← Chapters

အခန်း ၉၈၃

Vol. 66 Ch. 983

အခန်း ၉၈၃

Vol. 66 Ch. 983

အခန်း (၉၈၃) - အစစ်အမှန်သိုင်းကမ္ဘာ မှ ထွက်ခွာခြင်း

နင်ချီ က တစ်ချက် မေးဆတ်ပြလိုက်ရာ... ချက်ချင်း ဆိုသလိုပင် ထို တာအို ကိုယ်ပွားသည် နယ်နိမိတ် နံရံ ဆီသို့ တန်းတန်းမတ်မတ် တဟုန်ထိုး ပြေးဝင်သွားတော့၏။

နယ်နိမိတ် နံရံ ကြီး တစ်ခုလုံး မှာ သူ့ကို တားဆီးရန် မည်သည့် အရိပ်အယောင် မျှ မပြသခဲ့ချေ။

သမုဒ္ဒရာ အတွင်းသို့ ပေါင်းစပ် ဝင်ရောက်သွားသော ရေ တစ်စက် အလား... သူသည် အရိပ်အယောင် မျှပင် မချန်ရစ်ဘဲ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားတော့၏။

နင်ချီသည် နယ်နိမိတ် နံရံ ၏ အပြင်ဘက် ထံ အကြည့်ပို့လိုက်သည်။ နင်ချီ နံပါတ် နှစ်သည် ဆယ်မိုင်ခန့် ထူထဲသော အစစ်အမှန်သိုင်းကမ္ဘာ နယ်နိမိတ် နံရံ ကို ဖြတ်သန်းသွားခဲ့ပြီး ဖြစ်ကာ... နယ်မြေများ ပင်လယ် ၏ အပြင်ဘက် တွင် ပေါ်ထွက်လာပြီ ဖြစ်ကြောင်း သူ သိလိုက်ရ၏။

အစစ်အမှန်သိုင်းကမ္ဘာ မှ ထွက်ခွာလိုက်သည် နှင့် တစ်ပြိုင်နက်... ယခုလေးတင် မှ ၎င်း အတွင်းရှိ အံ့ဩဖွယ်ရာ အရာ အားလုံး ကို အာရုံခံ သိရှိနိုင်စွမ်း ရှိခဲ့သော နင်ချီသည်... ယခုအခါ မီးခိုးရောင် သန်းပြီး ခြောက်ကပ်နေသော ကန္တာရ ကြီး တစ်ခု အတွင်းသို့ ရောက်ရှိသွားသလို ခံစားလိုက်ရတော့သည်။

ဤနေရာသည် အမြဲတမ်း ဤ အရောင်အသွေး မျိုးသာ ရှိနေပြီး... အနီးအနား ဧရိယာ များမှာ မှုန်ဝါးဝါး နှင့် မီးခိုးရောင် သန်းနေကာ ထူထပ်သော မြူခိုးများဖြင့် ဖုံးလွှမ်း ထားသည့်အလား ရှိနေ၏။

ပိုမို ဝေးကွာသော နေရာ များနှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့... မည်းနက် မှောင်မိုက် နေပြီး လူများ၏ ရင်တွင်း၌ ကြောက်ရွံ့ ထိတ်လန့်မှုများကို သွတ်သွင်း ပေးနေတော့သည်။

ဤသည်ကား နယ်မြေများ ပင်လယ် ပင်။

နင်ချီ နံပါတ် နှစ် ၏ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါသွားတော့၏။ နယ်မြေများ ပင်လယ် အတွင်းသို့ ဝင်ရောက်လိုက်သည် နှင့် တစ်ပြိုင်နက်... သူ၏ အာရုံခံစားမှု အားလုံး လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။

မှုန်ဝါးနေသော မြူခိုး များမှလွဲ၍... နယ်မြေများ ပင်လယ် ၏ အတွင်းဘက် ၌ ပုံသေ အခြေအနေ ဆိုသည်မှာ လုံးဝ မရှိချေ။

သူသည် စွမ်းအင် စည်းမျဉ်း များ ဖရိုဖရဲ ဖြစ်နေသော သမုဒ္ဒရာ ကြီး တစ်ခု အတွင်းသို့ ဝင်ရောက်သွားသည့်အလား ခံစားလိုက်ရပြီး... အရာအားလုံး မှာ ဖရိုဖရဲ ဖြစ်နေတော့၏။

ဖရိုဖရဲ ဖြစ်နေသော ချီ စီးဆင်းမှု၊ ဖရိုဖရဲ ဖြစ်နေသော ဆွဲငင်အား၊ ဖရိုဖရဲ ဖြစ်နေသော စည်းမျဉ်း များ၊ ဖရိုဖရဲ ဖြစ်နေသော အပူချိန်၊ ဖရိုဖရဲ ဖြစ်နေသော အရာခပ်သိမ်း... အားလုံး က စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ပင်။

သူ၏ ခြေထောက် များ က ပေါ့ပါး ပြီး အေးစက် နေသလို ခံစားရနိုင်သော်ငြား... ခန္ဓာကိုယ် အလယ်ပိုင်း ကတော့ ပုံမှန် အတိုင်း ဖြစ်နေပြီး ခေါင်း ကတော့ လေးလံ ပြီး ပူလောင် နေသလို ခံစားရ၏။

သူ အသက် ရှူသွင်းလိုက်ရာ... ဘယ်ဘက် နှာခေါင်းဝ မှတစ်ဆင့် ပူပြင်းသော အပူလှိုင်း တစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရပြီး ၎င်း က ညှီစော် နံနေသည့်အလား ပင် ထင်မှတ်ရ၏။ ညာဘက် နှာခေါင်းဝ တွင်မူ... သူ၏ နှာခေါင်းဝ ကို ကုတ်ခြစ် နေသည့်အလား ရေခဲတမျှ အေးစက်မှု ကို ခံစားလိုက်ရတော့သည်။

