အခန်း ၂၉
Vol. 3 Ch. 29
အခန်း-(၂၉)
"အခုချိန်မှာသာ စီးကရက်လေး တစ်လိပ်လောက် ရှိခဲ့ရင်ဟိပ်ကောင်းမှာပဲ" ဘီယာကိုသောက်ပြီးနောက်တွင် လီချန်ပင်းသည် သက်ပြင်းချကာ ဆိုလိုက်သည်။
"အခုတော့ မရှိသေးဘူး၊ စိတ်မပူပါနဲ့ဦး... နောက်တစ်ခေါက်ကျရင်တော့ ဦးလေးအတွက် စီးကရက်တစ်ထုပ်ယူလာခဲ့ပေးမယ်" ဝမ်ပင်းသည် ပြုံးလျက် ဆိုလိုက်သည်။
"ဘာ....ဆေးလိပ်တွေက ရနိုင်သေးလား။ အေးလေ... ဒါလည်း ဟုတ်တာပါပဲ။ ဒီလိုအစားအစာတွေ အားလုံးကိုတောင် ရနိုင်နေမှတော့ မရနိုင်တာ ဘာမှမရှိလောက်ဘူး"
သူတို့တွေ ရင်းရင်းနှီးနှီး စကားစမြည် ပြောနေစဉ်မှာပဲ မြို့မြောက်ဘက်ကနေ နားကွဲလုမတတ် ပြင်းထန်တဲ့ သေနတ်သံတွေ ထွက်ပေါ်လာပြီး ပေါက်ကွဲသံတွေကလည်း ဆူညံစွာ ထွက်ပေါ် လာခဲ့သည်။
"နောက်ဆုံးတော့ တကယ်စလာပြီ"
ထိုပြင်းထန်လှတဲ့ သေနတ်သံတွေကို ကြားလိုက်ရတဲ့ အခိုက်အတန့်မှာ ဝမ်ပင်းရဲ့မျက်နှာပေါ်၌ အရာအားလုံးကို ကြိုတင်တွက်ချက်ထားနိုင်တဲ့ အပြုံးတစ်ခုပေါ်လာသည်။ ဒါတွေအားလုံးသည် သူမျှော်လင့်ထားတဲ့အတိုင်းပါပဲ။
သူတို့သည် မနေ့တုန်းက ကျားခေါင်းဂိုဏ်းရဲ့ ရိက္ခာပစ္စည်းတွေကို အားလုံး မီးရှို့ဖျက်ဆီးပစ်လိုက်ကြသည်။ ကျားခေါင်းဂိုဏ်းကသာ ဧရာမဝက်ဝံဂိုဏ်းရဲ့ ရိက္ခာပစ္စည်းတွေအတွက် မတိုက်ခိုက်ရင် သူတို့တွေ ဆာလောင်ပြီးနေကြရလိမ့်မယ်။ အစ်ကိုဟူသည် အခုချိန်အထိတောင် တိုက်ခိုက်ဖို့ကို အချိန်ဆွဲပြီး တွန့်ဆုတ်နေလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။
" နေပါအုံး။ ဝမ်ပင်း၊ ဒါတွေအားလုံးက ရှင်နဲ့ ရှောင်ယွဲ့ လုပ်နေတာလား"
အစောပိုင်းက စကားဝိုင်းကနေ ဝမ်ပင်းသည် အရာရှိမြောင်ကို သူနှင့်ကွမ်းရှောင်ယွဲ့တို့ဟာ မနေ့ညတုန်းက ကျားခေါင်းဂိုဏ်းရဲ့ ရိက္ခာပစ္စည်းတွေကို ဘယ်လိုဝင်ရောက်စီးနင်းပြီး ကျားခေါင်းဂိုဏ်းနှင့် ဧရာမဝက်ဝံဂိုဏ်းကြား ဒီည အကြီးအကျယ်တိုက်ပွဲဖြစ်လိမ့်မယ်ကို မည်သို့ခန့်မှန်းပြောဆိုခဲ့တာကို ပြန်ပြောပြခဲ့သည်။
