အခန်း ၉၇၇
Vol. 66 Ch. 977
အခန်း (၉၇၇) - ရိတ်သိမ်းမှု
ဤသည်မှာ အကျိုးအမြတ် ၏ တစ်စိတ်တစ်ပိုင်း မျှသာ ရှိသေး၏။ အကြောင်းမူကား... ထို ရန်သူများကို ရှင်းလင်း ပစ်လိုက်ခြင်းဖြင့် နင်ချီသည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံမှ သက်ဆိုင်ရာ စည်းမျဉ်း အပိုင်းအစ များ နှင့် ကမ္ဘာ့နယ်နိမိတ် စွမ်းအားများကိုပါ ဆုလာဘ် အဖြစ် ရရှိနိုင်ခဲ့သောကြောင့် ပင်။
ထို့အပြင် ချီခယ်ချင်း ဦးဆောင်သော ဖူယောင် နယ်မြေ စစ်တပ်ကြီး နှင့် ယခင်က ကျူးယန့်ချွမ်း ဦးဆောင်ခဲ့သော လန်ယာ နယ်မြေ စစ်တပ်ကြီး တို့သည်လည်း သူ၏ နောက်သို့လိုက်ပါရန် အတွက် သူတို့၏ တိုက်ပွဲဝင် အကျိုးအမြတ် များ၏ (၃၀) ရာခိုင်နှုန်း ကို နင်ချီ အား ပေးအပ်ခဲ့ကြရာ... ၎င်းမှာလည်း အလွန်တရာ ကြီးမားလှသော ဥစ္စာ ဓန တစ်ခု ပင် ဖြစ်တော့၏။
သို့သော်ငြား နင်ချီသည် ကမ္ဘာ့နယ်နိမိတ် ၏ စွမ်းအား မှလွဲ၍ အခြား မည်သည့် အရာကိုမျှ ဂရုမစိုက်တော့ချေ။
သူသည် ၎င်းတို့ အနက်မှ တစ်စိတ်တစ်ပိုင်း ကို ဓားဘိုးဘေးကြီး နှင့် ချီခယ်ချင်း တို့ ဦးဆောင်သော စစ်တပ်ကြီး နှစ်ခု ထံသို့ ဆုလာဘ် အဖြစ် တိုက်ရိုက် ခွဲဝေ ပေးလိုက်ရာ... သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်း များမှာ အလွန်တရာ မြန်ဆန်သော အရှိန်အဟုန် ဖြင့် တဟုန်ထိုး မြင့်တက်သွားခဲ့ကြသည်။
သူတို့ ပူးပေါင်း ဝင်ရောက်လာစဉ် က ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ ဒါဇင် အနည်းငယ်မျှ သာ ရှိခဲ့ရာမှ... ယခုအခါ တာအို နှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူ ရာပေါင်းများစွာ အထိ ရှိလာခဲ့လေပြီ။ ဤ တိုးတက်မှုကြီးမှာ အလွန်တရာ ကြီးမား ခမ်းနားလှ၏။ နင်ချီ ၏ အောင်မြင်မှု များထဲမှ တစ်ခု အဖြစ် သေချာပေါက် သတ်မှတ် သင့်လှ၏။
သေချာသည်ကတော့... ဤ အရာများ အားလုံး မှာ နင်ချီ ၏ အစစ်အမှန် အကျိုးအမြတ် များ အဖြစ် မသတ်မှတ် နိုင်သေးပါ။
သူ၏ အစစ်အမှန် အကျိုးအမြတ် မှာ... စစ်မြေပြင်နယ်မြေ အတွင်းရှိ ဖုံးကွယ်နေသော ဟင်းလင်းပြင် နေရာလွတ် များ အားလုံး ကို တိတ်တဆိတ် ဖြတ်တောက်ကာ အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ပေါင်းစပ် ထည့်သွင်းလိုက်နိုင်ခြင်း ပင် ဖြစ်၏။ ၎င်းက သူ့ အား စည်းမျဉ်း နယ်ပယ် ကြီး သို့ တိုက်ရိုက် တက်လှမ်းသွားနိုင်စေ၏။
ထို့ကြောင့် အစစ်အမှန်သိုင်းကမ္ဘာမှာ အလွန်တရာ မြန်ဆန်စွာ ကြီးထွား ဖွံ့ဖြိုးလာခဲ့ပြီး အတိုင်းမသိ ကြီးမားလှသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။
