← Chapters

အခန်း ၉၈၉

Vol. 66 Ch. 989

အခန်း ၉၈၉

Vol. 66 Ch. 989

အခန်း (၉၈၉) - ကမ္ဘာ နှစ်ခု အကြားက လမ်းကြောင်း

ငယ်ရွယ် ပြီး ခွန်အား အပြည့် ရှိစဉ် အချိန် က... စပ်စုချင်စိတ် နှင့် မွေးကင်းစ နွားငယ် လေး တစ်ကောင် ၏ စွန့်စား လိုစိတ် တို့ကြောင့် မြင်းနက်ကြီးသည် လှိုင်းထန်သော ဧရိယာ အတွင်းသို့ တစ်ကြိမ် ဝင်ရောက်ခဲ့ဖူးသည်။

ထို အချိန် က... အကယ်၍ ၎င်း၏ မိခင် သာ ကယ်တင်ရန် မရောက်ရှိလာခဲ့ဘူး ဆိုလျှင် ၎င်းသည် လှိုင်းထန်သော ရေပြင် များ အတွင်း၌ လုံးလုံးလျားလျား လမ်းပျောက်သွားပြီး သေလုနီးပါး ဖြစ်ခဲ့ရမည်သာ။

ထို အတွေ့အကြုံ က မြင်းနက်ကြီးအား အလွန်တရာ နက်ရှိုင်းသော သင်ခန်းစာ တစ်ခု ကို ပေးစွမ်း ခဲ့ပြီး အရိုး ထဲထိ စွဲမြဲသွားစေအောင် နာကျင်ခဲ့ရလေပြီ။

မြင်းနက်ကြီး၏ မိခင်သည် ၎င်းအား ကယ်တင် ရန် ကြိုးစား ရင်း၊ လှိုင်းထန်သော ရေပြင် များ အတွင်း၌ လမ်းပျောက်သွားခဲ့ရ၏။

မိခင်သည် ရှိသမျှ ခွန်အား အားလုံး ကို အသုံးပြုကာ... မြင်းနက်ကြီးကို လှိုင်းထန်သော ဧရိယာ ၏ အပြင်ဘက် သို့ တွန်းထုတ် ပေးခဲ့သည်။ မည်းနက်သည့် ရေပြင် နယ်မြေ သို့ ပြန်လည် ရောက်ရှိလာသောအခါ... မြင်းနက်ကြီး ၏ ကျင့်ကြံခြင်း စွမ်းအား များမှာ ထက်ဝက်ခန့် ဆုံးရှုံးသွားခဲ့ပြီး ၎င်း၏ သက်တမ်း မှာလည်း ထက်ဝက်ခန့် လျော့ကျသွားကာ... အလွန်အမင်း အားနည်းသွားခဲ့ရတော့၏။

ထို အချိန် မှစ၍... မြင်းနက်ကြီးသည် မည်းနက်သည့် ရေပြင် နယ်မြေ ၏ အပြင်ဘက် သို့ လုံးဝ (လုံးဝ) ခြေမချ ရဲတော့။ မည်းနက်သည့် ရေပြင် နယ်မြေ အတွင်း၌ ပင်လျှင်... ၎င်း အတွင်းသို့ ဝင်ရောက် ခြင်းက နာကျင်စရာ အတိတ်များကို ပြန်လည် အမှတ်ရ စေမည် ဖြစ်သောကြောင့် လုံးဝ မဝင်ရောက် ရဲတော့ပေ။

မြင်းနက်ကြီးသည် ကမ္ဘာ အတွင်းသို့ ပြန်လည် ရောက်ရှိ ချင်ပြီး... ကမ္ဘာ ၏ အကာအကွယ် အောက်တွင် နေထိုင်သွားချင် နေမိသည်။

ထိုနေရာမှာ ပန်း တွေ၊ မြက်ခင်းစိမ်း တွေ၊ နေရောင်ခြည်၊ နေ၊ လ၊ ကြယ် တွေ ရှိ၏။ ပိုပြီး အရေးကြီးတာ က... မြင်းမလေး တစ်ကောင်နှင့်တောင် တွေ့နိုင်သေးသည်လေ။

