← Chapters

အခန်း ၉၈၅

Vol. 66 Ch. 985

အခန်း ၉၈၅

Vol. 66 Ch. 985

အခန်း (၉၈၅) - ကမ္ဘာလောက၏ ပြင်ပ

မြင်းနက်ကြီး တစ်ကောင် ကြောင်အမ်းအမ်း ဖြစ်သွားရတော့၏။

ဒါ က လူသား နဲ့ တူတဲ့ သတ္တဝါ တွေ ရဲ့ ကြောက်စရာ ကောင်းတဲ့ အချက်လား...။

သို့သော်ငြား ၎င်းသည် အရှုံးမပေး ခဲ့ချေ။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကြီး တစ်ခု ၎င်း၏ ခန္ဓာကိုယ် ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး... မြေကြီး ပေါ်မှ ပြန်လည် မတ်တတ် ရပ်နိုင်ရန် အတင်းအကျပ် ကြိုးစားလိုက်တော့၏။

နင်ချီ ပင်လျှင် အနည်းငယ် အံ့အားသင့်သွားပုံ ရသည်။

သူ ၏ လက်ရှိ လူဝင်စား ကိုယ်ပွားသည် သူ၏ ကိုယ်ပိုင် သွေး နှင့် အမျိုးမျိုးသော စွမ်းအားများဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်သော်ငြားလည်း... ခွန်အား မှာ သာမန် ကန့်သတ်ချက် သို့ ရောက်ရှိနေသော ကျင့်ကြံသူ တစ်ဦး ၏ ခွန်အား နှင့် အနည်းဆုံး တန်းတူ ရှိနေသည်။

ထို့အပြင်... သူသည် ပင်မ ခန္ဓာကိုယ် နှင့် ဆက်သွယ်မှု ကို ထိန်းသိမ်း ထားနိုင်သရွေ့၊ ပင်လယ် ခန္ဓာကိုယ် က သူ့ထံသို့ စွမ်းအားများကို အချိန်မရွေး ပို့ဆောင် ပေးနိုင်စွမ်း ရှိ၏။

ပင်မ ခန္ဓာကိုယ် က သူ၏ စွမ်းအားများကို ပို့ဆောင်ပေးခြင်း ကို ရပ်တန့်လိုက်သည့် အချိန်ကျမှသာ...နင်ချီ ၏ ကိုယ်ပိုင် စွမ်းအင် များ ကုန်ခမ်းသွားမည် ဖြစ်ပြီး ခွန်အား လည်း ကျဆင်းသွားမည်သာ။

ထို့ကြောင့်... ဤ မြင်းနက်ကြီးသည် သူ၏ ဖိနှိပ် ချုပ်ချယ်မှု များ ကြားမှ ပြန်လည် မတ်တတ် ရပ်နိုင်စွမ်း ရှိနေခြင်း ကို ကြည့်ခြင်း အားဖြင့် ဤ မိစ္ဆာကောင် မှာ သာမန် မိစ္ဆာကောင် များနှင့် မတူညီသော ထူးခြားသည့် သတ္တဝါ တစ်ကောင် ဖြစ်ကြောင်း နင်ချီ ချက်ချင်း အခိုင်အမာ ယုံကြည်လိုက်တော့၏။

ချက်ချင်း ဆိုသလိုပင်... မည်းနက်သော လေပြင်း ကြီး တစ်ခု က မြင်းနက်ကြီး ၏ ခန္ဓာကိုယ် ထဲမှ ပေါက်ကွဲ ထွက်ပေါ်လာပြီး နင်ချီ ၏ ကျောဘက် ကို တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်လိုက်တော့သည်။

မည်သည့် နတ်ဘုရား မှော်စွမ်းရည် မျိုး မှန်း မသိရသော ထို မည်းနက်သော လေပြင်း ကြီးသည်... ပတ်ဝန်းကျင် ရှိ နယ်မြေများ ပင်လယ် ၏ စွမ်းအားများကို ဆွဲယူကာ ၎င်းတို့ကို စုစည်း ပြန့်ကျဲ စေပြီး... မရေမတွက်နိုင်သော ပုံသဏ္ဌာန် များ အဖြစ်သို့ အသွင်ပြောင်းသွားစေတော့၏။

အပ် တစ်ချောင်း၊ ဓား တစ်လက် ၊ မြား တစ်စင်း ၊ ချိတ် တစ်ခု အလား... နင်ချီ ဆီသို့ တဟုန်ထိုး ခုတ်ပိုင်း ဝင်ရောက်လာတော့သည်။

သို့သော် နင်ချီသည် မြင်းနက်ကြီး ၏ ကျောပေါ် တွင် အေးဆေးစွာ ထိုင်နေပြီး... လှုပ်ရှားခြင်း လည်း မရှိသလို၊ ရှောင်တိမ်းရန် လည်း မကြိုးစား ခဲ့ချေ။

