အခန်း ၂၆
Vol. 3 Ch. 26
အခန်း-(၂၆)
ကွမ်းရှောင်ယွဲ့သည် ပုန်းအောင်းနေသော သေနတ်သမားများကို ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင် အဆောက်အအုံကို ဝိုင်းရံနေသော သဲမုန်တိုင်းဂိုဏ်းဝင်များဆီသို့ သူမရဲ့ တိုက်ခိုက်မှုကို ရွေ့လိုက်သည်။
"ပေါက်"
"အားးး"
အစ်ကိုချန်တစ်ယောက် အဆောက်အဦးထဲဝင်လိုက်တဲ့အချိန်မှာပဲ သူ့အနောက်ကလူတစ်ယောက်ဟာ အော်ဟစ်ပြီး လဲကျသွားသည်။
"ဒါ... ဒါ ဘာတွေဖြစ်နေတာလဲ"
သူ့ရဲ့ လက်အောက်ငယ်သားတွေ ပစ်ခတ်ခံနေရမှုကို မြင်တော့ အစ်ကိုချန်က ဇဝေဇဝါဖြစ်သွားသည်။ ဘယ်သူက သူတို့ကို ပစ်ခတ်နေတာလဲ။
သေနတ်သမားနှစ်ယောက်က သူတို့ရဲ့ အနောက်ဘက်ကနေကာကွယ်ပေးနေတာ မဟုတ်ဘူးလား။ ဒါဆိုရင် ဘာလို့ သူ့လူတွေက တစ်ယောက်ပြီးတစ်ယောက် အပစ်သတ်ခံနေရတာလဲ"
"အားးးး"
သူမှာက စဉ်းစားလို့ပင် မဆုံးသေးဘူး။ အဆောက်အအုံထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ အပြင်ဘက်မှာ ကျန်ရစ်နေခဲ့တဲ့ နောက်ထပ် ဂိုဏ်းသားတစ်ဦးဟာလည်း... ဘာသေနတ်သံမျှ ထွက်ပေါ်မလာဘဲ... လည်ပင်းကို ကျည်ဆန်မှန်ကာ အသံမထွက်နိုင်တော့ဘဲ ပွဲချင်းပြီး လဲကျသေဆုံးသွားခဲ့ရပြန်သည်။
ဒီအခြေအနေကို မြင်တော့ ချန်ကျိချန်တစ်ယောက် ရင်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
"လူတိုင်းပဲ ၊ အထဲကို မြန်မြန်ဝင်ကြ"
အခြေအနေကဆိုးရွားလာသည်ကိုမြင်သောအခါတွင် အစ်ကိုချန်သည် ကျန်ရှိနေတဲ့ သူ့လူများကို အဆောက်အအုံထဲသို့ ဝင်ရောက်ဖို့ အသည်းအသန် အော်ဟစ် ညွှန်ကြားလိုက်တော့သည်။
"အစ်ကိုချန်၊ တစ်ယောက်ယောက်က အမှောင်ထဲမှာပုန်းပြီး ကျွန်တော်တို့ကို အနောက်ကနေ ပစ်ခတ်နေတဲ့ပုံပဲ"
"တောက်... အဲဒီကောင်က... ဘယ်ကောင်လဲကွာ။ ငါသာ အဲဒီခွေးကောင်ကို ရှာတွေ့လို့ကတော့... သူ့ရဲ့ အရေခွံကို အရှင်လတ်လတ် နွှာပစ်ပြီးတော့မှ... အသေသတ်ပစ်မယ် ခွေးမသား"
ထိုစဉ်တွင် ရဲအရာရှိ မြောင်ကလည်း တစ်စုံတစ်ခု မှားယွင်းနေတာကို သတိပြုမိခဲ့သည်။ ပုန်းအောင်းနေသော သေနတ်သမားနှစ်ဦးရဲ့ ပစ်ခတ်ခြင်းက ရပ်တန့်သွားပြီး သူမက တစ်စုံတစ်ယောက်ကို ချိန်ရွယ်လိုက်ချိန်တွင်လည်း သူမက သေနတ်ပစ်ခလုတ်ကို မနှိပ်နိုင်မီတွင်ပဲ ၎င်းတို့က လဲကျသွားခဲ့သည်။
'တစ်ယောက်ယောက်က ငါတို့ကို ကူညီပေးနေတာများလား'
အရာရှိမြောင်ရဲ့စိတ်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ထွက်ပေါ်လာပြီး ပြတင်းပေါက်နားဆီမှ လျင်မြန်စွာ ထွက်ခွာကာ လှေကားအနားရှိ သူမရဲ့ဆရာဖြစ်သူနှင့် ပူးပေါင်းလိုက်သည်။
"ဆရာ ၊ ဘယ်လိုနေလဲ"
