← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း-(၁၀)

‎ကံကောင်းတာတစ်ခုကတော့ အဆောက်အအုံငယ်လေးရဲ့ အပြင်ဘက်နှင့် အိမ်ထဲမှာ ဇွန်ဘီတွေရှိနေတာကြောင့် လူတွေက အပေါ်ထပ်မှာ တစ်ယောက်ယောက်ပုန်းနေတယ်လို့ မထင်ကြပါဘူး။

‎

‎

‎"တစ်ခုခု မှားနေပြီ"

‎" ဘာဖြစ်လို့လဲ"

‎

‎"ပုံမှန်ဆို လူတိုင်းက သူတို့ရဲ့ ပုန်းအောင်းရာနေရာမှာပဲ နေလေ့ရှိတယ်။ ဒီနေ့မှ ဘာလို့ လူတွေဒီလောက်များနေရတာလဲ"

‎

‎

‎"ဟုတ်သားပဲ ၊ အခု မင်းပြောတော့မှ ထူးဆန်းနေသလိုပဲ"

‎

‎

" ကျွန်မအထင်တော့ ကျားခေါင်းဂိုဏ်းက ကျွန်မတို့တွေကို ဖမ်းဖို့အတွက် ဆုလာဘ်တွေ ထုတ်လိုက်ပြီ ထင်တယ်။ ကျွန်မတို့တွေ ဒီနေရာမှာပဲ တစ်ရက်၊ နှစ်ရက်လောက် ငြိမ်ငြိမ်လေး ပုန်းနေပြီး အခြေအနေကို စောင့်ကြည့်တာ အကောင်းဆုံးပဲ"

‎

‎"ကောင်းပါပြီ"

‎ကျားခေါင်းဂိုဏ်းဟာ အရင်တုန်းကလည်း ဒီလိုနည်းလမ်းမျိုးကို အသုံးပြုဖူးတာကြောင့် ကွမ်းရှောက်ယွဲ့အနေနဲ့ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို ချက်ချင်းပဲ ရိပ်မိသွားခဲ့တာ ဖြစ်ပါတယ်။

‎***

‎

ဤစကားကိုကြားသောအခါတွင်တော့ ဝမ်ပင်းက အနည်းငယ်ကြောက်ရွံ့သွားပြီး အပြင်ထွက်ရန်အတွက် မဝံ့မရဲဖြစ်သွားသည်။ နှစ်ယောက်သားက အိမ်ထဲတွင်ပဲ သုံးရက်ကြာအောင် နေခဲ့ကြတယ်။

‎

‎

‎သူတို့ဆီမှာ နောက်ထပ်ရက်အနည်းငယ်အတွက် အစားအစာနှင့်ရေ လုံလောက်ပေမယ့် ကျားခေါင်းဂိုဏ်းက လူတွေကို အိမ်တွေမှာ ရှာဖွေဖို့ရန်အတွက် စည်းရုံးနေပုံရတယ်ဆိုတာကို သတိထားမိလိုက်တယ်။

‎

‎" အစ်ကိုဝမ် တစ်ရက်အတွင်းမှာပဲ သူတို့က ဒီမှာလာရှာကြလိမ့်မယ်။ ကျွန်မတို့ ဒီမှာ ဆက်နေလို့မရတော့ဘူး"

‎

‎

‎"မြောက်ဘက်ခြမ်းက ဧရာမဝက်ဝံရဲ့နယ်မြေမှာ ခေတ္တခဏ သွားပုန်းနေရင်ရော ဘယ်လိုလဲ။ ကျားခေါင်းဂိုဏ်းက အဲဒီထိတော့ လိုက်ပြီးမရှာရဲလောက်ဘူး"

‎

‎

‎"ကောင်းပြီ၊ ဒီညကြရင် မှောင်ရိပ်အောက်မှာ ခိုးထွက်ကြရအောင်"

‎

သူတို့နှစ်ယောက်ဟာ အသေအချာ တိုင်ပင်ဆွေးနွေးပြီးတဲ့နောက်မှ ခန္ဓာကိုယ်ကို အနားပေးထားကြကာ ညဘက် ဆယ်နာရီကျော်အချိန် ရောက်မှသာ အပြင်သို့ တိတ်တဆိတ် ထွက်ခွာခဲ့ကြတော့တယ်။

