← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း-(၂၁)

ကွမ်းရှောင်ယွဲ့ရဲ့ ကိုယ်‌ပေါ်မှာ ဒဏ်ရာ ခုနစ်ခု ဒါမှမဟုတ် ရှစ်ခုလောက်အထိ ရှိပေမယ့် အများစုကတော့ ခြစ်ရာတွေသာ ဖြစ်ပြီး သိပ်ပြီးမပြင်းထန်ပါဘူး။

"အစ်ကိုဝမ် ၊ ဒီရက်ပိုင်းတွေမှာ အစ်ကို ဘယ်ကိုသွားနေတာလဲ။ ကျွန်မ အစ်ကို့အတွက် တကယ်ပဲ စိုးရိမ်နေခဲ့တာပါ"

"ငါ မင်းအတွက် စားစရာ‌တွေနဲ့ ရိက္ခာတွေ သွားဝယ်တာ။ ဒီတစ်ခါတော့ လေသေနတ်နဲ့ ဖောက်ခွဲရေးကိရိယာတွေ ယူလာခဲ့တယ်"

"ဘာလို ၊ လေသေနတ်နဲ့ ဖောက်ခွဲရေးကိရိယာတွေ ယူလာတယ်ဟုလား"ဟု သူမက မယုံကြည်သလို တိုးတိုးလေူမေးလိုက်တယ်။

"ဟုတ်တယ် ၊ ပြီးတော့ အရသာရှိတဲ့ အစားအစာတွေလည်း အများကြီး ယူလာခဲ့တယ်။ လာ...ဟိုမှာထိုင်ကြရအောင် ၊ ပြီးရင် ငါ မင်းကို ပစ္စည်းတွေ အကုန်ထုတ်ပြမယ်"

"ဟုတ်ကဲ့ ၊ အစ်ကိုဝမ် " ဟု ဆိုကာ နှစ်ယောက်သားက အခန်းထောင့်ဆီကို လျှောက်သွားလိုက်သည်။

ကွမ်းရှောင်ယွဲ့ဟာ လေသေနတ်ကို လက်ထဲမှာ ကိုင်ထားရင်း အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။ သူမဟာ အမြဲတမ်း သေနတ်တစ်လက်ကို လိုချင်နေခဲ့ပြီး အခုချိန်မှာတော့ သူမရဲ့ဆန္ဒတွေ အကောင်အထည်ပေါ်လာခဲ့ပါပြီ။

"ဒီလေသေနတ်က ရိုင်ဖယ်တစ်လက်ရဲ့ ပြင်းအားနဲ့ ပစ်ခတ်မှုအကွာအဝေး မရှိဘူးဆိုပေမယ့် လူတစ်ယောက်ကို သေစေနိုင် စွမ်းတော့ရှိတယ်။ ပြီးတော့ ပစ်ခတ်သံက တအားတိတ်ဆိတ်ပြီး ရန်သူမသိအောင်လည်း ပုန်းလျှိုးကွယ်လျှိုး လုပ်ဖို့အတွက် အကောင်းဆုံးပဲ။ ဒီသေနတ်က အခုကစပြီး မင်းအပိုင်ပဲ"

"အာ...တကယ်ပဲ ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်"

"ဒီမှာ မင်းအနားမှာ သိမ်းဆည်းထားဖို့အတွက် ဖောက်ခွဲကိရိယာတွေနဲ့ ဖျူ့စ်တချို့ကိုလည်း ယူထား"

"အိုကေ"

"ကောင်းပြီ၊ အခုတော့ ဒီကိစ္စတွေအတွက် စိတ်မပူတော့နဲ့။ ငါ မင်းအတွက် ဘာစားစရာ ကောင်းကောင်းတွေ သယ်လာပေးလဲဆိုတာကို လာကြည့်ပါဦး"

ဝမ်ပင်းက သူ့ရဲ့ကျောပိုးအိတ်ထဲက အရသာရှိတဲ့ စားစရာအမျိုးမျိုးကို ထုတ်ယူလိုက်တာ မြင်တော့ ကွမ်းရှောင်ယွဲ့ရဲ့ မျက်လုံးတွေက အရောင်တောက်လာတယ်။

"စားကြည့်လိုက်"

ကွမ်းရှောင်ယွဲ့ ဝမ်းသာအားရ ခေါင်းငြိတ်လိုက်ပြီး အမဲသားခြောက်တစ်ထုပ်ကို ဆွဲဖြဲကာ စိတ်အားထက်သန်စွာ စားလိုက်သည်။

"အစ်ကိုဝမ်... အစ်ကိုလည်း စားပါဦး"

"ငါ ဗိုက်မဆာသေးဘူး"

"မရဘူး။ တစ်ကယ်လို့ အစ်ကိုမစားရင် ကျွန်မလည်း မစားဘူး"

