အခန်း ၁၂
Vol. 2 Ch. 12
အခန်း-(၁၂)
သူဟာ ကော်ဖီဆိုင်ထဲကို ခြေလှမ်းကျဲကြီးနဲ့ ဝင်သွားပြီး ကျောက်ချန်းရဲ့စားပွဲဆီကို တည့်တည့် လျှောက်သွားလိုက်သည်။
ဝမ်ပင်းဝင်လာတာကိုမြင်တာနဲ့ ချက်ချင်းပဲ ကျောက်ချန်ရဲ့မျက်နှာပေါ်ကအပြုံးက ပျောက်ကွယ်သွားသည်။
သခင်လေးလီကလည်း ကျောက်ချန်ရဲ့ အပြုံးပျောက်ကွယ်သွားတာကိုသတိပြုမိသွားပြီး ဝမ်ပင်းရောက်လာပြီဆိုတာကို ခန့်မှန်းလိုက်တယ်။သူက အနောက်ကို လှည့်ကြည့်လိုက်ပြီး ညစ်ပတ်ပေရေနေတဲ့ အဝတ်အစားတွေနဲ့ လျှောက်လာနေတဲ့ ဝမ်ပင်းကို မထီမဲ့မြင်ပြုစွာဖြင့်ကြည့်လိုက်သည်။
"အိုး... ကျောက်ချန်။ မင်းရဲ့ အမြင်ကလည်း ဘယ်လိုဖြစ်ရတာလဲ။ သူတောင်းစားတစ်ယောက်လို ဝတ်ဆင်ထားတဲ့ အကောင်ကိုမှ ရည်းစားအဖြစ် ထားရတယ်လို့ "
သခင်လေးလီရဲ့ မှတ်ချက်ကိုကြားတော့ ပတ်ဝန်းကျင်ရှိ ဖောက်သည်အားလုံးကလည်း ဝမ်ပင်းဆီကို လှည့်ကြည့်လာကြတယ်။
"ကျောက်ချန် သူက ဘယ်သူလဲ" ဝမ်ပင်းက ကျောက်ချန် အရှေ့တွင်ရပ်ပြီး ဒေါသတကြီးနဲ့မေးလိုက်သည်။
"ဝမ်ပင်း... ငါတို့တွေ လမ်းခွဲကြရအောင်"
ကျောက်ချန်က ဝမ်ပင်းရဲ့ မေးခွန်းကို ပြန်မဖြေဘဲ... လမ်းခွဲဖို့ စကားကိုပဲ ပြတ်ပြတ်သားသား ပြောချလိုက်ပါတယ်။ အခုသူ့ရှေ့ကလူက ကျောက်ချန်ရဲ့ ရည်းစားသစ် ဖြစ်နေမှန်း အလွန် ထင်ရှားလှပါတယ်။
ကျောက်ချန်းရဲ့ စကားတွေကိုကြားတော့ လူတိုင်းက အခြေအနေကိုနားလည်သွားပြီး သူတောင်းစားတစ်ယောက်လို ဝတ်စားထားတဲ့ ဝမ်ပင်းကို လှောင်ပြောင်တဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်လာကြတယ်။
" ဒီကောင်ကြောင့်မို့လို့လား..." ကမ္ဘာပျက်ကပ်ထဲကနေ ပြန်လာပြီးကတည်းက ဝမ်ပင်းရဲ့ စရိုက်က အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ အရင်တုန်းကလို ပျော့ညံ့တဲ့သူ မဟုတ်တော့ဘဲ... သခင်လေးလီဆီသို့ လက်ညှိုးတည့်တည့် ထိုးပြလိုက်တယ်။
"ဝမ်ပင်း ငါ့ကို လက်ညှိုးလာမထိုးဖို့ မင်းကို အကြံပေးလိုက်မယ်နော်။ မဟုတ်ရင် မင်းရဲ့လက်ချောင်းတွေကိုဖြတ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ရလိမ့်မယ်" သခင်လေးလီက အကြီးအကျယ် ဒေါသထွက်သွားခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့တစ်သက်မှာ ဘယ်သူကမှ သူ့ကို ဒီလိုမျိုး လက်ညှိုးထိုးပြီး မဆက်ဆံဖူးတာကြောင့် ဖြစ်ပါတယ်။
