← Chapters

အခန်း (၈၆၃-၈၆၄)

Vol. 73 Ch. 863-864

အခန်း (၈၆၃-၈၆၄)

Vol. 73 Ch. 863-864

အပိုင်း (၈၆၃)

“ဒါဆို အခု တာ့ရှီ ဘုရင်က ဘယ်သူလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

“ဧကရာဇ်ရဲ့ မိဖုရား ယောင်ရောင်က တာ့ရှီ ဘုရင် နေရာကို ပူးတွဲ တာဝန်ယူထားတယ်။” အနက်ရောင်ဘုရင်ကျိုးက ဖြေသည်။

ယောင်ရောင် ဆိုသည့် အမည်မှာ ယွင်ကျုံးဟဲ့ကို အရိုးထဲထိ စွဲနေအောင် မှတ်မိစေမည့် နောက်ထပ် နာမည် တစ်ခု ဖြစ်သည်။ သူမနှင့် ယွင်ကျုံးဟဲ့တို့ တွေ့ဆုံခဲ့ရသည့် အချိန်မှာ အလွန် တိုတောင်းခဲ့သော်လည်း ဖခင်ဖြစ်သူ အောက်ရှင်းကို ဖမ်းဆီးခဲ့ခြင်း၊ တာ့ရှ အင်ပါယာ၏ ဘုရင်အာဏာကို ဖြုတ်ချခဲ့ခြင်း၊ တာ့ရှ အင်ပါယာတွင် ယွင်ကျုံးဟဲ့ကို ဖမ်းဆီးခဲ့ခြင်း အားလုံးသည် သူမ၏ လက်ရာများပင် ဖြစ်၏။

ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “မင်းသား ယင်ချွီကော ”

အနက်ရောင်ဘုရင်ကျိုးက ဖြေ၏။ “သူလား။ သတင်း အစအနတောင် မရှိဘူး။ အသက်ရှင်နေလား၊ သေသွားပြီလား ဆိုတာ မသိရဘူး။”

ယွင်ကျုံးဟဲ့က မေးသည်။ “ဒါဆို အမတ်ကြီး ဖုန်းရှင်းမြဲ့ ကော။ ”

အနက်ရောင်ဘုရင်ကျိုးက ဖြေ၏။ “အကျဉ်းချခံထားရတယ်။”

ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “ရွှီအန်းထင် ကော။ ”

အနက်ရောင်ဘုရင်ကျိုးက ဖြေလိုက်၏။ “သူလည်း အကျဉ်းချခံထားရတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “ထျန်ထိုင်ကျင့် ကော။ ”

အနက်ရောင်ဘုရင်ကျိုးက သက်ပြင်းချကာ ဖြေလိုက်၏။ “တာရှန်းမိစ္ဆာနိုင်ငံရဲ့ မြို့စား တစ်ယောက် ဖြစ်နေပြီ။ အကြိမ်ကြိမ် အသွင်ပြောင်းထားလို့ အရမ်း အင်အားကြီးနေပြီ။”

ပိုင်ဖေးဖေးက ပြောသည်။ “ယွင်ကျုံးဟဲ့... ကျွန်မတို့ နောက်ဆုံး ရာဇသံ ရထားပြီးပြီ။ အကယ်၍ ကျွန်မနဲ့ အနက်ရောင်ဘုရင်ကျိုးက ရှင့်ကို သွားမတိုက်သေးဘူး ဆိုရင် တာရှန်းမိစ္ဆာနိုင်ငံရဲ့ သစ္စာဖောက်တွေ အဖြစ် သတ်မှတ်ခံရတော့မယ်။ အဲဒီအချိန်ကျရင် အင်ပါယာ တစ်ခုလုံးက စစ်တပ် စေလွှတ်ပြီး ကျွန်မတို့ကိုပါ အတူတူ ဖျက်ဆီးပစ်ကြလိမ့်မယ်။”

အနက်ရောင်ဘုရင်ကျိုးက ရှင်းပြလိုက်၏။ “အခု အခြေအနေမှာ မင်းက အရမ်း မြန်မြန်ဆန်ဆန် ကြီးထွားလာပြီး တောင်ပိုင်းပြည်နယ်ကို သိမ်းပိုက်လိုက်တယ်။ မင်းကို နှိမ်နင်းရမယ့် တာဝန်က ငါနဲ့ ပိုင်ယင်မြို့ရဲ့ ခေါင်းပေါ်မှာ ကျရောက်နေတယ်။

အကယ်၍ ငါတို့က မင်းကို ထွက်တိုက်ရင် သူတို့ရဲ့ အသုံးချခံ ဖြစ်သွားမှာပဲ။ ငါတို့နဲ့ မင်းက နှစ်ဦးနှစ်ဖက် အထိနာသွားပြီး တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဘုရင်ရာထူးကို လုယူနိုင်မယ့် အင်အားတွေ လုံးဝ ဆုံးရှုံးသွားလိမ့်မယ်။ ဒါပေမဲ့ ငါတို့က မင်းကို မတိုက်ဘူး ဆိုရင်တော့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ သစ္စာဖောက်တွေ ဖြစ်သွားမယ်။”

ပိုင်ဖေးဖေးက ပြောသည်။ “အဲဒါကြောင့် အခု အခြေအနေက အရမ်းကို ရှင်းလင်းနေပါပြီ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ပူးပေါင်းမယ်ဆိုရင် ဘယ်လို ပူးပေါင်းမှာလဲ။”

ပိုင်ဖေးဖေးက ဖြေသည်။ “တောင်ပိုင်းပြည်နယ်ကို ရှင့်ရဲ့ စစ်တပ်ကပဲ ဆက်လက် စောင့်ရှောက်ထားမယ်။ ဒါပေမဲ့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ အလံကို လဲလှယ် လွှင့်ထူရမယ်။ ကျင်းကျုံးယွဲ့ကလည်း ကျွန်မတို့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ သွေးကြော ရှိသူဆိုတော့ အနက်ရောင်ဘုရင်ကျိုးက သူမကို တာရှန်းမိစ္ဆာနိုင်ငံရဲ့ တောင်ပိုင်း မြို့စားသစ် အဖြစ် ဘွဲ့ထူး ချီးမြှင့်ပေးနိုင်တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဆိုလိုတာက ငါ့ဇနီး ကျင်းကျုံးယွဲ့ကို တာရှန်းမိစ္ဆာနိုင်ငံဆီ ပြန်လည် လက်နက်ချခိုင်းတာပေါ့။ တောင်ပိုင်းပြည်နယ်ကို တာရှန်းမိစ္ဆာနိုင်ငံရဲ့ နယ်မြေ အဖြစ် ပြန်ပြောင်းခိုင်းတာပေါ့။ ဟုတ်လား။”

ပိုင်ဖေးဖေးက ဖြေသည်။ “ဟုတ်တယ်။ ရှင်ကပဲ ဆက်လက် အုပ်ချုပ်ရမှာပါ။ အလံ တစ်လက်ပဲ လဲလိုက်ရုံလေးပါ။”

“မဖြစ်နိုင်ဘူး...”