၎င်းသည် တောင်နှင့် ပင်လယ် ကမ္ဘာ ကဲ့သို့သော ဝိညာဉ်ကမ္ဘာ ကို မမီနိုင်သေးသော်ငြားလည်း... သူတို့ အကြားရှိ ကွာဟချက် မှာ တဖြည်းဖြည်း နှင့် ကျဉ်းမြောင်းလာခဲ့လေပြီ။
တစ်ချိန်တည်းမှာပင်... နင်ချီ ကိုယ်တိုင်သည်လည်း မကြုံစဖူး ကြောက်မက်ဖွယ် ကောင်းလှသော အကျပ်အတည်း ကြီးကို အောင်မြင်စွာ ကျော်ဖြတ် နိုင်ခဲ့၏။ အရပ် လေးမျက်နှာ ၏ စွမ်းအားများကို ပေါင်းစပ် ထည့်သွင်း ထားသော ကောင်းကင်ကပ်ဘေး ကြီးက... နင်ချီ အား ကန့်သတ် ချုပ်ချယ်မှု များ အားလုံး ကို ကျော်လွန် ဖောက်ထွက်သွားစေခဲ့ပြီး တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ကျွန် တစ်ယောက် အဖြစ်သို့ မရောက်ရှိစေရန် ကာကွယ် ပေးနိုင်ခဲ့သည်။
ထို့အပြင်... နင်ချီသည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံမှ ဇာစ်မြစ် မသိရသော သစ်ရွက် နှစ်ရွက် ကိုပါ ရရှိခဲ့သေး၏။ ၎င်းတို့ က ကမ္ဘာ့ ဆန္ဒတော်များ ၏ အာရုံခံနိုင်စွမ်း ကို ဖုံးကွယ် ပေးနိုင်စွမ်း ရှိကြ၏။
ဤ အရာများ ၏ နောက်ကွယ် တွင် ကြီးမားလှသော ဇာစ်မြစ် တစ်ခု ရှိနေမည် ဟု နင်ချီ ခံစားမိနေသော်ငြား... လောလောဆယ် တွင်တော့ သူ အဖြေ ရှာ၍ မရနိုင်သေးပါ။
သူ့ထံတွင် ဇာစ်မြစ် မသိရသော အခြား အရာဝတ္ထု နှစ်ခု လည်း ရှိနေသေးသည်။ တစ်ခုမှာ ဓားဘိုးဘေးကြီး ၏ ခန္ဓာကိုယ် ထဲမှ အတင်းအကျပ် နှင်ထုတ်ခဲ့သော မိစ္ဆာချီ ဖြစ်ပြီး ၎င်းက နယ်မြေများ ပင်လယ် ထံမှ ရုပ်ပျက်ဆင်းပျက် မိစ္ဆာများကို ဖျက်ဆီးပစ် နိုင်စွမ်း ရှိသည်။ အခြား တစ်ခု မှာမူ ထို မိစ္ဆာချီ ကို ဖိနှိပ် ချုပ်ချယ် နိုင်စွမ်း ရှိသော ရွှေရောင် သော့ လေး ပင် ဖြစ်၏။
ဤ အရာများသည် အနာဂတ် ၏ တစ်ချိန်ချိန် တွင် အလွန်တရာ ကြီးမားလှသော အခန်းကဏ္ဍ မှ ပါဝင်လာလိမ့်မည် တွက်ဆရသည်။ သူသည် ၎င်းတို့ ၏ နောက်ကွယ် က လျှို့ဝှက်ချက်များကို သေချာပေါက် ဖော်ထုတ် နိုင်မည် ဟုလည်း အကြွင်းမဲ့ ယုံကြည်ထား၏။
ခွန်အား ပိုင်း နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့... ကျင့်ကြံခြင်း အဆင့်အတန်း အပြင် နင်ချီသည် နတ်ဘုရား မှော်စွမ်းရည် အသစ်များကို အဆက်မပြတ် ဖန်တီးနေခဲ့သည်။ ကြုံတွေ့ ရင်ဆိုင်ခဲ့ရသော အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး များ၏ နတ်ဘုရား မှော်စွမ်းရည်များကိုလည်း အဆက်မပြတ် စုပ်ယူ နေခဲ့သည်။
ဥပမာ အားဖြင့်... သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား အသုံးပြုခဲ့သော ကိုးလုံး မိစ္ဆာနှိမ်နင်းရေး မန္တန် ကို ရင်ဆိုင်ရချိန် တွင်... နင်ချီသည် ဓား တစ်သောင်း ကြာပန်း ဖူးပွင့်ခြင်း နတ်ဘုရား မှော်စွမ်းရည် ကို တိုက်ရိုက် ဖန်တီး အသက်သွင်း နိုင်ခဲ့သည် မဟုတ်ပါလော။
