တစ်နေ့တွင် ထူးချွန်သောစက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်သူ လုရှီမန်နိုးလာသောအခါ စာအုပ်ထဲတွင်ဖော်ပြထားသည့်အတိုင်း ဇီကျန်းမြို့မှနာမည်ဆိုးဖြင့် ကျော်ကြားပြီး အလိုလိုက်ခံထားရသော ချမ်းသာသည့်တုံးအအမိန်းကလေးတစ်ဦး၏ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းရောက်ရှိသွားကြောင်း သိလိုက်ရသည်။ မုန်တိုင်းမတိုက်ခတ်မီအချိန်တွင် သူမသည် မိသားစုနောက်ခံကို အသုံးချကာ ပြဿနာရှာရင်း သူမ၏ဆန်ကုန်မြေလေးအဖေဖြစ်သူနှင့်သူ့မိသားစုတို့ ဟောင်ကောင်သို့ငွေများယူကာ ထွက်ပြေးစဉ်တွင် အာရုံစိုက်မှုများအားလုံးကို သူမထံသို့ရောက်ရှိလာစေရန်တွန်းပို့ခံခဲ့ရသည်။ ဝမ်းနည်းစရာကောင်းသည်မှာ သူမသည်ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးခဲ့ရပြီး အလုပ်ကြမ်းစခန်းတွင် ပြုပြင်ပြောင်းလဲရန် အနောက်မြောက်ဘက်သို့ပို့ဆောင်ခံခဲ့ရကာ တစ်လအတွင်းမှာပင် ဂိုဘီသဲကန္တာရ၌ သေဆုံးသွားခဲ့ရ၏။ စာအုပ်ထဲသို့ ကူးပြောင်းရောက်ရှိသွားသည့် လုရှီမန်သည် လုမိသားစု၏ဘဏ္ဍာတိုက်တစ်ခုလုံးကို သိမ်းပိုက်လိုက်သည်။ နင့်ဘာသာ အမျိုးသမီးဇာတ်ဆောင်ပဲဖြစ်ဖြစ် အမျိုးသားဇာတ်ဆောင်ပဲဖြစ်ဖြစ် သူတို့အားလုံးကို တိုင်းပြည်အတွက် အမှုထမ်းပြီး အပြစ်ဖြေဖို့အတွက် အနောက်မြောက်ဘက်ကိုပို့လိုက်စမ်းပါ။ သူမသည် ဟောင်ကောင်သို့မသွားနိုင်သလို သူမပိုင်ဆိုင်မှုများစွာကိုလည်း ဖြုန်းတီးပစ်၍မရပေ။ သူမတွေဝေနေစဉ်မှာပင် စုန့်ကျီပိုင်မှ ရှေ့တိုးလာခဲ့သည်။ ကျွန်းတစ်ကျွန်းပေါ်က စစ်တပ်မှာဝင်လုပ်ရမှာလား ဒါအကြံကောင်းပဲ။ ငါက အဆင့်မြင့်လက်ထောက်တစ်ယောက်ကို အလကားရလိုက်ပြီး ဘဝကို ဆက်ပြီးပျော်ပါးနိုင်ဦးမှာပဲလေ။ ငါ့လက်ထောက်မှာ ပုခုံးကျယ်ကျယ်၊ ခါးသိမ်သိမ်နဲ့ ကြွက်သားရှစ်ခုပါတဲ့ဝမ်းဗိုက်ရှိတယ်ဟ။ သူက တိတ်တဆိတ်နေတတ်ပေမဲ့ စွမ်းဆောင်ရည်ရှိပြီး ပိုကြည့်မိလေ ပိုသဘောကျစရာကောင်းလေပဲ။ လုရှီမန်မှာ စုန့်ကျီပိုင်၏ခါးကိုဆိတ်လိုက်ပြီး သူ့ထံစူးစူးစိုက်စိုက်ကြည့်လိုက်သည်။ "ဒီနေ့ကစပြီး ရှင် ကျွန်မနဲ့ငါးမီတာအကွာမှာပဲနေရမယ်"

