← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း-(၂၀)

ဝမ်ပင်းအတွက် လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်အတွက် မန်နေဂျာက ဝန်ထမ်းအမြောက်အမြား ခေါ်ယူပြီး ဝိုင်းဝန်းလုပ်ဆောင်ပေးစေခဲ့တာကြောင့် ခဏချင်းအတွင်းမှာတင် စာရွက်စာတမ်းအားလုံး ပြီးစီးသွားခဲ့သည်။

ဝမ်ပင်းက ဘဏ်ကနေ ငွေလွှဲလို့ ပြီးသွားတဲ့အခါမှာတော့ မန်နေဂျာသည် ဗီလာအိမ်ရဲ့ သော့တွေနဲ့ အဝင်ဂိတ်ကတ်ပြားတွေကို လက်နှစ်ဖက်ဖြင့် လေးစားစွာ ပေးအပ်ခဲ့သည်။

ဝမ်ပင်းက အိမ်ဝယ်ပြီးလို့ ထွက်ခွာလာတဲ့အချိန်တွင်တော့ မန်နေဂျာနှင့် ဝန်ထမ်းများပါ တံခါးအထိ သူ့ကို လိုက်ပို့ခဲ့ကြသည်။

အိမ်ဝယ်ပြီးသည်နှင့် ဝမ်ပင်းက သူ့ရဲ့ ပစ္စည်းတွေကို ချက်ချင်း ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ သူ ကျောင်းသားအဆောင်ဆီသို့ ပြန်ရောက်တဲ့အခါ အဆောင်က တိတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။သူသည် သူရဲ့ လက်ဝတ်ရတနာများ ၊ လေသေနတ်နှင့် ဖောက်ခွဲရေးကိရိယာများကို စနစ်တကျထုပ်ပိုးပြီး ကျောင်းဂိတ်ပေါက်တွင် တက္ကစီတစ်စီးကိုငှားကာ ဗီလာဆီသို့ တန်းသွားလိုက်သည်။

သူ့ရဲ့ ပစ္စည်းတွေကို နေရာချပြီးတဲ့နောက်တွင်တော့ ဒီနေ့ညမှာ သူသွားရမယ့် ပျက်သုန်းပြီးကမ္ဘာအတွက် လိုအပ်တဲ့အစားအစာတွေ သွားဝယ်ခဲ့သလို ကွမ်းရှောင်ယွဲ့အတွက် ရည်ရွယ်ပြီးတော့လည်း ဖုန်းတစ်လုံး၊ ပါဝါဘမ်း ဆယ်လုံး၊ ဓားမြှောင်တစ်လက်နှင့် ဓားရှည်တစ်ချောင်းလည်း သီးသန့်ဝယ်ပေးခဲ့တယ်။

အခုလို အိမ်အသစ် ဝယ်ယူပြီးပြီ ဖြစ်တာကြောင့်... ဝမ်ပင်းအနေနဲ့ သူ့ရဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ယူဟော်ဖေးနှင့် လီရှင်းဖျင်တို့ကို ထမင်းစားဖို့ ဖိတ်ခေါ်သင့်ပေမယ့် ဒီညမှာ အရေးကြီးတဲ့ကိစ္စတွေ သူ့မှာလုပ်ဆောင်စရာရှိနေလို့ သူတို့ဧည့်ခံနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် နောက်ထပ် အဆင်ပြေမယ့်နေ့ကျမှ သူတို့ကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူ့ရဲ့ ရင်ထဲမှာတော့... ပျက်သုဉ်းပြီးကမ္ဘာထဲက ကွမ်းရှောင်ယွဲ့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့မိတယ်။ ခေတ်သစ်ကမ္ဘာရဲ့ တစ်ရက်ဟာ ပျက်သုန်းပြီးကမ္ဘာရဲ့ ခုနစ်ရက်နဲ့ ညီမျှသည်။ သူမရှိတဲ့ ဒီခုနစ်ရက်တာ အချိန်အတွင်းမှာ ကွမ်းရှောင်ယွဲ့ တစ်ယောက် ဘယ်လိုနေခဲ့လဲဆိုတာနှင့် သူမကို ကျား‌ခေါင်းဂိုဏ်းက ဖမ်းဆီးသွားတာလားဆိုတာကို သူမသိနိုင်တာကြောင့်... ရင်ထဲမှာ ပူပန်သောက ရောက်နေခဲ့ရပြီး ချက်ချင်းပဲ တယ်လီပို့တ် ရောက်သွားချင် နေတယ်။

