← Chapters

အခန်း ၄၅၀

Vol. 45 Ch. 450

အခန်း ၄၅၀

Vol. 45 Ch. 450

အခန်း ၄၅၀ နတ်မိမယ်၏ အခြေခံအုတ်မြစ်။ ရန်ငြိုးဟောင်းနှင့် ရန်ငြိုးသစ်များ

ကျောက်ရှန်းကျီ တစ်ယောက် ဟွမ်ရှန်းရှန်းကို တပည့်အဖြစ် လက်ခံကာ ချီမိသားစု ညီအစ်မ နှစ်ယောက်ကို ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ကိစ္စကိုတော့ ကျန်းချဲ့ လုံးဝ မသိရှိခဲ့ပေ။ ယခုအချိန်တွင် သူ၏ စိတ်ကူးများ အားလုံးက သွေးပင်လယ်ဂိုဏ်းကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည့် အပေါ်တွင်သာ ရှိနေ၏။

သေချာသည်မှာ ထိုကိစ္စကို ကျန်းချဲ့ သိရှိခဲ့မည်ဆိုလျှင်လည်း ပြုံးရုံသာ ပြုံးနေမည် ဖြစ်သည်။

ချီဝမ်ကျင်းနှင့် ကျောက်ရှန်းကျီတို့က အတိုင်းအတာ တစ်ခုကို နားလည်သော အမျိုးသမီးများ ဖြစ်ကြရာ အချင်းချင်း အနည်းငယ် ယှဉ်ပြိုင်မှုများ ရှိနေလျှင်တောင်မှ နယ်ပယ် တစ်ခု အတွင်းမှာသာ ရှိနေမည် ဖြစ်သည်။ ထို့ကြောင့် ကျန်းချဲ့ အနေဖြင့် သိရှိခဲ့လျှင်တောင်မှ ဒေါသထွက်မည် မဟုတ်ဘဲ ထိုကိစ္စကိုပင် ပိုမို အားပေးအားမြှောက် ပြုလုပ်ဦးမည် ဖြစ်၏။

မည်သို့ပင်ဆိုစေ ငြီးငွေ့ဖွယ်ကောင်းသော နေ့ရက်များတွင် စိတ်ဝင်စားစရာ အနည်းငယ်တော့ ရှိသင့်သည် မဟုတ်ပါလား။

ကျန်းချဲ့က သွေးပင်လယ်ဂိုဏ်း အပေါ် အဓိက အာရုံစိုက်ရခြင်းမှာလည်း အကြောင်းပြချက် အလွန် ရိုးရှင်းလှပေသည်။ ယခုအခါ သူက ကောင်းကင်ယန်စွမ်းအင် မြက်ပင်နှင့် ကောင်းကင်နှင့်မြေကြီး နဂါးသွေးကြော ဆိုသော ယဇ်ပူဇော်စရာ ပစ္စည်း နှစ်ခုကို စုဆောင်းရရှိထားပြီး ဖြစ်သည်။ မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့ကတော့ သဲလွန်စ လုံးဝ မရှိသေးဘဲ ပုံရိပ်ယောင် နတ်မီးတောက်ကလည်း တောင်တန်းကြီး တစ်သိန်းထဲတွင် ရှိနေ၏။

သူက လွယ်ကူသည်ကို အရင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားရာ သွေးပင်လယ်ဂိုဏ်းကို ရှင်းလင်းပြီးနောက်မှ တောင်တန်းကြီး တစ်သိန်းသို့ သွားရောက်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ကျူးချွဲဌာနခွဲ၏ သတင်းအချက်အလက် စွမ်းရည်ကလည်း ကျန်းချဲ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ချေ။ ရက်အနည်းငယ် တိုတောင်းသော အချိန်အတွင်းမှာပင် သွေးပင်လယ်ဂိုဏ်း၏ နောက်ခံ အချို့ကို စုံစမ်း ဖော်ထုတ်နိုင်ခဲ့သည်။ ဤသို့မှသာ ကျန်းချဲ့က သွေးပင်လယ်ဂိုဏ်း ယခုအချိန်အထိ တည်နေရာ မပေါ်ထွက်ဘဲ ပုန်းအောင်းနေနိုင်ရခြင်း၏ အဓိက အကြောင်းရင်းကို သိရှိသွားတော့၏။

ထိုအကြောင်းရင်းမှာ သွေးပင်လယ်ဂိုဏ်း၏ အဓိက ဌာနချုပ်က အလွန် လျှို့ဝှက်သော လျှို့ဝှက်နယ်မြေ တစ်ခု အတွင်းတွင် တည်ရှိနေသောကြောင့်ပင်။

ထို့အပြင် အတွင်းစည်း တပည့်များသာ ထိုလျှို့ဝှက်နယ်မြေ၏ တည်နေရာကို သိရှိနိုင်ကြသည်။ သွေးပင်လယ်ဂိုဏ်း၏ တပည့်များကို ရှာဖွေလိုပါက လျှို့ဝှက် လမ်းကြောင်းများမှ တစ်ဆင့်သာ ဆက်သွယ်၍ ရနိုင်၏။

ထို့အပြင် ဤလျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကလည်း တစ်နေရာတည်းတွင် မဟုတ်ဘဲ ယုန်လို တွင်းသုံးပေါက် ဖောက်ထားသည့်အလား အချိန်ကာလ တစ်ခု ကြာတိုင်း လျှို့ဝှက်နယ်မြေ၏ တည်နေရာက ရွှေ့ပြောင်းနေတတ်သည်။

