အခန်း ၁၈
Vol. 2 Ch. 18
အခန်း-(၁၈)
ဝမ်ပင်းကတော့ စိတ်ထဲကနေ ရယ်ချင်ချင် ဖြစ်သွားခဲ့ရတယ်။ လူတွေက သူ့ကို အိမ်ခြံမြေ အရောင်းဝန်ထမ်းတစ်ဦးလို့ မှားယွင်းထင်မှတ်နေကြလိမ့်မယ်လို့ သူ လုံးဝ ထင်မထားခဲ့မိပါဘူး။
"တောင်းပန်ပါတယ် စီနီယာအစ်မဝမ် ။ ကျွန်တော်က အိမ်ခြံမြေအကျိုးဆောင် မဟုတ်ပါဘူး"
"အာ... အိမ်မရောင်းဘူးလား။ ဒါဆို မင်းက ဒီမှာဘာလုပ်နေတာလဲ"
"တိုက်ခန်းဝယ်ဖို့ ဒီကိုလာတာပါ "
"ဟားဟား... မင်းက ငါတို့ဆီက အိမ်တွေကို ဝယ်နိုင်မယ်လို့ တစ်ကယ် ထင်နေတာလား။ ဒီက အိမ်တွေ ဘယ်လောက်အထိတောင် ဈေးကြီးလဲဆိုတာကို မင်း သိရဲ့လား။ မင်းတစ်ယောက်တည်း အလုပ်လုပ်ပြီး တစ်နှစ်ပတ်လုံး မစားမသောက်ဘဲ စုရင်တောင်မှ... ဒီတိုက်ခန်းရဲ့ အိမ်သာ တစ်ခန်းစာ တန်ဖိုးကိုတောင် ဝယ်နိုင်မှာ မဟုတ်ဘူး "
အရောင်းဝန်ထမ်း မိန်းကလေးသည် ဝမ်ပင်းက မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက် မဟုတ်မှန်း သိလိုက်ရသလို... သူ ဝတ်ဆင်ထားတဲ့ ပုံစံအရလည်း ပိုက်ဆံရှိမယ့် ပုံစံမျိုး လုံးဝ မပေါက်တာကြောင့် ချက်ချင်းပဲ လှောင်ပြောင် သရော်လိုက်ပါတော့တယ်။
"လူငယ်လေး ၊ လူကြားထဲမှာလာပြီး မကြွားဝါနေစမ်းနဲ့ " ဝမ်ပင်းက အိမ်လာဝယ်တယ်လို့ ပြောတာကိုကြားတော့ သခင်လေးကျောက်လည်း မကျေမနပ်ဖြစ်မိသွားတယ်။
"ကျွန်တော် ကြွားနေတာ မဟုတ်ပါဘူး။ ဒီနေ့က တစ်ကယ်ပဲ အိမ်ဝယ်ဖို့ ရောက်လာတာပါ"
"ကျွန်မတို့ရဲ့ အသက်သာဆုံးယူနစ်ကတောင် ငါးသန်းကနေ ခြောက်သန်းအထိ ကျတယ်ဆိုတာ မင်းသိလား။ မင်းမှာက ဒီလောက်အထိများတဲ့ ပိုက်ဆံရှိလို့လား"
"ငါးသန်းကနေ ခြောက်သန်းအထိက များလို့လား" ဝမ်ပင်းက ခပ်ဖျော့ဖျော့ကလေး ပြုံးလိုက်သည်။ အရင်တုန်းကဆိုရင်တော့ ဒီလောက်အထိဈေးကြီးတာကိုသိရရင် အံ့သြမိသွားမှာဆိုပေမယ့် အခုကတော့ သူ့အကောင့်ထဲမှာ သန်းခုနစ်ဆယ်နီးပါးနှင့် သူ့သေတ္တာထဲမှာရှိတဲ့ လက်ဝတ်ရတနာတွေရဲ့ တန်ဖိုးနဲါပေါင်းလိုက်ရင် ဘီလီယံနဲ့ချီပြီး ရှိနေပြီဆိုတော့ ငါးသန်းကနေ ခြောက်သန်းအထိက ဘာမှမဟုတ်တော့ပါဘူး။
" ပါးစပ်ပါတဲ့ ဘယ်သူမဆို ကြွားလို့ရနေတာပဲ။မင်းက ဘယ်မှာအလုပ်လုပ်ပြီး တစ်လကို ဘယ်လောက်ရလဲ။ ငါတို့ဆီကအိမ်ကို ဝယ်နိုင်မယ်လို့ မင်း တစ်ကယ်ထင်နေတာလား။ မင်းကအိပ်မက်မက်နေတာပဲ။ ထွက်သွားဖို့ကို ငါ မင်းကိုအကြံပြုတယ်။ မဟုတ်ရင်တော့ လုံခြုံရေးတွေခေါ်ပြီး မင်းကို နှင်ထုတ်ရလိမ့်မယ်" အမျိုးသမီးဝန်ထမ်းရဲ့ စကားတွေက ပိုပိုပြီး ကြမ်းတမ်းလာပြီး လုံခြုံရေးတွေနှင့်တောင် သူ့ကို ဖယ်ရှားဖို့ ရည်ရွယ်ထားတယ်ဆိုတာ ထင်ရှားပါတယ်။