ယွင်ကျုံးဟဲ့က ပြတ်သားစွာ ပြောလိုက်၏။ “လုံးဝ မဖြစ်နိုင်ဘူး။”

ပိုင်ဖေးဖေးက ပြောသည်။ “ဒါဆိုရင်တော့ ကျွန်မ နားမလည်တော့ဘူး။ ဘာလို့ မဖြစ်နိုင်ရတာလဲ။ ရှင်တို့ ဘာဆုံးရှုံးမှုမှ မရှိပါဘူး။ အလံ တစ်လက် လဲလိုက်ရုံလေးပဲလေ။”

ယွင်ကျုံးဟဲ့က ခေါင်းယမ်းကာ ပြောလိုက်၏။။ “ဒီအလံကပဲ အရေးကြီးတာလေ။ ငါတို့ရဲ့ စစ်တပ်က မင်းတို့နဲ့ မတူဘူး။ သူတို့က ငွေကြေးနဲ့ အကျိုးစီးပွားအတွက် တိုက်ခိုက်နေတာ မဟုတ်ဘူး။ သူတို့က ယုံကြည်ချက် အတွက် တိုက်ခိုက်နေတာ။ တာ့ယန် အင်ပါယာရဲ့ အလံ အရှေ့တိုင်း မြေပေါ်မှာ လွှင့်ထူနိုင်ဖို့အတွက် တိုက်ခိုက်နေတာ။ သူတို့က လူတစ်သိန်းနီးပါး အသေခံပြီး ပေးဆပ်ခဲ့ပြီးပြီ။ အကယ်၍ ငါက မင်းတို့ရဲ့ စည်းကမ်းချက်တွေကို သဘောတူလိုက်ရင် ငါက အရှက်မရှိတဲ့ သစ္စာဖောက်ပဲ။”

“ယွင်ကျုံးဟဲ့... ရှင် ဦးနှောက် ပျက်နေတာလား။”

ပိုင်ဖေးဖေးက ဒေါသတကြီး ပြောလိုက်သည်။ “အလံ တစ်လက်ပဲ လဲခိုင်းတာကို၊ အဲဒီလောက် အရေးကြီး လို့လား။ ကျွန်မတို့က နောက်ဆုံး ရာဇသံ ရထားပြီးပြီလို့ ပြောနေတယ်လေ။ ရှင့်ကို သေချာပေါက် ဖျက်ဆီးပစ်ရမယ်၊ တောင်ပိုင်းပြည်နယ်ကို သေချာပေါက် ပြန်လုယူရမယ်လို့။

ရှင်က အနက်ရောင်ဘုရင်ကျိုးရဲ့ ညီအရင်းပဲ။ ရှင်က ကျွန်မကလေးရဲ့ အဖေပဲ။ ကျွန်မတို့က ရှင်နဲ့ စစ်မတိုက်ချင်လို့ လာပြီး ဆွေးနွေးတာပါ။ ကျွန်မ ရှင့်ကို ပွင့်ပွင့်လင်းလင်း ပြောမယ်။ အခု ရှင်က ချောနေလို့သာ။ ရှင် အရင်က ပုံစံမျိုးသာ ဆိုရင် ကျွန်မ ရှင့်ကို အကြိမ် ရှစ်ရာလောက် သတ်ပြီးလောက်ပြီ။”

အနက်ရောင်ဘုရင်ကျိုးက ဖျောင်းဖျက်၏။ “စိတ်မဆိုးပါနဲ့၊ စိတ်မဆိုးပါနဲ့။”

ထို့နောက် သူက ယွင်ကျုံးဟဲ့ကို ကြည့်ကာ မေးလိုက်သည်။ “ညီလေး... မင်းမှာ ဘာအကြံအစည်တွေ ရှိလဲ။ မင်း ပြောကြည့်ပါအုံး။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “မင်းတို့လည်း တွေ့တဲ့အတိုင်းပဲ။ တကယ်တမ်းကျတော့ ငါ့လက်အောက်မှာလည်း အသွင်ပြောင်း သိုင်းသမားတွေ ရှိပါတယ်။ ငါ့ဇနီး ကျင်းကျုံးယွဲ့နဲ့ ငါ့ကလေး နှစ်ယောက်ရဲ့ ခန္ဓာကိုယ် ထဲမှာလည်း တာရှန်းမိစ္ဆာနိုင်ငံရဲ့ သွေးကြောတွေ ရှိပါတယ်။ ငါ့လက်အောက်က စစ်သည် ရှစ်သောင်းကလည်း အသွင်ပြောင်း စစ်တပ်တွေချည်းပါပဲ။

အရင်က တေးဂီတ ဖျော်ဖြေပွဲ တစ်ခုမှာ ငါ့သမီးက ပြေးတက်လာပြီး ငါနဲ့အတူ တွဲတီးခဲ့တယ်။ သူမက သေချာ မသင်ဖူးပေမယ့် အရမ်း ကောင်းအောင် တီးနိုင်ခဲ့တယ်။ သူမကို ဘာလို့လဲလို့ ငါ မေးကြည့်တော့ သူမက ကိုယ့်ရဲ့ အဆင့်အတန်းကို မြှင့်တင်လိုက်ရင် ဘာသင်သင် မြန်သွားပြီး တစ်ခုတတ်ရင် အားလုံး တတ်သွားတယ်လို့ ပြောခဲ့တယ်။

ဒီစကားက ငါ့ကို ပြန်လည် ဆင်ခြင် သုံးသပ်မိစေခဲ့တယ်။ တာရှန်းမိစ္ဆာနိုင်ငံရဲ့ အတွေးအခေါ်က ကိုယ့်ရဲ့ အလားအလာတွေကို အစွမ်းကုန် ဖော်ထုတ်ပြီး အဆက်မပြတ် အသွင်ပြောင်းဖို့ပဲ။ တာ့ယန် အင်ပါယာရဲ့ အတွေးအခေါ်ကကျတော့ ယဉ်ကျေးမှုသစ်နဲ့ သိပ္ပံပညာ ပေါက်ကွဲမှုပဲ။”

