အခန်း ၃၉၆
Vol. 40 Ch. 396
🍋 Chapter 396
ကျိုးထျန်း၏ ဦးနှောက်က အလျင်အမြန်ပင် အလုပ်လုပ်သွားပြီး ဤ "ယုတ္တိမရှိသော" ရှင်းပြချက်ကို စဉ်းစားလိုက်ခြင်း ဖြစ်ပေသည်။
ကျောက်ရှင်း၏ မျက်နှာက ၃၀၀ ဆအရှိန်ဖြင့် မှည့်ဝင်းလာသော ပန်းသီးတစ်လုံး၏ မှတ်တမ်းတင်ဗီဒီယိုကဲ့သို့ တဖြည်းဖြည်းနှင့် နီရဲလာတော့သည်။
"နင်..နင် နင်တို့"
[ကျောက်ရှင်း၏ အချဉ်ဓာတ် +၉၉]
[ကျောက်ရှင်း၏ အချဉ်ဓာတ် +၉၉]
[ကျောက်ရှင်း၏ အချဉ်ဓာတ် +၉၉]
ဆက်တိုက် ထွက်ပေါ်လာသော အမြင့်မားဆုံး အချဉ်ဓာတ်အဆင့် ဒါဇင်ဝက်ခန့်က သူမ သူ့စကားကို လုံးဝ မယုံကြည်ကြောင်း ကျိုးထျန်းအား ထင်ရှားစွာ သတိပေးနေပေသည်။
ကျောက်ရှင်းမှာ နေရာတွင်ပင် ဆွံ့အလျက် ကျန်ရစ်ပြီး အသက်ရှူသံများ မမှန်မကန် ဖြစ်ကာ အတွေးများ ကမ္ဘာပျက်နေတော့သည်။
"ဟိုလေ နင် ရေချိုးခန်း သုံးရဦးမယ် မလား"
ကျိုးထျန်းက သတိပေးလိုက်သည်။
"အော် ဟုတ်သားပဲ၊ ငါ ရေချိုးခန်း သွားရဦးမယ်"
ကျောက်ရှင်းက ပျာပျာသလဲ လှည့်ပြန်ကာ ခြေလှမ်းတောင့်တောင့်များဖြင့် ရေချိုးခန်းဆီသို့ အပြေးအလွှား သွားတော့သည်။
သူမ တံခါးပိတ်လိုက်သည်နှင့် ကျိုးထျန်းက အခန်းသန့်ရှင်းရေးလုပ်ပေးရန် ဟိုတယ်ဝန်ဆောင်မှုဌာနထံ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်သည်။
"ဟူး"
ဖုန်းချပြီးနောက် သူ ဧည့်ခန်းထဲသို့ လျှောက်လာရာ မုယန်သည် ဆိုဖာခေါင်းအုံးတစ်ခုဖြင့် သူမ၏ မျက်နှာကို အုပ်ထားပြီး ခရုတစ်ကောင်လို ကွေးနေသည်ကို မြင်လိုက်ရသည်။
"ငါ အကုန်မြင်ပြီးပြီနေတာကို၊ ဝင်ပုန်းနေလည်း အလကားပဲ"
"ဒါတွေအားလုံး နင့်ကြောင့် အခုတော့ ငါ မမရှင်းနဲ့ ဘယ်လိုလုပ် အတူတူ ဆော့လို့ ရတော့မှာလဲ"
"ရပါတယ် သူလည်း မမြင်ချင်ယောင်ဆောင်ပေးမှာပါ၊ ပြီးတော့ ဒါက ပုံမှန်ပဲလေ၊ သူကမှ ငါတို့ကို လာနှောင့်ယှက်တာ"
"ဟွန့်"
မန်နေဂျာက အထူးမှာကြားထား၍ ထင်သည်။
သန့်ရှင်းရေးဝန်ထမ်း အန်တီကြီးက အလွန်ပင် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
သူမသည် အိပ်ရာခင်းနှင့် စောင်အသစ်များအပြင် ရေချိုးခန်းသုံး ပစ္စည်းအစုံအလင်ကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့သည်။
မိနစ်အနည်းငယ်အကြာတွင် အန်တီကြီး အိပ်ရာခင်းလဲနေသည့် အသံကို ကြားရ၍ ထင်သည်။
