အခန်း ၃၉၄
Vol. 40 Ch. 394
🍋 Chapter 394
တံခါးခေါက်သံကို ကြားရသော်လည်း ဂရုမစိုက်ကြချေ။
ဤနေရာမှာ သီးသန့်အခန်း ဖြစ်သဖြင့် ဝန်ထမ်းများ ဝင်လာတိုင်း တံခါးကို ပြန်ပိတ်လေ့ရှိရာ ဝန်ထမ်းတစ်ယောက် လာတိုင်း တံခါးခေါက်ပြီး လေသံတိုးတိုးဖြင့် နှုတ်ဆက်လေ့ ရှိသောကြောင့် ဖြစ်သည်။
ထို့ကြောင့် တံခါးခေါက်သံကို လုံးဝ လျစ်လျူရှုထားပြီး ဆက်လက် သောက်စားကာ စကားစမြည် ပြောနေကြသည်။
သို့သော် တံခါးခေါက်သံက မရပ်ဘဲ ဆက်တိုက် ထွက်ပေါ်နေသော်လည်း မည်သူမျှ ဝင်မလာချေ။
နောက်ဆုံးတွင် ကျိုးထျန်းက အရင်ဆုံး သတိပြုမိသွားသည်။
အခြားလူများမှာမူ ယနေ့ရရှိသည့် မမျှော်လင့်သော ငွေမှာ အလွန်များပြားသဖြင့် စိတ်လှုပ်ရှားလွန်းကာ အနည်းငယ် မိန်းမောနေကြခြင်း ဖြစ်သည်။
"ဘယ်သူလဲ ဘယ်သူ တံခါးခေါက်နေတာလဲ"
ကျိုးထျန်းက မတ်တတ်ရပ်ပြီး မေးလိုက်သည်။
"မင်္ဂလာပါ မစ္စတာချောင်ကျွင်းကျဲ့ ရှိပါသလား"
"ချောင်ကျွင်းကျဲ့"
"ဝတုတ်ကို လာရှာတာလား"
သူက တံခါးဝသို့ လျှောက်သွားပြီး သစ်သားတံခါးကို လက်နှစ်ဖက်ဖြင့် ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
သူ့ရှေ့တွင် လူငယ်နှစ်ဦး ပေါ်လာခဲ့သည်။
တစ်ယောက်က တော်တော် အရပ်ရှည်ပြီး အမြင့် ၁.၈၅ မီတာကျော်လောက် ရှိနိုင်ကာ အခြားတစ်ယောက်ကမူ အနည်းငယ် ပုသော်လည်း ရုပ်ရည်က အလွန် စီးပွားတက်မည့် ပုံစံ ရှိပေသည်။
"မင်းတို့နှစ်ယောက်က"
"ရန်ကျိ မင်း ဒီကို ဘာလာလုပ်တာလဲ"
သောက်ထားသဖြင့် မျက်နှာနီမြန်းနေသော ဝတုတ်သည် ကျိုးထျန်း မတ်တတ်ရပ်လိုက်ကတည်းက တံခါးဝဘက်သို့ လှမ်းကြည့်နေခဲ့ရာ ထိုနေရာရှိ လူနှစ်ဦးကို ချက်ချင်း မြင်သွားခြင်း ဖြစ်သည်။
"ကျွင်းကျဲ့ မင်း ဒီမှာ လာစားနေတယ်လို့ ကြားလို့လေ၊ ငါ့မှာလည်း သူငယ်ချင်းတွေ ပါလာတာနဲ့ မင်းကို လာနှုတ်ဆက်တာ"
ကျိုးထျန်းက တည်ငြိမ်စွာပင် နေလိုက်သော်လည်း ဝတုတ်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ရန်ကျိဟူသော လူနှင့် ပတ်သက်မှုက သိပ်မကောင်းလှကြောင်း ခန့်မှန်းမိသည်။
ပထမအချက်အနေဖြင့် ဝတုတ်၏ လေသံက အနည်းငယ် ရန်လိုနေပြီး ဒုတိယအချက်အနေဖြင့် ဝတုတ်က မတ်တတ်ပင် ထမရပ်သေးသဖြင့် လာသည့်လူများက စေတနာအမှန်ဖြင့် လာခြင်းမဟုတ်ကြောင်း သူ ကောက်ချက်ချလိုက်သည်။