ပိုင်ဖေးဖေးက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။ “လူနားလည်တဲ့ စကား ပြောစမ်းပါ။”

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “ငါတို့ တာ့ယန် အင်ပါယာ ရှာဖွေနေတာက စကြဝဠာရဲ့ အမှန်တရားပဲ။ မင်းတို့ ရှာဖွေနေတာက ကိုယ့်ခန္ဓာကိုယ် အတွင်းက လျှို့ဝှက်ချက်တွေပဲ။ မင်းတို့က ရေတွင်းထဲက ဖားသူငယ်လို ဖြစ်နေတယ်လို့ ငါ ထင်ပေမယ့် မင်းတို့ရဲ့ လမ်းကြောင်းက အနာဂတ် ယဉ်ကျေးမှုရဲ့ ဖြည့်စွက်ချက် တစ်ခု အနေနဲ့ သုံးလို့ ရပါတယ်။”

“လူနားလည်တဲ့ စကား ပြောစမ်းပါ။”

ပိုင်ဖေးဖေးက ပြောလိုက်သည်။ “ရှင် ဒီလို ဆက်ပြောနေရင် ကျွန်မ ရှင့်ကို ရိုက်တော့မယ်နော်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ငါတို့ဆီမှာ အရင်က ဟေးယန်အင်ပါယာ ဆိုတာ ရှိခဲ့ဖူးတယ်။ အဲဒါက ပုံစံငယ် တာရှန်းမိစ္ဆာနိုင်ငံလို့ ပြောလို့ ရပါတယ်။ ငါတို့က သူ့ကို လက်ခံနိုင်ခဲ့သလို မင်းတို့ကိုလည်း လက်ခံနိုင်ပါတယ်။ အဲဒါကြောင့် မင်းတို့ တာ့ယန် အင်ပါယာကို လက်နက်ချလိုက်၊ ငါတို့ မင်းတို့ကို လက်ခံပေးမယ်။”

‘လက်နက်ချရမယ်။’

ဤစကား ထွက်ပေါ်လာချိန်မှာတော့ အနက်ရောင်ဘုရင်ကျိုးက ခါးသက်စွာ ပြုံးလိုက်သည်။

ပိုင်ဖေးဖေး၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး ဘာမှ ထပ်မပြောတော့ဘဲ ယွင်ကျုံးဟဲ့၏ လည်ပင်းကို တိုက်ရိုက် ဆွဲကိုင်ကာ အပေါ်ထပ်သို့ ဆွဲခေါ်သွားလေတော့၏။

အနက်ရောင်ဘုရင်ကျိုးက ဖျောင်းဖျက်သည်။ “ဖေးဖေး... စကားကို ကောင်းကောင်း ပြောပါ၊ ကောင်းကောင်း ပြောပါ။”

ပိုင်ဖေးဖေးက ပြော၏။ “ပြောစရာ ဘာမှ မရှိတော့ဘူး။ သူ ဒီလောက်တောင် နေ့ခင်းကြောင်တောင် အိပ်မက် မက်နေမှတော့ သူ သတိဝင်လာအောင် လုပ်ပေးဖို့ လိုအပ်တယ်လို့ ကျွန်မ ထင်တယ်။ အခုချက်ချင်း သူ့ကို ရှင်လျက်နဲ့ သေချင်စိတ် ပေါက်အောင် လုပ်ပြီး သူ့ကိုယ်သူ ဘယ်လောက် အဆင့်ရှိလဲ ဆိုတာကို သိအောင် လုပ်ပေးလိုက်မယ်။ ကျွန်မတို့ကို လက်နက်ချခိုင်းဖို့ စိတ်ကူးယဉ်နေသေးတယ်လား။ လုံးဝ အိပ်မက် မက်နေတာပဲ။”

ထို့နောက် ယွင်ကျုံးဟဲ့သည် အခန်းထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

သူသည် ပိုင်ဖေးဖေး ၏ ညှဉ်းပန်းနှိပ်စက်မှုကို တစ်ကြိမ်ပြီး တစ်ကြိမ် ခံလိုက်ရပြီး နောက်ဆုံးတွင် တကယ်ကို ဝင်လေ နည်းပြီး ထွက်လေ များကာ မျက်လုံးများပင် ပြူးကျယ်လာ၏။

အနက်ရောင်ဘုရင်ကျိုးသည် အောက်ထပ်တွင် ရပ်ကာ အပေါ်ထပ်မှ အသံများကို ခဏမျှ နားထောင်နေသည်။

‘ချီးတဲ့မှ… ဒီလင်မယားကတော့…”

ထို့နောက် သူသည် ဤအိမ်ကြီးမှ ထွက်ခွာသွားပြီး ခွေးဇာတ်လမ်း လင်မယား နှစ်ယောက်အတွက် နေရာ ဖယ်ပေးလိုက်တော့သည်။ ပိုင်ဖေးဖေး အနေဖြင့် ယွင်ကျုံးဟဲ့ကို ဖျောင်းဖျနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

………………..

ညဘက်…

ယွင်ကျုံးဟဲ့သည် ညှိုးနွမ်းနေသော မျက်နှာဖြင့် စားပွဲတွင် ထိုင်ကာ ထမင်းစားနေပြီး ခါးနာ ကျောကိုက်ကာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေသည်။

တာ့ယန် အင်ပါယာဘက်မှ စိတ်ချစေရန်အတွက် သူက ကိုယ်တိုင်ရေး စာတစ်စောင်ကို ကြိုတင် ပေးပို့ထားပြီး ဖြစ်၏။

ပိုင်ဖေးဖေး၏ သားသည်လည်း စားပွဲတွင် ထမင်းစားနေပြီး ဘေးတွင် လေးမီတာကျော် မြင့်သော သိမ်းငှက်ကြီး တစ်ကောင် ရပ်နေကာ တစ်လုတ်တည်းဖြင့် အမဲသား ပေါင်ဝက်ခန့်ကို စားပစ်နေသည်။

