← Chapters

အခန်း ၄၃၉

Vol. 44 Ch. 439

အခန်း ၄၃၉

Vol. 44 Ch. 439

အခန်း ၄၃၉ ရဟန္တာများ အားလုံး ကျဆုံးခြင်း။ ထျန်းလုံဘုန်းကြီးကျောင်း ပျက်စီးခြင်း

ကျန်းချဲ့က ရဟန္တာ ဝူချန်၏ ခေါင်းကို ခုတ်ဖြတ်လိုက်သည့် အချိန်တွင် လေဟာနယ် တစ်ခုလုံးပင် ရပ်တန့်သွားသည့်အလား ဖြစ်သွားသည်။ မရေမတွက်နိုင်သော အကြည့်များက ထိုနေရာသို့ ရောက်ရှိလာပြီး အားလုံး၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ အပြည့်အဝ ရှိနေ၏။

"ကျောင်းထိုင်ဆရာတော်..."

"ဆရာတော်..."

"အစ်ကို ဝူချန်..."

အခြား ရဟန္တာများ၏ နှုတ်မှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး မျက်လုံးများ နီရဲသွားကြသည်။ သူတို့က ကျန်းချဲ့အပေါ် ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားကြ၏။ သေရန် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ကျောင်းထိုင်ဆရာတော်၏ ခေါင်း ခုတ်ဖြတ်ခံရသည်ကို မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသောအခါ သူတို့ ဘယ်လိုလုပ် သည်းခံနိုင်မည်နည်းဟု တွေးတောမိကြသည်။

မျက်တောင်တစ်ခတ်အတွင်း ရဟန္တာ သုံးပါးက မိမိတို့၏ ပြိုင်ဘက်များကို အသီးသီး စွန့်လွှတ်ကာ အရပ်သုံးမျက်နှာမှ ကျန်းချဲ့ဆီသို့ အပြေးအလွှား ဝင်ရောက်လာကြသည်။ အရာအားလုံးကို ရင်းနှီး၍ ကျန်းချဲ့ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်ပြီး လက်စားချေရန် ရည်ရွယ်ထားပုံရ၏။

သို့သော် သူတို့ လုပ်နိုင်မည် မဟုတ်ကြောင်းမှာ သေချာလွန်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် အခြားသော မဟာသိုင်းသခင်ကြီးများက လက်ပိုက် ကြည့်နေကြမည် မဟုတ်သောကြောင့်ပင်။ ကျန်းချဲ့က ဝူချန်ကို သတ်ဖြတ်လိုက်ပြီးနောက် ဤတိုက်ပွဲက အနိုင်ရရှိသွားပြီ ဖြစ်ကြောင်း အားလုံး သိထားကြသည်။ ဤအချိန်တွင် အနောက်မှ ဆွဲထားပါက နောက်ပိုင်းတွင် အကျိုးအမြတ် ခွဲဝေရာ၌ ဘယ်လိုလုပ် မျက်နှာပြရဲမည်နည်းဟု တွေးမိကြသည်။

ထို့ကြောင့် ရဟန္တာ သုံးပါး စတင် လှုပ်ရှားလိုက်ချိန်မှာပင် လျူဆန်းချိုးနှင့် ယွီဝေ့ရွှေတို့ မဟာသိုင်းသခင်ကြီး နှစ်ပါးက မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ နောက်ဆုံး လှည့်ကွက်များကို အသုံးပြုကာ ရဟန္တာ နှစ်ပါးကို တိုက်ရိုက် တားဆီးလိုက်ကြသည်။ ကျိုးရွှမ်ကတော့ ဤအခွင့်အရေးကို အသုံးချကာ ဓမ္မရုပ်တုအဆင့် ရဟန္တာ တစ်ပါးကို တစ်ချက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာရသွားစေခဲ့၏။

တစ်ချိန်တည်းမှာပင် ချီမိသားစုမှ မဟာသိုင်းသခင်ကြီး နှစ်ပါး၊ ချီရွှယ်မိစ္ဆာသခင်နှင့် မိစ္ဆာနဂါး အောက်ခွန်းတို့ အားလုံးကလည်း ထိုရဟန္တာများကို လျင်မြန်စွာ အဆုံးသတ်ရန် နည်းလမ်းများကို အသီးသီး အသုံးပြုလိုက်ကြသည်။ ထိုအထဲတွင် ချီရွှယ်မိစ္ဆာသခင်က သူ၏ ပြိုင်ဘက်ကို ပြောင်းလဲလိုက်ပြီး အောက်ခွန်းနှင့် ပူးပေါင်းကာ အသက်ရှူသံများ လျင်မြန်စွာ အားနည်းလာနေသော ဆရာတော်ကြီး တစ်ပါးကို ဖိနှိပ်လိုက်တော့သည်။

အောက်ဘက်ရှိ တိုက်ပွဲကတော့ ပို၍ပင် ပြင်းထန်လှပေသည်။ ကျန်းချဲ့ ခေါ်ဆောင်လာသော အနက်ရောင်ရုံးတော်မှ သိုင်းပညာရှင် တစ်ယောက်စီတိုင်းမှာ အဆင့်တူများထဲတွင် ထိပ်တန်း အဆင့်ရှိသူများ ဖြစ်ကြသည်။ ထို့အပြင် အတွေ့အကြုံ ရင့်ကျက်သော စစ်သည် ထောင်နှင့်ချီကလည်း ထျန်းလုံဘုန်းကြီးကျောင်း အတွင်းရှိ ဘုန်းကြီးများကို အဆက်မပြတ် သတ်ဖြတ်နေကြ၏။