ထိုသို့ဖြစ်ရာ သူက တံခါးကို အကုန် ဖွင့်ပေးလိုက်ပြီးနောက် လှည့်ပြန်ကာ သူ့နေရာတွင် ပြန်ထိုင်လိုက်ပြီး ထိုလူနှစ်ဦးကို လျစ်လျူရှုထားလိုက်တော့သည်။
မိတ်ဆွေအပေါင်းအသင်းကြားတွင် ရပ်တည်ချက်က အရေးကြီးပြီး ဝတုတ်က သူ့သူငယ်ချင်း ဖြစ်သည်။
ထို့ပြင် ဝတုတ်က အမူအကျင့်နှင့် ဝါသနာအချို့ ဆန်းပြားသည်မှလွဲ၍ ယေဘုယျအားဖြင့် စိတ်ဓာတ်ကောင်းမွန်သူတစ်ဦး ဖြစ်သည်။
သူမနှစ်သက်သည့် လူမျိုးဆိုလျှင် ယခင်က ရန်ငြိုးဟောင်း ရှိခဲ့ခြင်း သို့မဟုတ် လူမဆန်သော အပြုအမူ ရှိခြင်းကြောင့်သာ ဖြစ်ရမည်။
စက္ကန့်ပိုင်းအတွင်း ဤအချက်ကို တွေးမိသွားပြီးနောက် သူက စိတ်အေးလက်အေး ပြန်ထိုင်နေလိုက်သည်။
တံခါးဝရှိ လူနှစ်ဦးမှာ ကျိုးထျန်းက သူတို့ကို လျစ်လျူရှုလိုက်သဖြင့် သိသိသာသာ စိတ်ဆိုးသွားကြသော်လည်း အရေးတယူတော့ မလုပ်ကြချေ။
"ဝတုတ် မင်း မကြာခင်ကပဲ ချမ်းသာသွားတယ်လို့ ငါ ကြားတယ်၊ ဘာလဲ ချမ်းသာလာတော့ သူငယ်ချင်းဟောင်းတွေကို မေ့သွားတာလား"
ရန်ကျိက ပြောရင်း တံခါးခုံကို ကျော်ကာ မည်သည့်အားနာမှုမျှမရှိဘဲ လှမ်းဝင်လာခဲ့သည်။
သူ့နောက်မှ အရပ်ရှည်ရှည်နှင့် လူကလည်း ပြုံး၍ လိုက်လာသည်။
ဝတုတ်မှာ စိတ်ပျက်သွားသည့်ပုံ ပေါ်သော်လည်း မတတ်သာဘဲ ထ၍ ကြိုဆိုလိုက်ရသည်။
"ဟေး မင်းကလည်း ဘာတွေ ပြောနေတာလဲ၊ ငါ့ကို အဲဒီလိုလူမျိုးလို့ ထင်နေတာလား၊ ရောက်လာမှတော့ အတူတူ တစ်ခွက်လောက် သောက်ကြတာပေါ့"
သူက ခွက်ကို ကိုင်ကာ ထိုလူနှစ်ဦးထံ လျှောက်သွားလိုက်သည်။
"ဒါနဲ့ ဒါက"
အရပ်ရှည်ရှည်နှင့်လူက ချက်ချင်းပင် ရှေ့တိုးကာ မိတ်ဆက်လိုက်သည်။
"မင်္ဂလာပါ မစ္စတာချောင် ကျွန်တော့်နာမည် ကုန်းယွမ်ပါ၊ ကျန်းပြည်နယ်ကပါ"
ဝတုတ်က ဝန်ထမ်းခေါ်သည့် ခလုတ်ကို နှိပ်ကာ ပန်းကန်ခွက်ယောက်နှစ်စုံနှင့် ဝိုင်ခွက်များ ယူလာခိုင်းပြီး မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်နှစ်ဦးကို ထိုင်ခိုင်းလိုက်သည်။
ဝတုတ်က ထိုလူနှစ်ဦးနှင့် အတူ အနည်းငယ် သောက်ပြီးနောက် စိတ်မရှည်စွာဖြင့် သူ့နာရီကို အကြိမ်ကြိမ် ကြည့်နေခဲ့သည်။
ရန်ကျိဟူသော လူက ဝတုတ်က သူ့ကို မနှစ်သက်ကြောင်း သတိပြုမိသော်လည်း မျှော့တစ်ကောင်လို ကပ်တွယ်နေဆဲ ဖြစ်ရာ နောက်ဆုံးတွင် ကုန်းယွမ်က အကြိမ်အနည်းငယ် သတိပေးပြီးမှသာ ထိုလူနှစ်ဦး မတ်တတ်ရပ်ကာ ထွက်ခွာသွားကြတော့သည်။