ကျောက်ရှင်းက ရေချိုးခန်းထဲမှ အသာအယာ ငုံ့စိစိဖြင့် ထွက်လာခဲ့သည်။
သူမ အိပ်ခန်းထဲမှ ထွက်၍ ဧည့်ခန်းထဲသို့ လျှောက်လာသောအခါ မုယန်က ကျိုးထျန်း၏ ပေါင်ကို လိမ်ဆွဲနေသဖြင့် ကျိုးထျန်းတစ်ယောက် မျက်နှာ ပုံပျက်ပန်းပျက် ဖြစ်နေသည်ကို မြင်လိုက်ရသည်။
"မု မုယန်၊ ငါတို့ ခဏနေရင် ဈေးဝယ်ထွက်ကြမလား"
ကျောက်ရှင်းက သတိထား၍ မေးလိုက်သည်။
"နင်တို့ ဟိုတယ်က အပန်းဖြေစရာ နေရာတွေမှာပဲ ဆော့ကြပါ”
“မြို့တော်ရဲ့ လေထုက သိပ်မကောင်းဘူး၊ အပြင်ကို သိပ်မထွက်နဲ့" ကျိုးထျန်းက မုယန်ကိုယ်စား ဝင်ဖြေပေးလိုက်သည်။
"အော်"
သူတို့နှစ်ဦးစလုံး မျက်နှာနီမြန်းကာ ခေါင်းငုံ့သွားကြသဖြင့် ကျိုးထျန်းလည်း အနေခက်စွာဖြင့် ချောင်းတစ်ချက် ဟန့်လိုက်ရသည်။
"ဟို ဒီနေ့ညကျရင် အတူတူ ညစာ စားကြတာပေါ့၊ ငါလည်း မြို့တော်ကို ပထမဆုံးအကြိမ် ရောက်တာဆိုတော့ ကောင်းတဲ့ ဆိုင်တစ်ဆိုင် ရွေးလိုက်ကြ၊ ငါ အကုန်ကျခံပါမယ်"
"ကောင်းပါပြီ"
"ကဲ အားလုံး အပြင်ထွက်လို့ ရပါပြီ၊ ငါ တစ်ယောက်တည်း ခဏ နေချင်လို့၊ ရှင်းစရာ ကိစ္စအချို့ ရှိသေးတယ်"
"ကောင်းပြီ"
"ဟင်"
ပစ္စည်းများကို သယ်ကာ အပြင်သို့ လှမ်းထွက်နေသည့် သန့်ရှင်းရေးအန်တီကြီးကပါ ဝင်ထူးလိုက်ပြီး သူတို့သုံးဦးကို "ဒီခေတ် လူငယ်တွေ ကစားတတ်လိုက်တာ" ဟူသော အကြည့်မျိုးဖြင့် ကြည့်သွားတော့သည်။
အခန်းထဲတွင် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
သူက ရေသန့်တစ်ပူးကို ကောက်ကိုင်ကာ အဖုံးဖွင့်ပြီး မော့သောက်လိုက်သည်။
သူ နှုတ်ခမ်းကို သပ်လိုက်သည်။
ဆယ်ဂဏန်းလောက် ပေးရသည့် ဤရေသန့်ကလည်း ထူးထူးခြားခြား ဖြစ်မနေပါချေ။
အားလုံးက လူလိမ်ကွက်များသာ ဖြစ်သည်။
သူက ကိစ္စရှိသည်ဟု ပြောခြင်းမှာ မိန်းကလေးနှစ်ဦးကို အနေမခက်စေရန် ဖယ်ပေးလိုက်ခြင်း သာ ဖြစ်သည်။
မဟုတ်ပါက အချင်းချင်း စိုက်ကြည့်နေကြလျှင် အလွန် အနေခက်စရာ ကောင်းပေလိမ့်မည်။
ပျင်းလာသဖြင့် ဖုန်းကို ထုတ်ကာ ဝတုတ်ထံ ဘာလုပ်နေလဲဟု မေးရန် စာပို့လိုက်သည်။
အကယ်၍ အားနေပါက ညစာ အတူတူစားရန် သို့မဟုတ် အပြင်၌ ခဏ လျှောက်လည်ရန် စဉ်းစားထားခြင်း ဖြစ်သည်။
ထိုကောင်က ဒေသခံတစ်ဦးဖြစ်ရာ မည်သည့်နေရာတွင် အစားအသောက် ကောင်းပြီး ပျော်စရာကောင်းသည်ကို အသေအချာ သိပေလိမ့်မည်။