ထို့ကြောင့် သွေးပင်လယ်ဂိုဏ်း၏ တည်နေရာ အတိအကျကို ရှာဖွေနိုင်ရန်အတွက် ကျူးချွဲဌာနခွဲ အနေဖြင့် အလွန် ကြီးမားသော အင်အားများကို ထုတ်နုတ် အသုံးပြုခဲ့ရခြင်း ဖြစ်၏။

ကွမ်ကျွင်းနယ်စား အိမ်တော်၊ ပင်မ ခန်းမဆောင် အတွင်း။

ကျန်းချဲ့က အပေါ်ဆုံး နေရာတွင် ထိုင်နေပြီး သူ့အောက်တွင်တော့ လူ သုံးယောက် ထိုင်နေကြသည်။ ပထမ တစ်ယောက်က ချီမိသားစု အကြီးအကဲချုပ် ချီထျန်းကျုံ့၊ ဒုတိယ တစ်ယောက်က ကျောက်ရှန်းကျီနှင့် တတိယ တစ်ယောက်ကတော့ ကျူးချွဲဌာနခွဲ ဒုတိယသံတမန် ကျိုးရွှမ်တို့ ဖြစ်ကြ၏။

မည်သို့ပင်ဆိုစေ သွေးပင်လယ်ဂိုဏ်းက မည်မျှပင် ကျဆင်းနေပါစေ ထိပ်တန်း အင်အားစု တစ်ခု ဖြစ်နေဆဲပင်။

ကျန်းချဲ့က တစ်ယောက်တည်း ရင်ဆိုင်ရန် မည်သည့်အခါမှ မပြင်ဆင်ခဲ့ပေ။ ထို့ကြောင့် ယခုအခါ ယွဲ့ပြည်နယ်တွင် အခြေအနေများ မတည်မငြိမ် ဖြစ်နေသော်လည်း ကျန်းချဲ့က ကျောက်ရှန်းကျီနှင့် ချီထျန်းကျုံ့ ဆိုသော စစ်မှန်သောသခင် နှစ်ဦးကို ယွဲ့ပြည်နယ် မြို့တော်တွင် ချန်ထားခဲ့ခြင်း ဖြစ်သည်။

ထိုသူတို့ အပြင် အောက်ခွန်းနှင့် ချီရွှယ်မိစ္ဆာသခင်တို့ပါ ရှိနေသေးရာ ဤမျှ များပြားသော အင်အားကပင် သူ၏ အဓိက အားကိုးရာ ဖြစ်လာတော့၏။

"သွေးပင်လယ်ဂိုဏ်းရဲ့ အင်အား ဘယ်လောက်ရှိလဲ ဆိုတာ စုံစမ်းပြီးပြီလား အခု လျှို့ဝှက်နယ်မြေထဲမှာ မဟာသိုင်းသခင်ကြီး ဘယ်နှစ်ယောက် ရှိနေလဲ"

ကျန်းချဲ့က ကျိုးရွှမ်ကို ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။

သာမန် သွေးပင်လယ်ဂိုဏ်း တပည့်များကိုတော့ ကျန်းချဲ့က လုံးဝ ဂရုမစိုက်သော်လည်း မဟာသိုင်းသခင်ကြီးများကိုတော့ အနည်းငယ် ဂရုစိုက်ရန် လိုအပ်ပေသည်။ တိုက်ပွဲ မစတင်မီတွင် ခြိမ်းခြောက်မှု အားလုံးကို ရှင်းလင်းစွာ သိရှိထားရန် သဘာဝကျစွာ လိုအပ်သည်။ ကိုယ့်လူ သူ့လူ သေချာသိမှ စစ်ရာခင်းရာ အောင်နိုင်မည် မဟုတ်ပါလား။

ကျိုးရွှမ်က ပြန်ဖြေလိုက်သည်

"သခင်ကြီးကို သတင်းပို့ပါတယ် ဒီကိစ္စကို အခုချိန်ထိ စုံစမ်းနေတုန်းပါပဲ ဒါပေမဲ့ အခု လက်ရှိ ရထားတဲ့ သတင်းတွေ အရဆိုရင် သွေးပင်လယ်ဂိုဏ်းထဲမှာ အနည်းဆုံး မဟာသိုင်းသခင်ကြီး သုံးယောက် ရှိပါတယ် တစ်ယောက်က သွေးပင်လယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖေဟုန်ရိ ဖုန်းယွင် သိုင်းအဆင့်စာရင်းရဲ့ နံပါတ် သုံးဆယ့်တစ် နေရာမှာ ရှိပါတယ် ကျန်တဲ့ နှစ်ယောက်ကတော့ သွေးပင်လယ်ဂိုဏ်းရဲ့ အကြီးအကဲတွေပါ ဒီသုံးယောက်လုံးက လွန်ခဲ့တဲ့ ဆယ်နှစ် အတွင်းမှာ လူလုံးထွက်ပြခဲ့ဖူးပါတယ် သွေးပင်လယ်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ် အတိအကျ ဘယ်လောက် ရှိလဲဆိုတာကတော့ နောက်ဆုံး အချိန်အထိ သွေးပင်လယ်ဂိုဏ်းက ထုတ်ပြမှာ မဟုတ်ပါဘူး"

ကျန်းချဲ့က မျက်လုံးများကို မှေးကာ တွေးတောလိုက်ပြီး ဆက်မေးလိုက်သည်

"ဒါဆို သွေးပင်လယ်ဂိုဏ်းမှာ သိုင်းသူတော်စင် ထွက်ပေါ်ခဲ့ဖူးလား"

