← Chapters

ကျန်းနန် သားရေလုပ်ငန်း

Vol. 15 Ch. 215

ကျန်းနန် သားရေလုပ်ငန်း

Vol. 15 Ch. 215

ရှုဝမ်ချင်၏ မျက်နှာလေးက ချက်ချင်း နီမြန်းလာသည်။ သူမ ကျောင်းသားတစ်ယောက်ထံမှ ကျီစားခြင်း ခံရလိမ့်မည်ဟု ထင်မထားမိပေ။

သူမ ရည်းစားစာများနှင့် ဖွင့်ပြောမှုများ မကြာခဏ လက်ခံရရှိသော်လည်း ကျီစားမှုကြောင့် သတိလက်လွတ် ဖြစ်သွားသည်က ပထမဆုံးပင်။ တကယ်ကို မမျှော်လင့်ထားမိပေ။

ရဲ့လင်းချန်က ရှက်သွေးဖြာနေသော ရှုဝမ်ချင်းကို ကြည့်ပြီး ထရယ်လိုက်မိသည်။

ဘာကြောင့်မှန်းမသိသော်လည်း ရှုဝမ်ချင်၏ သိမ်မွေ့နူးညံ့မှုနှင့် ထက်မြက်မှုတို့ကြောင့် ရဲ့လင်းချန် သူမကို မစဘဲ မနေနိုင်ချေ။ ဤသို့ စနောက်ခြင်းက မကောင်းမှန်း သိသော်လည်း တည်ငြိမ်နေသော ရေပြင်ကို မြင်လျင် ကျောက်ခဲဖြင့် လှမ်းမပစ်ဘဲ မနေနိုင်သကဲ့သို့ သူ ခံစားမိသည်။ ရေပြင်၌ လှိုင်းထသွားသည်ကို ကြည့်ပြီး တစ်ခုခုကို လုပ်ဆောင်နိုင်လိုက်သလို ခံစားလိုက်ရသည်။

ခပ်ဝေးဝေးရှိ လူတစ်စု၏ အကြည့်များသည် ရှုဝမ်ချင်ထံသို့သာ ကျရောက်နေပြီး သူတို့ ပိုပို၍ မျက်မှောင်ကြုတ် လာသည်။

ထိုလူစုထဲတွင် အမျိုးသားများနှင့် အမျိုးသမီးများ ပါရှိပြီး အားလုံးက နာမည်ကြီး အမှတ်တံဆိပ်များကို ဝတ်ဆင်ထားပြီး မျက်နှာတွင် မာနကြီးဟန်တို့ ပေါ်လွင်နေ၏။

“ဒါက ဝမ်ချင်ရဲ့ ကျောင်းသားတစ်ယောက် သက်သက်ပဲဆိုတာ ဟုတ်လို့လား”

လူငယ်တစ်ယောက်က မနေနိုင်ဘဲ မေးလာသည်။ သူ့မျက်လုံးတွင် အားကျမှုတို့ ပေါ်လွင်နေ၏။

“ဟားဟား မင်းလည်း အဲ့လို ခံစားမိတာလား၊ ငါလည်း အတူတူပဲ သူတို့ကို ကြည့်လိုက်ဦး၊ ဆရာတပည့် ဆက်ဆံရေးလို့ မခံစားရဘူး”

နောက်တစ်ယောက်ကလည်း ဝင်ပြောလာသည်။

“ဒီနှစ်တွေမှာ ဆရာတပည့် ဆက်ဆံရေးဆိုတာက တော်တော် မပြတ်မသား ဖြစ်လာပြီပဲ”၄

အမျိုးသမီးတစ်ယောက်က ရယ်လေသည်။

“ဝမ်ချင်ရဲ့ တုံ့ပြန်ပုံကိုလည်း ကြည့်ဦး၊ သူ ရယ်နေသလို ရှက်လည်း ရှက်နေတယ်၊ အဲ့ဒါက ဘယ်လိုလုပ် ပုံမှန် ဖြစ်မှာလဲ”

ရှုဝမ်ချင်က သူတို့နှင့် ရယ်မောရန် မဆိုထားနှင့် စကားကို နည်းနည်းသာ ပြောသည်။ ရဲ့လင်းချန်ထံ သွားပြီးနောက် သူမက သူတို့ထံ ပြန်လာချင်စိတ် လုံးဝ မရှိကြောင်း ပြနေသည်။ သူမက သူနှင့် ဆက်၍ စကားပြောကာ ရယ်မောနေ၏။