မင်းတို့ဆိုင်က ဖောက်သည်တွေကို ဒီလိုမျိုး စော်ကားမော်ကား ဆက်ဆံတာလား။ ဝမ်ပင်းလည်း သူမရဲ့ ရိုင်းစိုင်းတဲ့ စကားတွေကြောင့် ဒေါသအနည်းငယ် ထွက်လာခဲ့ရပြီ ဖြစ်ပါသည်။
ပတ်ဝန်းကျင်က ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကို မြင်တွေ့လိုက်ရတဲ့ လုံခြုံရေးဝန်ထမ်း နှစ်ဦးဟာ အနားသို့ လှမ်းလျှောက်လာခဲ့ကြတယ်။
"အစ်မလိီ၊ ဘာတွေဖြစ်နေတာလဲ"
"ရှင်တို့ အချိန်မီ ရောက်လာတာပဲ။ ဒီလူက ဆိုင်ထဲမှာ လာပြီး ပြဿနာရှာနေတာ။ သူ့ကို ဒီကနေ မောင်းထုတ်လိုက်ပါ"
"ကောင်လေး... မင်းသာ ထက်မြက်တဲ့သူဆိုရင် သိက္ခာရှိရှိနဲ့ မင်းဘာသာမင်းထွက်သွားလိုက်။ ငါတို့တွေ ကူပေးရမယ်ဆိုရင်တော့ ကြည့်ကောင်းတော့မှာမဟုတ်ဘူး"
လုံခြုံရေး နှစ်ယောက်ဟာ တကယ့်ကို မောက်မာဝံ့ကြွားလှပြီး... အကျိုးအကြောင်း မမေးမြန်းတော့ဘဲ ဝမ်ပင်းကို အပြင်သို့ ဆွဲထုတ်ဖို့ ပြင်ဆင်လိုက်ကြတော့တယ်။
သခင်လေးကျောက်ကလည်း အစပိုင်းမှာ ဝမ်ပင်းကို ထပ်မံလှောင်ပြောင်ဖို့ စိတ်ကူးထားခဲ့ပေမဲ့... ဘေးက ဝမ်လုက သူ့ကို ချက်ချင်း လက်တို့ပြီး တားဆီးလိုက်ပါတယ်။
"ဘာမှားလို့လဲ လုလု"
"သူက...သူက တကယ်ပဲ အိမ်ဝယ်နိုင်လောက်တယ်"
"သူ ၊ ဒီသနားစရာကောင်ကလား"
"သူက မနေ့ညတုန်းက သခင်လေးလီကို ဒဏ်ရာရအောင်ကန်ပြီး ရွှေချောင်းတွေကို လူတွေဆီ ပစ်ပေါက်ခဲ့တဲ့သူပဲ"
"အာ... အဲတာ သူပေါ့"
သခင်လေးကျောက်ကလည်း သူ့ရဲ့သူဌေးသား အသိုင်းအဝိုင်းထဲမှာ ဒီသတင်းကြီးကို ကြားသိထားခဲ့တာ ဖြစ်ပါတယ်။ဝမ်လုရဲ့စကားများက သူ့ကို သတိဝင်လာစေပြီး ဝမ်ပင်းကို အိမ်ခြံမြေအကျိုးဆောင်နှင့် အထင်မှားမိသည့်အတွက် အနည်းငယ် အပြစ်ရှိသလိုပါ ခံစားလိုက်ရသည်။
သူ့ရဲ့ မိသားစုက ချမ်းသာကြွယ်ဝတာ မှန်ပေမဲ့လည်း လူတွေကို ရွှေတုံးတွေနဲ့ ပစ်ပေါက်နိုင်တဲ့အထိတော့ လုံးဝ မချမ်းသာပါဘူး။ ဒီလိုမျိုး ရခဲလှတဲ့ရွှေတုံးတွေကို ခဲလုံးတွေလို ပစ်ပေါက်နိုင်ဖို့ဆိုရင်... အဲဒီလူမှာ ပိုက်ဆံတွေ ဘယ်လောက်အထိ အတိုင်းအဆမရှိ များပြားနေရမလဲဆိုတာကို စဉ်းစားကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။
"လုလု... ကိုယ်တို့တွေ တခြား အိမ်ရာဝင်းဆီကိုပဲ သွားပြီး ကြည့်ကြရင် ဘယ်လိုလဲ"
"အိုကေ"
ဝမ်လုကလည်း ဒီမှာသာဆက်နေရင် ဘာမှကောင်းတာ ဖြစ်လာမှာမဟုတ်ဘူးလို့ ခံစားရပြီး ထွက်သွားဖို့ ပြင်ဆင်လိုက်သည်။