ချီထျန်းကျုံ့က မျက်လုံးဖွင့်ကာ ဝင်ပြောလိုက်သည်

"သွေးပင်လယ်ဂိုဏ်းကို စတင် တည်ထောင်ခဲ့သူက မိစ္ဆာလမ်းစဉ်က သိုင်းသူတော်စင် တစ်ပါးပါပဲ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်သုံးရာကျော်က လူပါ အခု အခြေအနေ အရဆိုရင် ဒီလူက လွန်ခဲ့တဲ့ အချိန်အကြာကြီး ကတည်းက သေဆုံးသွားလောက်ပြီ မဟုတ်ရင် ဒီနှစ်တွေ အတွင်းမှာ သွေးပင်လယ်ဂိုဏ်းက ဒီလောက် အသံတိတ်နေမှာ မဟုတ်ပါဘူး ဒါပေမဲ့ ဒီအဘိုးကြီး အမြင်အရတော့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားတာ ကောင်းပါတယ် သွေးပင်လယ်ဂိုဏ်းမှာ သိုင်းသူတော်စင် မရှိရင်တောင်မှ အခြေခံ အုတ်မြစ်တော့ သေချာပေါက် ရှိမှာပါ"

ကျိုးရွှမ်က ချက်ချင်း ထောက်ခံလိုက်သည်

"အကြီးအကဲကြီး ပြောတာ မှန်ပါတယ်"

ကျန်းချဲ့က ချီထျန်းကျုံ့ကို ကြည့်ကာ ပြောလိုက်သည်

"ဒီလိုဆိုမှတော့ အဲဒီအချိန်ကျရင် အကြီးအကဲကြီး အကူအညီ လိုလိမ့်မယ် ထင်တယ်"

"စိတ်ချပါ ဝိညာဉ်နှိမ်နင်းရေး ခေါင်းလောင်း ရှိနေသရွေ့ သွေးပင်လယ်ဂိုဏ်းမှာ သိုင်းသူတော်စင် အခြေခံ အုတ်မြစ် ရှိရင်တောင် လုံလုံလောက်လောက် တားဆီးနိုင်ပါတယ်"

ပေလင် ချီမိသားစုက ဗုဒ္ဓဘာသာဂိုဏ်းကို ကြောက်ရွံ့သော်လည်း နဂါးကျား တာအိုဂိုဏ်းထက်ပင် နိမ့်ကျနေသော သွေးပင်လယ်ဂိုဏ်းကိုတော့ တစ်စက်လေးမျှ မကြောက်ရွံ့ချေ။

ကျန်းချဲ့က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လှုပ်ရှားရန် ပြင်ဆင်လိုက်တော့သည်

"ဒီလိုဆိုမှတော့ ခင်ဗျားတို့ နှစ်ယောက် အရင် ပြန်ပြီး ပြင်ဆင်ထားလိုက်ပါ မနက်ဖြန် ငါတို့ စတင် လှုပ်ရှားမယ် ဒါ့အပြင် ဒီကိစ္စကို သေချာ လျှို့ဝှက်ထားဖို့ သတိရပါ လောလောဆယ် သတင်း မပေါက်ကြားစေနဲ့ဦး လှုပ်ရှားတဲ့ အချိန်ကျရင် ငါတို့ ဒီလူအနည်းငယ်လောက်နဲ့တင် လုံလောက်ပါပြီ"

ကျိုးရွှမ်က ချက်ချင်း သဘောပေါက်သွားသည်

"ဟုတ်ကဲ့ လက်အောက်ငယ်သား နားလည်ပါပြီ"

ချီထျန်းကျုံ့ကတော့ ကျောက်ရှန်းကျီကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် ပြုံးရွှင်သော အမူအရာဖြင့် ပြောလိုက်သည်

"ဒါဆို ဒီအဘိုးကြီးလည်း အရင် ပြန်တော့မယ်"

ချီထျန်းကျုံ့နှင့် ကျိုးရွှမ်တို့ကို တံခါးဝအထိ လိုက်ပို့ပြီးနောက် ကျန်းချဲ့က အခန်းထဲသို့ ပြန်လှည့်လာကာ ကျောက်ရှန်းကျီ၏ ရှေ့သို့ ရောက်လာသည်

"ဒီနေ့ ဝမ်ကျွင်းနဲ့ တွေ့တာ ဘာတွေ ပြောဖြစ်ကြသေးလဲ"

ကျောက်ရှန်းကျီက မျက်လုံးများကို အနည်းငယ် ပင့်ကာ ပြုံး၍ ပြောလိုက်သည်

"မိန်းမတွေရဲ့ ကိစ္စကို ရှင်ကပါ ဝင်စွက်ဖက်ချင်နေတာလား စိတ်ချပါ ဝမ်ကျွင်းရဲ့ စရိုက်က တော်တော်လေး ကောင်းပါတယ် ကျမနဲ့ သူ့ကြားမှာ ဘာပြဿနာမှ မရှိပါဘူး"

လင်းကျန့်တောင်၏ ဓားသခင် တစ်ဦး အနေဖြင့် ကျောက်ရှန်းကျီတွင်လည်း ကိုယ်ပိုင် မာန ရှိပေသည်။ အကျိုးအကြောင်းအရ သူမက ကျန်းချဲ့၏ နောက်ပိုင်းမှ ဝင်လာသူ ဖြစ်သော်လည်း ဤကဲ့သို့သော မိသားစုတွင်း မယားကြီး မယားငယ် ပြဿနာများကို သူမက ကျန်းချဲ့ရှေ့တွင် ထုတ်ဖော်ပြသမည် မဟုတ်ပေ။

