← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း-(၂၂)

ကွမ်းရှောင်ယွဲ့ကို ‌အသေအချာစည်းရုံးပြီးနောက်မှ ဝမ်ပင်းသည် ထိုညတွင် ကျားခေါင်းဂိုဏ်းကို မည်သို့ကိုင်တွယ်ရမည်အား စီစဉ်ခဲ့သည်။

သူက ကျားခေါင်းဂိုဏ်းကိုပဲ ပညာပေးချင်တာ မဟုတ်ဘဲ ဖြစ်နိုင်ရင်တော့ ဒီအရပ်က ဂိုဏ်းကြီးလေးခုစလုံးကို အချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်အောင် သွေးခွဲချင်တာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် ရွှေတွေသိမ်းဆည်းထားတဲ့ ဘဏ်အဆောက်အအုံထဲကို ဝင်ရောက်ဖို့အတွက် အဲဒီရှုပ်ထွေးမှုတွေကို အခွင့်အရေးယူပြီး အသုံးချနိုင်မှာပါ။

ရွှေတွေက အရင်တုန်းကတော့ အလွန်တန်ဖိုးရှိခဲ့ပေမဲ့ ကမ္ဘာပျက်ကပ်ခေတ်ကြီးထဲမှာတော့ ဒီလို လေးလံတဲ့ သတ္တုတွေကို ဘယ်သူမှ လိုချင်ကြမှာ မဟုတ်တာကြောင့် ဘဏ်တိုက်ရဲ့ လုံခြုံရေးအခန်းထဲမှာပဲ ရှိနေတုန်းဖြစ်ဖို့က ရာခိုင်နှုန်း အလွန်များပါတယ်။

နာရီဝက်ကြာပြီးတဲ့‌နောက်မှာတော့ ဝမ်ပင်းသည် ကွမ်းရှောင်ယွဲ့က ပြတင်းပေါက်နားမှာ သေနတ်ပစ်လေ့ကျင့်နေတာကို တွေ့လိုက်ရတယ်။ သူမက ကျပန်းပစ်ခတ်တာမဟုတ်ဘဲ စနိုက်ပါတစ်ယောက်လိုမျိုး ချိန်ရွယ်ပြီးမှ အချိန်ယူပစ်ခတ်နေတာကို သူသတိထားမိလိုက်တယ်။

သူမဟာ တစ်ဖက်ကအဆောက်အဦးရဲ့ ကြော်ငြာဘုတ်ပေါ်က လူ့မျက်နှာကို ပစ်မှတ်အဖြစ် အသုံးပြုနေပုံရပြီး အခုဆိုရင် ထိုမျက်နှာပုံ‌ပေါ်မှာ အပေါက်ငယ်လေးတွေ အများကြီးရှိနေပါပြီ။

"မင်းက သေနတ်ပစ်တဲ့နေရာမှာ အတော်လေး အရည်အချင်းရှိတာပဲ" ဒါကိုမြင်တော့ ဝမ်ပင်းသည် သူမကို မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

"ရှောင်ယွဲ့ ၊ နောက်ထပ်လေ့ကျင့်မှုမလုပ်ခင်မှာ အနားယူပြီး တစ်ခုခုကို အရင်စားလိုက်ပါ"

"ကောင်းပြီ။ ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်"

"လေ့ကျင့်တာက အခြေအနေ ဘယ်လိုရှိလဲ"

"မဆိုးပါဘူး။ ဒါပေမယ့် လေသေနတ်ရဲ့ ပြင်းအားနဲ့ အကွာအဝေးက နည်းနည်းတော့ အကန့်အသတ်ရှိတယ်။ မီတာ ၅၀ အကွာကနေ တစ်ယောက်ယောက်ကို သတ်ဖို့က ခက်ခဲနိုင်တယ်"

"ကိစ္စမရှိပါဘူး... ငါတို့တွေက အနားကို ပိုပြီးတော့ တိုးသွားကြတာပေါ့။ ဒီလေသေနတ်က အသံတိတ်တာကြောင့် ရန်သူတွေ သတိထားမိသွားဖို့ ခက်ခဲတယ်"

"အိုကေ"

စားသောက်ပြီးတဲ့နောက်တွင် ကွမ်းရှောင်ယွဲ့က ကျည်ဆန်တွေကို နှမြောတာကြောင့် ရိုးရှင်းစွာပဲ ထပ်မံလေ့ကျင့်ပြီးနောက်မှာ ရပ်နားလိုက်တယ်။ သူမအနေနဲ့ အခြေခံ သဘောတရားတွေကို အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်ပါတယ်။