လူငယ်လေးသည် အနည်းငယ် သံသယ ဖြစ်နေမိ၏။ ‘နေ့တစ်ဝက်ကျော်လောက် မတွေ့ရုံနဲ့ မိခင်ဖြစ်သူက ဘာလို့ ဒီလောက်တောင် လန်းဆန်း တက်ကြွနေရတာလဲ။’

လူအချို့က ထမင်းသာ စားနေကြပြီး ဆွေးနွေးမှု ထပ်မလုပ်ကြတော့ပေ။

ယွင်ကျုံးဟဲ့၏ အကြည့်များသည် သားဖြစ်သူထံသို့ တစ်ခါတစ်ရံ ရောက်ရှိသွားရာ သူက အစပိုင်းတွင် အနေရခက်သကဲ့သို့ ဖြစ်သွားပြီး ခေါင်းငုံ့ကာ အသားကိုသာ စားနေပြီး ယွင်ကျုံးဟဲ့နှင့် မျက်လုံးချင်း မဆုံမိစေရန် ရှောင်ရှားနေသည်။

ခဏအကြာတွင် ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မင်း နာမည် ဘယ်လို ခေါ်လဲ။”

လူငယ်က ဖြေသည်။ “ပိုင်ချီ ပါ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မင်းရဲ့ အစ်မက တောင်ပိုင်းပြည်နယ်မှာ ရှိတယ်။ သူကလည်း သိုင်းပညာ လေ့ကျင့်နေပြီး လူ့ခန္ဓာကိုယ်ရဲ့ အလားအလာတွေကို သုတေသန လုပ်နေတာ။ နောက်ရက် အနည်းငယ် နေရင် မင်းကို သူ့ဆီ ခေါ်သွားပြီး ကစားခိုင်းမယ်။”

လူငယ်လေး၏ အကြည့်များက မိခင် ပိုင်ဖေးဖေး ဆီသို့ ရောက်ရှိသွားသည်။

ပိုင်ဖေးဖေးက ပြောလိုက်၏။ “မင်းအဖေက ငါတို့ကို သတ်ဖို့ချည်းပဲ စိတ်ကူးနေတာ။ သားအဖ သံယောဇဉ် ဆိုတာ ဘာမှ မရှိပါဘူး။”

ယွင်ကျုံးဟဲ့ မတတ်သာပေ။

ထမင်းစားပြီးနောက် ယွင်ကျုံးဟဲ့နှင့် ပိုင်ချီတို့သည် ပန်းခြံထဲတွင် လမ်းလျှောက်နေကြပြီး ဧရာမ သိမ်းငှက်ကြီးက အနောက်မှ လိုက်ပါလာသည်။

“ဒါက အနက်ရောင်ဘုရင်ကျိုး ပေးထားတာလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

“ဟုတ်တယ်။” ပိုင်ချီက ဖြေသည်။

ယွင်ကျုံးဟဲ့က ဆက်မေး၏။ “မင်း ပိုင်ယင်မြို့ကို သဘောကျလား။”

ပိုင်ချီက ဖြေလိုက်သည်။ “သဘောကျတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်ပြန်၏။ “ဒီနှစ်တွေ အတွင်းမှာ မင်း ပျော်ရွှင်ခဲ့လား။”

ပိုင်ချီက ဖြေသည်။ “အရမ်း ပျော်ပါတယ်။”

ယွင်ကျုံးဟဲ့က ဆက်မေး၏။ “ကြီးလာရင် ဘာလုပ်ချင်လဲ။”

ပိုင်ချီက ဖြေသည်။ “အင်အားကြီးလာအောင် လုပ်မယ်၊ အဘိုးကို ကာကွယ်မယ်၊ အမေ့ကို ကာကွယ်မယ်။”

……………….

အခန်းထဲတွင် ယွင်ကျုံးဟဲ့ စာဖတ်နေသည်။

ပိုင်ဖေးဖေး သည် ဖောက်ထွင်းမြင်ရသော ပိုးသား ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သီချင်းလေး ညည်းနေသောကြောင့် ဆွဲဆောင်မှုရှိပြီး မကောင်းဆိုးဝါးကဲ့သို့ လှပသော ခန္ဓာကိုယ် အချိုးအစားကို မှုန်ဝါးဝါး မြင်တွေ့နေရ၏။

“ရှင် ပိုင်ယင်မြို့အကြောင်း သိလား။” ပိုင်ဖေးဖေးက မေးသည်။

ယွင်ကျုံးဟဲ့ ခေါင်းယမ်းကာ ဖြေ၏။ “မသိဘူး။”

ပိုင်ဖေးဖေးက ပြောသည်။ “အဲဒီတုန်းက အဖေက တာယင် ဧကရာဇ်နဲ့ သိုင်းပြိုင်တော့မလို့လေ။ သူက ကျွန်မကို ရှင့်ဆီ လွှတ်ပြီး အရာတစ်ခု တောင်းခိုင်းခဲ့တယ်။ အဲဒါ ဘာလဲဆိုတာ ရှင် သိလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ငါတို့ရဲ့ သားလေ။”

ပိုင်ဖေးဖေးက ပြောသည်။ “ဟုတ်တယ်။ ကျွန်မတို့ရဲ့ သားပဲ။ ကျွန်မက တာရှန်းမိစ္ဆာနိုင်ငံရဲ့ သွေးကြော အသန့်စင်ဆုံး လူတွေထဲက တစ်ယောက်ဖြစ်ပြီး ရှင်က ရွှေရောင် သွေးကြောကို ပိုင်ဆိုင်ထားတယ်။ အဲဒါကြောင့် ကျွန်မတို့ မွေးလာတဲ့ ကလေးက သေချာပေါက် အရမ်း ထူးခြားရမယ်။

အဖေက သူနဲ့ တာယင် ဧကရာဇ် တို့ရဲ့ တိုက်ပွဲမှာ သေချာပေါက် ရှုံးမှာပဲ ဆိုတာကို အဲဒီတုန်းတည်းက သိနေခဲ့တယ်။ ပြီးတော့ ကျွန်မတို့ မျိုးဆက်ကို ရောက်ရင်လည်း မရသေးဘူး၊ ဆက်ပြီး ရှုံးနေဦးမှာပဲ ဆိုတာကို သိနေခဲ့တယ်။ အဲဒါကြောင့် သူက မျှော်လင့်ချက်ကို တတိယ မျိုးဆက်ဖြစ်တဲ့ ကျွန်မတို့ ကလေးဆီမှာ ထားခဲ့တာ။”

