← Chapters

အခန်း ၉၇၉

Vol. 66 Ch. 979

အခန်း ၉၇၉

Vol. 66 Ch. 979

အခန်း (၉၇၉) - ရိတ်သိမ်းမှု

ငရဲပြည် က လူတွေကို ဝန်တင် တိရစ္ဆာန် တွေ အဖြစ် အသွင်ပြောင်း ပစ်လိုက်ပြီး... ဝန်တင် တိရစ္ဆာန် တွေ ထက်တောင် ပိုဆိုးရွားသော အခြေအနေ မျိုး ရောက်သွားစေကာ သူတို့ကို ဝန်တင် တိရစ္ဆာန် တွေထက် ပိုကြာကြာ အလုပ်လုပ်ခိုင်းသော်လည်း... ရရှိသည့် အကျိုးအမြတ် ကတော့ အများကြီး နည်းပါး လွန်းလှ၏။

သူတို့ ရရှိခဲ့သော နည်းပါးလှသည့် ဝင်ငွေ များမှာ အသက်ရှင် နေထိုင်ရန် အတွက်ပင် မလုံလောက် လောက်အောင် ဖြစ်နေရသဖြင့်... ဘေးမှနေ၍ စောင့်ကြည့် နေကြသော ကျင့်ကြံသူ များ ကိုပင် ချွေးတလုံးလုံး ဖြစ်သွားစေတော့၏။

ထို အကျဉ်းထောင် ကြီး ၏ အတွင်းဘက် ၌... သူတော်စင် ဘိုးဘေးကြီးသည် ထို မြင်ကွင်း များ အဆက်မပြတ် ပြောင်းလဲ နေသည် နှင့်အမျှ ထို အရာများ အားလုံး ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ ခံစားနေရပုံ ရ၏။

ဤ အရာများကို ပုံရိပ်ယောင် များ ဟု ခေါ်ဆိုရန် ခက်ခဲ သလို... အစစ်အမှန် လက်တွေ့ ဟု ခေါ်ဆိုရန်လည်း ခက်ခဲ လွန်းလှသည်။

ဤ နတ်ဘုရား မှော်စွမ်းရည် ၏ အသွင်အပြင် ကဲ့သို့ပင်... ၎င်းသည် အစစ်အမှန် နှင့် ပုံရိပ်ယောင်၊ အမှန် နှင့် အမှား ကို ခွဲခြားရန် အလွန်တရာ ခက်ခဲလှပေ၏။

အမျိုးမျိုးသော ငရဲ များ၏ ကောင်းချီး ပေးမှု အောက်တွင်... ရေစက်လုံး ကြီး တစ်ခုလုံး မှာ အရောင်များ ပြောင်းလဲသွားပြီး သူတော်စင် ဘိုးဘေးကြီးသည် မည်သည့် ခုခံ တိုက်ခိုက်မှု အရိပ်အယောင် မျှ မပြသဘဲ... ထို အကျဉ်းထောင် အတွင်းရှိ အရာအားလုံး ကို ကိုယ်တိုင်ကိုယ်ကျ ခံစား ကြည့်ရန် တမင်တကာ ဆန္ဒ ရှိနေသည့်အလား ထင်မှတ်ရသည်။

နင်ချီသည် သူတော်စင် ဘိုးဘေးကြီး ၏ စွမ်းဆောင်ရည် ကို အလွန်အမင်း စိတ်ဝင်စား နေမိ၏။

ဒီ အဘိုးကြီး က နာကျင်မှု တွေကို ခံစားရတာ သဘောကျ နေတာလား... ဒါမှမဟုတ် ဒီ ထူးဆန်းတဲ့ အတွေ့အကြုံ ကို သဘောကျ နေတာလား။

သူ က ညှဉ်းပန်း နှိပ်စက်မှုများကို ကျူးလွန်နေသော ပင်လယ်ဘိုးဘေးကြီး ကို အံ့အားသင့်စွာ အကြည့်ပို့လိုက်ပြီး... ထို့နောက် အတွင်းဘက် ၌ ရှိနေသော သူတော်စင် ဘိုးဘေးကြီး ကို ပြန်ကြည့်လိုက်သည်။ ဒီ နှစ်ယောက် က တကယ်ပဲ ဆာလောင် မွတ်သိပ် ပြီး သေချင် နေကြတာများလား...။

ထို အကြောင်း ကို တွေးမိလိုက်သောအခါ... နင်ချီသည် သူ၏ ကျောရိုး တစ်လျှောက် စိမ့်ခနဲ အေးစက်သွားပြီး ကြက်သီးမွေးညင်း များပင် ထသွားတော့၏။

ဘေးအစွန် တွင် တိုက်ပွဲ ကို စောင့်ကြည့်နေကြသည့် ကျင့်ကြံသူ အများအပြားသည်လည်း နင်ချီ နည်းတူ အလားတူ ခံစားချက် မျိုးကို မျှဝေ ခံစားနေကြရသော်ငြား... မည်သူကမျှ ဖွင့်ဟ မပြောရဲကြပေ။