နေ့လည်ခင်းတွင် ဝမ်ပင်းက ကွမ်းရှောင်ယွဲ့ကို ခေါ်ပြီး ကျာစခေါင်းဂိုဏ်းတည်ရှိရာ ခုနစ်ရောင်ခြယ်ဥယျာဉ်အဆောက်အအုံနှင့် ပတ်ဝန်းကျင်အဆောက်အအုံများရဲ့ အသေးစိတ်မြေပုံကို ရေးဆွဲခိုင်းကာ အဆောက်အအုံအတွင်းက ဖွဲ့စည်းပုံတွေကို သေသေချာချာ ရှင်းပြခိုင်းလိုက်တယ်။

ဝမ်ပင်းရဲ့ ဖောက်ခွဲရေးကိရိယာတွေက အကန့်အသတ်ရှိပြီး အဆောက်အအုံကြီးတစ်ခုလုံးကို ဖြိုချပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ဒါကြောင့် သူက အဆောက်အအုံကို ဗုံးခွဲပစ်မယ့် အစီအစဉ်ကို လက်လျှော့လိုက်တယ်။ ဒါပေမယ့် ဝက်ဝံကြီးဂိုဏ်းမှာသာ ဒိုင်းနမိုက်နှင့်လက်ပစ်ဗုံးတွေ ရှိတာကြောင့် ဖောက်ခွဲရေးကိရိယာတွေကို အသုံးပြုဖို့ လိုအပ်နေဆဲပါ။ ဖောက်ခွဲရေးကိရိယာတွေကို အသုံးပြုခြင်းအားဖြင့် တိုက်ခိုက်သူတွေဟာ ဝက်ဝံကြီးကလို့ အစ်ကိုဟူ ထင်မြင်သွားစေမှာပါ။

မှောင်ရီပျိုးစအချိန်တွင် ကွမ်းရှောင်ယွဲ့သည် ဝမ်ပင်းကို ခုနစ်ရောင်ခြယ်ဥယျာဉ်အနီးရှိ အဆောက်အအုံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့တယ်။

ခုနစ်ရောင်ခြယ် ဥယျာဉ်ဆိုတာက စီးပွားရေးဆိုင်ရာ အဆောက်အအုံကြီး ဖြစ်တာကြောင့် အဝင်အထွက်တံခါးတွေ အမြောက်အမြား ရှိပါတယ်။ ကျားခေါင်းဂိုဏ်းတွင် ဝင်ပေါက်တိုင်းကို စောင့်ကြပ်ရန်မတွက် လူအလုံအလောက်မရှိပါ။

ကွမ်ရှောင်ယွဲ့ရဲ့ အဆိုအရ ကျားခေါင်းဂိုဏ်းဝင်အများစုဟာ တတိယထပ်ကနေ ပဉ္စမထပ်အထိမှာ စုဝေးနေကြတာကြောင့် ပထမထပ်နှင့် ဒုတိယထပ်ရဲ့ အဓိကဝင်ပေါက်တွေမှာသာ အစောင့်တွေရှိပါတယ်။ဒါကပဲ အဆောက်အဦးထဲကို ခိုးဝင်ဖို့ကို လွယ်ကူစေပါတယ်။

သန်းခေါင်ယံကျော်ပြီးနောက်တွင် ဝမ်ပင်းနှင့် ကွမ်းရှောင်ယွဲ့တို့ စတင်လှုပ်ရှားကြသည်။

လျှပ်စစ်မီးတွေ မရှိတော့တာကြောင့် လူတွေဟာ ရှေးခေတ်ကလူတွေလိုမျိုး ညနေ ၈ နာရီ၊ ၉ နာရီလောက်ဆိုရင်ပဲ အိပ်ရာဝင်လေ့ ရှိကြပါတယ်။ အခုအချိန်မှာတော့ လူအများစုဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပြီ ဖြစ်တာကြောင့် တိတ်တဆိတ် ခိုးဝင်ဖို့အတွက် အကောင်းဆုံး အချိန်ပါပဲ။

မကြာခင်မှာပဲ သူတို့နှစ်‌ယောက်ဟာ ခုနစ်ရောင်ခြယ်ဥယျာဉ်ရဲ့ ပထမထပ်ကို ရောက်လာကြတယ်။သူတို့နှစ်ယောက်က လှေကားကိုတွေ့ပြီး ရှာဖွေတွေ့ရှိသွားခဲ့ပြီး အပေါ်ထပ်ဆီသို့ အသံမထွက်အောင် တိတ်တဆိတ် တက်လှမ်းလာခဲ့ကြတယ်။ ဒုတိယထပ်ကိုရောက်တော့ အပေါ်ထပ်ကနေထွက်လာတဲ့ ဟောက်သံကို ကြားလိုက်ရသည်။

