← Chapters

အခန်း (၈၇၉-၈၈၀)

Vol. 74 Ch. 879-880

အခန်း (၈၇၉-၈၈၀)

Vol. 74 Ch. 879-880

အပိုင်း (၈၇၉)

ထျန်ထိုင်ကျင့် သည် အမြဲတမ်း စကားနည်းပြီး ရန်သူအပေါ် ရက်စက်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပိုမို ရက်စက်သူ ဖြစ်သောကြောင့် တာယင်ဘုရင်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး သူ့ထံသို့ ယဇ်ပုရောဟိတ်ချုပ် သုံးဆယ်နှင့် မရေမတွက်နိုင်သော အသွင်ပြောင်း စစ်တပ်များကို စေလွှတ်ပေးခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အနက်ရောင်ဘုရင်ကျိုး လက်နက်ချခဲ့ပြီး၊ ပိုင်ယင်မြို့လည်း လက်နက်ချခဲ့ သောကြောင့် ဖြစ်၏။

ယွင်ကျုံးဟဲ့၏ စစ်သည် တစ်သန်း မြောက်ဘက်သို့ စစ်ချီလာရာတွင် ပထမဆုံး ရင်ဆိုင်ရမည့် နေရာမှာ လူသူကင်းမဲ့သော နေရာ ဖြစ်သည်။

လူသူကင်းမဲ့သော နေရာကို ကူညီပေးရန်အတွက် တာယင်ဘုရင်သည် တောင်ဘက်သို့ စစ်ကူများကို အဆက်မပြတ် စေလွှတ်နေခဲ့၏။

ထိုအချိန်က အနက်ရောင်ဘုရင်ကျိုး လက်နက်မချသေးသော်လည်း လက်နက်ချမည့် အရိပ်အယောင် ရှိနေချိန်မှာပင် တာယင် ဘုရင်သည် စစ်တပ် သိန်းချီကို တောင်ဘက်သို့ စေလွှတ်ခဲ့ပြီး ဖြစ်သည်။

ယွင်ကျုံးဟဲ့ စတင်၍ မြောက်ဘက်သို့ စစ်ချီလာချိန်တွင် လူသူကင်းမဲ့သော နေရာ ကာကွယ်ရေးလိုင်း တစ်ခုလုံးရှိ တာယင်နိုင်ငံ၏ စစ်သည်မှာ တစ်သန်းနီးပါး ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် ဤစတုရန်း ကီလိုမီတာ ငါးသိန်း ကျယ်ဝန်းသော နေရာတွင် နှစ်ဖက် စစ်တပ် နှစ်သန်းကျော် သတ်ဖြတ်ကြတော့မှာဖြစ်၏။

ယခင်က ယွင်ကျုံးဟဲ့သည် ကျင်းဝူရွှမ်း၏ တောင်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရာတွင် အစမှ အဆုံးထိ နှစ်လခွဲကျော် အချိန်ယူခဲ့ရသည်။

ယခုအခါ လူသူကင်းမဲ့သော နေရာ၏ အင်အားမှာ ကျင်းဝူရွှမ်း၏ တောင်ပိုင်းပြည်နယ်ထက် အများကြီး ပိုမို အင်အားကြီးမားသည်။ ထို့ကြောင့် ယွင်ကျုံးဟဲ့၏ စစ်သည် တစ်သန်းကို လူသူကင်းမဲ့သော နေရာတွင် ပိတ်ဆို့ထားနိုင်ပြီး သွေးထွက်သံယို စစ်မြေပြင်ကြီး အဖြစ် ပြောင်းလဲသွားစေနိုင်လောက်သည်။

နောက်ဆက်တွဲ အနေဖြင့် တာရှန်းမိစ္ဆာနိုင်ငံ၏ ဘုရင်နိုင်ငံ အသီးသီးသည် လူသူကင်းမဲ့သော နေရာသို့ စစ်တပ်များကို အဆက်မပြတ် စေလွှတ်လာကြမည်ဖြစ်ပြီး သုံးဆ၊ လေးဆ ပိုများသော စစ်အင်အားဖြင့် ယွင်ကျုံးဟဲ့၏ တာ့ယန် အင်ပါယာကို အပြည့်အဝ ဖျက်ဆီးပစ်မှာဖြစ်၏။

