← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အပိုင်း-(၃၀)

နောက်တစ်နေ့မနက်တွင် မနက်စာစားပြီးနောက်မှာပဲ ဝမ်ပင်းနှင့် ကျန်နှစ်ယောက်သည် သူတို့ရဲ့ကိုယ်ပိုင်လက်နက်များကို ဆွဲကိုင်ကာ ထွက်ခွာလာခဲ့ကြသည်။

ယခုဆို သူတို့တစ်ဦးစီတိုင်း၌ သေနတ်တစ်လက်စီ ရှိလာပြီးဖြစ်ပြီး သူတို့အဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကလည်း သိသိသာသာကို မြှင့်တင်လာခဲ့သည်။

အရှေ့ဘက်ဧရိယာနဲ့ ရင်းနှီးသော အရာရှိမြောင်သည် သူတို့ကို သဲမုန်တိုင်းဂိုဏ်းရဲ့ ဌာနချုပ်အနီးရှိ အဆောက်အအုံတစ်ခုသို့ လျင်မြန်စွာ ခေါ်ဆောင်သွားခဲ့သည်။

သဲမုန်တိုင်းဂိုဏ်းရဲ့ လုံခြုံရေးသည် ကျားခေါင်းဂိုဏ်းထက် အများကြီး ပိုကောင်းပြီး အဆောက်အဦးထဲမှာတင်မကဘဲ ပတ်ဝန်းကျင်က အဆောက်အဦးတချို့မှာပါ ကင်းသမားတွေ ရှိနေပါသည်။

သဲမုန်တိုင်းဂိုဏ်းတွင် နေ့လယ်ပိုင်း မောတည့်တဲ့အချိန်ထိ တိတ်ဆိတ်နေခဲ့ပြီးမှ အထဲကနေပြီးတော့ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားခဲ့ကြတဲ့ လူလေးဆယ်ကျော် ထွက်ခွာလာခဲ့ကြသည်။

ဤလူအုပ်သည် အပြင်သို့ ရောက်ရှိလာပြီဆိုတာနဲ့ အဖွဲ့လေးဖွဲ့ခွဲပြီး မြို့ရဲ့ မတူညီတဲ့ လေးကြောင်းလေးခုဆီသို့ ဦးတည်ကာ သွားလ်ိုက်ကြသည်။

" ဝမ်ပင်း မနေ့ညက ဒီလောက်ကြီးတဲ့ ပွဲကြီးတစ်ခုဖြစ်သွားတာဆို‌တော့ သူတို့တွေ နယ်စပ်မှာ စောင့်ကြပ်ကြလိမ့်မယ်လို့ ငါထင်ပါတယ်"ရဲမေမြောင်က ကောက်ချက်ချလိုက်သည်။

" အင်း... အဲလိုလဲ ဖြစ်နိုင်တာပဲ။ ဒါဆို အဲဒီအဖွဲ့နောက်ကိုလိုက်ပြီး တောင်ပိုင်းဆီ လိုက်သွားကြည့်ရအောင်" ဟု ဝမ်ပင်းက ဆိုလိုက်သည်။

"ကောင်းပြီ ၊ ဒီအစီစဉ်အတိုင်းပဲ လုပ်ကြတာပေါ့ "

သူတို့သုံးယောက်သည် ထိုအုပ်စုနောက်သို့ တိတ်တဆိတ်နဲ့ လျင်မြန်စွာ လိုက်သွားကြသည်။

ထိုအုပ်စုထဲတွင် လူဆယ်ယောက်ရှိပြီး လေးယောက်သာ သေနတ်ကိုင်ဆောင်ထားကာ တခြားသူတွေကတော့ တုတ်တွေနှင့် ဓားတချို့ကိုင်ဆောင်ထားကြသည်။

"တောင်ဘက်နယ်စပ်ကို ရောက်တော့မယ်။ ငါတို့တွေ ဟိုအရှေ့က လမ်းကြားထဲကနေပြီး သူတို့ထက် အရင်ဆုံး ဦးအောင်သွားကြမယ်။ ပြီးမှပဲ သူတို့တွေ ဖြတ်သွားမယ့် လမ်းကြောင်းပေါ်မှာ ချုံခိုတိုက်ခိုက်ကြရအောင်"

" ကောင်းပြီ ၊ ‌မြန်မြန်သွားကြမယ်"

