← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း-(၁၄)

‎

‎မကြာမီတွင်ပဲ အစ်မဝမ်က ဦးဆောင်ကာထွက်လာပြီး အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးကတော့ သူမရဲ့အနောက်မှလိုက်လာကာ ဝမ်ပင်းကို ပြုံးရွှင်စွာ နှုတ်ဆက်သည်။

‎

‎"မစ္စတာ ၊ ဒီကိစ္စကို ဆိုင်အနောက်ဘက်က ဧည့်ခန်းထဲမှာ သွားပြီး ဆွေးနွေးကြရင် ဘယ်လိုလဲခင်ဗျာ "

‎

‎

‎"ကောင်းပြီ"

‎

‎ဝမ်ပင်းက သဘောတူလိုက်ပြီး ကောက်တာပေါ်က ကျောက်ကိုကောက်ယူကာ ဆိုင်မန်နေဂျာနှင့် အစ်မဝမ်တို့နောက်က လိုက်သွားလိုက်သည်။ အစ်မဝမ်က သူတို့နှစ်ယောက်အတွက် လက်ဖက်ရည်ဖျော်ပေးပြီး လိမ္မာပါးနပ်စွာနဲ့ အခန်းထဲမှထွက်သွားတာကြောင့် ဝမ်ပင်းနှင့် မန်နေဂျာကျန်းတို့သာ အခန်းအထဲတွင်ကျန်ရစ်ခဲ့သည်။

‎

‎

‎"မင်္ဂလာပါ ။ ကျွန်တော်က ကျန်းချန် ပါ။ မစ္စတာရဲ့နာမည်ကို သိလို့ရမလား"

‎

‎"ကျွန်တော်က ဝမ်ပင်းပါ"

‎

‎

‎"မင်္ဂလာပါ မစ္စတာဝမ် ။ မစ္စတာရဲ့ကျောက်ကို နောက်တစ်ခါ လောက်သေသေချာချာ ကြည့်ရှုစစ်ဆေးခွင့် ရနိုင်မလားဗျ"

‎

‎"မန်နေဂျာကျန်း စိတ်ကြိုက် စစ်ဆေးနိုင်ပါတယ်"

‎

‎ဝမ်ပင်းက ကျောက်ကိုထပ်ထုတ်ယူကာ ပေးလိုက်ပေမယ့် မန်နေဂျာကျောက်ကတော့ တိုက်ရိုက်မယူခဲ့ပါဘူး။ အဲဒီအစား သူက စားပွဲပေါ်ကိုချရန်သာလက်ဟန်ပြပြီး ကျောက်ကို ဝမ်ပင်းက စားပွဲပေါ်ချလိုက်တာနှင့် လက်အိတ်ဝတ်ထားတဲ့ လက်နဲ့ ကောက်ယူလိုက်ပါတယ်။

‎

‎

မီးလင်းလင်းအောက်မှာ သူက ကျောက်ကို သေသေချာချာ အနီးကပ် စစ်ဆေးကြည့်ရှုလိုက်ရာ ကျောက်ရဲ့ အရည်အသွေးက အဆမတန် မြင့်မားလွန်းလှတာကြောင့် ရင်ထဲမှာ အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့ရတယ်။

‎

‎

သူက မှန်ဘီလူးကို ချက်ချင်း ထုတ်ယူလိုက်ပြီး အသေးစိတ် ထပ်မံစစ်ဆေးကြည့်လိုက်ရာ စိတ်ထဲကနေ ပိုလို့တောင် ရင်သပ်ရှုမော ဖြစ်သွားခဲ့ရတော့တယ်။ အကြောင်းအရင်းက‌ တော့ ဒါဟာ တကယ့်ကို တန်ဖိုးဖြတ်မရနိုင်တဲ့ အဆင့်မြင့်ဆုံး ပတ္တမြားအစစ် ကြီး ဖြစ်နေလို့ ဖြစ်ပါတယ်။