၎င်းကို အနှစ်သာရ များ ထုတ်ယူပြီး မိမိ အတွက် အသုံးဝင်အောင် ပြုလုပ်ခြင်း ဟု သတ်မှတ်၍ ရနိုင်၏။
နင်ချီသည် စစ်မြေပြင်နယ်မြေ အတွင်းသို့ ဝင်ရောက်လာ ကတည်းက သူ ရရှိခဲ့သော အကျိုးအမြတ်များကို တိတ်တဆိတ် ရေတွက်ကြည့်နေမိသည်။ သူ တွေ့ရှိလိုက်ရသော ရလဒ်များ ကြောင့် သူ ကိုယ်တိုင် ပင် အံ့အားသင့်သွားရတော့၏။
ဤမျှ အချိန်တိုလေး အတွင်းမှာပင် သူသည် ဤမျှလောက် များပြားလှသော အောင်မြင်မှုများကို ရရှိခဲ့သည်။
‘လူသတ်ပြီး မီးရှို့ တာ က ချမ်းသာ ကြွယ်ဝ ဖို့ လမ်းစ ပဲ လို့ ပြောကြတယ်။ မဟုတ်သေးဘူး... စစ်ပွဲ က မှ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး တွေကို ပိုပြီး ချမ်းသာ ကြွယ်ဝလာစေတာ’
သို့သော်ငြား ဤ အကျိုးအမြတ် များမှာ အဆုံးသတ် မဟုတ်သေးကြောင်း ကို နင်ချီ ကောင်းကောင်းကြီး သိထားပြီး... သူသည် အနာဂတ် တွင် ဤထက် ပိုမို များပြားသော အကျိုးအမြတ်များကို သေချာပေါက် ရရှိလာဦးမည် သာ။
သူ အနည်းငယ် ထပ်ပြီး ကြီးထွား ဖွံ့ဖြိုးလာမည့် အချိန်ကို စောင့်လိုက်ဦး။ ကမ္ဘာ နှစ်ခု ရဲ့ ဘိုးဘေးကြီး တွေ စစ်ပွဲ ထဲကို ဝင်လာသော အချိန်ကျလျှင်... ယခင်ကထက် ပိုမို ကြီးမားလှသော အကျိုးအမြတ်ကြီး တစ်ခုကို သေချာပေါက် ရရှိလာဦးမည်သာ။
ယခုအခါ နင်ချီသည် ပင်လယ်ဘိုးဘေးကြီး၊ သူတော်စင် ဘိုးဘေးကြီး နှင့် ဝိညာဉ်ကမ္ဘာ နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော်များ ၏ စရိုက်လက္ခဏာများကို ကောင်းကောင်းကြီး နားလည် သဘောပေါက် နေခဲ့ပြီ။ သူတို့ က သူ ထင်ထားသလောက် ဆိုးရွားလှသူများ မဟုတ်ကြောင်း ကိုလည်း တွေ့ရှိထားခဲ့လေပြီ။
တောင်ဘိုးဘေးကြီး နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့... နင်ချီသည် သူ့ကို တိုက်ရိုက် ထိတွေ့ ဆက်ဆံ ဖူးခြင်း မရှိသေးသဖြင့် သူက ဘယ်လို လူစားမျိုး လဲ ဆိုတာကို အတိအကျ မသိရှိသေးပါ။
အစစ်အမှန်သိုင်းကမ္ဘာ ၏ အရှင်သခင် ဖြစ်သူ နင်ချီသည်... မူလ က အစစ်အမှန်သိုင်းကမ္ဘာ ၏ လုံခြုံရေး အတွက် တောင်နှင့် ပင်လယ် ကမ္ဘာ တွင် လူဝင်စား အဖြစ် ပြန်လည် မွေးဖွားလာခဲ့ပြီး သူ၏ မူလ ရည်ရွယ်ချက် မှာ တောင်နှင့် ပင်လယ် ကမ္ဘာ ကို ဖျက်ဆီးပစ်ရန် ပင် ဖြစ်ခဲ့၏။
သို့သော် ယခုအခါ တွင်မူ... နင်ချီ သူ၏ စိတ်ကူး ကို အနည်းငယ် ပြောင်းလဲလိုက်လေပြီ။
‘သူတို့ အားလုံး ကို အမြစ်ပြတ် သုတ်သင် ရှင်းလင်း ပစ်စရာ မလိုလောက်ဘူး ထင်ပါတယ်။ ငါ့ရဲ့ ခွန်အား တွေကသာ သူတို့ ထက် သာလွန်သွားခဲ့မယ် ဆိုရင်... သူတို့ကို ငါ့ရဲ့ လက်အောက်ငယ်သား တွေ အဖြစ် ခေါ်ယူ စည်းရုံးလိုက်လို့ ရတာပဲလေ’