သူတို့သုံးယောက်သည် အရှိန်မြှင့်ကာ လမ်းလွှဲမှသွားလိုက်ကြပြီး မကြာမီတွင် အရာရှိမြောင်ရဲ့ ဦးဆောင်မှုအောက်၌ ထိုအုပ်စုဖြတ်သွားရမည့် လမ်းကြောင်းပေါ်ရှိ အဆောက်အဦးတစ်ခုသို့ ရောက်ရှိသွားကြသည်။

"အားလုံးပဲ ၊ သေသေချာချာ အာရုံစိုက်ထားကြ။ ဟိုလူတွေ ရောက်လာတာနဲ့ လက်ထဲမှာ သေနတ်ကိုင်ထားတဲ့ ၄ ယောက်ကိုပဲ ပထမ ဦးစားပေးအနေနဲ့ပစ် " ဟု ဝမ်ပင်းက သတိပေးလိုက်သည်။

"နားလည်ပါပြီ"

"ပစ်"

သဲမုန်တိုင်းဂိုဏ်းအဖွဲ့ဝင်များ အဆောက်အဦးအနီးသို့ ရောက်ရှိလာသည်နှင့် ဝမ်ပင်းသည် ပစ်မိန့်ပေးလိုက်သည်။ သေနတ်သံများ ထွက်ပေါ်လာပြီး ဒီလိုမျိုး ရုတ်တရက် ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရတာကြောင့် သဲမုန်တိုင်းဂိုဏ်းသား အားလုံးရဲ့ ရင်ထဲမှာ ကြောက်လန့်တုန်လှုပ်သွားခဲ့ကြရပြီး ဘာမှ ကြိုတင် မကာကွယ်နိုင်တော့ဘဲ စက္ကန့်ပိုင်းအတွင်းမှာတင် သေနတ်ကိုင်ဆောင်ထားတဲ့ ဂိုဏ်းဝင် ၄ ယောက်ဟာ သွေးအိုင်ထဲသို့ လဲကျလို့ ပွဲချင်းပြီး အသက်ဆုံးရှုံးသွားခဲ့ကြရသည်။

အတွေ့အကြုံရှိပြီး လျင်မြန်သော ကျန်အဖွဲ့ဂိုဏ်းသားများကတော့ အနီးအနားရှိ အဆောက်အအုံများတွင် အကာကွယ်ယူကာ ပုန်းအောင်းလိုက်ကြသည်။

"သွားကြစို့။ လင်းယုန်ဂိုဏ်းကိုလည်း ပြဿနာသွားရှာကြရအောင်"

ကျန်နေတဲ့ သဲမုန်တိုင်းဂိုဏ်း အဖွဲ့ဝင်တွေ အားလုံး ပုန်းအောင်းသွားတာကို မြင်ပြီး သူတို့တွေကိုလည်း တစ်ယောက်ချင်းစီ လိုက်လံသတ်ဖြတ်နေဖို့အတွက် ဝမ်ပင်းသည် အချိန်မဖြုန်းဖို့ ဆုံးဖြတ်လိုက်ပြီး အရာရှိမြောင်ကို ဦးဆောင်စေကာ လင်းယုန်ဂိုဏ်းကို ရှာခိုင်းလိုက်သည်။

သဲမုန်တိုင်းဂိုဏ်း အဖွဲ့ဝင်တွေဟာ အချိန်အတော်ကြာအောင် သူတို့ စောင့်နေခဲ့ကြပေမယ့် ဘာမှမဖြစ် ဆက်မဖြစ်လာပေ။ သိပ်မကြာခင်မှာပဲ ထိုအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူသည် သူ့ရဲ့အနောက်ကနေ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေခဲ့တဲ့ သာမန်ဂိုဏ်းသားတစ်ဦးကို အပြင်သို့ အတင်းအဓမ္မထွက်ခွာသွားခိုင်းပြီး သေဆုံးသွားတဲ့ ဂိုဏ်းဝင်တွေရဲ့ သေနတ်တွေကို သွားရောက်ကောက်ယူဖို့ အမိန့်ပေးခဲ့သည်။