မိခင် ဖြစ်သူ က ၎င်းအား သားသမီး ဝတ္တရား ကျေပွန် ရမည် ဖြစ်ပြီး သားသမီး ဝတ္တရား မကျေပွန် ခြင်း သုံးမျိုး တွင်... မျိုးဆက် မကျန်ရစ် ခဲ့ခြင်း က အဆိုးရွားဆုံး ဖြစ်သည် ဟု ပြောခဲ့ဖူးပါသည်။

ကံမကောင်း စွာဖြင့်... မြင်းနက်ကြီး၏ မိခင် မျိုးဆက် မှ စတင်၍၊ သူတို့သည် နယ်မြေများ ပင်လယ် အတွင်း၌ နောက်ဆုံး ကျန်ရစ်သော လိင်ကွဲ မြင်း နှစ်ကောင် သာ ဖြစ်ခဲ့ကြသည်။

မြင်းနက်ကြီး ၏ မျိုးဆက် သို့ ရောက်ရှိလာသောအခါ တွင်မူ... အနည်းဆုံးတော့ ဤ ရင်းနှီး ကျွမ်းဝင်သော ဧရိယာ အတွင်း၌၊ နယ်မြေများ ပင်လယ် တစ်ခုလုံး တွင် အခြားသော လိင်ကွဲ မျိုးနွယ်ဝင် တစ်ကောင်ကောင် ကို တွေ့ဆုံ နိုင်ရန် ဆိုသည်မှာ လုံးဝ (လုံးဝ) မဖြစ်နိုင်တော့ချေ။

ထို့ကြောင့်... ၎င်း၏ အကြီးမားဆုံးသော ဆန္ဒ မှာ ကမ္ဘာ အတွင်းသို့ ပြန်လည် ဝင်ရောက် ပြီး မိခင် ၏ နောက်ဆုံး ဆန္ဒ ကို ဖြည့်ဆည်း ပေးရန်ပါပင်။

ယခုအခါ... မည်းနက်သည့် ရေပြင် နယ်မြေ အတွင်းသို့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက် နေရခြင်း က မြင်းနက်ကြီး ၏ အတိတ် မှ နာကျင်စရာ အမှတ်တရများကို ပြန်လည် နိုးဆွ ပေးလိုက်ပြီး မြင်းနက်ကြီး မှာ အနည်းငယ် စိတ်ဓာတ် ကျဆင်းလာရရှာသည်။

နင်ချီ က မြင်း ၏ စိတ်ကူးများကို နားလည် သဘောပေါက်သွားပြီး...အားပေးလိုက်၏။

"မကြောက်ပါနဲ့။ ငါ့ရဲ့ တာဝန် တွေ ပြီးသွားတာ နဲ့... မင်းကို ကမ္ဘာ ထဲကို ပြန်ခေါ်သွား ပေးပါ့မယ်"

ထိုစကား ကို ကြားလိုက်ရသောအခါ... မြင်းနက်ကြီး ၏ စိတ်ဓာတ် များ ချက်ချင်း ပင် တက်ကြွလာတော့၏။

၎င်း၏ တဖျတ်ဖျတ် လှုပ်ရှား နေသော မြင်း မျက်လုံး များမှာ ရုတ်တရက် တည်ကြည် လေးနက်သွားပြီး နင်ချီ ထံ အကြည့်ပို့ ကာ ဆိုလိုက်သည်။

"သူရဲကောင်းကြီး... လူကြီးမင်း က ဘယ်သူလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ လူကြီးမင်း က ကမ္ဘာ တွေ အကြား လွတ်လွတ်လပ်လပ်သွားလာ နိုင်စွမ်း ရှိနေတာကို ကြည့်ရင်... လူကြီးမင်း ဟာ တကယ့်ကို အံ့မခန်း ထူးချွန်တဲ့ သူရဲကောင်းကြီး တစ်ယောက် ဖြစ်ရမယ်"

"စကားတွေ အများကြီး ပြောမနေနဲ့... အရင်ဆုံး မင်း အလုပ် ကို မင်း လုပ်စမ်းပါ"

နင်ချီ က မြင်း ၏ ကျော ပေါ်တွင် သူ၏ ခြေထောက်များကို ညှစ်လိုက်၏။

"အူးဟူး... အူးဟူး... အီးယား... အီးယား…”

မြင်းနက်ကြီး မှာ အသက် ပြင်းပြင်း ရှူသွင်းလိုက်ပြီး... ကျယ်လောင်စွာ အော်မြည်လိုက်တော့၏။

