← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း-(၁၅)

‎

‎ထို့နောက်မှာတော့ ဝမ်ပင်းသည် ရတနာဆိုင်ကြီးကနေ ထွက်လာပြီးနောက်တွင် လက်ဝတ်ရတနာဆိုင်နှစ်ဆိုင်ဆီသို့ ထပ်မံသွားရောက်ခဲ့ပါသည်။ သူသည် ရွှေတုံးများကို ဆိုင်တစ်ဆိုင်တွင် ရောင်းချပြီး ၊ ကျန်တဲ့လက်ဝတ်ရတနာတွေကိုတောပ နောက်ထပ်တစ်ဆိုင်တွင် ရောင်းချခဲ့သည်။ သူရဲ့ လက်ဝတ်ရတနာများနှင့် ရွှေများအားလုံးကို ဆိုင်တစ်ဆိုင်တည်းမှာပဲ အစုလိုက်အပြုံလိုက် ရောင်းချလိုက်မယ်ဆိုရင် လူတွေရဲ့ သံသယဝင်မှုကို ခံရနိုင်တာကြောင့် အခုလို ပါးနပ်စွာ ခွဲခြားရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။

‎

‎

သူ မြို့လယ်ကောင်က လူစည်ကားရာ လမ်းမကြီးပေါ်ကနေ ထွက်ခွာလာတဲ့အချိန်မှာတော့ သူ့ရဲ့ ဘဏ်အကောင့်ထဲတွင် စုစုပေါင်း ငွေပမာဏ ယွမ်သန်း ၈၀ နီးပါးအထိ ရှိနေခဲ့ပါပြီ။ ဒီရတနာတွေက ဒီလောက်အထိတောင် တန်ဖိုးရှိလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ ပိုပြီးတော့ အံ့ဩဖို့ကောင်းတာက ဒီနေ့ည သူရောင်းချခဲ့တဲ့ ပစ္စည်းတွေဟာ သူ့ရဲ့ ကျောပိုးအိတ်ထဲမှာ ရှိနေသေးတဲ့ ရတနာသိုက်ကြီးတစ်ခုလုံးရဲ့ ဆယ်ပုံတစ်ပုံ တောင်မှ မပြည့်သေးတာပဲ ဖြစ်ပါတယ်။ တကယ်လို့သာ အိတ်ထဲက ပစ္စည်းအားလုံးကို အကုန်ရောင်းချလိုက်မယ်ဆိုရင်တော့... သူဟာ တကယ့်ကို ဘီလျံနာသူဌေးကြီးတစ်ဦး ဖြစ်လာတော့မှာ သေချာလှပါတယ်။

‎

‎

‎လမ်းကြားငယ်လေးတစ်ခုအတိုင်း လျှောက်လာရင်းနဲ့ ဝမ်ပင်းဟာ သူ့သူငယ်ချင်းကောင်းတွေဖြစ်တဲ့ ယူဟော်ဖေးနှင့် လီရှင်းဖျင် တို့ကို စနောက်ချင်တာနဲ့တစ်ကြောင်း၊ သူတို့ကို ကူညီချင်တာနဲ့တစ်ကြောင်းကြောင့် သူတို့နှစ်ယောက်ရဲ့ အကောင့်ထဲသို့ ယွမ်တစ်သန်းစီ တိတ်တဆိတ် လွှဲပြောင်းပေးလိုက်တော့တယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ သူ ဒုက္ခရောက်တိုင်း ဒီသူငယ်ချင်းနှစ်ယောက်က သူ့ကို အများကြီး ကူညီပေးခဲ့ကြတာဖြစ်ပြီး၊ ဝမ်ပင်းကိုယ်တိုင်ကလည်း ကပ်စေးနှဲတတ်တဲ့သူ မဟုတ်ပါဘူး။ အခုလို သူ ရုတ်တရက်ကြီး ကြွယ်ဝချမ်းသာလာတဲ့အချိန်မှာ မိမိအပေါ် ကောင်းခဲ့တဲ့ သူငယ်ချင်းတွေကို အခုလို ငွေကြေးအနည်းငယ် ပြန်လည်မျှဝေပေးတာက သူ့အတွက် ဘာမှ မဟုတ်တဲ့ ကိစ္စလေးတစ်ခုသာ ဖြစ်ပါတယ်။

