← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း-(၁၉)

ဝမ်ပင်းရဲ့ စကားတွေကိုကြားတော့ မန်နေဂျာဖြစ်သူရဲ့ ဒေါသက ပိုပြင်းထန်လာသည်။ သူဟာ အစောင့်တွေကို ချက်ချင်းခေါ်ပြီး ဒီငကြွားကောင်ကို အပြင်ဆီဆွဲထုတ်ခိုင်းကာ အသေအလဲ ရိုက်နှက်ခိုင်းချင်စိတ် ပေါက်သွားခဲ့ပေမဲ့ သူ့ရဲ့ မြင့်မားလှတဲ့ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်ကြောင့်ပဲ စိတ်ကို အတတ်နိုင်ဆုံး ပြန်လည်ထိန်းချုပ်လိုက်ရပါတယ်။

"လူကြီးမင်း ၊ အိမ်တစ်လုံးအတွက် ဈေးနှုန်းဘယ်လောက်ရှိတဲ့ အမျိုးအစားထဲက ရှာနေတာလဲလို့ မေးလို့ရမလား" မန်နေဂျာက မေးမြန်းလိုက်သည်။ မင်းက ငါ့တို့ရဲ့အိမ်တွေကို အဆင့်နိမ့်တယ်လို့ ပြောနေမှတော့ မင်းရဲ့ကြွားဝါမှုကို ဖော်ထုတ်ပြီး လူတိုင်းရှေ့မှာ မင်းကို အရှက်ခွဲပစ်မယ်လို့လဲ မန်‌နေဂျာက တွေးလိုက်သေးသည်။

"အနည်းဆုံးတော့ သန်းနှစ်ဆယ်ကျော်တန်တဲ့ ဗီလာတစ်လုံးကမှ ကျွန်တော့်အတွက် ထိုက်တန်လိမ့်မယ်" ဟု ဝမ်ပင်းက အပြုံးဖျော့ဖျော့ဖြင့် ပြန်ဖြေလိုက်သည်။

ဝမ်ပင်းရဲ့ လေလုံးထွားလှတဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ‌တော့ မန်နေဂျာဖြစ်သူဟာ မသိစိတ်ကနေ လက်သီးကို တင်းတင်းဆုပ်လိုက်မိပြီး သူ့မျက်နှာကို တည့်တည့်ထိုးပစ်ချင်လိုက်စိတ်ကို မနည်းကြီး အောင့်အည်းသည်းခံလိုက်ရရှာသည်။

ပတ်ပတ်လည်မှာ ရှိနေကြတဲ့ လူအားလုံးကလည်း ဝမ်ပင်းရဲ့စကားကြောင့် အံ့ဩတုန်လှုပ်စွာနဲ့ အသက်ရှူရပ်မတတ် ဖြစ်သွားကြရတယ်။ဒီကောင်ကတော့ တကယ်ကိုပဲ လေလုံးထွားလွန်းလှတယ်။ အနည်းဆုံး သန်းနှစ်ဆယ်တန်တဲ့ အိမ်တစ်လုံးကမှ သူ့နှင့်ထိုက်တန်တယ်လို့ ပြောရအောင် သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာများလဲလို့ တွေးကုန်ကြတယ်။

"လူကြီးမင်း၊ ကျွန်တော်တို့ဆီမှာက မြစိမ်းရောင်ရေကန် အနီးမှာ မကြာသေးမီက ဆောက်လုပ်ထားတဲ့ ဗီလာတွေ ရှိပါတယ်။ ဈေးနှုန်းကတော့ သန်းနှစ်ဆယ်ကနေ စတင်ပါတယ်။ လူကြီးမင်းကသာ သွားကြည့်ချင်တယ်ဆိုရင် ကျွန်တော်တို့က ခေါ်သွားပေးနိုင်ပါတယ်။ ဒါပေမယ့် လူကြီးမင်းဆီမှာ တကယ် ဝယ်ယူနိုင်စွမ်း ရှိကြောင်းကို သက်သေပြပေးဖို့လိုပါတယ်"

"ဒါပေါ့... ဘာပြဿနာမှ မရှိဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဝယ်ယူနိုင်စွမ်းကိုသာ သက်သေပြနိုင်ခဲ့မယ်ဆိုရင် အဲဒီသုံးယောက်က ဒူးထောက်ပြီး အရောင်းခန်းမကို သုံးကြိမ်တိုင်တိုင်ပတ်ပြီး ကျွန်တော့်ကိုတောင်းပန်ရမယ်"ဟု ဝမ်ပင်းက အနားမှာ မတ်တတ်ရပ်နေကြတဲ့ အစ်မလျိုနှင့် အနီးနားက လုံခြုံရေးအစောင့်နှစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။