တကယ်တော့ ချီဝမ်ကျွင်း၏ စကားများကို သူမ နားလည်ပါသည်။ အကယ်၍ သူမ နေရာတွင်သာ ဆိုလျှင်လည်း ဤကိစ္စကို အလွယ်တကူ လက်ခံနိုင်မည် မဟုတ်ချေ။ သို့သော် နားလည်ပေးနိုင်သည် ဆိုသော်လည်း ထိုကောင်မလေး နှစ်ယောက်ကို သူမ ကြောက်မည်ဟုတော့ မဆိုလိုပေ။ မဟုတ်ပါက ဤနှစ်တစ်ရာကျော် သိုင်းပညာ လေ့ကျင့်ခဲ့ရသည်မှာ အလကား ဖြစ်သွားပေလိမ့်မည်။

တစ်ယောက်တည်း မယှဉ်နိုင်ပါက ဆရာတပည့် နှစ်ယောက် ပေါင်းမည်။ သူမက ဟွမ်ရှန်းရှန်းကို ဖိတ်ခေါ်ထားပြီး ဖြစ်ကာ တစ်ဖက်လူ၏ အကြောင်းပြန်စာကို စောင့်နေရုံသာ ဖြစ်၏။

"မင်း စိတ်ဆင်းရဲခံလိုက်ရပြီ"

ကျန်းချဲ့က ကျောက်ရှန်းကျီ၏ ထူးဆန်းသော အမူအရာကို သတိပြုမိသွားသော်လည်း ယခင် တွေ့ဆုံမှုက သိပ်ပြီး အဆင်ပြေပုံ မပေါ်ကြောင်း သိလိုက်ရသည်။ သို့သော် သူ့အနေဖြင့် ဤကိစ္စတွင် ဘက်လိုက်၍ မရသဖြင့် နောက်ကွယ်မှသာ ဖေးမကူညီပေးရတော့သည်။

ကျောက်ရှန်းကျီက ယခုအခါ ကျန်းချဲ့၏ ဇနီးငယ် နေရာကို ခံယူထားပြီး ဖြစ်ရာ ကျန်းချဲ့ကို တစ်ချက် စောင်းကြည့်ကာ သတိပေးလိုက်သည်

"စိတ်ဆင်းရဲစရာတော့ မရှိပါဘူး ဒါပေမဲ့ ကျမ အိမ်ထဲ ဝင်လာပြီးရင်တော့ ရှင့်အနေနဲ့ အပြင်မှာ နည်းနည်း ထိန်းသိမ်းဖို့ လိုမယ်နော် နေ့တိုင်း မိန်းမတွေ နောက်ပဲ လိုက်မနေနဲ့ဦး"

ကျန်းချဲ့ ချက်ချင်း ခေါင်းညိတ်လိုက်သည်

"စိတ်ချပါ ရှန်းကျီ ကိုယ် ဘယ်လို လူမျိုးလဲ ဆိုတာ မင်း အသိဆုံးပဲ မဟုတ်လား"

ကျောက်ရှန်းကျီက ခပ်ဟဟ ရယ်မောလိုက်ပြီး ကျန်းချဲ့၏ စကားကြောင့် ရယ်ချင်သွားကာ မတတ်နိုင်စွာဖြင့် မျက်စောင်းထိုး ကြည့်လိုက်သည်

"ရှင့် အကြောင်း ကျမ ကောင်းကောင်း သိတာပေါ့ ရှင့်ဖာသာ မိန်းမတွေကို အရင် လိုက်မရှာရင်တောင်မှ တစ်ယောက်ယောက်က ရှင့်ဆီ လာကပ်ရင် ရှင်က ငြင်းမှာ မဟုတ်ဘူးလေ"

သူမက ဤသို့ ဝေဝါးသော အခြေအနေမျိုးဖြင့် ကျန်းချဲ့နှင့် ရင်းနှီးလာခဲ့ခြင်း ဖြစ်ရာ ကျန်းချဲ့၏ စိတ်ကူးကို မည်သို့ နားမလည်ဘဲ နေမည်နည်း။

ကျန်းချဲ့က ပြုံးရုံသာ ပြုံးနေပြီး စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်

"ရှန်းကျီ အခု တိုက်ပွဲကြီး မစခင် ကိုယ် မင်းရဲ့ အခြေခံ အုတ်မြစ်တွေကို မြှင့်တင်ပေးသင့်တယ် ထင်တယ်"

"လူယုတ်မာလေး"

ကျောက်ရှန်းကျီက ကျန်းချဲ့ကို စူးရှစွာ ကြည့်လိုက်သည်။

ကျန်းချဲ့က သူမအား ကြက်ဥလိပ် ကျွေးချင်နေပြန်ပြီ ဆိုတာ သူမ သိလိုက်၏။ ထိုကဲ့သို့သော လုပ်ရပ်က သူမကို အလွန် ရှက်ရွံ့စေသည်။ မည်သို့ပင်ဆိုစေ အပြင်လောကတွင် သူမက အေးစက်စက် နတ်မိမယ် တစ်ပါး အဖြစ် လူသိများသော်လည်း ကျန်းချဲ့ ရှေ့တွင်တော့ ဒူးထောက်ကာ ကြက်ဥလိပ် စားနေရသည် မဟုတ်ပါလား။

