အခန်း ၉၈၂
Vol. 66 Ch. 982
အခန်း (၉၈၂) - အစစ်အမှန်သိုင်းကမ္ဘာ မှ ထွက်ခွာခြင်း
ဤ နယ်မြေများ ပင်လယ် ၏ ရုပ်ပျက်ဆင်းပျက် သားရဲကြီး များမှာ မူလ ကတည်းက နယ်မြေများ ပင်လယ် အတွင်း၌ မွေးဖွားလာခဲ့ကြသူများ မဟုတ်ချေ။ သူတို့ ထဲမှ အများအပြား မှာ ကမ္ဘာ အတွင်းမှ နှင်ထုတ် ခံခဲ့ရသူများ ပင် ဖြစ်၏။
သူတို့ က ကြီးလေးသော ပြစ်မှု တစ်ခုခု ကို ကျူးလွန်ခဲ့၍ မဟုတ်ဘဲ... ကမ္ဘာ့ဆန္ဒတော် နှင့် ဘိုးဘေးကြီး များ ကလည်း သူတို့ ကိုယ်စား နယ်မြေများ ပင်လယ် ကို စူးစမ်း လေ့လာပေးမည့် သူများ လိုအပ်နေသောကြောင့် ပင် ဖြစ်သည်။
ဥပမာ အားဖြင့်... တောင်နှင့် ပင်လယ် ကမ္ဘာ၊ ကျယ်ပြန့်သော ကမ္ဘာ စသည့် ဝိညာဉ်ကမ္ဘာ များမှာ ကမ္ဘာ ကိုယ်တိုင် မှ ထွက်ခွာ၍ မရနိုင်သော်ငြား နယ်မြေများ ပင်လယ် ၏ သတင်း အချက်အလက်များကို သိရှိ နားလည်ရန် လိုအပ် နေသဖြင့် မိစ္ဆာ သားရဲ အချို့ကို အတင်းအကျပ် စေလွှတ် ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ချေ။
ဘာအတွက် လူသား တွေ မဟုတ်ရတာလဲ ဆိုလျှင်တော့... မိစ္ဆာ သားရဲ တွေက ပိုပြီးလိုက်လျော ညီထွေ ဖြစ်လွယ်ပြီး အသားအရေ လည်း ပိုထူလို့သာ ဖြစ်မည်။
လူသား များနှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့... ဝိညာဉ်ကမ္ဘာ အများအပြား က လူသားများကို နှင်ထုတ်ရန် ကြိုးစားခဲ့ဖူး သော်ငြားလည်း... ရလဒ် များမှာ အလွန်တရာ ထူးဆန်း ဆန်းပြား ခဲ့သည်။
သူတို့ နှင့် ထပ်ပြီး အဆက်အသွယ် လုံးဝ မရတော့တာမျိုး... ဒါမှမဟုတ် ထိုလူ က နယ်မြေများ ပင်လယ် ထဲက ရုပ်ပျက်ဆင်းပျက် သားရဲ တစ်ကောင် အဖြစ် အသွင်ပြောင်းသွားပြီး မိမိတို့ကို ပြန်သတ်ဖို့ ရောက်လာတာမျိုး ဖြစ်၏။
ထို့ကြောင့် အချိန် ကြာလာသည် နှင့်အမျှ... ဝိညာဉ်ကမ္ဘာ မှ မည်သူ ကမျှ လူများကို အပြင်ဘက် သို့ ထပ်မံ စေလွှတ်ရန် မရဲကြတော့ချေ။
အနည်းဆုံးတော့... တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ တို့ အကြားရှိ နယ်မြေများ ပင်လယ် ဧရိယာ တွင် ဤသို့ ဖြစ်ပျက်နေလေ၏။
အခြားသော နယ်မြေများ ပင်လယ် ဧရိယာ များရှိ အခြေအနေများကိုတော့ မည်သူကမျှ မသိရှိနိုင်ချေ။