ဤကလေးသည် တကယ်ကို အလွန်၊ အလွန် ထူးချွန်လှပေသည်။ သိုင်းပညာ တစ်ခုတည်းသာ မကဘဲ စိတ်စွမ်းအားပါ ထူးချွန်ခြင်း ဖြစ်၏။

ပိုင်ဖေးဖေးက မေးလိုက်သည်။ “ကျွန်မအဖေနဲ့ တာယင် ဧကရာဇ် ဘာကွာခြားလဲ ဆိုတာ ရှင် သိလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “မသိဘူး။”

အပိုင်း (၈၆၄)

ပိုင်ဖေးဖေးက ရှင်းပြလိုက်သည်။ “ကျွန်မရဲ့အဖေ ပိုင်ကုက သဘောထား ပျော့ပျောင်းသူဖြစ်ပြီး တာယင် ဧကရာဇ် ကတော့ အစွန်းရောက်သူပဲ။ ကျွန်မအဖေက အမြဲတမ်း ဖြည်းဖြည်းချင်း အကောင်အထည် ဖော်ချင်တယ်။ အဲဒါကြောင့် သူက အရှေ့တိုင်းလောကကို နှစ်ပေါင်း ရာချီ အချိန်ယူပြီး ဖြည်းဖြည်းချင်း ထိုးဖောက် ဝင်ရောက်ခဲ့တယ်။

တာရှန်းမိစ္ဆာနိုင်ငံရဲ့ ယဉ်ကျေးမှုကို အရှေ့တိုင်း အင်ပါယာတွေဆီ အလွန် အကြမ်းဖက်တဲ့ နည်းလမ်းတွေ မသုံးဘဲ တဖြည်းဖြည်းချင်း ထိုးဖောက် ဝင်ရောက်စေချင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မတို့ ပိုင်ယင်မြို့က တပည့်တွေ အမြဲတမ်း လက်ခံနေပြီး တာရှန်းမိစ္ဆာနိုင်ငံရဲ့ သွေးကြော ရှိသူတွေကို နေရာတိုင်းမှာ လိုက်ရှာနေတာကို ရှင် တွေ့နိုင်ပါတယ်။

ပြီးတော့ ကျွန်မတို့က ထူးချွန်တဲ့ လူတွေကို နုဧကရာဇ် ရဲ့ အနက်ရောင် ကျမ်းစာ သင်ယူဖို့ တက်ကြွစွာ လက်ခံပါတယ်။ ပြီးတော့ ကျွန်မတို့ သင်ယူနေတဲ့ နုဧကရာဇ်ရဲ့ အနက်ရောင် ကျမ်းစာက ပြုပြင်ပြောင်းလဲ ထားတာ ဆိုတာကို ရှင် သိလောက်မှာပါ။”

ဤကိစ္စကို ယွင်ကျုံးဟဲ့ လွန်ခဲ့သော ဆယ်နှစ်ကျော်တည်းက သိရှိထားပြီး ဖြစ်သည်။ တာယင် ဧကရာဇ် ကလည်း ပြောခဲ့ဖူးသည်။ ပိုင်ယင်မြို့၏ နုဧကရာဇ်ရဲ့ အနက်ရောင် ကျမ်းစာသည် ပြုပြင်ပြောင်းလဲထားရုံ သာမက အကြောင်းအရာ အများအပြားကို ဖြတ်တောက်ထားပြီး စာလုံးများပင် မတူညီတော့ကြောင်း ပြောခဲ့ဖူး၏။

ပိုင်ဖေးဖေးက ဆက်ပြောသည်။ “အဖေက တကယ်တော့ အရင် တာရှန်းမိစ္ဆာနိုင်ငံရဲ့ မှောင်မိုက်တဲ့ စနစ်ကိုလည်း သဘောမတူပါဘူး။ အရမ်း ရက်စက်လွန်းပြီး လူမဆန်လို့ပါ။ ကျွန်မတို့ ပိုင်ယင်မြို့က အားနည်းတဲ့ ကလေးတွေကို ပင်လယ်ထဲ လွှင့်ပစ်တယ် ဆိုတာကို ရှင် ကြားဖူးလို့လား။ ကျွန်မတို့က တပည့်တွေ ဘယ်လောက်တောင် လက်ခံခဲ့လဲ။ ပါရမီ မပါတဲ့ သူတွေကို အပြင်စည်း တပည့်အဖြစ် ထားပေးလိုက်တာပဲလေ။”

ဤအချက်ကိုလည်း ယွင်ကျုံးဟဲ့ မှတ်မိသွားသည်။ ယခင် မော့ချို သည်လည်း ပိုင်ယင်မြို့၏ တပည့် ဖြစ်ခဲ့သလို ထျန်ထိုင်ကျင့် သည်လည်း ပိုင်ယင်မြို့၏ တပည့် ဖြစ်ခဲ့၏။

ထို့ကြောင့် ပိုင်ယင်မြို့စား ၏ မဟာဗျူဟာသည် တကယ်ကို ဖြည်းဖြည်းချင်း ထိုးဖောက် ဝင်ရောက်ခြင်း ဖြစ်ပြီး သိုင်းပညာ ယဉ်ကျေးမှု ထိုးဖောက် ဝင်ရောက်ခြင်းပင် ဖြစ်သည်။

ပိုင်ဖေးဖေးက ဆက်ပြော၏။ “တာရှန်းမိစ္ဆာနိုင်ငံမှာ သွေးသား ဆက်စပ်မှုကို အရေးမကြီးပါဘူး။ ကလေး မွေးလာပြီးတာနဲ့ စစ်သည် မျိုးနွယ်စုတွေကို အပ်ပြီး ပြုစုပျိုးထောင်ခိုင်းတာပါ။ အဲဒါကြောင့် တာရှန်း မိစ္ဆာနိုင်ငံမှာ သားအဖ ဆက်ဆံရေးလည်း မရှိသလို၊ သားအမိ ဆက်ဆံရေးလည်း မရှိပါဘူး။ ကျွန်မ ကတော့ ငယ်ငယ်တည်းက အဖေ့အနားမှာ ကြီးပြင်းလာတာပါ။ ရှောင်ချီ လည်း ကျွန်မအနားမှာ ကြီးပြင်းလာတာပါ။ ကျွန်မက ဘယ်လို လူမျိုးလဲလို့ ရှင် ထင်လဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ရက်စက်တယ်၊ ယုတ်မာတယ်၊ လောကမှာ အဆိုးရွားဆုံး မိန်းမပဲ။”

