← Chapters

အခန်း ၄၄၅

Vol. 45 Ch. 445

အခန်း ၄၄၅

Vol. 45 Ch. 445

အခန်း ၄၄၅ ယဇ်ပူဇော်ခြင်း။ စစ်မှန်သောသခင်အဆင့်

"တောင်ပိုင်းစစ်တပ်..."

လီချန်ကော၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကိုယ်ပတ်လည်တွင် အေးစက်စက် ရက်စက်သော အငွေ့အသက်တစ်ခု ရစ်ပတ်လာသည်။ ယခုလက်ရှိ အခြေအနေအရ ပုန်ကန်မှု အောင်မြင်ရန် အခွင့်အရေးမှာ အလွန်နည်းပါးလှပေသည်။

အဓိကအကြောင်းရင်းမှာ သူ ယခုအချိန်အထိ သိုင်းသူတော်စင်အဆင့်သို့ မရောက်သေးသောကြောင့်ပင်။ သိုင်းသူတော်စင်အဆင့်၏ စွမ်းအားမရှိဘဲ ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်ထားရန် လုံးဝမဖြစ်နိုင်ပေ။

ထိုထိပ်တန်း အင်အားစုများကလည်း သူ့အပေါ်တွင် အရာအားလုံး ပုံအောပြီး လောင်းကြေးထပ်ကြမည် မဟုတ်ချေ။ ဖုန်းယွင် အဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်ဆုံးဆယ်ယောက်စာရင်းထဲတွင် ပါဝင်သော အမြင့်ဆုံး စစ်မှန်သောသခင် တစ်ပါး။ ဤမျှလောက်နှင့် တစ်ဖက်တစ်ထောင့်တွင် ကြီးစိုးနိုင်သော်လည်း သီးခြားခွဲထွက်ရန်ဆိုသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ဤမျှလောက် စွမ်းအားဖြင့် တော်ဝင်နန်းတော်ကို အလျှော့ပေးလာအောင် လုံးဝ မလုပ်နိုင်သောကြောင့်ပင်။

တော်ဝင်နန်းတော်ကို အလျှော့ပေးလာစေရန် အခိုင်လုံဆုံး အခြေအနေမှာ တော်ဝင်နန်းတော်အနေဖြင့် သူ့ကို အရေးယူ၍ မရနိုင်သော အခြေအနေမျိုး ဖြစ်ရမည်။

သို့သော် ဤဖြစ်ရပ်ပြီးနောက် တော်ဝင်နန်းတော်က သူ၏ ရာထူးကို အမြန်ဆုံး ရုပ်သိမ်းလိမ့်မည်ကိုလည်း သူ သိထားသည်။ အချိန်အကြာကြီး ဆွဲထားပါက တောင်ပိုင်းစစ်တပ်ဘက်တွင် မမျှော်လင့်ထားသည်များ ဖြစ်လာနိုင်ပေသည်။ ၎င်းမှာ သူ၏ နောက်ဆုံး အခြေခံအုတ်မြစ်ပင်။

တောင်ပိုင်းစစ်တပ် အင်အား တစ်သိန်း။ လူအရေအတွက် မများသော်လည်း လူတိုင်းက သူ သေချာ ရွေးချယ်ထားသော လက်ရွေးစင် စစ်သည်များ ဖြစ်ကြသည်။

စစ်ရေးအစီအရင် ဖွဲ့စည်းလိုက်သည်နှင့် သိုင်းသူတော်စင်ကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ ချင်းထျန်းမိစ္ဆာဂိုဏ်းက အလေးထားရခြင်းမှာလည်း ဤအချက်ကြောင့်ပင်။

အဘယ်ကြောင့်ဆိုသော် ချင်းထျန်းမိစ္ဆာဂိုဏ်းက ယခင်က ပုန်ကန်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ယခုအချိန်အထိ လူရမ်းကားများ၊ ဒုက္ခသည်များကိုသာ စုဆောင်းနိုင်ခဲ့ပြီး စစ်မှန်သော အဖွဲ့အစည်းကျသည့် လက်ရွေးစင် စစ်တပ်ကြီး တစ်ခုကို တစ်ခါမှ မဖွဲ့စည်းနိုင်ခဲ့သောကြောင့်ပင်။

အကယ်၍ တောင်ပိုင်းစစ်တပ်ကို အဓိကထား၍ ထပ်မံ တိုးချဲ့ဖွဲ့စည်းမည် ဆိုပါက အချိန်တိုလေး အတွင်းမှာပင် တော်ဝင်နန်းတော်၏ စစ်တပ်နှင့် ယှဉ်ပြိုင်နိုင်သော တပ်သား သုံးသိန်းခန့်ကို ဖန်တီးနိုင်မည် ဖြစ်သည်။

ထို့ကြောင့် တောင်ပိုင်းစစ်တပ်ကို လုံးဝ လက်လွတ်ခံ၍ မရပေ။ အကြိမ်ကြိမ် စဉ်းစားပြီးနောက် သူက မျက်လုံးဖွင့်ကာ ပြောလိုက်သည်။

"တောင်ပိုင်းစစ်တပ်က ဗိုလ်ချုပ်တွေ အားလုံးကို ငါ့ရဲ့ အမိန့်ပေးလိုက်... မြို့တော်မှာ တပ်စွဲထားတဲ့ တောင်ပိုင်းစစ်တပ်နဲ့ နယ်စပ်ဂိတ်တွေမှာ တပ်စွဲထားတဲ့ လက်ရွေးစင် စစ်သည်တွေ အားလုံး ချက်ချင်း မြို့ကို စွန့်ခွာပြီး နန်ယွဲ့ပြည်ကို သွားကြ..."