အစပိုင်းမှာတော့ ဘယ်သူကမှ သူ့ကို မယုံခဲ့ကြပေမယ့် အခုတော့ မြောက်ဘက်ကနေ ပြင်းထန်တဲ့ သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေကို ကြားလိုက်ရတဲ့အခါ ဝမ်ပင်းကို ချက်ချင်းပဲ ယုံကြည်သွားကြသည်။
"ဝမ်ပင်း၊ ငါနားမလည်နိုင်ဘူး။ မင်းမှာ စားစရာတွေ ဒီလောက်များနေတာပဲ မြို့ထဲက ဂိုဏ်းတွေကို ဆန့်ကျင်ပြီး နေမယ့်အစား မင်းနဲ့ ရှောင်ယွဲ့တို့ ထွက်ပြေးသွားကြပေါ့" လို့ ဝမ်ပင်းရဲ့ လုပ်ရပ်တွေကြောင့် အံ့သြသွားတဲ့ အရာရှိမြောင်သည် ရိုးသားစွာပဲ တိုက်ရိုက်မေးမြန်းလိုက်သည်။
"သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ငါမခံနိုင်ဘူးလို့ပဲလို့ ငါကပြောရင် မင်းယုံမှာလား"လို့ ဝမ်ပင်းသည် သွေးအေးစွာဆိုလိုက်သည်။
ဝမ်ပင်းရဲ့ စကားတွေကို ကြားတော့ လူတိုင်းသည် မြို့ထဲကအဓိကဂိုဏ်းကြီးလေးခုဟာ နှစ်ပေါင်းများစွာကြာအောင် အစားအစာအတွက် တခြားသူတွေကို သတ်ဖြတ်ခဲ့ကြပြီး သူတို့ကို ခုခံရဲတဲ့သူတွေကိုလည်း ရက်ရက်စက်စက် ကွပ်မျက်ခဲ့ကြတာနှင့် တစ်ခါတလေ လူစားတဲ့အကျင့်ကိုတောင် ကျင့်သုံးခဲ့ကြတယ်ဆိုတာကို ပြန်ပြောင်းသတိရသွားကြသည်။
ဤအရာများကို စဉ်းစားမိသောအခါ လူတိုင်းသည် ဒေါသထွက်သွားကြပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။ ဝမ်ပင်းသည်လည်း သူတို့ရဲ့ မိတ်ဆွေများနှင့် ဆွေမျိုးများစွာသည် အဓိကဂိုဏ်းလေးခုရဲ့ လက်ချက်ဖြင့် သေဆုံးသွားနိုင်ဖွယ်ရှိကြောင်းကို သိလိုက်သည်။
"အစ်မမြောင်၊ သဲမုန်တိုင်းဂိုဏ်းကို သတ်ဖို့ ကျွန်တော်လည်း အစ်မနဲ့အတူ လိုက်ခဲ့ချင်တယ်" ရှစ်နှစ်အရွယ် အားနည်းတဲ့ ကောင်လေးတစ်ယောက်သည် ရုတ်တရက်ကြီး ထရပ်လိုက်ပြီး အရာရှိမြောင်ကို စိတ်ပိုင်းဖြတ်ထားတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။
"ပေါင်၊ မင်းက ငယ်သေးတယ်။ ဒီကိစ္စတွေကို မင်းရဲ့ အစ်မဆီမှာပဲ ထားခဲ့လိုက်" လို့ အရာရှိမြောင်သည် ညင်သာစွာပြုံးပြီး ကောင်လေးရဲ့ခေါင်းကို ပွတ်သပ်ဖို့ လက်လှမ်းလိုက်သည်။
