အခန်း ၉၈၄
Vol. 66 Ch. 984
အခန်း (၉၈၄) - ကမ္ဘာလောက၏ ပြင်ပ
‘ဒါက ငါ့အတွက် သဘာဝ ကျတဲ့ ဖြစ်စဉ် တစ်ခု ဖြစ်နေပြီ ဆိုမှတော့...ငါက ဘာဖြစ်လို့ အဆင်မပြေ ဖြစ်နေရမှာလဲ’
နင်ချီ နံပါတ် နှစ် ၏ မျက်လုံးများ တွင် ရုတ်တရက် အရောင် တစ်ချက် လက်သွားတော့၏။
သူ က ကမ္ဘာ တစ်ခုလုံး ၏ စွမ်းအား ကို အသုံးပြုရတာ ထက်... နယ်မြေများ ပင်လယ် ၏ စွမ်းအား ကိုသာ လှုံ့ဆော် အသုံးပြုရတာကို ပိုပြီး သဘောကျ နှစ်သက်သည်။
အကြောင်းမူကား... ကမ္ဘာ ၏ စွမ်းအားသည် နယ်မြေများ ပင်လယ် ၏ ကျူးကျော် ဝင်ရောက်မှု ကို ခုခံ ကာကွယ် ရမည် ဖြစ်သဖြင့်... ၎င်းမှာ အဆက်မပြတ် ကုန်ခမ်း နေမည် ဖြစ်သော်ငြားလည်း နယ်မြေများ ပင်လယ် ၏ စွမ်းအား ကတော့ ထိုသို့ မဟုတ်ဘဲ... ၎င်း၏ ကုန်ခမ်းမှုများကို အဆက်မပြတ် ပြန်လည် ဖြည့်တင်း ပေးနေမည်လေ။
သူ အသက်ရှင် လွတ်မြောက် ခဲ့သော ကောင်းကင်ကပ်ဘေး က ဤမျှ ကြီးမားလှသော ရလဒ်များကို ပေးစွမ်းလိမ့်မည်ဟု နင်ချီ ဘယ်သောအခါမှ မမျှော်လင့် ထားခဲ့ချေ။
ဒါက သူ နယ်မြေများ ပင်လယ် အတွင်းမှာ လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီ ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား။
သို့သော်ငြားလည်း... နင်ချီသည် နယ်မြေများ ပင်လယ် ၏ ပိုမို နက်ရှိုင်းသော နေရာ များရှိ မည်းနက်နေသော အရောင် ကို တစ်ချက် လှမ်းကြည့်လိုက်၏။
၎င်းမှာ မြူခိုး များနှင့် မတူတော့ဘဲ... မည်းနက်ပြီး အောက်ခြေ မရှိသော ပင်လယ်ရေ များနှင့် ပိုမို ဆင်တူ နေတော့၏။
မှုန်ဝါးဝါး မြူခိုး များမှာ ထို မည်းနက်သော ပင်လယ်ရေ နှင့် တူသည့် အရာ များ ပျော့ပျောင်းသွားခြင်း ကြောင့် ဖြစ်ပေါ်လာသော အရာ များ ဖြစ်ဟန် တူပြီး သမုဒ္ဒရာ လှိုင်းလုံး များနှင့် ဆင်တူနေသည်။
နင်ချီသည် အစစ်အမှန်သိုင်းကမ္ဘာ ဆီသို့ နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်၏။
သူ၏ မျက်လုံးများ ထဲတွင်... အစစ်အမှန်သိုင်းကမ္ဘာ တစ်ခုလုံး မှာ ဧရာမ သက်ရှိ စက်လုံးကြီး တစ်ခု အဖြစ် ထင်ဟပ် နေတော့သည်။
၎င်းသည် နယ်မြေများ ပင်လယ် ထဲတွင် အနည်းငယ် နိမ့်ချည် မြင့်ချည် ဖြစ်နေပြီး... ပတ်ဝန်းကျင် ရှိ မီးခိုးရောင် မြူခိုး များ က ၎င်းကို ဝန်းရံ ဖုံးလွှမ်း ထားကြ၏။
တစ်ခဏမျှ... ထို မြူခိုး များမှာ အစစ်အမှန်သိုင်းကမ္ဘာ က နယ်မြေများ ပင်လယ် ကို ခွဲထုတ်ရန် ဖန်တီးထားခြင်းလား... နယ်မြေများ ပင်လယ် က အစစ်အမှန်သိုင်းကမ္ဘာ ကို ခွဲထုတ်ရန် ဖန်တီးထားခြင်းလား ဆိုသည်ကို နင်ချီ မခွဲခြား နိုင်အောင် ဖြစ်နေရတော့သည်။
"ဝေါ..."