"တစ်ချိန်တည်းမှာပဲ ငါ့နာမည်နဲ့ နန်ယွဲ့ဘုရင်ကို ဆက်သွယ်လိုက်... ငါ့ရဲ့ တောင်ပိုင်းစစ်တပ် အားလုံး ဆုတ်ခွာပေးမယ်... နန်ယွဲ့ပြည်ဘက်က သဘောတူရင် ယွဲ့ပြည်နယ်ကို စစ်ချီလာလို့ ရတယ်... ဒီနယ်စားက သူနဲ့ ယွဲ့ပြည်နယ်ရဲ့ မြေပြင်ကို တစ်ဝက်စီ ခွဲယူမယ်လို့ ပြောလိုက်..."

လီယွမ်ရှိုး၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး သေချာစွာ တွေးတောပြီးနောက် လီချန်ကော၏ ဤရွေးချယ်မှုက အလွန် ဉာဏ်ပညာရှိကြောင်း တွေ့ရှိလိုက်ရသည်။

သူတို့၏ ယခုလက်ရှိ စွမ်းအားဖြင့် ကျန်းချဲ့နှင့် တော်ဝင်နန်းတော်ကို ယှဉ်ပြိုင်ရန် ခက်ခဲလှပေသည်။ သို့သော် နန်ယွဲ့ပြည်၏ စစ်တပ်ကို ဖိတ်ခေါ်နိုင်ပါက အခြေအနေက ကွဲပြားသွားမည် ဖြစ်သည်။

တော်ဝင်နန်းတော်၏ အာရုံစိုက်မှုကလည်း ပြည်ပရန်ကို ကာကွယ်ရေးဘက်သို့ ရွှေ့ပြောင်းသွားမည် ဖြစ်ပြီး တောင်ပိုင်းစစ်တပ် တစ်သိန်း၏ အစောင့်အရှောက် မရှိတော့ပါက ကျန်ရှိနေသော ဒေသခံ စစ်သည်များဖြင့် နန်ယွဲ့ပြည်၏ အလုံးအရင်း ဝင်ရောက်လာမှုကို လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။

သို့သော် ပြဿနာမှာ ယခင်တိုက်ပွဲတွင် နန်ယွဲ့ပြည်က အပြင်းအထန် အထိနာထားခဲ့ရာ ယခုအချိန်တွင် စစ်တပ်အင်အား အများကြီး ထုတ်နိုင်မည် မဟုတ်ချေ။ ဤစိုးရိမ်ချက်ကို သူက ချက်ချင်း ပြောပြလိုက်သည်။

လီချန်ကောက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"နန်ယွဲ့ပြည် တစ်ခုတည်းကတော့ ဒီလို အရည်အချင်း မရှိပါဘူး... ဒါပေမဲ့ ပိုင်ယွဲ့ဒေသမှာ နန်ယွဲ့ပြည် တစ်ခုတည်း ရှိတာ မဟုတ်ဘူးလေ... မင်ယွဲ့ ဟူယွဲ့ စတဲ့ နိုင်ငံတွေရဲ့ အင်အားကလည်း နန်ယွဲ့ပြည်ထက် အများကြီး မနိမ့်ကျဘူး..."

"နိုင်ငံအနည်းငယ် ပူးပေါင်းလိုက်ရင် စစ်တပ် အင်အား နှစ်သိန်းလောက်နဲ့ မဟာသိုင်းသခင်ကြီး ဆယ်ယောက်ကျော်လောက် စုမိမှာပါပဲ..."

"ဒါဆို မွေးစားအဖေက ကျားကို အိမ်ထဲ ခေါ်သွင်းသလို ဖြစ်သွားမှာ မကြောက်ဘူးလား..." လီယွမ်ရှိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ပိုင်ယွဲ့က လူရိုင်းတွေက ကြောက်စရာ မလိုပါဘူး... ဒီနယ်စား သိုင်းသူတော်စင် ဖြစ်လာတဲ့ အချိန်ကျရင် ဒီလူရိုင်းတွေကို လွယ်လွယ်ကူကူ မောင်းထုတ်လို့ ရပါတယ်... အဲဒီအချိန်ကျရင် ထျန်းနန် ကောင်းမိသားစု ယင်းချွမ်း ကွမ်မိသားစုနဲ့ သွေးပင်လယ်ဂိုဏ်းတို့ကလည်း ငါ့ကို ကူညီကြလိမ့်မယ်..."

"နောက်ပြီး မြင့်မြတ်သောဂိုဏ်းတော်က ကျောထောက်နောက်ခံ အဖြစ် ရှိနေသေးတော့ ဒီနယ်စားက ယွဲ့ပြည်နယ်ကို တကယ် သိမ်းပိုက်နိုင်မှာပါ..."

လီချန်ကောက လေးနက်သော အသံဖြင့် ပြောလိုက်ပြီး စကားလုံးများတွင် ကြီးမားလှသော ယုံကြည်မှုများ ပြည့်နှက်နေ၏။

လီယွမ်ရှိုးက ဘေးနားရှိ ယင်စုရှင်းကို သတိမပြုမိအောင် တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ... ယွမ်ရှိုး အခုချက်ချင်း ဆက်သွယ်ရေး အဆောင်တွေကို သုံးပြီး တောင်ပိုင်းစစ်တပ်က ဗိုလ်ချုပ်တွေ အားလုံးကို အကြောင်းကြားလိုက်ပါ့မယ်..."