တံခါးပိတ်ပြီးနောက် ကျိုးထျန်းက နောက်ဆုံးတွင် မေးလိုက်သည်။
"သူက ဘယ်သူလဲ"
"ဟဲ အလကား လူလေလွင့်ပဲ" ဝတုတ်က နှာခေါင်းရှုံ့လျက် ပြန်ဖြေသည်။
"ဒီရန်ကျိရဲ့ အဘိုးနဲ့ ငါ့အဘိုးက အရင်တုန်းက လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး အရမ်းရင်းနှီးကြတာ၊ ဒါပေမဲ့ သူ ဆုံးသွားတာ ကြာပါပြီ"
"ဒါပေမဲ့ သူ့အဖေက တော်တော် အရည်အချင်းရှိတယ်၊ အဘိုးကြီးရဲ့ အဆက်အသွယ်တွေနဲ့တင် စီးပွားရေးလောကမှာ တော်တော် အောင်မြင်ပြီး နာမည်ရခဲ့တာ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆို မြို့တော်မှာ လူကုံထံတစ်ယောက်ပေါ့"
"နှမြောစရာကောင်းတာက သူ့အဖေက မနှစ်ကတင် ထောင်ထဲ ရောက်သွားပြီး သူတို့မိသားစုလည်း ဒေဝါလီခံလိုက်ရတယ်"
"ဒါပေမဲ့ ဒီကောင်က အရည်အချင်းမရှိတဲ့အပြင် အသုံးအဖြုန်းကလည်း ကြီးတုန်းပဲ၊ ပိုက်ဆံကို ရေလိုသုံးပြီး အမြဲတမ်းလည်း လေလုံးထွားနေတတ်တာ”
“သန်းရာနဲ့ချီတဲ့ စီမံကိန်းတွေအကြောင်းပဲ အမြဲ ပြောနေတာ၊ တကယ်တော့ အပြင်လူတွေကို လိမ်စားဖို့လောက်ပဲ တတ်တာ"
ဝတုတ်က နှုတ်ခမ်းမဲ့လိုက်သည်။
"ဒါပေမဲ့ သူက မိသားစုရဲ့ အဆက်အသွယ်ဟောင်းတွေကို အမှီပြုပြီး ငါတို့လို အသိုင်းအဝိုင်းက လူတွေကို အကူအညီတောင်းဖို့ ခဏခဏ လာနေတာ”
“ငါတို့က သူ့ကို ကူညီလို့ရမလား၊ လူတွေကို လိမ်စားဖို့ သွားကူရမှာလား"
"ပြီးတော့ ဒီကောင်က အရမ်းကပ်တွယ်တတ်တာ၊ မင်းနဲ့ တစ်ခွက်လောက် သောက်ပြီးတာနဲ့ မင်းမိသားစု နာမည်ကို သုံးပြီး လူတွေကို လိမ်စားဖို့အထိ သတ္တိရှိတာမျိုး"
"ဒါဆို မင်းက ဘာလို့ သူ့ကို သောက်ဖော်သောက်ဖက်လုပ်ပေးနေတာလဲ"
ကျိုးထျန်းက သူ့အား အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဟူး အဘိုးကြီးရဲ့ မျက်နှာကြောင့်ပါ၊ ဒီကောင်က တစ်နှစ်ကို ငါ့အိမ်ကို အကြိမ်ပေါင်းများစွာ လာပြီး အဘိုးကို လာငိုပြ တိုင်နေတာ"
"သူက ရဲဘော်ဟောင်းရဲ့ မြေးဆိုတော့လည်း အဘိုးကြီးက ပစ်ပယ်ထားလို့ မရဘူးလေ၊ အဝေးကနေပဲ ကြည့်ပေးပြီး သူ့ပြဿနာတွေကို အကြိမ်အနည်းငယ် ရှင်းပေးခဲ့ဖူးတယ်"
"အခုတော့ ငါ ပိုက်ဆံတွေ အများကြီး ရှာထားတယ်လို့ ကြားလို့ စီစဉ်နေတာနေမှာပေါ့၊ ပိုက်ဆံ လိမ်ချင်လို့ နေမှာပါ"
