← Chapters

အခန်း ၃၈၁

Vol. 39 Ch. 381

အခန်း ၃၈၁

Vol. 39 Ch. 381

အခန်း (၃၈၁) အင်မော်တယ်ကျင့်စဉ်ကျင့်ကြံခြင်း

​အသံများကို ကြားလိုက်ရသဖြင့် ကျန်းယဲ့က ပြတင်းပေါက်သို့ သွားကာ အပြင်သို့ ကြည့်လိုက်ရာ အံ့ဩသွားသဖြင့် မျက်ခုံးတစ်ဖက် ပင့်သွားမိသည်။

​ရှေ့ဆုံးကားမှ ဆင်းလာသူများမှာ သူ၏ မိတ်ဟောင်းဆွေဟောင်းများဖြစ်သည့် နဂါးပြာတပ်ဖွဲ့ပင်။

​နဂါးပြာ၊ ဖုန်းကျဲ့၊ ရှန်းယွဲ့၊ ကျီးရင်း နှင့် သူတို့၏ အဖွဲ့သားများက ယခင်ကအတိုင်း တက်ကြွပြီး စွမ်းဆောင်ရည်ပြည့်ဝသည့်ပုံစံဖြင့် သူတို့၏ မျက်နှာများထက်တွင် ရွှင်လန်းသော အပြုံးများဆင်မြန်းကာ ကျန်းယဲ့ထံသို့ လျှောက်လာလိုက်ကြ၏။

​"ဒါရိုက်တာကျန်း... မတွေ့တာ ကြာပြီနော်..." နဂါးပြာက ဩရှရှအသံဖြင့် အရင်ဆုံး နှုတ်ဆက်လိုက်သည်။

​ဖုန်းကျဲ့က ပြုံးကာ ခေါင်းညိတ် နှုတ်ဆက်လိုက်၏။

​ရှန်းယွဲ့က သဘောကောင်းသည့် အပြုံးတစ်ခုဖြင့် ပြုံးပြလေသည်။

​ကျီးရင်းကလည်း ပြတ်သားသောအသံဖြင့် နှုတ်ဆက်လာခဲ့သည်။

​...

​ကျန်းယဲ့က သူတို့ကို ပြုံးကာ နှုတ်ဆက်လိုက်ပြီး တစ်ယောက်ချင်းစီနှင့် လက်သီးချင်း တိုက်လိုက်၏။ "အော်... ပစ္စည်းတွေလာသယ်တာ မင်းတို့အဖွဲ့ကိုး... ကြည့်ရတာ အထက်ကလူတွေက ဒီကိစ္စကို အရမ်း အလေးထားပုံရတယ်..."

​ထို့နောက် သူက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ "ဒါနဲ့... ကျင်းလေ့ရော ဘယ်လိုနေသေးလဲ... ဟိုတစ်ခေါက်က ဆေးက အစွမ်းပြရဲ့လား..."

​နဂါးပြာက ကျေနပ်စွာ ပြုံးလိုက်ပြီး သေချာပေါက် ခေါင်းညိတ်ပြလိုက်၏။ "စိတ်မပူပါနဲ့... မင်းရဲ့ ဆေးက တကယ် အစွမ်းထက်တယ်... ကျင်းလေ့က ဆေးသောက်ပြီး သိပ်မကြာခင်မှာပဲ သတိပြန်ရလာပြီး အရမ်းကို မြန်မြန်ဆန်ဆန် နာလန်ထလာတယ်... အခုဆိုရင် အရင်ကအတိုင်း ပြန်ပြီး သန်စွမ်းနေပြီ... ဆေးရုံကဆင်းတာနဲ့ မင်းဆီကို ကိုယ်တိုင်လာပြီး ကျေးဇူးတင်စကား ပြောမယ်လို့တောင် ပြောနေသေးတယ်..."

(NT- အရင်တွေက ကုတ်နာမည်တွေနဲ့ သုံးထားပေမဲ့ ခုက မူရင်းပါတာကို သုံးထားပါတယ်ဗျ)

​ကျင်းလေ့ ဘေးကင်းကြောင်း ကြားလိုက်ရသည့်အခါ ကျန်းယဲ့က စိတ်သက်သာရာရသွားပြီး ပြုံးကာ ပြောလိုက်သည်။ "လူတိုင်း အဆင်ပြေတယ်ဆိုရင် ကောင်းတာပေါ့..."