အရင်ကတည်းက လီချန်ကောက လက်အောက်ရှိ သီးခြား တပ်ဖွဲ့များကို အုပ်ချုပ်သော မွေးစားသား ဗိုလ်ချုပ်များအတွက် ဆက်သွယ်ရေး အဆောင်များကို ပြင်ဆင်ပေးထားခဲ့သည်။ ၎င်းမှာ အချိန်တိုလေး အတွင်းမှာပင် နေရာတိုင်းသို့ သတင်း အရောက်ပို့နိုင်ရန်အတွက်ပင်။

လီယွမ်ရှိုး ထွက်သွားပြီးနောက် လီချန်ကောက ဆက်ပြောလိုက်သည်။

"အခု အခြေအနေက ဒီလို ဖြစ်သွားပြီ ဆိုတော့ ဒီနယ်စားနဲ့ မြင့်မြတ်သောဂိုဏ်းတော်က လုံးဝ အတူတူ ပူးပေါင်းရတော့မှာပဲ... သွေးယဇ်ပူဇော်တဲ့ ကိစ္စမှာ ဓမ္မမင်းကြီးကို အများကြီး အကူအညီ တောင်းရတော့မယ်..."

ယင်စုရှင်းက နှုတ်ခမ်းကို တွန့်ရုံ ပြုံးလိုက်သည်။

"အကူအညီ တောင်းတယ်လို့ ဘာလို့ ပြောရတာလဲ... တောင်ပိုင်းနယ်စားကြီး သိုင်းသူတော်စင် အဆင့်ကို ရောက်သွားရင် ငါတို့ မြင့်မြတ်သောဂိုဏ်းတော်ရဲ့ ဒုတိယ ဂိုဏ်းချုပ် ဖြစ်လာမှာပဲ... ကိုယ့်လူအချင်းချင်း ကျေးဇူးတင်စရာ မလိုပါဘူး... သွေးယဇ်ပူဇော်ဖို့အတွက် ပစ္စည်း အများစုကို မြင့်မြတ်သောဂိုဏ်းတော်က အဆင်သင့် ပြင်ဆင်ထားပြီးပါပြီ..."

"တောင်ပိုင်းနယ်စားကြီး သဘောတူတာနဲ့ ချက်ချင်း စတင်လို့ ရပါတယ်... ဒါပေမဲ့ အစီအစဉ်တွေ ချဖို့ လတစ်ဝက်လောက်တော့ အချိန်လိုဦးမယ်..."

"သွေးယဇ်ပူဇော်မယ့် နေရာရော... မြင့်မြတ်သောဂိုဏ်းတော်က ဘယ်နေရာမှာ ထားဖို့ စီစဉ်ထားလဲ..." လီချန်ကောက ဆက်မေးလိုက်သည်။

"ဒါက ရှင့်ရဲ့ သိုင်းသူတော်စင် ဖြစ်လာမယ့် အခွင့်အရေးပဲလေ... ရှင်က ဘယ်နေရာမှာ သင့်တော်မယ်လို့ ထင်လဲ..."

"သွေးယဇ်ပူဇော်တာ ဖြစ်တဲ့အတွက် သွေးသားတွေ သေချာပေါက် လိုအပ်မှာပဲ... ဒီလိုဆိုမှတော့ နယ်စပ်ဂိတ်နားမှာပဲ ထားလိုက်ပါတော့... ပိုင်ယွဲ့ လူရိုင်းတွေရဲ့ သွေးသားတွေကို အသုံးပြုပြီး ငါ လီချန်ကော သိုင်းသူတော်စင် ဖြစ်လာအောင် လုပ်ရတာပေါ့..."

ရွေးချယ်ခွင့် ရှိမည်ဆိုပါက လီချန်ကော အနေဖြင့် ဤသွေးယဇ်ပူဇော်မှုတွင် အလယ်ပိုင်းဒေသမှ ပြည်သူများ၏ သွေးကို အသုံးမပြုလိုပေ။ နယ်စပ်မှနေ၍ ဓားတစ်လက်ဖြင့် အဆင့်ဆင့် တက်လှမ်းလာခဲ့သော သံမဏိ စစ်ဗိုလ်ချုပ်ကြီး တစ်ဦး အနေဖြင့် လီချန်ကောတွင် ကိုယ်ပိုင် မာန ရှိပေသည်။

သူက အလယ်ပိုင်းဒေသအပေါ် အလွန် သစ္စာရှိ၏။ တော်ဝင်နန်းတော်ကို ပုန်ကန်ခြင်းမှာ သစ္စာမရှိ၍ မဟုတ်ဘဲ သူ၏ ရည်မှန်းချက် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ချင်းထျန်းမိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းရခြင်းမှာလည်း အတူတူပင် ဖြစ်သည်။

သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းလိုသော ဆန္ဒ အလွန် ပြင်းပြနေသောကြောင့် ဖြစ်သည်။ အဓိက အကြောင်းရင်းမှာ သူ၏ သက်တမ်းက များများစားစား မကျန်တော့သောကြောင့်ပင်။

သူက ယခုအချိန်အထိ အသက် တစ်ရာကျော်သာ ရှိသေးပြီး သက်တမ်း အလွန် ရှည်လျားပုံရသော်လည်း သူ လေ့ကျင့်သော ကျင့်စဉ်က သူ၏ သက်တမ်းကို အလွန်အမင်း စားသုံးနေသဖြင့် ယခုအခါ သက်တမ်း အနှစ်တစ်ရာပင် မပြည့်တော့ချေ။

အကယ်၍ ယခု အစွမ်းကုန် မကြိုးစားပါက သွေးသားစွမ်းအင်များ ယိုယွင်းလာချိန်တွင် သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းရန် အခွင့်အရေး လုံးဝ ဆုံးရှုံးသွားတော့မည် ဖြစ်သည်။