အဓိက အချက်မှာ စစ်မြေပြင်ကို လူသူကင်းမဲ့သော နေရာတွင်သာ ထားရှိရမည်ဖြစ်ပြီး ဆက်လက်၍ မြောက်ဘက်သို့ တက်လာခွင့် မပြုရန် ဖြစ်သည်။

ထျန်ထိုင်ကျင့် သည် ယွင်ကျုံးဟဲ့ နောက်သို့ လိုက်ခဲ့ဖူးသည်မှာ မှန်သော်လည်း အချိန် အလွန် တိုတောင်းပြီး တစ်နှစ်ပင် မပြည့်ခဲ့ပေ။

သို့ပေမည့် တာယင် ဘုရင်က ထျန်ထိုင်ကျင့် ကို နေရာပေးခဲ့သည်မှာ နှစ်အတော်ကြာ ရှိနေပြီ ဖြစ်သည်။ ထိုမျှမက ယခင် ထန်ထိုင်မိသားစုသည် ယွင်ကျုံးဟဲ့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်ရာ ထျန်ထိုင်ကျင့် အနေဖြင့် မည်သို့ ယွင်ကျုံးဟဲ့အပေါ် သစ္စာရှိနိုင်မည်နည်း။

လူတိုင်း၏ အာရုံများက လူသူကင်းမဲ့သော နေရာသို့ ရောက်ရှိနေကြပြီး ဤနေရာသည် လောကအဆင့် စစ်ပွဲကြီး၏ သတ်ဖြတ်ရာ နေရာ ဖြစ်လာမည်ဟု ထင်မြင်နေကြသည်။

အင်ပါယာကြီး နှစ်ခု၏ စစ်သည် သန်းပေါင်းများစွာသည် နောက်ဆုံးတွင် ဤနေရာ၌ သွေးထွက်သံယို ဖြစ်ကာ ရူးသွပ်စွာ သတ်ဖြတ်ကြမည် ဖြစ်သည်။ ဤနေရာရှိ မြေ တစ်လက်မတိုင်းသည် သွေးများဖြင့် စိုရွှဲနေမှာ ဖြစ်၏။

ဤဆယ်စုနှစ်များအတွင်း လူသူကင်းမဲ့သော နေရာသည် ကြီးမားသော စစ်မြေပြင်ကြီး ဖြစ်ခဲ့ပြီး ကြီးမားသော စစ်ပွဲကြီး နှစ်ပွဲ ဆက်တိုက် ဤနေရာတွင် ဖြစ်ပွားခဲ့ကာ တကယ်ကို စစ်ရေးအရ အရေးပါသော နေရာ ဖြစ်ခဲ့သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့၏ စစ်တပ်ကြီး မြို့ရိုးအောက်သို့ ရောက်ရှိလာပြီး မတိုက်ခိုက်ရသေးမီ အချိန်လေး အတွင်းမှာပဲ ထျန်ထိုင်ကျင့်က ရုတ်တရက် မျက်နှာ ပြောင်းသွားပြီး တာယင် ဘုရင် စေလွှတ်လိုက်သော စစ်ဗိုလ်ချုပ်များနှင့် ယဇ်ပုရောဟိတ်ချုပ်များကို သတ်ဖြတ်ပစ်လိုက်၏။

ဤကိစ္စက လူတိုင်းကို အံ့ဩမှင်တက်သွားစေသည်။

‘ထျန်ထိုင်ကျင့်... ခင်ဗျား ရူးသွားပြီလား။ နှစ်ဖက် စစ်ပွဲ မစရသေးဘူးလေ။ ခင်ဗျားရဲ့ ချမ်းသာကြွယ်ဝမှုတွေ အားလုံးက တာရှန်းမိစ္ဆာနိုင်ငံက ပေးထားတာ။ အကယ်၍ တာယင် ဘုရင်သာ မရှိရင် ခင်ဗျားက ကျွန် တစ်ယောက်ပဲ ရှိသေးတာလေ။