ထိုဂိုဏ်းသားလေးဟာ အပြင်သို့ ရောက်ရှိသွားခဲ့တဲ့ အခါမှာတိုင် ဘာအန္တရာယ်မှ ထပ်မံဖြစ်ပွားမလာတော့မှန်း သေသေချာချာ သိရှိသွားခဲ့ရပြီးတဲ့နောက်မှ တခြားသူတွေလည်း ရဲရင့်စွာ ထွက်လာပြီး သူတို့၏ ဂိုဏ်းဝင်တွေရဲ့ သေနတ်တွေကို ဆွဲယူကာ သူတို့ရဲ့ အထက်လူကြီးဆီ အမြန်ဆုံးအကြောင်းကြားဖို့ ပြန်ပြေးသွားကြသည်။

တကယ်တော့ လွန်ခဲ့တဲ့ညတုန်းက မြောက်ပိုင်းဆီကနေပြီးတော့ ပြင်းထန်လှတဲ့ သေနတ်ပစ်ခတ်သံကြီးတွေထွက်ပေါ်လာခဲ့တာကို ကြားလိုက်ရကတည်းက ဂိုဏ်းခေါင်းဆောင်သည် ဂိုဏ်းသားတွေကို စုဝေးစေပြီး သတိထားပြီး‌နေဖို့ကို မကြာသေးမီကပဲ ညွှန်ကြားခဲ့သည်။ ဒါပေမယ့် နောက်တစ်နေ့မှာ သူတို့ကို တိုက်ခိုက်လာလိမ့်မယ်လို့တော့ သူ မမျှော်လင့်ထားပေ။

သဲမုန်တိုင်းဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အစ်ကိုရှင်းသည် တောင်ဘက်ခြမ်းကို စေလွှတ်လိုက်တဲ့ အဖွဲ့ရဲ့ အစီရင်ခံစာကို ကြားတော့ ဒေါသထွက်သွားခဲ့ပါသည်။ ဒီမြို့မှာဆို သဲမုန်တိုင်းဂိုဏ်းသည် အင်အားအကြီးဆုံးပါ။ သူသည် တခြားသူတွေကို အနိုင်ကျင့်တာမျိုး မလုပ်ခဲ့ပေ အခုချိန်မှာတော့ တစ်ယောက်ယောက်က သူ့လူတွေကို တကယ်ပြီး တိုက်ခိုက်လာရဲသည်။

မနေ့ညက ကြားလိုက်ရတဲ့ သေနတ်သံတွေကို အစ်ကိုရှင်းသည် ကောင်းတဲ့အရာလို့ ထင်ခဲ့သည်။ ကျားခေါင်းဂိုဏ်းနှင့် ဧရာမဝက်ဝံဂိုဏ်းတို့ အပြန်အလှန် တိုက်ခိုက်ပြီး ပျက်စီးသွားကြမယ်ဆိုရင် သူသည် တောင်ဘက်ခြမ်းက လင်းယုန်ဂိုဏ်းကို သူ့ရဲ့အစွမ်းကုန်သုံးပြီးတိုက်ခိုက်ကာ မြို့ကို စည်းလုံးစေပြီး သူက ဘုရင်ဖြစ်လာဖို့ ရည်မှန်းထားသည်။

"အစ်ကိုရှင်း၊ လင်းယုန်ဂိုဏ်းကို ရှင်းပစ်လိုက်ကြရအောင်" ဟု ဂိုဏ်းသားတစ်ဦးကသည် ဒေါသတကြီးနဲ့ ကမန်းကတန်း တောင်းဆိုလိုက်သည်။

"မဟုတ်ဘူး၊ ငါ့ရဲ့ အမြင်အရဆိုရင်တော့... ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ခုခုက ထူးဆန်းနေတယ်" အစ်ကိုရှင်းသည် မျက်မှောင်ကြုတ်လျက် အေးစက်စွာ တားဆီးလိုက်သည်။

"ဟမ်.... ခေါင်းဆောင် ဘာတွေကများ ပုံမှန်မဟုတ်လို့လဲ။ တောင်ပိုင်းနယ်စပ်မှာတင် ကျွန်တော်တို့လူတွေ ချုံခို တိုက်ခိုက်ခံခဲ့ရတာ အဲဒါက လင်းယုန်ဂိုဏ်းက လူတွေရဲ့ လက်ချက်မဟုတ်ဘူးဆိုရင် ဘာဖြစ်ရအုံးမှာလဲ "