ပိုင်ယွဲ့ မဟာမိတ်တပ်များကို နယ်စပ်မှ ဝင်ခွင့်ပြုခြင်းမှာ တော်ဝင်နန်းတော်နှင့် ကျန်းချဲ့တို့ကို ထိန်းချုပ်ထားရန် မျှော်လင့်၍ ဖြစ်သည်။ အမှန်တကယ်တော့ ယွဲ့ပြည်နယ်ကို သူ၏ ကိုယ်ပိုင် နယ်မြေအဖြစ် သတ်မှတ်ထားသော သူ့အနေဖြင့် ဤမြေများကို လူရိုင်းများလက်သို့ အလကား ပေးအပ်လိုက်မည် မဟုတ်ချေ။

ယင်စုရှင်းက လီချန်ကောကို သေချာစွာ ကြည့်ရှုပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... တောင်ပိုင်းနယ်စားကြီးရဲ့ အကြံအတိုင်း လုပ်ကြတာပေါ့..."

ထျန်းလုံဘုန်းကြီးကျောင်း။

တိတ်ဆိတ်သော အခန်းတစ်ခု အတွင်း၌ ကျန်းချဲ့က တင်ပျဉ်ခွေ ထိုင်ကာ မျက်လုံးမှိတ်၍ အသက်ရှူနေသည်။

သူ၏ ရှေ့တွင်တော့ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် ဝိညာဉ်သစ်သီး တစ်လုံး လေထဲတွင် ဝဲပျံနေသည်။ အစိမ်းရောင် အလင်းတန်း အစက်အပြောက်လေးများက အခန်းအတွင်း ပြန့်နှံ့နေပြီး ကျန်းချဲ့ အသက်ရှူသွင်း အသက်ရှူထုတ် လုပ်လိုက်တိုင်း သူ၏ ခန္ဓာကိုယ် အပေါက်လေးများမှတစ်ဆင့် အတွင်းသို့ ဝင်ရောက်သွားကြ၏။

၎င်းမှာ သက်တမ်းရာချီ ဝိညာဉ်သစ်သီးပင် ဖြစ်သည်။ ယခုအခါ ကျန်းချဲ့က သက်တမ်းတိုးရန် ပြုလုပ်နေခြင်း ဖြစ်သည်။

ဤအရာမှာ ယခင်က ကျန်းချဲ့ မြောက်ပိုင်း လူရိုင်းသံတမန် အဖွဲ့ကို ချုံခိုတိုက်ခိုက်ခဲ့စဉ်က ရရှိခဲ့သော တိုက်ပွဲ အကျိုးအမြတ်များထဲမှ တစ်ခု ဖြစ်သည်။ သို့သော် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အတွက် မမျှော်လင့်ထားသည်များ ဖြစ်လာမည်ကို စိုးရိမ်၍ သူ မသုံးစွဲခဲ့ပေ။

ယခု နောက်ထပ် ယဇ်ပူဇော်မည့် ရည်မှန်းချက်ကို သတ်မှတ်တော့မည် ဖြစ်ရာ ဤအခွင့်အရေးကို အသုံးချ၍ သူ့အတွက် အသုံးပြုရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

သက်တမ်း နှစ်နှစ်ရာ့လေးဆယ်က မနည်းသော်လည်း ကျန်းချဲ့ အနေဖြင့် မလုံလောက်သေးဟု ထင်မြင်နေဆဲ ဖြစ်သည်။ ယခု သူက အရေးကြီးသော အချိန်ကို ရောက်နေပြီး မည်သည့်အချိန်တွင် အတင်းအကျပ် ယဇ်ပူဇော်ရမည်ကို မသိနိုင်ပေ။ ထို့ကြောင့် နည်းလမ်းမျိုးစုံဖြင့် သူ၏ သက်တမ်းကို တိုးမြှင့်ထားရန် သဘာဝကျစွာ လိုအပ်ပေသည်။

သို့သော် သက်တမ်းတိုး ဝိညာဉ်ပစ္စည်းများ ဆိုသည်မှာ အလွယ်တကူ သုံးစွဲ၍ ရနိုင်သော အရာများ မဟုတ်ချေ။ အမှန်တကယ်တော့ ပေလင် ချီမိသားစု၊ ထျန်းလုံဘုန်းကြီးကျောင်းနှင့် နဂါးကျား တာအိုဂိုဏ်းတို့ကို ဖျက်ဆီးခဲ့စဉ်က သက်တမ်းတိုးနိုင်သော ပစ္စည်းများ အများအပြား ရရှိခဲ့သည်။ ထိုအရာများက တန်ဖိုးကြီးသော်လည်း သူ မသုံးချင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သက်တမ်းတိုး ဝိညာဉ်ပစ္စည်းများမှာ အကန့်အသတ်မရှိ ထပ်ခါတလဲလဲ အသုံးပြု၍ မရနိုင်သောကြောင့်ပင်။ အကယ်၍ သူက သက်တမ်း ဆယ်နှစ် နှစ်ဆယ် တိုးပေးသော အရာများကို ရမ်းသန်း သုံးစွဲလိုက်ပါက သက်တမ်းရာချီ ဝိညာဉ်သစ်သီးကဲ့သို့သော အရာများ၏ အာနိသင်ကို အကြီးအကျယ် လျော့ကျသွားစေနိုင်သည်။

ထို့အပြင် ပထမဆုံးအကြိမ် အသုံးပြုခြင်းက အကျိုးကျေးဇူး အများဆုံး ရရှိနိုင်၏။ ထို့ကြောင့် ကျန်းချဲ့က အမြဲတမ်း ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။

