← Chapters

အခန်း ၄၄၉

Vol. 45 Ch. 449

အခန်း ၄၄၉

Vol. 45 Ch. 449

အခန်း ၄၄၉ ညီအစ်မ တစ်စိတ်တစ်ဝမ်းတည်းနှင့် ဆရာတပည့် တစ်သွေးတည်း

"မတော်တဆ"

ချီဝမ်ကျွင်းက ကျန်းချဲ့ကို အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် ကြာအောင် စိုက်ကြည့်နေပြီးမှ ခေါင်းလှည့်သွားကာ ဝိညာဉ်ရေကန်ထဲတွင် ကူးခတ်နေသော ငါးလေးများဆီသို့ အကြည့်ရွှေ့သွားပြီး တိတ်ဆိတ်သွားလေသည်။

"ဝမ်ကျွင်း ဒီကိစ္စက မတော်တဆဆိုပေမဲ့ ကိုယ့်မှာလည်း အမှားပါပါတယ်"

ချီဝမ်ကျွင်း၏ မျက်နှာအမူအရာကို ကြည့်ရင်း ကျန်းချဲ့၏ မျက်ဝန်းများတွင် တောင်းပန်လိုစိတ်များ အပြည့်ပေါ်လွင်နေသည်။

သူ၏ မူလအစီအစဉ်အရဆိုလျှင် ချီနင်ပင်းကို အရင်ပြောပြပြီးမှ သူတို့နှစ်ယောက် တိုင်ပင်ကာ ချီဝမ်ကျွင်းကို အသိပေးပြီး ကျောက်ရှန်းကျီအား လက်ခံလာစေရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ချီဝမ်ကျွင်းနှင့် ယှဉ်လျှင် ချီနင်ပင်းက ပို၍ သဘောထားကြီးပြီး အလွန်ဆုံးမှ စိတ်ကောက်ရုံသာ ရှိမည်ဖြစ်သည်။ သို့သော် ချီဝမ်ကျွင်းမှာမူ မတူညီပေ။ သူမက ရဲရင့်ပြတ်သားပြီး အသေးအဖွဲကိစ္စများကို ဂရုမစိုက်တတ်သော်လည်း အချစ်ရေးနှင့် ပတ်သက်လာလျှင်တော့ ခံစားချက်ကို လျစ်လျူရှုရန် အလွန်ခဲယဉ်းလှသည်။

ယခင်တစ်ခေါက်ကလိုမျိုးသာဆိုလျှင် ကျန်းချဲ့နှင့် ချီနင်ပင်းတို့ နှစ်ယောက်ပေါင်းပြီး ဖြောင်းဖျခဲ့ခြင်းနှင့် မြောက်ပိုင်းချီမိသားစုအတွက် မင်္ဂလာကိစ္စက အလွန်အရေးပါနေခြင်းတို့ကြောင့်သာ မဟုတ်လျှင် ချီဝမ်ကျွင်းက ဤကဲ့သို့သော ကိစ္စမျိုးကို နှာခေါင်းပိတ်၍ လက်ခံလိမ့်မည် မဟုတ်ချေ။

ယခုတော့ သူတို့ ဇနီးမောင်နှံ ဖြစ်သွားပြီ ဖြစ်ရာ ချီဝမ်ကျွင်း အနေဖြင့် ဤအချိန်မျိုးတွင် အကြောင်းမဲ့ စိတ်ကောက်နေမည် မဟုတ်သော်လည်း ကျန်းချဲ့ကတော့ သူတို့ကြားတွင် ဆူးတစ်ချောင်း စိုက်ဝင်သွားမည်ကို လုံးဝ မလိုလားပေ။

"အရင်တုန်းက ရှင်နဲ့ နင်ပင်း အတူရှိခဲ့တာလည်း မတော်တဆလို့ ပြောခဲ့တာပဲ"

ချီဝမ်ကျွင်း၏ အသံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။ ဝမ်းသာခြင်း ဝမ်းနည်းခြင်း ဒေါသထွက်ခြင်း တစ်ခုမှ မပါဝင်သော်လည်း ကျန်းချဲ့ကတော့ ထိုစကားလုံးများထဲမှ စိတ်ပျက်မှု အချို့ကို ခံစားသိရှိနေ၏။

ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချဲ့ ကောင်းကောင်း နားလည်ပါသည်။ သူတို့ လက်ထပ်ခဲ့သည်မှာ ခြောက်လခန့်သာ ရှိသေးပြီး ချီဝမ်ကျွင်းက အိမ်တွင် အေးအေးဆေးဆေး ကျင့်ကြံနေချိန်၌ သူက အပြင်တွင် ပျော်ပါးနေခဲ့သည်ဆိုခြင်းမှာ တကယ်ကို ပြောစရာ အကြောင်းပြချက် မရှိလှပေ။

"ကိုယ်..."