မြင်းနက်ကြီး ၏ မျက်နှာ ပေါ်တွင် ဒေါသတကြီး ဖြစ်နေသော အမူအရာများဖြင့်... မည်းနက်သော လေပြင်း ကြီး မှာ နင်ချီ နှင့် ထိတွေ့ မိသည် နှင့် တစ်ပြိုင်နက် အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားသည်ကို ၎င်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရတော့၏။

နင်ချီသည် လှုပ်ခါ၍ မရနိုင်သော သန့်ရှင်းသည့် တောင်ကြီး တစ်လုံး အလား ပင်။ မြင်းနက်ကြီး အား ဤ ဧရိယာ တစ်ဝိုက် တွင် လွှမ်းမိုး အုပ်စိုး နိုင်စေခဲ့သော ထို မည်းနက်သည့် လေပြင်း ကြီး မှာ... နင်ချီ နှင့် ရင်ဆိုင်လိုက်ရချိန် တွင် မျက်စိတစ်မှိတ် အတွင်း ပြိုကျ ပျက်စီးသွားခဲ့လေပြီ။

ပို၍ ဒေါသထွက်စရာ ကောင်းသည်မှာ... နင်ချီ ၏ ခန္ဓာကိုယ် က ထို အရာများ အားလုံး ကို အမှန်တကယ်ပင် စုပ်ယူ ဝါးမျိုသွားခြင်း ပင်။

"ဘုရားရေ..."

မြင်းနက်ကြီး ၏ ဒေါသ များမှာ မျက်စိတစ်မှိတ် အတွင်း ထိတ်လန့် ကြောက်ရွံ့မှု များ အဖြစ်သို့ အသွင်ပြောင်းသွားပြီး... ချက်ချင်း ထွက်ပြေး တော့၏။

၎င်း၏ အမြန်နှုန်း မှာ အလွန်တရာ မြန်ဆန် လွန်းလှပြီး... အစစ်အမှန်သိုင်းကမ္ဘာ ၏ အပြင်ဘက် နံရံ တစ်လျှောက် တွင် မည်းနက်သော လျှပ်စီးတန်း တစ်ခု အလား တဟုန်ထိုး ပြေးလွှား နေတော့သည်။

မြင်းနက်ကြီး က ဘယ်လောက်ပဲ မြန်မြန် ပြေးပြေး၊ ဘယ်လောက်ပဲ ခုန်ပေါက် ခုန်ပေါက်၊ ခွေး တစ်ကောင် လို ကိုယ့် အမြီး ကို ကိုယ် ပြန်ကိုက် ဖို့ ကြိုးစား ကြိုးစား... သို့မဟုတ် ၎င်း၏ ပုံမှန် နတ်ဘုရား မှော်စွမ်းရည် တွေကို အသုံးပြုပါစေ၊ နင်ချီ ကတော့ အနည်းငယ်မျှပင် မတုန်လှုပ် ဘဲ... ၎င်း၏ ကျောပေါ် တွင် အေးဆေး တည်ငြိမ်စွာ ထိုင်နေဆဲပင်။

မြင်းနက်ကြီး က ပိုပြီး အားကုန် ပြေးလေပြီ။

ဤ အခိုက်အတန့် တွင် နင်ချီသည် ၎င်းကို နယ်မြေများ ပင်လယ် ကို လမ်းပြ ပေးမည့် စီးတော်ယာဉ် တစ်ခု အဖြစ် လုံးလုံးလျားလျား သတ်မှတ်လိုက်တော့၏။

မြင်းနက်ကြီးသည် ဟိုဟိုဒီဒီ ပြေးလွှား နေသော်ငြားလည်း... အမြဲတမ်း အစစ်အမှန်သိုင်းကမ္ဘာ ၏ နယ်နိမိတ် အတွင်း၌ သာ ရှိနေပြီး မှုန်ဝါးဝါး မြူခိုး ဧရိယာ သို့မဟုတ် နယ်မြေများ ပင်လယ် ၏ မည်းနက်ပြီး ပင်လယ်ရေ နှင့် တူသော နက်ရှိုင်းသည့် နေရာ များသို့ လုံးဝ (လုံးဝ) ထွက်မသွား ခဲ့ပါ။

ထင်ရှားသည်မှာ... နယ်မြေများ ပင်လယ် တွင် မွေးဖွားလာသော ရုပ်ပျက်ဆင်းပျက် မိစ္ဆာ တစ်ကောင် ပင်လျှင် ထို နေရာ ကို အလွန်အမင်း ကြောက်ရွံ့ နေကြောင်း သိသာလွန်းလှ၏။

နင်ချီသည် မြင်းနက်ကြီးကို စီးနင်းကာ... အစစ်အမှန်သိုင်းကမ္ဘာ ၏ ပြင်ပ ဧရိယာ ၏ တစ်ရာခိုင်နှုန်း ခန့်ကို အလွန် လျင်မြန်စွာ လှည့်လည် ကြည့်ရှုလိုက်သည်။