နင်ချီ က ခြေထောက်များကို ဖြေလျှော့ ပေးလိုက်သည်။

မြင်းနက်ကြီး မှာ နောက်ထပ် ဘာမှ ထပ်မပြော ရဲတော့ဘဲ... နင်ချီ ညွှန်ပြသော ဦးတည်ချက် အတိုင်း ဆက်လက် လျှောက်လှမ်းသွားတော့၏။

မည်းနက်သည့် ရေပြင် နယ်မြေ အတွင်းသို့ ဝင်ရောက် ပြီးနောက်... နင်ချီသည်လည်း ဤ ဧရိယာ ကို သတိကြီးစွာ ဖြင့် စောင့်ကြည့် နေခဲ့သည်။

ယခင်က မှုန်ဝါးဝါး မြူခိုး များ ဖုံးလွှမ်း နေသော နယ်မြေများ ပင်လယ် ဧရိယာ များနှင့် မတူညီဘဲ... မည်းနက်သည့် ရေပြင် နယ်မြေသည် ၎င်း၏ နာမည် နှင့်လိုက်ဖက်စွာပင် အလွန်တရာ မှောင်မိုက် နေတော့၏။

မြူခိုး ဧရိယာ မှာ ရေကျဲ နေသော မည်းနက်သည့် ရေ များ နှင့် တူပြီး... မည်းနက်သည့် ရေပြင် ၏ အာရုံစူးစိုက်မှု မှာ မီးခိုးရောင် မြူခိုး များထက် အနည်းဆုံး ဆယ်ဆ ခန့် ပိုမို များပြား နေသည်။

ဤသည်မှာ အပြင်ပန်း အသွင်အပြင် ၏ ကွာခြားမှု သက်သက်သာ ဖြစ်ပြီး... ခံစားမှု ပိုင်း နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့၊ နင်ချီ ၏ မျက်ခုံးတန်း များ အနည်းငယ် တွန့်ချိုးသွားတော့၏။

မည်းနက်သည့် ရေပြင် နယ်မြေ အတွင်းသို့ ဝင်ရောက်လိုက်သည် နှင့် တစ်ပြိုင်နက်... မြူခိုး ဧရိယာ တွင် သူ ခံစား ခဲ့ရသော ဖရိုဖရဲ ခံစားချက်ကြီးမှာ နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာပြန်သည်။

နင်ချီသည် အစစ်အမှန် ခံစားချက် ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ ခံစား လိုသဖြင့်... သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများကိုပင် အသွင်ပြောင်းလိုက်သေး၏။

ထို့ကြောင့် နယ်မြေများ ပင်လယ် ၏ စွမ်းအား ကို ခန္ဓာကိုယ် ထဲမှ ရုပ်သိမ်းလိုက်ပြီး အစစ်အမှန်သိုင်းကမ္ဘာ ၏ စွမ်းအား ကိုလည်း မသုံးစွဲတော့ဘဲ... သာမန် ကျင့်ကြံသူ တစ်ဦး ၏ ကျင့်ကြံခြင်း အဆင့်အတန်း ဖြင့်သာ အရာအားလုံး ကို အာရုံခံ ကြည့်လိုက်တော့သည်။

နင်ချီသည် သူ၏ စွမ်းအား ကို ရုပ်သိမ်းလိုက်သည့် အခိုက်အတန့် မှာပင်... ရွှေရောင် ခေါင်းပတ် ဖြင့် ချည်နှောင် ခံထားရသော မျောက် တစ်ကောင် အလား ခံစားလိုက်ရပြီး သူ၏ ကြီးမားလှသော နတ်ဘုရား မှော်စွမ်းရည် များ ရှိနေသော်ငြားလည်း... ဤ စွမ်းအင် ကို အရှုံးပေး အညံ့ခံ ရုံမှလွဲ၍ အခြား မတတ်နိုင်ခဲ့ချေ။

သူ၏ အမြင်အာရုံ များ မည်းမှောင်သွားပြီး... မြင်းနက်ကြီး ၏ ကျော ပေါ်မှ လိမ့်ကျမလိုပင် ဖြစ်သွားရ၏။

ဤ ပုံမှန်မဟုတ်သော လှုပ်ရှားမှု က မြင်းနက်ကြီး ကို သဘာဝကျစွာ ပင် လန့်ဖျပ်သွားစေခဲ့သည်။