"ကောင်းပြီ ။ ကောင်းပြီ။ ငါလည်း စားပါ့မယ်"

ကွမ်းရှောင်ယွဲ့ကို မလွန်ဆန်နိုင်သောကြောင့် ဝမ်ပင်းသည် ငရုတ်သီးစပ်မြေပဲတစ်ထုပ်နှင့် ဘီယာတစ်ပုလင်းကို ထုတ်ယူကာ စားသောက်လိုက်သည်။

ကွမ်းရှောင်ယွဲ့ကလည်း ဘီယာပုလင်းတစ်လုံးကို ယူကာ ဝမ်ပင်းရဲ့ ပုလင်းနဲ့ ‘ချွင်’ ခနဲမြည်အောင် တိုက်လိုက်ပြီးမှ အားရပါးရ သောက်လိုက်သည်။ အဲဒီအချိန်မှာတော့ သူတို့နှစ်ယောက်စလုံးက အရမ်းပျော်နေကြပါတယ်။

အမဲသားခြောက်တစ်ထုပ်နဲ့ ဘီယာတစ်ပုလင်းသောက်ပြီးတဲ့နောက်မှာတော့ ကွမ်းရှောင်ယွဲ့က ဆက်မစားတော့ဘူး။ ဝမ်ပင်းက ဘယ်လောက်ပဲ တိုက်တွန်းပါစေ သူမ မစားဘူး။ သူမဟာ ဆင်းရဲဒုက္ခတွေကြားမှာ အသားကျနေခဲ့တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တာထက် ပိုပြီးတော့ မစားသောက်ချင်ဘူးဆိုတာကို ဝမ်ပင်း ကောင်းကောင်းကြီး ရိပ်မိလိုက်တယ်။

"စိတ်မပူပါနဲ့ ၊ ဒီတစ်ခါတော့ စားစရာအပြည့်နဲ့ ကျောပိုးအိတ်ကြီးနှစ်လုံးတောင် ယူလာခဲ့တာ မင်းအတွက် တစ်လစာလောက်တော့ လုံလောက်ပါတယ်"

"မဟုတ်ဘူး၊ ကျွန်မ တကယ်ပဲ ဗိုက်ပြည့်နေပါပြီ"

"ကောင်းပြီ။ ငါယူလာတဲ့ တခြားကောင်းတဲ့ပစ္စည်းတွေက ဘာတွေလည်းဆိုတာကို မင်းခန့်မှန်းနိုင်လား"

"ကျွန်မ ခန့်မှန်းလို့မရဘူး အစ်ကိုဝမ်"

"ကြည့်လိုက် ငါ မင်းအတွက် ဖုန်းတစ်လုံးနဲ့ power bank ဆယ်လုံး ယူလာခဲ့တယ်။ မင်း ဒါတွေကို အကြာကြီး စိတ်ကြိုက် သုံးလို့ရပြီ"

"အာ... အစ်ကိုဝမ်၊ အစ်ကိုက ကျွန်မအပေါ်မှာ အရမ်းကောင်းတာပဲ"

ဒီအချိန်မှာတော့ ကွမ်းရှောင်ယွဲ့ဟာ မငိုဘဲ မနေနိုင်တော့ပါဘူး။ ကမ္ဘာပျက်ပြီး မိဘတွေဆုံးပါးသွားပြီးကတည်းက ဘယ်သူ့ဆီက နွေးထွေးမှုကိုမှ သူမ မခံစားရတော့ဘူး။

"ကောင်းပြီ၊ ကောင်းပြီ၊ မငိုပါနဲ့။ သီချင်းနားထောင်ကြရအောင်"

"ကောင်းပါပြီ"

ကွမ်းရှောင်ယွဲ့က ပျော်ရွှင်စွာ သဘောတူလိုက်ပြီး ချက်ချင်းပဲ နားကြပ်ကို ထုတ်ကာ ဖုန်းမှာ တပ်ဆင်လိုက်ပြီး ဝမ်ပင်းကို နားကြပ်တစ်ဖက် ကမ်းပေးလိုက်တယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ပုခုံးချင်းမှီကပ်ရင်း တိတ်ဆိတ်တဲ့ညမှာ သီချင်းတူတူ နားဆင်နေခဲ့ကြပါတယ်။

ကွမ်းရှောင်ယွဲ့ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ အရမ်းပင်ပန်းနေခဲ့ပုံရတယ်။ ဒုတိယမြောက်သီချင်း စတင်ရုံရှိသေးတယ် သူမရဲ့ခေါင်းက ဘေးကိုစောင်းကျသွားပြီး ဝမ်ပင်းရဲ့ပခုံးပေါ်မှာ ခေါင်းတင်တာ အိပ်ပျော်သွားသည်။