အချိန်တွေတဖြည်းဖြည်းနဲ့ကုန်ဆုံးသွားပြီး နောက်ဆုံးမှာတော့ တယ်လီပို့တ်မှု စောင့်ဆိုင်းချိန်က ပြီးဆုံးသွားခဲ့တယ်။

အချိန်ပြည့်သွားတာနဲ့ချက်ချင်းကို ဝမ်ပင်းက တယ်လီပို့တ်လုပ်ဖို့ရန် ရွေးချယ်လိုက်သည်။

{ သတိထားပါ။ သင်ရဲ့ တယ်လီပို့တ် ပစ်မှတ်နေရာကနေ မီတာဆယ်အတွင်းမှာ သက်ရှိလူတစ်ယောက် ရှိနေပါတယ်။ သင် ဆက်လုပ်ချင်ပါသလား။}

"အာ... လူကဘယ်နှစ်ယောက်လဲ။ ယောက်ျားလား၊ မိန်းမလား"ဟု ဝမ်ပင်းက အလောတကြီး မေးလိုက်တယ်။

{လူတစ်ယောက်တည်းပဲ၊ မိန်းမတစ်ယောက်}

" အဲဒါ ကွမ်းရှောင်ယွဲ့လား"

{ဟုတ်ပါတယ်}

"ဒါဆိုရင် အခုချက်ချင်း တယ်လီပို့တ်တာ လုပ်လိုက်တော့"

ဝမ်ပင်းက သူ့ရဲ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့အခါတွင် လွန်ခဲ့တဲ့ ရက်ပိုင်းက သူထွက်ခွာသွားခဲ့တဲ့ အခန်းဟောင်းလေးထဲမှာတင် သူရပ်နေတာကို တွေ့လိုက်ရတယ်။

ဝမ်ပင်းတစ်ယောက် ရုတ်တရက်ကြီး ပျောက်ကွယ်သွားခဲ့တဲ့ ဒီရက်ပိုင်းတွေကတော့... ကွမ်းရှောင်ယွဲ့အတွက် တစ်ရက်ကို တစ်နှစ်လို ကုန်လွန်ရသလိုမျိုးခံစားရပါတယ်။

ဒါပေမယ့် ဝမ်ပင်း ထွက်မသွားခင်တုန်းက သူမကိုပြောခဲ့တဲ့ စကားတွေကို ပြန်သတိရသွားတယ်။ သူက ခုနစ်ရက်အတွင်း ပြန်လာခဲ့မယ်တဲ့။

သူမသည် ဝမ်ပင်းအပေါ်မှာ သံသယဝင်မိတဲ့ အခါမျိုးတွေ ရှိခဲ့ဖူးပေမဲ့လည်း... ညတိုင်း ညတိုင်းမှာတော့ သူ ပြန်ရောက်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့... သူပျောက်ကွယ်သွားတဲ့ အခန်းဆီသို့ တိတ်တဆိတ် လာရောက်စစ်ဆေးလေ့ ရှိပါတယ်။ဒါပေမဲ့... လာသမျှ အကြိမ်တိုင်းမှာလည်း စိတ်ပျက်အားငယ်မှုတွေနဲ့ပဲ ပြန်လည်လှည့်ထွက်ခဲ့ရတာပါ။

ကျားခေါင်းဂိုဏ်းသားတွေရဲ့ လိုက်လံဖမ်းဆီးမှု ဘေးကနေ အသည်းအသန် ရှောင်တိမ်းနေခဲ့ရတာကြောင့်... ဒီရက်ပိုင်းအတွင်းမှာ သူမဆီ၌ဒဏ်ရာအမြောက်အမြား ရရှိခဲ့သလို၊ တစ်ခါကဆိုရင် ကျားခေါင်းဂိုဏ်းသားတွေရဲ့ သေနတ်နဲ့ ပစ်ခတ်ခြင်းကိုတောင်မှ သီသီလေး လွတ်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့က နောက်ဆုံးနေ့ပဲ။ ဝမ်ပင်းသာ မပေါ်လာရင် သူမရဲ့ အနာဂတ်မှာ သူမ ဘာဆက်လုပ်ရမယ်မှန်းတောင် မသိတော့ဘူး။

အခုအချိန်မှာတော့ ဝမ်ပင်းဟာ ကမ္ဘာပျက်ကပ်ခေတ်ကြီးထဲမှာ သူမဆက်လက်ရှင်သန်နေထိုင်ဖို့အတွက် တစ်ခုတည်းသော တွန်းအားနှင့် စိတ်ဓာတ်ခွန်အား ဖြစ်နေခဲ့ပါပြီ။