ထို ခံစားချက်များသည် ရေစီးကြောင်း တစ်ခု အလား စီးဆင်း နေပြီး... တစ်ခါတစ်ရံ တွင် အထက်သို့၊ တစ်ခါတစ်ရံ တွင် အောက်သို့၊ တစ်ခါတစ်ရံ တွင် ဘယ်ဘက် သို့၊ တစ်ခါတစ်ရံ တွင် ညာဘက် သို့... ထို့အပြင် အချင်းချင်း ရောနှော လိမ်ယှက် ကာ ပေါင်းစပ်သွားကြသေး၏။

နင်ချီသည် နယ်မြေများ ပင်လယ် ထဲသို့ ခြေချလိုက်သည့် အခိုက်အတန့် မှာပင်... ရူးလုမတတ် ဖြစ်သွားခဲ့ရတော့၏။

လူတွေ က နယ်မြေများ ပင်လယ် က ကြောက်စရာ ကောင်းတယ် လို့ ပြောကြတာ အံ့ဩစရာ မရှိပါဘူးလေ... အခုတော့ငါ ကိုယ်တိုင် လက်တွေ့ ခံစား နေရပြီပဲ။

ချက်ချင်း ဆိုသလိုပင်... နင်ချီ နံပါတ် နှစ်သည် ခေါင်းကို အားရပါးရ ခါယမ်းလိုက်ပြီး နယ်မြေများ ပင်လယ် နှင့် အသားကျလာစေရန် အတွက်... သူ၏ ခန္ဓာကိုယ် အတွင်းရှိ အမျိုးမျိုးသော စွမ်းအားများကို တစ်ခုပြီး တစ်ခု လှုံ့ဆော် အသက်သွင်းလိုက်တော့သည်။

သူ ပထမဆုံး လှုံ့ဆော်လိုက်သော စွမ်းအား မှာ အစစ်အမှန်သိုင်းကမ္ဘာ ၏ စွမ်းအား ပင် ဖြစ်၏။

မျက်စိတစ်မှိတ် အတွင်းမှာပင်... အစစ်အမှန်သိုင်းကမ္ဘာ သို့ ပြန်လည် ရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။

အစစ်အမှန်သိုင်းကမ္ဘာ ၏ စွမ်းအားသည် ကမ္ဘာ ၏ စွမ်းအား ဖြစ်ပြီး နယ်မြေများ ပင်လယ် ထံမှ စွမ်းအား အများအပြား ၏ ကျူးကျော် ဝင်ရောက်မှု ကို သဘာဝကျကျ ကာကွယ် တားဆီး ပေးနိုင်စွမ်း ရှိ၏။

ထို့အပြင်... နင်ချီသည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအားများကိုပါ ခွဲခြမ်းစိတ်ဖြာ ထားခဲ့ပြီး ဖြစ်သည်။

ကျယ်ပြန့်သော ကမ္ဘာ နှင့် အစစ်အမှန်သိုင်းကမ္ဘာ ၏ စွမ်းအား များမှာ ယခုအခါ အဆင့်သစ် တစ်ခု သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး ကမ္ဘာ သုံးခု ၏ စွမ်းအားများကို ပိုင်ဆိုင်ထားလေပြီ။

နယ်မြေများ ပင်လယ် ၏ စွမ်းအား ကို စမ်းသပ် ပြီးနောက် တွင်... နင်ချီ နံပါတ် နှစ်သည် ရုတ်တရက် နောက်ဆုတ်သွားတော့၏။

သူ က မျက်တောင် တစ်ချက် ခတ်လိုက်ပြီး... အခြားသော စွမ်းအား တစ်မျိုး ကို ရုတ်တရက် ဆင့်ခေါ်လိုက်တော့သည်။

၎င်းမှာ ဝင်စား ခန္ဓာကိုယ် က ပေါင်းစပ် ထားခဲ့သော နယ်မြေများ ပင်လယ် ၏ စွမ်းအား ပင် ဖြစ်၏။

ကမ္ဘာ ၏ အတွင်းဘက် တွင် ၎င်းကို အာရုံခံ ၍ မရနိုင်သော်ငြားလည်း... ကမ္ဘာ ၏ ပြင်ပ ရှိ အပြင်ဘက် ပင်လယ် ထဲသို့ ရောက်ရှိသွားသောအခါ တွင်မူ နင်ချီ နံပါတ် နှစ်သည် ကွဲပြား ခြားနားသော အရာ တစ်ခုခု ကို ရှင်းလင်းစွာ ခံစား သိရှိလိုက်ရတော့သည်။

နယ်မြေများ ပင်လယ် ၏ စွမ်းအားသည် သူ၏ ခန္ဓာကိုယ် ထဲမှ ထွက်ပေါ်လာသည် နှင့် တစ်ပြိုင်နက်... ၎င်း က နင်ချီ ကို နယ်မြေများ ပင်လယ် အတွင်းရှိ ရေ တစ်စက် အဖြစ်သို့ ပြောင်းလဲ ပစ်လိုက်ပြီး သူ့ကို ၎င်း ၏ အစိတ်အပိုင်း တစ်ခု အဖြစ် သတ်မှတ်လိုက်တော့၏။

ယခင် က ကြောက်မက်ဖွယ် ကောင်းသော ခံစားချက် များ အားလုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေပြီ။ သို့တည်းမဟုတ် ကျရှုံးသွားသည်ဟု ပြောရမှာ ထက်... ၎င်း က သူ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သွားသည်ဟု ပြောရတာ ပိုမှန်လိမ့်မည်။

All Chapters