မြေပြင်ပေါ်တွင် ပြတ်တောက်နေသော ခြေလက်အင်္ဂါများ ပြန့်ကျဲနေပြီး သွေးနံ့များက ထျန်းလုံဘုန်းကြီးကျောင်း တစ်ခုလုံးကို ဖုံးလွှမ်းနေသည်။ ယခင်က ဗုဒ္ဓဘာသာဂိုဏ်း၏ သန့်ရှင်းသော နယ်မြေမှာ ယခုအခါ ငရဲပြည် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်၏။ မြင်ရသူတိုင်းကို အနည်းငယ် ဝမ်းနည်းသွားစေသည်။

ကျန်းချဲ့က ဖြည်းညင်းစွာ အသက်ရှူနေပြီး သူ၏ ခွန်အားများကို ပြန်လည် ဖြည့်တင်းရန်အတွက် အမျိုးမျိုးသော ဝိညာဉ်အရည်များနှင့် ဆေးလုံးများကို ဆက်တိုက် သန့်စင်နေသည်။ ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်တု အထူးစွမ်းရည်နှင့် နောက်ဆုံး အသက်လု တိုက်ခိုက်မှုကြောင့် သူကိုယ်တိုင်လည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့သည် မဟုတ်ပါလား။ အချိန်တိုလေး အတွင်းမှာတော့ ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

"အဆင်ပြေရဲ့လား..."

အနားယူနေစဉ် ကျန်းချဲ့၏ နားထဲတွင် နူးညံ့သိမ်မွေ့သော အသံလေး တစ်ခု ထွက်ပေါ်လာပြီး စိုးရိမ်ပူပန်မှု အချို့ ပါဝင်နေ၏။ ၎င်းမှာ ကျောက်ရှန်းကျီပင် ဖြစ်သည်။

စောစောက ထိုအမျိုးသမီး ဝူချန်၏ အာရုံစိုက်ခြင်းကို ခံလိုက်ရချိန်တွင် အပြင်းအထန် ဒဏ်ရာရမည်ဟု ထင်မှတ်ထားခဲ့ပြီး အသက်ကယ် နည်းလမ်းများကိုပင် ပြင်ဆင်ထားခဲ့သည်။ သို့သော် ကျန်းချဲ့က အတင်းအဓမ္မ ဝင်ရောက် တားဆီးပေးခဲ့သဖြင့် ရင်ထဲတွင် အလွန် နွေးထွေးသွားခဲ့ရ၏။ ထိုအမျိုးသမီးက ကျန်းချဲ့အတွက် အလုပ်လုပ်ပေးနေပြီး မည်သည့် အကျိုးအမြတ်မျှ မရသေးသော်လည်း ကျန်းချဲ့က ထိုမိန်းမလှလေး၏ အသက်အန္တရာယ်ကို ဤမျှလောက် ဂရုစိုက်ပေးခြင်းက ကျောက်ရှန်းကျီ၏ ရင်ထဲတွင် အနည်းငယ် ကြည်နူးသွားစေသည်။ အခြား တိုက်ခိုက်နေသူများကို ဂရုမစိုက်တော့ဘဲ ကျန်းချဲ့ကို တိုက်ရိုက် သွားရောက် ထိန်းကိုင်ပေးလိုက်သည်။

"ရပါတယ်..."

ကျန်းချဲ့က လက်ကာပြကာ ပြဿနာ မရှိကြောင်း အချက်ပြလိုက်သည်။

"ရှင် ဒီတစ်ခေါက် အရမ်း စွန့်စားလွန်းတယ်... အဲဒီ ယင်ယန် မိစ္ဆာမီးတောက်တွေက ဝူချန်ရဲ့ မူလဝိညာဉ် တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ... ရှင်က ကျမ ကိုယ်စား အဲဒီ တိုက်ခိုက်မှုကို ခံယူလိုက်ရမှာပေါ့... ကျမက ဘာပဲပြောပြော ရှန်ရှန်းအဆင့် နောက်ပိုင်းက စစ်မှန်သောသခင် တစ်ပါးပါ... အပြင်းအထန် ဒဏ်ရာရသွားရင်တောင် ပြန်ကောင်းနိုင်သေးတယ်... ဒါပေမဲ့ ရှင်က မူလဝိညာဉ်ကို မလေ့ကျင့်ရသေးဘူးလေ... အကယ်လို့ တစ်ဖက်လူရဲ့ ပစ်မှတ်ထားခြင်း ခံလိုက်ရရင်..."

ကျောက်ရှန်းကျီက မျက်မှောင်ကြုတ်ကာ တတွတ်တွတ် ပြောနေပြီး စကားလုံးတိုင်းက ကျန်းချဲ့အပေါ် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။

"မင်း အဆင်ပြေရင် ရပါပြီ..."