ထိုမျှမက ကျန်းချဲ့က ယခုရက်ပိုင်း အတွင်း သူမ၏ နောက်ပေါက် ကို အမြဲတမ်း မျက်စိကျနေပြီး ဝင်ရောက်ရန် ကြိုးစားနေသည်။

"ဝမ်ကျွင်းလည်း အိမ်ထဲမှာ ရှိနေတာပဲလေ ရှန်းကျီ မလုပ်ချင်ရင် ကိုယ် သူ့ဆီပဲ သွားလိုက်မယ်နော်"

ကျန်းချဲ့က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"သွားလေ ရှင် သူ့ဆီ သွားလိုက်တော့"

ကျောက်ရှန်းကျီက ချက်ချင်း မျက်နှာလွှဲလိုက်သည်။

ကျန်းချဲ့က ထိုအရာကို မြင်လိုက်သောအခါ မျက်လုံးများ လှုပ်ရှားသွားပြီး ချက်ချင်းပင် မတ်တတ်ရပ်ကာ ခန်းမထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။ သူ တကယ် ထွက်သွားတော့မည်ကို မြင်လိုက်ရသောအခါ ကျောက်ရှန်းကျီ၏ အကြည့်များက လိုက်ပါသွားပြီး ချက်ချင်း သူ့ကို တားလိုက်သည်

"နေဦး ပြန်လာခဲ့"

"ဒါဆို မင်း"

ကျန်းချဲ့က ချက်ချင်း နေရာမှာ ရပ်သွားပြီး ကျောက်ရှန်းကျီကို ကြည့်ကာ ပြုံးစစ မျက်နှာထားဖြင့် အချက်ပြလိုက်သည်။

ကျောက်ရှန်းကျီက လေကို အပြင်းအထန် ရှူသွင်းလိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်

"ကျမ စားမယ်"

"တကယ်လား"

"တကယ်"

ယွဲ့ပြည်နယ် နင်မင်းသား အိမ်တော် အတွင်း။

နင်မင်းသားကတော် ဝေ့ယုံရုံက ခေါင်းကို အပြင်းအထန် ညိတ်လိုက်သည်။

သူမ ရှေ့ရှိ ကျီချန်ချင်းကတော့ အလွန် မကျေမနပ် ဖြစ်နေပြီး တားဆီးလိုသော်လည်း ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။

သားတစ်ယောက် အနေဖြင့် သူက ကျန်းချဲ့ကို အလွန် လေးစားသော်လည်း မိခင်ဖြစ်သူက ကွယ်လွန်သွားပြီ ဖြစ်သော ဖခင်၏ နေရာကို အစားထိုးရန် ကြိုးစားနေသည်ကို မြင်ရသောအခါ သူ့အနေဖြင့် အလွန် ခက်ခဲနေရသည်။ သူက ကျန်းချဲ့နှင့် အလှမ်းဝေးဝေး နေပြီး ရိုသေစွာသာ ဆက်ဆံလို၏။

မည်သို့ပင်ဆိုစေ ယွဲ့ပြည်နယ်၏ အခြေအနေများက အဆက်မပြတ် ပြောင်းလဲနေပြီး ဆူပူအုံကြွမှုများ ဖြစ်နေသည်။ သေးငယ်လှသော နင်မင်းသား အိမ်တော် အနေဖြင့် ဤကိစ္စတွင် ဝင်ရောက် စွက်ဖက်ရန် အရည်အချင်း လုံးဝ မရှိပေ။

ယခင်က နင်မင်းသား အိမ်တော်၏ အင်အားစု အများစုကို ကျန်းချဲ့၏ လက်အောက်သို့ ထည့်သွင်းပေးခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ဝက်ကျော် အတွင်းတွင် ကျန်းချဲ့က နင်မင်းသား အိမ်တော်ကို ဂရုမစိုက်တော့ကြောင်း သိသာလှပေသည်။ ဤသို့ဆိုမှတော့ ဘာကြောင့်များ အတင်းအကျပ် ဝင်ရောက် စွက်ဖက်နေရဦးမည်နည်း။ သူ့တွင် ကြီးမားသော ရည်မှန်းချက်များ မရှိဘဲ အေးအေးဆေးဆေးသာ နေချင်၏။

နင်မင်းသားကတော်က ဝမ်းနည်းသော ဟန်ဖြင့် သက်ပြင်းချလိုက်သည်

"အခု ယွဲ့ပြည်နယ်က မတည်ငြိမ်ဘူး ကျန်းချဲ့ကလည်း အခွင့်အရေးကို အသုံးချပြီး ကြီးပွားလာနေတယ် ဒီအခွင့်အရေးကိုသာ ဆုပ်ကိုင်မထားဘူး ဆိုရင် နောင်တစ်ချိန်ကျရင် ကျန်းချဲ့ ကြီးပွားလာတာပဲ ဖြစ်ဖြစ် လီချန်ကော ပြန်လာတာပဲ ဖြစ်ဖြစ် နင်မင်းသား အိမ်တော်က နာမည်ခံပဲ ဖြစ်သွားမယ် ဒါမှမဟုတ် တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်တယ် ချန်ချင်း မင်းမှာ ရည်မှန်းချက် မရှိဘူး ဆိုတာ အမေ သိပါတယ် ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာ အေးအေးဆေးဆေး နေဖို့ ဆိုတာ ကောင်းတဲ့ ရွေးချယ်မှု မဟုတ်ဘူး နောက်ပြီး နင်မင်းသား အိမ်တော်ကလည်း ကိုယ့်သဘောနဲ့ ကိုယ် ရွေးချယ်ခွင့် မရှိဘူးလေ အခု နင်မင်းသား အိမ်တော်ရဲ့ အင်အားစု အများစုက ကျန်းချဲ့ လက်အောက်က ထျန်းယာ မဟာမိတ်အဖွဲ့ ကို ပေးအပ်ပြီးသွားပြီ မင်း အေးအေးဆေးဆေး မင်းသား ဘဝနဲ့ နေချင်တယ် ဆိုရင်တောင် ကျန်းချဲ့ရဲ့ သဘောထားကို ကြည့်ရဦးမယ် အမေ အခုလို သွားတာကလည်း မင်းအတွက် ကောင်းဖို့ပါပဲ"