နင်ချီ စောင့်ကြည့် နေစဉ် မှာပင်... သူ၏ ဘေးမှ နေ၍ ကျောချမ်းဖွယ် ကောင်းသော ဟိန်းဟောက်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့၏။
နင်ချီ ချက်ချင်း လှည့်ကြည့်လိုက်ရာ... ချို တစ်ချောင်းပါ ကြမ်းတမ်း ရက်စက်သည့် သားရဲကြီး တစ်ကောင် ပေါ်ထွက်လာသည် ကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ တောင်ငယ် တစ်လုံး ခန့် ကြီးမားပြီး မြင်း တစ်ကောင် နှင့် ပုံသဏ္ဌာန် ဆင်တူ သော်ငြားလည်း... လက်သည်း များ ပါရှိကာ အစစ်အမှန်သိုင်းကမ္ဘာ နယ်နိမိတ် ၏ အပြင်ဘက် ထောင့်တစ်နေရာ မှနေ၍ ရောက်ရှိလာဟန် တူ၏။
တစ်နည်းအားဖြင့် ဆိုရလျှင်... ဤ သတ္တဝါ မှာ အစစ်အမှန်သိုင်းကမ္ဘာ ၏ အပြင်ဘက် နံရံ ပေါ်တွင် နေထိုင်သော နယ်မြေများ ပင်လယ် ၏ ရုပ်ပျက်ဆင်းပျက် မိစ္ဆာ တစ်ကောင် ဖြစ်နိုင်ခြေ အလွန်များသည်။
နင်ချီ ပေါ်ထွက်လာမှု က ၎င်းကို တိုက်တိုက်ဆိုင်ဆိုင် ဆွဲဆောင်သွားခဲ့လေ၏။
နင်ချီ က ၎င်းကို အကဲခတ် ကြည့်လိုက်သည်။
'ဒီကောင် က ငါ့အိမ် ကို ငှားနေတဲ့ အိမ်ငှား တစ်ယောက် ဖြစ်ပြီးတော့... အခု ငါ့ကို ပြန်ပြီး တိုက်ခိုက်နေတာများလား'
'ဖြစ်နိုင်ပါတယ်လေ’
နယ်မြေများ ပင်လယ် ၏ ရုပ်ပျက်ဆင်းပျက် မိစ္ဆာ မှာ သေးငယ်သော ခန္ဓာကိုယ် ရှိပြီး မြင်း တစ်ကောင် နှင့် ဆင်တူကာ... ကျား ကဲ့သို့သော လက်သည်း လေးခု ကို ပိုင်ဆိုင်ထား၏။
၎င်းက အရှေ့ လက်သည်းများကို အဆက်မပြတ် ကုတ်ခြစ် နေပြီး... အနောက် လက်သည်းများဖြင့် အစစ်အမှန်သိုင်းကမ္ဘာ ၏ အပြင်ဘက် နံရံ ကို ထောက်ကန်ကာ သူ၏ အရှေ့ပိုင်း ခန္ဓာကိုယ် ကို တဖြည်းဖြည်း မြှင့်တင်လိုက်တော့သည်။
မြင်းမွေး အလား မည်းနက် နေသော ၎င်း၏ အမွေးအမှင် များမှ... ကြမ်းတမ်း ရက်စက်သော အရှိန်အဝါ တစ်ခု ဖြန့်ကျက်နေသည်။
"ဝေါ..."