‎

‎"မစ္စတာဝမ်က ဒီကျောက်ကို တကယ်ပဲ ရောင်းချချင်လို့လားခင်ဗျာ"

‎"ဟုတ်ပါတယ် မန်နေဂျာကျန်း ။ ခင်ဗျားက သင့်တော်မယ့် ဈေးနှုန်းတစ်ခုကိုသာ ပေးလိုက်ပါ။ တကယ်လို့ ဈေးနှုန်းကသာ မျှတမယ်ဆိုရင်တော့ ကျွန်တော် မင်းကိုပဲ ရောင်းချလိုက်ပါ့မယ်။ တကယ်လို့ ဈေးနှုန်းက အများကြီး နိမ့်ကျနေမယ်ဆိုရင်တော့ ကျွန်တော်က တခြားဝယ်မယ့်သူကိုပဲ ထပ်ပြီး ရှာရမှာပေါ့' "

‎

‎

"‎အဆင်ပြေပါတယ်... ဒါဆိုရင် ယွမ်ရှစ်သန်း ဆိုရင်ကော ဘယ်လိုလဲခင်ဗျာ"

" ယွမ် ရှစ်သန်း... "

‎

‎

‎"အာ... ဒီဈေးနှုန်းက နည်းနည်းတော့ နည်းနေတယ်လို့ ထင်ရပေမဲ့လည်း... မင်းလည်းသိတဲ့အတိုင်း ရောင်းဖို့အတွက်ဆို ကျွန်တော်တို့ဆိုင်ဘက်ကနေ ဒီကျောက်ကို လက်ဝတ်ရတနာ အမျိုးမျိုးဖြစ်အောင် ပြန်ပြီး သွေးရမှာဖြစ်သလို၊ ဒီဇိုင်းဆွဲခတွေ၊ အလုပ်သမားခတွေနဲ့ အခွန်အခတွေအများကြီး ပါဝင်နေလို့ပါ။ မစ္စတာဝမ်ကသာ ရောင်းဖို့တကယ်စိတ်ဝင်စားရင် ကျွန်တော်က နောက်ထပ်ငါးသိန်း ထပ်ထည့်ပေးနိုင်တယ်။ ဒါပေမယ့် ဒီထက်ပိုသွားရင်တော့ ကျွန်တော့်လုပ်ပိုင်ခွင့်ထက် ကျော်လွန်သွားပါလိမ့်မယ်"

ထိုကျောက်ကို အများဆုံး တစ်သန်းဖြင့်သာ ရောင်းချနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့တဲ့ ‎ဝမ်ပင်းက အံ့အားသင့်သွားသည်။ မန်နေဂျာကျောက်က ရှစ်သန်းဖြင့် တိုက်ရိုက်ကမ်းလှမ်းလာလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ပါဘူး။

‎သူ့ရဲ့ အံ့အားသင့်မှုကို မန်နေဂျာကျန်းကတော့ ဈေးနှုန်းနဲ့ ပတ်သက်ပြီး မကျေနပ်ဘူးလို့ အထင်မှားပြီး နောက်ထပ် ငါးသိန်းကို မြန်မြန်ထပ်ထည့် ပေးလာတယ်။

‎"ဒါဆိုရင်တော့ ယွမ် ရှစ်သန်းခွဲနဲ့ပဲ အရောင်းအဝယ် လုပ်ကြတာပေါ့။ တကယ်လို့သာ ကျွန်တော့်ရဲ့ မိသားစုမှာ ငွေကြေးအကျပ်အတည်းနဲ့ မရင်ဆိုင်ရဘူးဆိုရင်တော့... ဒီလို အဖိုးတန်ပစ္စည်းမျိုးကို ကျွန်တော်က လုံးဝ ခွဲခွာပြီး ရောင်းချမှာ မဟုတ်ဘူး"