​အပြန်အလှန် နှုတ်ခွန်းဆက်ပြီးနောက် နှစ်ဖက်စလုံးက အလုပ်ကို လျင်မြန်စွာ စတင်လိုက်ကြ၏။ မည်သို့ပင်ဆိုစေ ဤပစ္စည်းများက သာမန်ပစ္စည်းများ မဟုတ်ချေ။

​ကျန်းယဲ့က နဂါးပြာနှင့် အခြားသူများ၏ နောက်မှလိုက်ကာ ထိုအထူးပြုလုပ်ထားသော သယ်ယူပို့ဆောင်ရေးယာဉ်များ၏ နောက်ဘက်သို့ သွားလိုက်သည်။

​ထို့နောက် သူက စိတ်ဖြင့်တွေးလိုက်ပြီး စနစ် ဟင်းလင်းပြင်ထဲမှ ပစ္စည်းများကို စတင်ထုတ်ယူလိုက်လေသည်။

​ပထမဆုံးအနေဖြင့် သတ္တုရောင်လက်နေပြီး ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် စစ်သင်္ဘောသံချပ်ကာပြား အပိုင်းအစများ ထွက်လာ၏။ ထို့နောက် စွမ်းအင်ပိုက်လုံးများဟု ထင်ရသည့်အရာများနှင့် အထူအပါး အမျိုးမျိုးရှိသည့် ရှုပ်ထွေးသော ဝါယာကြိုးခွေများ ထွက်လာပြန်သည်။

ထို့နောက် ၎င်းတို့၏ ရည်ရွယ်ချက်ကို လုံးဝ နားမလည်နိုင်သော်လည်း ခေတ်မီနည်းပညာများဖြင့် ဖန်တီးထားပုံရသည့် စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ ထွက်လာလေသည်။

နောက်ဆုံးတွင် အတော်အသင့် အကောင်းပကတိအတိုင်းရှိသေးသည့် ပျက်စီးနေသော တိုက်ခိုက်ရေးစက်ရုပ်နှင့် အခြားအကူစက်ရုပ်အချို့၏ အပိုင်းအစများ ထွက်လာခဲ့၏။

​သူက အဆုံးအစမရှိသော ရတနာသိုက်ကြီးတစ်ခုကဲ့သို့ ကြယ်တာရာခေတ်မှ အမှိုက်များကို အဆက်မပြတ် ထုတ်လွှတ်ပေးနေချေသည်။

​ဤဧရာမပစ္စည်းကြီးများ သို့မဟုတ် တိကျသော အစိတ်အပိုင်းများ ထွက်လာသည်နှင့် နဂါးပြာအဖွဲ့နှင့် အတူပါလာသည့် နည်းပညာရှင်များက ၎င်းတို့ကို ချက်ချင်း ဂရုတစိုက်ကိုင်တွယ်ကာ ကားထဲရှိ အထူးဒီဇိုင်းထုတ်ထားသော ကြားခံစင်များပေါ်တွင် ချထားလိုက်ကြ၏။

​ကားတစ်စီး၏ နေရာက လျင်မြန်စွာ ပြည့်သွားပြီးနောက် ဒုတိယကား၊ တတိယကား...

​ကြီးမားလှသော သယ်ယူပို့ဆောင်ရေးကားကြီး သုံးစီး၏ ကုန်ပစ္စည်းတင်သည့် နေရာများ အပြည့်အသိပ် ပြည့်သွားပြီးမှသာ ကျန်းယဲ့က ရပ်တန့်လိုက်ပြီး သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။

​တောင်ပုံရာပုံဖြစ်နေသည့် တိုက်ပွဲဝင်လက်ရာများကို ကြည့်ကာ သူ၏ စိတ်ထဲတွင် ကံကောင်းသည်ဟု မနေနိုင်တော့ဘဲ တွေးလိုက်မိ၏။

​ကံကောင်းလို့... စနစ်က ပေးထားတဲ့ သိုလှောင်ရေးဟင်းလင်းပြင်က အဆင့်အသစ်တစ်ခု ပွင့်တိုင်း ပိုပိုကျယ်လာလို့ပေါ့...

​တကယ်လို့ အစကလို တစ်ကုဗမီတာ၊ နှစ်ကုဗမီတာလောက်ပဲ ရှိနေသေးရင် စစ်သင်္ဘောအပျက်အစီးဆိုတာကို ထားလိုက်.... အစိတ်အပိုင်းကောင်းကောင်း တစ်ခုကိုတောင် ဆံ့မှာမဟုတ်ဘူး...