ဝမ်ပင်းက ကွမ်းရှောင်ယွဲ့ရဲ့ နားထဲမှ အသာအယာ ချွတ်ပေးလိုက်ပြီး ဖုန်းကို ပိတ်လိုက်ကာ သူမကို သူ့အပေါ်မှာ ‌အ‌ သေအချာမှီထားစေလိုက်ပြီးမှ နှစ်ယောက်လုံးက အတူတူ အိပ်ပျော်သွားကြတယ်။

နောက်တစ်နေ့ မနက်စောစောမှာ ကွမ်းရှောင်ယွဲ့တစ်ယောက် နိုးလာခဲ့ပြီး ဝမ်ပင်းကို တစ်ညလုံး ဖက်အိပ်ထားမိမှန်းကို သတိပြုမိတော့ ရှက်သွေးဖြာကာ မျက်နှာလေးတစ်ခုလုံး ရဲရဲနီသွားခဲ့ရတယ်။

ဝမ်ပင်းကလည်း ကွမ်းရှောင်ယွဲ့ရဲ့ လှုပ်ရှားမှုကို ခံစားမိပြီး နိုးလာခဲ့တယ်။

"ညက ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လား"

"ဟုတ်ကဲ့"

"ဒါနဲ့ ၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ငါ မရှိတုန်းမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြောပြပါဦး"

"အစားအစာတွေက တစ်ရက်ထက်တစ်ရက် ပိုရှားပါးလာပြီ။ ကျားခေါင်းဂိုဏ်းနဲ့ ဧရာမဝက်ဝံဂိုဏ်းကြားမှာ ပဋိပက္ခဖြစ်ပွားခဲ့ပေမယ့် နှစ်ဖက်စလုံးက အနည်းငယ်ပဲ ထိခိုက်ဒဏ်ရာရတယ်။ သီးသန့်နေထိုင်သူ တချို့ကတော့ အစိုးရရဲ့အခြေစိုက်စခန်းနေရာတွေ ရှာဖွေဖို့အတွက် ဒီကနေ ထွက်ခွာသွားကြဖို့ကို စီစဉ်နေကြတယ်"

"ကြည့်ရတာ ငါတို့အတွက် အခွင့်အရေးတစ်ခု ရှိနေသေးပုံပဲ"

"ကျားခေါင်းဂိုဏ်းနဲ့ သဲမုန်တိုင်းဂိုဏ်းကို အပြတ်ဖယ်ရှားဖို့လေ"

"ဟမ်...သဲမုန်တိုင်းဂိုဏ်းလား"

"ဟုတ်တယ်။ငါတို့တွေ ဘဏ်အဆောက်အဦးထဲကိုရောက်နိုင်ဖို့အတွက် သဲမုန်တိုင်းဂိုဏ်းကိုလည်း အရှုပ်ထွေးထဲ ဆွဲခေါ်သွားရမယ်။ ပြီးတော့ သူတို့ကိုပါ တစ်ခါတည်းရှင်းပစ်လိုက်တာက အကောင်းဆုံးပဲ"

"အာ...ဒါပေမယ့် သဲမုန်တိုင်းဂိုဏ်းကလည်း အင်အား တော်တော်တောင့်တယ်လေ အစ်ကိုဝမ်ရဲ့"

"စိတ်မပူပါနဲ့၊ တစ်ဆင့်ချင်းစီ လုပ်ကြတာပေါ့။ ဒါနဲ့ မင်း သေနတ်ပစ်တတ်လား "

"သူများတွေလုပ်တာကို ကျွန်မမြင်ဖူးပေမယ့် ကိုယ်တိုင်တော့ တစ်ခါမှ မစမ်းကြည့်ဖူးဘူး"

"အဆင်ပြေပါတယ်။ ဒီတစ်ခါမှာတော့ ငါ ကျည်ဆန်ငါးသေတ္တာယူလာခဲ့တယ်။ တစ်သေတ္တာမှာ ကျည်ဆန်အတောင့်တစ်ရာပါတယ်။ ဒါက မင်းလေ့ကျင့်ဖို့ လုံလောက်တာမို့ ပစ်မှတ်တစ်ခုကိုရှာပြီး စမ်းကြည့်လိုက်။ ဒီညတော့ ကျားခေါင်းဂိုဏ်းမှာ ငါတို့သွား‌‌မွှေကြမယ်"

"အာ... ကျွန်မတို့တကယ်သွားမှာလား"

"စိတ်မပူပါနဲ့၊ ငါတို့က အရှုပ်တွေကို ဖန်တီးပေးရုံပဲ သူတို့နဲ့ ထိပ်တိုက်တွေ့မှာ မဟုတ်ဘူး"

"ကောင်းပြီ"

All Chapters