မြင်းနက်ကြီးက ရုတ်တရက် ပါးစပ်ကြီး ဟလိုက်ရာ... အလွန်တရာ ထက်မြက်လှသောသွားတန်းများကို ပေါ်လွင်သွားစေတော့၏။
၎င်းသည် ဤ နေရာရှိ သက်ရှိ စွမ်းအင် များ၏ ဆွဲဆောင်မှု ကို ခံလိုက်ရခြင်း ဖြစ်သော်ငြားလည်း... နင်ချီ ကို လက်တွေ့ မြင်တွေ့လိုက်ရသောအခါ တွင်မူ အနီးသို့ ချဉ်းကပ်ရန် အလွန်အမင်း ကြောက်ရွံ့ နေဟန် ရှိသည်။
အကြောင်းမူကား ၎င်း၏ မိခင် က... နယ်မြေများ ပင်လယ် အတွင်း၌ လူသား နှင့် တူသော သတ္တဝါ တစ်ကောင်ကောင် ကို တွေ့ခဲ့လျှင် ဝေးဝေး ရှောင်နေရန် ၎င်းအား မှာကြား ထားခဲ့ဖူးသောကြောင့် ပင် ဖြစ်၏။
သို့သော်ငြားလည်း ၎င်းသည် အစစ်အမှန်သိုင်းကမ္ဘာ ၏ ပြင်ပ တွင် လွှမ်းမိုး အုပ်စိုးနေသော အစွမ်းအထက်ဆုံး သတ္တဝါ တစ်ကောင် အဖြစ် ဂုဏ်ယူ ဝင့်ကြွား နေသူ ဖြစ်ရာ... အကယ်၍ အရှက်တကွဲ နှင့် ထွက်ပြေးသွားရမည် ဆိုလျှင် ၎င်း တွင် မည်သည့် မျက်နှာ ကျန်တော့မည်နည်း။
ထို့ကြောင့် ဤ သတ္တဝါသည် အခြေအနေ ကို စမ်းသပ်သည့် အနေဖြင့် သင်္ကေတ ပြ ဟိန်းဟောက်သံ တစ်ခု ကိုသာ ထုတ်လွှတ် နိုင်ပြီး... နင်ချီ ၏ အဆင့်အတန်း ကို အကဲဖြတ်ရန် အတွက် သူ၏ နှုတ်ခမ်းများကို အရင်ဆုံး လှုပ်ရှား ပြလိုက်ခြင်း ပင်။
"လူစကား မပြောတတ်ဘူးလား"
နင်ချီသည် လျှပ်တစ်ပြက် နေရာ ကူးပြောင်းသွားပြီး... မြင်းနက်ကြီး ၏ ကျောပေါ် သို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။
မူလ က တောင်ငယ် တစ်လုံး ခန့် ကြီးမားလှသော မြင်းနက်ကြီး မှာ... နင်ချီ ၎င်း အပေါ်သို့ ဆင်းသက်လိုက်သည် နှင့် တစ်ပြိုင်နက်၊ ၎င်း၏ ခန္ဓာကိုယ် အရွယ်အစား မှာ အလွန် လျင်မြန်သော အရှိန်အဟုန် ဖြင့် ကျဆင်းသွား၏။ သေမျိုး လောက ရှိ တောရိုင်း မြင်း တစ်ကောင် ၏ အရွယ်အစား ခန့် အထိ ရောက်ရှိသွားကာ နင်ချီ က ၎င်းကို ခွစီးလိုက်တော့သည်။
ထို့နောက် နင်ချီ က မတ်မတ်ကြီး ရပ်နေသော မြင်း ၏ ခန္ဓာကိုယ် ကို အောက်သို့ ဖိချလိုက်ရာ... ၎င်းမှာ ပို၍ပင် နိမ့်ကျသွားတော့၏။
လက်သည်း လေးဖက် စလုံး မှာ အစစ်အမှန်သိုင်းကမ္ဘာ ၏ အပြင်ဘက် နံရံ ပေါ်တွင် ပြားချပ်စွာ တင်ရှိသွားပြီး... မည်သည့် တွေဝေ တုံ့ဆိုင်းမှု မျှ မရှိဘဲ ဒူးထောက် ကျသွားတော့သည်။
မြင်းနက်ကြီး မှာ အလွန်အမင်း ဒေါသထွက်သွားတော့၏။ ငယ်စဉ် ကတည်းက ကြီးပြင်းလာသည် အထိ... ၎င်းသည် အခြားသော မည်သည့် သတ္တဝါ ၏ အရှေ့တွင်မျှ ခြေဖဝါး လေးဖက် ဖြင့် ဒူးမထောက် ခဲ့ဖူးချေ။ တစ်စုံတစ်ယောက် ၏ ခွစီးခြင်း ကို ခံရရန် ဆိုသည်မှာ ဝေလာဝေး ပင်။
ရုတ်တရက်... ၎င်း၏ ကြီးမားနေဆဲ ဖြစ်သော ခေါင်းကြီး က အနောက် သို့ လှည့်လာပြီး သစ်ကုလားအုတ် တစ်ကောင် ၏ လည်ပင်း အလား လည်ပင်း ကို ဆန့်ထုတ်ကာ... နင်ချီ ကို အဟုန်ပြင်းစွာ ကိုက်ချလိုက်တော့၏။
"ဖြန်း..."
မမျှော်လင့် ဘဲ... နင်ချီ က ၎င်းကို တိုက်ရိုက် ပါးရိုက်လိုက်ပြီး ၎င်း၏ မြင်း ခေါင်း ကြီး ကို ရှည်လျားသော လည်ပင်း နှင့်အတူ... နယ်နိမိတ် နံရံ ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်ရာ အကြိမ် အနည်းငယ် ခန့် ခုန်ပေါက်သွားတော့သည်။