← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း-(၂၇)

ဝမ်ပင်းသည် တစ်ယောက်ယောက်ကို အသံတစ်ချက်တောင် မထွက်ဘဲ သတ်လိုက်တာမြင်တော့ အရာရှိမြောင်အံ့အားသင့်သွားသည်။ သူမသည် ပြတင်းပေါက်အနားမှာရပ်ပြီး အပြင်ဘက်မှ ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်သော်လည်း အမှောင်ထုထဲမှာ ဝမ်ပင်းတို့ ဘယ်နေရာမှာ ပုန်းအောင်းနေလဲဆိုတာကို ဘယ်လိုမှ ရှာဖွေမတွေ့ရှိတာကြောင့် ပိုပြီးတောင် ပဟေဠိဖြစ်သွားရသည်။ ဝမ်ပင်းသည် သဲမုန်တိုင်းဂိုဏ်းဝင်တွေကို ဘယ်လိုနည်းနဲ့ အပြတ်ရှင်းပစ်လိုက်တာပါလဲ။

" သူတို့က လေသေနတ်တွေ သုံးနေကြတယ်"

ဝမ်ပင်းတို့အဖွဲ့သည် လေသေနတ်များကို အသုံးပြုနေကြောင်း ချက်ချင်းသိရှိနိုင်ခဲ့သည်မှာ လီချန်ပင်းရဲ့ အတွေ့အကြုံရင့်ကျက်မှုကြောင့် ဖြစ်သည်။

"ဟင်...လေသေနတ်တွေ ဟုတ်လား ဆရာ" အရာရှိမြောင်သည် အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။

"ဟုတ်တယ်။ ဒီသေနတ်တွေက ပစ်လိုက်ရင်‌တောင် အသံတိုးတိုးလေးပဲ ထွက်တယ်။ သေချာသာနားမထောင်ရင် ကြားရမှာ မဟုတ်ဘူး။ မြေပြင်ပေါ်ကိုလဲကျသွားတဲ့ လားရာအရဆိုရင်တော့ အပြင်ကလူတွေက ဘယ်ဘက်အခြမ်းက တိုက်အိုကြီးထဲမှာ ပုန်းနေတာဖြစ်ရမယ်"

ဒါကိုကြားတာနဲ့ ရဲအရာရှိမြောင်သည် ဘယ်ဘက်က တိုက်အိမ်ကြီးဆီကို သူမရဲ့ပစ္စတိုသေနတ်နဲ့ အမြန်ချိန်လိုက်သည်။

သဲမုန်တိုင်းဂိုဏ်းက ခေါင်းဆောင်ငယ် ချန်ကျိချန်နှင့် ကျန်တဲ့အဖွဲ့ဝင်တွေ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားကြပြီဆိုတာကို မြင်လိုက်ရတဲ့ အခါမှာတော့ ဝမ်ပင်းသည် ဘေးနားက ကွမ်းရှောင်ယွဲ့ ဘက်ကိုလှည့်ပြီး "ဒီမှာပဲ စောင့်နေ ၊ ငါ သူတို့နဲ့ သွားစကားပြောလိုက်ဦးမယ်" လို့ ပြောလိုက်သည်။

"ဘာလဲ ၊ အစ်ကို့ တစ်ယောက်တည်းသွားမလို့လား"

"စိတ်မပူပါနဲ့၊ ဒီနေရာကနေ သေနတ်နဲ့ အသင့်ချိန်ထားပြီး မင်းမပေါ်လာသရွေ့ သူတို့က ပစ်ရဲမှာမဟုတ်ဘူး"

"ကောင်းပါပြီ။ အစစအရာရာ သတိထားပါ အစ်ကိုဝမ်"

ဝမ်ပင်းသည် အပြုံးလေးနဲ့ ခေါင်းညိတ်ပြလိုက်ပြီး တိုက်အိုကြီးထဲကနေ အေးဆေးစွာ ထွက်ခွာလာခဲ့ပါသည်။သူသည် မြေပြင်ပေါ်မှာကျနေတဲ့ သဲမုန်တိုင်းဂိုဏ်းက ကျခဲ့တဲ့ သေနတ်တွေကို မကောက်ယူဘဲ အရာရှိမြောင်ရှိတဲ့ အဆောက်အဦးငယ်လေးဆီ တည့်တည့်မတ်မတ်လျှောက်သွားခဲ့သည်။

"ဟေး...ကျွန်တော်တို့တွေ အေးအေးဆေးဆေး စကားပြောလို့ ရမလား"