စေလွှတ် ခံရသော မိစ္ဆာ သားရဲ များနှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့... ပျားမိစ္ဆာ ဘုရင်မ က နင်ချီ ကို ပြောပြခဲ့သည့် အတိုင်းပင် သူတို့သည် ကမ္ဘာ ၏ အပြင်ဘက် နံရံ များပေါ်တွင် တွယ်ကပ် နေထိုင်ကာ အခြေစိုက် စခန်း များ တည်ဆောက် ကြသော်ငြား... ပိုမို နက်ရှိုင်းသော နေရာ များသို့ ဝင်ရောက်ရန် လုံးဝ မဝံ့ရဲကြပေ။
ကမ္ဘာ့ဆန္ဒတော်များသည် ကမ္ဘာ့ နယ်မြေ မှ ထွက်ခွာ၍ မရနိုင်ချေ။ သူတော်စင် ဘိုးဘေးကြီး၊ တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ ကဲ့သို့သော ကမ္ဘာ အတွင်းရှိ အစွမ်းအထက်ဆုံး ကျင့်ကြံသူ များမှာ ကမ္ဘာ့ဆန္ဒတော် များနှင့် မကြာခဏ ပူးပေါင်း လုပ်ဆောင်လေ့ ရှိကြ၏။
သို့သော် နင်ချီ နှင့် နှိုင်းယှဉ် ကြည့်မည် ဆိုပါက... သူတို့သည် ကမ္ဘာ့ဆန္ဒတော် များ မဟုတ်ကြသလို ကမ္ဘာ ကို ထိန်းချုပ် နိုင်စွမ်း သော စွမ်းအားများကိုလည်း မပိုင်ဆိုင် ထားကြပေ။
ထို့ကြောင့်... သူတို့သည် ကမ္ဘာ ၏ ပြင်ပ သို့ အလွယ်တကူ ထွက်ခွာ ကြမည် မဟုတ်။
တစ်နည်းအားဖြင့် ဆိုရလျှင်... ရာထူး နှစ်ခု စလုံး ကို ရယူ ပိုင်ဆိုင်ထားသော နင်ချီ သာလျှင် နယ်မြေများ ပင်လယ် မှ ထွက်ခွာ နိုင်စွမ်း ရှိသူ ပင်။
နင်ချီသည် ကမ္ဘာ့ နယ်နိမိတ် နံရံ မှတစ်ဆင့် နယ်မြေများ ပင်လယ် ကို ရှုမျှော်ကြည့်လိုက်ရာ... သူ၏ ဘဝ တစ်သက်တာ တွင် ပထမဆုံး အကြိမ် အဖြစ် အစစ်အမှန်သိုင်းကမ္ဘာ မှ ထွက်ခွာရန် စိတ်ကူး တစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့၏။
သူသည် နယ်မြေများ ပင်လယ် ပေါ်တွင် လမ်းလျှောက် နိုင်စွမ်း သော စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ဖြစ်သလို... ဝင်စား ခန္ဓာကိုယ် ၏ မကြုံစဖူး ကြောက်မက်ဖွယ် ကောင်းကင်ကပ်ဘေး ကြီးမှ အသက်ရှင် ကျန်ရစ်ခဲ့သော အတွေ့အကြုံ ကလည်း သူ့ အတွက် နောက်ထပ် အကာအကွယ် အလွှာ တစ်ခု ကို ထပ်မံ ပေါင်းထည့် ပေးလိုက်သည်။
အကြောင်းမူကား သူ ၏ ခန္ဓာကိုယ် အတွင်း၌ နယ်မြေများ ပင်လယ် ၏ စွမ်းအား ကိုလည်း ပိုင်ဆိုင်ထားသောကြောင့် ပင်။
ယခင်က နယ်မြေများ ပင်လယ် ထံမှ စည်းမျဉ်း စွမ်းအားများကို ဆွဲယူကာ အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ပေါင်းစပ် ထည့်သွင်း ခဲ့သည် နှင့် မတူညီဘဲ... ဤတစ်ကြိမ် တွင်မူ သူသည် နယ်မြေများ ပင်လယ် ၏ စွမ်းအား ကို သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ် အတွင်းသို့ လုံးလုံးလျားလျား ပေါင်းစပ် ထည့်သွင်းလိုက်လေ၏။