"မဟုတ်ဘူး။ ကျွန်တော့်မိဘတွေအတွက် ကျွန်တော်ကိုယ်တိုင် လက်စားချေချင်တယ်။ သူတို့ကို သဲမုန်တိုင်းဂိုဏ်း က သတ်ပစ်လိုက်တာ" ပေါင်ဆိုတဲ့ ကောင်ငယ်လေးသည် လက်သီးကို တင်းတင်းဆုပ်ထားပြီး သူ့ရဲ့မျက်လုံးများက နီရဲနေသည်။
"ပေါင်လေး... လိမ္မာစမ်းပါ။ အခုချိန်မှာ မင်းရဲ့တာဝန်က ဦးလေးလီနဲ့အတူ မင်းရဲ့ မောင်နှမတွေကို ကာကွယ်ဖို့ပဲ"
"ကောင်းပြီ။ စိတ်မပူပါနဲ့ အစ်မမြောင်၊ ကျွန်တော့်ရဲ့ မောင်နှမတွေကို သေချာပေါက် ကာကွယ်ပေးပြီး သူတို့ကို ထိခိုက်ဒဏ်ရာရစေမှာ မဟုတ်ဘူး"
" ကောင်းပြီ ၊ လိမ္မာလိုက်တဲ့ ကောင်လေး။ ဒါနဲ့ ဝမ်ပင်း၊ ဒီတစ်ခါတော့ ငါတို့မှာ သေနတ်အပိုအနည်းငယ်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ချန်ထားခဲ့ပေးနိုင်မလား" လို့ လီချန်ပင်းက မဝံ့မရဲမေးမြန်းလိုက်သည်။
"ကောင်းပြီလေ ၊ ရှောင်ယွဲ့နဲ့ ကျွန်တော်က ရိုင်ဖယ်တစ်လက်စီယူလိုက်မယ်။ ကျန်တာတွေကိုတော့ မင်းတို့အတွက်ထားလိုက်လို့ရတယ်"ဝမ်ပင်းသည် သဘောကောင်းစွာ ဖြေကြားပေးလိုက်တော့သည်။
"အာ... ကျေးဇူးတင်ပါတယ်"
ဝမ်ပင်းသည် ကျန်သေနတ်သုံးလက်ပေးရန် ဆန္ဒရှိနေကြောင်း ကြားသောအခါတွင် လူတိုင်းက စိတ်လှုပ်ရှားသွားကြပြီး မျက်လုံးများက တောက်ပသွားကြသည်။
ကမ္ဘာပျက်ကြီးထဲ၌ လက်နက်တွေသည် အစားအစာထက် အများကြီး ပိုအရေးကြီးသည်။
လက်နက်တွေကိုယ်စီ ပိုင်ဆိုင်ထားနိုင်ခဲ့မယ်ဆိုရင်တော့ မင်းသည် သူဌေးဖြစ်ပြီး အေးဆေးစွာ နေထိုင်နိုင်မှာ ဖြစ်သလို အခြားသော လူဆိုးဂိုဏ်းတွေရဲ့ ရိက္ခာတွေကိုပါ ဘာမှ ကြောက်ရွံ့စရာမလိုဘဲ အပိုင်ဝင်ရောက် လုယူနိုင်စွမ်း ရှိမှာ ဖြစမသည်။
သူတို့သည် ဝမ်ပင်းက သူတို့ကို အစားအစာတွေပေးရုံသာမက လက်နက်တွေပါ ပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပါဘူး။ သူတို့ဟာ ဝမ်ပင်းကို အရမ်းကျေးဇူးတင်ကြပေမယ့် သူ့ကို ပိုပိုပြီး နားမလည်နိုင်ဖြစ်လာကြသည်။
"ကောင်းပြီ၊ အားလုံးပဲ၊ အိပ်ယာဝင်ကြစို့။ မနက်ဖြန်ကြရင် လုပ်စရာတွေရှိတယ်" လို့ ဝမ်ပင်းက ဆိုလိုက်သည်။