ကျယ်ပြန့်သော ကမ္ဘာ နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ တို့ ကမ္ဘာ နှစ်ခု စလုံး အစစ်အမှန်သိုင်းကမ္ဘာ ထဲသို့ ပေါင်းစပ် ဝင်ရောက်လာမည့် မြင်ကွင်း ကို နင်ချီ ကြိုတင် မြင်ယောင် နေမိတော့၏။
ထို အခိုက်အတန့် တွင်... စစ်မြေပြင်နယ်မြေ တစ်ခုလုံး မှာ နောက်တစ်ကြိမ် ထပ်မံ တုန်ခါသွားပြန်သည်။
ကြည်လင် သန့်စင်သော ချီ များ က အထက်သို့ တက်သွားပြီး နောက်ကျိသော ချီ များ က အောက်သို့ ကျဆင်းသွားကာ... လက်တွေ့ ကမ္ဘာ၏ အာရုံခံစားမှု မျိုး နှင့် အနည်းငယ် ဆင်တူလာတော့၏။
စစ်မြေပြင်နယ်မြေကြီးမှာ နောက်ဆုံး တွင် လုံးလုံးလျားလျား တည်ငြိမ်သွားခဲ့ပြီ ဖြစ်ကြောင်း နင်ချီ ချက်ချင်း နားလည် သဘောပေါက်လိုက်သည်။ ထို့ကြောင့်..သူသည် ဝိညာဉ်ကမ္ဘာ နှစ်ခု ၏ နယ်နိမိတ် ရှိရာ အရပ်ဆီသို့ သူ၏ အကြည့်များကို ချက်ချင်း ပြန်လည် လှည့်ကြည့်လိုက်တော့၏။
သူ ထင်သည့်အတိုင်း ပင်... ယခင်က ပိတ်ထားခဲ့သော ထိုနေရာရှိ ဝင်ပေါက် များမှာ ယခုအခါ မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန် ဖြင့် ပွင့်ဟလာနေလေပြီ။
အစပိုင်း တွင် အလွန်တရာ ကျဉ်းမြောင်း လွန်းလှပြီး အလင်းရောင် အနည်းငယ် မျှသာ ဖြတ်သန်း ဝင်ရောက် နိုင်၏။
ထို့နောက် ၎င်းသည် ရုတ်တရက် ပွင့်ဟသွားပြီး... လူများ ဝင်ရောက်သွားလာနိုင်ရန် လုံလောက်အောင် ကျယ်ဝန်းသွားတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင်... ထို ဝင်ပေါက် ထဲမှ နေ၍ ပုံရိပ် နှစ်ခု က လျှပ်တစ်ပြက် အရှိန်အဟုန် ဖြင့် ပျံထွက်လာသည်ကို နင်ချီ မြင်တွေ့လိုက်ရ၏။
“ဝုန်း…”
လေထုက နားကွဲမတတ် စူးရှသော လေတိုးသံ တစ်ခုကို ထုတ်လွှတ်လိုက်ပြီး... ထို အသံကြီး မဆုံးခင်မှာပင် ပုံရိပ် နှစ်ခု စလုံး မှာ စစ်မြေပြင်နယ်မြေ အတွင်းသို့ ရောက်ရှိ နေခဲ့ပြီ။
နင်ချီသည် အရှေ့ မလှမ်းမကမ်း တွင် ခပ်ခွာခွာ ရပ်နေကြသော ထို လူနှစ်ယောက် ကို စူးစိုက် ကြည့်လိုက်ရာ... သူ၏ မျက်လုံးများ အလိုအလျောက် ပြူးကျယ်သွားရတော့သည်။
ထို နှစ်ဦး က အခြားသူ များ မဟုတ်။ သူတော်စင် ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ပင် ဖြစ်ကြပြီး သူတို့၏ အစစ်အမှန် ခန္ဓာကိုယ် များမှာ စစ်မြေပြင်နယ်မြေ အတွင်းသို့ နောက်ဆုံး တွင် ဆင်းသက်လာခဲ့ကြပြီ ပင်။
ထို နှစ်ဦးသည် အချင်းချင်း မျက်နှာချင်းဆိုင် ရပ်နေကြပြီး... သူတို့ ထံမှ မည်သည့် အရှိန်အဝါ မျှ ထွက်ပေါ် မနေချေ။