အခု ခင်ဗျားက မြို့စား ဖြစ်နေပြီ၊ ပြီးတော့ လူသူကင်းမဲ့တဲ့ နေရာ တစ်ခုလုံးကို ပိုင်ဆိုင်ထားပြီး မိသားစုရဲ့ တစ်ခါမှ မရှိဖူးတဲ့ ဂုဏ်ကျက်သရေကို အကောင်အထည် ဖော်နိုင်ခဲ့ပြီလေ။ ဒါပေမဲ့ အခု နှစ်ဖက် စစ်ပွဲ မစသေးဘူး၊ ယွင်ကျုံးဟဲ့ ကလည်း နိုင်မယ့် အရိပ်အယောင် မပြသေးဘူး၊ ခင်ဗျားက ဒီလောက် အလောတကြီးနဲ့ ဘာလို့ သစ္စာဖောက်ရတာလဲ။

ခင်ဗျားနဲ့ ယွင်ကျုံးဟဲ့ ကြားမှာ ဒီလောက် နက်ရှိုင်းတဲ့ ခင်မင်မှု မရှိပါဘူး။ ဒီလောက် နက်ရှိုင်းတဲ့ သစ္စာရှိမှု မရှိပါဘူး။’

ထို့အပြင် လူသူကင်းမဲ့သော နေရာ၌ ထျန်ထိုင်ကျင့် သည် နာမည်ခံ စစ်သေနာပတိ ဖြစ်သော်လည်း စုစုပေါင်း စစ်သည် နှစ်သိန်းသာ ရှိပြီး ကျန်ရှိနေသော ရှစ်သိန်းမှာ တာယင်ဘုရင် စေလွှတ်လိုက်သော စစ်သေနာပတိများ လက်ထဲတွင် ရှိနေ၏။

ထို့ကြောင့် ထျန်ထိုင်ကျင့် သည် မည်သည့် သေချာမှုမှ မရှိဘဲ သစ္စာဖောက်လိုက်ခြင်း ဖြစ်သည်။

သစ္စာဖောက်ပြီးနောက် ယွင်ကျုံးဟဲ့၏ စစ်သည် တစ်သန်းသည် မိုင်ရာပေါင်းများစွာ အကွာတွင် ရှိနေသေးသော်လည်း လူသူကင်းမဲ့သော နေရာတွင် ပြည်တွင်းစစ် စတင်နေပြီ ဖြစ်၏။

ထျန်ထိုင်ကျင့် လက်အောက်ရှိ စစ်တပ်နှင့် တာယင် ဘုရင်၏ စစ်တပ်တို့ စတင် တိုက်ခိုက်ကြသည်။

ထို့အပြင် ထျန်ထိုင်ကျင့်၏ သစ္စာဖောက်မှုက အရမ်း ရုတ်တရက် ဆန်လွန်းသောကြောင့် သူ၏ လက်အောက်ရှိ စစ်သည် အများအပြားက လိုက်ပါရန် ဆန္ဒမရှိကြသလို တာရှန်းမိစ္ဆာနိုင်ငံကိုလည်း သစ္စာမဖောက်လိုကြပေ။

ထို့ကြောင့် ထျန်ထိုင်ကျင့် သစ္စာဖောက်ပြီး သုံးရက်ပင် မပြည့်မီ လူသူကင်းမဲ့သော နေရာ တစ်ခုလုံး သွေးချောင်းစီးသွားပြီး ထျန်ထိုင်ကျင့် အသက်အန္တရာယ် ကြုံတွေ့လာရ၏။

ထန်ထိုင်မြို့လည်း အလွန် အန္တရာယ်များသည့် အခြေအနေသို့ ရောက်ရှိသွားပြီး တာရှန်းမိစ္ဆာနိုင်ငံက ပြန်လည် သိမ်းပိုက်တော့မည့် အခြေအနေ ဖြစ်သွားသည်။

ထိုအချိန်မှာပဲ တာ့ယန် အင်ပါယာ၏ စစ်တပ် ရောက်ရှိလာသည်။ ပိုင်ယင်မြို့၏ လေကြောင်း စစ်တပ်၊ အနက်ရောင်ဘုရင်ကျိုး၏ လေကြောင်း စစ်တပ်တို့သည် ထျန်ထိုင်ကျင့်ကို မည်သည့် ပေးဆပ်မှုမှ မရယူဘဲ ကူညီပေးခဲ့ကြ၏။

ရက်အတော်ကြာ သွေးထွက်သံယို တိုက်ခိုက်ပြီးနောက် ထျန်ထိုင်ကျင့်၏ အခြေအနေကို ထိန်းသိမ်းပေးနိုင် ခဲ့သည်။