ဝမ်ပင်းသည် အရာရှိမြောင်တို့ ရှိနေသည့် အဆောက်အအုံရဲ့ရှေ့ ဆယ်မီတာအကွာတွင် ခြေလှမ်းကိုရပ်လိုက်ပြီး ရှေ့သို့ မတိုးသွားခဲ့ပေ။

"မင်းက ဘယ်သူလဲ၊ ပြီးတော့ ငါတို့နဲ့ ဘာအကြောင်း ပြောချင်တာလဲ။ တကယ်လို့... မင်းက ငါတို့ရဲ့အစားအသောက်နဲ့ ပတ်သက်ပြီး စကားပြောချင်တယ်ဆိုရင်တော့ မေ့လိုက်တော့ ခုချက်ချင်း ထွက်သွားတာ ပိုကောင်းမယ်"

"ဟားဟား...ပူးပေါင်းဆောင်ရွက်ဖို့အတွက် လာခဲ့တာပါ။ စိတ်မပူပါနဲ့ ၊ ကျွန်တော် ဘာလက်နက်မှ မယူလာပါဘူး"

"ဒါဆို...မင်းရဲ့ လက်ထဲမှာ ကိုင်ထားတာက ဘာကြီးလဲ"

"ဪ...ဒါက ကျွန်တော် မင်းတို့အတွက် နှုတ်ဆက်တဲ့အနေနဲ့ ယူလာခဲ့တဲ့ စားသောက်စရာ ရိက္ခာလက်ဆောင်တွေ ပါ"

"အစားအစာလား။ တော်စမ်းပါ။ ငါတို့တွေက မင်းဆီက အစားအစာမလိုအပ်ဘူး"

"သဲမုန်တိုင်းဂိုဏ်းက လက်စားချေလာမှာကို မင်းကြောက်နေပြီး ဒီကနေ အမြန်ဆုံးထွက်သွားချင်နေတယ်ဆိုတာ ကျွန်တော်သိတယ်။ အချိန်အကြာကြီး အလဟဿ မဖြုန်းတီးချင်ဘူးဆိုရင်တော့... ကျွန်တော်တို့တွေ သေသေချာချာ စကားပြောကြတာက ပိုပြီးတော့ အကျိုးရှိလိမ့်မယ်ထင်တယ်"

ဝမ်ပင်းပြောသလိုပဲ ၊ အရာရှိမြောင်သည် ဒီနေရာကနေ အမြန်ဆုံးထွက်သွားချင်နေတာဖြစ်သည်။သဲမုန်တိုင်းဂိုဏ်းသည် လူအင်အား အမြောက်အမြားနဲ့ ထပ်မံ ရောက်ရှိမလာခင်မှာ ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာချင်နေတာပါ။ မဟုတ်ရင်တော့... ရန်သူတွေ ပြန်ရောက်လာတဲ့ အခါကျရင်... သူတို့တွေ ပြေးချင်တယ်ဆိုဦးတော့ ဘယ်လိုမှ ပြေးပုန်းနိုင်မှာ မဟုတ်တော့လို့ပါ"

"ကောင်းပြီ ၊ ဝင်လာခဲ့။ ဒါပေမယ့် မင်း ဘာလှည့်ကွက်ကိုမှ သုံးဖို့ မကြိုးစားတာ အကောင်းဆုံးပဲ"

ဝမ်ပင်းက ခပ်ဖွဖွပြုံးလိုက်ပြီး သူ့ကျောပိုးအိတ်ထဲက အစားအစာတချို့ကို ထုတ်ကာ အိမ်ထဲသို့ လျှောက်ဝင်သွားသည်။

သူဝင်လိုက်တာနဲ့ သေနတ်တစ်လက်က သူ့ခေါင်းကို ချိန်ရွယ်လာသည်။

"စိတ်မပူပါနဲ့၊ ကျွန်တော်က စားစရာပဲ ယူလာတာပါ။ အခြား ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး"

"မြေပြင်ပေါ် ပစ်ချလိုက်"

ဝမ်ပင်းသည် ဘာမှ ခုခံမှုမရှိဘဲ သူ့ရဲ့ လက်ထဲက ပလတ်စတစ်အိတ်ကြီးကို မြေပြင်ပေါ်သို့ အသာအယာ ချပေးလိုက်တော့သည်။