"အရင်တစ်ခေါက်ကတော့ ကျမ ရှင့်ကို ယုံကြည်ပေးခဲ့တယ် အခုတစ်ခေါက်ရော ရှင့်ကို ထပ်ယုံပေးရဦးမှာလား ကျောက်ရှန်းကျီဆိုတာက မူလဝိညာဉ်အဆင့် စစ်မှန်သောသခင် တစ်ပါးဖြစ်ပြီး စွမ်းအားကလည်း သာမန်မဟုတ်ဘူး ရှင်ကလည်း ဖုန်းယွင်သိုင်းအဆင့်စာရင်းရဲ့ ထိပ်တန်းမှာ ရှိနေတယ် အဲဒီလောက် အဆင့်မြင့်တဲ့ မဟာသိုင်းသခင်ကြီး နှစ်ယောက်က မတော်တဆ ဖြစ်စရာ အကြောင်းရှိလို့လား"

ချီဝမ်ကျွင်းက ခေါင်းလှည့်ကာ ကျန်းချဲ့ကို လေးနက်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဒီကိစ္စက တကယ်ကို သာမန်တော့ မဟုတ်ပါဘူး လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ကိုယ် ချီမိသားစုမှာ ဓမ္မရုပ်တုအဆင့်ကို တက်လှမ်းပြီးတဲ့နောက် ရွှမ်လင်း လျှို့ဝှက်နယ်မြေထဲက ရတနာတစ်ခုကို ယူဖို့ လင်းကျန့်တောင်ရဲ့ အစီအရင်ပြား တစ်ခု လိုအပ်ခဲ့တယ် အဲဒီတုန်းက ကျောက်နတ်မိမယ်က ပေးခဲ့တာပါ အဲဒီနောက် ကိုယ် ယင်ယန် မိစ္ဆာမီးတောက်ကို သန့်စင်လိုက်တာ ကျောက်ရှန်းကျီ သိသွားတော့ မီးကပ်ဘေး ဖြတ်ကျော်ဖို့ ယင်ယန်စွမ်းအင် မျှတအောင် လုပ်တဲ့နေရာမှာ ကိုယ့်ကို ကူညီခိုင်းခဲ့တယ် အဲဒီမီးကပ်ဘေးမှာပဲ..."

ကျန်းချဲ့က အဖြစ်အပျက် အားလုံးကို အသေးစိတ် ရှင်းပြလိုက်သည်။ ချီဝမ်ကျွင်းကတော့ ဘာစကားမှ မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေ၏။

"ဒါပေမဲ့ ဒီကိစ္စက ရုတ်တရက် ဖြစ်သွားတာဆိုပေမဲ့ ကိုယ် ဝန်ခံရမယ့် အချက်တစ်ခု ရှိတယ် ကျောက်နတ်မိမယ် အပေါ် ကိုယ် နည်းနည်း စိတ်မြန်ကိုယ်မြန် ဖြစ်သွားခဲ့တယ် ရှန်းကျီကလည်း ကိုယ့်ကို အကြိမ်ကြိမ် ကူညီပေးခဲ့တော့..."

ချီဝမ်ကျွင်းက သက်ပြင်းသဲ့သဲ့လေး မှုတ်ထုတ်လိုက်သည်။

"အဒေါ်ကျောက်ကရော သူက ဘယ်လို သဘောရလဲ"

"ရှန်းကျီကလည်း ကိုယ့်အပေါ် စိတ်ယိမ်းယိုင်နေပါတယ် ဒါပေမဲ့ မင်းနဲ့ နင်ပင်းကြောင့် ဒီကိစ္စကို လူသိရှင်ကြား မလုပ်ချင်ခဲ့တာပါ ကိုယ်ကလည်း အချိန်ကောင်း တစ်ခုရှာပြီး မင်းနဲ့ နင်ပင်းကို ဖွင့်ပြောဖို့ စဉ်းစားထားခဲ့တာ ဒါပေမဲ့ မထင်မှတ်ဘဲ..."

"ကျမက အဲဒီလောက် ဉာဏ်ကောင်းနေလိမ့်မယ်လို့ မထင်ထားဘူးပေါ့လေ"

ချီဝမ်ကျွင်းက သူမကိုယ်သူမ လှောင်ပြောင်သလို ပြုံးလိုက်သည်။

ကျန်းချဲ့က မျက်လုံးများကို မှေးကာ ဘာမှ ဆက်မပြောတော့ပေ။ ချီဝမ်ကျွင်းက ဆက်လက် မေးမြန်းလိုက်သည်။

"ဒါဆိုရင် ကျမတို့နဲ့ အဒေါ်ကျောက် ကြားက ဆက်ဆံရေးကို ရှင် ဘယ်လို စီစဉ်ထားလဲ"

"မင်းနဲ့ နင်ပင်းက ကိုယ် တရားဝင် လက်ထပ်ထားတဲ့ ဇနီးတွေပါ ဒီအချက်က ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ရှန်းကျီကိုလည်း ကိုယ် ကျန်းမိသားစုထဲကို ခေါ်ဆောင်လာဖို့ စဉ်းစားထားတယ်"

"ဇနီးငယ် အဖြစ်နဲ့လား"

"ဟုတ်တယ်"

"ကျောက်ရှန်းကျီဆိုတာက တစ်ခေတ်တစ်ခါမှာ ကျော်ကြားတဲ့ ဓားသခင်လေ လင်းကျန့်တောင်ရဲ့ အနာဂတ် ဂိုဏ်းချုပ် ဖြစ်လာနိုင်ချေ အများဆုံးသူက အငယ်အနှောင်း အဖြစ် နေဖို့ ကျေနပ်ပါ့မလား"