‎

တစ်ဖက်မှာတော့ ယူဟော်ဖေး နှင့် လီရှင်းဖျင်တို့ဟာ ကျောက်ချန်းကြောင့်ဆိုပြီး ကော်ဖီဆိုင်မှာ ဝမ်ပင်း နှင့် သခင်လေးလီတို့ ရန်ဖြစ်ခဲ့ကြတာကို ကြားသိခဲ့ရတယ်။ ဝမ်ပင်းကို ဖုန်းဆက်ပြီးမေးမြန်းဖို့ လုပ်နေတုန်းမှာပဲ ဘဏ်ကနေ ငွေဝင်တဲ့ မက်ဆေ့ချ်တစ်စောင် ရောက်လာခဲ့တယ်။

‎

‎"ချီးး..ဒီလူလိမ်တွေကတော့ တကယ့်ကို လုပ်ကွက်ဆန်းလာပြီတာပဲ။ဘဏ်လိုမျိူးဟန်ဆောင်ပြီးတော့တောင် ငါ့အကောင့်မှာ ငွေတစ်သန်းဝင်လာတယ်ဆိုပြီး လာလိမ်နေတယ်"

‎

‎

‎"ဟမ်... ငါ့မှာလည်း အဲဒီအတိုင်းပဲ မက်ဆေ့ချ်ရထားတယ်။ ငါတို့သူငယ်ချင်းရဲ့ဖုန်းက ဟက်ခ်ခံလိုက်ရတယ်ထင်တယ်" ဟု လီရှင်းဖျင်ကလည်း ဝင်ပြောလိုက်သည်။

‎

‎

‎"အေး ၊ ဖြစ်နိုင်တယ် "

‎

‎"မေ့လိုက်တော့ ၊ ငါ ဘဏ်အက်ပ်ထဲကိုပဲဝင်ပြီး အဲဒါက တစ်ကယ် ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို ကြည့်လိုက်ဦးမယ်"

‎

‎

မက်ဆေ့ချ်အသစ်က သူ‎ငွေထုတ်ယူတုန်းကရခဲ့တဲ့ မက်ဆေ့ချ်နှင့် တစ်ထပ်တည်းတူနေတာကြောင့် သံသယဝင်နေတဲ့ ယူဟော်ဖေးက အက်ပ်ကိုဖွင့်ပြီး စစ်ဆေးလိုက်တယ်။

‎

‎

‎"ဟာ... အစစ်ကြီးကွ ။ ငါ့ရဲ့အကောင့်ထဲမှာ ဒေါ်လာတစ်သန်းပိုရှိနေတယ်"

‎

‎"မဖြစ်နိုင်ဘူး။ ငါ့သေသေချာချာ ပြန်စစ်ဆေးအုံးမယ်"

‎

‎လီရှင်းဖျင်ဟာ ယူဟော်ဖေးရဲ့ အကောင့်ထဲက ဒေါ်လာတစ်သန်းကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ လီရှင်းဖျင်ဟာ အကြီးအကျယ် ဆွံ့အသွားခဲ့ရပြီး၊ သူ့ရဲ့ အကောင့်ထဲသို့လည်း ပျာပျာသလဲ ဝင်ရောက်ကြည့်ရှုလိုက်တော့တယ်။ အက်ပ်ထဲ ရောက်သွားတာနဲ့တစ်ပြိုင်နက်... သူလည်းပဲ အံ့ဩလွန်းလို့ ဆဲမိသွားခဲ့ရတော့တယ်။