ပိုင်ဖေးဖေးက ဝန်ခံလိုက်၏။ “ဟုတ်တယ်။ ရှင် ပြောတာတွေ အားလုံး မှန်တယ်။ ဒါပေမဲ့ ကျွန်မကို ဒီလို ပုံစံဖြစ်အောင် ဘယ်သူက အလိုလိုက်ထားတာလဲ။ သေချာပေါက် ကျွန်မရဲ့ အဖေပေါ့။ အကယ်၍ အင်အားကြီးမားပြီး ကျွန်မကို အလိုလိုက်တဲ့ အဖေ တစ်ယောက်သာ မရှိခဲ့ဘူးဆိုရင် ကျွန်မက အဲဒီလောက် ရက်စက်ပြီး လူတိုင်း မုန်းတီးတဲ့ မိန်းမ တစ်ယောက် ဖြစ်လာနိုင်ပါ့မလား။”

‘ဟုတ်ပါပြီ။ ဒီစကားက အရမ်း အဓိပ္ပာယ် ရှိပါတယ်။’

ပိုင်ဖေးဖေးက ဆက်ပြောသည်။ “ရှင်နဲ့ လီဟွာမေက ဇာတ်လမ်း ရှိခဲ့တာဆိုတော့ သူ့အကြောင်းကို အသိဆုံး ဖြစ်မှာပါ။”

ယွင်ကျုံးဟဲ့ မတတ်သာဘဲ ပြောလိုက်၏။ “ငါနဲ့ သူက ဇာတ်လမ်း မရှိပါဘူး။”

“ကိစ္စ မရှိပါဘူး။”

ပိုင်ဖေးဖေးက ပြောသည်။ “သူက ကျွန်မအဒေါ် ဖြစ်ပေမယ့် ဒီလို ဆက်ဆံရေးက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ကျွန်မ ထင်တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဓိက ကိစ္စကို ပြော။”

ပိုင်ဖေးဖေးက ပြောသည်။ “ကျွန်မအဒေါ်က ရေယာဉ်စုကို ခေါ်ပြီး ပိုင်ယင်မြို့ကို ပုန်ကန်ခဲ့ဖူးတယ်။ ကျွန်မအဖေက သူ့ကို အပြစ်ပေးခဲ့လား။ အကယ်၍ သူသာ အစွန်းရောက်တဲ့ အမှောင် မိစ္ဆာဘုရင် တစ်ပါးသာ ဖြစ်ခဲ့မယ်ဆိုရင် လီဟွာမေ အသက်ရှင်နိုင်ပါ့မလား။ အဲဒီတုန်းက ကျွန်မတို့ ပိုင်ယင်မြို့ရဲ့ အင်အားနဲ့ဆိုရင် သူ့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ အဲဒီလို မလုပ်ခဲ့ဘူး မလား။ သူ့ကို သတ်ပစ်လို့ ရရက်နဲ့ သူ မသတ်ခဲ့ဘူး မလား။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်မိ၏။

“ဒါပေမဲ့ အဲဒီတုန်းက မင်းက ငါနဲ့ လီဟွာမေ ကို သတ်ဖို့ ကြိုးစားခဲ့တယ်လေ။” ယွင်ကျုံးဟဲ့က ပြောသည်။

ပိုင်ဖေးဖေးက ဆက်ပြော၏။ “ကျွန်မ ရှင့်ကို ပြောခဲ့ပြီးပြီလေ။ အဲဒီတုန်းက ကျွန်မဟာ လူတိုင်း မုန်းတီးတဲ့၊ ရက်စက်တဲ့ မိန်းမ တစ်ယောက်ပါ။ ခေါင်းထဲမှာ အဆိပ်ရည်တွေချည်းပဲ ပြည့်နှက်နေတာ။ ကျွန်မလို မိန်းမမျိုးက ဘာလုပ်ရမလဲ ဆိုတာ သိလို့လား။ ဒါပေမဲ့ အနည်းဆုံးတော့ အချိန် အကြာကြီးအထိ ကျွန်မအဖေက လီဟွာမေကို မသတ်ခဲ့ဘူး မလား။”

ယွင်ကျုံးဟဲ့ ဤအချက်ကို လက်ခံသည်။

“အဲဒါကြောင့် ကျွန်မအဖေ ပိုင်ကု ဟာ သဘောထား ပျော့ပျောင်းပြီး အမြင်ကျယ်တဲ့ တာရှန်းမိစ္ဆာနိုင်ငံ ဧကရာဇ် တစ်ပါးပါ။”

ပိုင်ဖေးဖေးက ဆက်ပြောသည်။ “ဒါပေမဲ့ သူ ရှုံးသွားတယ်။ ဘာလို့လဲဆိုတော့ သဘောထား ပျော့ပျောင်းသူတွေက အစွန်းရောက်သူတွေကို ဘယ်တော့မှ မနိုင်နိုင်လို့ပါပဲ။ တာယင် ဧကရာဇ်၊ တစ်နည်းအားဖြင့် အခု လက်ရှိ အမှောင် မိစ္ဆာဘုရင်ကမှ တကယ့် အစွန်းရောက်သူ အစစ်ပါ။

သူ့ရဲ့ ရည်မှန်းချက်တွေကို ရောက်ဖို့အတွက် ဘယ်သူ့ကိုမဆို စတေးနိုင်ပြီး လူဘယ်လောက် သေမလဲ ဆိုတာကို လုံးဝ ဂရုမစိုက်သလို ဒီလောကကြီး ဘယ်လို ပျက်စီးသွားမလဲ ဆိုတာကိုလည်း လုံးဝ ဂရုမစိုက်ပါဘူး။

သူက အချိန်အကြာကြီး နုဧကရာဇ်ရဲ့ အလောင်းကို လိုက်ရှာနေခဲ့တာက နုဧကရာဇ်ကို အပြီးတိုင် ဖျက်ဆီးပစ်ချင်လို့ပါပဲ။ အဲဒါကြောင့် သူက ဒီလောက် အချိန်တိုအတွင်းမှာ အရင် နုဧကရာဇ်ထက် သာလွန်တဲ့ အင်အားကြီးမားတဲ့ တာရှန်းမိစ္ဆာနိုင်ငံကြီးကို တည်ထောင်နိုင်ခဲ့တာပါ။”