​နဂါးပြာက မည်သည့်နိုင်ငံ၏ သုတေသနအဖွဲ့အစည်းကိုမဆို ရူးသွပ်သွားစေနိုင်သည့် ရတနာသိုက်သုံးခုကို ကြည့်ကာ သူကဲ့သို့ တည်ငြိမ်သူတစ်ယောက်ပင် သူ၏ မျက်ဝန်းများထဲရှိ အံ့ဩမှုနှင့် စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်တော့ချေ။

​သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ကျန်းယဲ့အား လေးနက်စွာ အလေးပြုလိုက်၏။ "ကျန်းယဲ့... မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်... ဒီပစ္စည်းတွေကို အန္တရာယ်ကင်းကင်းနဲ့ လုံလုံခြုံခြုံ ပို့ဆောင်ပေးနိုင်ဖို့ ငါတို့ အစွမ်းကုန် ကြိုးစားသွားမှာပါ..."

​ကျန်းယဲ့က ခေါင်းညိတ်ကာ သူ၏ ပခုံးကို ပုတ်လိုက်၏။ "သွားတော့... လမ်းမှာ ဂရုစိုက်သွားကြ..."

​ကြယ်တာရာကမ္ဘာမှ ယူဆောင်လာသည့် အကျိုးအမြတ်များက စွမ်းအင်နှင့် နောက်ဆုံးပေါ် စစ်ရေးနယ်ပယ်များတွင်သာ အဓိက အသုံးချနိုင်သည့် သဘောသဘာဝရှိသောကြောင့် ရွှမ်ဝူတိုက်မှ ရရှိလာသည့် ဆေးလုံးများကဲ့သို့ အများပြည်သူကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ မဖြစ်ပေါ်ခဲ့ချေ။

​သာမန်လူအများစုက ၎င်းနှင့် ပတ်သက်၍ အတွေ့အကြုံ မရှိကြချေ။ အထူးသဖြင့် ဤကြယ်တာရာခရီးစဉ်တွင် ပါဝင်ခဲ့သည့် ခရီးသွားများက ဂြိုဟ်သားအကျဉ်းထောင်တစ်ခုထဲသို့ တိုက်ရိုက် ပစ်ချခံခဲ့ရကြောင်း အမည်မသိ ရင်းမြစ်တစ်ခုမှ သတင်းများ ထွက်ပေါ်လာသည့်အခါ လှောင်ပြောင်မှုများစွာ ထွက်ပေါ်လာကြသည်။

​[ဟားဟား... ရယ်လို့ကို မဆုံးတော့ဘူး... တခြားလူတွေ ကူးပြောင်းသွားတာက ကြယ်တွေနဲ့ ပင်လယ်ပြင်ကြီးလို လှပနေပေမဲ့ ဒါရိုက်တာကျန်းရဲ့ အဖွဲ့ကတော့ ထောင်တွင်းဇာတ်လမ်း သွားရိုက်နေရသလိုပဲ...]

​[ဒီခရီးသွားတွေအတွက် သုံးစက္ကန့်လောက်တော့ သနားသွားမိတယ်... သူတို့ရဲ့ သယ်ယူပို့ဆောင်ရေး ကံကြမ္မာကတော့ ယုံတောင် မယုံနိုင်စရာပဲ...]

​[ရွှမ်ဝူတိုက်ကို သွားခဲ့တဲ့သူတွေက ကံကောင်းတာပဲ... အနည်းဆုံးတော့ ရှုခင်းတွေ ခံစားခွင့်ရပြီး အင်မော်တယ်ဆေးတွေတောင် ပြန်သယ်လာနိုင်သေးတယ်လေ...]

​[ကြယ်တာရာ အကျဉ်းထောင်ထဲမှာ ခုနစ်ရက်တဲ့လား... ဒီခရီးသွားပရောဂျက်က အရမ်းကို ကြမ်းတမ်းလွန်းတယ်...]

