အခန်း ၂၅
Vol. 3 Ch. 25
အခန်း-(၂၅)
"အိုး… အရာရှိမြောင်က အိမ်ပြန်ရောက်နေပြီပဲ" အစ်ကိုချန်က ရပ်လိုက်ပြီး ဒုတိယထပ်ကို ကြည့်ကာ ပြုံးစိစိလုပ်၍ စကားဆိုလိုက်သည်။
"မင်းတို့တွေက ဒီမှာ ဘာလာလုပ်တာလဲ" လို့ မေးခွန်းမေးလိုက်ပေမယ့် အရာရှိမြောင်က နံရံအနောက်မှ ကွယ်ရာမှာရပ်နေပြီး သူမကိုယ်သူမ မဖော်ပြရဲပေ။
"မင်း တောဝက်တစ်ကောင် ဖမ်းမိခဲ့တယ်လို့ ငါကြားထားတယ်။ ငါလည်း အသားလတ်လတ်ဆတ်ဆတ်ဆို မစားရတာ ကြာပြီဆိုတော့ ဒါကြောင့်ပဲ ငါ့ရဲ့ညီအစ်ကိုတွေလည်း မြည်းစမ်းကြည့်နိုင်အောင် ခေါ်လာခဲ့တာ" လို့ အစ်ကိုချန်က ဆော့ကစားတတ်တဲ့ အပြုံးနဲ့ ပြောလိုက်သည်။
" အဲဒီအခန်းထဲမှာ ဘယ်သူရှိနေတာလဲ" ဝမ်ပင်းက အသံကို နှိမ့်ပြီး တိုးတိုးလေး မေးမြန်းလိုက်သည်။
"သူမနာမည်က မြောင်ရုယွမ်ပါ။ သူမက ရဲအရာရှိတစ်ယောက်လေ။ သူမတို့အဖွဲ့မှာက သူမရဲ့ ဆရာဖြစ်ပုံရတဲ့ လီချန်ပင်းဆိုတဲ့ ရဲအရာရှိဟောင်းတစ်ယောက်လည်း ပါတယ်။ ပြီးတော့ တိုက်ခိုက်နိုင်စွမ်း သိပ်မရှိတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ ငါးယောက် ခြောက်ယောက်လောက်လည်း ရှိတယ်" ဟု ကွမ်းရှောင်ယွဲ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"သူတို့က ဘာလို့ ဒီကနေ မထွက်သွားကြသေးတာလဲ"
"ကျွန်မ ကြားရသလောက်ဆိုရင်တော့ ရဲအရာရှိဟောင်း လီချန်ပင်းမှာက ခြေထောက်ဒဏ်ရာပြင်းပြင်းထန်တန်ရသွားပုံပေါ်တယ်။ ဒါကြောင့်ပဲ မြောင်ရုယွမ်က သူ့ကိုပြုစုစောင့်ရှောက်ဖို့ အနောက်မှာကျန်နေခဲ့တာ"
"အိုး.... ဒီအရာရှိမြောင်က ကြည့်ရတာ အတော်လေး သစ္စာရှိပြီး ဖြောင့်မတ်တဲ့ပုံပဲ"
" ဒါဆို ...အစ်ကိုဝမ်က သူတို့ကို ကူညီဖို့ စဉ်းစားနေတာလား"
"ဒါပေါ့။ သဲမုန်တိုင်းဂိုဏ်းကို အပြတ်နှိမ်နင်းပစ်ဖို့ဆို ငါတို့အတွက် အားကောင်းတဲ့ မဟာမိတ်တွေ လိုအပ်တယ်"
"နားလည်ပြီ"
ဝမ်ပင်းရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတဲ့ ကွမ်းရှောင်ယွဲ့ဟာ ချက်ချင်းပဲ အဆောက်အအုံရဲ့ ဘေးနားတင်ပုန်းနေတဲ့ သေနတ်သမားတစ်ယောက်ရဲ့ ဦးခေါင်းကို သူမရဲ့လက်ထဲကလေသေနတ်နဲ့ ချိန်လိုက်သည်။
"အစ်ကိုချန်၊ မင်းရဲ့ သဲမုန်တိုင်းဂိုဏ်းမှာ လူတွေအများကြီးရှိနေတာပဲကို ဘာလို့ မင်းကိုယ်တိုင် သွားမတိုက်ခိုက်တာလဲ"
"အရာရှိမြောင်၊ ငါတို့က မင်းလောက်ကံမကောင်းဘူးလေ။ ငါတို့တွေ အကြိမ်ပေါင်းများစွာ အပြင်ထွက် ပြီးရိက္ခာတွေရှာခဲ့ကြပေမဲ့ လက်ဗလာနဲ့ ပြန်လာခဲ့ကြရတယ်ကွ။ ငါက အများကြီး မတောင်းဆိုဘူး၊ တစ်ဝက်ပဲ"
