← Chapters

အခန်း ၉၈၁

Vol. 66 Ch. 981

အခန်း ၉၈၁

Vol. 66 Ch. 981

အခန်း (၉၈၁) - အစစ်အမှန်သိုင်းကမ္ဘာ မှ ထွက်ခွာခြင်း

ယခုတစ်ကြိမ် တွင် သူ၏ အလိုဆန္ဒ ကို ခွဲထုတ်ပြီး ကျယ်ပြန့်သော ကမ္ဘာ အတွင်းသို့ လူဝင်စား အဖြစ် ပြန်လည် မွေးဖွားခြင်း မပြုခဲ့သော်ငြားလည်း... အစစ်အမှန်သိုင်းကမ္ဘာ ၏ ကမ္ဘာ့အရှင်သခင် ဖြစ်သူ နင်ချီ အနေဖြင့် သူ ခြယ်လှယ်၍ လူဝင်စား ခိုင်းခဲ့သော သူများ နှင့် သိမ်မွေ့သော ဆက်သွယ်မှု တစ်ခု ကိုတော့ သဘာဝကျကျ ပိုင်ဆိုင်ထား၏။

ဤ ဆက်သွယ်မှု ကို အသုံးပြု၍... နင်ချီသည် ကျယ်ပြန့်သော ကမ္ဘာ ၏ တည်နေရာ ကို ရှာဖွေ တွေ့ရှိနိုင်ခဲ့သည်။

သို့သော်... ဝိညာဉ်နယ်မြေ စစ်ပွဲ ကြီး တရားဝင် စတင်ခဲ့သည့် အချိန်မှစ၍ ယခုတိုင်အောင်၊ (၃) လ ပင် မပြည့်သေးပါ။

ကျယ်ပြန့်သော ကမ္ဘာ တွင် မွေးဖွားလာခဲ့ကြသူများ မှာ... အချို့က သုံးလ သာ ရှိသေးပြီး အချို့ကတော့ တစ်လ ပင် မပြည့်ကြသေးပါ။ ယခု အချိန်တွင် နင်ချီ နှင့် သူတို့ အကြားရှိ ဆက်သွယ်မှု မှာ အလွန်တရာ အားနည်း လွန်းလှ၏။

နင်ချီသည် အစစ်အမှန်သိုင်းကမ္ဘာ ၏ နယ်နိမိတ် နံရံ အနီးသို့ ချဉ်းကပ်သွားပြီး... ညာဘက် လက် ကို ရုတ်တရက် ဆန့်ထုတ်ကာ နယ်နိမိတ် နံရံ အတွင်းသို့ တိုက်ရိုက် ထိုးသွင်းလိုက်တော့သည်။

ကမ္ဘာ့ နယ်နိမိတ် နံရံကြီးမှာ နံရံ တစ်ခု လို၊ ဧရာမ သစ်သီး ကြီး တစ်လုံး ၏ အခွံ လို ဖြစ်နေပြီး နယ်မြေများ ပင်လယ် တစ်ခုလုံး ကို အပြင်ဘက် မှနေ၍ ဖယ်ကြဉ် ပေးထား၏။

တစ်ဖက် တွင်... နယ်မြေများ ပင်လယ် ၏ စွမ်းအား များ ကမ္ဘာ အတွင်းသို့ ကျူးကျော် ဝင်ရောက်လာခြင်းကို ကာကွယ်ရန် ၊ အခြား တစ်ဖက် တွင်မူ... ကမ္ဘာ ၏ ဖွံ့ဖြိုး တိုးတက်မှု နှင့် ၎င်း အတွင်းရှိ သက်ရှိ များ အားလုံး ၏ ရှင်သန် ရပ်တည်ရေး အတွက် ပင် ဖြစ်သည်။

နင်ချီသည် သူ၏ ညာဘက် လက် ကို အစစ်အမှန်သိုင်းကမ္ဘာ ၏ နယ်နိမိတ် နံရံ အတွင်းသို့ အလွယ်တကူ ထိုးသွင်း နိုင်ခဲ့သော်ငြားလည်း... အစစ်အမှန်သိုင်းကမ္ဘာ ၏ နယ်နိမိတ် နံရံ မှာ မယုံနိုင်လောက်အောင် ထူထဲ လွန်းလှသဖြင့် လက် တစ်ဖက် ၏ အရှည် ဖြင့် လုံးလုံးလျားလျား ဖောက်ထွင်းသွားရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

နင်ချီ က တိတ်ဆိတ်စွာ အာရုံခံ ကြည့်လိုက်ရာ... အစစ်အမှန်သိုင်းကမ္ဘာ ၏ နယ်နိမိတ် နံရံ ၏ အထူ မှာ ဆယ်မိုင် ခန့် အထိ ရှိနေကြောင်း တွေ့ရှိလိုက်ရ၏။

ကမ္ဘာ က ပိုပြီး အစွမ်းထက်လာလေလေ... ၎င်း၏ နယ်နိမိတ် နံရံ တွေကလည်း ပိုမို တိုးပွားလာပြီး ပိုထူထဲလာလေလေ ပင်။