နောက်နေတာလား... ဝိညာဉ်ကမ္ဘာ နှစ်ခု ရဲ့ အစွမ်းအထက်ဆုံး ဘိုးဘေးကြီး တွေ အချင်းချင်း တိုက်ခိုက် နေကြတဲ့ အချိန်မှာ... သူတို့ က ဘယ်လို လုပ်ပြီး ဝင်စွက်ဖက် ရဲပါ့မလဲ။

ကုန်းထျန်းတောက် ဦးဆောင်သော တောင်ဘိုးဘေးကြီး ၏ လက်အောက်ခံ ကျင့်ကြံသူ များ အနေဖြင့်မူ... ဤ အခိုက်အတန့် တွင် သူတို့ အားလုံး စွန့်ပစ် ခံလိုက်ရသည့်အလား ဆုံးရှုံးမှု ခံစားချက် တစ်ခုကို ခံစား နေကြရသည်။

ငါတို့ ရဲ့ တောင်ဘိုးဘေးကြီး ကရော ဘယ်ရောက်နေလို့လဲ။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံမှ သတင်းစကား တစ်ခုလေး မျှသာ ပေးပို့လာလျှင်ပင်... သူတို့ အလွန်တရာ ကျေးဇူးတင် နေမိကြမည်သာ။

ဘယ်လို လုပ်ပြီး ငါတို့ ရဲ့ တည်ရှိနေမှုကြီး တစ်ခုလုံး ကို လုံးဝ (လုံးဝ) လျစ်လျူရှု ထားနိုင်ရတာလဲ။ တောင်ဘိုးဘေးကြီး ၏ အမြင် တွင် သူတို့ က တကယ်ပဲ အဲဒီလောက်တောင် အသုံးမကျတဲ့ သူတွေ ဖြစ်နေလို့လား...။

…

တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အတွင်းဘက် ၌ကား...

ကောင်းကင်ချိတ်ဆက် တောင်ထွတ် ၏ ထိပ်တွင် လေပြင်းများ တဝေါဝေါ တိုက်ခတ်နေပြီး... လူများ ၏ အဝတ်အစားများကို တဖျတ်ဖျတ် မြည်အောင် လွင့်ခါ နေစေသည်။

နဂါး မျက်နှာဖုံး နှင့် အလုပ်အကျွေးသည် တောင်ပေါ်သို့ တက်ရာ တာအို လမ်းကြောင်း ဘေးတွင် ကျောက်ရုပ်ကြီး တစ်ရုပ် အလား တိတ်ဆိတ်စွာ ရပ်နေဆဲပင် ဖြစ်၏။

သူ့ပုံစံက တောင်ဘိုးဘေးကြီး က အမိန့် ပေးသည့်အခါမှသာ လှုပ်ရှား လိမ့်မည်ဟု ထင်ရသည်။

တောင်ဘိုးဘေးကြီးသည် သူ၏ လက်များကို နောက်ပစ်ထားလျက်... စစ်မြေပြင်နယ်မြေ တစ်ခုလုံး ကို စူးစိုက် ကြည့်ရှုနေလေ၏။

"မင်းတို့ အားလုံး ငါ့ကို မေးခွန်း ထုတ်နေကြလောက်ပြီ ဟုတ်လား။ ငါ မင်းတို့ကို ခဏလောက် တိုက်ခိုက်ခွင့် ပေးထားလိုက်မယ်... အဲဒီနောက် မှ အဲဒီ နေရာ ကနေ စွမ်းအား တချို့ ကို ငါ ထုတ်ယူလိုက်မယ်"

"အဲဒီ ကောင် ကို ပျိုးထောင် ပေးနိုင်ဖို့ အတွက်... ဝိညာဉ်နယ်မြေ စစ်ပွဲ ကို ငါ ကိုယ်တိုင် စီစဉ် ခဲ့တာပဲ.. အခုတော့ အကျိုးအမြတ် တွေကို ရိတ်သိမ်း ရမယ့် အချိန် ရောက်ပြီလေ..အဲဒါ က ငါ့ကို နောက်ထပ် ခြေတစ်လှမ်း ရှေ့တိုး နိုင်ဖို့ အထောက်အကူ ပြုနိုင်ပါစေလို့ပဲ မျှော်လင့်ရတော့တာပေါ့…”

ကောင်းကင်ချိတ်ဆက် တောင်ထွတ် ၏ ထိပ်ဝန်းကျင်သည် တောင်နှင့် ပင်လယ် ကမ္ဘာ တွင် အမြင့်ဆုံး တောင်ထွတ် တစ်ခု ဖြစ်၏။ မည်မျှအထိ မြင့်မားသနည်း ဆိုလျှင်... လက်လှမ်းလိုက်ရုံ နှင့် ကြယ်များကိုပင် ထိတွေ့နိုင်လောက်အောင် ရှိသည်။

တောင်ဘိုးဘေးကြီး က ကောင်းကင်ယံ သို့ မော့ကြည့်နေ၏။

ထိုနေရာ တွင် ဘာမှ မရှိသော လေဟာနယ် တစ်ခု အလား ဖြစ်နေပြီး... သူ အတိအကျ ဘာကို ကြည့်နေသနည်း ဆိုတာကိုတော့ သေချာ မသိရချေ။

All Chapters