← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

68

စုန့်ကျီပိုင်၏စကားလုံးများသည် နားကွဲမတတ် ကျယ်လောင်နေသကဲ့သို့ခံစားလိုက်ရသည်။

သူ့အသံမှာ အလွန်အမင်းမကျယ်လောင်လှသော်ငြားလည်း ထိုစကားများသည် လုရှီမန်စိတ်အတွင်းမှစ၍ တစ်ကိုယ်လုံးကိုတုန်လှုပ်သွားခဲ့သည်။ စုန့်ကျီပိုင်ထပ်မေးလိုက်၏။

“မင်း ကိုယ့်ကိုသဘောကျလား”

သူမသည် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မည်ကဲ့သို့တုံ့ပြန်ရမည်ကိုမသိတော့ချေ။

သူမ တိတ်ဆိတ်သွားသည်ကိုမြင်သောအခါ စုန့်ကျီပိုင်တစ်ယောက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပုံရသည်။ သူသည် လုရှီမန်အားမော့ကြည့်ကာ တိုးတိုးလေးရယ်မောလိုက်၏။ စုန့်ကျီပိုင် ဆက်ပြောလာသည်။

“ကျွန်တော်က မိုက်မဲလွန်းပါတယ်၊ သခင်မလေး အရမ်းကြီးလိုက်တွေးမနေပါနဲ့၊ ကျွန်တော့်စကားတွေကို ဒီအတိုင်းပဲသဘောထားလိုက်ပါ”

သူ့စကားပင်မဆုံးသေးခင်မှာပင် လုရှီမန် သူ့နှုတ်ခမ်းပေါ်သို့ လက်ညှိုးလေးဖိတင်လိုက်သည်။ လုရှီမန် အလျင်အမြန်တားဆီးလိုက်၏။

“နေပါဦး၊ ကျွန်မ သေသေချာချာမစဉ်းစားရသေးဘူးလေ၊ ရှင်က ဘာလို့ဒီလောက်လောနေရတာလဲ”

စုန့်ကျီပိုင်တစ်ယောက် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့မည်ဟု ခံစားလိုက်ရသဖြင့် သူမသည် သူ့ကိုဆက်မပြောရန် အလျင်အမြန် တားဆီးလိုက်ရသည်။ လုရှီမန် ရှင်းပြလိုက်၏။

“ကျွန်မက ကျွန်မတို့ရဲ့ဆက်ဆံရေးကို အလေးအနက်ထားပြီး စဉ်းစားနေတာပါ၊ ရှင့်ကိုမကြိုက်ဘူးလို့ ကျွန်မ မပြောရသေးဘူးလေ၊ အဲဒါကို ရှင်ကအခုကတည်းက ဝမ်းနည်းနေပြီ၊ ကျွန်မတို့ ဘာမှတောင်မစရသေးခင် ရှင်ကဘာလို့ နောက်ဆုတ်သွားရတာလဲ”

သူမအနေဖြင့် စိတ်ခံစားမှုကစားပွဲများကိုမကစားဘူးဟု ပြောခဲ့ဖူးသော်ငြား အတူတကွဖြတ်သန်းခဲ့ရသော ဤရက်ပိုင်းများအတွင်း စုန့်ကျီပိုင်သည် အလွန်ကောင်းမွန်သောလူတစ်ယောက်ဖြစ်ကြောင်း အခိုင်အမာသက်သေပြနိုင်ခဲ့ပြီးဖြစ်သည်။

သူသည် သဘောထားပြည့်ဝပြီး အရည်အချင်းရှိရုံသာမက ဆွဲဆောင်မှုရှိလှသောကြွက်သားမြှောင်းများကိုပါ ပိုင်ဆိုင်ထားသူဖြစ်သည်။ ဤကဲ့သို့သော ယောက်ျားတစ်ယောက်ကို မကြွေဆင်းမိရန်မှာ တကယ်ကိုခက်ခဲလှ၏။

ထို့အပြင် သူသည်ဖြူစင်ပြီး ရုပ်ရည်ချောမောသောလူငယ်လေးတစ်ယောက် ဖြစ်နေသည်ပင်။ သူမက အနည်းငယ်တွေဝေဆိုင်းတွနေခဲ့ခြင်းသာ ဖြစ်သည်။ လုရှီမန် ပွင့်ပွင့်လင်းလင်းဖွင့်ဟလိုက်သည်။

“ရှင့်ကို အရမ်းကြီးသဘောကျနေပြီလားလို့မေးရင်တော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ ရှင့်ကိုသဘောမကျဖို့ဆိုတာကလည်း လုံးဝမဖြစ်နိုင်တဲ့အရာပဲ”

လုရှီမန် ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်၏။

“စုန့်ကျီပိုင် ကျွန်မဆုံးဖြတ်လိုက်ပြီ၊ ရှင့်ရဲ့စိတ်ခံစားမှုကစားပွဲထဲမှာ ကျွန်မ ပါဝင်ကစားပေးမယ်”

သူမ ပြုံးစစဖြင့်မေးလိုက်သည်။

“ရှင်ကရော လိုလိုလားလားရှိရဲ့လား”