ချီဝမ်ကျွင်း မျက်မှောင်ကုပ်သွားသော်လည်း သူမ၏ ရင်ထဲတွင် ဘာကြောင့်မှန်းမသိ ရုတ်တရက် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

တကယ်တော့ ကျန်းချဲ့နှင့် ကျောက်ရှန်းကျီတို့ ကြားရှိ ပတ်သက်မှုကို အရင်ဆုံး သတိထားမိခဲ့သူမှာ သူမ မဟုတ်ဘဲ ဉာဏ်ရည်ထက်မြက်သော ချီနင်ပင်းသာ ဖြစ်သည်။ ယခင်တစ်ခေါက်က ကျောက်ရှန်းကျီ ချီမိသားစုသို့ လာရောက်ကာ ကျန်းချဲ့ကို လာရှာကတည်းကပင် ချီနင်ပင်းက သူမနှင့် တိတ်တဆိတ် ဆွေးနွေးခဲ့ဖူးသည်။ ထိုစဉ်က သူမ သိပ်မယုံကြည်ခဲ့ပေ။ သို့သော် ထျန်းလုံဘုန်းကြီးကျောင်း တိုက်ပွဲတွင် ကျောက်ရှန်းကျီက လင်းကျန့်တောင်ကိုပင် ဂရုမစိုက်ဘဲ ကျန်းချဲ့ကို နောက်တွန့်မနေဘဲ ကူညီခဲ့ခြင်းက လူများကို အတွေးပွားစေခဲ့သည်။

ပေလင်ချီမိသားစုပင်လျှင် တွန့်ဆုတ်နေခဲ့သော်လည်း ကျောက်ရှန်းကျီက ဂရုမစိုက်ခဲ့ပေ။ ၎င်းက ကျန်းချဲ့နှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိနေကြောင်း အလွန် သိသာလွန်းလှသည်။ ထို့အပြင် ကျန်းချဲ့၏ မိန်းမလိုက်စားတတ်သော စိတ်ကိုလည်း သူတို့ ညီအစ်မနှစ်ယောက်လုံး ကောင်းကောင်း သိထားကြသည်။ သူက ငြိမ်ငြိမ်သက်သက် နေမည့်သူမျိုး မဟုတ်ကြောင်း နားလည်ထား၏။

ချီနင်ပင်းက ဤကိစ္စကို ဖော်ထုတ်ပြီး အသာစီးရယူရန် အကြံပြုခဲ့သည်။ ကျန်းချဲ့၏ ချိုမြိန်သော စကားလုံးများကို မခုခံနိုင်မည်စိုးသဖြင့် တွေးတောပြီးနောက် ချီဝမ်ကျွင်းကိုသာ ကျန်းချဲ့ထံ လွှတ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ယခင် ဖောက်ပြန်မှုကို မိသွားစဉ်က ကျန်းချဲ့ အနေဖြင့် ချီဝမ်ကျွင်း အပေါ် အကြွေးတင်နေသလို ခံစားခဲ့ရပြီး ယခုတစ်ခေါက်ကတော့ ထိုခံစားချက်ကို ပိုမို နက်ရှိုင်းသွားစေရန် ဖြစ်သည်။

သေချာသည်မှာ သူမ လာရောက် စမ်းသပ်ခြင်းက ဖမ်းဆီးရန် မဟုတ်ပေ။ သို့မဟုတ်ပါက ကျန်းချဲ့ကို တိုက်ရိုက် မေးမြန်းနေမည် မဟုတ်ချေ။ အဓိက ရည်ရွယ်ချက်မှာ ကျန်းချဲ့၏ ရင်ထဲတွင် သူတို့ ညီအစ်မ နှစ်ယောက် အပေါ် အပြစ်ရှိသလို ခံစားရစေရန်နှင့် စိတ်မြန်ကိုယ်မြန်ဖြင့် ကျောက်ရှန်းကျီအား ကတိကဝတ်များ ပေးမိမည်ကို တားဆီးရန် ဖြစ်သည်။

ကျောက်ရှန်းကျီနှင့် ပတ်သက်၍ သူတို့ ညီအစ်မ နှစ်ယောက်လုံး အလွန် သတိထားကြသည်။ ကျောက်ရှန်းကျီ၏ အလှအပက သူတို့ ညီအစ်မထက် မနိမ့်ကျရုံသာမက ကျောက်ရှန်းကျီ၏ ကျင့်စဉ်စွမ်းအားကလည်း အလွန် မြင့်မားကာ ကျန်းချဲ့ကို အများကြီး ကူညီပေးနိုင်သောကြောင့်ပင်။ နောက်တစ်ခုက ကျောက်ရှန်းကျီက ဟွမ်ရှန်းရှန်းကဲ့သို့ အခြေခံမရှိသော မိန်းမမျိုး မဟုတ်ပေ။ ဟွမ်ရှန်းရှန်းက နောက်ခံ မရှိသလို စွမ်းအားလည်း မရှိသဖြင့် ခြိမ်းခြောက်မှု မဖြစ်နိုင်သော်လည်း ကျောက်ရှန်းကျီ၏ နောက်ကွယ်တွင် လင်းကျန့်တောင် ရှိနေသည်။