ကျန်းချဲ့က ကျောက်ရှန်းကျီကို စိုက်ကြည့်လိုက်သည်။ အသက်ရှူကြိမ် အနည်းငယ် ကြာအောင် စိုက်ကြည့်နေမှုက ကျောက်ရှန်းကျီ၏ မျက်နှာကို ရှက်သွေးဖြာသွားစေပြီး မျက်တောင်များကို မသဘာဝကျစွာ ခတ်လိုက်ကာ ကျန်းချဲ့၏ အကြည့်များကို မရင်ဆိုင်ရဲတော့ဘဲ ခေါင်းကို တစ်ဖက်သို့ လွှဲသွားတော့သည်။ ခဏအကြာ စဉ်းစားပြီးနောက် ထိုအမျိုးသမီးက ခေါင်းညိတ်လိုက်သည်။

"အင်း..."

"မင်း အရင်ဆုံး ခွန်အား ပြန်ဖြည့်ထားလိုက်... အခုလောလောဆယ် ဝင်မပါနဲ့ဦး..."

ကျန်းချဲ့က ဆက်ပြောလိုက်သည်။

ကျောက်ရှန်းကျီ အနည်းငယ် ကြောင်အမ်းသွားသည်။

"ကျမ ဘာဒဏ်ရာမှ အကြီးအကျယ် မရထားပါဘူး... ဝင်တိုက်ရင်လည်း ရပါတယ်..."

ထိုအမျိုးသမီး၏ ဓမ္မရုပ်တုက ဝူချန်နှင့် ထိပ်တိုက် ဝင်တိုက်ခဲ့သော်လည်း ပျက်စီးမသွားခဲ့ပေ။ အချိန်တိုလေး အတွင်း ပြန်လည် ကောင်းမွန်နိုင်ပြီး အကယ်၍ ထိုအမျိုးသမီး ယခု ဝင်ရောက် တိုက်ခိုက်ပါက တိုက်ပွဲတွင် အပြည့်အဝ အသာစီး ရသွားနိုင်ပေသည်။

"အရင်ဆုံး မလောပါနဲ့... ခဏနေရင် မင်း ဝင်တိုက်ရမယ့် အချိန် ရောက်လာမှာပါ..."

ကျန်းချဲ့က တိုက်ပွဲနေရာ တစ်ခုကို ကြည့်ရင်း ကျောက်ရှန်းကျီကို ရုတ်တရက် အသံလှိုင်းဖြင့် ဆက်သွယ်ကာ ပြောလိုက်သည်။

ကျောက်ရှန်းကျီက တစ်ခုခုကို နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်ပြီးနောက် ကျန်းချဲ့ကို စွန့်ခွာကာ လေဟာနယ်ထဲသို့ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားတော့သည်။ ကျန်းချဲ့ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး တိုက်ပွဲက သူနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသည့်အလား အနားယူနေတော့၏။

ဝူချန် ရှုံးနိမ့်သွားသည်နှင့် တစ်ပြိုင်နက် တိုက်ပွဲကြီးက အရှိန်အဟုန် အပြင်းဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။ အချိန်တိုလေး အတွင်းမှာပင် ဒုတိယမြောက် ရဟန္တာ တစ်ပါး ကျဆုံးသွားခဲ့ပြီ ဖြစ်ပြီး ဓမ္မရုပ်တု ပြိုကွဲသွားကာ ခန္ဓာကိုယ်ကလည်း သွေးမိုးအဖြစ် ပြောင်းလဲသွား၏။ မူလဝိညာဉ်ပင် ထွက်ပြေးရန် အခွင့်အရေး မရလိုက်ဘဲ ဝူချန်၏ လမ်းစဉ်အတိုင်း သေဆုံးသွားတော့သည်။

ကျဆုံးသွားသော ထိုသူမှာ ကျိုးရွှမ်၏ ပြိုင်ဘက်ပင် ဖြစ်သည်။ ကျိုးရွှမ်၏ စွမ်းအားက အရင်ကတည်းက ထိုသူ့ထက် သာလွန်နေပြီး အစောပိုင်းက ချီရွှယ်မိစ္ဆာသခင်၏ အကူအညီကြောင့် လုံးဝ အသာစီး ရသွားခဲ့သည်။ ချီရွှယ်မိစ္ဆာသခင် ထွက်သွားပြီး အခြားသူများကို သွားရောက် ကူညီသော်လည်း အနိုင်အရှုံးက သေချာနေပြီ ဖြစ်၏။

ရဟန္တာ တစ်ပါးကို ဖြေရှင်းပြီးနောက် ကျိုးရွှမ်က အနည်းငယ် အသက်ရှူလိုက်ပြီး အခြား ရဟန္တာ တစ်ပါးကို ချက်ချင်း ပစ်မှတ်ထားလိုက်ကာ လျူဆန်းချိုးနှင့် ပူးပေါင်း၍ ဝိုင်းရံ တိုက်ခိုက်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း လုံးဝ အသာစီး ရသွားတော့သည်။

ဤတိုက်ပွဲတွင် ကျန်းချဲ့တို့ဘက်မှ လုံးဝ အသာစီး ရနေခဲ့ပြီး ဖြစ်သည်။ မဟာသိုင်းသခင်ကြီး ကိုးဦးဖြင့် ရဟန္တာ ရှစ်ပါးကို ဝိုင်းရံ တိုက်ခိုက်ခြင်း ဖြစ်ပြီး ကျန်းချဲ့ကဲ့သို့သော မျှော်လင့်မထားသည့် အရာများ ပါဝင်လာသောကြောင့် အနိုင်အရှုံးက အစောကြီးကတည်းက သေချာနေခဲ့ပြီ ဖြစ်၏။