အချုပ်အားဖြင့် ဆိုရလျှင်... ကမ္ဘာ ၏ နယ်နိမိတ် နံရံသည် ကမ္ဘာ ၏ ယေဘုယျ ခွန်အား နှင့်လိုက်လျောညီထွေ ဖြစ်နေ၏။

၎င်းသည် ပို၍ ထူထဲလာနိုင်သော်ငြား... ပို၍ ပါးလွှာသွားရန် မဖြစ်နိုင်ချေ။ သို့မဟုတ်ပါက... နယ်မြေများ ပင်လယ် အတွင်းရှိ သက်ရှိ များ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိမည်သာ။

နင်ချီသည် သူ၏ ညာဘက် လက် ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး တစ်ချက် ကြည့်လိုက်သည်။ သူ၏ ညာဘက် လက်မောင်း တစ်ခုလုံး မှာ မည်သည့် ပွတ်တိုက်မှု ဒဏ်ရာ မျှ မရှိဘဲ ယခင် ကကဲ့သို့ ချောမွေ့ နေဆဲပင်။

အကြောင်းမူကား သူသည် အစစ်အမှန်သိုင်းကမ္ဘာ ၏ ကမ္ဘာ့အရှင်သခင် ဖြစ်သလို အစစ်အမှန်သိုင်းကမ္ဘာ ၏ ကမ္ဘာ့ဆန္ဒတော် လည်း ဖြစ်သောကြောင့်၊ အစစ်အမှန်သိုင်းကမ္ဘာ တစ်ခုလုံး ၏ နယ်နိမိတ် နံရံ မှာ သူ့အတွက် နံရံ တစ်ခု .. အခွံ တစ်ခု မဟုတ်တော့ဘဲ... သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု အဖြစ်သာ တည်ရှိနေပါ၏။

နယ်မြေများ ပင်လယ် ၏ တည်ရှိမှု ကို အာရုံခံ နိုင်စွမ်း ရှိသူများ... သို့တည်းမဟုတ် ၎င်းနှင့် ထိတွေ့ ဆက်ဆံ နိုင်စွမ်း ရှိသူများသည် ကမ္ဘာ့ဆန္ဒတော် နှင့် ဘိုးဘေးကြီး အဆင့် ရှိသော တည်ရှိမှုများ သာလျှင် ဖြစ်ရမည်။

နင်ချီသည် အဆိုပါ အခြေအနေ နှစ်ရပ် စလုံး ကို တစ်ပြိုင်နက်တည်း ပြည့်မီ နေသဖြင့်... သူ့အား ကြီးမြတ်သော ဝိညာဉ်ကမ္ဘာ နှစ်ခု၊ သူတော်စင် ဘိုးဘေးကြီး၊ ပင်လယ်ဘိုးဘေးကြီး နှင့် တောင်ဘိုးဘေးကြီး တို့၏ အောက်ခြေ ကို ကျော်လွန် ဖောက်ထွက်နိုင်၏။

အစစ်အမှန်သိုင်းကမ္ဘာ ၏ ဆန္ဒတော် တစ်ခု အနေဖြင့်... သူသည် အစစ်အမှန်သိုင်းကမ္ဘာ ကိုယ်တိုင် ၏ ကန့်သတ် ချုပ်ချယ်မှုများကို မခံရတော့ဘဲ အလိုရှိသလို ဝင်ထွက်သွားလာနိုင်စွမ်း ရှိနေပြီ ဖြစ်၏။

နင်ချီသည် တစ်သီးပုဂ္ဂလ တစ်ဦး ဖြစ်သော်ငြားလည်း... ကမ္ဘာ တစ်ခုလုံး ကို ထိန်းချုပ် နိုင်စွမ်း ရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။

အချုပ်အားဖြင့် ဆိုရလျှင်... နင်ချီ ဟူသော ဤ ထူးဆန်းသော သတ္တဝါသည် အားသာချက် နှစ်ခု စလုံး ကို ပေါင်းစပ်ထားသော တည်ရှိမှု တစ်ခု ဖြစ်ပြီး... သဘာဝကျစွာပင် သူတို့ ထက် များစွာ ပိုမို အစွမ်းထက် နေသည်။

သေချာသည် ကတော့... နယ်မြေများ ပင်လယ် ၏ တည်ရှိမှုကို ပြုလုပ်၍ မရဘဲ အလိုအလျောက် သတိပြုမိသွားသော အခြား သတ္တဝါ အမျိုးအစား တစ်မျိုး လည်း ရှိနေသေး၏။

ဥပမာ အားဖြင့်... စစ်မြေပြင်နယ်မြေ အတွင်း၌ နင်ချီ ဖမ်းဆီးခဲ့သော ပျားမိစ္ဆာ ဘုရင်မ ၊ လေညင်း ပန်းတစ်ရာ နဂါးနက်နှင့် ပင်လယ် မိစ္ဆာ ဘုရင်ကြီး ငါးပါး တို့ပင် ဖြစ်သည်။

All Chapters