သူမသည် နားရွက်ဖျားလေးများ ထပ်မံနီရဲလာသော စုန့်ကျီပိုင်ထံ လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

ရည်းစားထားခြင်းနှင့် ပတ်သက်၍မူ သူမအတိတ်ဘဝတုန်းက တစ်ခါမျှမလုပ်ခဲ့ဖူးရာ ဤဘဝတွင်တစ်ကြိမ်တစ်ခါလောက် လုပ်ကြည့်ရခြင်းက ဘာမှဆုံးရှုံးသွားနိုင်စရာအကြောင်းမရှိပေ။

အဆိုးဆုံးအခြေအနေဆိုလျှင်တောင်မှ သူမသည် ကောင်လေးတစ်ယောက်ကို အသည်းခွဲလိုက်သောမိန်းမဆိုးတစ်ယောက်အနေဖြင့် စုန့်ကျီပိုင်အားပစ်ချထားခဲ့လိုက်ရုံသာရှိသည်။

စုန့်ကျီပိုင်ရင်ထဲတွင်တော့ ဗုံတီးနေသကဲ့သို့ ပြင်းထန်စွာခုန်ပေါက်နေတော့သည်။

သူ အဘယ်ကြောင့် လိုလိုလားလားမရှိဘဲနေနိုင်မည်နည်း။

စုန့်ကျီပိုင် ချက်ချင်းတုံ့ပြန်လိုက်သည်။

“လုံလောက်ပါပြီ၊ ဒီထက်ပိုလိုချင်တာ ဘာမှမရှိတော့ပါဘူး”

လွန်ခဲ့သောရက်များအတွင်း သူမ၏မြှူဆွယ်နောက်ပြောင်မှုများအောက်တွင် သခင်မလေးသည် သူ့နှလုံးသားထဲ၌ နေရာယူထားခဲ့သည်မှာ အ‌တော်ကြာမြင့်နေပြီဖြစ်သည်။

လုရှီမန် မျက်ခုံးပင့်ကာမေးလိုက်၏။

“ဒါဆိုရင် ရှင့်ရဲ့ဗိုက်ကြွက်သားတွေကို ကျွန်မ အချိန်မရွေးစမ်းကြည့်လို့ရပြီဆိုတဲ့သဘောပေါ့”

ညစ်ညမ်းသောအတွေးများဖြင့် ပြည့်နှက်နေသည့် ဤမိန်းကလေးတွင် အခြားမည်သည့်အတွေးမျှ မရှိချေ။ သူမ၏ပထမဆုံးသောအတွေးက ဗိုက်ကြွက်သားများဆီသို့သာ ရောက်ရှိနေသည်။

ထိုကြွက်သားများသည် တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ယခင်ကဆိုလျှင် သူမအနေဖြင့် မျက်စိဖြင့်သာ ငေးမောကြည့်ရှုခွင့်ရခဲ့သော်လည်း ယခု သူကသဘောတူလိုက်ပြီဖြစ်ရာ သူမနေ့တိုင်း စမ်းသပ်ထိတွေ့ခွင့်ရတော့မည်ပင်။ ဤသည်က ဝတ္ထုထဲသို့ကူးပြောင်းလာရခြင်း၏ အကျိုးကျေးဇူးများဖြစ်နိုင်၏။

သူမ ပျော်ရွှင်ရတော့မည်ဖြစ်သည်။

စုန့်ကျီပိုင်သည် မနေ့က အရိုးမပါသကဲ့သို့ နူးညံ့လှသော ထိုလက်လေးများကို ပြန်လည်သတိရသွားပြီး သူ့မျက်နှာတစ်ခုလုံး ငရုတ်သီးတောင့်ပမာ နီရဲသွားတော့၏။ လုရှီမန်ကို သူကြည့်ကာ ရှက်သွေးဖြာနေရင်း ခေါင်းညိတ်ပြလိုက်သည်။

သခင်မလေးလိုချင်တောင့်တသောအရာဖြစ်နေသရွေ့ သူမကျေနပ်အားရစေရန်အတွက် သူအစွမ်းကုန်လုပ်ဆောင်ပေးမည်ဖြစ်သည်။ ဤအရာက စမ်းသပ်ထိတွေ့ရုံလေးမျှသာ ဖြစ်သည်ပင်။

ဤကိစ္စကကြီးကြီးမားမားအရာတစ်ခု မဟုတ်ချေ။ သူမကို သူစိတ်ကျေနပ်အောင်ထားရှိရမည်သာဖြစ်သည်။

စုန့်ကျီပိုင်သည် လုရှီမန်လက်ကိုဆွဲယူကာ သူ့ဗိုက်ကြွက်သားများပေါ်သို့ တိုက်ရိုက်တင်ပေးလိုက်သည်။ စုန့်ကျီပိုင် ရှက်ရွံ့စွာပြောလာ၏။

“မင်း စမ်းချင်သလောက် စမ်းလို့ရပါတယ်”

ထိုသို့ပြောပြီးနောက် သူ့နားရွက်ဖျားလေးများသည် ပြုတ်ထားသော ပုစွန်တစ်ကောင်ပမာ ပို၍ပင်နီရဲလာခဲ့သည်။