လီချန်ပင်းသည် ထိုအိတ်ကို ကိုယ်တိုင် သွားရောက်မကောက်ယူဘဲ... ဘေးနားက ကလေးငယ်တစ်ဦးကို မျက်စိအချက်ပြလိုက်ပြီး အိတ်ကို ဖွင့်လှစ်စစ်ဆေးခိုင်းလိုက်သည်။

"ဝါး.... အများကြီးပဲ....စားစရာတွေ အများကြီးပဲ ဦးလေးလီ"

ကလေးငယ်လေးသည် အိတ်ကိုဖွင့်ကြည့်လိုက်တော့ အိတ်အတွင်းထဲက အရသာရှိလှတဲ့ စားစရာထုတ်မျိုးစုံကို မြင်တွေ့လိုက်ရတာကြောင့်က ချက်ချင်းအံ့သြသွားပြီး စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။

"နန်လေး၊ အိတ်ကို အသေချာ ကိုင်ထားပြီး... ငါတို့နဲ့အတူ အပေါ်ထပ်ကို လိုက်ခဲ့"

"ဟုကဲ့ ၊ ဦးလေးလီ"

နာခံမှုရှိသော ကောင်လေးသည် လီချန်ပင်းရဲ့အနောက်ကနေ သေသေချာချာ ကပ်လိုက်သွားခဲ့ပြီး... ဝမ်ပင်းကိုပါ ဒုတိယထပ်ဆီသို့... စနစ်တကျ ခေါ်ဆောင်သွားကြသည်။

ဒုတိယထပ်သို့ရောက်သောအခါ ဝမ်ပင်းသည် ရဲမှူးမြောင်နှင့် အခြားသူများက အဝေးမှနေပြီး စိုးရိမ်တကြီးရပ်ကာ သူ့ကိုအကဲခတ်လို့ကြည့်နေတာကို ချက်ချင်းမြင်လိုက်ရသည်။သူတို့ထဲတွင် အမျိုးသမီးနှစ်ဦးပါဝင်ပြီး ကျန်သူများမှာ ကလေးများသာဖြစ်သည်။

"ကောင်းပြီ။ ... မင်းက... ငါတို့နဲ့ ဘာအရေးကြီးတဲ့ ကိစ္စကို ပူးပေါင်းဆောင်ရွက်ချင်လို့လဲ"

"သဲမုန်တိုင်းဂိုဏ်းကို ပူးပေါင်းပြီး တိုက်ထုတ်ကြရအောင်"

"ဘာ...ဘာပြောတာလဲ မင်းရူးနေတာလား"

"ဟားဟား... ကျွန်တော် လုံးဝ မရူးပါဘူး။ ကျားခေါင်းဂိုဏ်းနဲ့ ဧရာမဝက်ဝံဂိုဏ်းက တိုက်ခိုက်နေကြပြီလေ။ သဲမုန်တိုင်းဂိုဏ်းနဲ့ လင်းယုန်ဂိုဏ်းတို့ကိုသာ တိုက်ခိုက်အောင် ကျွန်တော်တို့လုပ်နိုင်ရင် ဒီမြို့ထဲမှာ အဓိကအဖွဲ့အစည်းတွေ ကျန်တော့မှာမဟုတ်ဘူး"

"စိတ်မကောင်းပါဘူး... မင်းရဲ့ ဒီလို အန္တရာယ်ကြီးတဲ့ အကြံအစည်ကို ငါတို့စိတ်မဝင်စားဘူး"

"ခင်ဗျားတို့ ဘာလိုချင်လဲဆိုတာကို ကျွန်တော်သိတယ်

။ အစားအစာလား ၊ ကျွန်တော်မှာရှိတယ်။ ခင်ဗျားတို့သာ ကျွန်တော့်အတွက် သေးငယ်တဲ့အလုပ်လေးတစ်ခုနဲ့ ကူညီပေးမယ်ဆိုရင် ကျွန်တော်အနေနဲ့ ခင်ဗျားကို အစားအစာတချို့ ပေးနိုင်ပါတယ်။ ခင်ဗျားတို့ ဘေးကင်းတဲ့နေရာရောက်အောင်တဲ့အထိ စားဖို့လုံလောက်တဲ့ ရိက္ခာတွေ ခင်ဗျားတို့ကို ကျွန်တော်ပေးမှာပါ။ ခင်ဗျားတို့အနေနဲ့ ဆုံးဖြတ်ချက်မချခင်မှာ အရင်ဆုံး ကျွန်တော်ယူလာတဲ့လက်ဆောင်တွေကို ကြည့်ဖို့ အကြံပြုချင်ပါတယ်"

All Chapters