သို့သော် ကျီချန်ချင်းက တစ်စက်လေးမျှ မယုံကြည်ပေ။ မိခင်ဖြစ်သူက တဖြည်းဖြည်း အကျပ်ရိုက်လာပြီး စိတ်ကူးများ အားလုံးက ကျန်းချဲ့ အပေါ်သို့ ရောက်ရှိနေပြီဟုသာ ထင်မြင်နေသည်။ သို့သော် သားတစ်ယောက် အနေဖြင့် ထိုစကားများကို ထုတ်မပြောရဲဘဲ မတတ်နိုင်စွာဖြင့်သာ ပြောလိုက်သည်

"အရင်တုန်းက နင်မင်းသား အိမ်တော်က အသုံးဝင်ခဲ့ပေမဲ့ အခုချိန်မှာ မယ်တော် ထင်သလို ကျန်းချဲ့ မျက်စိထဲမှာ တန်ဖိုး ရှိဦးမယ်လို့ ထင်လို့လား"

နင်မင်းသားကတော်က လေးနက်သော အသံဖြင့် ပြောလိုက်သည်

"ဘယ်လို လုပ်ပြီး တန်ဖိုး မရှိရမှာလဲ မမေ့နဲ့ဦး အမေ့ နောက်ကွယ်မှာ လင်ယွမ် ဝေ့မိသားစု ရှိနေသေးတယ် တကယ်တော့ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျန်းချဲ့က အမေ့ကို ဆက်သွယ်လာပြီး လင်ယွမ် ဝေ့မိသားစုကို ကြားဝင် ဆက်သွယ်ပေးဖို့ ပြောထားတယ် အမေ အခု သွားတွေ့တာကလည်း ဒီကိစ္စကြောင့်ပဲ"

သူမက လိမ်ညာနေခြင်း မဟုတ်ပေ။ လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းချဲ့၏ ဆက်သွယ်မှုကို ရရှိပြီးနောက် သူမက မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ဝေ့မိသားစု ခေါင်းဆောင်ကို ဆက်သွယ်ကာ ဝေ့မိသားစု အနေဖြင့် နောင်တွင် ယွဲ့ပြည်နယ်ကို ကျန်းချဲ့ လွှမ်းမိုးချုပ်ကိုင်မည့် ကိစ္စကို ထောက်ခံပေးရန် အကူအညီ တောင်းခံခဲ့သည်။ သို့သော် ထိုအချိန်က ဝေ့မိသားစု၏ သဘောထားက မပြတ်မသား ဖြစ်နေပြီး အတိအကျ အဖြေမပေးခဲ့ပေ။ ထျန်းလုံဘုန်းကြီးကျောင်း ပျက်စီးသွားပြီး လီချန်ကော ရှုံးနိမ့်သွားချိန်မှသာ အပြည့်အဝ ဆုံးဖြတ်ချက် ချကာ ကျန်းချဲ့ကို ထောက်ခံရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်၏။

သေချာသည်မှာ ၎င်းမှာ အကြောင်းရင်း တစ်ခုသာ ဖြစ်သည်။ ထို့အပြင် သူမ ကျန်းချဲ့ကို တွေ့ဆုံရန် မဖြစ်မနေ သွားရမည့် အရေးကြီးသော အကြောင်းရင်း နှစ်ခုလည်း ရှိသေးသည်။ ပထမ တစ်ချက်မှာ နန်ယွဲ့ မိဖုရား ကျီဟုန်လျန် ထံမှ ရရှိသော သတင်း ဖြစ်သည်။ နန်ယွဲ့ပြည်က ပတ်ဝန်းကျင် နိုင်ငံများကို ဆက်သွယ်ကာ ပူးပေါင်း တပ်ဖွဲ့ ဖွဲ့စည်းပြီး ယွဲ့ပြည်နယ် မတည်မငြိမ် ဖြစ်နေချိန်တွင် မြောက်ပိုင်းသို့ စစ်ချီရန် ပြင်ဆင်နေကြောင်း သတင်းရရှိထားသဖြင့် ကျန်းချဲ့ကို သတိပေးရန် သွားရောက် အကြောင်းကြားခြင်း ဖြစ်သည်။ ၎င်းမှာ အရေးအကြီးဆုံး ကိစ္စ ဖြစ်၏။