နယ်မြေများ ပင်လယ် ၏ စွမ်းအား က သူ၏ တည်ရှိမှု ကို အသိအမှတ် ပြုသွားပြီး... သူ့ကို နယ်မြေများ ပင်လယ် ၏ အစိတ်အပိုင်း တစ်ခု အဖြစ် သတ်မှတ်လိုက်သည် ဟု ဆိုလျှင်လည်း လုံးဝ မမှားနိုင်ချေ။
ဝင်စား ခန္ဓာကိုယ်သည် ၎င်း၏ ပင်မ ခန္ဓာကိုယ် ၏ စွမ်းအားများကို မျှဝေ သုံးစွဲနိုင် သလိုပင်... နင်ချီ ၏ ပင်မ ခန္ဓာကိုယ်သည်လည်း ဝင်စား ခန္ဓာကိုယ် ၏ စွမ်းအားများကို သဘာဝကျစွာ မျှဝေ သုံးစွဲနိုင်စွမ်း ရှိသည်။
ဤ နယ်မြေများ ပင်လယ် စွမ်းအား ဟူသော နောက်ထပ် အကာအကွယ် အလွှာ တစ်ခု ပါ ထပ်တိုးလာပြီ ဖြစ်ရာ... တာအို အတွက် နယ်မြေများ ပင်လယ် အတွင်း၌ မည်မျှ အကွာအဝေး အထိ ခရီးနှင် နိုင်မည် ဆိုသည်ကို နင်ချီ မသိရှိသေးသော်ငြားလည်း... အနည်းဆုံးတော့ မိမိကိုယ်ကိုယ် ကာကွယ်ရန် အတွက် ဆိုလျှင် လုံးဝ ပြဿနာ ရှိမည် မဟုတ်ချေ။
ရုတ်တရက် နင်ချီသည် ဓားလက်ဟန် ရေးဆွဲလိုက်ပြီး... သူ၏ နှလုံးသား ဆီသို့ ညွှန်ပြလိုက်တော့၏။
ချက်ချင်း ဆိုသလိုပင်... ခုနစ်ရောင်ခြယ် တလက်လက် တောက်ပနေသော သွေး တစ်စက် ကို သူ၏ နှလုံးသား ထဲမှ အတင်းအကျပ် ညှစ်ထုတ်လိုက်တော့သည်။
ထို သွေးစက်လေးသည် အလင်းရောင်များ ဖြာထွက်နေပြီး... ပေါ်ထွက်လာသည် နှင့် တစ်ပြိုင်နက် သိမ်မွေ့ မွှေးပျံ့သော ရနံ့ တစ်ခု လွင့်ပျံလာတော့၏။
၎င်းသည် လောက တွင် အခမ်းနားဆုံးသော အဖိုးတန် ရတနာ တစ်ခု အလား ပင်။ ဤ သွေး တစ်စက်တည်း ကို လုံးဝ အထင် မသေးလိုက်နှင့်... ဒဏ္ဍာရီလာ ထန်ဆန်းဇန်း ၏ အသား ထက်ပင် ပို၍ အဖိုးတန် ကောင်း အဖိုးတန် နိုင်၏။
ကျင့်ကြံခြင်း အဆင့်အတန်း ကို မြှင့်တင် ပေးနိုင်ခြင်း အပြင်... သေဆုံးသွားသူများကို အသက် ပြန်လည် ရှင်သန် စေနိုင်ပြီး ဒဏ်ရာ ရရှိသူများကိုလည်း ကုသ ပေးနိုင်စွမ်း ရှိသည်။
အကယ်၍ ဤ သွေး တစ်စက် သာ သေမျိုး လူသား တစ်ယောက် ၏ လက်ထဲသို့ ရောက်ရှိသွားပြီး သောက်သုံးလိုက်မည် ဆိုပါက... ထို သေမျိုး လူသားသည် နေ့ခင်း ကြောင်တောင် ပင် အင်မော်တယ် အဖြစ် တက်လှမ်းသွားနိုင်သည်... သို့တည်းမဟုတ် အနည်းဆုံးတော့ မူလဝိညာဉ် နယ်ပယ် သို့ တိုက်ရိုက် ခြေချ နိုင်မည်၊ သူ၏ ရိုးတွင်း ခြင်ဆီ နှင့် ရုပ်ခန္ဓာ ဖွဲ့စည်းပုံများကို ပြောင်းလဲသွားစေမည့် အသွင်ပြောင်းမှု တစ်ခု ကို ဖြတ်သန်း ရမည် ဖြစ်ကာ... သူ၏ နားလည် သဘောပေါက်နိုင်စွမ်း ကို မြှင့်တင် ပေးပြီး တာအို အဆင့် သို့ ရောက်ရှိရန် အတွက် အရည်အချင်း ပြည့်မီသွားစေမည် ဖြစ်၏။