"ငါက ထိုးတော့ ဘာဖြစ်လဲ " ဝမ်ပင်းကလည်း ဒေါသထွက်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်လည် အော်ဟစ်လိုက်တော့သည်။
"ဝမ်ပင်း ဒီလိုတွေ လာမလုပ်နဲ့။ အခုချက်ချင်းပဲ ဒီနေရာကနေ မြန်မြန်ထွက်သွားလိုက်တော့"
နှစ်ယောက်သားက ရန်ဖြစ်တော့မယ်ဆိုတာမြင်တော့ ဝမ်ပင်းကိုတားဖို့ကို ကျောက်ချန်က အလျင်အမြန်ထရပ်လိုက်တယ်။ သူမအနေနဲ့ သခင်လေးလီမှာက အလွန်တောင့်တင်းတဲ့ နောက်ခံအာဏာ ရှိမှန်းသိထားပြီး တကယ်လို့ သွားပြီး ဆွလိုက်ရင် သူပြောတဲ့အတိုင်း တကယ်လုပ်မယ့်သူဖြစ်မှန်း သိနေလို့ ဖြစ်ပါတယ်။
သူမက ဝမ်ပင်းကို လမ်းခွဲလိုက်ပြီဆိုပေမဲ့လည်း သူတို့နှစ်ယောက်ဟာ နှစ်နှစ်တိုင်တိုင် တွဲခဲ့ကြတာဖြစ်လို့ သံယောဇဉ်အချို့ ကျန်ရှိနေသေးတာကြောင့် ဝမ်ပင်း ထိခိုက်ဒဏ်ရာရသွားမှာကို မမြင်ချင်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဝမ်ပင်းကတော့ အလွန်အမင်း ဒေါသပေါက်ကွဲနေခဲ့တာကြောင့် ကျောက်ချန်ရဲ့ စကားကို လုံးဝ နားမထောင်တော့ပါဘူး။ သူက ရှေ့က စားပွဲခုံကို ဝုန်းခနဲ ဆွဲမှောက်လှန်ပစ်လိုက်ပြီး သခင်လေးလီရဲ့ ဝမ်းဗိုက်ဆီသို့လည်း ခြေထောက်နဲ့ အားကုန် ကန်ထည့်လိုက်ပါတော့တယ်။
နုနုနယ်နယ်နှင့် စည်းစိမ်ယစ်ကာသာ နေတဲ့ သခင်လေးလီဆိုတာက ကမ္ဘာပျက်ကပ်ထဲမှာ အသက်နှင့်ဘဝကို ရင်းပြီး တိုက်ပွဲဝင်ခဲ့ရတဲ့ ဝမ်ပင်းရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ သူဟာ အကန်ခံလိုက်ရတာကြောင့် ဝမ်းဗိုက်ကို ဆုပ်ကိုင်ရင်း နာကျင်လွန်းလို့ မြေပြင်ပေါ်မှာ အသည်းအသန် အော်ဟစ်ညည်းတွားနေခဲ့ရတော့သည်။
"ဝမ်ပင်း ၊ ရူးသွားပြီလား" ဝမ်ပင်းက စကားတစ်ခွန်းမှတောင်မပြောဘဲ တိုက်ခိုက်လာမယ်လို့ ကျောက်ချန်က မမျှော်လင့်ထားတော့ ထိတ်လန့်တုန်လှုပ်သွားရတယ်။
သူမရဲ့မှတ်ညဏ်ထဲက ဝမ်ပင်းကတော့ အားနည်းပျော့ညံ့တဲ့ကောင်ငယ်လေး တစ်ယောက်သာဖြစ်ပြီး ဒီနေ့မှာတော့ သူက ဒေါသတွေကြီးနေပြီး မှားယွင်းတဲ့ဆေးတွေ သောက်မိသွားပုံရပါတယ်။
ရန်ပွဲဖြစ်ပွားနေတာကိုမြင်တော့ ပိုင်ရှင်နှင့်ဝန်ထမ်းများက အပြေးအလွှား ရောက်လာကြသည်။
" လူကြီးမင်းခင်ဗျာ ဒီမှာ တိုက်ခိုက်လို့မရပါဘူး။ တစ်ခုခု ကျိုးပဲ့သွားရင် ခင်ဗျား လျှော်ကြေးပေးရပါလိမ့်မယ်"
" လျော်ရမယ် ဟုတ်လား... ကဲ၊ ဒီလောက်ဆိုရင်ကော လုံလောက်ရဲ့လား "