ဝူချန် ကျဆုံးသွားသည်နှင့်အမျှ တိုက်ပွဲက တဖြည်းဖြည်း ပြီးဆုံးလုနီးပါး ဖြစ်လာသည်။ ရဟန္တာများ တစ်ပါးပြီးတစ်ပါး ကျဆုံးကုန်ပြီး မည်မျှပင် မကျေမချမ်း ဖြစ်နေစေကာမူ လွတ်မြောက်ရန် မဖြစ်နိုင်တော့ဘဲ သေခါနီးတွင် ကျိန်ဆဲရုံသာ တတ်နိုင်တော့သည်။

တိုက်ပွဲက အပြင်းအထန် ဆက်လက် ဖြစ်ပွားနေပြီး ရဟန္တာများကလည်း ပိုမို လျင်မြန်စွာ ကျဆုံးလာကြသည်။ တဖြည်းဖြည်းနှင့် တတိယမြောက်၊ စတုတ္ထမြောက် ရဟန္တာများပါ ကျဆုံးသွားကြပြီး ပထမအကြီးအကဲ ချီထျန်းကျုံ ရင်ဆိုင်နေရသော ထိပ်တန်း ရဟန္တာမှာလည်း ယခုအခါ အဖော်မရှိတော့ဘဲ အသက်ရှူသံများ အဆက်မပြတ် အားနည်းလာနေ၏။

မိစ္ဆာနဂါး အောက်ခွန်း၏ ဘက်တွင်တော့ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။ ရဟန္တာ တစ်ပါး၏ ရွှေရောင် ဓမ္မရုပ်တုကို တိုက်ရိုက် ရိုက်ချိုးပစ်လိုက်ပြီး ဗိုက်ထဲသို့ မျိုချလိုက်သည်။ သို့သော် ထိုသူ့ကို မသတ်ဖြတ်ဘဲ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ တစ်နေရာသို့ စတင် ထွက်ပြေးတော့သည်။ ထိုသူ၏ ခန္ဓာကိုယ်ကို ချီရွှယ်မိစ္ဆာသခင်အတွက် ထားခဲ့ခြင်းပင်။

သူ ထွက်ပြေးရခြင်း၏ အကြောင်းရင်းမှာ သဘာဝကျစွာပင် ကျန်းချဲ့၏ အစေခံ မဖြစ်လိုသောကြောင့် ဖြစ်၏။ ယခုအခါ အနိုင်ရရှိရန် သေချာနေပြီ ဖြစ်သော်လည်း နောက်ဆုံး အခြေအနေသို့ မရောက်သေးပေ။ ရဟန္တာ အချို့က အသက်လု တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ ၎င်းမှာ သူ ထွက်ပြေးရန် အကောင်းဆုံး အချိန်ပင်။ အကယ်၍ နောက်ဆုံးအချိန် ကျန်းချဲ့ သတိပြန်ဝင်လာမည့် အချိန်အထိ စောင့်နေပါက သူ ထွက်ပြေးချင်လျှင်တောင်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"အောက်ခွန်း... မင်း ဘာလုပ်တာလဲ..."

ချီရွှယ်မိစ္ဆာသခင်က ဓမ္မရုပ်တု ပျက်စီးသွားသော ရဟန္တာကို ဖိနှိပ်ထားရင်း ထွက်ပြေးရန် ပြင်နေသော နဂါးအိုကြီးကို ဒေါသတကြီး ကြည့်ကာ အော်ဟစ်လိုက်သည်။ တစ်ဖက်လူက ဤမျှ မြန်မြန်ဆန်ဆန် ထွက်ပြေးလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ တိုက်ပွဲပင် မပြီးဆုံးသေးသလို နှစ်ပေါင်းများစွာသော ရန်ငြိုးကိုလည်း မစားရသေးဘဲ ချက်ချင်း ထွက်ပြေးချင်နေခြင်းပင်။

"ဒီနေ့ ငါ့ကို လွတ်မြောက်အောင် ကူညီပေးတဲ့အတွက် ချီရွှယ် ဆိုတဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်... နောက်တစ်ကြိမ် ပြန်တွေ့ရင် ငါက သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်... အော်... ပြီးတော့ ကျန်း ဆိုတဲ့ မိတ်ဆွေကိုလည်း ငါ့ကိုယ်စား ပြောပေးပါဦး... ငါက နဂါးမျိုးနွယ် ဖြစ်လို့ လူသားတွေနဲ့ အတူ နေလို့ မရဘူး... သိုင်းလောက အဖွဲ့အစည်းကို ဝင်ဖို့ တကယ် ခက်ခဲလို့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."