ကျောက်ရှန်းကျီ၏ နောက်ခံက ပေလင်ချီမိသားစုထက် မနိမ့်ကျဟု ဆိုနိုင်ပေရာ သူတို့၏ အကြီးမားဆုံး အားသာချက်ကို လုံးဝ ဖိနှိပ်ထားနိုင်၏။ ထို့အပြင် ကျောက်ရှန်းကျီနှင့် ဆက်ဆံဖူးသော်လည်း လူ့မျက်နှာကိုသာ သိပြီး စိတ်ကို မသိနိုင်သဖြင့် ကျောက်ရှန်းကျီ အကြောင်း သေချာ မသိသောကြောင့် သတိထားနေရခြင်း ဖြစ်သည်။ ဤစိုးရိမ်ပူပန်မှုများကြောင့်သာ သူမက ကျန်းချဲ့၏ အနားသို့ လာရောက်ခဲ့ခြင်း ဖြစ်၏။

ကျန်းချဲ့ မယားငယ် ယူမည်ကို သူတို့ ဂရုမစိုက်ပေ။ မင်္ဂလာ မဆောင်မီကတည်းက ဤအချက်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော် မယားငယ် ယူခြင်းက သူတို့ ညီအစ်မ နှစ်ယောက်၏ ဇနီးမယား နေရာကို ခြိမ်းခြောက်လာမည်ကိုတော့ လက်မခံနိုင်ချေ။ အကယ်၍ ကျောက်ရှန်းကျီက ဇနီးသုံးယောက်ထဲတွင် အနိမ့်ဆုံး ဇနီးငယ် နေရာမှာသာ နေမည်ဆိုပါက သူမ အနေဖြင့် အနည်းငယ် မနှစ်မြို့သော်လည်း လက်ခံပေးနိုင်ပါသေးသည်။ ပြဿနာမှာ ကျောက်ရှန်းကျီက ကျေနပ်ပါ့မလား ဆိုသည်ပင်။

"မင်း ရှန်းကျီ အကြောင်းကို သေချာ မသိလို့ပါ သူ့ရဲ့ စရိုက်က တော်တော်လေး နူးညံ့ပြီး တစ်ခုခုကို လုယူတာမျိုး မကြိုက်ပါဘူး"

ကျန်းချဲ့က ပြုံးရွှင်စွာဖြင့် ရှင်းပြလိုက်သည်။

သို့သော် ထိုစကားက ချီဝမ်ကျွင်း၏ ရင်ထဲကို တင်းကျပ်သွားစေသည်။ မလုမယက်ဘူး ဟုတ်လား နူးညံ့တယ် ဟုတ်လား အဲဒါက အမြဲတမ်း မျက်နှာသေနဲ့ နေတတ်တဲ့ ချင်းရှောင် ဓားသခင်လေ။ တစ်ခဏအတွင်းမှာပင် သူမ၏ ရင်ထဲ၌ သတိထားမှု အများအပြား ထွက်ပေါ်လာတော့သည်။

"ကြည့်ရတာ အဒေါ်ကျောက်က ရှင့်ရင်ထဲမှာ နေရာတစ်ခု ရနေပြီပဲ"

ချီဝမ်ကျွင်းက ခပ်ဟဟ ရယ်မောလိုက်သည်။

"မင်းတို့အားလုံးက ကိုယ့်အတွက် တန်းတူ အရေးပါကြပါတယ်"

ချီဝမ်ကျွင်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိတ်ဆိတ်သွားပြန်သည်။

"ဝမ်ကျွင်း"

ကျန်းချဲ့က ချီဝမ်ကျွင်း၏ လက်ကို ဆွဲကိုင်ကာ နားလည်မှုလွဲခြင်းများကို ဖြေရှင်းပေးရန် ကြိုးစားလိုက်သည်။

ချီဝမ်ကျွင်းက အသာအယာ ရုန်းထွက်လိုက်ပြီး အတိတ်က ဝမ်းနည်းစရာ အဖြစ်အပျက် အချို့ကို တွေးတောကာ သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုတို့ ရောယှက်နေသည့် အမူအရာကို ဖန်တီးလိုက်သည်။ စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် သူမက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကျန်းချဲ့ကို ကြည့်ကာ ပြောလိုက်သည်။

"ကျမကို ချစ်စကားလေး တစ်ခွန်းလောက် ပြောပြပါ ပြောတာကောင်းရင် သူ့ကို အိမ်ထဲ ပေးဝင်ဖို့ ကျမ သဘောတူမယ်"

"ကောင်းပါပြီ"

ကျန်းချဲ့က ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်သည်။

ထို့နောက် သူက ခေါင်းမော့ကာ အကြည့်များကို အပေါ်သို့ ပင့်လိုက်ပြီး ခေါင်းထဲရှိ ချစ်စကား အချို့ကို စဉ်းစားလိုက်သည်။ ခေတ္တမျှ ကြာပြီးနောက် သူ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ချီဝမ်ကျွင်း၏ လှပသော မျက်ဝန်းများကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

"မနက်လင်းတော့ ကောင်းကင်ကို ကြည့်တယ် ညနေစောင်းတော့ တိမ်တိုက်တွေကို ငေးတယ် လမ်းလျှောက်နေလည်း မင်းကို လွမ်းတယ် ထိုင်နေလည်း မင်းကို လွမ်းတယ်"