"ငတုံးကောင်၊ မျက်စိကို သေသေချာချာ ဖွင့်ပြီးတော့ ဦးနှောက်နဲ့ တွက်ချက်ကြည့်စမ်းပါဦး။ ငါ အသေအချာ ယုံကြည်ထားတာကတော့... ဟိုလင်းယုန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ငါတို့နဲ့ စစ်ပွဲစရဲမှာ မဟုတ်ဘူးလို့ ငါထင်တယ်။ပြီးတော့ တစ်ယောက်ယောက်က ငါတို့နဲ့ လင်းယုန်ဂိုဏ်းကြားမှာ စစ်ပွဲဖြစ်အောင် တမင်တကာ ဆွပေးနေတယ်လို့ ငါထင်တယ်"

အစ်ကိုရှင်းက တွက်ချက်ပြလိုက်သည်။

"အာ.... အစ်ကိုရှင်း၊ဒီလိုသာဆိုရင် ကျွန်တော်တို့တွေ အခုဘယ်လိုလုပ်ကြမလဲ"

"အခု ဦးစားပေးကတော့ ကျားခေါင်းဂိုဏ်းနဲ့ ဧရာမဝက်ဝံဂိုဏ်းကြားက တိုက်ပွဲအခြေအနေကို စုံစမ်းစစ်ဆေးပြီး ဘယ်သူက ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့လဲဆိုတာ ရှာဖွေဖို့ပဲ။ အာ ပြောင် လူတချို့ကို ခေါ်သွားပြီး မကြာသေးခင်က မြို့ထဲမှာ တပ်ဖွဲ့အသစ်တွေ ရှိမရှိ စစ်ဆေးကြည့်စမ်း"

"နားလည်ပါပြီ ဂိုဏ်းချုပ်"

"ပြီးတော့ ကျန်တဲ့တပ်ဖွဲ့သုံးခုကိုလည်း ပြန်ခေါ်လိုက်။ ဒီလိုအခြေအနေမှာ ငါတို့ရဲ့စွမ်းရည်ကို ထိန်းသိမ်းထားတာက ပညာရှိရာ အရောက်ဆုံးရွေးချယ်မှုပဲ"

"ဟုတ်ကဲ့၊ ဂိုဏ်းချုပ်"

ကျားခေါင်းဂိုဏ်းနှင့် ဧရာမဝက်ဝံဂိုဏ်းတို့အကြား ဆုံးရှုံးမှုများကို သိရှိပြီးသည်နှင့် မြို့ထဲတွင် အခြားအင်အားကြီးသော တပ်ဖွဲ့အသစ်များ မရှိကြောင်း အတည်ပြုပြီးနောက်မှ သူသည် သဲမုန်တိုင်းဂိုဏ်းကို စိုးရိမ်ပူပန်မှုမရှိဘဲ တိုက်ခိုက်နိုင်တော့သည်။

အစ်ကိုရှင်းသည် မြို့ကို စည်းလုံးစေလိုသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း အခြားဂိုဏ်းများက အချင်းချင်း ထိန်းချုပ်ထားကြသည်။ လုံးဝသေချာမှုမရှိသောကြောင့် မည်သည့်ဂိုဏ်းနှင့်မျှ စစ်ပွဲမစတင်ရဲပေ။

ကျန်ဂိုဏ်းသုံးဂိုဏ်းသည်လည်း အားနည်းခြင်းမရှိသောကြောင့် သူတို့ထဲမှ တစ်ခုခုကို နှိမ်နင်းခြင်းသည် သူ့အတွက် ကြီးမားသော ကုန်ကျစရိတ်ကို ပေးရလိမ့်မည်ဖြစ်သည်။

အကယ်၍သာ ထိုတိုက်ပွဲကြောင့် မိမိတို့ဂိုဏ်းရဲ့ ဂိုဏ်းသားအမြောက်အမြား သေကျေပျက်စီးသွားခဲ့ကြရပြီး ကျဆုံးမှုနှုန်းက အလွန်အမင်း များပြားသွားခဲ့မယ်ဆိုရင်တော့ သူသည် ရှေ့လျှောက် ဒီမြို့တော်ကြီးရဲ့ နံပါတ်တစ် ဂိုဏ်းချုပ်ကြီးဆိုတဲ့ နေရာကြီးကို အပြီးတိုင် လက်လွှတ်ဆုံးရှုံးသွားရမှာဖြစ်တာကြောင့် ဤကဲ့သို့ဖြစ်လာရန် သူမှာ မတတ်နိုင်ပေ။

All Chapters