အစ်ကိုချန်ရဲ့ စကားတွေကို ကြားလိုက်ရတဲ့အခါတွင် အဆောက်အဦးတွင်းက တခြားသူတွေက သွေးဆောင်ခံလိုက်ရပေမယ့် အရာရှိမြောင်ကတော့ လုံးဝ မယိမ်းယိုင်သွားခဲ့ပါဘူး။
သူမသည် အစ်ကိုချန်နှင့် သူ့လူများအကြောင်းကို ကောင်းစွာသိနေခဲ့သည်။ သူမကသာ လက်လျှော့လိုက်ပါက သူမတို့ထံမှ အရာအားလုံးကို သူတို့တွေ ယူသွားနိုင်ဖွယ်ရှိသည်။
အစားအစာ ရှားပါးလာတာနဲ့အမျှ လူတွေက လူသားစားကြတယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း သူမ ကြားနေရသည်။ ဒီနေရာက ပိုပိုပြီးတော့ကို အန္တရာယ်များလာခဲ့သည်။
ယခုဆို သူမရဲ့ဆရာ၏ ခြေထောက်ဒဏ်ရာကလည်း ပျောက်ကင်းလုနီးပါးဖြစ်နေပြီး တောဝက်သားတွေကို ရိက္ခာအဖြစ် အသုံးချပြီး သူမသည် ဆရာဖြစ်သူနှင့်အတူ ထွက်သွားရန် ကြိုတင်စီစဉ်ထားခဲ့သည်။
"မင်း... အိမ်မက် မက်မနေစမ်းနဲ့ ချန်ကျိချန်။ ဒီတောဝက်က ငါ့ရဲ့ အသက်နဲ့လဲပြီး ဖမ်းထားခဲ့တဲ့ ငါ့ရဲ့ ကိုယ်ပိုင်ပစ္စည်းပဲ ဒီတောဝက်က ငါ့အပိုင်ပဲ။ မင်းအနေနဲ့ တစ်ကောင်လိုချင်တယ်ဆိုရင် မင်းကိုယ်တိုင်အမဲလိုက်မှပေါ့။ ငါ့ပစ္စည်းတွေကိုယူချင်နေရင်ဆော့ လာစမ်းကြည့်လေ"
"အရာရှိမြောင် ၊ မင်းက သေနတ်ကောင်းကောင်းကိုင်တတ်တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် မင်းမှာက ပစ္စတိုနှစ်လက်ပဲရှိပြီး ကျည်ဆန်အများကြီးမရှိဘူး။ တိုက်ပွဲတစ်ခုသာဖြစ်လာခဲ့ရင် ငါတို့ဂိုဏ်းကို ယှဉ်နိုင်မှာမဟုတ်ဘူး"
"စကားတွေပြောနေတာကို ရပ်ပြီး၊ တိုက်ခိုက်ချင်ရင် အခုပဲလာခဲ့"
"တောက်... အကောင်းပြောတာကို မရဘူးပဲကိုး... ကောင်းပြီလေ။ အားလုံးပဲ... အဆောက်အအုံထဲကို ဝင်းပြီးတော့ တိုက်ခိုက်လိုက်ကြစမ်း"
အစ်ကိုချန်က လက်ကို ဝှေ့ယမ်းပြလိုက်တဲ့အခါမှာ သူ့လက်အောက်ငယ်သားတွေက အဆောက်အဦးငယ်လေးဆီကို အပြေးအလွှား ပြေးဝင်သွားကြသည်။
"ဘန်း ဘန်း"
ပြတင်းပေါက်ဆီမှ သေနတ်သံနှစ်ချက် ထွက်ပေါ်လာပြီး အမျိုးသားနှစ်ဦးက ချက်ချင်းပဲမြေပြင်ပေါ်သို့ လဲကျသွားသည်။
ဒါကိုမြင်တော့ တခြားသူတွေက ပြေးနေတာရပ်ပြီး ပုန်းနေလိုက်ကြသည်။
ပစ္စတိုကိုင်ဆောင်ထားသော လီချန်ပင်းသည် မြောင်ရုယွမ်ထံ တိတ်တဆိတ်ချဉ်းကပ်သွားကာ "ရှောင်ယွမ်၊ ငါတို့က တကယ်ပဲ သဲမုန်တိုင်းဂိုဏ်းကို တိုက်မှာလား" ဟု တိုးတိုးလေးပြောလိုက်သည်။