အောက်ခွန်းက အော်ဟစ်ရင်း အရှိန်မြှင့်တင်လိုက်သည်။

တိမ်တိုက် ပင်လယ်ကြီးထဲသို့ ဝင်ရောက်လုနီးပါး ဖြစ်နေပြီး သူ၏ အမြန်နှုန်းဖြင့်ဆိုလျှင် မျက်တောင်တစ်ခတ်အတွင်း တိမ်တိုက် ပင်လယ်ထဲတွင် ပျောက်ကွယ်သွားနိုင်ပေသည်။ သာမန် မဟာသိုင်းသခင်ကြီးများက သူ၏ အမြန်နှုန်းကို လုံးဝ မမီနိုင်ပေ။ သူ မှာကြားရခြင်းမှာ တိုက်ပွဲနေရာကို အဝေးသို့ ရွှေ့ပြောင်းထားသောကြောင့် ဖြစ်သည်။ အမှန်တကယ်တော့ ကျန်းချဲ့ ရှိနေသော နေရာနှင့် မိုင်ဆယ်ဂဏန်းခန့် ကွာဝေးနေသေး၏။ ထိုအကွာအဝေးမှာ ရှည်လျားသည်ဟု မဆိုနိုင်သော်လည်း မဟာသိုင်းသခင်ကြီး တစ်ဦး အနေဖြင့် အချိန်တိုလေး အတွင်း ရောက်ရှိလာနိုင်ပေသည်။ သို့သော် တိုတောင်းသည်ဟုလည်း မဆိုနိုင်ပေ။ အနည်းဆုံးတော့ သူ့အတွက် ပြင်ဆင်ချိန် ရနိုင်ပေသည်။

သို့သော် သူ တိမ်တိုက် ပင်လယ်ထဲသို့ ဝင်ရောက် ပျော်ရွှင်စွာ ကူးခတ်ခွင့် မရခင်မှာပင်။ ရုတ်တရက် အလွန် ကျယ်လောင်သော ဓားမြည်သံကြီး တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံရှိ တိမ်မည်းများကို တိုက်ရိုက် ခုတ်ပိုင်းလိုက်ကာ ပေရာနှင့်ချီ ကြီးမားသော အစိမ်းရောင် ဓားပုံသဏ္ဌာန် ဓမ္မရုပ်တု တစ်ခုက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ထွက်လာပြီး အောက်ခွန်း၏ ရှေ့လမ်းကို ပိတ်ဆို့လိုက်သည်။

ထိုအရာက သူ၏ ရင်ထဲတွင် အလွန် တုန်လှုပ်သွားစေပြီး ဤသူမှာ ကျန်းချဲ့ကို ကူညီ၍ ဝူချန်အား သတ်ဖြတ်ပေးခဲ့သော ဓားသခင် ဖြစ်ကြောင်း မှတ်မိသွားသည်။ သူ၏ ရင်ထဲတွင် အတွေးများစွာ ဝင်ရောက်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မိတ်ဆွေ... ဒါက ဘာသဘောလဲ... ဘာလို့ ငါ့ရဲ့ လမ်းကို လာပိတ်ရတာလဲ..."

သူက အနည်းငယ် ထိတ်လန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက ဤနေရာတွင် မည်သည့်အချိန်ကတည်းက ပုန်းအောင်းနေမှန်း လုံးဝ မသိခဲ့သောကြောင့်ပင်။ ရင်ထဲတွင် မကောင်းသော ကြိုတင် ခံစားချက်များ စတင် ဖြစ်ပေါ်လာ၏။

ကျောက်ရှန်းကျီက အစိမ်းရောင် နတ်ဓားကို ကိုင်ဆောင်ကာ အစစ်အမှန် ခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်ပြီး မျက်စိရှေ့ရှိ မိစ္ဆာနဂါးကြီးကို စိုက်ကြည့်နေသော်လည်း ဘာစကားမှ မဆိုဘဲ တိတ်ဆိတ်စွာ ရပ်ကြည့်နေသည်။

ထိုအချိန်မှာပင် တည်ငြိမ်သော အသံတစ်ခုက လေဟာနယ်တွင် ပဲ့တင်ထပ်သွားသည်။

"မိတ်ဆွေ အောက်ခွန်း... ဘာလို့ ဒီလောက် မြန်မြန် ထွက်သွားရတာလဲ... ဒီနယ်စားက ကောင်းကောင်း မဆက်ဆံလိုက်ရလို့လား..."

လေဟာနယ်ထက်တွင် ယင်ယန်စွမ်းအင်များ လည်ပတ်နေပြီး မီးတောက်များ ထွက်ပေါ်လာကာ ကျန်းချဲ့က ဖြည်းညင်းစွာ ပေါ်လာသည်။ မျက်ခုံးကြားရှိ နတ်သင်္ကေတက တောက်ပနေပြီး အဖြူနှင့် အမည်း အရောင် နှစ်မျိုးပါဝင်သော မိစ္ဆာမီးတောက်များက မျက်တောင်တစ်ခတ်အတွင်း ပတ်ဝန်းကျင် တစ်ခွင်လုံးကို လွှမ်းခြုံသွား၏။

"မိတ်ဆွေကျန်း... မင်း..."