‎

‎"အာ.. နားလည်ပါပြီ။ မစ္စတာဝမ်က ဘယ်ထင်ရှားတဲ့မိသားစုကလဲဆိုတာ မေးလို့ရမလား"

‎

‎

‎"အဲဒါကိုတော့ မေးမနေပါနဲ့တော့။ကျွန်တော် မင်းကို လုံးဝ ပြောပြမှာ မဟုတ်ဘူး"

‎

‎

"အာ... မစ္စတာဝမ် ၊ စိတ်မဆိုးလိုက်ပါနဲ့။ ကျွန်တော်က ပေါ့ဆပြီး စပ်စုမိသွားတဲ့အတွက် တောင်းပန်ပါတယ်။

ဒါနဲ့... ကျွန်တော့်မှာ ဒီလို အရည်အသွေးနဲ့ အရွယ်အစားတူတဲ့ ကျောက် နောက်ထပ်ကိုးလုံး ရှိသေးတယ်။ မင်းတို့ဆိုင်က စိတ်ဝင်စားသေးရဲ့လား "

"ဘာကြီး... နောက်ထပ် ကိုးလုံးတောင် ဟုတ်လား... စိတ်ဝင်စားတာပေါ့။ စိတ်ဝင်စားပါတယ် "

‎

မန်နေဂျာကျန်းဟာ ဝမ်ပင်းထံမှာ ဒီလိုကျောက်မျိုး နောက်ထပ် ကိုးလုံးတောင် ရှိသေးတယ်ဆိုတဲ့ စကားကို ကြားလိုက်ရတဲ့အခါ အံ့အားသင့်လွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပြီးမှ အလွန်အမင်း စိတ်လှုပ်ရှားစွာနဲ့ ဆက်တိုက် ခေါင်းညိတ် သဘောတူလိုက်တော့တယ်"

ဒီဆိုင်က ‎နိုင်ငံတကာမှာ နာမည်ကြီးတဲ့ရတနာဆိုင်တစ်ဆိုင်ဖြစ်တာကြောင့် သူတို့က သစ္စာဖောက်သွားမှာကို ဝမ်ပင်းကစိတ်မပူပါဘူး။ သူက နောက်ထပ် ကျောက်ကိုးလုံးကိုထုတ်ယူပြီး စားပွဲပေါ်တင်လိုက်တယ်။

‎

မန်နေဂျာကျန်းသည် ကျောက်တွေရဲ့ အရည်အသွေးနှင့် အရွယ်အစားက အတူတူပဲဖြစ်ပြီး အရောင်အသွေး သာ ကွဲပြားနေတာကို မြင်တွေ့လိုက်ရတယ်။

‎

‎သူက အလွန်အမင်း စိတ်လှုပ်ရှားစွာနဲ့ ကျောက်တစ်လုံးချင်းစီကို ကောက်ယူပြီး သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ပြီးတဲ့နောက်မှပဲ... နှမြောတသစွာနဲ့ စားပွဲပေါ်သို့ ပြန်လည်တင်လိုက်တော့တယ်။

‎

‎

‎"မစ္စတာဝမ်... ဒီကျောက်မျက်ရတနာတွေထဲက အချို့ကတော့ တန်ဖိုးချင်း မတူညီကြဘူးခင်ဗျာ။ ဒါကြောင့် ဈေးနှုန်းကို တစ်ပြေးညီ သတ်မှတ်လို့တော့ မရပါဘူး။ ဥပမာအားဖြင့်... ဒီ နီလာကျောက်ကတော့ ယွမ် ခြောက်သန်းခန့် တန်ဖိုးရှိပြီး၊ ဒီ ခရမ်းစွဲကျောက်ကတော့ ယွမ် ခုနစ်သန်းခန့် တန်ဖိုးရှိပါတယ်... "