သာမန် သက်တမ်းတိုး ဝိညာဉ်ပစ္စည်းများနှင့် နှိုင်းယှဉ်ပါက သက်တမ်းရာချီ ဝိညာဉ်သစ်သီးကဲ့သို့သော အရာများမှာ အလွန် ရှားပါးလှသည်။ သက်တမ်း ပြည့်မီပါက သက်တမ်း အနှစ်တစ်ရာကျော်အထိ တိုးမြှင့်ပေးနိုင်စွမ်း ရှိသည်။ ၎င်းက သူ့အတွက် အသင့်တော်ဆုံး ဖြစ်သည်။

တစ်ချက် ရှူသွင်း၊ တစ်ချက် ရှူထုတ်လိုက်တိုင်း ဝေလငါးကြီး မျိုချသည့်အလား သက်တမ်းရာချီ ဝိညာဉ်သစ်သီး၏ အဆီအနှစ်များက ကျန်းချဲ့၏ ခန္ဓာကိုယ် အတွင်းသို့ အဆက်မပြတ် ဝင်ရောက်သွားသည်။ သူ၏ ရင်ဘတ် ဖောင်းကြွလာမှုနှင့်အတူ နဂါးဟိန်းသံများလည်း အဆက်မပြတ် ထွက်ပေါ်လာနေသည်။

အပြင်ပန်းတွင်တော့ ကျန်းချဲ့က မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။ မည်သို့ပင်ဆိုစေ သူ၏ ယခုလက်ရှိ အခြေအနေက အလွန် နုပျိုနေပြီး ခေါင်းပေါ်တွင် ဆံပင်ဖြူ တစ်ပင်မျှ မရှိကာ သွေးသားစွမ်းအင်များကလည်း အလွန် အားကောင်းနေသည် မဟုတ်ပါလား။

သို့သော် အတွင်းပိုင်းတွင်တော့ ကျန်းချဲ့က ကြီးမားလှသော အပြောင်းအလဲများကို ခံစားနေရသည်။ အဆီအနှစ်များကို စုပ်ယူ သန့်စင်နေသည်နှင့်အမျှ သူ၏ ကလီစာများ၊ သွေးသားများနှင့် အရိုးအဆစ်များ အားလုံးက တုန်ခါနေပြီး တစ်ကိုယ်လုံးမှ အလင်းတန်းများ တောက်ပလာကာ တိတ်ဆိတ်သော အခန်းလေးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။

နေ့တစ်ဝက် ကြာပြီးနောက်...

လေဟာနယ်ထဲတွင် ဝဲပျံနေသော သက်တမ်းရာချီ ဝိညာဉ်သစ်သီးမှာ ယခုအခါ လုံးဝ ခြောက်သွေ့သွားပြီး ထပ်မံ စုပ်ယူရန် မဖြစ်နိုင်တော့ပေ။ သို့သော် ကျန်းချဲ့က အလဟဿ မဖြစ်စေရန်အတွက် အကြွင်းအကျန်များကိုပါ ပါးစပ်ထဲ ထည့်ကာ မျိုချပြီး သန့်စင်လိုက်သေးသည်။

အချိန်အနည်းငယ် ကြာပြီးနောက် ကျန်းချဲ့က လေပူတစ်ချက် မှုတ်ထုတ်လိုက်ရာ တစ်ကိုယ်လုံး အလွန် သက်သောင့်သက်သာ ဖြစ်သွားပြီး ခွန်အားများ ပြည့်ဝသွားကာ နတ်မိမယ်လေးနှင့် အတူတကွ ကျင့်ကြံခဲ့ရသည့် ခံစားချက်ထက်ပင် အဆပေါင်းများစွာ ပိုမို ကောင်းမွန်နေသည်ကို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံး အဆင့်မြင့်သွားသည့်အလားပင်။

အချိန်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းချဲ့က မျက်လုံးများကို ပြန်လည် မှိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သက်တမ်း မည်မျှ တိုးလာသည်ကို သူ အလွန် သိချင်နေပြီ ဖြစ်သည်။

ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် နယ်မြေအတွင်း။

ကျန်းချဲ့က စိတ်ဖြင့် ရည်မှန်းချက်ကို ရေးမှတ်လိုက်သည်။

[ယဇ်ပူဇော်မည့် ရည်မှန်းချက် - စစ်မှန်သောသခင်အဆင့်သို့ တက်လှမ်းခြင်း]

ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အပေါ်တွင် အလင်းတန်းများ အဆက်မပြတ် လည်ပတ်နေပြီး စက္ကန့်ဆယ်ဂဏန်းခန့် ကြာပြီးမှသာ ပျောက်ကွယ်သွားသည်။ ထို့နောက် ကျောက်တိုင်ပေါ်တွင် စာကြောင်းတစ်ကြောင်း အသစ် ထပ်မံ ပေါ်လာသည်။

[ယဇ်ပူဇော်ရန် ပေးဆပ်ရမည့် တန်ကြေး - ကောင်းကင်နှင့်မြေကြီး နဂါးသွေးကြော တစ်ပိုင်း၊ မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့ တစ်စေ့၊ ကျိုယိုး သွေးစစ်စစ် သစ်ပင် တစ်ပင်၊ ကောင်းကင်ယန်စွမ်းအင် မြက်ပင် တစ်ပင်၊ ပုံရိပ်ယောင် နတ်မီးတောက် တစ်ခု၊ သက်တမ်း ဆယ်နှစ် ဖြတ်တောက်မည်။ ကျန်ရှိသော သက်တမ်း - နှစ်သုံးရာ့သုံးဆယ့်ငါးနှစ်။ ယဇ်ပူဇော်မည်လား]

မျက်လုံး ဖွင့်လိုက်သောအခါ ကျန်းချဲ့၏ မျက်ဝန်းများထဲတွင် လေးနက်သော အရိပ်အယောင် အချို့ ဖြတ်ပြေးသွားသည်။