‎

‎

‎"လခွမ်း ၊ ငါ့အကောင့်ထဲမှာလည်း တစ်ကယ်ပဲ တစ်သန်း ဝင်နေတယ်"

‎

‎

‎"ငါတို့ ဘာလုပ်သင့်လဲ"

‎

‎

‎"ဒီပိုက်ဆံကို ငါတို့ လုံးဝသုံးလို့မရဘူး။ ဘဏ်က အမှားလုပ်မိသွားတာ ထင်တယ်။ သူတို့တွေက သိပ်မကြာခင်မှာပဲ ပြန်ယူသွားကြလိမ့်မယ်"

‎

‎

‎"ငါ့အမြင်ကလည်း အတူတူပဲ။ ဘဏ်ကို ဖုန်းဆက်ပြီး ပိုက်ဆံတွေ ပြန်ယူခိုင်းလိုက်သင့်တယ်။ငါ့အကောင့်ထဲမှာရှိတဲ့ ပိုက်ဆံတွေက အရမ်းများလွန်းလို့ ငါ့စိတ်မချဘူး"

‎

‎"ငါရောအတူတူပဲ"

‎

‎

သူတို့နှစ်ယောက် ဘဏ်ကို ဖုန်းဆက်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ယူဟော်ဖေးရဲ့ဖုန်းက မြည်လာသည်။

‎

‎" ဟေး ဝမ်ပင်း ဖုန်းခေါ်လာပြီ"

‎

‎"မြန်မြန် ကိုင်လိုက် ပြီးရင် သူ ဘယ်မှာလဲဆိုတာကို မေးလိုက်"

‎

ယူဟော်ဖေးက ခေါင်းညိတ်ပြီး ဖုန်းကို အမြန်ပြန်ဖြေလိုက်တယ်။

‎

‎"ဟေး ဝမ်ပင်း၊ မင်းက အခု ဘယ်မှာလဲ။ ကော်ဖီဆိုင်မှာ သခင်လေးလီနဲ့ ရန်ဖြစ်ခဲ့တာဆို တကယ်ပဲလား"

‎

‎"ငါအပြင်မှာ အခု ခဏလောက် အိမ်ကိုပြန်ဖို့ ပြင်နေတယ်"

‎

"အေး... မင်း အိမ်ပြန်ပြီး ခဏလောက်တော့ အခြေအနေကို စောင့်ကြည့်တာက အကောင်းဆုံးပဲ။ ငါ ကြားတာတော့ အဲဒီ သခင်လေးလီဆိုတဲ့ကောင်က နောက်ခံအာဏာ တော်တော်တောင့်တာ၊ သွားပြီး ဆွရမယ့်လူမျိုး မဟုတ်ဘူးကွ "

‎

‎

" မဟုတ်ပါဘူး။ အိမ်မှာက လုပ်စရာ ကိစ္စလေးအချို့ ရှိလို့ ခဏပြန်တာပါ"

" ဪ "

‎

"ဒါနဲ့... မင်းတို့တွေ ပိုက်ဆံ ရကြပြီလား"

‎

‎" ဘာပိုက်ဆံလဲ၊ နေဦး မင်းပြောချင်တာက အဲဒီ ငွေတစ်သန်းက မင်းလွှဲပေးတာလား "

‎"ဟုတ်တယ်လေ ၊ ငါ မင်းတို့ကိုကြောက်အောင်လုပ်မိသွားလို့လား"

‎

" ဟာ... ဝမ်ပင်းရာ၊ မင်း ငါတို့တွေကို တကယ်ပဲ လန့်ဖျန့်သွားအောင် လုပ်လိုက်တာပဲကွာ။ ရှင်းဖျင်နဲ့ ငါနဲ့ဆိုရင် ဘဏ်ကို ဖုန်းဆက်ပြီး ဒီပိုက်ဆံတွေကို ပြန်ယူသွားဖို့ ပြောတော့မလို့ "