အောက်ခွန်း အလွန် ထိတ်လန့်သွားသည်။ ဤအခြေအနေကို သူ ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။ ကျန်းချဲ့က သူ့အတွက် လာရောက်ခြင်း ဖြစ်သည်။ အခြား တိုက်ပွဲများကိုပင် သွားရောက် မကူညီခဲ့ဘဲ ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိသာလွန်းလှပေသည်။

နဂါးခေါင်းကြီးက အောက်သို့ ညွှတ်ကျသွားပြီး ခဏအကြာတွင် အောက်ခွန်းက ပြောလိုက်သည်။

"မိတ်ဆွေကျန်း... ငါက နှစ်ပေါင်း ရာနဲ့ချီ ပိတ်လှောင်ခံထားရတာ ဒီနေ့မှ လွတ်လပ်ခွင့် ရတာပါ... ရက်အနည်းငယ်လောက် အပြင်မှာ လွတ်လွတ်လပ်လပ် နေခွင့်ပေးပါလား... ပြီးရင် အရင်က ကတိပေးထားတဲ့အတိုင်း သိုင်းလောက အဖွဲ့အစည်းကို အုပ်ချုပ်ပြီး မင်းအတွက် အလုပ်လုပ်ပေးပါ့မယ်..."

ကျန်းချဲ့က လေဟာနယ်ထဲတွင် ဝတ်ရုံ တဖျပ်ဖျပ် လွင့်ခတ်နေလျက် အောက်ကျို့နေသော အောက်ခွန်းကို ကြည့်ကာ ပြုံးလိုက်သည်။

"ဘာလို့ ဒီလောက် ဒုက္ခခံနေရမှာလဲ... ငါ့ဘေးမှာ နေရင်လည်း လွတ်လပ်ခွင့် ရနိုင်တာပဲ..."

"မိတ်ဆွေကျန်း... ငါ ပြောတဲ့စကားတွေက အမှန်တရားတွေချည်းပါပဲ... ကျိန်ဆိုရဲပါတယ်..."

အောက်ခွန်း၏ စကား မဆုံးခင်မှာပင် ကျန်းချဲ့က လက်ကာပြကာ တားလိုက်သည်။

"အောက်ခွန်း... အပိုစကားတွေ မပြောနဲ့တော့... မင်း အရင်က ကတိအတိုင်း လုပ်မယ်ဆိုရင် ငါက မင်းကို အချုပ်အနှောင် မထားဘဲ လွတ်လပ်ခွင့် ပေးမှာပါ... သိုင်းလောက အဖွဲ့အစည်းကိုတောင် အုပ်ချုပ်ခိုင်းဦးမယ်... ဒါပေမဲ့ အခုတော့ ဒီလိုပြောရတာ နောက်ကျသွားပြီ... မင်းရဲ့ လုပ်ရပ်တွေက ကတိဖျက်တာပဲ... ဒီတော့ ဒီကျန်းက မင်းဆီကနေ တစ်ခုခု ပြန်တောင်းရတော့မှာပေါ့..."

အောက်ခွန်းက ဤစကားကို ကြားလိုက်ရသောအခါ ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ အကယ်၍ လွတ်မြောက်နိုင်မည် ဆိုပါက သူ မည်သည့်အရာကိုမဆို စွန့်လွှတ်ရန် ဆန္ဒရှိသည်။ နောင်တစ်ချိန်မှ ပြန်လည် ကျင့်ကြံယူ၍ ရသည် မဟုတ်ပါလား။ ချက်ချင်းပင် လူလို စကားပြောလိုက်သည်။

"မိတ်ဆွေကျန်းက ငါ့ဆီက ဘာလိုချင်တာလဲ..."

"ပစ္စည်း မဟုတ်ဘူး... ကျေးဇူးတရားပဲ... ငါက မင်းကို ငရဲတွင်းထဲက ကယ်တင်ပေးခဲ့ပြီး နှစ်ပေါင်း ရာနဲ့ချီတဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်စေခဲ့တယ်... ဒီကျေးဇူးတရားကို မိတ်ဆွေ အောက်ခွန်းက ဘာနဲ့ ပြန်ဆပ်မလဲ..."

ကျန်းချဲ့က ပြုံးရွှင်စွာ ပြောလိုက်သည်။

"ငါ့ရဲ့ နဂါးခန္ဓာကိုယ်ထဲက နဂါးသွေး တစ်ဝက်ကို ပေးရင်ရော ဘယ်လိုလဲ..."

"မလုံလောက်သေးဘူး..."

"ပြောင်းပြန်လန်နေတဲ့ အကြေးခွံကို ပေးရင်ရော..."

"မလုံလောက်သေးဘူး..."

"ခေါင်းပေါ်က နဂါးဦးချိုကို ပေးရင်ရော... အဲဒါက ငါ နှစ်ပေါင်း ရာနဲ့ချီ သန့်စင်ထားတဲ့ အရာပဲ... နတ်လက်နက်တွေထဲမှာတောင် အဆင့်မြင့် အရာတစ်ခု ဖြစ်ပြီး မင်းရဲ့ ကျင့်စဉ်နဲ့လည်း အရမ်း ကိုက်ညီတယ်..."

အောက်ခွန်းက သွားကြိတ်ကာ ပြောလိုက်သည်။ အကြိမ်အနည်းငယ် ပြောပြီးနောက် မိစ္ဆာနဂါး ပုတီးစေ့မှလွဲ၍ ကျန်ရှိသော အရာအားလုံးနီးပါးကို သူ စွန့်လွှတ်လိုက်ပြီ ဖြစ်၏။

"မလုံလောက်သေးဘူး..."

