← Chapters

အခန်း ၉၇၈

Vol. 66 Ch. 978

အခန်း ၉၇၈

Vol. 66 Ch. 978

အခန်း (၉၇၈) - ရိတ်သိမ်းမှု

နင်ချီသည် ထို လူနှစ်ဦး ၏ ကျင့်ကြံခြင်း အဆင့်အတန်းများကို အသေအချာ အာရုံခံ ကြည့်လိုက်ရာ... သူတို့၏ အစစ်အမှန် ခန္ဓာကိုယ် များမှာ အတန်ငယ် ဖုံးကွယ် ထားပုံ ရသည်။

သူတို့ နှစ်ဦး စလုံး မှာ အလွန်တရာ ထူးဆန်း ဆန်းကြယ်လှသော နယ်ပယ် တစ်ခု တွင် ရှိနေကြောင်း နင်ချီ ခံစားလိုက်ရတော့၏။

၎င်းသည် တာအို ၏ ကန့်သတ်ချက် တစ်ခု အလား... အခြားသော ပိုမို မြင့်မားသည့် နယ်ပယ် ကြီး တစ်ခု အလား။ သို့တည်းမဟုတ် ထို နှစ်ခု အကြား ရှိ အခြေအနေ တစ်ခုခု လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

နင်ချီသည် သူ၏ ကိုယ်ပိုင် စွမ်းအား ကို နှိုင်းယှဉ် ကြည့်ရန် အတွက် သူ၏ အာရုံခံစားမှု ကို အားကိုးလိုက်၏။

သူ၏ ဝင်စား ခန္ဓာကိုယ် မှာ သူတို့ နှစ်ဦးစလုံး လောက် အစွမ်းမထက်သေးကြောင်းကို တွေ့ရှိလိုက်ရသဖြင့်... နင်ချီ တစ်ယောက် အနည်းငယ် စိတ်ပျက်သွားရတော့သည်။

သူ၏ ပင်မ ခန္ဓာကိုယ် ၏ စွမ်းအားများကို ပေါင်းစပ်လိုက်မည် ဆိုလျှင်တောင်... နင်ချီ မှာ အပြည့်အဝ ယုံကြည်မှု မရှိသေးပါ။

အကြောင်းမူကား ယခု လက်ရှိ သူတော်စင် ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့၏ အခြေအနေ မှာ... သူတို့သည် အစွမ်းအစများကို အနည်းငယ်မျှပင် မဖုံးကွယ် ထားဟု နင်ချီ အနေဖြင့် လုံးဝ (လုံးဝ) ရဲရဲကြီး အာမ မခံရဲပါ။

ထို နှစ်ဦးသည် စစ်မြေပြင်နယ်မြေ အတွင်းသို့ ရောက်ရှိလာကြပြီးနောက်... အခြားသူ များ၏ တည်ရှိနေမှု ကို လုံးဝ သတိမထားမိသည့်အလား ပြုမူ နေကြ၏။

သူတော်စင် ဘိုးဘေးကြီးသည် စစ်မြေပြင်နယ်မြေ တစ်ခုလုံး ကို ဝေ့ဝဲ ကြည့်ရှုလိုက်ရာ... အနည်းငယ် တွန့်လိမ် နေသော လိမ္မော်သီး အခွံ တစ်ခု အလား သူ၏ အိုမင်းနေသော မျက်နှာ ပေါ်တွင် အကူအညီမဲ့ နေသော အရိပ်အယောင် အချို့ ပေါ်လွင်နေသည်။

"အခု စစ်မြေပြင်နယ်မြေ က ငါတို့ရဲ့ စွမ်းအား တွေကို မနည်း တောင့်ခံ ထားနိုင်ရုံလေးပဲ ရှိသေးတယ်"

သူ၏ မျက်နှာချင်းဆိုင် တွင်... ခမ်းနား ထည်ဝါပြီး ကျက်သရေ ရှိလှသော ဝတ်စုံ ကို ဆင်မြန်းထားသည့် ပင်လယ်ဘိုးဘေးကြီး က မတ်မတ်ကြီး ရပ်နေသည်။

