← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း-(၂၄)

အခုချိန်မှာတော့ ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံကြောင့် အိပ်ပျော်နေတဲ့ လူအားလုံး နိုးကြားလာခဲ့ကြပြီး အလွန်အမင်း ရုတ်ရုတ်သဲသဲနဲ့ ပဉ္စမအထပ်ဆီသို့ အသည်းအသန် ပြေးတက်နေကြတာကြောင့် အဆောက်အဦးတစ်ခုလုံးက ရှုပ်ထွေးနေသည်။

သူတို့ရဲ့မစ်ရှင် ပြီးမြောက်သွားတဲ့အခါ‌တွင် သူတို့ဟာ နှောင့်နှေးမနေတော့ဘဲ သူတို့ရဲ့ ပုန်းအောင်းရာနေရာကို တန်း၍ ပြန်လည် ထွက်ခွာလာခဲ့ကြတော့သည်။ ကံမကောင်းစွာနဲ့ပဲ ၊ သူတို့သတ်ဖြတ်ခဲ့တဲ့ ကျားခေါင်းဂိုဏ်းဝင်နှစ်ယောက်စလုံးရဲ့ လက်ထဲမှာ သေနတ်တွေ မပါလာကြပါဘူး။

ပုန်းအောင်းရာနေရာကို ပြန်ရောက်တော့ သူတို့နှစ်ဦးစလုံးက စောစောစီးစီးပဲ အိပ်ရာဝင်လိုက်ကြတော့သည်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန် မနက်ခင်းကျရင်... ရိက္ခာပြတ်လပ်သွားခဲ့ရတဲ့ကျားခေါင်းဂိုဏ်းနှင့် ဧရာမဝက်ဝံဂိုဏ်းတို့ကြားတွင် ပြင်းထန်တဲ့တိုက်ပွဲတစ်ခု မလွဲမသွေဖြစ်ပွားလာမယ်ဆိုတာကို သူတို့ သိနေကြလို့ပါ။

နောက်တစ်နေ့ မနက်ခင်းမှာ အစ်ကိုဟူ နိုးလာတော့ သူ့ဂိုထောင်ထဲက ရိက္ခာပစ္စည်းတွေ အကုန်မီးလောင်နေတာတွေ့ပြီး ဒေါသအမျက်ချောင်းချောင်းထွက်သွားရသည်။ တကယ်လို့သာ... သူ့ဘက်က ကြိုတင်ပြင်ဆင်မှုတွေ ပြည့်ဝနေခဲ့မယ်ဆိုရင်တော့... သူ့ရဲ့ ဂိုဏ်းသားအားလုံးကို အလျင်အမြန် စုစည်းပြီး ဧရာမဝက်ဝံဂိုဏ်းကို တိုက်ခိုက်ဖို့ ချက်ချင်း ဦးဆောင်ခဲ့မှာပါ။

ကျားခေါင်းဂိုဏ်းကို အကွက်ဆင်ပြီးတဲ့နောက်မှာတော့ ဝမ်ပင်းသည် သဲမုန်တိုင်းဂိုဏ်း နှင့် လင်းယုန်ဂိုဏ်း အကြား အချင်းချင်း စစ်ပွဲတွေ ဖြစ်ပွားလာအောင် မြှောက်ထိုးပင့်ကော် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ သဲမုန်တိုင်းဂိုဏ်းတစ်ခုလုံး ရှုပ်ထွေးနေချိန်တွင်သာ သူ့အတွက် အခွင့်အရေးကောင်း တစ်ခုရမှာပါ။

နေ့ခင်းဘက်ကိုရောက်သည်အထိ ကျားခေါင်းဂိုဏ်းနှင့် ဧရာမဝက်ဝံဂိုဏ်းတို့ကြား တိုက်ပွဲဖြစ်ပွားသည့် လက္ခဏာမတွေ့ရသဖြင့် ဝမ်ပင်းသည် အစ်ကိုဟူရဲ့ စိတ်ရှည်မှုကို အနည်းငယ် လေးစားအားကျမိသွားသည်။