သူ ခန့်မှန်းထားသည့် အတိုင်းပင် ကျင့်စဉ်စွမ်းအားများ တိုးတက်လာသည်နှင့်အမျှ လိုအပ်သော ယဇ်ပူဇော်စရာ ပစ္စည်းများကလည်း ပိုမို တန်ဖိုးကြီးလာသည်။

သေချာသည်မှာ အခြား အကြောင်းရင်း တစ်ခုလည်း ရှိနေသေးကြောင်း ကျန်းချဲ့ နားလည်ထားသည်။ ၎င်းမှာ သူက ယခုအချိန်တွင် ကျင့်စဉ် တစ်ခုတည်းကိုသာ ကျင့်ကြံနေခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်ကိုပါ ကျင့်ကြံနေခြင်း ဖြစ်သည်။ ထိုနှစ်ခု ပေါင်းစပ်သွားသောကြောင့် ဤမျှများပြားသော ယဇ်ပူဇော်စရာ ပစ္စည်းများ လိုအပ်လာခြင်း ဖြစ်သည်။

သေချာသည်မှာ ဤယဇ်ပူဇော်စရာ ပစ္စည်းများမှ ဖိအားများကို ကျန်းချဲ့ ခံစားနေရသော်လည်း သတင်းကောင်း အချို့ကိုလည်း သူ မြင်တွေ့ခဲ့ရသည်။ ဥပမာ သက်တမ်း တိုးလာခြင်းက သူ့ကို အလွန် ဝမ်းသာသွားစေသည်။

မူလက သူ၏ သက်တမ်းမှာ ပြီးခဲ့သည့် ယဇ်ပူဇော်မှု အပြီးတွင် နှစ်နှစ်ရာ့လေးဆယ်သာ ကျန်ရှိတော့သည်။ ယခုအခါ နှစ်သုံးရာ့သုံးဆယ့်ငါးနှစ် ဖြစ်သွားပြီ။ ဖြတ်တောက်ခံရမည့် ဆယ်နှစ်ကိုပါ ထည့်ပေါင်းလိုက်ပါက သက်တမ်းရာချီ ဝိညာဉ်သစ်သီး တစ်လုံးကို သန့်စင်လိုက်ခြင်းဖြင့် သူ၏ သက်တမ်း အနှစ်တစ်ရာ့ငါးနှစ် တိတိ တိုးလာခြင်းပင်။

သက်တမ်း အနှစ်တစ်ရာ တိုးလာခြင်း... ၎င်းမှာ သူ့အတွက် အလွန် ဝမ်းသာစရာ ကောင်းသော ကိစ္စပင် ဖြစ်သည်။

လမ်းတစ်လျှောက်လုံး သူက အဆက်မပြတ် ယဇ်ပူဇော်ခဲ့ရာ ကျင့်စဉ်စွမ်းအားများ တစ်ဟုန်ထိုး တိုးတက်လာခဲ့သော်လည်း သက်တမ်းများစွာကိုလည်း ဖြတ်တောက်ခံခဲ့ရသည်။ ကျင့်စဉ်နှင့် ခန္ဓာကိုယ် နှစ်မျိုးစလုံးကို ကျင့်ကြံထားသော အသက် နှစ်ဆယ့်တစ်နှစ် အရွယ်ရှိ လူတစ်ယောက် အနေဖြင့် နှစ်ပေါင်း နှစ်ရာကျော်သာ သက်တမ်း ကျန်ရှိတော့သည်ဟု အပြင်လူများ သိသွားပါက မည်သူမျှ ယုံကြည်ကြမည် မဟုတ်ချေ။

သူ၏ ယဇ်ပူဇော်မှုများ အားလုံးတွင် တန်ကြေးများ ရှိနေသည်။ ကံကောင်းထောက်မစွာဖြင့် သက်တမ်းကိုလည်း ပြန်လည် ဖြည့်တင်းနိုင်ပေသည်။ အကယ်၍ သူ့တွင် သက်တမ်း အနှစ်တစ်ထောင် ရှိမည်ဆိုပါက ယဇ်ပူဇော်စရာ ပစ္စည်း မရှိလျှင်တောင်မှ အတင်းအကျပ် ယဇ်ပူဇော်ရန် တစ်ကြိမ်လောက် စမ်းသပ်ရဲပေလိမ့်မည်။

ထို့အပြင် နောက်ထပ် သတင်းကောင်း တစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ ယခုအချိန်တွင် သူ၏ လက်ထဲ၌ ယဇ်ပူဇော်စရာ ပစ္စည်းတစ်ခု ရှိနေခြင်းပင်။

နဂါးသွေးကြော။ ဤနဂါးသွေးကြော အပိုင်းအစကို သူ ချီရွှယ်မိစ္ဆာသခင်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ အစကတည်းက သိုင်းပညာရှင် အများအပြား၏ လိုချင်တပ်မက်မှုကို ခံခဲ့ရပြီး နန်ယွဲ့ပြည်၏ ဘိုးဘေးကြီး ကိုယ်တိုင် လိုက်လံ ဖမ်းဆီးခြင်းကိုပင် ခံခဲ့ရသည်။ ယခုတော့ နောက်ဆုံးတွင် အသုံးဝင်လာခဲ့ပြီ ဖြစ်သည်။

ဤပစ္စည်းက အမှန်တကယ်ပင် သာမန်မဟုတ်ချေ။ ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက်က စိတ်မဝင်စားခြင်းမှာ သူ၏ အဆင့်က မြင့်မားလွန်းနေပြီး နဂါးသွေးကြော တစ်ပိုင်းက သူ့အတွက် အသုံးမဝင်သောကြောင့် ဖြစ်သည်။ သို့သော် ကျန်းချဲ့ကတော့ သေချာပေါက် လိုအပ်ပေသည်။