“သခင်လေးဝူ၊ ရှင် ဘာလို့ အဲ့မိန်းမကို ဆက်တိုက် ကြည့်နေတာလဲ၊ ကျွန်မလည်း လှပါတယ်၊ ရှင် လိုချင်တဲ့ အချိန်တိုင်း ကျွန်မနဲ့ ပျော်လို့ ရတာပဲ”

အမျိုးသမီးက သခင်လေးဝူကို ကြည့်ပြီး သူ့ကို မှီလိုက်သည်။

“မင်းကလား”

သခင်လေးဝူက ထိုအမျိုးသမီးအား အေးအေးလူလူ ပြန်ကြည့်သည်။

“မင်းက ဘွဲ့ရလား၊ မင်းက ဆရာမလား၊ မင်းရဲ့ သင်္ချာစွမ်းရည်ကရော ကောင်းလား”

လက်ရှိတွင် မရေတွက်နိုင်သော ထူးချွန်မှုများ ရှိသည့် ရှုဝမ်ချင်ကသာ သူ့အား စိတ်ဝင်စားမှု တိုးလာစေသည်။ ရှုဝမ်ချင်၏ အကျင့်စရိုက်ကို တွေးမိသည်နှင့် သူမကို အပိုင်သိမ်းလိုသည့် သူ့စိတ်ဆန္ဒက ပိုတိုးလာ၏။

သခင်လေးဝူ၏ မျက်လုံးများက အရောင်တောက်နေသည်။ အလွန် အရေးကြီးသော အခြား အကြောင်းရင်းလည်း ရှိပါသေးသည်။ ယင်းမှာ ရှုဝမ်ချင်က ရှုကျိုးရုံ၏ သမီး ဖြစ်နေခြင်းပင်။

ရှုကျိုးရုံသည် ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်ပြီး ကုမ္ပဏီ၏ ရှယ်ယာ ခုနစ်ဆယ့်သုံး ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

သူ့တွင် အော်တိုမိုဘိုင်း လုပ်ငန်းနယ်ပယ်၌ ကြီးစိုးခြယ်လှယ်နိုင်သည့် အခွင့်အာဏာ ရှိလေသည်။

အကယ်၍ သခင်လေးဝူသာ ရှုဝမ်ချင်ကို အောင်အောင်မြင်မြင် ပိုးပန်းနိုင်ပါက သူ၏ ကြွယ်ဝမှုက အသားကုန် ထိုးတက်လာမှာ သေချာသည်။ ထိုသို့ သူ တွေးမိသည်နှင့် ရှုဝမ်ချင်ကို ကြည့်လိုက်ချိန်တွင် သူ့နှလုံးသားက ပြင်းပြင်းပြပြ လောင်ကျွမ်းလာသလို ခံစားလိုက်ရသည်။

“မင်းရဲ့မိတ်ဆွေကတော့ မင်း ကျွန်တော်နဲ့အတူ ရှိနေတာကို အရေးစိုက်နေတဲ့ပုံပဲ”

ရဲ့လင်းချန် မနေနိုင်ဘဲ ထုတ်ပြောလိုက်သည်။ မကျေနပ်သော အကြည့်များကို သူ သတိပြုမိပါသည်။

“သူတို့က ငါ့မိတ်ဆွေတွေ မဟုတ်ဘူး၊ သူတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ လူငယ်တစ်သိုက်ပဲ”

ရှုဝမ်ချင်က လေသံမာမာဖြင့် ဆက်ပြောသည်။

“သူတို့က သင်္ချာကို နည်းနည်းလေးတောင် မသိဘူး”

*အာ*

ရဲ့လင်းချန် ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။ ရှုဝမ်ချင်က သူ့မိတ်ဆွေများကို သူတို့၏ သင်္ချာစွမ်းရည်ပေါ် မူတည်၍ ရွေးချယ်လိမ့်မည်ဟု သူ ထင်မထားမိပါ။

သူ တစ်ခုခု ပြောတော့မည့်အချိန်၌ သူ့ဘေးမှ မယုံနိုင်ဟန်ဖြင့် ပြောလာသည့် အသံတစ်သံကို ကြားလိုက်ရသည်။