‎

‎

‎"ဟားဟား... တောင်းပန်ပါတယ်ကွာ။ ပိုက်ဆံကအများကြီးမဟုတ်ပါဘူး။ မင်းတို့တွေ စိတ်အေးလက်အေးနဲ့ပဲ လက်ခံထားလိုက်ကြပါ"

‎

‎"ဘာ... တစ်သန်းဆိုတာက မများဘူးလား။ ဝမ်ပင်း ၊ မင်း ထီပေါက်ခဲ့လို့လား"

‎

‎"အာ.. အဲလိုမျိုးပဲပေါ့။ ဘာပဲဖြစ်ဖြစ် ဒီပိုက်ဆံပမာဏက ငါအတွက် ဘာမှမဟုတ်တော့ဘူး ၊ မင်းတို့တွေက ငြင်းမနေဘဲ ယူထားလိုက်ကြပါ "

‎

‎"ရိုးရိုးသားသားပြောစမ်းပါ မင်း ထီဘယ်လောက် ပေါက်သွားတာလဲ"

‎

‎"ယွမ်သန်းတစ်ရာလောက်ပေါ့"

‎

‎"သန်းတစ်ရာလား ။ ကောင်းပြီ ၊ မင်းမှာက အများကြီးရခဲ့တာဆိုတော့ ရှင်းဖျင် နဲ့ ငါကလက်ခံလိုက်မယ်။ ကျေးဇူးတင်ပါတယ် ဝမ်ပင်း"

‎

" ‎မလိုပါဘူး။ ငါတို့က သူငယ်ချင်းကောင်းတွေပဲကို"

‎

‎"ဒါဆို ကျောက်ချန်က မင်းနဲ့ လမ်းခွဲလိုက်တယ် ၊ မင်းက သခင်လေးလီကိုရိုက်နှက်ပြီးတော့ လူတွေကို ရွှေချောင်းတွေနဲ့ ပစ်ပေါက်လိုက်တယ်ဆိုတာတွေ အားလုံးက အမှန်တွေကြီးပဲပေါ့"

‎

‎" ဟားဟား... အင်း၊ အကုန်အမှန်တွေချည်းပဲ"

‎

‎

‎"ကောင်းပြီ ၊ မင်းကကောင်းကောင်းလုပ်နေတာပဲ။ ဒါပေမယ့်လည်း မင်းပုန်းနေသင့်တယ်လို့ ငါထင်တယ်။ သခင်လေးလီက ပြန်ပြီးလက်စားချေနိုင်တယ်"

‎

‎

" စိတ်ပူပေးလို့ ကျေးဇူးပါ။ ငါ အိမ်မှာ အရေးကြီးကိစ္စ ရှိသေးလို့ အခု လောလောဆယ်တော့ စကားအရှည်ကြီး မပြောနိုင်သေးဘူး။ ငါ ကျောင်းကိုပြန်ရောက်ရင် မင်းတို့နှစ်ယောက်လုံးကို သေသေချာချာ ပြန်ပြီး ကျွေးမွေးဧည့်ခံပါ့မယ်"

‎

‎" အေးအေး... လမ်းခရီးမှာ ဘေးကင်းအောင် ဂရုစိုက်ဦး"

‎

‎

ယူဟော်ဖေးနှင့် လီရှင်းဖျင်တို့ကတော့ ဝမ်ပင်းက တကယ်ပဲ ထီအကြီးအကျယ် ပေါက်သွားခဲ့တယ်လို့ အခိုင်အမာ ယုံကြည်သွားခဲ့ကြတယ်။ အခုလို သူဌေးကြီး ဖြစ်သွားတဲ့အချိန်မှာ... အိမ်ကိုခဏပြန်ပြီး ပုန်းနေတာက အကောင်းဆုံး ရွေးချယ်မှုလို့ပဲ သူတို့ ထင်မှတ်လိုက်ကြပါတယ်။

‎

All Chapters