ထို့အပြင် ဒုတိယ အကြောင်းရင်းကိုတော့ သူမ ထုတ်မပြောရဲပေ။ သို့သော် အဓိက အကြောင်းရင်းမှာတော့ အကျပ်ရိုက်နေခြင်းကြောင့်ပင် ဖြစ်သည်။ ပြီးခဲ့သည့် အချိန်က ကျန်းချဲ့နှင့် အတူတကွ ပျော်ပါးခဲ့သည်မှ စတင် ရေတွက်မည် ဆိုပါက ခြောက်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤရက်ပိုင်းများ အတွင်းတွင် သူမ အမြဲတမ်း စိတ်ပူပန်နေခဲ့သည်။ တစ်ခါတစ်ရံတွင် သူမ အသက်ကြီးသွားပြီဟု ထင်မိသလို တစ်ခါတစ်ရံတွင်လည်း သူမကို ကျန်းချဲ့က အသုံးချပြီးသွားသဖြင့် စိတ်ကုန်သွားပြီဟုလည်း ထင်နေမိသည်။ ယုံကြည်မှုများ လုံးဝ ပျောက်ဆုံးနေခဲ့၏။

ထို့ကြောင့် ယခုအခါ ကျန်းချဲ့က ယွဲ့ပြည်နယ်တွင် ရှိနေကြောင်း သိရသော်လည်း မျက်နှာပူသဖြင့် ကျန်းချဲ့ကို သွားရောက် မရှာဖွေရဲခဲ့ပေ။ ယခုတစ်ကြိမ်ကတော့ မတူညီပေ။ သူမတွင် တရားဝင် သွားရောက် တွေ့ဆုံရန် အကြောင်းပြချက် ရှိနေပြီ ဖြစ်၏။ ထိုအချိန် ရောက်ပါက ကျန်းချဲ့က သူမကို စိတ်ပျက်သွားမလား ဆိုသည်ကိုတော့ သူမ သေချာ မသိသေးပေ။ ရင်ထဲတွင် တိတ်တဆိတ် ဆုတောင်းနေရုံသာ ရှိတော့သည်။

ကျန်းချဲ့၏ အစွမ်းကို မြည်းစမ်းကြည့်ပြီးနောက် သူမ ဘယ်လိုဖြစ်သွားသည် မသိဘဲ ခေါင်းထဲတွင် အတိတ်က အမှတ်တရများကိုသာ အမြဲတမ်း ပြန်လည် တွေးတောနေမိသည်။ ထိုအချိန်က မှတ်တမ်းတင် ကျောက်တုံးကို အသုံးမပြုခဲ့မိသည်ကိုပင် အလွန် နောင်တရနေမိ၏။ သို့မဟုတ်ပါက သူမ ဤမျှလောက် အလွမ်းဒဏ်ကို ခံစားနေရမည် မဟုတ်ချေ။

ကျီချန်ချင်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက်မှ ပြန်လည် စကားစလိုက်သည်

"ဒီလိုဆိုမှတော့ သားလည်း ထပ်ပြီး မတားတော့ပါဘူး မယ်တော် သွားမယ့် လမ်းမှာ သတိထားဖို့ပဲ မှာချင်ပါတယ်"

နင်မင်းသားကတော်က ခေါင်းညိတ်လိုက်သည်

"ချန်ချင်း စိတ်ချပါ အမေ အကုန် နားလည်ပါတယ်"

သူမ၏ ကာကွယ်မှုများကို အပြည့်အဝ ပြုလုပ်ထားပြီး ဖြစ်သည်။ အကြိမ်တိုင်းတွင် ထိုအရာများကို စွမ်းအင်များဖြင့် အတင်းအဓမ္မ ညှစ်ထုတ်လေ့ ရှိ၏။ မဟုတ်ပါက အကယ်၍ တကယ်ကြီး ကိုယ်ဝန် ရသွားပါက သူမ၏ ဂုဏ်သိက္ခာ ကျဆင်းသွားရုံသာမက ကျန်းချဲ့ အတွက်လည်း ပြဿနာများ ဖြစ်လာနိုင်ပေသည်။ ဤကိစ္စများကို ကျီချန်ချင်း သတိပေးစရာ မလိုဘဲ သူမကိုယ်တိုင်လည်း ကောင်းကောင်း နားလည်ထားသည်။

ကျီချန်ချင်းက စိတ်ပျက်လက်ပျက်ဖြင့် ဆက်ပြောလိုက်သည်

"ဒါဆို မယ်တော် စောစော သွားပြီး စောစော ပြန်လာခဲ့ပါ"

နင်မင်းသားကတော်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်

"ချန်ချင်း မင်း ကြီးပြင်းလာပြီပဲ"

"ဒီနေရာက သွေးပင်လယ်ဂိုဏ်း လျှို့ဝှက်နယ်မြေရဲ့ တည်နေရာပဲလား ကြည့်ရတာ သာမန်ပါပဲလား"

ယွဲ့ပြည်နယ် အတွင်းရှိ လူသူအရောက်အပေါက် နည်းပါးသော တောင်တန်းတစ်ခု အတွင်း၌။ ကျန်းချဲ့က ရွှေရောင် ရထားလုံးပေါ်တွင် ထိုင်ကာ ပတ်ဝန်းကျင်ကို အကဲခတ်နေသော်လည်း သာမန် မျက်စိဖြင့် ကြည့်သည်ဖြစ်စေ ဝိညာဉ်အာရုံဖြင့် ရှာဖွေသည်ဖြစ်စေ မည်သည့် ထူးခြားချက်ကိုမျှ မတွေ့ရပေ။ အကယ်၍ ကျူးချွဲဌာနခွဲ၏ သတင်းအချက်အလက်များက တိကျမှန်ကန်ခြင်း မရှိပါက သူ အထင်လွဲသွားလောက်ပေသည်။