“ရဲ့လင်းချန် မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ”

သူ လှည့်ကြည့်လိုက်သောအခါ ဟဲယွမ်က မျက်မှောင်ကြုတ်၍ သူ့အား စေ့စေ့စပ်စပ် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“မင်းကိုး”

ရဲ့လင်းချန်က ဟဲယွမ်ကို အေးအေးဆေးဆေး ကြည့်၍ ရယ်လိုက်သည်။

“မင်းကိုယ်က သေးကို ဆေးပြီးပြီလား”

“ဟမ့် ဒီနေရာက ဘာလဲ မင်း သိလား၊ ဒါက သာမန်လူတိုင်း လာလို့ရတဲ့ ခန်းမ မဟုတ်ဘူးကွ၊ မင်း ဘယ်လို ဝင်လာတာလဲ”

ဟဲယွမ်၏ မျက်နှာက သုန်မှုန်နေပြီး အေးစက်စက် ပြောလေသည်။

သူက ရဲ့လင်းချန်ကို အထင်အမြင် သေး၏။

ရဲ့လင်းချန်ကို သူ ထပ်ခါတလဲလဲ ရှုံးနေသော်လည်း ရဲ့လင်းချန်က သူ့အဆင့်ထက် နိမ့်သော ဘာမဟုတ်သည့် ဖွားဖက်တော်မှ အမွေးမျှလောက်သာ အမြဲ သဘောထားသည်။

ရဲ့လင်းချန်က ဘတ်စကတ်ဘော တော်လည်း ဘာလုပ်ရမည်နည်း။ သူက ဘယ်လို ကစားရမလဲ သိနေသော်လည်း ဂရုစိုက်စရာ လိုလေသလား။ နောက်ဆုံးတွင် ပိုက်ဆံကသာ လူမှုအသိုင်းအဝိုင်းတွင် အရာရာ ဖြစ်လေသည်။ ရဲ့လင်းချန်၏ လွှမ်းမိုးနိုင်စွမ်းက တက္ကသိုလ်ဝန်းအတွင်း၌သာ ဖြစ်သည်။

သို့သော် သူ တက်သော ပွဲကို ရဲ့လင်းချန် တက်နိုင်ခြင်းက သူနှင့် အဆင့်တူသည်ဟု ဖော်ပြနေသလိုပင်။ ယင်းကို သူ လက်မခံနိုင်ပါ။

အထဲကို ရောက်ရန်အလို့ငှာ သူ မလှိမ့်တပတ် လုပ်လာခဲ့နိုင်ချေက ရှစ်ဆယ် ရာခိုင်နှုန်းမျှ သေချာသည်။

“စိတ်မရှိပါနဲ့ ငါ သေးသောက်တဲ့ လူတွေနဲ့ စကားပြောလေ့ မရှိလို့ပါ”

ရဲ့လင်းချန်က ခေါင်းခါ၍ ပြန်လည်ချေပလိုက်သည်။

ဟဲယွမ်၏ အသက်ရှူသံက တန့်ခနဲ ဖြစ်သွားပြီး မျက်နှာအမူအရာက မည်းမှောင်လာသည်။ ထို့နောက် သူက ခပ်မာမာ ပြော၏။

“ပြောစမ်း ဒီကို ရောက်အောင် မင်း ဘယ်လို အတင်း လုပ်လာတာလဲ၊ မင်း မပြောလို့ကတော့ ငါ တစ်ယောက်ယောက်ကို ခေါ်ပြီး မင်းကို ဆွဲလွှင့်ပစ်ခိုင်းမှာ”

ထို့နောက် သူ့အကြည့်က ရှုဝမ်ချင်ထံ ရောက်သွားပြီး အတော်လေး ထိတ်လန့်သွားပုံရသည်။ ရှုဝမ်ချင်၏ အသွင်အပြင်က လီမူရွှယ်ထက် မနိမ့်ပေ။ သို့သော် သူမ၏ အကျင့်စရိုက်က လီမူရွှယ်ထက် များစွာ သာလေသည်။ ရှုဝမ်ချင်က အကောင်းဆုံးထဲမှ အကောင်းဆုံးဖြစ်သည်က အသေအချာပင်။