"ဘာပြဿနာမရှိပါဘူး။ လူကြီးမင်းကသာ ဝယ်ယူနိုင်စွမ်းကို တကယ်သက်သေပြနိုင်မယ်ဆိုရင် လူကြီးမင်းက ကျွန်တော်တို့ရဲ့ ဂုဏ်သရေရှိဧည့်သည်ဖြစ်လာမှာပါ"

"ကောင်းပြီ... ဒါဆိုရင် ကျွန်တော့်ရဲ့ ဘဏ်အကောင့်ထဲက ငွေပမာဏကိုပဲ ကြည့်လိုက်ကြတော့"

ဝမ်ပင်းက သူ့ရဲ့ ဖုန်းထဲက ဘဏ်ဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်တော့ ကတ်ထဲမှာ စုစုပေါင်းငွေပမာဏ ယွမ်သန်းခုနစ်ဆယ်နီးပါး လက်ကျန်ငွေ ရှိနေတာ ပေါ်လာသည်။

"ဒါက ကျွန်တော့်ရဲ့ အနည်းဆုံးငွေပမာဏရှိတဲ့ အကောင့်တွေထဲက တစ်ခုပဲ။ ဒီလိုမျိုးအကောင့်တွေ အများကြီးရှိပါသေးတယ်။ နောက်ထပ်ကတ်‌ရော စစ်ကြည့်ဖို့ လိုအပ်သေးလား" လို့ ဝမ်ပင်းက ခပ်အေးအေးပဲ မေးလိုက်သည်။

ဝမ်ပင်းရဲ့ဘဏ်ကတ်ပေါ်က ကြီးမားလှတဲ့ လက်ကျန်ငွေကိုမြင်တော့ မန်နေဂျာရဲ့အမူအရာက ၁၈၀ ဒီဂရီ ခိက်ချင်းပြောင်းလဲသွားသည်။ သူကချက်ချင်းပဲ ဝမ်ပင်းကို ပြုံးရွှင်စွာဖြင့် ဦးညွှတ်လိုက်ကာ

"လူကြီးမင်း ၊ စောစောက အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ရတဲ့အတွက် ကျွန်တော်တို့က တောင်းပန်ပါတယ်။ အခုအချိန်ကစပြီး လူကြီးမင်းက ကျွန်တော်တို့ရဲ့ ဂုဏ်သရေအရှိဆုံး ဧည့်သည်တော်ကြီး ဖြစ်သွားပါပြီ။ မင်းတို့သုံးယောက် အဲဒီမှာဘာလုပ်နေကြတာလဲ ၊ မြန်မြန်လာပြီး ဒီကလူကြီးမင်းကို တောင်းပန်လိုက်စမ်း"

"ကျွန်မတို့ တကယ်ပဲတောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

သူတို့သုံးယောက်ဟာ ဝမ်ပင်းရဲ့ကတ်ပေါ်က လက်ကျန်ငွေပမာဏကို မမြင်ရသေးပေမယ့် မန်နေဂျာရဲ့ မျက်နှာအမူအရာအရဆို အဲဒီပမာဏကသန်းနှစ်ဆယ်ကျော်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။

"မန်နေဂျာ၊ ကျွန်တော်တို့ရဲ့ သဘောတူညီချက်က အခုထိ ရှိနေတုန်းပဲလား" ဝမ်ပင်းက ခပ်အေးအေးပဲ မေးလိုက်တယ်။

"ဟုတ်ကဲ့ ၊ ရှိတာပေါ့ လူကြီးမင်း။ မင်းတို့ သုံးယောက် ၊ ဘာရပ်ကြည့်နေတာလဲ၊ ချက်ချင်း ဒူးထောက်ပြီး ခန်းမကို သုံးပတ်ပတ်ပြီးတော့ သွားကြစမ်း။ မဟုတ်ဘူး... အပတ်သုံးဆယ်သွားရမယ်။ အဲဒါထက် အကြိမ် တစ်ရာတိတိ ပတ်ပြီးတော့ ဒူးထောက်သွားကြစမ်း"

မန်နေဂျာက ဝန်ထမ်းတွေကို အော်ဟစ်ငေါက်ငမ်းလိုက်ပြီးနောက်မှ ဝမ်ပင်းဘက်သို့ လှည့်ကာ " လူကြီးမင်း ကျွန်တော် အခုလို ကိုင်တွယ်ဖြေရှင်းပုံကို စိတ်ကျေနပ်မှု ရှိရဲ့လား"ဟု အပြုံးချိုချိုလေးနဲ့ ဖားယားမေးမြန်းလိုက်တယ်။

"ကျေနပ်တာပေါ့... တကယ့်ကို စိတ်ကျေနပ်စရာ ကောင်းပါတယ်"