အဲဒီအချိန်မှာပဲ မန်နေဂျာကလည်း အရောင်းပြခန်းထဲက ဆူညံသံတွေကို ကြားတော့ အနောက်ဘက်ကနေ အလျင်စလို ပြေးထွက်လာသည်။
"ဘာတွေဖြစ်နေကြတာလဲ"
"မန်နေဂျာ ၊ သူက ဆိုင်မှာ ပြဿနာလာရှာနေတာပါ"
"ဟမ့် ၊ မင်းတို့တွေက ဂုဏ်မောက်နေကြတဲ့သူတွေပဲ။ ငါက အိမ်ဝယ်ဖို့ပဲ ရောက်လာတာ ၊ ဒါပေမယ့်လည်း မင်းတို့ရဲ့ဝန်ထမ်းတွေနှင့် လုံခြုံရေးတွေရဲ့ ဒီလောက်အထိညံ့ဖျင်းနေတဲ့ ဝန်ဆောင်မှုတွေကြောင့် ဘယ်လိုလုပ်ပြီး မင်းတို့ဆီက အိမ်ကိုဝယ်ရဲကြမှာလဲ"
" အာလီ၊ ပြီးတော့ မင်းတို့အားလုံးက ဒီကလူကြီးမင်းကို ချက်ချင်းတောင်းပန်လိုက်"
"အာ... မန်နေဂျာ၊ ဒါပေမယ့် သူက..."
"ငါ နောက်တစ်ခါ ထပ်မပြောတော့ဘူး။ အခု တောင်းပန်လိုက် မဟုတ်ရင် ထွက်သွား"
ဝမ်ပင်းက ဝယ်ဖို့ ရောက်လာတာ မဟုတ်ရင်တောင် ဒီရုန်းရင်းဆန်ခတ်ဖြစ်မှုက သိသာထင်ရှားလွန်းတဲ့ သက်ရောက်မှု ရှိခဲ့တာကြောင့် မန်နေဂျာက ကုမ္ပဏီရဲ့ ဂုဏ်သတင်းကို ထည့်သွင်းစဉ်းစားပြီး အစ်မလီနှင့် လုံခြုံရေးသမားတွေကို ဝမ်ပင်းအား တောင်းပန်ဖို့အတွက် ချက်ချင်းပဲ အမိန့်ပေးလိုက်သည်။
အစ်မလီ နှင့် လုံခြုံရေးသမားများသည် မကျေမနပ်ဖြစ်နေကြပေမယ် မန်နေဂျာဖြစ်သူရဲ့ဖိအားအောက်တွင် ဝမ်ပင်းအား တောင်းပန်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ပါ။
"တောင်းပန်ပါတယ်၊ ကျွန်မတို့ အရင်က မှားသွားပါတယ်"
"ဟမ့် ... ခင်ဗျားတို့အိမ်တွေက အဆင့်နိမ့်လွန်းတယ်လို့ ငါထင်တယ်။ ငါဝယ်ဖို့တောင် စိတ်မဝင်စားတော့ဘူး"လို့ ဝမ်ပင်းက သက်ပြင်းချရင်း အေးစက်စွာ ပြောဆိုလိုက်တော့တယ်။
ဝမ်ပင်းရဲ့ စကားကို ကြားလိုက်ရတဲ့အခါ... ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူအားလုံးရဲ့ အကြည့်တွေက ဝမ်ပင်းဆီသို့ စုပြုံရောက်ရှိလာခဲ့ကြတယ်။ ဝမ်ပင်းရဲ့ ဝတ်စုံနှင့် အသက်အရွယ်ကို ကြည့်ပြီး... သူတို့အားလုံးကတော့ ‘ဒီကောင်လေးက ဝယ်မှမဝယ်နိုင်ဘဲ လေလုံးထွားပြီး ကြွားဝါသွားတာပဲ’ လို့ပဲ စိတ်ထဲကနေ ထင်မှတ်လိုက်ကြပါတော့တယ်။
တစ်ဖက်မှာတော့... ဆိုင်ထဲကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဝမ်လုနှင့် သခင်လေးကျောက်တို့ စုံတွဲဟာလည်း ဝမ်ပင်းရဲ့ စကားကြောင့် ခြေလှမ်းတွေ တုန့်ခနဲ ဖြစ်သွားခဲ့ရပြီး... နောက်မှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို သိချင်စိတ်နဲ့ စောင့်ကြည့်ဖို့အတွက် ခေတ္တမျှ ရပ်တန့်လိုက်ကြတယ်။