အတွေးကမ္ဘာထဲမှာ သူမ မိန်းမောတွေဝေနေစဉ်မှာပဲ ဘေးအခန်းဆီက လှုပ်ရှားမှုအသံတွေကို ရုတ်တရက် ကြားလိုက်ရတာကြောင့် သူမရဲ့လက်ထဲက သစ်သားတုတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။

"ရှောင်ယွဲ့ ၊ ရှောင်ယွဲ့ မင်း ဘယ်နားမှာလဲ"

" အစ်ကိုဝမ် ၊ ကျွန်မ ဒီမှာပါ"

ဝမ်ပင်းရဲ့ ရင်းနှီးတဲ့ အသံကိုကြားတော့ ကွမ်းရှောင်ယွဲ့ ရဲ့ရင်ထဲမှာ အတိုင်းမသိဝမ်းသာသွားပြီး သူမရဲ့ မျက်ရည်တွေကို မထိန်းနိုင်တော့ပါဘူး။

ကွမ်းရှောင်ယွဲ့ရဲ့အသံကိုကြားတော့ ဝမ်ပင်းက အခန်းထဲက အပြေးထွက်လာတယ်။ ကွမ်းရှောင်ယွဲ့ကလည်း သူရှိနေတဲ့အခန်းထဲကို ပြေးဝင်လာတဲ့အချိန်မှာပဲ သူတို့နှစ်ယောက် တိုက်မိသွားကြတယ်။ကံကောင်းထောက်မစွာနဲ့ပဲ ဝမ်ပင်းက သူမကို လက်လှမ်းပြီး ဖမ်းထိန်းပေးလိုက်နိုင်လို့သာ ဖြစ်ပြီး၊ မဟုတ်ရင်တော့ သူမ ကြမ်းပြငါပေါ်သို့ ပစ်လဲသွားတော့မှာက အမှန်ပါပဲ။

"အာ... ရှောင်ယွဲ့၊ မင်းအဆင်ပြေရဲ့လား"

"ကျွန်မ အဆင်ပြေပါတယ်။ အစ်ကိုဝမ် ၊ အစ်ကို ပြန်လာလို့ ကျွန်မ အရမ်းဝမ်းသာတယ်"

စကားဆုံးတာနဲ့... ကွမ်းရှောင်ယွဲ့က ဝမ်ပင်းရဲ့ ရင်ခွင်ကြီးထဲသို့ အားကိုးတကြီး တိုးဝင်လိုက်ပြီး... ရင်ကွဲမတတ် ရှိုက်ကြီးတငင် ငိုကြွေးလိုက်တယ်။

ကွမ်းရှောင်ယွဲ့ဆီမှာ ဒဏ်ရာအသစ်တွေတွေ့တာကြောင့် ဝမ်ပင်းက အခြေနေကိုသိလိုက်ပြီး ခပ်မြန်မြန်ပဲ သူမကိုနှစ်သိမ့်ပေးလိုက်တယ်။ ခဏနေတော့မှ ကွမ်းရှောင်ယွဲ့ အငိုရပ်သွားသည်။

အဲဒီအချိန်ကျမှ သူမ ဝမ်ပင်းအပေါ် ဘယ်လောက်အားကိုးမိလဲဆိုတာကို သဘောပေါက်လာတယ်။ ဝမ်ပင်းရဲ့ ရင်ခွင်ထဲမှာ အကြာကြီး ငိုမိခဲ့တာကြောင့် မျက်နှာလေးတစ်ခုလုံး ရှက်သွေးဖြာကာ နီမြန်းသွားခဲ့ရတယ်။ ကံကောင်းထောက်မစွာပဲ ညဘက်ဖြစ်နေပြီး အခန်းထဲမှာလည်း မီးမရှိတာကြောင့် ဝမ်ပင်းဟာ သူမရဲ့ ရှက်နေတဲ့မျက်နှာကို မမြင်နိုင်တာကြောင့် ရှက်ရွံ့မှုကို ရှောင်ရှားနိုင်ခဲ့တယ်။

"မင်းရဲ့ ကိုယ်ပေါ်မှာ ဘာဖြစ်လို့ ဒဏ်ရာတွေ ဒီလောက်များနေရတာလဲ။ ပိုးသတ်ဆေးနဲ့ ပတ်တီးတွေ ယူလာခဲ့တယ်။ဒဏ်ရာတွေကို အရင်ဆေးလိုက်ရအောင်"

"ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်"ဟု သူမက တိုးတိုးလေး ဆိုလိုက်တယ်။

All Chapters