သူ စာပို့ပြီးပြီးချင်းမှာပင် ထိုကောင်က ဖုန်း တိုက်ရိုက် ခေါ်ဆိုလာခဲ့သည်။
"ကျိုးထျန်း ငါတော့ ကံဆိုးတာပဲ"
ဝတုတ်က စိတ်ပျက်လက်ပျက် လေသံဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ မြန်မြန် ပြောစမ်းပါဦး"
ကျိုးထျန်းက ဖရုံစေ့တစ်ထုပ်ကို ကောက်ကိုင်ကာ အခွံနွှာစားရင်း မေးလိုက်သည်။
"မနေ့က မင်းတို့နဲ့ လမ်းခွဲပြီးတော့ ငါ သူငယ်ချင်းတစ်ယောက်ရဲ့ ပါတီကို သွားတာ၊ ဘားမှာ မိန်းကလေးတစ်ယောက်နဲ့ ဆုံတယ်၊ တကယ့်ကို အချောအလှလေးကွ"
"မင်း သိတဲ့အတိုင်း ငါက အဲဒီလို ပုံစံမျိုးဆိုရင် သဘောကျတာလေ"
"အင်း ဒါကို ကမ္ဘာပေါ်က လူတိုင်း သိကြပါတယ်"
ကျိုးထျန်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။
"အဲဒီမိန်းကလေးကလည်း တော်တော်လေး ညို့ဓာတ်ပြပြီး လေသံလေးကလည်း ချိုတယ်၊ ငါလည်း တကယ် သဘောကျသွားတာနဲ့ ဟိုတယ်ကို သွားပြီး 'ဘဝအကြောင်း ဆွေးနွေး' ဖို့ သဘောတူလိုက်ကြတာပေါ့"
"အင်း ဒါက ပုံမှန် လုပ်ထုံးလုပ်နည်းပဲ၊ မင်းရဲ့ စရိုက်နဲ့ ကွက်တိပဲ"
"ဒါပေမဲ့ ငါတို့ ဘဝအကြောင်း စပြီး ဆွေးနွေးရုံပဲ ရှိသေးတယ်၊ ငါ့ဘောင်းဘီတောင် မချွတ်ရသေးခင်မှာပဲ လူတွေ ဝုန်းခနဲ ဝင်လာကြတာပဲ"
"ပျားရည် ထောင်ချောက် လား"
ထိုအရာကို ကြားသောအခါ ကျိုးထျန်းက စိတ်လှုပ်ရှားစွာဖြင့် ဖရုံစေ့တစ်ဆုပ်ကို ထပ်မံ ကောက်ကိုင်လိုက်သည်။
"တောက် အစကတော့ ငါလည်း အဲဒီလို ထောင်ချောက် ထင်တာ၊ ဒါပေမဲ့ ဝင်လာတာက ရဲတွေလည်း မဟုတ်ဘူး၊ အဲဒီမိန်းမရဲ့ ရည်းစား ဒါမှမဟုတ် လင်ယောက်ျားလည်း မဟုတ်ဘူး၊ ဟိုတယ်က ဝန်ထမ်းတွေကွ"
"ဟင် ဒါက ထောင်ချောက်ရဲ့ ပုံစံအသစ်လား"
"မဟုတ်ဘူး ဟိုတယ်မှာ မီးလန့်တဲ့ အချက်ပေးသံ မြည်လို့ ဝန်ထမ်းတွေက ဧည့်သည်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးတာ"
"အော် ဒါဆိုရင်လည်း ဘာမှ မဖြစ်ပါဘူး"
ကျိုးထျန်း ချက်ချင်း ပျင်းသွားပြီး လက်ထဲက ဖရုံစေ့များပင် အရသာ ပျက်သွားသလို ခံစားလိုက်ရသည်။
"အေး မီးလန့်တာက ဘာမှ မဖြစ်ပါဘူး၊ ဒါပေမဲ့ ငါတို့ စောင်ကို ခြုံပြီး အောက်ထပ် ရောက်သွားတဲ့အချိန်မှာ ပြဿနာ တက်တာ"
ဝတုတ်က ရင်ဘတ်ကို တဒုန်းဒုန်း ထုရင်း စိတ်ပျက်လက်ပျက် ပြောရှာသည်။