"နှစ်ယောက် ထိသွားပြီ"
"အင်း...မဆိုးဘူးပဲ ဆရာ"
"ဒါပေါ့... အရင်တုန်းကဆိုရင် ဆရာက ရဲတပ်ဖွဲ့ရဲ့ လက်ဖြောင့်သေနတ်ပစ်သမားပဲ"
"ဒါနဲ့ ဆရာ၊ တစ်ယောက်ယောက်က အပြင်ဘက်ကနေ ကျွန်မတို့ကို လျို့ဝှက်ကူညီပေးနေပုံပဲ"
"ဪ... ဘာလို့ အဲ့လိုပြောတာလဲ"
"အပြင်ကနေ ပိတ်ဆို့ထားတဲ့ သေနတ်သမားတွေက အခုဆို လုံးဝတိတ်ဆိတ်သွားပြီ။ ကျွန်မထင်တာကတော့ သူတို့တွေ အပြင်ကလူရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ထင်တယ်။ ကျွန်မ တစ်ယောက်ယောက်ကို ပစ်မှတ်ထားလိုက်ပြီး ကျွန်မ မပစ်လို့မရသေးခင်မှာလဲ သူတို့တွေက ကျဉ်မှန် လဲကျသွား
တယ်"
"ဪ... တကယ်ပဲ... အဲဒီလိုမျိုး ဖြစ်နေတာလား"
တစ်ဖက်မှာတော့ အစ်ကိုချန်ဟာ အလွန်ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ သူသည် လူ ၁၁ ယောက်ကို ခေါ်လာခဲ့သော်လည်း ယခုအခါတွင်တော့ သူအပါအဝင် လူလေးယောက်သာ ကျန်တော့သည်။
သူ့ကို ပိုစိတ်ပျက်စေတာကတော့ အပြင်ဘက်ကနေပြီး တစ်ယောက်ယောက်က သူတို့ကို ပစ်ခတ်နေတာကြောင့် သူတို့တွေ လှေကားပေါ် မတက်နိုင်ကြတာပါပဲ။ အခုဆို သူတို့ဟာ ပထမထပ်မှာ ပိတ်မိနေပြီး ရှေ့ဆက်လည်းမတိုးနိုင်သလို ဆုတ်ခွာလို့လည်း မရတော့ပါဘူး။
"အစ်ကိုချန်၊ ကျွန်တော်တို့တွေ အခု ဘာဆကါလုပ်ကြမလဲ" ဟု မျက်နှာဖြူဖျော့ဖျော့နဲ့ ကြောက်ရွံ့နေသော လက်အောက်ငယ်သားတစ်ဦးက မေးလိုက်သည်။
အစ်ကိုချန်က ခဏလောက်စဉ်းစားပြီး "အရာရှိမြောင်၊ ငါတို့ သဘောတူညီချက်တစ်ခု ယူကြမလား" လို့ အော်ပြောလိုက်သည်။
"ဪ....မင်းက ဘယ်လိုမျိုး သဘောတူညီခြင်းကို ယူချင်တာလဲ"
"ငါ... ဒီတစ်ကြိမ်တော့ မင်းတို့ကို ရှုံးနိမ့်သွားကြောင်း လိုလိုလားလား ဝန်ခံတယ်။ ငါတို့ကို လွှတ်ပေးလိုက် ၊ ဒီညမှာ ဘာမှမဖြစ်ခဲ့သလိုမျိုးပဲ သဘောထားလိုက်ရအောင်"
အရာရှိမြောင်ကတော့ ထိုကောက်ကျစ်လှတဲ့ အစ်ကိုချန်ဟာ သူမတို့ကို လွှတ်ပေးမယ်လို့ မယုံကြည်ပေမယ့် သူမမှာ အချိန်လိုအပ်နေတယ်။ အားလုံးကို ဦးဆောင်ပြီး အပြင်ထွက်နိုင်အောင်အတွက် အချိန်ဝယ်ရအောင် အခုချိန်မှာတော့ သူတို့ကို ပြန်လွှတ်လိုက်တာ အကောင်းဆုံးပဲ။
"ကောင်းပြီ၊ မင်းတို့ထွက်သွားလို့ရပြီ"
"အရာရှိမြောင် ၊ အဲဒါကတော့ မတရားဘူး။ အပြင်ဘက်က မင်းရဲ့သူငယ်ချင်းတွေကိုလည်း ငါတို့ကို လွှတ်ပေးဖို့ ပြောပေးပါ။ မဟုတ်ရင် ငါတို့ ထွက်ရဲမှာ မဟုတ်ဘူး"
အစ်ကိုချန်ရဲ့ စကားတွေကိုကြားတော့ အရာရှိမြောင်သည် အပြင်မှာ တစ်ယောက်ယောက်က သူမတို့ကို ကူညီပေးနေတယ်ဆိုတဲ့ သံသယတွေကို အတည်ပြုလိုက်သည်။