"မနက်လင်းတော့ ကောင်းကင်ကို ကြည့်တယ် ညနေစောင်းတော့ တိမ်တိုက်တွေကို ငေးတယ် လမ်းလျှောက်နေလည်း မင်းကို လွမ်းတယ် ထိုင်နေလည်း မင်းကို လွမ်းတယ်"

ထိုစကားဆုံးသည်နှင့် တစ်ပြိုင်နက် ချီဝမ်ကျွင်းမှာ နေရာမှာပင် မှင်သက်သွားတော့သည်။ သူမ၏ နှလုံးသားကို တစ်စုံတစ်ခုက ထိမှန်သွားသည့်အလား ပါးစပ်မှလည်း ထိုစကားများကို အဆက်မပြတ် ရေရွတ်နေမိသည်။

ကျန်းချဲ့၏ ဤစကားတစ်ခွန်းက ချီဝမ်ကျွင်း၏ နှလုံးသားကို အမှန်တကယ်ပင် လှုပ်ခတ်သွားစေခဲ့သည်။ ယခင်က ရှိနေခဲ့သော မကျေနပ်မှု အနည်းငယ်မှာလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး ယခုအခါ သူမ၏ ခေါင်းထဲတွင် ကျန်းချဲ့ ပြောခဲ့သော ချစ်စကားသာ လွှမ်းမိုးနေတော့သည်။

တကယ်တော့ ကျန်းချဲ့ မသိသည့် အချက်တစ်ခုမှာ ချီဝမ်ကျွင်းက ဓားလှံလက်နက်များကို ကိုင်ဆောင်ကာ သိုင်းပညာကို လေ့ကျင့်ရသည်ကို နှစ်သက်သော်လည်း ကဗျာလင်္ကာများကိုလည်း နှစ်သက်မြတ်နိုးကြောင်းပင်။ သို့သော် ဤကိစ္စတွင် သူမက ကျွမ်းကျင်မှု သိပ်မရှိဘဲ ချီနင်ပင်းလောက် စာပေဗဟုသုတ မကြွယ်ဝပေ။ သူမ၏ မူလရည်ရွယ်ချက်မှာ ကျန်းချဲ့ကို အပြစ်ရှိသလို ခံစားရအောင် လုပ်ရန်သာ ဖြစ်သော်လည်း ကျန်းချဲ့၏ နှုတ်ဖျားမှ သူမ၏ နှလုံးသားကို တုန်လှုပ်သွားစေမည့် ချစ်စကားမျိုး ထွက်လာလိမ့်မည်ဟု တကယ် မထင်မှတ်ထားခဲ့ချေ။

"ဝမ်ကျွင်း"

ချစ်စကားက ချီဝမ်ကျွင်းကို မှင်သက်သွားစေသည်ကို မြင်လိုက်ရသောအခါ ကျန်းချဲ့က ချက်ချင်း အနားကပ်သွားပြီး ချီဝမ်ကျွင်း၏ ခါးလေးကို ဖက်ကာ ပိုမို နက်ရှိုင်းအောင် ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။ ထို့နောက် အပြည့်အဝ သိမ်းသွင်းတော့မည် ဖြစ်၏။

"အင်း"

ချီဝမ်ကျွင်းမှာ အချိန်အကြာကြီး ပျောက်ကွယ်နေခဲ့သော ရှက်သွေးဖြာမှုမျိုး ဖြစ်ပေါ်လာပြီး တစ်ခဏတာမျှ ကျန်းချဲ့၏ မျက်လုံးများကိုပင် မကြည့်ရဲအောင် ဖြစ်သွားရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းချဲ့က မည်သည့် တုံ့ဆိုင်းမှုမျှ မရှိတော့ပေ။ ချီဝမ်ကျွင်းကို ပွေ့ချီကာ အနီးဆုံး အခန်းဆီသို့ လျှောက်သွားလိုက်သည်။

ထိုနောက်တွင်တော့

လေပြေသွေး၍ မိုးစဲသွားပေပြီ။

လှပသေသပ်သော အိပ်ခန်းလေး အတွင်း၌ နွေဦး၏ နွေးထွေးသော အငွေ့အသက်များ ပြည့်နှက်နေသည်။ ကျန်းချဲ့က သူ၏ ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ပြီး ချီဝမ်ကျွင်းကို အပြည့်အဝ သိမ်းသွင်းနိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင် ချီနင်ပင်း မရှိသောကြောင့်လား သို့မဟုတ် ချစ်စကားကြောင့်လား မသိသော်လည်း ချီဝမ်ကျွင်းက အလွန် လိုက်လျောလွယ်နေ၏။ ကျန်းချဲ့ ဘာခိုင်းခိုင်း သူမက ရိုးရိုးသားသားပင် ပူးပေါင်း လုပ်ဆောင်ပေးခဲ့သည်။

"ဝမ်ကျွင်း ရှန်းကျီက အခု ယွဲ့ပြည်နယ် မြို့တော်မှာ ရောက်နေတယ် မင်းတို့ နှစ်ယောက် အချင်းချင်း ပြန်သိကျွမ်းအောင် အချိန်လေး ဘာလေး ဖန်တီးပေးရမလား"