တစ်ခဏမျှ ထိတ်လန့်ပြီးနောက် ဟဲယွမ်၏ ရင်ထဲတွင် မနာလိုသည့် မီးပွားများ ပေါက်ဖွားလာ၏။

ရှုဝမ်ချင်သည် ပီကင်းတက္ကသိုလ်ကျောင်းကပင် နတ်သမီးလေးဟု အသိအမှတ်ပြုခြင်း ခံရသူ ဖြစ်သည်။

*ဘာလို့ သူ့လို ဆင်းရဲသားခွေးကောင်က မိန်းမလှလေးကို အဖော်လုပ်နေတာလဲ၊ သူက ဘယ်သူမို့လို့လဲ၊ သူ့မှာ ဘာအခွင့်အရေး ရှိလို့လဲ”

“ရှုမိန်းကလေး ရဲ့လင်းချန်က သာမန် တက္ကသိုလ် ကျောင်းသား တစ်ယောက်ပါ၊ သူ ဒီကို ရောက်လာအောင် ဘယ်လို လှည့်စားလာခဲ့လဲ မသိဘူး၊ သူ့ကိုယ်ပိုင်ဘဝက ညစ်ထေးနေတာပါ၊ ပြီးတော့ သူက အခြား မိန်းကလေး တော်တော်များများနဲ့ မေးခွန်းထုတ်စရာ ဆက်ဆံရေးမျိုးတွေ ရှိပါတယ်၊ မင်း သိချင်ရင် ပီကင်းတက္ကသိုလ်နားမှာ မေးကြည့်လိုက်ပါ”

“ဪ ဒါဆို သူက သံသယဝင်စရာ နည်းလမ်းတွေနဲ့ ဝင်လာတဲ့ အရိုင်းအစိုင်းပေါ့၊ ဝမ်ချင် သူ့လို လူမျိုးတွေနဲ့ ဝေးဝေးနေတာ မင်းအတွက် အကောင်းဆုံးပဲ”

ရဲ့လင်းချန် ဘာတစ်ခွန်းမှ မပြောရသေးသော်လည်း လူတစ်စုက အနားသို့ စိမ်ပြေနပြေ လျှောက်လာပြီး မျက်နှာတွင် မောက်မာဟန်တို့ ပေါ်လွင်နေ၏။ သူတို့ကို ဦးဆောင်လာသူက အမျိုးသား တစ်ယောက် ဖြစ်ပြီး ထိုသူက ရဲ့လင်းချန်အား မကျေနပ်ဟန်ဖြင့် စိုက်ကြည့်လာသည်။

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။

“ခင်ဗျားက ဘယ်သူလဲ”

“ဩ … ငါ့နာမည်က ဝူကျွင့်ကျယ်”

“ကျန်းနန် သားရေလုပ်ငန်းရဲ့ သခင်လေးဝူလား”

ဟဲယွမ် မှင်တက်သွားပြီး ဝူကျွင့်ကျယ်အား တအံ့တဩ ကြည့်လေသည်။

“မင်းက ငါ့ကို သိနေတာလား”

ဝူကျွင့်ကျယ်က မျက်ခုံးပင့်၍ ဟဲယွမ်ကို ပြုံးကာ ကြည့်လိုက်သည်။

“သခင်လေးဝူ၊ ကျွန်တော်က ခိုင်ယွမ် အဝတ်လုပ်ငန်းက စီအီးအိုရဲ့သား ဟဲယွမ်ပါ”

ဟဲယွမ်က ချက်ချင်း ဝူကျွင့်ကျယ်ကို မျက်နှာလုပ်သော အမူအရာဖြင့် နှုတ်ဆက်ကာ သူ့အနောက်မှ လူများကိုပါ ပြုံးပြလေသည်။

ကျန်းနန် သားရေလုပ်ငန်းသည် မြို့တော်၏ ထုံကျိုးဒေသတွင်း၌ အကြီးဆုံး သားရေစက်ရုံလုပ်ငန်း ဖြစ်ပြီး ထုံကျိုး၏ သားရေလုပ်ငန်း တစ်ဝက်ခန့်ကို လက်ဝါးကြီးအုပ်ထားသည်။ စက်ရုံက အဝတ်အထည် နယ်ပယ်တွင် ဦးဆောင်သူ ဖြစ်နေသည်က သံသယ ဝင်စရာ မရှိချေ။