အစပိုင်းမှာတော့ အရာရှိမြောင်သည် အပြင်ဘက်ကလူတွေကို သူမ မသိဘူးလို့ ပြောချင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲဒါက အစ်ကိုချန်ကို အပြင်ကလူတွေနှင့် သူမတို့က တစ်ဖွဲ့တည်းမဟုတ်ဘူးဆိုတာကို ဖော်ပြသလို ဖြစ်သွားလိမ့်မယ်ဆိုတာကို သဘောပေါက်သွားသည်။
အရာရှိမြောင်က သူ့စကားတွေကို သဘောတူပြီး ဘေးခန်းရှိ ပြတင်းပေါက်ဆီသို့ အသာအယာ လျှောက်လှမ်းသွားပြီး အပြင်ဘက်ရှိရာဆီသို့ အသံကုန် အော်ပြောလိုက်တော့သည်။
"ဟေး... အပြင်ဘက်က မိတ်ဆွေတို့ရေ သဲမုန်တိုင်းဂိုဏ်းက အရှုံးနိမ့်ပေးလိုက်ပြီ၊ သူတို့ကို လွှတ်ပေးလိုက်တော့"
အရာရှိမြောင်ရဲ့ အော်ပြောလာသံကို ကြားလိုက်ရသောအခါမှာတော့ ကွမ်းရှောင်ယွဲ့သည် ဝမ်ပင်းဘက်သို့ လှည့်ကာ ကြည့်လိုက်သည်။
ဝမ်ပင်းက ခဏစဉ်းစားပြီး "ကောင်းပြီ၊ သူတို့ကို လွှတ် ပေးလိုက်မယ်" လို့ ပြန်အော်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
အရာရှိမြောင်က ကျေးဇူးတင်ကြောင်းကို ဖော်ပြပြီးနောက်... လှေကားထစ်ရှိရာဆီသို့ အလျင်အမြန် ပြန်သွားခဲ့ပြီး အစ်ကိုချန်နှင့် သူ့လူများကို ထွက်သွားဖို့ပြောလိုက်သည်။
"သွားကြတော့"
အစ်ကိုချန်ဟာ အပြင်ဘက်က ဝမ်ပင်းရဲ့ ကတိပေးစကားကို သေသေချာချာ ကြားသိလိုက်ရတာ ဖြစ်တာကြောင့်... ရင်ထဲက အကြောက်တရားတွေ လျော့ပါးသွားခဲ့ရပြီး... ကျန်ရှိတဲ့ ဂိုဏ်းသား ၃ ဦးကို ခေါ်ဆောင်ကာ အဆောက်အအုံရဲ့ အပြင်ဘက်သို့... ကမန်းကတန်း ပြေးထွက်ခဲ့ကြပါတော့သည်။
"ပစ်"
ဝမ်ပင်းက အစ်ကိုချန်နှင့် သူ့လူများ ထွက်လာတာကို မြင်သည်နှင့် ကွမ်းရှောင်ယွဲ့အား ပစ်သတ်ရန် အမိန့်ပေးလိုက်သည်။
ကွမ်းရှောင်ယွဲ့ကလည်း သူတို့ကို စောစောက လွှတ်လိုက်ဖို့ ပြောပြီး အခုကြ ပစ်ဖို့ ဘာလို့ အမိန့်ပေးခဲ့တာလဲလို့ မေးခွန်းမထုတ်ဘဲ သူမက ချက်ချင်းပဲ သေနတ်ကိုချိန်ရွယ်ပြီး ပစ်ခတ်လိုက်သည်။
"ပေါက်"
"အားးးးး"
အဆောက်အအုံထဲကနေထွက်ကာ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော အမျိုးသားတစ်ဦးသည် ကျည်ဆန်မှန်ကာ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားသည်။
"လူယုတ်မာ ၊ မင်းက ကတိမတည်ဘူး ခွေးမသား"
သူ့လက်အောက်ခံ လူတစ်ယောက် လဲကျသွားတာကိုမြင်တာနဲ့ အစ်ကိုချန်က တခြားလူတစ်ယောက်ကို ဆွဲခေါ်ပြီး သူ့ဆီရောက်လာမယ့် ကျည်ဆန်တွေဆီ ကာကွယ်ရင်းဖြင့် ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။
"ပေါက် ပေါက်"
ကွမ်းရှောင်ယွဲ့က နောက်ထပ် နှစ်ချက် ဆက်တိုက်ပစ်ခတ်ခဲ့ပေမယ့် တစ်ချက်ကပဲ ပစ်မှတ်ကို ထိနိုင်ခဲ့သည်။