သူမ က ပြန်လည် ဖြေကြားလိုက်၏။

"စစ်မြေပြင်နယ်မြေ က ပျက်စီးသွားရင်တောင်မှ... ကျွန်မတို့ နယ်မြေများ ပင်လယ် ထဲကို ရောက်သွားတဲ့အခါ ခဏလောက် တော့ ဆက်ပြီး တိုက်ခိုက်လို့ ရနိုင်သေးတယ် မဟုတ်လား"

သူတော်စင် ဘိုးဘေးကြီး က ခေါင်းခါယမ်းပြလိုက်ပြီး ခါးသက်သက် အပြုံး တစ်ခု ဖြင့် ဆိုလိုက်သည်။

"မင်း က ဒီလောက်တောင် ရူးသွပ် နေမှန်း ငါသာ ကြိုသိခဲ့မယ် ဆိုရင်... ဒီ ဝိညာဉ်နယ်မြေ စစ်ပွဲ ကို လက်ခံမယ့် အစား ကျယ်ပြန့်သော ကမ္ဘာ ကို ဆုံးရှုံး ရမယ့် အန္တရာယ် ကိုပဲ ရွေးချယ်လိုက်မှာပါ"

သူ က ပင်လယ်ဘိုးဘေးကြီး ကို စူးစိုက် ကြည့်ရင်း ဆက်ပြောလိုက်၏။

"နယ်မြေများ ပင်လယ် ထဲကို ရောက်သွားတဲ့အခါ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို မင်း တကယ်ပဲ မသိဘူးလား"

"အဲဒီတော့ ဘာဖြစ်လဲ"

ပင်လယ်ဘိုးဘေးကြီး က လုံးဝ ဂရုမစိုက်ဟန် ဖြင့် ပြန်လည် မေးခွန်း ထုတ်လိုက်၏။

သူတော်စင် ဘိုးဘေးကြီး က ချောင်းတစ်ချက် ဟန့်လိုက်သည်။

"မင်း ပြောတာလည်း ယုတ္တိ ရှိပါတယ်။ ဒါပေမဲ့...ဘယ်သူ က သိနိုင်မှာလဲ.. ငါတို့သာ တကယ်ပဲ အဲဒီလို လုပ်ခဲ့မယ် ဆိုရင် ကျင့်ကြံသူ ဘယ်နှစ်ယောက်လောက် သေကုန်ကြမလဲ.. တခြား ကျင့်ကြံသူ တွေ ကို အသာထား... ငါတို့ ကိုယ်တိုင်တောင် အန္တရာယ် တွင်း ထဲကို ကျရောက်သွားနိုင်တယ်လေ"

"ကဲ... ကဲ... အဓိပ္ပာယ် မရှိတဲ့ စကားတွေ အရှည်ကြီး ပြောမနေနဲ့တော့။ ဒါက အသက်ကြီးတဲ့ သူတွေ ဆီမှာ ဖြစ်လေ့ ရှိတဲ့ ရောဂါ တစ်ခုများလား"

ပင်လယ်ဘိုးဘေးကြီး ၏ ရေခဲအလား အေးစက်နေသော မျက်ဝန်း များက အလွန်တရာ လှပသော ရေခဲ ကျောက်စိမ်း တစ်စုံ အလား အလင်းရောင်များ ရောင်ပြန်ဟပ် နေတော့၏။

"အကယ်၍ တိုက်ချင်တယ် ဆိုရင်လည်း တိုက်လေ... ဘာလို့ စကားတွေ အများကြီး ပြောပြီး အချိန်ဖြုန်း နေရတာလဲ။ ရှင့်ရဲ့ ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေကို ခေါ်သွားခွင့် ငါ ပေးခဲ့ပြီးပြီပဲ... အခု ဆက်ဖြစ်မှာ က ကျွန်မတို့ အချိန်အကြာကြီး စောင့်မျှော် နေခဲ့တဲ့ တိုက်ပွဲ ပဲ"

နင်ချီသည် အမျိုးသမီး များမှာ တကယ့်ကို နားလည် ရခက်သော သူများ ဖြစ်ကြောင်း လှောင်ပြောင် ပြောဆိုချင်စိတ် များ ပေါက်ဖွားလာမိ၏။