"ဒါက မင်း စည်းကမ်းမရှိလို့ ဖြစ်တာ၊ မင်းကို အိမ်မှာ ပိုက်ဆံတွေ ကြွားခိုင်းတာ ဘယ်သူလဲ"
ကျိုးထျန်းက သူ့ကို ရိုက်ကာ စနောက်လိုက်သည်။
"ငါ ဝန်ခံပါတယ်၊ ငါက ပျော်လွန်းလို့ နည်းနည်း ဘဝင်မြင့်သွားလို့ပါ"
ဝတုတ်က သူ့ခေါင်းနောက်ကို ကုတ်ရင်း တဟီးဟီး ရယ်ကာ ပြောလိုက်သည်။
အပြင်ဘက်တွင်မူ ထွက်ခွာသွားခဲ့ပြီဖြစ်သော လူနှစ်ဦးမှာ တိုးတိုးတိတ်တိတ် တိုင်ပင်နေကြသည်။
"အစ်ကိုကျန့်ကျိ အဲဒါ ချောင်မိသားစုက လူမလား"
"ဟုတ်တယ်၊ သူပဲ၊ သူက မကြာခင်ကမှ နာမည်ကြီးလာတာ၊ စွမ်းအင်လုပ်ငန်းမှာ အများကြီး မြတ်သွားတယ်လို့ ကြားတယ်"
ကျန့်ကျိ၏ မျက်ဝန်းများက သဘောကျစွာဖြင့် တောက်ပနေပြီး အခြားလူများ၏ မနှစ်သက်မှုကို လုံးဝ ဂရုမစိုက်ချေ။
"ဟဲဟဲ သူက အခုတလော အရမ်း ဝလာတယ်၊ သူ့ဆီက ပိုက်ဆံအချို့ ညှစ်ထုတ်ဖို့ နည်းလမ်း ရှာရမယ်"
ကုန်းယွမ်က မျက်လုံးကို အကြိမ်အနည်းငယ် ကစားလိုက်ပြီးနောက် ပြောလိုက်သည်။
"အစ်ကိုကျန့်ကျိ ငါတို့ သူ့ကို ဖားဖို့ နည်းလမ်းရှာသင့်လား၊ သူ့ဆီ မိန်းမအချို့ ပို့ပေးရင် ဘယ်လိုလဲ"
"ဒါပေါ့ ဒါပေမဲ့ ဒီကောင်က အကြိုက်ဆန်းတယ်၊ ငါတို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်"
ကျိုးထျန်းနှင့် အခြားလူများသည် ည ၉ နာရီကျော်အထိ သောက်စားကြပြီးနောက် ကလပ်မှ အချင်းချင်း တွဲဖက်ကာ ယိုင်တိယိုင်တိုင်ဖြင့် ထွက်လာခဲ့ကြသည်။
သူက ဝတုတ်ကို ကားမောင်းမခိုင်းဘဲ တက္ကစီတစ်စီး တားလိုက်သည်။
"ဆရာ CCTV ရုံးချုပ်ဘေးက ပေါင်ကော ဟိုတယ်ကို သွားပေးပါ"
(CCTV က မုယန် ဝင်ပြိုင်နေတဲ့ ရုံးကိုပြောတာပါ)
"ကောင်းပါပြီ"
ပေကျင်းမြို့က တက္ကစီဒရိုင်ဘာများအားလုံးက နိုင်ငံရေးဝေဖန်ရေးသမားများ ကဲ့သို့ပင် ဖြစ်ရာ ဒရိုင်ဘာက မရပ်မနား စကားပြောနေသဖြင့် ကျိုးထျန်းပင် ခေါင်းမူးချင်လာသည်။
မြို့နှစ်မြို့စလုံးက မီးရောင်စုံများဖြင့် စည်ကားနေသော်လည်း ဤမြို့က ရှန်ဟိုင်းနှင့် အဆောက်အအုံများသာမက ပို၍အရေးကြီးသည်မှာ လေထုက ကွဲပြားနေခြင်းပင် ဖြစ်သည်။
ခရီးက မဝေးလှသဖြင့် သူက ဟိုတယ်သို့ မြန်ဆန်စွာပင် ရောက်ရှိလာခဲ့သည်။
သူ ဤနေရာသို့ လာရခြင်း အကြောင်းရင်းက ရိုးရှင်းပေသည်။