ဝမ်ပင်းသည် ဝမ်းသာအားရဖြင့် ထိုလူထံသို့ ဂရုတစိုက်နှင့် တိတ်တဆိတ် ချဉ်းကပ်သွားပြီး လက်တစ်ဖက်ဖြင့် ထိုလူရဲ့ပါးစပ်ကိုပိတ်ကာ ဓားမြှောင်ကိုင်ထားတဲ့ ကျန်လက်တစ်ဖက်ကတော့ ထိုလူရဲ့ လည်ချောင်းကို လှီးဖြတ်ရန် အသင့်ဖြစ်နေသည်။

ဝမ်ပင်းအနေနဲ့ တစ်ယောက်ယောက်ကို သတ်တာက ပထမဆုံးအကြိမ်ဖြစ်ပြီး သူ နည်းနည်းတော့ စိတ်လှုပ်ရှားနေခဲ့တယ်။ ကံကောင်းထောက်မစွာပဲ ၊ အဲဒီလူက အသံသိပ်မထွက်ဘဲ ခေတ္တမျှ ရုန်းကန်ပြီးနောက်မှာတင် သက်ပျောက်သွားခဲ့ရှာပါတယ်။

ဝမ်ပင်းသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ကွမ်းရှောင်ယွဲ့နှင့် အကြည့်ချင်းဖလှယ်ကာ ရှေ့သို့ ဆက်သွားသည်။

ဝမ်ပင်းရဲ့သုံးသပ်ချက်အရဆို တတိယထပ်သည် ကျားခေါင်းဂိုဏ်းရဲ့ အနိမ့်ဆုံးအဖွဲ့ဝင်များ နေထိုင်ရာဖြစ်ပြီး စတုတ္ထထပ်ကတော့ ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်တွေနှင့် ထိပ်တန်းအထူးတပ်ဖွဲ့ဝင်တွေ နေထိုင်ရာဖြစ်ကာ ပဉ္စမထပ်ကတောါ ဂိုဏ်းခေါင်းဆောင် အစ်ကိုဟူနှင့် သူရဲ့ဇနီးနှစ်ဦး နေထိုင်ရာအပြင် ရိက္ခာသိုလှောင်ရာနေရာလည်း ပါဝင်သည်။

သူတို့ရဲ့ပစ်မှတ်က အဆောက်အဦးရဲ့အပေါ်ဆုံးက ပဉ္စမထပ်ဖြစ်ပြီး ကျားခေါင်းဂိုဏ်းက သူတို့ရဲ့ရိက္ခာတွေ သိမ်းဆည်းထားတဲ့နေရာကို ရှာဖွေပြီး ဖောက်ခွဲဖို့ပါ။

မကြာခင်မှာပဲ သူတို့နှစ်ယောက် ပဉ္စမထပ်ကို ရောက်သွားကြတယ်။ လှေကားက တံခါးကို တွန်းဖွင့်တော့မယ့်အချိန်မှာပဲ ခြေသံတွေ ကြားလိုက်ရတာကြောင့် လုပ်လက်စကို မြန်မြန်ရပ်လိုက်တယ်။ ခြေသံတွေ ဝေးကွာသွားတာနဲ့တစ်ပြိုင်နက် သူတို့တွေက အထဲကို ချက်ချင်းဝင်သွားလိုက်ကြတယ်။

ပဉ္စမထပ်ကို ခဏတာ စောင့်ကြည့်ပြီးနောက်မှ လူနှစ်ယောက်က အဆက်မပြတ် ကင်းလှည့်နေတာကို သူတို့ သတိထားမိလိုက်တယ်။မကြာခင်မှာပဲ ထိုကင်းသမား နှစ်ယောက်ဟာ ပင်ပန်းလာခဲ့ကြပုံရပြီး ဝမ်ပင်းနှင့် ကွမ်းရှောင်ယွဲ့တို့ ပုန်းကွယ်နေတဲ့ နေရာရဲ့ အနီးနားဆီသို့ စုဝေးရောက်ရှိလာခဲ့ကြကာ တိုးတိုး တိုးတိုးနဲ့ စကားစမြည် စတင်ပြောဆိုကြပါတော့တယ်."

All Chapters