ဝူကျွင့်ကျယ်သည် ကျန်းနန် သားရေလုပ်ငန်း၏ တစ်ဦးတည်းသော သခင်လေး ဖြစ်ပြီး မြို့တော်တွင်း၌ မည်သူမှ သူ့ကို မဆန့်ကျင်ရဲချေ။

“ခိုင်ယွမ် အဝတ်အထည် လုပ်ငန်းလား”

ဝူကျွင့်ကျယ်က အသာ မျက်မှောင်ကြုတ်သွားပြီး သေချာ စဉ်းစားနေပုံရသည်။ ထို့နောက်တွင်မှ သူ ပြောလာသည်။

“ငါ မှတ်မိပြီ၊ မင်းအဖေက ငါတို့ကို ခဏခဏ ဆက်သွယ်ဖူးတယ်၊ ငါတို့နဲ့ ပူးပေါင်းချင်နေတာ မဟုတ်လား”

“ဟုတ်ပါတယ်၊ ကျွန်တော် သခင်လေးဝူကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး၊ ကျွန်တော် ကံကောင်းတာပဲ”

ဟဲယွမ်က မျက်နှာချိုသွေးသော စကားအချို့ ပြောပြီးနောက် သူ့ဝိုင်ခွက်ကို မြှောက်လိုက်သည်။

“သခင်လေးဝူအတွက် ဆုတောင်းပါတယ်”

သူက ပြောပြီးသည်နှင့် ဝိုင်ကို သောက်လိုက်သည်။

ဝူကျွင့်ကျယ်သည် ဟဲယွမ်၏ အပြုအမူအား လွန်စွာ ကျေနပ်သွားသည်။ သူ့မျက်နှာတွင် ပို၍ မောက်မာဟန် ပေါ်လာပြီး မျက်လုံးတွင် အထင်သေးရိပ်များ ဖြတ်ပြေးလာသည်။

“မင်းတို့က အတန်းဖော်တွေလား”

“ဟုတ်ပါတယ် သခင်လေးဝူ”

ဟဲယွမ်သည် ဝူကျွင့်ကျယ်၏ ရဲ့လင်းချန်အပေါ် သဘောထားကို သတိထားမိပြီး ချက်ချင်း ဝေဖန်လေသည်။

“ကျွန်တော်တို့အားလုံးက ပီကင်းတက္ကသိုလ်က ကျောင်းသားတွေပါ၊ ဒါပေမဲ့ သူက ဆင်းရဲသား တစ်ယောက်လေ”

ဝူကျွင့်ကျယ်က ရဲ့လင်းချန်အား အလေးမထားသလို တစ်ချက်ကြည့်လိုက်သည်။

“ဝမ်ချင်ရဲ့ ဂုဏ်သိက္ခာကို ထောက်ပြီး အခုနေ မင်း ထွက်သွားရင် ငါ မင်းကို မတွေ့ခဲ့သလို သဘောထားပေးမယ်၊ မင်း‌ ဆက်နေနေမယ်ဆိုရင် ငါ လူခေါ်လိုက်ရလိမ့်မယ်၊ ဒါဆိုရင် မင်းဘာသာမင်း ထွက်သွားခွင့် ရတော့မှာ မဟုတ်ဘူး”

“ဝူကျွင့်ကျယ်၊ ရဲ့လင်းချန်က ငါ့ကျောင်းသား၊ သူက ငါနဲ့ အတူလာတာ”

ရှုဝမ်ချင်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။

ဝူကျွင့်ကျယ်၏ မျက်လုံးတွင် ဒေါသရိပ် ဖြတ်ပြေးသွားပြီး လှောင်ရယ်လိုက်သည်။

“ရတယ် အဆင်ပြေတယ်၊ ဒါပေမဲ့ ငါတို့အားလုံးက ဈေးကြီးတဲ့ အမှတ်တံဆိပ်တွေ ဝတ်ထားကြတာ၊ သူ့အဝတ်အစားတွေအားလုံးက အတုတွေပဲ၊ သူ့ကို ဒီမှာ နေခိုင်းဖို့ လက်မခံနိုင်ဘူး”

All Chapters