[[T.N - "ထန်ဆန်းဇန်း" (唐三藏) ဆိုတာ ဘယ်သူလဲဆိုတော့... ကျွန်တော်တို့ ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီး "အနောက်အရပ်သို့ ခရီးသွားခြင်း" (မျောက်မင်းဝူခုန်း ဇာတ်လမ်း) ထဲက ထန်ဆန်းကိုယ်တော်ကို ပြောတာပါ။
အဲဒီဇာတ်လမ်းထဲက ဒဏ္ဍာရီအရ ဆရာတော်ရဲ့ အသားကို စားလိုက်ရရင် အသက်ရှည်ပြီး မသေနိုင်တဲ့ အင်မော်တယ်ဖြစ်သွားမယ်၊ ကျင့်စဉ်စွမ်းအားတွေလည်း အဆမတန် တက်လာမယ်ဆိုပြီး မိစ္ဆာတွေ အကုန်လုံးက ဆရာတော်ကို ဖမ်းစားဖို့ အလုအယက် ကြိုးစားခဲ့ကြပါတယ်။]
သူ၏ နှလုံး သွေး မှာ တဆတ်ဆတ် တုန်ခါ နေပြီး အနည်းငယ် လှိုင်းထ နေကာ... နင်ချီ ၏ ရင်ဘတ် အရှေ့တွင် လွင့်မျော နေတော့သည်။
"ဖူး..."
နင်ချီသည် ကြည်လင် သန့်စင်သော လေ တစ်ချက် ကို နှလုံး သွေး ထဲသို့ ရုတ်တရက် မှုတ်သွင်းလိုက်ရာ... ခုနစ်ရောင်ခြယ် ထို သွေးစက် လေးသည် အလိုဆန္ဒ တစ်ခု ဖြင့် ပြည့်နှက်သွားသည့်အလား ရှိနေတော့၏။
ချက်ချင်း ဆိုသလိုပင်... နင်ချီသည် ကမ္ဘာ ၏ စွမ်းအားများကို အသုံးပြုကာ ဝင်ရောက် ပူးပေါင်းလိုက်သည်။
တလက်လက် တောက်ပနေသော သွေးစက် လေးသည် ချက်ချင်း စတင် ဆန့်ထွက်လာပြီး... သူ၏ အရှေ့တွင် နင်ချီ ၏ အရပ်အမောင်း ခန့် ရှိသော မှုန်ဝါးဝါး ပုံရိပ် တစ်ခု ကို တဖြည်းဖြည်း ပုံဖော်လာတော့၏။
ထို့နောက်... အမျိုးမျိုးသော စွမ်းအား များ ပေါင်းစပ် ဝင်ရောက်လာသည်နှင့် အမျှ ထို မှုန်ဝါးဝါး ပုံရိပ် လေး မှာ နင်ချီ နှင့် တစ်ထေရာတည်း တူညီသော ပုံရိပ် တစ်ခု အဖြစ်သို့ နောက်ဆုံး တွင် အပြည့်အဝ ပုံပေါ်လာတော့သည်။
ဤအခြင်းအရာက လူဝင်စားခြင်း ဟု ခေါ်ဆိုသော ရှေးဟောင်း နည်းစနစ် တစ်ခု တည်း။
နင်ချီ ၏ ပြုပြင် မွမ်းမံမှု များ အပြီးတွင်... ၎င်းသည် မိမိ၏ ကိုယ်ပိုင် အလိုဆန္ဒ ကို တန်းတူ ခွဲဝေ ပေးရန် မလိုအပ်တော့ဘဲ... တစ်ခါသုံး ကိုယ်ပွား တစ်ခု အဖြစ် အသုံးပြု နိုင်ပြီ ဖြစ်သည်။
ဤ လူဝင်စား ကိုယ်ပွားသည် နင်ချီ နှင့် တစ်ထေရာတည်း တူညီပြီး... သွေးသား ရုပ်ခန္ဓာ ကို ပိုင်ဆိုင်ထားကာ နင်ချီ ၏ စွမ်းအားများကိုလည်း ထည့်သွင်း ပေးထား၏။
"မင်းကို နံပါတ် နှစ် လို့ပဲ နာမည်ပေးလိုက်မယ်"