အစောကြီးကတည်းက ဤအရာက တစ်နေ့နေ့တွင် ယဇ်ပူဇော်စရာ ပစ္စည်း ဖြစ်လာမည်ဟု သူ ကြိုတင် ခံစားမိခဲ့သည်။ ယခုတော့ တကယ် ဖြစ်လာခဲ့ပြီ။ ထိုအရာကလည်း စစ်မှန်သောသခင်အဆင့်သို့ တက်လှမ်းမည့် အရေးကြီးသော အချိန်တွင် ဖြစ်သည်။

သို့သော် သတင်းကောင်းကတော့ ဤမျှသာ ဖြစ်သည်။

သက်တမ်းနှင့် နဂါးသွေးကြောမှလွဲ၍ ကျန်ရှိသော ယဇ်ပူဇော်စရာ ပစ္စည်း လေးမျိုးကတော့ သူ၏ လက်ရှိ အခြေအနေအတွက် အလွန် ခက်ခဲသော အရာများ ဖြစ်နေသည်။ ပထမဆုံး မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့။ ဤအရာက လေဝိညာဉ် ပုတီးစေ့ ကဲ့သို့ပင် သိုင်းလောကတွင် အကောင်းဆုံးသော ကပ်ဘေးကျော်ဖြတ်ရေး ဝိညာဉ်ပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။ အထူးသဖြင့် မီးကပ်ဘေးကို ဖြတ်ကျော်ရာတွင် အလွန် အရေးကြီးလှသည်။

လေကပ်ဘေးကို ကောင်းကင်ပြင်ပ လေကပ်ဘေး ဟု ခေါ်ဆိုပြီး ကောင်းကင်နှင့် မြေကြီး၏ လေစွမ်းအင်များကို အသုံးပြု၍ မူလဝိညာဉ်သန္ဓေသားကို လေ့ကျင့်ပေးရသည်။ မီးကပ်ဘေးကိုတော့ မိစ္ဆာဆန္ဒ စိတ်မီးကပ်ဘေး ဟု ခေါ်ဆိုပြီး ပြင်ပမီးဖြင့် မဟုတ်ဘဲ အတွင်းမှနေ၍ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လူတစ်ယောက်၏ လိုချင်တပ်မက်မှု မည်မျှ ကြီးမားသလဲ၊ သတ်ဖြတ်လိုစိတ် မည်မျှ ပြင်းထန်သလဲ ဆိုသည်အပေါ် မူတည်၍ မီးကပ်ဘေး၏ ကြောက်မက်ဖွယ် ကောင်းမှုက ဆုံးဖြတ်ခြင်း ခံရသည်။ မွေးရာပါ ဖြူစင်သော နှလုံးသား မရှိပါက သာမန် သိုင်းပညာရှင်များ အနေဖြင့် ကပ်ဘေးကို ဖြတ်ကျော်ရန် ဝိညာဉ်ပစ္စည်းများ၏ အကူအညီကို ရယူရမည် ဖြစ်သည်။

ဥပမာ ကျောက်ရှန်းကျီ ဆိုပါစို့။ ထိုအမျိုးသမီးက ယင်ယန် စွမ်းအင်များကို ညီမျှအောင် ထိန်းညှိနေရခြင်းမှာ ကပ်ဘေး ဖြတ်ကျော်ချိန်တွင် အခြေခံအုတ်မြစ် မလုံလောက်သဖြင့် အဆုံးစွန် ယင်စွမ်းအင်၏ တန်ပြန် သက်ရောက်မှုကို ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ယင်မီးကို ဆွဲဆောင်၍ မူလဝိညာဉ်သန္ဓေသားကို လောင်ကျွမ်းခံရမည်ကို ကြောက်ရွံ့သောကြောင့်ပင်။

သိုင်းလောကတွင် အရှိန်အဟုန်ဖြင့် လေ့ကျင့်ရသော မိစ္ဆာလမ်းစဉ်မှ မဟာသိုင်းသခင်ကြီး အများစုမှာ ဤအဆင့်တွင် ကျရှုံးကြရပြီး မူလဝိညာဉ် လောင်ကျွမ်းခံရတတ်ကြသည်။

ယခင်က ချီရွှယ်မိစ္ဆာသခင်က သူ မီးကပ်ဘေး ဖြတ်ကျော်ခဲ့စဉ်က အခြေအနေကို ပြောပြဖူးသည်။ ဝိညာဉ်ပစ္စည်း အများအပြားကို ရှာဖွေ ပြင်ဆင်ထားခဲ့သော်လည်း ကပ်ဘေး ဖြတ်ကျော်ရန် ကျရှုံးလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။

ချီရွှယ်မိစ္ဆာသခင်နှင့် နှိုင်းယှဉ်ပါက ကျန်းချဲ့က အနည်းငယ် ပိုကောင်းသော်လည်း အများကြီးတော့ မကွာခြားလှချေ။ ဆန္ဒတပ်မက်မှု အပိုင်းတွင် ကျန်းချဲ့ ကိုယ်တိုင်လည်း မိမိကိုယ်ကိုယ် အပြစ်ကင်းသည်ဟု ဝန်မခံရဲပေ။