ဝမ်ပင်းက သူ့ရဲ့ကျောပိုးအိတ်ထဲကနေ ရွှေတုံးတစ်ချောင်းကို ထုတ်ယူပြီး ပိုင်ရှင်ဆီ ပစ်ပေးလိုက်တယ်။
ဆိုင်ရှင်ဟာ ရွှေတုံးကြီးကို မြင်လိုက်ရတဲ့ တစ်ခဏမှာပဲ ဆွံ့အပြီး လန့်ဖျန့်သွားခဲ့ရတော့တယ်။ တကယ်လို့သာ ဒါက ရွှေအစစ်ဆိုရင် အနည်းဆုံးတော့ ငွေသောင်းဂဏန်း မက တန်ဖိုးရှိမှာ ဖြစ်ပါတယ်။
သူ့ရဲ့ဘဝမှာတော့ ချမ်းသာတဲ့လူငယ်တွေက ပိုက်ဆံတွေပစ်ပေါက်နေတာကို သူမြင်ဖူးပေမယ့် ရွှေတုံးတွေပစ်ပေါက်တာကိုတော့ တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါက တကယ့်ကို အရမ်းပဲ အလွန်အမင်း ပေါကြွယ်ဝလွန်းလှသူရဲ့ အပြုအမူပဲ ဖြစ်ပါတယ်။
ကျောက်ချန်လည်း အဲဒီရွှေတုံးကြီးကို ကြည့်ပြီး ပါးစပ်အဟောင်းသားနဲ့ ဆွံ့အသွားခဲ့ရတယ်။ သူမအနေနဲ့ ဝမ်ပင်းရဲ့ မိသားစုက ကျေးလက်တောရွာကဖြစ်ပြီး ပိုက်ဆံ သိပ်မရှိမှန်း ကောင်းကောင်းသိထားတာ ဖြစ်ပါတယ်။ သူက ဘယ်လိုဖြစ်ပြီး ဒီလို ရွှေတုံးကြီးကို ရုတ်တရက် ထုတ်ပြီး ပစ်ချနိုင်ရတာလဲ။
မြေပြင်ပေါ်က သခင်လေးလီမှာလည်း အဲဒီရွှေတုံးကြီးကို မြင်လိုက်ရတဲ့အခါတွင် စိတ်ထဲကနေ ဒိန်းခနဲ ဖြစ်သွားပြီး ဝမ်ပင်းရဲ့ အဆင့်အတန်းအစစ်အမှန်က ဘာလဲဆိုတာကို ဝေခွဲမရ ဖြစ်သွားခဲ့ရတော့တယ်။
ရွှေတုံးတွေကို ဒီလိုမျိုး သာမန်အရာတစ်ခုလို ပစ်ချနိုင်တဲ့သူဆိုတာ... သူ့ရဲ့ အသိုင်းအဝိုင်းက ဘယ်လိုမှ လိုက်မမီနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဝမ်ပင်းက မိမိရဲ့ နောက်ခံအာဏာနဲ့ အဆင့်အတန်းကို တမင်တကာ ဖုံးကွယ်ထားတဲ့ လူကုံထံ မျိုးရိုးကြီးထဲက သခင်လေးတစ်ယောက် ဖြစ်နေမလား။ တကယ်လို့သာ အဲဒီလိုဆိုရင်တော့ သူ ဒုက္ခရောက်ပြီ ဖြစ်တာကြောင့် သခင်လေးလီက နောက်မှ ကျောက်ချန်ကို ဝမ်ပင်းရဲ့ အကြောင်းကို သေသေချာချာ ပြန်မေးဖို့ စိတ်ထဲကနေ ကြံစည်လိုက်တော့တယ်။
" ကျောက်ချန်... မင်းအပေါ်ကို ငါ တကယ်ပဲ စိတ်ပျက်မိတယ်။ နောင်တစ်ချိန်ကျရင် မင်း နောင်တမရစေနဲ့လို့ပဲ ငါ မျှော်လင့်ပါတယ် "
"ဝမ်ပင်းက ကျောက်ချန်ကို အေးစက်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက်မှာတောါ ဆိုင်ထဲကလူအားလုံးကို ဆွံ့အထိတ်လန့်ခြင်း အပြည့်နဲ့ ချန်ထားခဲ့ကာ ခြေလှမ်းကျဲကြီးတွေနဲ့ ဆိုင်အပြင်သို့ လှမ်းထွက်သွားခဲ့ပါတော့တယ်။