ဤအချက်ကိုတော့ ယွင်ကျုံးဟဲ့ သဘောတူမိ၏။

ထို့နောက် ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျင်းဝူရွှမ်း ဟာ မင်းတို့ ပိုင်ယင်မြို့က လူတစ်ယောက်ပါ။ ဒါပေမဲ့ သူ ပျက်စီးသွားတာကို မင်းတို့က လက်ပိုက် ကြည့်နေခဲ့ပြီး စစ်သည် တစ်ယောက်တောင် မကူညီခဲ့ဘူးလေ။ ”

ပိုင်ဖေးဖေးက အေးစက်စွာ ပြုံးကာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ပထမဆုံး အနေနဲ့ ကျင်းဝူရွှမ်းကို သတ်တဲ့သူက ရှင်ပဲ။ ဒုတိယ အနေနဲ့ ကျင်းဝူရွှမ်းက ကျွန်မတို့ကို အရင် သစ္စာဖောက်ခဲ့တာပါ။ သူက ပိုင်ယင်မြို့ရဲ့ တိုက်ရိုက် အင်အားစု ဖြစ်ပေမယ့် တာယင် ဧကရာဇ်ဆီ သွားပြီး ခိုလှုံခဲ့တယ်။ အဲဒီလိုမှ မဟုတ်ရင် သူက ဘယ်လိုလုပ် တောင်ပိုင်းပြည်နယ်ရဲ့ မြို့စား ဖြစ်လာမှာလဲ။”

ကျင်းဝူရွှမ်းသည် အမြဲတမ်း ရည်မှန်းချက် ကြီးမားပြီး မိသားစု ကြီးပွားရေး စံပြရည်မှန်းချက်များ ပြည့်နှက်နေသူ ဖြစ်ကြောင်း ထင်ရှားသည်။

ပိုင်ဖေးဖေး သည် ယွင်ကျုံးဟဲ့၏ ပေါင်ပေါ်တွင် ထိုင်ကာ သူ၏ လည်ပင်းကို ဖက်၍ နှုတ်ခမ်းကို နမ်းရင်း ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ကျွန်မ ပြောင်းလဲသွားပြီ။ ကျွန်မ အရင်ကနဲ့ မတူတော့ဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မင်းက အရင်ကလောက် မရက်စက်တော့ဘူးလို့ ပြောချင်တာလား။”

“မဟုတ်ဘူး။ ကျွန်မ အရင်ကလောက် မာနမကြီးတော့ဘူး၊ မမောက်မာတော့ဘူး။”

ပိုင်ဖေးဖေးက ပြောလိုက်၏။ “အဖေက အမှောင် မိစ္ဆာဘုရင်နဲ့ သိုင်းပြိုင်ရင်း ရှုံးသွားပြီး ခါးအောက်ပိုင်း တစ်ခုလုံး ပြတ်သွားခဲ့တယ်။ သူက ကျွန်မကို အစွမ်းကုန် ကာကွယ် စောင့်ရှောက်ပေးဖို့ ကြိုးစားနေပေမယ့် သူ့မှာ စိတ်ရှိပေမယ့် အင်အား မရှိတော့ဘူး။ ပြီးတော့ ကျွန်မမှာ သားတစ်ယောက် ရှိလာပြီး မိခင် တစ်ယောက် ဖြစ်လာပြီ။ အကယ်၍ ဆက်ပြီး မာနကြီး မောက်မာနေမယ်ဆိုရင် တစ်မိသားစုလုံး သေကုန်လိမ့်မယ်။”

ပိုင်ဖေးဖေးက သက်ပြင်းချလိုက်သည်။

“ယွင်ကျုံးဟဲ့... ကျွန်မတို့ မိသားစုက အရမ်း အန္တရာယ်များတဲ့ အခြေအနေမှာ ရောက်နေပြီ။”

ပိုင်ဖေးဖေးက ဆက်ပြော၏။ “တာရှန်းမိစ္ဆာနိုင်ငံရဲ့ တခြား ချင်ဝမ်တွေက ကျွန်မတို့ကို အချိန်တိုင်း သတ်ချင်နေကြပြီး ကျွန်မတို့ရဲ့ ရေတပ်ကို လုယူချင်နေကြတယ်။ တာ့ရှ ဘုရင်က ယောင်ရောင်ရဲ့ ထောက်ခံမှုကို ရထားပြီး ကျွန်မကို အချိန်တိုင်း သိမ်းပိုက်ချင်နေသလို ပိုင်ယင်မြို့ကိုလည်း ရယူချင်နေတယ်။

အဖေ ပိုင်ကုက ခါးအောက်ပိုင်း တစ်ခုလုံး ပြတ်သွားပေမယ့် အရမ်း အင်အားကြီးနေဆဲပါ။ ဒါပေမဲ့ တခြား ချင်ဝမ် တွေက အရမ်း မြန်မြန်ဆန်ဆန် အင်အားကြီးလာကြတယ်။ တစ်နေ့နေ့မှာ သူတို့က ကျွန်မတို့ တစ်မိသားစုလုံးကို အမြစ်ပြတ် သုတ်သင်ပြီး အရာအားလုံးကို လုယူသွားကြလိမ့်မယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို အနက်ရောင်ဘုရင်ကျိုး ကကော ဘယ်လို ဖြစ်တာလဲ။ သူက ဘာလို့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ ကွဲပြားတဲ့ လူတစ်ယောက် ဖြစ်နေရတာလဲ။”

ပိုင်ဖေးဖေးက ဖြေ၏။ “အကြောင်းရင်း နှစ်ခု ရှိတယ်။ ပထမ အကြောင်းရင်းက သူက ရှင့်ရဲ့ အစ်ကို ဖြစ်နေပြီး ရှင်တို့က ညီအစ်ကို သံယောဇဉ် နက်ရှိုင်းခဲ့ကြလို့ပဲ။ ဒုတိယ အကြောင်းရင်းက သူက သဘောထား ပျော့ပျောင်းတဲ့ အုပ်ချုပ်ရေးကို ကျင့်သုံးနေလို့ပဲ။