‎

‎ကွမ်းရှောင်ယွဲ့ရဲ့ ဦးဆောင်လမ်းပြမှုအောက်၌ သူတို့ဟာ အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့ပြီး ကီလိုမီတာအတော်များများကို မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

‎

‎ဒါပေမယ့် အနောက်ဖက်ဧရိယာကနေ သူတို့ထွက်ခွာတော့မယ့်အချိန်မှာပဲ ကျားခေါင်းဂိုဏ်းက ထောင်ထားတဲ့ ထောင်ချောက်ထဲ မတော်တဆဝင်မိသွားပြီး သူတို့ရဲ့ တည်နေရာကို ဖော်ထုတ်မိလိုက်ပါတယ်။

‎

‎" ငါ့တို့ ခေါင်းဆောင်အစ်က်ိုဟူက လိမ္မာပါးနပ်တယ်။ လူတွေကိုတော့ မြို့ထဲမှာရှာခိုင်းပြီး နယ်စပ်တွေမှာက ထောင်ချောက်တွေထောင်ထားခိုင်းတယ်။ မင်းတို့ကထွက်သွားဖို့ သေချာပေါက်ကြိုးစားလိမ့်မယ်လို့လည်း သူက ပြောတယ်"

ထောင်ချောက်မိသွားပြီးတဲ့နောက်မှာတော့... ဘေးပတ်ပတ်လည်က အဆောက်အအုံအပျက်အစီးတွေထဲကနေ လူငါးယောက်၊ ခြောက်ယောက်ခန့် ထွက်ပေါ်လာခဲ့ကြပြီး၊ သူတို့ထဲက တစ်ယောက်က သေနတ်ကို ကိုင်ဆောင်ထားရင်း သူတို့ကို လှောင်ပြုံးပြုံးကာ ကြည့်နေခဲ့တယ်။

‎

"‎ငါတို့နဲ့အတူ အေးဆေး ပြန်လိုက်ခဲ့ကြ။ ခေါင်းဆောင်ဟူက မင်းတို့ကို မေးစရာတွေ ရှိနေတယ်"

‎

ဝမ်ပင်းနှင့် ကွမ်းရှောက်ယွဲ့တို့ကတော့ တကယ်လို့သာ သူတို့နှင့်အတူသာ ပြန်လိုက်သွားရင် သေဖို့လမ်းပဲ ရှိမှန်း ကောင်းကောင်းကြီး သိနေကြတာကြောင့် ပြန်မလိုက်ချင်ကြပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ တစ်ဖက်လူက သေနတ်ကို ကိုင်ထားတဲ့အပြင် လမ်းကိုလည်း ပိတ်ဆို့ထားကြတာပါ။

‎

‎ကွမ်းရှောင်ယွဲ့က အံကိုကြိတ်ပြီး သေနတ်ကိုင်ထားတဲ့လူကို သူမရဲ့လက်ထဲက ဓားမြှောင်နဲ့ ပစ်ပေါက်လိုက်သည်။

‎"အားးး"

‎

‎

‎ကွမ်းရှောင်ယွဲ့ရဲ့ ဓားမြှောင်က အဲဒီလူရဲ့လက်မောင်းကို ထိမှန်သွားတဲ့အခါမှာတော့ စူးရှလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့ပြီး နာကျင်မှုကြောင့် သေနတ်ကို ပစ်ချလိုက်တယ်။

‎

‎

‎"အစ်ကိုပေါင်၊ အဆင်ပြေရဲ့လား"

‎"ငါ အဆင်ပြေတယ်။ ငါ့အတွက် သူတို့ကိုဖမ်းပေးစမ်း။ ငါ သူတို့ကို အရှင်လတ်လတ် အရေခွံခွာချင်တယ်"

‎

‎"ဟုတ်ကဲ့ပါ ၊ အစ်ကိုပေါင် "

‎

‎ကွမ်းရှောင်ယွဲ့က ဓားမြှောင် ကိုပစ်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း ဝမ်ပင်းကို ဆွဲထုတ်ကာ ထွက်ပြေးသွားသည်။ နှစ်ယောက်သားက ညအမှောင်ထဲမှာ မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားပြီး ဒေါသတကြီးဖြစ်နေတဲ့ အစ်ကိုပေါင်ကို ထားခဲ့သည်။