ကျန်းချဲ့၏ အဆုံးအစမရှိ လောဘကြီးနေသော ပုံစံကို ကြည့်ရင်း အောက်ခွန်း အနည်းငယ် ဒေါသထွက်သွားသည်။

"ဒါဆို မင်း ဘာလိုချင်တာလဲ..."

"ငါ့မှာ စီးတော်ယာဉ် တစ်ကောင် လိုနေတာ... မိတ်ဆွေ အောက်ခွန်းရဲ့ ဒီနဂါးခန္ဓာကိုယ်က ငါ့ရဲ့ လိုအပ်ချက်နဲ့ အတော်လေး ကိုက်ညီတယ်... ငါ တောင်းဆိုတာ အများကြီး မဟုတ်ပါဘူး... စီးတော်ယာဉ် တစ်ကောင်ပဲမို့လို့ မိတ်ဆွေက ခန္ဓာကိုယ်နဲ့ ပြန်ဆပ်ပေးဖို့ မျှော်လင့်ပါတယ်..."

ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။

"မင်း... ကျန်းချဲ့... မင်းက ငါ့ကို ဒီလို စော်ကားရဲတယ်ပေါ့လေ..."

အောက်ခွန်း ချက်ချင်း ဒေါသပေါက်ကွဲသွားသည်။ သိုင်းသူတော်စင် တစ်ပါး ဤနေရာတွင် ရှိနေလျှင်တောင်မှ သူက လူသားတစ်ဦး၏ စီးတော်ယာဉ် အဖြစ် အညံ့ခံမည် မဟုတ်ပေ။ တိရစ္ဆာန်များနှင့် ဘာကွာတော့မည်နည်းဟု တွေးလိုက်မိသည်။

"ငါ့ရဲ့ စီးတော်ယာဉ် ဖြစ်ရတာက မင်းလို မိစ္ဆာကောင်အတွက် ဘဝရဲ့ ကံကောင်းမှုပဲ... ဘယ်လိုလဲ... မိတ်ဆွေ အောက်ခွန်းက ကျေးဇူး မဆပ်ချင်ဘူးလား..."

ကျန်းချဲ့ မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တစ်ဖက်လူကို စိုက်ကြည့်နေသည်။

"ကျန်းချဲ့... မင်းက ငါ့ကို အရမ်း အနိုင်ကျင့်လွန်းနေပြီ... မင်းက အခုလေးတင် အပြင်းအထန် တိုက်ခိုက်ထားရလို့ ဒဏ်ရာ အပြင်းအထန် ရထားတာလေ... ဒီမှာ ဓားသခင် တစ်ယောက် ရှိနေပေမဲ့ မင်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား... ဟွန့်... ရယ်စရာ ကောင်းလိုက်တာ... ငါက နဂါးလှောင်တွင်းထဲမှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရပေမဲ့ ငါ့ရဲ့ အခြေခံအုတ်မြစ်တွေက အများကြီး မလျော့သွားသေးဘူး... မင်း အသိတရား ရှိရင် လမ်းဖယ်ပေးလိုက်... မင်းနဲ့ငါ မိတ်ဆွေ ဖြစ်နေသေးတယ်... မဟုတ်ရင် မင်းကို ငါ သတ်ပစ်မယ်လို့ အပြစ်မတင်နဲ့..."

အောက်ခွန်းက အသံကျယ်ကြီးဖြင့် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ပေရာနှင့်ချီသော နဂါးခန္ဓာကိုယ်ကြီးကို လှုပ်ခါလိုက်ရာ ကြီးမားလှသော မိစ္ဆာစွမ်းအင်များက ကောင်းကင်ကြီးကိုပင် ဖုံးကွယ်သွားသည်။ အစောပိုင်းက ထျန်းလုံဘုန်းကြီးကျောင်း၏ ထိပ်တန်း ရဟန္တာနှင့် တိုက်ခိုက်ခဲ့စဉ်က အခြေအနေထက် အများကြီး ပို၍ သာလွန်နေ၏။

အမှန်တကယ်တော့ သူသာ အစွမ်းကုန် တိုက်ခိုက်ချင်ပါက ထိုအိုမင်းနေသော ဆရာတော်ကြီးကို အစောကြီးကတည်းက သတ်ဖြတ်နိုင်စွမ်း ရှိသည်။ မည်သို့ပင်ဆိုစေ တစ်ဖက်လူ၏ သွေးသားစွမ်းအင်များက ကုန်ခမ်းနေပြီ ဖြစ်ရာ အတင်းအဓမ္မ တောင့်ခံထားရုံသာ ရှိသည် မဟုတ်ပါလား။ သို့သော် သူက ကျန်းချဲ့နှင့် ထျန်းလုံဘုန်းကြီးကျောင်းတို့ နှစ်ဖက်စလုံး အထိနာသွားမည့် အချိန်ကို စောင့်ဆိုင်းကာ အကြီးမားဆုံး အကျိုးအမြတ်ကို ရယူရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းချဲ့တို့ဘက်က ဤမျှ မြန်မြန်ဆန်ဆန် အနိုင်ရသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် ဤနေရာမှ ထွက်ပြေးရန် အခွင့်အရေး ယူခဲ့ရခြင်း ဖြစ်၏။

လေဟာနယ်ထဲတွင် လှုပ်ရှားနေသော မိစ္ဆာနဂါးကြီးကို ကြည့်ရင်း ကျန်းချဲ့၏ မျက်ဝန်းများထဲတွင် ဝမ်းသာမှုများ ဖုံးကွယ်၍ မရနိုင်အောင် ဖြစ်နေသည်။

"တကယ်ကို ကောင်းတဲ့ စီးတော်ယာဉ်ပဲ... ဟားဟားဟား..."