'မဖြစ်နိုင်တာ... ခုနက ဒီလောက် အစွမ်းထက် နေတဲ့ သူရဲကောင်းကြီး က... ဘယ်လို လုပ်ပြီး အခုတော့ ဒီလောက် အားနည်းသွားရတာလဲ'

ကံကောင်း ထောက်မစွာဖြင့်... နင်ချီ က အလျင်အမြန် ပင်လိုက်လျောညီထွေ ဖြစ်အောင် နေထိုင် ပြီး ပြန်လည် နာလန်ထူလာသည်။ သူ၏ ခြေထောက်များဖြင့် မြင်း ၏ ခန္ဓာကိုယ် ကို တင်းကျပ်စွာ ညှပ်ထားလိုက်ပြီး ခေါင်းကိုက် နေမှုများကို ပြင်းပြသော စိတ်ဆန္ဒ ဖြင့် မောင်းထုတ် ပစ်လိုက်တော့၏။

မည်းနက်သည့် ရေ နှင့် မီးခိုးရောင် မြူခိုး တို့မှာ အရည်အသွေး ပိုင်း တွင် လုံးဝ ကွဲပြား ခြားနားသော အဆင့်အတန်း တစ်ခု တွင် ရှိနေပြီး... ၎င်းမှာ မည်းနက်သည့် ရေပြင် နယ်မြေ အတွင်းသို့ ပထမဆုံး ဝင်ရောက်လာစဉ် က အခြေအနေ သက်သက်သာ ရှိသေး၏။

ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ... ပိုမို အစွမ်းထက်လာလေလေ ပင် ဖြစ်တော့သည်။

နင်ချီသည် အောက်ဘက် တွင် ထိုင်နေသော မြင်းနက်ကြီး ကို တစ်ချက် ငုံ့ကြည့်လိုက်၏။

မြင်းနက်ကြီး ၏ အံ့အားသင့် နေသော မျက်နှာထား မှာ... အခြားသော အံ့အားသင့်မှု တစ်မျိုး သို့ ရှင်းလင်းစွာ ပြောင်းလဲသွားခဲ့လေပြီ။

နင်ချီသည် ဘာမှ မဖြစ်ခဲ့သည့်အလား ချက်ချင်း ပုံမှန် အတိုင်း ပြန်ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ... ၎င်း၏ ရင်တွင်း၌ လေးစား အားကျမှု များ တဟုန်ထိုး မြင့်တက်လာတော့၏။

မည်းနက်သည့် ရေပြင် နယ်မြေ အတွင်းသို့ ပထမဆုံး အကြိမ် ဝင်ရောက်လာချိန် တွင်... မျက်စိတစ်မှိတ် အတွင်း ပြန်လည် နာလန်ထူ နိုင်စွမ်း ရှိသော ဤ သတ္တဝါ မျိုး ကို ၎င်း၏ မိခင် က... နယ်မြေများ ပင်လယ် အတွင်း ၌ပင် ပါရမီရှင် တစ်ဦး အဖြစ် သတ်မှတ် နိုင်ကြောင်း နှင့်၊ ကမ္ဘာ ၏ အတွင်းဘက် တွင် မွေးဖွားလာသူ တစ်ဦး ဖြစ်ကြောင်း ပြောပြ ခဲ့ဖူးသည်။

နင်ချီ က ဘာတွေ တွေးနေသနည်း ဆိုတာကို မြင်းနက်ကြီး လုံးဝ မသိရှိခဲ့ချေ။

နင်ချီသည် မြင်းနက်ကြီး ၏ အပြောင်းအလဲများကိုလည်း အကဲခတ် စောင့်ကြည့် နေခဲ့၏။

မည်းနက်သည့် ရေပြင် နယ်မြေ အတွင်းသို့ ဝင်ရောက် ပြီးနောက်... မြင်းနက်ကြီး ၏ ခြေလှမ်း များမှာ မီးခိုးရောင် မြူခိုး များ ထဲတွင် ရှိနေစဉ် ကလောက် ပေါ့ပါး သွက်လက် မှု မရှိတော့ရှာပေ။

ထို့အပြင်... ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ၊ ၎င်းသည် ပတ်ဝန်းကျင် ကို မကြာခဏ ဝေ့ကြည့်လာလေလေ ဖြစ်ပြီး... ကြောက်မက်ဖွယ် ကောင်းသော အရာ တစ်ခုခု များ ပေါ်ထွက်လာမည်ကို သတိဝီရိယ ကြီးမားစွာ ဖြင့် စောင့်ကြည့် နေပုံ ရ၏။