စိတ်ငြိမ်သွားပြီးနောက်မှာတော့ အစ်ကိုဟူသည် သတင်းကို ချက်ချင်းပိတ်ပစ်လိုက်ပြီး သူ့လူများအားလုံးကို စုစည်းကာ ဧရာမဝက်ဝံဂိုဏ်းကို ညတွင်းချင်း ဝင်ရောက်စီးနင်းရန် စီစဉ်ခဲ့သည်။ သတင်းအချက်အလက်များ မပေါက်ကြားစေရန်အတွက် တိုက်ခိုက်မှုမဖြစ်ပွားမီတွင် မည်သူကိုမျှ ဂိုဏ်းအဆောက်အအုံမှ ထွက်ခွာခွင့်မပြုခဲ့ပါ။

ပုန်းအောင်းရာနေရာကို ပြန်ရောက်ပြီးနောက်တွင် ဝမ်ပင်းနှင့် ကွမ်းရှောင်ယွဲ့တို့သည် ကောင်းမွန်စွာ အိပ်ပျော်သွားခဲ့ကြသည်။ သူတို့နိုးလာသောအခါ အာဟာရပြည့်ဝသော အစားအစာများစားပြီး ညရောက်တာနဲ့ အရှေ့ဘက်ခရိုင်သို့ ဦးတည်ကာ ထွက်ခွာလာခဲ့ကြသည်။

အမှောင်ထဲမှာ ချောင်းမြောင်းနေတဲ့ ဇွန်ဘီတွေကို ရှောင်ရှားဖို့ လိုအပ်ချက်ကြောင့် သူတို့ရဲ့ ခြေလှမ်းတွေက နှေးကွေးနေပြီး သူတို့တွေ အရှေ့ပိုင်းဇုန် ဧရိယာအတွင်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြတဲ့ အချိန်မှာတော့... ည ၉ နာရီတိတိသို့ပင် ရောက်ရှိလို့ နေခဲ့ပါပြီ။

အဲဒီအချိန်မှာပဲ အလွန်အမင်း ထက်မြတ်လှတဲ့ နှာခေါင်းနဲ့ကွမ်းရှောင်ယွဲ့က သူမရဲ့ခြေလှမ်းတွေကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ၊ လေထုထဲသို့ နှာခေါင်းလေး ရှုံ့ကာ အနံ့ခံလိုက်ကာ " အစ်ကိုဝမ် ၊ တစ်ယောက်ယောက်က ဒီအနားမှာ အသားချက်နေတယ်" လို့ အော်ပြောလိုက်တယ်။

ဝမ်ပင်းကလည်း အနံ့ခံကြည့်လိုက်တော့ အသားနံ့ ခပ်ဖျော့ဖျော့ကို ရလိုက်သည်။

သူ့မှာက အစားအစာတွေ အများကြီးရှိပေမယ့် အများစုက အသင့်စား စည်သွပ်ဗူးတွေ နှင့် မုန့်ထုတ်တွေ သာ ဖြစ်တာကြောင့်... တစ်ရက်နှစ်ရက်လောက် စားသောက်ရတာက အဆင်ပြေတယ်ဆိုပေမဲ့လည်း... အချိန်အကြာကြီး စားသောက်လာရတဲ့ အခါမှာတော့ လူက ငြီးငွေ့လာခဲ့မိတာတော့ အမှန်ပါပဲ။

ဒီလိုမျိုး လတ်ဆတ်လှတဲ့ အသားရဲ့ ချက်ပြုတ်ရနံ့ကို ရရှိလိုက်ရတဲ့ အခိုက်အတန့်မှာတော့... ဝမ်ပင်းတစ်ယောက် သွားရည်များပင် တောက်တောက်ကျလုနီးပါး ဖြစ်သွားခဲ့ရတော့သည်။

ကွမ်းရှောင်ယွဲ့က ဝမ်ပင်းဘက်ကိုလှည့်ပြီး ဘာလုပ်သင့်လဲလို့ မေးလိုက်သည်။

"အဲဒီနေရာဆီ တိတ်တိတ်လေးသွားပြီး ဘာတွေဖြစ်နေလဲကြည့်လိုက်ကြရအောင်"