အဝတ်အစားပေါ်မှတစ်ဆင့် ထိတွေ့ရခြင်းက သခင်မလေးကို လုံလောက်အောင်ကျေနပ်မှုမပေးစွမ်းနိုင်ဟု ခံစားမိ၍လားမသိပေ။ စုန့်ကျီပိုင်သည် ခေတ္တမျှငြိမ်သက်သွားပြီးနောက် လက်တစ်ဖက်ဖြင့် သူ့အင်္ကျီကိုဆွဲဟလိုက်ကာ အခြားလက်တစ်ဖက်ဖြင့် လုရှီမန်လက်ကို ထင်ရှားပေါ်လွင်နေသော ကြွက်သားများပေါ်သို့ တိုက်ရိုက်တင်ပေးလိုက်၏။

သူမလက်ကို အဝတ်အစားပေါ်သို့ တင်လိုက်ချိန်တွင်ပင် လုရှီမန်မျက်နှာမှာ ရှက်သွေးဖြာနေခဲ့ပြီဖြစ်သည်။

သူမသည် ယခင်က တစ်ကြိမ်ထိတွေ့ဖူးခဲ့ပြီးဖြစ်သော်ငြား ယခုတစ်ဖန် ထပ်မံခံစားရချိန်တွင်တော့ သူမ၏တည်ငြိမ်မှုကို လုံးဝထိန်းသိမ်းမထားနိုင်တော့ချေ။

သူမသည် ဗိုက်ကြွက်သားများပေါ်သို့ လက်ဖြင့် အလျင်အမြန်ပွတ်သပ်လိုက်ပြီးနောက် ပြန်ရုတ်ရန်ပြင်လိုက်၏။

ဤကဲ့သို့သော အပြုအမူက အနည်းငယ်တော့ ရင်းနှီးကျွမ်းဝင်လွန်းနေလေ၏။

သို့သော်လည်း စုန့်ကျီပိုင်သည် သူမလက်ကိုအောက်သို့ ခပ်တင်းတင်းဖိချထားပြီး သူမကိုဖယ်ခွင့်မပြုခဲ့ချေ။

သခင်မလေးသည် ဤအထိအတွေ့ကို သဘောကျကြောင်း သိသာထင်ရှားနေပါလျက်နှင့် အဘယ်ကြောင့် ဆက်မလုပ်တော့သနည်း။

သူ့ဗိုက်ကြွက်သားများက ဆွဲဆောင်မှု မရှိတော့သည်များလား။

စုန့်ကျီပိုင် မကျေမနပ်ဖြစ်နေသော လေသံလေးဖြင့် မေးလိုက်သည်။

“မင်း ဒါတွေကိုသဘောမကျတော့ဘူးလား”

သခင်မလေးသည် အသစ်ကိုငြီးငွေ့လွယ်ပြီး အဟောင်းကိုသာသဘောကျတတ်သူဖြစ်ကြောင်း သူသိထားသော်လည်း ယခုကိစ္စသည် စတင်ရုံမျှသာရှိသေးသည်ပင်။

သူ့စကားများကြားလိုက်ရသောအခါ လုရှီမန်၏နှလုံးသားမှာ ဒိုင်းခနဲ ခုန်ပေါက်သွားတော့သည်။

‘ဒါက သိသိသာသာကို အပြစ်ကျူးလွန်နေတာပဲ၊ စုန့်ကျီပိုင်က ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နေရတာလဲ၊ လူတစ်ယောက်ကို သူ့ဗိုက်ကြွက်သားတွေ အတင်းအဓမ္မ လာစမ်းခိုင်းနေတယ်ပေါ့လေ၊ ငါက မိန်းကလေးတစ်ယောက်လေ၊ ငါ့မှာ ကိုယ်ပိုင်ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်မဟုတ်လား'

‘သူ့လုပ်ရပ်က ငါ့ကို အရမ်းတပ်မက်ဆာလောင်နေတဲ့သူတစ်ယောက်ပုံစံ ပေါက်သွားစေတယ်ဟ'

သို့သော်လည်း အရည်လဲ့နေသော သူ့မျက်ဝန်းများကိုကြည့်ကာ သူမ ငြင်းဆန်ရန်အထိ မရက်စက်နိုင်ခဲ့ချေ။

သူ့ခန္ဓာကိုယ်အပူချိန်က ပိုမိုပူလောင်လာခဲ့ပြီး စုန့်ကျီပိုင်မျက်လုံးများသည်လည်း ပို၍မှောင်မိုက်လာခဲ့သည်။

သူ့အကြည့်များထဲတွင် စိတ်ခံစားမှု များစွာက ရေမျက်နှာပြင်ပေါ်၌ ပေါ်ပေါက်လာသကဲ့သို့ဖြစ်နေသော်လည်း ထိုခံစားချက်များကို အတင်းအကျပ် ဖိနှိပ်ချုပ်တည်းထားပုံရသည်။

သူ့အသက်ရှူသံများမှာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာခဲ့ပြီး လုရှီမန်သည်လည်း တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိသွား၏။

All Chapters