​အင်တာနက်ပေါ်တွင် ရယ်စရာပြက်လုံးများ ချက်ချင်း ပြည့်နှက်သွားပြီး ခရီးသွားများ၏ ကံဆိုးသော အတွေ့အကြုံများကို လှောင်ပြောင်သူများစွာ ရှိနေခဲ့၏။

​တစ်ချိန်တည်းမှာပင် ကြယ်တာရာခရီးစဉ်တွင် တကယ်တမ်း ပါဝင်ခဲ့ပြီး တိတ်တဆိတ် ချမ်းသာသွားကြသည့် ထိုခရီးသွားများကမူ အံ့ဩစရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့ကြလေသည်။

​သူတို့ ယူဆောင်လာခဲ့သည့် ကြယ်အမြုတေကျောက်များနှင့် တစ်ဦးချင်းစီ သိမ်းဆည်းခွင့်ပြုထားသည့် သေးငယ်သော စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်း အနည်းငယ်ကို သက်ဆိုင်ရာဌာနများက ကောင်းမွန်သော သတ်မှတ်ချက်များ၊ စျေးနှုန်းများဖြင့် ကမ်းလှမ်းလာကြကာ တင်းကြပ်သော လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးစေခဲ့၏။

​အစစ်အမှန် ငွေကြေးများနှင့် လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူညီချက်များရှေ့တွင် မည်သူကမျှ အပြင်သို့ စကားတစ်ခွန်းမျှ ထုတ်ပြောမည်မဟုတ်သည်မှာ သဘာဝပင်။ တကယ်တော့ သူတို့က နားလည်မှုလွဲနေသည်များကို မြင်တွေ့ရသည်မှာ ပျော်ရွှင်နေကြပြီး ၎င်းက သူတို့၏ အစစ်အမှန် အကျိုးအမြတ်များကို အလွယ်တကူ ဖုံးကွယ်ပေးထားနိုင်လေသည်။

​ကြယ်တာရာကမ္ဘာမှ ယူဆောင်လာသည့် အစစ်အမှန် တန်ဖိုးကိုမူ နိုင်ငံတော်အဆင့်ရှိ အဓိက အဖွဲ့အစည်းများနှင့် ထိပ်တန်း သုတေသနအဖွဲ့များသာ အမှန်တကယ် နားလည်ကြသည်။

​လူအများစုအတွက်မူ ထာဝရအသက်ရှင်ခြင်း မျှော်လင့်ချက်နှင့် တစ်ဦးချင်းစီ၏ စွမ်းရည်များကို မြှင့်တင်ပေးနိုင်သည့် ကျင့်ကြံခြင်းကမ္ဘာက ပို၍ တန်ဖိုးကြီးမားပုံရ၏။

သို့သော် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ချမှတ်သူများ၏ အမြင်တွင်မူ ကြယ်တာရာကမ္ဘာမှ ရရှိလာသည့် နည်းပညာဆိုင်ရာ ရတနာသိုက်က စွမ်းအင်နှင့် ပစ္စည်းပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုများကို အရေးတကြီး လိုအပ်နေသည့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော ကဏ္ဍတစ်ခုအတွက် အလွန် အရေးပါလှပေသည်။

လိုအပ်ချက်များ ပြည့်နှက်နေသည့် ကမ္ဘာမြေအတွက်မူ ၎င်း၏ လက်တွေ့ကျသော အရေးပါမှုနှင့် ရရှိနိုင်မည့် မဟာဗျူဟာမြောက်တန်ဖိုးက ရေတိုကာလတွင် ရွှမ်ဝူတိုက်ထက်ပင် သာလွန်နေချေသည်။

​အကြောင်းပြချက်မှာ ရိုးရှင်းလှ၏။ နည်းပညာလမ်းကြောင်းဆိုသည်မှာ လက်ရှိ ရူပဗေဒစည်းမျဉ်းများနှင့် စက်မှုအခြေခံအုတ်မြစ်များကို တိုးချဲ့ထားခြင်းဖြစ်ပြီး သုတေသနပြုလုပ်ရန်၊ ပုံတူကူးရန်နှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ ဖန်တီးရန်အတွက် အလွန်အားကောင်းသည့် အလားအလာများ ရှိနေသောကြောင့်ပင်။

​ထိုကြယ်တာရာ နျူကလီးယားစွမ်းအင်.... ဂြိုဟ်သား သတ္တုစပ်များနှင့် ကွမ်တမ်ဆက်သွယ်ရေးနည်းပညာ အပိုင်းအစများက လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း စုပ်ယူကာ အစစ်အမှန် အမျိုးသားအင်အားအဖြစ် ပြောင်းလဲပစ်နိုင်သည့် အလားအလာများ ရှိနေချေသည်။

​ကျင့်ကြံခြင်းလမ်းကြောင်းက သေချာပေါက် ဆွဲဆောင်မှုရှိသော်လည်း ၎င်း၏ အခြေခံအုတ်မြစ်ဖြစ်သော ဝိညာဉ်ချီက ကမ္ဘာမြေပေါ်တွင် တည်ရှိမှု၊ သိပ်သည်းမှုနှင့် အသုံးပြုနိုင်စွမ်းတို့မှာ ကြီးမားသော မေးခွန်းထုတ်စရာတစ်ခုအဖြစ် ရှိနေဆဲပင်။