‎

‎မန်နေဂျာကျောက်က ရတနာတစ်ခုချင်းစီကို လျင်မြန်စွာ အကဲဖြတ်လိုက်သည်။ ရတနာများအကြောင်း မသိသော ဝမ်ပင်းကတော့ ကမ်းလှမ်းထားသော ဈေးနှုန်းများကို ကျေနပ်ပြီး ဈေးဆစ်ခြင်းမရှိဘဲ မန်နေဂျာကျန်းထံ အားလုံးကို ရောင်းချပေးခဲ့သည်။

‎

‎

‎ဝမ်ပင်းက ရောင်းချရန် ဆန္ဒရှိတာကိုမြင်တော့ ဝမ်းသာအားရဖြင့် မန်နေဂျာကျောက် က အစ်မဝမ်ကို စာရွက်စာတမ်းကိစ္စများ ကိုင်တွယ်ရန်အမြန်ခေါ်လိုက်ပြီး ချက်ချင်းပဲ ဝမ်ပင်းရဲ့အကောင့်ထဲသို့ ၆၈ သန်း သူ့ရဲ့မျက်စိရှေ့‌ မှောက်မှာတင် လွှဲပြောင်းပေးခဲ့သည်။

‎

‎

‎တစ်မိနစ်ခန့် ကြာပြီးတဲ့နောက်တွင် ဘဏ်မှ မက်ဆေ့ချ်တစ်စောင်ကို ဝမ်ပင်း လက်ခံရရှိခဲ့သည်။ သူက မယုံနိုင်သေးတာကြောင့် သူရဲ့ဘဏ်အကောင့်ကိုဖွင့်၍စစ်ဆေးကြည့်လိုက်တော့ သူ့အကောင့်တွင် ၆၈ သန်းထက်မနည်း ရှိနေသည်။

‎

‎သူ့အကောင့်ထဲက ပိုက်ဆံတွေ အမြောက်အများကိုမြင်တော့ ဝမ်ပင်းက ကျေနပ်စွာ ပြုံးလိုက်တယ်။ သူက ကျန်ရှိနေသေးတဲ့ ရွှေတုံးတွေနှင့် တခြား လက်ဝတ်ရတနာတွေကိုတော့ ဒီဆိုင်မှာ ဆက်ပြီး မရောင်းချချင်တော့တာကြောင့် ဆိုင်ထဲကနေ ထွက်ခွာဖို့ ပြင်ဆင်လိုက်တော့သည်။

‎

‎"မစ္စတာဝမ် ၊ ဒါက ကျွန်တော့်ရဲ့လုပ်ငန်းကတ်ပါ။ နောင်အချိန်မှာ ရောင်းစရာ ကျောက်မျက်ရတနာတွေထပ်ရှိသေးရင် ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်"

‎

‎"ကောင်းပြီ"

‎ဝမ်ပင်းက မန်နေဂျာကျန်းရဲ့ လုပ်ငန်းကတ်ကိုလက်ခံကာ ပြုံးလိုက်ပြီး မန်နေဂျာကျန်းရဲ့ နွေးထွေးစွာ လိုက်ပါပို့ဆောင်မှုနှင့်အတူ လက်ဝတ်ရတနာဆိုင်မှ ထွက်ခွာသွားခဲ့သည်။ သူ့ကို ကျောက်အတုများရောင်းချသည်ဟု စွပ်စွဲခဲ့သော အမျိုးသမီးအရောင်းဝန်ထမ်းကတော့ အလွန်နောင်တရသွားသည်။

‎သူမကသာ ငွေပေးငွေယူကိုကိုင်တွယ်နိုင်ခဲ့ရင် ကော်မရှင်ခမှာတင် အများကြီး ရလိမ့်မယ်။ အခုအချိန်မှာတော့ သူမအနေနဲ့ ဖောက်သည်ကို စော်ကားမိခဲ့တဲ့အတွက် မန်နေဂျာက အပြစ်မရှာပါစေနဲ့လို့ပဲ စိတ်ထဲကနေ အသည်းအသန် ဆုတောင်းနေရပါတော့သည်။

All Chapters