"ဒါဆိုရင် လူကြီးမင်း... ကျေးဇူးပြုပြီး ကြွပါဦး၊ ကျွန်တော်ကိုယ်တိုင် ဗီလာတွေဆီကို လိုက်လံပြသပေးပါ့မယ်"

ဝန်ထမ်းသုံးဦးဟာ မန်နေဂျာရဲ့ အမိန့်ကို မဖီဆန်ရဲကြတာကြောင့် ချက်ချင်းပဲ ဒူးထောက်လိုက်ကြပြီး ခန်းမဆောင်ကြီးအတွင်းမှာ တရွတ်တိုက် လှည့်ပတ်သွားကြပါတော့တယ်။ ဝမ်ပင်းက ထိုသုံးယောက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သွေးအေးစွာပြုံးလိုက်ရင်းဖြင့် မန်နေဂျာရဲ့ အနောက်သို့ လိုက်ပါသွားခဲ့ပါတယ်။

မကြာခင်မှာပဲ မန်နေဂျာက ဝမ်ပင်းကို ဗီလာဧရိယာကို ခေါ်သွားပါတယ်။ ဗီလာအနည်းငယ်ကို လိုက်ကြည့်ပြီးတဲ့နောက်မှာ ဝမ်ပင်းဟာ မြစိမ်းရောင်ရေကန်တည့်တည့်ကို မျက်နှာမူထားတဲ့ ဗီလာတစ်ခုကို ချက်ချင်းသဘောကျသွားတယ်။

"ဒီဗီလာက ဘယ်လောက်လဲ"

"ဒီဗီလာက မြင်ကွင်းပိုကောင်းတာကြောင့် သန်းလေးဆယ်လောက် ကျပါတယ်"

"ဈေးမကြီးဘူး၊ ကျွန်တော် ဒါပဲယူမယ်။ အခုချက်ချင်း ငွေအပြတ်ချေမယ်။ ဘယ်တော့လောက် ပြောင်းလို့ရလဲ၊ စာချုပ်ကရော ဘယ်တော့လောက် ရမှာလဲ"

"သော့ကိုတော့ အခုချက်ချင်း ရနိုင်ပါတယ်။အခုပဲ ငွေအပြည့်းပေးချေရင် ငါးရာခိုင်နှုန်း လျှော့စျေးပေးပါ့မယ်။ စာချုပ်ချုပ်ဖို့ကတော့ နည်းနည်းစောင့်ရမှာမို့လို့ နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်လောက် ကြာပါလိမ့်မယ်"

"ကောင်းပြီ၊ ဒါဆို ကျွန်တော် ငွေအပြည့်ချေလိုက်မယ်"

"ကောင်းပြီ၊ ဒါဆိုရင် အခုပဲ အရောင်းရုံးခန်းဆီ ပြန်သွားပြီး စာရွက်စာတမ်းတွေ လုပ်ဆောင်ကြရအောင်လား"

"ဟုတ်ပြီ"

ဝမ်ပင်းက သဘောတူလိုက်ပြီး စာရွက်စာတမ်း ကိစ္စရပ်တွေ အချောသတ်ဖို့အတွက် မန်နေဂျာနဲ့အတူ အရောင်းရုံးခန်းဆီလိုက်လာခဲ့သည်။

ငွေအပြတ်ချေလိုက်လို့ ၅ ရာခိုင်နှုန်း လျှော့ဈေးရလိုက်တာကြောင့် ဝမ်ပင်းအတွက်တော့ ယွမ်နှစ်သန်း တိတိ သက်သာသွားခဲ့တာ ဖြစ်ပါတယ်။သူ့အတွက် ဒီပမာဏက အပန်းမကြီးလှဘူး ဆိုပေမဲ့လည်း... ဒီလောက်ငွေကို သက်သာအောင် စုဆောင်းနိုင်တာကတော့ မဆိုးလှပါဘူး။

အရောင်းရုံးခန်းဆီ ပြန်ရောက်တဲ့အခါမှာတော့ အစ်မလျိုနှင့် လုံခြုံရေးအစောင့်နှစ်ယောက်ဟာ ခန်းမဆောင်တစ်ဝိုက်တွင် တွားသွားနေကြဆဲဖြစ်သည်။ဝမ်ပင်းက သူတို့ကို လှောင်ပြုံးတစ်ချက်နဲ့ လှမ်းကြည့်လိုက်ပြီးနောက်မှ အေးအေးလူလူပဲ မန်နေဂျာရဲ့ ရုံးခန်းထဲသို့ ဝင်ရောက်သွားကာ စာရွက်စာတမ်းတွေကို ကိုင်တွယ်ဖြေရှင်းလိုက်သည်။

All Chapters