှိကြောင်းကို သူတွေ့ရှိခဲ့သည်။ သူတို့ရဲ့ သန့်ရှင်းမှုအရဆိုရင် ဒါတွေဟာ အကောင်းဆုံးအသုတ်ဖြစ်ကြောင်းက်ု သံသယဖြစ်စရာမလိုပေ။
"ဒါတွေကို ဘာအတွက် လိုချင်တာလဲ"လို့ ကွမ်းရှောင်ယွဲ့က မေးလာသည်။
"ပိုက်ဆံနဲ့လဲလှယ်ဖို့"လို့ ဝမ်ပင်းက အဖြေပြန်ပေးလိုက်တယ်။
"ပိုက်ဆံ ၊ အဲဒါက ဘာအသုံးဝင်လို့လဲ"လို့ ကွမ်းရှောင်ယွဲ့က နားမလည်လို့ပြန်မေးလာတယ်။
"ငွေက ကောင်းတဲ့အရာပဲ ၊ မင်းလိုချင်တာ ဘာကိုမဆို ဝယ်နိုင်တယ်"လို့ ဝမ်ပင်းက ရှင်းပြသည်။
ကွမ်းရှောင်ယွဲ့က ပြန်ပြောတယ်"ဒီမှာကတော့ ပိုက်ဆံတွေက ဘာမှအသုံးမဝင်သလို ဘာမှလည်း ဝယ်လို့မရဘူး"
"ဒီမှာက အသုံးမဝင်ပေမယ့် အသုံးဝင်အောင် ငါလုပ်ပေးနိုင်တယ်။ မင်းစားနေတဲ့ ဂျယ်လီသကြားလုံးတွေနဲ့ မင်းလက်ထဲက ကိုလာကို ပိုက်ဆံနဲ့ဝယ်ထားတာပဲ"
"တကယ်လား"လို့ ကွမ်းရှောင်ယွဲ့က မယုံကြည်နိုင်စွာမေးသည်။
"ဟုတ်တယ်၊ အမှန်ပဲ"
"ဒါဆို ဒီပစ္စည်းတွေရှာဖို့ကူညီပေးရင် ကျွန်မကို အစားအစာတွေပေးနိုင်မလား"လို့ ကွမ်းရှောင်ယွဲ့က မေးလိုက်သည်။
ဤမေးခွန်းကို ချက်ချင်းဖြေဆိုရန်က ဝမ်ပင်းအတွက် အလွန်ခက်ခဲသည်။ စနစ်နှင့် တိုင်ပင်ဆွေးနွေးလိုက်ပြီးမှ သူဘယ်နေရာကနေ ထွက်သွားပါစေ နောက်တစ်ကြိမ် ဤလောကသို့ ဝင်ရောက်လာသည့်အခါတွင်တော့ ထိုထွက်သွားတဲ့နေရာရဲ့ မီတာတစ်ရာအတွင်းမှာပဲ ပြန်ပေါ်လာမည်ကို သိရှိလိုက်သည်။
စနစ်ဆီက အဖြေရပြီးနောက်မှာတော့ ဝမ်ပင်းက စိတ်လှုပ်ရှားစွာဖြင့် သဘောတူလိုက်သည်။
"ကောင်းပြီ ၊ ဒီလိုအဖိုးတန်လည်ဆွဲတွေနဲ့ ရွှေတွေကို စုဆောင်းနိုင်ဖို့ မင်းငါ့ကိုကူညီနိုင်သရွေ့တော့ နောက်တစ်ခါကျရင် မင်းအတွက်လည်း အစားအစာတွေ ထပ်ယူလာခဲ့မယ်"
"ကောင်းပြီ မင်းရဲ့စကားပြန်မပြင်တာကတော့ အကောင်းဆုံးပဲ"လို့ ကွမ်းရှောင်ယွဲ့ကပြောသည်။
"စိတ်မပူပါနဲ့၊ ကတိမတည်တဲ့သူက ခွေးပဲ"
ဝမ်ပင်းက သဘောတူတာကိုမြင်တော့ ကွမ်းရှောင်ယွဲ့သည် သူကို အရူးလို့ စိတ်ထဲကတွေးလိုက်မိတယ်။ ဘယ်သူကများ ဒီအသုံးမဝင်တဲ့အရာတွေနဲ့ အစားအစာကို လဲလှယ်မှာလဲ။
မြို့ထဲမှာ သိုလှောင်ထားတဲ့ အစားအစာတွေအားလုံးကို ဒီနှစ်တွေတစ်လျှောက်လုံးမှာ စားသုံးခဲ့ကြသည်။ အခုချိန်မှာ လူတွေစားနိုင်တဲ့ အစားအစာဆိုလို့ ကြွက်ခြောက်လိုအရာမျိုးပဲကျန်တော့တယ်။ ဝမ်ပင်းယူလာတဲ့ အစားအစာတွေတိုင်းကတော့ ဒီကမ္ဘာကလူတွေတိုင်းကို ရူးသွပ်သွားစေဖို့ လုံလောက်ပါတယ်။
နှစ်ယောက်သားက အခြားအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်း စကားတွေအများကြီး ဆက်ပြောဖြစ်ခဲ့ကြတာကြောင့် ဝမ်ပင်းကလည်း ဒီလောကကြီးရဲ့အကြောင်း အခြေနေအရပ်ရပ်ကို ပိုပြီး နားလည်သဘောပေါက်လာခဲ့သည်။
နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ပြီးနောက်တွင် အစိုးရက မြင့်မားသောတံတိုင်းများနှင့် ထူထပ်သောအစောင့်များဖြင့် လူသားအခြေချနေထိုင်မှု စခန်းများစွာကို တည်ထောင်ခဲ့ပြီး ဇွန်ဘီများ ဝင်ရောက်တိုက်ခိုက်လာမယ့်ရန်က ကာကွယ်ခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများအားလုံးက ဤလူသားအခြေချနေထိုင်ရာစခန်းများဆီသို့ ရောက်ရှိလိုကြသော်လည်း ခရီးက ရှည်လျားပြီး လမ်းတစ်လျှောက်လုံးမှာလည်း ဇွန်ဘီများနှင့် ပြည့်နှက်နေသောကြောင့် အများစုမှာ အိပ်မက်မက်ရုံသာ တတ်နိုင်ခဲ့ကြသည်။
အချို့လူတွေက အဲဒီစခန်းတွေကို သွားဖို့ရန် ကြိုးစားခဲ့ကြပေမယ့် အောင်မြင်ခဲ့သူများမှာ လက်ချိုးရေလို့ ရလောက်အောင်အထိကို နည်းပါးသည်။
အစိုးရက ဗိုင်းရပ်စ်ပြဿနာကို ဖြေရှင်းဖို့ သုတေသနများပြုလုပ်နေသလို တစ်ဖက်တွင်လည်း ကိုယ့်အားကိုယ်သာအားကိုးနိုင်သော အခြေချနေထိုင်မှုစခန်းများကိုလည်း တည်ဆောက်နေခဲ့ကြသည်။ သို့သော်လည်း သာမန်ပြည်သူများအတွက်တော့ ရရှိတဲ့အစားအစာတွေက အသက်ရှင်သန်နိုင်နေရုံအတွက်သာ လုံလောက်သော အနေအထားသာဖြစ်ပြီး ယခင်ကလိုလူနေမှုအဆင့်အတန်းသို့ ပြန်ရောက်ရန်က မဖြစ်နိုင်တော့ပါ။
ဝမ်ပင်းကလည်း သူရဲ့ကိုယ်ပိုင်ဇာတ်လမ်းအချို့ကို မျှဝေခဲ့သော်လည်း အများစုကတော့ လုပ်ကြံဖန်တီးမှုများသာဖြစ်သည်။ သူစည် မြို့များအကြားတွင် လက်ဝတ်ရတနာများနှင့် ရွှေများကို စုဆောင်းပြီး အသက်ရှင်ကျန်ရစ်သော အထက်တန်းစားများနှင့် ကုန်ပစ္စည်းများလဲလှယ်တဲ့ ကုန်သည်တစ်ဦးအဖြစ် ဟန်ဆောင်ပြောဆိုခဲ့သည်။
ညချမ်းအချိန်က ခပ်မြန်မြန်ပဲ ရောက်လာခဲ့တယ်။ လျှပ်စစ်မီးမရှိသလို မီးမွှေးဖို့ကလည်း အန္တရာယ်များလွန်းတာကြောင့် အခန်းတစ်ခုလုံးမှာ မည်းမှောင်လို့နေတယ်။
" ညဘက်က အရမ်း အန္တရယ်များတယ်။ အပြင်ကို လုံဝမထွက်တာ အကောင်းဆုံးပဲ "
"ကောင်းပြီ"
ဝမ်ပင်းက ပြန်ဖြေလိုက်ပြီး သူ့အခန်းထဲကို ပြန်ဝင်ကာ ဗီရိုတစ်လုံးကို အသုံးပြု၍ တံခါးကို သေသေချာချာပိတ်ဆို့လိုက်သည်။
ကွမ်းရှောင်ယွဲ့နှင့် သူရဲ့ဆက်ဆံရေးက အတော်လေး အဆင်ပြေတယ် ဆိုပေမယ့်လည်း သူအိပ်ပျော်နေစဉ်တွင် သူမက သူ့ကိုတိုက်ခိုက်လာနိုင်ခြေအား ဖယ်ထုတ်လို့မရတာကြောင့် သူအနေနဲ့ ပိုပြီးသတိထားနေသင့်တယ်။
ဒီတစ်ကြိမ်မှာတော့ ဝမ်ပင်းက အစားအသောက်တွေအပြင် ဖုန်းနှင့် အားသွင်းကိရိယာတွေပါ ယူလာခဲ့သည်။ နားကြပ်ကိုတပ်ဆင်လိုက်ပြီး ကုတင်ပေါ်မှာလှဲလျောင်းကာ သီချင်းနားထောင်နေလိုက်တယ်။
တစ်နေ့တာလုံးစာကို ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရတာကြောင့် မကြာခင်မှာပဲ အိပ်ပျော်သွားပါတယ်။