သူမတို့ က အခြားသူများကို စကားတွေ အများကြီး ပြောတယ် လို့ ဝေဖန် ပြစ်တင် နေကြပေမဲ့... သူတို့ ကိုယ်တိုင် ကလည်း အဓိပ္ပာယ် မရှိတဲ့ စကားတွေ အများကြီး ပြောနေကြတာပဲ မဟုတ်ဘူးလား။

သေချာသည် ကတော့... ဤ အတွေးများကို နင်ချီသည် သူ၏ ရင်တွင်း၌သာ တိတ်တဆိတ် ဖုံးကွယ် ထားရုံမှလွဲ၍ အခြား မတတ်နိုင်ခဲ့ချေ။ ဘိုးဘေးကြီး နှစ်ပါး ၏ အချက်အလက်များကို အကဲဖြတ် ကြည့်မည် ဆိုလျှင်... သူသည် သူတို့ ၏ ပြိုင်ဘက် မဖြစ်နိုင်သေးကြောင်း ထင်ရှားလှသည်။

နင်ချီ ၏ မျက်လုံးများ က တလက်လက် တောက်ပသွားပြီး... စစ်မြေပြင်နယ်မြေ ဆီသို့ မသိမသာ ဖြင့် တစ်ချက် ကြည့်လိုက်၏။

စစ်မြေပြင်နယ်မြေ တစ်ခုလုံးအား ဝိုင်းရံထားသော နယ်နိမိတ် နံရံ ကြီး ပေါ်တွင်... ဘိုးဘေးကြီး ကိုယ်တိုင် မတော်တဆ စစ်ဆေး ကြည့်ရှုလျှင်ပင် ထောက်လှမ်း ၍ မရနိုင်လောက်အောင် သိမ်မွေ့ နက်နဲသော အခင်းအကျင်း ပုံစံများကို ထွင်းထု မှတ်တမ်းတင် ထားပြီး ဖြစ်၏။

၎င်းတို့မှာ နင်ချီ ကြိုတင်၍ တပ်ဆင် ထားခဲ့သော အခင်းအကျင်း ပုံစံ များပင်။ သေဆုံးသွားသော ကျင့်ကြံသူ များ၏ စွမ်းအားများကို သာမက စစ်မြေပြင်နယ်မြေ တစ်ခုလုံး နှင့် နယ်မြေများ ပင်လယ် ၏ စွမ်းအားများကိုပါ အဆက်မပြတ် စုပ်ယူ နေကြခြင်း ပင် ဖြစ်သည်။

နင်ချီသည် လုံးဝ သိုသိုသိပ်သိပ် နေထိုင်နေပြီး... စစ်မြေပြင်နယ်မြေ တစ်ခုလုံး ကို အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ပေါင်းစပ် ထည့်သွင်းလိုက်နိုင်မည့် နောက်ဆုံး အခိုက်အတန့် ကိုသာ စောင့်ဆိုင်း နေခဲ့ခြင်း ပင်။

ထို အချိန် ကျရောက်လာပါက... သူ၏ ခွန်အား မှာ သူတော်စင် ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ ၏ အဆင့်အတန်း သို့ သေချာပေါက် ရောက်ရှိ နေလောက်ပြီ ဖြစ်၏။

နင်ချီ ကို စကားဆွံ့အသွားစေခဲ့သည့် အချက်မှာ... ကောက်ကျစ် စဉ်းလဲသော အကြံသမားကြီး တောင်ဘိုးဘေးကြီး က ယခု အချိန် အထိ ပေါ်မလာသေးပါ။

ဒီလောက်တောင် အသက်ပြင်းတဲ့ သတ္တဝါ မျိုး ပါလား...။

နင်ချီ ကိုယ်တိုင်ပင် တောင်ဘိုးဘေးကြီး လုပ်ဆောင်ခဲ့သလို... သူတော်စင် ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ ၏ တိုက်ပွဲ မှတစ်ဆင့် အကျိုးအမြတ် ရရှိမည့် သူ ဖြစ်လာအောင် အမှန်တကယ် လုပ်ဆောင် နိုင်စွမ်း ရှိမရှိ ဆိုသည်ကိုပင် သံသယ ဝင်လာမိတော့၏။