"နေဦး မင်း စောစောက ဘောင်းဘီ မချွတ်ရသေးဘူး ဆို၊ ဘာလို့ စောင် ခြုံထားရတာလဲ"
"ငါက မချွတ်ရသေးပေမဲ့ သူတို့က အရမ်း ဧည့်ဝတ်ကျေလွန်းလို့လေ" ဟု ဝတုတ်က ဆိုသည်။
ကျိုးထျန်း မေးစေ့ကို ပွတ်လိုက်ရင်း တစ်ခုခုတော့ မှားနေပြီဟု ခံစားလိုက်ရသည်။
"အဲဒီနောက် ငါတို့ ဟိုတယ်အပြင်ဘက်မှာ အခြား ဧည့်သည်တွေနဲ့အတူ ရပ်နေတုန်း မိန်းကလေးတစ်ယောက် ရောက်လာပြီး ငါ့ဘေးက အမျိုးသမီးရဲ့ ပုခုံးကို ပုတ်လိုက်တယ်"
"အသိလား"
"ဟုတ်တယ် အသိတင်မကဘူး၊ အဲဒီမိန်းမရဲ့ မရီး (အစ်ကို့မိန်းမ) ဖြစ်နေတာ"
ဝတုတ်က မျက်နှာကို လက်ဖြင့် အုပ်လိုက်သည်။
"သူက ငါတို့ကို အလွတ်မပေးဘဲ ရဲစခန်းဆီ ဆွဲခေါ်ဖို့ လုပ်တဲ့အပြင် သူ့အစ်ကို့ကိုပါ ဖုန်းဆက်ခေါ်လိုက်တယ်"
"ဒါနဲ့ မင်း ဘယ်လို ရှင်းလိုက်လဲ၊ အိုက်တင်တွေနဲ့ အရင်လို အရိုက်ခံလိုက်ရပြန်ပြီလား"
ကျိုးထျန်း ဖရုံစေ့ကို ပြန်၍ ကောက်စားလိုက်သည်။
"အရိုက်ခံရရုံတင်ဆိုရင် တော်သေးတာပေါ့၊ သူ့ယောက်ျား ရောက်လာတော့ ငါ့ကိုလည်း မရိုက်ဘူး၊ သူ့မိန်းမကိုလည်း မရိုက်ဘူး”
“ဖုန်းကို ထုတ်ပြီး ငါ့ကို ဗီဒီယို လိုက်ရိုက်တာ၊ ပြီးတော့ ဗီဒီယိုတိုရိုက်တဲ့ လူတွေကိုပါ ဖုန်းဆက်ခေါ်လိုက်သေးတယ်"
"အင်း ဒါကတော့ တော်တော် ရက်စက်တာပဲ၊ ဒါပေမဲ့ မင်းတို့ မိသားစုက ပြန်ကြားရေးကဏ္ဍကို ကိုင်ထားတာပဲ၊ ဒီလို ကိစ္စမျိုးကို မဖြေရှင်းနိုင်ဘူးလား"
"ဟို သာမန်လူဆိုရင်တော့ ရှင်းရလွယ်တာပေါ့၊ ဒါပေမဲ့ တစ်ဖက်လူက အစိုးရစနစ်ထဲက လူ ဖြစ်နေတာ ဟူး"
ဝတုတ်က သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။
"ဒါဆို မင်း ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ"
"ငါ သူ့ရဲ့ အထက်လူကြီးနဲ့ စကားပြောပြီး ရာထူးတိုးတာတို့ အခြား အကျိုးအမြတ်အချို့ ပေးဖို့ပဲ ရှိတာပေါ့၊ ပြီးတော့ ဒါကို ငါ့အဘိုး လုံးဝ သိလို့ မဖြစ်ဘူး၊ မဟုတ်ရင် ငါ လနဲ့ချီပြီး အပြစ်ပေးခံရလိမ့်မယ်"
"မင်း ခံရမှာပဲ" ကျိုးထျန်းက ရယ်မောကာ ဆဲဆိုလိုက်သည်။
"မင်း ဒီအကျင့်ကို မပြင်ရင် တစ်နေ့နေ့တော့ အသေ အရိုက်ခံရလိမ့်မယ်"
"ဟူး ငါလည်း ပြင်ချင်တာပေါ့၊ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်က ခွင့်မပြုဘူး ဖြစ်နေတာ"