"ဆရာရေ ၊ အဆင်ပြေပါတယ်။ သူတို့ကို မောင်းထုတ်လို့ပြီးရင် မြို့ထဲဆီက လုံခြုံတဲ့နေရာတစ်ခုက်ိုရှာကြမယ်"
" ငါတို့လုပ်နိုင်တာ ဒါပဲရှိတော့တယ်။ အဝင်တံခါးကို သတိထား ၊ ငါက လှေကားတွေကို ကာထားလိုက်မယ်"
"ကောင်းပြီ၊ သတိထားပါ ဆရာ"
"မင်းလည်း သတိထား"
မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသော သေနတ်သမားနှစ်ဦးသည် တိုက်ခိုက်မှုစဖြစ်ပွားသည်ကို မြင်တွေ့ပြီးသည်နဲ့ ရဲအရာရှိမြောင်ရှိနေတဲ့ ပြတင်းပေါက်ဆီကို ပစ်ခတ်ခဲ့တာကြောင့် အရာရှိမြောင်သည် ဤနေရာတွင်သာ နေခဲ့ရသည်။
"ပစ်"
အရာရှိမြောင် ချောင်ပိတ်ခံထားရတာကိုမြင်သောအခါတွင် အစ်ကိုချန်က သူ့လူများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
အရာရှိမြောင်သည် တန်ပြန်တိုက်ခိုက်ရန်အတွက် အခြားအခန်းသို့ ပြောင်းရွှေ့ခဲ့ရသည်။
"ပစ်"
တစ်ချိန်တည်းမှာပဲ ဝမ်ပင်းကလည်း ကွမ်းရှောင်ယွဲ့ကို ပစ်ဖို့ အမိန့်ပေးလိုက်သည်။
သူကိုယ်တိုင် လေသေနတ်ကို စမ်းသုံးကြည့်ခဲ့ပေမယ့် သူ့ရဲ့ ပစ်ခတ်မှုစွမ်းရည်က ကွမ်းရှောင်ယွဲ့လောက် မကောင်းဘူးဆိုတာ သဘောပေါက်သွားတာကြောင့် တစ်ခုတည်းသော သေနတ်ကို သူမဆီကိုသုပေးလိုက်သည်။
"ပေါက်"
လေသေနတ်ပစ်ခတ်လိုင်တဲ့အခါမှာ အသံတိုးတိုးလေးသာ ထွက်ပြီး အခြားသေနတ်သံများရဲ့အောက် ဖုံးအုပ်သွားသောကြောင့် မကြားရတော့ပါ။
လေသေနတ်ထဲက တိတ်တဆိတ် ထွက်လာတဲ့ကျည်ဆန်ဟာ အမှောင်ထဲတွင် ပုန်းအောင်းနေတဲ့ သဲမုန်တိုင်းဂိုဏ်း၏ သေနတ်သမားရဲ့ဦးခေါင်းတည့်တည့်ကို ထိမှန်သွားပြီးသည်။ထိုသေနတ်သမားဟာ ဘာအသံမှ ထွက်ပေါ်မလာတော့ဘဲ... မြေပြင်ပေါ်သို့ ပျော့ခွေလျက် လဲကျ သေဆုံးသွားခဲ့ရကာ သူ့ဆီက သေနတ်ပစ်သံကလည်း တိတ်ဆိတ်သွားခဲ့သည်။
နေရာပြောင်းရွှေ့ပြီးနောက်တွင် အရာရှိမြောင်သည် သူမရဲ့ တန်ပြန်တိုက်ခိုက်မှုကို စတင်ခဲ့ပြီး အခြားလူတစ်ဦးကို ချေမှုန်းပစ်ခဲ့သည်။
သေနတ်သမားတွေက သူမပဲကို ချိန်ရွယ်ထားတာကြောင့် သူမမှာ ဆက်တိုက်ပစ်ခတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပစ်ခတ်မှုတစ်ခုပြီးတိုင်း နောက်တစ်နေရာကိုရွှေ့ပြီး ထပ်မံပစ်ခတ်ခဲ့ရပါသည်။
"ပေါက်"
အစ်ကိုချန်နှင့် သူရဲ့ကျန်ရှိနေသောလူများက အဆောက်အအုံအောက်ခြေသို့ရောက်ရှိသောအခါတွင် ကွမ်းရှောင်ယွဲ့သည် အမှောင်ထဲတွင် ပုန်းကာ နေရာယူထားသော အခြားသေနတ်သမားတစ်ဦးကို ထပ်ပစ်သတ်ခဲ့သည်။