ရုတ်တရက်... သူတို့ အရှေ့ရှိ ဟင်းလင်းပြင်ကြီးမှာ မုန့်ညက် နယ်သလို စတင် တုန်ခါလာတော့သည်။

ပင်လယ်ဘိုးဘေးကြီးသည် သူမ၏ သွယ်လျ ရှည်လျားပြီး ဖြူဝင်းလှပသော ညာဘက် လက် ကို ဆန့်ထုတ်လိုက်ရုံဖြင့်... မျက်စိတစ်မှိတ် အတွင်းမှာပင် သူမ၏ ညာဘက် လက် အရှေ့ရှိ ဟင်းလင်းပြင်ကြီးမှာ ဧရာမ ရေစက်လုံးကြီး တစ်ခု အဖြစ်သို့ အသွင်ပြောင်းသွားတော့၏။

ထို ရေစက်လုံးကြီးသည် ပွင့်လင်း မြင်သာသော လှိုင်းဂယက် အလင်းတန်းများဖြင့် တလက်လက် တောက်ပနေပြီး... နေရောင်ခြည် အောက်တွင် ရှိနေသော ဖန်ခွက်ကြီး တစ်ခု အလား ထင်မှတ်ရသည်။

ဤသည်မှာ အလွယ်တကူ ဖန်တီးနိုင်ပြီး ဟင်းလင်းပြင် နေရာလွတ် နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ် နိုင်စွမ်း ရှိသော... နတ်ဘုရား မှော်စွမ်းရည် ရေ အကျဉ်းထောင်ကြီး တစ်ခု ပင် ဖြစ်တော့သည်။

သူတော်စင် ဘိုးဘေးကြီး က ဤ တိုက်ခိုက်မှု ကို ကြိုတင် မမျှော်လင့်ထားဘဲ အငိုက်မိသွားခဲ့ခြင်းလော... သို့တည်းမဟုတ် ရေ အကျဉ်းထောင် ထဲတွင် မိမိကိုယ်ကို တမင်တကာ ပိတ်လှောင် ခံလိုက်ခြင်းလော ဆိုသည်ကိုတော့ အတိအကျ မသိရှိနိုင်ချေ။

"အကျဉ်းထောင် ထဲမှာ ဖမ်းဆီး သတ်ဖြတ်စေ"

ပင်လယ်ဘိုးဘေးကြီး က အေးစက်စက် အော်ဟစ်လိုက်၏။

ချက်ချင်း ဆိုသလိုပင်... ဖောက်၍ မြင်သာသော ရေ အကျဉ်းထောင် ကြီးသည် ထို မျက်စိတစ်မှိတ် အတွင်းမှာပင် မတူညီသော ဟင်းလင်းပြင် ပေါင်း များစွာ အဖြစ်သို့ အသွင်ပြောင်းသွားသည်ကို... လူတိုင်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ကြရတော့သည်။

တစ်ခါတစ်ရံ တွင် ၎င်းသည် ငရဲပြည် ၏ ဆယ့်ရှစ် ထပ် မြောက် ငရဲ နှင့် ဆင်တူနေ၏။ လျှာ ဆွဲနုတ်သော ငရဲ၊ သံတိုင် ငရဲ၊ မီးတောက် ငရဲ၊ နှင့် ရေနက် ငရဲ ကဲ့သို့သော ငရဲ မြင်ကွင်း များ ပါဝင်နေသည်။ အခြား အချိန် များတွင်မူ... ၎င်းသည် ကမ္ဘာမြေ ပေါ်ရှိ အမျိုးမျိုးသော အကျဉ်းထောင် များနှင့် ဆင်တူနေပြီး ရက်စက် ကြမ်းကြုတ်လှသော ညှဉ်းပန်း နှိပ်စက်မှု မျိုးစုံ ကို အသုံးပြုနေကြသည့်... ပုံရိပ်ယောင် မျိုးစုံ ဖြင့် ပြည့်နှက် နေတော့၏။

ပို၍ ထူးဆန်း အံ့ဩဖွယ် ကောင်းသည်မှာ... ဤနေရာ တွင် နွား တစ်ကောင် နှင့် မြင်း တစ်ကောင် လည်း ရှိနေခြင်း ပင် ဖြစ်သည်။

All Chapters