သူနှင့် ခဏမျှ စကားပြောပြီးနောက် ဖုန်းချလိုက်သည်။ သူ့၏ ကိုယ်ရေးကိုယ်တာ ဘဝကိုမူ သူ ဝင်ရောက် မစွက်ဖက်နိုင်ချေ။
သူ့စကားအရဆိုလျှင် သူ့အပြစ်နှင့်သူ ခံရခြင်း ဖြစ်သဖြင့် ဒီအတိုင်းပဲ လွှတ်ထားလိုက်တော့မည်။
နောက်ရက်အနည်းငယ်အတွင်း သူ့ကို ညစာ ဖိတ်ကျွေးရန် မဖြစ်နိုင်တော့ပေ။
လက်ရှိ အခြေအနေအရ သူ အိမ်မှာပဲ နေပြီး အမှားကို ဆင်ခြင်နေခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ထို့နောက် မတ်တတ်ရပ်ကာ အကြောဆန့်လိုက်သည်။
"ဟူး ထားလိုက်ပါတော့၊ ငါလည်း အပြင်ထွက်ပြီး လမ်းလျှောက်ဦးမယ်၊ မြို့တော်ကို ပထမဆုံးအကြိမ် ရောက်တာပဲ၊ ဘာပဲဖြစ်ဖြစ် အဲဒီနှစ်ယောက်က ညစာစားချိန်အထိ အလုပ်ရှုပ်နေကြမှာဆိုတော့ ငါနဲ့ ဆုံမှာ မဟုတ်ပါဘူး"
သူ ကုတ်အင်္ကျီကို ဝတ်ဆင်ကာ အခန်းထဲမှ လှမ်းထွက်ခဲ့သည်။
ဤလတွင် မြို့တော်က စတင်၍ အေးစိမ့်လာခဲ့ပြီ ဖြစ်ရာ လမ်းမများပေါ်တွင် ဆောင်းဦးလေပြေက အေးစိမ့်လှပေသည်။
သူ စူးရှသော ဆောင်းဦးလေကြောင့် ကုတ်အင်္ကျီ ကော်လံကို တင်းတင်းဆွဲစေ့လိုက်သည်။
တကယ်ပင် အနည်းငယ် အေးစိမ့်လှပေသည်။
ရှန်ဟိုင်းနှင့် မတူသည်မှာ ဤနေရာ၏ လေထုက ပို၍ ခြောက်သွေ့ခြင်းပင် ဖြစ်သည်။
ရောက်ရှိလာသည်မှာ တစ်ရက်သာ ရှိသေးသော်လည်း ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ကျိုးထျန်း၏ လည်ချောင်းက ခြောက်သွေ့အက်ကွဲနေသလို ခံစားရသည်။
သူ လမ်းလျှောက်ရင်း လည်ပတ်နေစဉ်တွင် ပဲနို့ရည် (ပဲပုပ်ရည်) ရောင်းသည့် ဆိုင်တစ်ဆိုင်ကို တွေ့ရှိခဲ့သည်။
သူ ၎င်းကို အမြဲတမ်း စူးစမ်းလိုစိတ် ရှိခဲ့သဖြင့် မြည်းစမ်းကြည့်ရန် စဉ်းစားလိုက်ကာ
ဖူး
ကျိုးထျန်းတစ်ယောက် အန်ချင်စိတ် ပေါက်လာသဖြင့် ဆိုင်ရှင်၏ အရိုက်ခံရခြင်းမှ ကင်းဝေးစေရန် ယွမ်တစ်ရာတန် တစ်ရွက်ကို စားပွဲပေါ် ပစ်ချကာ ဆိုင်ထဲမှ အပြေးအလွှား ထွက်ခွာခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် အနှိပ်ခံနေသည့် ကျောက်ရှင်းက မုယန်ကို ခိုးကြည့်လိုက်ပြီး တိုးတိုးလေး ကပ်မေးလိုက်သည်။
"မုယန် မုယန်"
"အင်း. ဘာလဲ မမရှင်း"
"ဟိုလေ ညက နင်နဲ့ ကျိုးထျန်း"
မုယန်က အနှိပ်ကုတင်ပေါ်တွင် သူမ၏ ခေါင်းကို မြှုပ်ထားဆဲဖြစ်ပြီး ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်။