ရုတ်တရက် နင်ချီ က မြင်းနက်ကြီး ၏ လည်ပင်း ကို လှမ်းဆွဲလိုက်၏။

သွယ်လျသော လက်ကလေး မှာ မြင်း ၏ လည်ပင်း ကြီး နှင့် နှိုင်းယှဉ် ပါက အလွန်တရာ သေးငယ် နေသော်ငြားလည်း... ၎င်း၏ ခွန်အား ကြောင့် မြင်းနက်ကြီး မှာ ချက်ချင်း ပင် ရပ်တန့်သွားရတော့သည်။

"ကျေးဇူးပြုပြီး... လူကြီးမင်း... ကျွန်တော့် ကို အသက် ချမ်းသာ ပေးပါဗျာ"

နင်ချီ က ရယ်မောလိုက်၏။

‘ဒီကောင် က နယ်မြေများ ပင်လယ် ထဲက ရုပ်ပျက်ဆင်းပျက် မိစ္ဆာ မဟုတ်ဘူးလား။ သူ က ဘာလို့ သိုင်းလောက သုံး စကား တွေကို အမြဲတမ်း သုံးနေရတာလဲ’

နင်ချီ ပြုံးနေသည် ကို မြင်လိုက်ရသောအခါ... မြင်းနက်ကြီး ၏ ကြောက်ရွံ့မှု များ အနည်းငယ် လျော့ကျသွားတော့၏။

အကြောင်းမူကား... ကွယ်လွန်သွားခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သော ၎င်း၏ မိခင် က... နယ်မြေများ ပင်လယ် အတွင်းရှိ လူသား နှင့် တူသော သတ္တဝါ များမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော်ငြားလည်း အကယ်၍ သူတို့ က ရယ်မောနိုင်သည် ဆိုလျှင်တော့... ညှိနှိုင်း ဆွေးနွေး လို့ ရနိုင်သော အခွင့်အရေး ရှိသေးတယ် ဟု ပြောခဲ့ဖူးသောကြောင့် ပင်။

"ငါ မင်း အသက် ကို မသတ်ပါဘူး။ ဒါပေမဲ့ မင်း ငါ့ကို နေရာ တစ်ခု ကို ခေါ်သွားပေးရမယ်... ပြီးတော့ နယ်မြေများ ပင်လယ် ရဲ့ အတွင်းဘက် က အခြေအနေ တွေကိုလည်း ငါ့ကို ပြောပြရမယ်"

မြင်းနက်ကြီး ၏ ကြီးမား တောက်ပသော မျက်လုံး နှစ်လုံး မှာ တဖျပ်ဖျတ် ခတ်သွားတော့၏။

"သူရဲကောင်းကြီး... အမိန့် သာ ပေးလိုက်ပါ ခင်ဗျာ"

နင်ချီ က ဦးတည်ချက် တစ်ခု ကို လက်ညှိုး ညွှန်ပြကာ ဆိုလိုက်သည်။

"အဲဒီ ဘက် ကိုသွား... ပြီးတော့ လမ်းခရီး မှာ မင်းရဲ့ အခြေအနေ တွေကို ငါ့ကို ရှင်းပြ"

"ဟုတ်ကဲ့ပါ"

"မင်းရဲ့ မြင်း စကားပြော ပုံစံ အရ ဆိုရင်တော့... မင်း က နယ်မြေများ ပင်လယ် ရဲ့ မူလ သတ္တဝါ တစ်ကောင် လို မပေါ်ဘူးနော်"

ထိုစကား ကို ကြားလိုက်ရသောအခါ... မြင်းနက်ကြီး မှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီး နင်ချီ ၏ မေးခွန်း ကို ချက်ချင်း ဖြေကြားမည့် အစား... ဤသို့ ပြန်လည် မေးခွန်း ထုတ်လိုက်၏။

"သူရဲကောင်းကြီး ကလည်း နယ်မြေများ ပင်လယ် ရဲ့ သတ္တဝါ တစ်ကောင် မဟုတ်ဘူး မဟုတ်လား "

နင်ချီ က ၎င်း၏ မြင်း ခေါင်း ကို ခပ်ဖွဖွ လေး တစ်ချက် ပုတ်လိုက်ပြီး...

"ငါ က နယ်မြေများ ပင်လယ် ထဲက သတ္တဝါ တစ်ကောင် နဲ့ ဘယ်နေရာများ တူနေလို့လဲကွ"

မြင်းနက်ကြီး ၏ မျက်လုံးများ ထဲမှ ထူးဆန်းသော အလင်းတန်း တစ်ခု ပစ်ထွက်လာသည့်အလား ရှိနေတော့၏။

"ဒါဆို သူရဲကောင်းကြီး က ကမ္ဘာ ရဲ့ အတွင်းဘက် ကနေ လာတာများလား ခင်ဗျာ"

နင်ချီ က ၎င်းကို ဖုံးကွယ် မထားခဲ့ချေ။

All Chapters