ရထားလုံး အရှေ့တွင်တော့ အောက်ခွန်းက မိစ္ဆာနဂါး အသွင်ဖြင့် စကားတစ်ခွန်းမျှ မပြောဘဲ ငြိမ်သက်နေ၏။

ဘေးနားရှိ ကျိုးရွှမ်က ပြန်ဖြေလိုက်သည်

"သခင်ကြီး ပြောတာ မှန်ပါတယ် ဒီနေရာက တကယ်ကို သာမန်ပါပဲ ဒါပေမဲ့ ဒီလို ဖြစ်နေတာကပဲ သွေးပင်လယ်ဂိုဏ်းရဲ့ တည်နေရာ ဖြစ်ဖို့ ပိုများပါတယ် ဘာဖြစ်လို့လဲဆိုတော့ သွေးပင်လယ်ဂိုဏ်းက အရင်တုန်းက ယွဲ့ပြည်နယ်ကို လွှမ်းမိုးခဲ့ဖူးပြီး အရမ်း မောက်မာခဲ့တာပါ ရန်သူ အင်အားစုတွေက လက်တစ်ဖက်စာ မကပါဘူး အခု သိုင်းသူတော်စင်ကြီး သေဆုံးသွားပြီဆိုတော့ သေချာ မပုန်းအောင်းရင် အစောကြီးကတည်းက အမြစ်ပြတ် သုတ်သင်ခံလိုက်ရလောက်ပါပြီ တကယ်တော့ ထျန်းလုံဘုန်းကြီးကျောင်း ကလည်း သွေးပင်လယ်ဂိုဏ်းရဲ့ ခြေရာကို အမြဲတမ်း ရှာဖွေနေခဲ့တာပါ သူတို့ကို ဗုဒ္ဓဘာသာဂိုဏ်းထဲ သွတ်သွင်းဖို့ ရည်ရွယ်ချက်နဲ့ပေါ့ ဝမ်းနည်းစရာက အမြဲတမ်း တည်နေရာ အတိအကျကို ရှာမတွေ့ခဲ့တာပါပဲ"

ရထားလုံးပေါ်ရှိ ကျန်းချဲ့၏ ဘေးတွင် အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားသော ကျောက်ရှန်းကျီက ကျန်းချဲ့၏ အခြေခံ အုတ်မြစ် မြှင့်တင်ပေးမှုကို ခံယူပြီးနောက် ယခုအခါ စွမ်းအင်များ ပြည့်ဝနေပြီး ပတ်ဝန်းကျင်ကို ဝိညာဉ်အာရုံဖြင့် ရှာဖွေရင်း လေးနက်သော အသံဖြင့် မေးလိုက်သည်

"ဘယ်လို လှုပ်ရှားမလဲ"

ကျန်းချဲ့က ထိုစကားကို ကြားသောအခါ ဘေးနားရှိ လေဟာနယ်တွင် မျောလွင့်နေသော ချီထျန်းကျုံ့ကို ကြည့်ကာ ပြောလိုက်သည်

"အကြီးအကဲကြီး အခု အကြီးအကဲကြီး လှုပ်ရှားဖို့ အချိန်ရောက်ပြီ"

ချီထျန်းကျုံ့က ခေါင်းညိတ်လိုက်ပြီးနောက် စိတ်ဆန္ဒ ရွေ့လျားလိုက်သည်နှင့် သူ၏ ဝတ်ရုံ အတွင်းမှ ရွှေရောင် ခေါင်းလောင်းကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ပေရာနှင့်ချီ ကြီးမားသော ခေါင်းလောင်းကြီး အဖြစ် ပြောင်းလဲသွားပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။

ဓမ္မရုပ်တုအဆင့် မဟာသိုင်းသခင်ကြီးများ အနေဖြင့် လေဟာနယ်ကို ဖျက်ဆီးနိုင်စွမ်း မရှိသော်လည်း သိုင်းသူတော်စင် လက်နက်တွင်တော့ သိုင်းသူတော်စင်၏ စွမ်းအားများ ပါဝင်နေသဖြင့် လေဟာနယ်ကို တုန်ခါသွားစေနိုင်စွမ်း ရှိပေသည်။ သေချာသည်မှာ တကယ်ကြီး လေဟာနယ်ကို ဖျက်ဆီးပစ်ရန် မလိုအပ်ပေ။ အစီအရင်၏ အားနည်းသော နေရာလေး တစ်ခုကို ရှာဖွေတွေ့ရှိရုံဖြင့် သွေးပင်လယ်ဂိုဏ်း၏ တည်နေရာကို သူတို့ အတိအကျ သိရှိနိုင်မည် ဖြစ်သည်။ ထိုနောက်တွင်တော့ အရာအားလုံးက လွယ်ကူသွားမည် ဖြစ်၏။

ဝိညာဉ်နှိမ်နင်းရေး ခေါင်းလောင်းက လေဟာနယ်ထက်တွင် တွဲလောင်းကျနေပြီး ရုတ်တရက် ခေါင်းလောင်းသံကြီး တစ်ချက် ပဲ့တင်ထပ်သွားရာ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး ရွှေရောင် အသံလှိုင်းများက အရပ်လေးမျက်နှာ ရှစ်မျက်နှာသို့ လွင့်စင်သွားတော့သည်။ သွေးပင်လယ်ဂိုဏ်း လျှို့ဝှက်နယ်မြေ အစီအရင် တည်ရှိရာ နေရာကို ရှာဖွေနေခြင်းပင်။

All Chapters