မုယန်က အပေါ်ဆုံးထပ် ပင့်ဟောက်စ်ဆွတ်ခန်း တွင် တည်းခိုနေခြင်းကြောင့် ဖြစ်သည်။
၎င်းက ဟိုတယ်က အထူးကောင်းမွန်လွန်း၍ မဟုတ်သလို ဟယ်ဝေရွှမ်းကြောင့်လည်း မဟုတ်ဘဲ CCTV ရုံးချုပ်နှင့် မီတာ ၁၅၀ ပင် မပြည့်သဖြင့် နီးကပ်လွန်းသောကြောင့် ဖြစ်သည်။
ထိုသို့သော တည်နေရာမျိုးက သဘာဝကျကျပင် အခန်းခက အလွန်ကြီးမြင့်လှသော်လည်း မုယန်ကမူ သူ့ဆန္ဒကို မငြင်းဆန်နိုင်ဘဲ နောက်ဆုံးတွင် သူ့အစီအစဉ်ကို သက်ပြင်းချကာ သဘောတူခဲ့ရခြင်း ဖြစ်သည်။
"မင်္ဂလာပါ ငါ အခန်းနံပါတ် ၂၀၀၆ ကို သွားချင်လို့ပါ"
"လူကြီးမင်း လူတစ်ယောက်ယောက်ကို လာရှာတာလားရှင့်"
ဟု ဧည့်ကြိုဝန်ထမ်းအမျိုးသမီးက ပြုံး၍ မေးလိုက်သည်။
"ဒီလိုပါပဲ နည်းနည်း စစ်ပေးပါဦး၊ အခန်းခရှင်းတဲ့ အကောင့်က ငါ့နာမည်နဲ့ပါ၊ ဒါက ငါ့ရဲ့ မှတ်ပုံတင်ပါ၊ အခန်းကိုလည်း ငါပဲ ကြိုတင်မှာထားတာပါ"
ဧည့်ကြိုဝန်ထမ်း၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားသွားပြီး မိနစ်အနည်းငယ်အတွင်း စစ်ဆေးပြီးသွားသည်။
"ဟုတ်ကဲ့ပါ လူကြီးမင်း မှန်ပါတယ်၊ လူကြီးမင်းရဲ့ အခန်းပါပဲ၊ လက်ရှိ တည်းခိုနေတဲ့ ဧည့်သည်ကို အကြောင်းကြားပေးရမလားရှင့်"
"မလုပ်ပါနဲ့ ငါက သူ့ကို အံ့သြသွားအောင် လုပ်မလို့ပါ"
ဟု ကျိုးထျန်းက ပျာပျာသလဲ ပြောလိုက်သည်။
"နားလည်ပါပြီရှင်" ဟု ဧည့်ကြိုဝန်ထမ်းက သိနားလည်သည့် အပြုံးဖြင့် ချက်ချင်း အိုကေအချက်ပြလိုက်သည်။
"ငါ့ကို အခန်းဝင်ခွင့် လုပ်ပေးပြီး အခန်းသော့တစ်ချောင်း ပေးပါ"
"စိတ်မကောင်းပါဘူး လူကြီးမင်း အဲဒီလို လုပ်ပေးလို့ မရပါဘူး၊ လူကြီးမင်းက အခန်းကြိုတင်မှာထားတာ မှန်ပေမဲ့ အပေါ်ကို ဒီအတိုင်း တက်သွားလို့ မရပါဘူး ကျွန်မတို့အနေနဲ့ တည်းခိုသူတွေရဲ့ လုံခြုံရေးကို အာမခံရပါမယ်ရှင်"
ကျိုးထျန်း ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောဘဲ ဖုန်းကို ချက်ချင်းထုတ်ကာ ဟယ်ဝေရွှမ်း၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
သုံးမိနစ်အကြာတွင် ဟိုတယ်မန်နေဂျာက အပြေးအလွှား ထွက်လာပြီး သူ့အထုပ်အပိုးများကို ကူညီသယ်ယူပေးကာ သူ့ကို အပေါ်ထပ်အထိ ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးတော့သည်။
‘အင်း အဆက်အသွယ် ရှိတာက တကယ်ပဲ အရာရာကို အဆင်ပြေစေတာပဲ’