ဒါကိုကြားတော့ ကွမ်းရှောင်ယွဲ့က ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ထိုမွှေးပျံ့လှတဲ့ အသားဟင်းရနံ့ ထွက်ပေါ်လာရာ လမ်းစအတိုင်း အရှေ့ကနေ ဦးဆောင်ပြီး လျှောက်လှမ်းသွားခဲ့ပါတော့သည်။

ကွမ်းရှောင်ယွဲ့ရဲ့ ဦးဆောင် လမ်းပြမှုအောက်မှာပဲ သူတို့နှစ်ယောက်သည် မကြာခင်မှာပဲ အဆောက်အဦးငယ်လေးတစ်ခုရှေ့ကို ရောက်လာကြပြီး ထိုအဆောက်အဦး အထဲကနေသင်းပျံ့တဲ့ အသားရနံ့တွေ ထွက်ပေါ်နေပါတယ်။

" အရင်မဝင်ဘဲ အမှောင်ထဲမှာ ပုန်းပြီး စောင့်ကြည့်ကြရအောင်။ ဒါက ထောင်ချောက်တစ်ခုလည်း ဖြစ်နေနိုင်တယ်"

"ကောင်းပြီ"

သူတို့နှစ်ယောက်ရဲ့ ဆွေးနွေးမှုအပြီးမှာ သူတို့ဟာ အနီးနားက မှောင်ရိပ်ကျပြီး ပျက်စီးနေတဲ့ အဆောက်အဦးတစ်ခုထဲမှာ အလျင်အမြန်ပဲ ပုန်းအောင်းလိုက်ကြတော့သည်။

သူတို့နှစ်ယောက် ပုန်းအောင်းပြီး မကြာခင် အချိန်မှာပဲ လူတစ်စုဟာ အဝေးမှာ ပေါ်လာသည်။ သူတို့ကို ရေတွက်ကြည့်လိုက်တော့ ဆယ့်နှစ်ယောက်ရှိပြီး အတော်များများက လက်နက်ကိုင်ထားကြသည်။

"အစ်ကိုချန် ၊ ဒီနေရာပဲ ဖြစ်ထင်တယ် "

"ကောင်းပြီ၊ မင်းတို့နှစ်ယောက်က ပုန်းဖို့နေရာတစ်ခု ရှာကြ"

"ဟုတ်ကဲ့ ၊ အစ်ကိုချန်"

ပုန်းအောင်းရန် ညွှန်ကြားခံရသူ နှစ်ဦးတွင် ရိုင်ဖယ်များ ကိုင်ဆောင်ထားသည်။

"အစ်ကိုဝမ် ၊ အရှေ့ကနေ ဦးဆောင်လာတဲ့ အစ်ကိုချန် ဆိုတဲ့သူက သဲမုန်တိုင်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ် ချန်ကျိချန် ပဲ" ထိုအဖွဲ့ ချဉ်းကပ်လာတာနဲ့ ကွမ်းရှောင်ယွဲ့က သူတို့ကို မှတ်မိသွားပြီး ခေါင်းဆောင်ရဲ့နာမည်ကို ဝမ်ပင်းထံ မြန်မြန်ပဲ အသိပေးလိုက်သည်။

"ကောင်းပြီ၊ ဆက်စောင့်ကြည့်ကြတာပေါ့" သူတို့က သဲမုန်တိုင်းဂိုဏ်းကဆိုတာကြားတော့ ဝမ်ပင်းရဲ့ စိတ်ဝင်စားမှုက မြင့်တက်လာသည်။

ထိုသေနတ်သမား နှစ်ယောက်စလုံးက ဘေးနားက ကွယ်ရာ မှောင်ရိပ်ထဲမှာ အကွက်ကျကျ ပုန်းအောင်းလို့ ပြီးသွားပြီဆိုမှပဲ အစ်ကိုချန်က ကျန်သူများကို အဆောက်အအုံငယ်ဆီသို့ ခေါ်ဆောင်ကာသွားခဲ့သည်။

"ရပ်လိုက်၊ မဟုတ်ရင် ငါတို့က ပစ်ရလိမ့်မယ်"

သူတို့အုပ်စု အဆောက်အဦးနား ရောက်လာတဲ့အခါမှာတော့ ဒုတိယထပ် ပြတင်းပေါက်ကနေ အမျိုးသမီးတစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာသည်။

All Chapters