​၎င်းက လေထဲတွင် တွဲလွဲဆွဲထားသည့် မဏ္ဍပ်တစ်ခုနှင့် ပိုတူနေ၏။ လှပသော်လည်း ၎င်း၏ အခြေခံအုတ်မြစ်က မရှင်းလင်းလှချေ။

​ယှဉ်ကြည့်မည်ဆိုလျှင် ယဉ်ကျေးမှုအဆင့်အတန်းကို တိုက်ရိုက်မြှင့်တင်ပေးနိုင်ပြီး နောက်ခေတ်တစ်ခုဆီသို့ ခိုင်မာစွာ တွန်းပို့ပေးနိုင်မည့် ကြယ်တာရာနည်းပညာက ဆုံးဖြတ်ချက်ချမှတ်သူများ၏ ချိန်ခွင်လျှာတွင် ပို၍ အလေးသာနေသည်မှာ သဘာဝပင်။

​နောက်ရက်များတွင် ကျန်းယဲ့က အားမနေခဲ့ချေ။

​ရွှမ်ဝူတိုက်ရှိ ကျင့်ကြံသူများ၏ ကြီးမားလှသော အင်အားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးနောက် သူ၏ ကိုယ်ပိုင်အင်အားကို မြှင့်တင်ရန် မျှော်လင့်ချက်များ ရှိနေဆဲပင်။

​ရွှမ်ဝူတိုက်မှ အလဲအလှယ်လုပ်ကာ ရရှိလာသည့် အခြေခံကျင့်စဉ်အချို့ကို သူ ရယူလေ့လာမည် ဖြစ်၏။ သူက ကျင့်စဉ်ကျမ်းများကို အကြိမ်ကြိမ် လေ့လာပြီး အဆင့်များ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူ၏ ခရီးသွားအေဂျင်စီ ဒုတိယထပ်ရှိ အခန်းထဲတွင် ညွှန်ကြားချက်များအတိုင်း လိုက်လုပ်ကြည့်ရန် ကြိုးစားလေသည်။

သူက လက်ဝါးများကို အထက်သို့လှန်ကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ ပထမဆုံး အသက်ရှူကျင့်စဉ်ကို စတင်လိုက်ကာ ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်ချီကို အာရုံခံပြီး လှုံ့ဆော်နိုင်ရန် ကြိုးစားလိုက်၏။

​တစ်နာရီ ကုန်ဆုံးသွားသည်...

​နှစ်နာရီ ကုန်ဆုံးသွားသည်...

​နေ့ဝက် ကုန်ဆုံးသွားသည်...

​ကျန်းယဲ့က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူ၏ မျက်နှာတွင် ကူကယ်ရာမဲ့မှုနှင့် နားမလည်နိုင်မှု အရိပ်အယောင်များ ပေါ်လာရသည်။

​သူက ဘာထူးခြားမှုကိုမှ အာရုံမခံမိခဲ့ဘဲ ဝိညာဉ်ချီဆိုသည်ကိုတော့ ဝေလာဝေးပင်။ သူက ဘာခံစားချက်မှ မရှိဘဲ အချိန်အကြာကြီး အငေးသား ထိုင်နေခဲ့သကဲ့သို့သာ ဖြစ်နေ၏။

​မြို့လယ်ခေါင်တွင် တည်ရှိသည့် သူ၏အိမ်ကို ဝေ့ကြည့်လိုက်ပြီး သူက အတွေးနက်သွားချေသည်။

​နေရာကြောင့်များလား...

​မြို့ကြီးပြကြီးက အရမ်းညစ်ညမ်းနေလို့ ဝိညာဉ်ချီတွေက အရမ်းပါးလွှာနေတာများလား...

​ကျန်းယဲ့က သူ၏ အတွေးများကို လက်တွေ့အကောင်အထည်ဖော်ရန် ပြင်းပြသော ဆန္ဒရှိသူအဖြစ် လူသိများချေသည်။

​ထို့နောက် သူက ချက်ချင်းအိတ်ဆွဲကာ ဟန်ကျိုးနှင့် မဝေးလှသည့် မော့ကန်းတောင်တန်းများဆီသို့ ကားမောင်းထွက်လာခဲ့တော့သည်။

အခန်း ၃၈၁ပြီး၏။

All Chapters