တကယ်တော့ ရှင် သိလား။ သူက ဆက်ပြီး အသွင်ပြောင်း လေ့ကျင့်နေမယ် ဆိုရင် အခုထက် အများကြီး ပိုပြီး အင်အားကြီးလာနိုင်ပါတယ်။ ဒါပေမဲ့ သူက ဒီအသွင်ပြောင်းမှုတွေကို ကိုယ်တိုင် ရပ်တန့်လိုက်တာပါ။ ဘာလို့လဲဆိုတော့ လူမဆန်တဲ့သူ လုံးဝ ဖြစ်သွားမှာကို စိုးရိမ်လို့ပါပဲ။ ဒီအကြောင်းရင်းကို ရှင်လည်း သိမှာပါ။”

“ယွင်ကျုံးဟဲ့... အနက်ရောင်ဘုရင်ကျိုးက ရှင့်ရဲ့ အစ်ကိုပါ။ ကျွန်မက ရှင့်ရဲ့ ဇနီး မဟုတ်ပေမယ့် ရှင့်ရဲ့ တရားမဝင် မိန်းမတော့ ဟုတ်တယ် မလား။”

ပိုင်ဖေးဖေးက မေးလိုက်သည်။ “အခု အခြေအနေက အန္တရာယ် များနေပြီ။ ပြီးတော့ ကျွန်မတို့ သုံးဖွဲ့ထဲမှာ အန္တရာယ် အများဆုံးက ရှင်ပဲ။ ဒီအချိန်မှာ ကျွန်မတို့ သုံးဖွဲ့က ပူးပေါင်းပြီး အချင်းချင်း အကာအကွယ် မပေးကြဘဲ အချင်းချင်း တိုက်ခိုက်နေကြအုံးမှာလား။”

ယွင်ကျုံးဟဲ့သည် ပိုင်ဖေးဖေး၏ အပြစ်ကင်းစင်လွန်းလှသော မျက်နှာလေးကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ပိုင်ဖေးဖေး... ငါက အေးစက်စက် နေတယ်လို့ ထင်ရပေမယ့် သူက ငါ့အစ်ကိုပါ။ ပြီးတော့ ငါ့ကို ကယ်တင်ဖို့အတွက် သူ့အသက်ကိုတောင် စတေးခဲ့ဖူးတယ်။ ပြီးတော့ ရှောင်ချီ ကလည်း ငါ့သားပါ။ ငါ လျစ်လျူရှုထားလို့ မရပါဘူး။

ဒါပေမဲ့ တောင်ပိုင်းပြည်နယ်ကို အလံ လဲခိုင်းပြီး တာရှန်းမိစ္ဆာနိုင်ငံရဲ့ အလံကို လွှင့်ထူခိုင်းဖို့၊ ပြီးတော့ ကျင်းကျုံးယွဲ့ကို တာရှန်းမိစ္ဆာနိုင်ငံရဲ့ မြို့စား အဖြစ် ခန့်အပ်ဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အလံ လဲလိုက်တာနဲ့ တပြိုင်နက် ငါက တာ့ယန် အင်ပါယာကို လုံးဝ သစ္စာဖောက်လိုက်တာ ဖြစ်သွားပြီး အရှေ့ဘက်ကို စစ်ချီရတဲ့ တရားမျှတမှုကိုလည်း ထာဝရ ဆုံးရှုံးသွားမှာပါ။ ဒါက ငါ တာရှန်းမိစ္ဆာနိုင်ငံကို လက်နက်ချလိုက်တာနဲ့ အတူတူပဲ။”

ပိုင်ဖေးဖေးက ယွင်ကျုံးဟဲ့၏ လည်ပင်းကို ရုတ်တရက် ညှစ်ကာ ပြောလိုက်သည်။ “ဒါဆို အနာဂတ်မှာ ကျွန်မတို့ အောင်မြင်သွားရင် ရှင်က တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ် လာလုပ်ရင်ကော ရပြီ မလား။ ပြီးရင် ဘုရင်ရာထူးကို ကျွန်မတို့ သားကို လွှဲပေးလိုက်မယ်။”

ယွင်ကျုံးဟဲ့က ပြောသည်။ “မဖြစ်နိုင်ဘူး။ ဒါက ယဉ်ကျေးမှု စစ်ပွဲပဲ။ မင်းတို့ကို ရှိနေခွင့် ပြုလို့ ရပါတယ်။ ဒါပေမဲ့ တာ့ယန် အင်ပါယာက တာရှန်းမိစ္ဆာနိုင်ငံကို လုံးဝ အစားထိုးရမှာပဲ။ မင်းတို့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ သိုင်းပညာ ယဉ်ကျေးမှုက ဖွံ့ဖြိုးတိုးတက်လို့ ရပါတယ်။ ဒါပေမဲ့ တာ့ယန် အင်ပါယာရဲ့ အလံအောက်မှာပဲ ရှိရမယ်။”

“ဒါဆို ကျွန်မ ရှင့်ကို သတ်ပစ်မယ်...”

ပိုင်ဖေးဖေးက ဒေါသတကြီး ပြောလိုက်၏။ “ရှင်က လက်နက်ချလို့ မရဘူး ဆိုရင် ကျွန်မက လက်နက်ချလို့ ရတယ်ပေါ့လေ။ ရှင် တာ့ယန် အင်ပါယာရဲ့ အလံကို လွှင့်ထူလာတာ ဘယ်နှနှစ် ရှိသေးလို့လဲ။ ကျွန်မတို့ ပိုင်ယင်မြို့က တာရှန်းမိစ္ဆာနိုင်ငံရဲ့ အလံကို လွှင့်ထူလာတာ နှစ်ပေါင်း ရာချီနေပြီ။ ရှင်က ကျွန်မတို့ကို လက်နက်ချခိုင်းတယ်။ အလံ လဲခိုင်းတယ်။ ဒါဆိုရင် ကျွန်မတို့ကို တစ်စစီ ခုတ်ထစ်ပစ်လိုက်တာကမှ ပိုကောင်းအုံးမယ်။”

ထို့နောက် သူမက ယွင်ကျုံးဟဲ့၏ လည်ပင်းကို ရုတ်တရက် ညှစ်လိုက်ရာ အရှင်လတ်လတ် ညှစ်သတ်တော့မည့် အလား ဖြစ်နေသည်။

သို့ပေမည့် တစ်ဝက်လောက် ညှစ်ပြီးနောက် သူမက ပြန်လည် နမ်းရှိုက်လာသည်။ ထို့နောက် ယွင်ကျုံးဟဲ့ သည် ထပ်မံ၍ အသက်ရှင်ချင်၍ မရ၊ သေချင်၍ မရအောင် ညှဉ်းပန်းနှိပ်စက် ခံရပြန်၏။

All Chapters