ကျန်းချဲ့က ချီဝမ်ကျွင်း၏ ဆံနွယ်လေးများကို လက်ချောင်းများဖြင့် ကစားရင်း ပြုံးကာ မေးလိုက်သည်။

"ရှလူး ရှလူး"

ကြက်ဥခေါက်ဆွဲကို စားနေသော ချီဝမ်ကျွင်းက ခေါင်းမော့ကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ခေတ္တမျှ တွေဝေပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ရောက်မှတော့ တွေ့ရမှာပေါ့ ဒါပေမဲ့ ရှင်က အခု အလုပ်ရှုပ်နေတာဆိုတော့ လိုက်မလာနဲ့တော့ ကျမဘာသာ ကျောက်နတ်မိမယ်ဆီ သွားတွေ့လိုက်ပါ့မယ် ဘာပဲဖြစ်ဖြစ် ကျမကလည်း ကျန်းမိသားစုရဲ့ အိမ်ရှင်မပဲလေ"

"ကျေးဇူးတင်ပါတယ် ဝမ်ကျွင်းရယ်"

ကျန်းချဲ့က ညင်သာစွာ ပြောလိုက်သည်။

ချီဝမ်ကျွင်းက ကျန်းချဲ့ကို တစ်ချက် ကြည့်လိုက်ပြီး ဆာလောင်နေသဖြင့် ကြက်ဥခေါက်ဆွဲကို ပါးစပ်ထဲ ထပ်မံ ထည့်လိုက်သည်။ ထို့နောက် နှာခေါင်းရှုံ့ကာ ကျန်းချဲ့၏ လက်ချောင်းကို သွားတက်လေးဖြင့် အသာအယာ ကိုက်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ကျန်းချဲ့၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ထသွားပြီး လေအေး တစ်ချက် ရှူသွင်းလိုက်မိတော့သည်။

"ရွှီး"

တောင်ပိုင်းနယ်စားကြီး အိမ်တော်၏ နောက်ဖေးဝင်း အတွင်း၌။ လှပသော အမျိုးသမီး နှစ်ဦး ရပ်နေကြပြီး လေထုက အနည်းငယ် ထူးဆန်းနေသည်။

ဘယ်ဘက်တွင် ချီဝမ်ကျွင်းက အနီနှင့် အဖြူ ရောယှက်နေသော ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားပြီး အရုဏ်တက်ချိန်ကဲ့သို့ လှပကာ ဂါဝန်အစွန်းများက လေထဲတွင် လွင့်မျောနေပြီး ပွင့်လန်းနေသော ပီအိုနီပန်းကဲ့သို့ ကျက်သရေ ရှိလှသည်။ သွယ်လျသော ကိုယ်လုံးလေးက မိုးမခကိုင်းလေးကဲ့သို့ ပျော့ပျောင်းပြည့်ဖြိုးပြီး လူကို ရစ်မူးစေသော အကောက်အကြောင်း အလှကို ပိုင်ဆိုင်ထားကာ ပန်းချီကားထဲမှ ထွက်လာသည့်အလား မျက်ခုံးများက လခြမ်းကဲ့သို့ ဖြစ်ပြီး မျက်လုံးများက ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်နေသည်။ အထူးသဖြင့် တက်ကြွသော မျက်ဝန်းများက တောက်ပပြီး နက်ရှိုင်းလှ၏။

အရေးအကြီးဆုံးမှာ သူမ၏ ခေါင်းပေါ်တွင် တော်ဝင်အဆင့် ရွှေသရဖူကို ဆောင်းထားပြီး အလွန်တရာ ခန့်ညားထည်ဝါနေခြင်းပင်။ ပုံမှန်အားဖြင့် အလှအပ ပြင်ဆင်ခြင်းကို မနှစ်သက်သော်လည်း ကျောက်ရှန်းကျီ ဆိုသော ကြီးမားသည့် ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်တွင် ညီမဖြစ်သူ ချီနင်ပင်း၏ အကြံပြုချက်ကို နားထောင်ကာ မိမိ၏ အလှဆုံး အသွင်အပြင်ကို ထုတ်ဖော်ပြသရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ လက်တွေ့တွင်လည်း အပြည့်အဝ ပြင်ဆင်ထားသော ချီဝမ်ကျွင်းမှာ အလွန်တရာ လှပလွန်းလှကြောင်း သက်သေပြနေပေသည်။

သူမနှင့် နှိုင်းယှဉ်ပါက ညာဘက်ရှိ ကျောက်ရှန်းကျီမှာမူ အနည်းငယ် ရိုးရှင်းနေသော်လည်း လှပဆွဲဆောင်မှု ရှိနေဆဲပင်။ နို့နှစ်ရောင် တင်းကြပ်သော ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ဂါဝန်အစွန်းများက လေထဲတွင် ယိမ်းနွဲ့နေကာ ပွင့်လန်းနေသော ပီအိုနီပန်းကဲ့သို့ တောက်ပနေသည်။ အသားအရေက နှင်းပွင့်ကဲ့သို့ ဖြူစင်ပြီး မျက်ဝန်းများက အနက်ရောင် နက်ရှိုင်းကာ လူ့စိတ်နှလုံးကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိသည့်အလား ဖြစ်နေ၏။