"ကျန်းချဲ့... မင်း..."

အောက်ခွန်းက ကျန်းချဲ့၏ ဂရုမစိုက်သော ပုံစံကို မြင်လိုက်ရသဖြင့် လမ်းဖောက်၍ ထွက်ပြေးရန် ချက်ချင်း တိုက်ခိုက်တော့မည် ပြုစဉ် ရုတ်တရက် လေဟာနယ်ထဲမှ မဟာသိုင်းသခင်ကြီးများ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ထွက်ပေါ်လာကြသည်။ သူတို့ကား အစောပိုင်းက ဗုဒ္ဓဘာသာဂိုဏ်းမှ ရဟန္တာများနှင့် တိုက်ခိုက်ခဲ့ကြသော ကျိုးရွှမ်၊ ယွီဝေ့ရွှေ၊ လျူဆန်းချိုးတို့ပင် ဖြစ်၏။ ထို့အပြင် ချီရွှယ်မိစ္ဆာသခင်လည်း ပါဝင်သေးသည်။ မျက်တောင်တစ်ခတ်အတွင်း ဤနေရာတွင် မဟာသိုင်းသခင်ကြီး ခြောက်ဦး ရှိနေပြီ ဖြစ်ပြီး အောက်ခွန်း၏ လမ်းကြောင်း အားလုံးကို ပိတ်ဆို့လိုက်ကြသည်။

"မိတ်ဆွေ အောက်ခွန်း... အဆုံးထိ ခုခံချင်သေးတာလား..."

ကျန်းချဲ့က အောက်ခွန်းကို အကဲခတ်ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် သရော်သလို ပြောလိုက်သည်။

သူက အောက်ခွန်းနှင့် အချိန်ခဏလောက် အချိန်ဆွဲခဲ့ရခြင်းမှာ အခြားသော မဟာသိုင်းသခင်ကြီးများ အားလပ်သွားမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။ ဤနည်းအားဖြင့် အောက်ခွန်း၏ ဆုတ်ခွာစရာ လမ်းကြောင်း အားလုံးကို တင်းကျပ်စွာ ပိတ်ဆို့ထားနိုင်မည် ဖြစ်သည်။ သေချာသည်မှာ အောက်ခွန်း အလိမ်မခံရလျှင်တောင်မှ ကျန်းချဲ့နှင့် ကျောက်ရှန်းကျီတို့က ဝင်ရောက် တိုက်ခိုက်ကြမည်သာ ဖြစ်သည်။ သူတို့၏ ယခုလက်ရှိ အခြေအနေက အောက်ခွန်းကို အနိုင်မယူနိုင်သော်လည်း ခဏလောက် အချိန်ဆွဲထားရန်ကတော့ လုံလောက်ပြီး ရလဒ်ကလည်း အတူတူပင် ဖြစ်သွားမည် ဖြစ်၏။ သို့သော် အောက်ခွန်းက နှစ်ပေါင်း ရာနှင့်ချီ ပိတ်လှောင်ခံထားရသဖြင့် ဦးနှောက် အနည်းငယ် နှေးကွေးသွားပုံရသည်။ သူနှင့် တကယ်ပဲ အပေးအယူ လာလုပ်နေခဲ့သည် မဟုတ်ပါလား။ သူက အခြား မဟာသိုင်းသခင်ကြီးများ ရောက်လာမည့် အချိန်ကို စောင့်နေခြင်း ဖြစ်သည်။ အောက်ခွန်းကရော ဘာကို စောင့်နေခဲ့သနည်း။

မဟာသိုင်းသခင်ကြီး ခြောက်ဦးက အချင်းချင်း ချိတ်ဆက်ကာ လေဟာနယ်ကို ပိတ်ဆို့လိုက်သည်ကို မြင်လိုက်ရသောအခါ အောက်ခွန်း၏ ရင်ထဲတွင် အကြီးအကျယ် ထိတ်လန့်သွားပြီး တစ်ခုခု ပြောချင်သော်လည်း ရုတ်တရက် နောက်ထပ် အငွေ့အသက် နှစ်ခု ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ ချီမိသားစု၏ ပထမအကြီးအကဲ ချီထျန်းကျုံနှင့် ချီထျန်းဟယ်တို့ပင် ဖြစ်၏။ ယခုအချိန်တွင် သူတို့က ထျန်းလုံဘုန်းကြီးကျောင်း၏ နောက်ဆုံးကျန်ရှိနေသော ဆရာတော်ကြီး နှစ်ပါးကို အပြီးတိုင် ရှင်းလင်းပြီးသွားပြီ ဖြစ်သည်။

"မိတ်ဆွေ အောက်ခွန်း... အခု အညံ့မခံရင် ဘယ်အချိန်ကို စောင့်နေဦးမှာလဲ…”

All Chapters