‎

‎

‎သူကသာ ပေါ့လျော့ကာ နေခဲ့မိခြင်းဖြစ်သည်။ လူအများစုက သေနတ်ကိုမြင်ရင် ကြောက်လန့်သွားကြမှာဖြစ်ပေမယ့် ကွမ်းရှောင်ယွဲ့ကတော့ ဒီလောက်အထိရဲရင့်လိမ့်မယ်လို့ သူ မထင်ထားမိဘူး။ သူမရဲ့ဓားပစ်စွမ်းရည်ကလည်း အထင်ကြီးစရာကောင်းလွန်းတယ်။

သူက ဒဏ်ရာထဲက ဓားမြှောင်ကို ဆွဲနှုတ်လိုက်ပြီး မြေပြင်ပေါ်က သေနတ်ကို ကောက်ယူကာ လိုက်လံဖမ်းဆီးဖို့ လုပ်တဲ့အချိန်မှာတော့ ဝမ်ပင်းနဲ့ ကွမ်းရှောက်ယွဲ့တို့ဟာ အဝေးကြီးကို ရောက်ရှိသွားခဲ့ကြပြီ ဖြစ်ပါတယ်။

‎

‎သူတို့နှစ်ယောက်ဟာ လမ်းတစ်လျှောက်လုံးမှာ ပုန်းအောင်းရင်း ရှောင်တိမ်းရင်းဖြင့် နောက်ဆုံးမှာတော့ လူသူကင်းမဲ့နေတဲ့ အိမ်တစ်လုံးကို ရှာတွေ့ခဲ့ကြပါတယ်။

‎

‎

‎"တခြားနေရာတွေမှာလည်း လူတွေ စောင့်ကြပ်နေပုံပဲ။ ကျွန်မတို့ထွက်ပြေးဖို့က ခက်ခဲတော့မယ်"

‎

‎ကျားခေါင်းဂိုဏ်းမှာက လူခြောက်ဆယ်ကျော်သာရှိပေမယ့် ဆုလာဘ်ကြောင့် စိတ်အားထက်သန်နေကြတဲ့ တခြား တစ်ဦးတည်းသီးသန့်နေထိုင်သူတွေကလည်း သူတို့ကို ကူညီပေးနေကြတယ်။

‎ကျားခေါင်းဂိုဏ်းဝင်တွေက အုပ်စုလိုက်လှုပ်ရှားလေ့ရှိတာကြောင့် ရှောင်ရှားရလွယ်ကူပေမယ့် သီးသန့်နေထိုင်သူတွေကတော့ ပိုကြီးမားတဲ့ပြဿနာတစ်ခုကို ဖြစ်စေပါတယ်။ သူတို့ဟာ သူတို့ရဲ့ပုန်းအောင်းရာနေရာတွေနားမှာပဲ နေလေ့ရှိတာကြောင့် ဝမ်ပင်းနှင့် ကွမ်းရှောင်ယွဲ့တို့ ဖြတ်သွားတဲ့အခါမှာ မြင်တွေ့သွားဖို့က လွယ်ကူပါတယ်။ သူတို့ရဲ့ တည်နေရာကိုသာ သိသွားကြရင်တော့ ကျားခေါင်းဂိုဏ်းကလူတွေက ချက်ချင်း ရောက်လာပြီး ဝိုင်းဝန်း သတ်ဖြတ်ကြမှာ သေချာလှပါတယ်။

‎

‎

‎နောက်ရက်များတွင်တော့ ဝမ်ပင်းနှင့် ကွမ်းရှောင်ယွဲ့သည် ကျားခေါင်းဂိုဏ်းနှင့်အတူ ပုန်းလျှိုးကွယ်လျှိုးတမ်းကစားသကဲ့သို့ အသည်းအသန်ပုန်းခဲ့ကြသည်။

‎

အမှောင်ထဲမှာချောင်းမြောင်းနေတဲ့ ဂိုဏ်းဝင်တွေက ‎သူတို့ရဲ့ တည်နေရာကို အကြိမ်အနည်းငယ် ရှာဖွေတွေ့ရှိခဲ့ကြတယ်။ သူတို့တွေထဲက တစ်ယောက်ဆိုရင် သူမတို့ကို အစအနဖျောက်ဖို့ တိတ်တဆိတ် လုပ်ကြံဖို့အထိ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့လည်း ကွမ်းရှောင်ယွဲ့နှင့် ဝမ်ပင်းတို့က အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ ကြပါတယ်။

All Chapters