မျက်လုံးထောင့်များက အနည်းငယ် အပေါ်သို့ ကော့တက်နေပြီး မွေးရာပါ ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိသော အသွင်ကို ဆောင်နေသည်။ ဆံကေသာများက အနည်းငယ် တွန့်လိပ်နေပြီး ပုလဲနှင့် ကျောက်စိမ်း အဆင်တန်ဆာများက သူမ၏ ကျက်သရေရှိလှသော အသွင်အပြင်နှင့် အလွန် လိုက်ဖက်နေကာ တောက်ပသော အလင်းတန်းများ ကြားတွင် ပန်းချီကားထဲမှ ထွက်လာသော အလှဘုရင်မလေး တစ်ပါးနှင့် တူနေ၏။ အမျိုးသားများ၏ နှလုံးသားကို အချိန်မရွေး လှုပ်ခတ်သွားစေနိုင်စွမ်း ရှိပေသည်။

ဤတစ်ကြိမ် တွေ့ဆုံရသည့် အကြောင်းရင်းကို ကျောက်ရှန်းကျီက ကျန်းချဲ့ထံမှ ကြိုတင် သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် ယခုအခါ သူမက အလွန် တည်ငြိမ်နေသော်လည်း ချီဝမ်ကျွင်းကို ရင်ဆိုင်ရချိန်တွင် မဖော်ပြတတ်သော ခံစားချက် အချို့တော့ ဖြစ်ပေါ်နေမိသည်။ မည်သို့ပင်ဆိုစေ ကျန်းချဲ့ကို အရင်ဆုံး သွေးဆောင်ခဲ့သူမှာ သူမ ဖြစ်သည် မဟုတ်ပါလား။ သာမန် ချမ်းသာသော မိသားစုများတွင် ဆိုပါက သူမလို နောက်မှ ဝင်လာသူက ချီဝမ်ကျွင်းကို လက်ဖက်ရည် ကမ်းကာ ခစားရမည် ဖြစ်၏။

"မတွေ့ရတာ ကြာပြီနော် အဒေါ်ကျောက် က အရင်လိုပဲ လှနေတုန်းပါလား"

ချီဝမ်ကျွင်းက တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွဲလိုက်ပြီး ကျောက်ရှန်းကျီကို ပြုံးရွှင်စွာဖြင့် ကြည့်ကာ ပြောလိုက်သည်။ တရားဝင် ဇနီး တစ်ယောက် အနေဖြင့် သူမ၏ ရင်ထဲတွင် ကိုယ်ပိုင် ယုံကြည်မှု ရှိနေ၏။

"ဝမ်ကျင်း မင်းကမှ ပိုလှလာတာပါ အရင်တုန်းက သိုင်းပညာ ကျင့်ကြံတာကို သဘောကျပြီး သံချပ်ကာအပါးစားလေး ဝတ်ထားရင် အမြဲတမ်း ရဲရင့်တဲ့ အငွေ့အသက်တွေ ပြည့်နေတာ အခုကြည့်ရတာတော့ မင်း တော်တော်လေး ပြောင်းလဲသွားပြီပဲ"

ကျောက်ရှန်းကျီက တစ်ဖက်လူ၏ ပါးစပ်မှ ထွက်လာသော အဒေါ်ကျောက် ဆိုသည့် စကားကို လျစ်လျူရှုကာ ပြုံး၍ ပြန်ပြောလိုက်သည်။

"အဒေါ်ကျောက် အရင် ထိုင်ပါဦး ဒီဝိညာဉ်လက်ဖက်ရည်လေး သောက်ကြည့်ပါ တော်တော်လေး ကောင်းတယ်"

"တကယ်တော့ ငါတို့ ကြားမှာ ဘာဆွေမျိုးတော်စပ်မှုမှ မရှိပါဘူး နောက်ဆိုရင် အဒေါ်ကျောက်လို့ မခေါ်ဘဲ အစ်မ လို့ပဲ ခေါ်ပါတော့"

ကျောက်ရှန်းကျီ မျက်မှောင်ကြုတ်သွားသည်။ အဒေါ် ဆိုသည့် အခေါ်အဝေါ်ကို ဘယ်လိုပဲ နားထောင်နားထောင် အဆင်မပြေသလို ခံစားနေရ၏။ သို့သော် သူမ၏ ဤစကားက ချီဝမ်ကျွင်းကို အနည်းငယ် အထင်လွဲသွားစေသည်။

အစ်မ ဟုတ်လား စည်းကမ်းအရ ဘယ်သူက အစ်မ လို့ ခေါ်ရမှာလဲ။

ချီဝမ်ကျွင်းက လေကို ခပ်ဖွဖွ ရှူသွင်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ ဆက်ပြောလိုက်သည်

"စည်းကမ်းကို ချိုးဖောက်လို့ မရပါဘူး အဒေါ်ကျောက် က ဝမ်ကျွင်းထက် အများကြီး အသက်ကြီးတယ်လေ ပြီးတော့ အရင်က ကျမ အမေနဲ့လည်း တော်တော် ရင်းနှီးခဲ့တာဆိုတော့ အစ်မလို့ ခေါ်လိုက်ရင် မျိုးဆက် အဆင့်အတန်းတွေ ရှုပ်ကုန်လိမ့်မယ်"