ဆန့်ကျင်ဘက် အနေဖြင့် သူ လျှောက်လှမ်းလာသော လမ်းတစ်လျှောက်တွင် မင်းသမီးကို ခြိမ်းခြောက်ခြင်း၊ မိဖုရားကို အတင်းအကျပ် ပြုလုပ်ခြင်း၊ လူပေါင်းများစွာကို သတ်ဖြတ်ခြင်းနှင့် ဂိုဏ်းများကို အမြစ်ပြတ် သုတ်သင်ခြင်း စသည်တို့ ပြုလုပ်ခဲ့ရာ လက်ချိုးရေတွက်၍ပင် မရနိုင်ချေ။

သူ၏ မိစ္ဆာဆန္ဒ မီးကပ်ဘေးက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။ မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့ကတော့ ဆန္ဒတပ်မက်မှုများကို အထူး နှိမ်နင်းပေးနိုင်သည်။ နှလုံးသား မိုးကြိုးကို အသုံးပြု၍ ဆန္ဒတပ်မက်မှု အားလုံးကို ဖျက်ဆီးပစ်နိုင်ရာ မရှိမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်ကြောင်း ဆိုနိုင်ပေသည်။

ထို့အပြင် ကျိုယိုး သွေးစစ်စစ် သစ်ပင်နှင့် ကောင်းကင်ယန်စွမ်းအင် မြက်ပင် တို့လည်း ရှိသေးသည်။ အမည်ကို ကြည့်ရုံဖြင့် သိနိုင်ပေသည်။

ဤဝိညာဉ်ပစ္စည်း နှစ်ခုထဲတွင် တစ်ခုက သွေးသားစွမ်းအင်များကို တိုးပွားစေပြီး ခန္ဓာကိုယ်ကို သန်မာစေရန် ဖြစ်သည်။ နောက်တစ်ခုကတော့ ကျင့်စဉ်စွမ်းအားကို တိုးပွားစေပြီး မူလယန်စွမ်းအင်ကို ဖြည့်တင်းပေးရန် ဖြစ်သည်။

ထိုအထဲတွင် ကောင်းကင်ယန်စွမ်းအင် မြက်ပင်၏ ခက်ခဲမှုက သိပ်မကြီးမားလှပေ။ သေချာ ရှာဖွေမည် ဆိုပါက ပေလင် ချီမိသားစု၏ လမ်းကြောင်းများနှင့် အနက်ရောင်ရုံးတော်၏ သတင်းအချက်အလက်များကို အသုံးပြု၍ အချိန်အများကြီး မကုန်ဘဲ ရှာတွေ့နိုင်လောက်သည်။

သို့သော် ဤကျိုယိုး သွေးစစ်စစ် သစ်ပင် ကတော့ သူ့ကို အနည်းငယ် စဉ်းစားရ ခက်စေသည်။ အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းက သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ အချိန်အများကြီး ယူကာ သွေးသား အဆီအနှစ်များဖြင့် လောင်းထည့်မှသာ အောင်မြင်စွာ ကြီးထွားလာနိုင်သောကြောင့်ပင်။ မိစ္ဆာလမ်းစဉ်မှ လူအချို့အတွက် ဤပစ္စည်းက အလွန်တရာ အဖိုးတန်လှပေသည်။

တစ်ချိန်တည်းမှာပင် ဤသစ်ပင်၏ အနှစ်ကလည်း ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ရေး ရတနာများထဲမှ တစ်ခု ဖြစ်ပြီး ချီရွှယ်မိစ္ဆာသခင် အတွက် အလွန် အရေးကြီးလှသည်။ ကျန်းချဲ့ မဟာသိုင်းသခင် အဆင့်သို့ ရောက်ရှိပြီး ကတည်းက တစ်ဖက်လူအတွက် ဤပစ္စည်းကို လိုက်လံ ရှာဖွေပေးနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ယခုအချိန်အထိ သတင်းအစအနမျှ မရသေးခြင်းပင်။

နောက်ဆုံး ပုံရိပ်ယောင် နတ်မီးတောက် ကတော့ ကျန်းချဲ့ကို အနည်းငယ် နားမလည်နိုင်အောင် ဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းက ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်မီးတောက်များထဲမှ တစ်ခု ဖြစ်သော်လည်း ပြဿနာမှာ ဤပစ္စည်းက ကျင့်စဉ်စွမ်းအားကိုလည်း မတိုးပွားစေနိုင်သလို ကပ်ဘေး ဖြတ်ကျော်ရာတွင်လည်း အထောက်အကူ မပြုနိုင်ပေ။

ထို့အပြင် ခန္ဓာကိုယ်ကို ပြောင်းလဲရန်လည်း မစွမ်းဆောင်နိုင်ချေ။ ဘယ်လိုလုပ်ပြီး ယဇ်ပူဇော်စရာ ပစ္စည်းတွေထဲ ပါလာရတာလဲ။

ကျန်းချဲ့က ဘယ်လိုပဲ စဉ်းစား စဉ်းစား ဤကိစ္စ၏ အဓိက အချက်ကို နားမလည်နိုင်ခဲ့ပေ။

ချီရွှယ်မိစ္ဆာသခင်နှင့် ကျောက်ရှန်းကျီတို့ကို အရင်ဆုံး မေးကြည့်ရန် ပြင်ဆင်လိုက်သည်။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် ကျန်းချဲ့က တိတ်ဆိတ်သော အခန်းထဲမှ ထွက်လာပြီး သူ၏ လမ်းစဉ်နှင့် ပတ်သက်သည့် ယဇ်ပူဇော်စရာ ပစ္စည်းများ၏ သဲလွန်စများကို စတင် စုံစမ်းရန် ပြင်ဆင်လိုက်သည်။ ဤအရာများက ကျန်းချဲ့ အမြဲတမ်း အရေးအကြီးဆုံး အဖြစ် သတ်မှတ်ထားသော ပန်းတိုင်များ ဖြစ်သည်။

All Chapters