ထို့နောက် နင်ချီသည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများကို အလှည့်ကျ ပြောင်းလဲ အသုံးပြု ကြည့်လိုက်တော့သည်။

အစစ်အမှန်သိုင်းကမ္ဘာ့စွမ်းအား မှသည်... တောင်နှင့် ပင်လယ် ကမ္ဘာ့စွမ်းအား သို့... ထို့နောက် ကျယ်ပြန့်သော ကမ္ဘာ့စွမ်းအား သို့... နောက်ဆုံး တွင် ကမ္ဘာ သုံးခု လုံး၏ စွမ်းအားများကို ပေါင်းစပ် အသုံးပြုခြင်း မှသည်... နယ်မြေများ ပင်လယ် ၏ စွမ်းအား ကိုသာ သီးသန့် အသုံးပြုခြင်း သို့ အသီးသီး ပြောင်းလဲ စမ်းသပ် ကြည့်လိုက်၏။

နင်ချီ ကို အံ့အားသင့်သွားစေခဲ့သည် မှာ... အစစ်အမှန်သိုင်းကမ္ဘာ ၏ စွမ်းအားသည် ယခုအခါ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအား နှင့် ကျယ်ပြန့်သော ကမ္ဘာ ၏ စွမ်းအား တို့ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရခြင်း ပင် ဖြစ်သည်။ အကယ်၍ အစစ်အမှန်သိုင်းကမ္ဘာ ၏ စွမ်းအားကို သီးသန့် အသုံးပြုမည် ဆိုပါက... မည်းနက်သည့် ရေ ကြောင့် ဖြစ်ပေါ်လာသော ဖရိုဖရဲ ခံစားချက် မျိုးစုံ ကို ပိုမို လွယ်ကူစွာ ခုခံ တွန်းလှန် နိုင်ကြောင်း ရှင်းလင်းစွာ တွေ့မြင်ရ၏။

နင်ချီ အနေဖြင့် ဤ အချက်ကို ထူးဆန်းသည်ဟု မယူဆ ခဲ့ချေ။ အကြောင်းမူကား... ယနေ့ခေတ် အစစ်အမှန်သိုင်းကမ္ဘာ ၏ စွမ်းအားသည် ယခင်က နှင့် လုံးဝ (လုံးဝ) မတူညီတော့ပါလေ။

မိမိသည် တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ ဟူသော ဝိညာဉ်ကမ္ဘာ နှစ်ခု လုံး ကို လေ့လာ ခွဲခြမ်းစိတ်ဖြာ ထားခဲ့ပြီး ဖြစ်သလို...ကိုယ်တိုင် လည်း အစစ်အမှန်သိုင်းကမ္ဘာ ၏ ကမ္ဘာ့အရှင်သခင် ဖြစ်နေသဖြင့် မသိမသာ ပင် ကမ္ဘာ နှစ်ခု လုံး၏ အားသာချက် အမျိုးမျိုး ကို အစစ်အမှန်သိုင်းကမ္ဘာ ၏ စွမ်းအား အတွင်းသို့ ပေါင်းစပ် ထည့်သွင်းထားသည်။

သေချာသည် ကတော့... အစစ်အမှန်သိုင်းကမ္ဘာသည် ဝိညာဉ်ကမ္ဘာ နှစ်ခု လောက်တော့ မကောင်းမွန် သေးပါ။ သို့သော်... အနာဂတ် ကတော့ အလွန်တရာ မျှော်လင့်ချက် ရှိလှပါသည်။

ကမ္ဘာ သုံးခု လုံး၏ ပေါင်းစပ် စွမ်းအား မှာ ပို၍ပင် အစွမ်းထက်လာသော်ငြားလည်း... အစွမ်းအထက်ဆုံး ကတော့ နယ်မြေများ ပင်လယ် ၏ စွမ်းအား သာလျှင် ဖြစ်နေဆဲ။

နင်ချီသည် အာရုံခံ စမ်းသပ်မှု များ ပြီးစီးသွားသောအခါ... လုပ်စရာ အခြား ဘာမှ မရှိတော့သဖြင့် မြင်းနက်ကြီး ၏ နယ်မြေများ ပင်လယ် အတွင်းရှိ အခြေအနေများကို မေးမြန်း ကြည့်လိုက်၏။

All Chapters