ကျောက်ရှန်းကျီ၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားသည်။ ချီဝမ်ကျွင်းက စကားကို သွယ်ဝိုက်ပြီး သူမက နွားအိုကြီးက မြက်နု စားနေသည်ဟု လှောင်ပြောင်နေသလို ခံစားလိုက်ရ၏။

"ဒါတွေက အတိတ်က ကိစ္စတွေပါ ဆက်မပြောတာ ပိုကောင်းပါတယ်"

"အဒေါ်ကျောက် ပြောတာ မှန်ပါတယ် အတိတ်က ကိစ္စတွေကို ဆက်မပြောတော့ပါဘူး ခင်ပွန်းက အဒေါ်ကျောက်နဲ့ သူ့ရဲ့ ကိစ္စတွေကို ကျမကို ပြောပြပြီးပါပြီ ရိုးရိုးသားသား ပြောရရင် အစပိုင်းကတော့ ကျမ သိပ်မကျေနပ်ခဲ့ဘူး ခင်ပွန်းက အရမ်း လွတ်လပ်လွန်းတယ် ဘယ်လိုလုပ်ပြီး အခွင့်အရေး ယူရက်တာလဲ ပေါ့ ဒါပေမဲ့ အခုတော့ အရာအားလုံးက ဖြစ်ပြီးသွားပြီဆိုတော့ ဘာပြောပြော နောက်ကျနေပါပြီ နောက်ဆိုရင် ငါတို့ အားလုံးက မိသားစု တစ်ခုတည်း ဖြစ်သွားပြီလေ နင်ပင်းရဲ့ စရိုက်ကို အဒေါ်ကျောက်လည်း သိမှာပါ နောက်ဆိုရင် ခင်ပွန်းကို အကျပ်အတည်း မဖြစ်စေဖို့ အများကြီး သည်းခံပေးပါဦး"

မိသားစုကြီးမှ ဆင်းသက်လာသော သခင်မလေး တစ်ဦး အနေဖြင့် ချီဝမ်ကျွင်းက ရှုပ်ထွေးသော စည်းကမ်းများကို မနှစ်သက်သော်လည်း လူမှုဆက်ဆံရေး အပိုင်းတွင်တော့ ပြဿနာ မရှိပေ။ နှစ်သိမ့်ပေးသလိုလိုနှင့် သတိပေးနေသော စကားများကြောင့် ကျောက်ရှန်းကျီ၏ ရင်ဘတ်မှာ အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်သွားရ၏။

တကယ်တော့ ကျောက်ရှန်းကျီက အစပိုင်းတွင် ဘာကိုမှ မလုယူချင်ခဲ့ပေ။ သို့သော် ချီဝမ်ကျွင်းက တစ်ခွန်းတည်းနှင့် အဒေါ်ကျောက် ဟု အဆက်မပြတ် ခေါ်ဝေါ်နေခြင်းက သူမကို သတိပေးနေခြင်း ဖြစ်ကြောင်း အလွန် သိသာလှသည်။ ထိုညီအစ်မ နှစ်ယောက်၏ နေရာက လှုပ်ခတ်၍ မရကြောင်းကို ပြသနေခြင်းပင်။ ထို့ကြောင့် သူမ၏ ရင်ထဲတွင် မကျေနပ်မှု အချို့ ဖြစ်ပေါ်လာတော့သည်။

သူတို့ နှစ်ဦး အကြည့်ချင်း ဆုံမိကြပြီး မျက်နှာပေါ်တွင် ပြုံးရွှင်နေကြသော်လည်း ထိုပြုံးရွှင်မှု အောက်တွင် ဖိနှိပ်မှုများ အပြည့်အဝ ရှိနေကြောင်း သိသာလွန်းလှသည်။ ကျောက်ရှန်းကျီက မျက်လုံးများကို မှေးလိုက်ပြီး ကျန်းချဲ့ ယခင်က ပြောပြဖူးသော ကိုယ်လုပ်တော် ဟွမ်ရှန်းရှန်း အကြောင်းကို ခေါင်းထဲတွင် ရုတ်တရက် တွေးမိသွား၏။

သူမ၏ ရင်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ဟွမ်ရှန်းရှန်းကို တပည့်အဖြစ် လက်ခံရန် စဉ်းစားလိုက်သည်။ ထိုသို့ဆိုလျှင် သူတို့ ဆရာတပည့် နှစ်ယောက် ပူးပေါင်းလိုက်ပါက ချီမိသားစု ညီအစ်မ နှစ်ယောက် ပူးပေါင်းထားခြင်းကို ကြောက်ရွံ့စရာ မလိုတော့ပေ။

ရင်ထဲတွင် ကိစ္စရပ်များ ရှိနေသော်လည်း ကျောက်ရှန်းကျီက အပြင်ပန်းတွင် မည်သို့မျှ မပြသဘဲ ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်သည်

"ဝမ်ကျင်း ပြောတာ မှန်ပါတယ် အရေးအကြီးဆုံးက ကျန်းချဲ့ ကို အကျပ်အတည်း မဖြစ်စေဖို့ပါပဲ”

All Chapters