ထို့နောက် တာ့ယန် အင်ပါယာ၏ စစ်သည် သိန်းချီသည် အမြောက်များဖြင့် ရူးသွပ်စွာ ဗုံးကြဲကာ ထန်ထိုင်မြို့အောက်သို့ ရောက်ရှိလာကြ၏။

တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သေနာပတိ အချို့သည် အခြေအနေ မကောင်းတော့ကြောင်း သိရှိသွားသောကြောင့် စစ်တပ်ကို ဦးဆောင်ကာ ဆုတ်ခွာပြီး လေခွင်းမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြသည်။

တာ့ယန် အင်ပါယာ စစ်တပ်များ ထန်ထိုင်မြို့တွင် တပ်စွဲလိုက်ကြ၏။

“အမတ် ထျန်ထိုင်ကျင့်... အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။” ထျန်ထိုင်ကျင့်သည် ထျန်ထိုင်မိသားစုမှ လူတစ်စုကို ခေါ်ဆောင်ကာ ယွင်ကျုံးဟဲ့၏ ရှေ့တွင် ဒူးထောက်လိုက်သည်။

ယွင်ကျုံးဟဲ့သည် ထျန်ထိုင်ကျင့်ကို ကြည့်ရင်း အတွင်းစိတ်ထဲတွင် ခံစားချက်များ ပြည့်နှက်နေ၏။

ထျန်ထိုင်ကျင့်မှာ လုံးဝ မမှတ်မိနိုင်တော့လောက်အောင် ဖြစ်နေလေ၏။ ယခင်က အလွန် ချောမောလှပခဲ့သော ကောင်းကင်ဘုံက ချစ်ခင်ရသူလေး ဘယ်ရောက်သွားသနည်း။

ယခုအခါ ထျန်ထိုင်ကျင့်၏ တစ်ကိုယ်လုံးတွင် အမာရွတ်များ ပြည့်နှက်နေပြီး ပိုးကောင်များ တွားသွားထား သကဲ့သို့ မျက်နှာ တစ်ပြင်လုံး ပြည့်နှက်နေသည်။

မူလတည်းက အရပ်ရှည်သော သူသည် ယခုအခါ နှစ်ဒသမသုံးမီတာ (ခုနစ်ပေခွဲခန့်) အထိ ရှိနေပြီ ဖြစ်သည်။ ဤဆယ်နှစ်ကျော် ကာလအတွင်း သူသည် ရူးသွပ်စွာ လေ့ကျင့်ပြီး အသွင်ပြောင်းမှုများ ပြုလုပ်ကာ အကြိမ်တိုင်းတွင် ကိုယ့်အသက်ကို ပဓာန မထားဘဲ ကြိုးစားခဲ့၏။

တာရှန်းမိစ္ဆာနိုင်ငံ၏ မြို့စား တစ်ယောက် ဖြစ်လာခဲ့သော်လည်း သူ၏ ရုပ်ရည်သွင်ပြင်မှာ လုံးဝ ပျက်စီးသွားခဲ့သည်။

“မြို့စား ထျန်ထိုင်... ပင်ပန်းသွားပြီ။”

ယွင်ကျုံးဟဲ့ သူ့ကို ထူမကာ ပြောလိုက်၏။ “တာ့ယန် အင်ပါယာမှာ ဒူးထောက်တဲ့ ထုံးစံကို ဖျက်သိမ်းလိုက်ပါပြီ။”

ထို့နောက် ထျန်ထိုင်ကျင့် မတ်တတ်ရပ်လိုက်ပြီး သူ၏ စကားနည်းသော ပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်။

ယွင်ကျုံးဟဲ့၏ အကြည့်များသည် တောင်ကြီး တစ်တောင်လို တောင့်တင်းသော လူတစ်ယောက်ဆီသို့ ရောက်ရှိသွားသည်။ ခန္ဓာကိုယ် အရွယ်အစားကို ကြည့်မည်ဆိုပါက သူသည် ထျန်ထိုင်ကျင့် ထက်ပင် ပိုမို အံ့ဩစရာ ကောင်းနေပြီး တကယ်ကို ကင်းကောင်ကြီးနှင့် တူနေ၏။

“ထျန်ထိုင်ယွီကျိုး လား။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

“ကျုပ်ပါ အရှင်မင်းကြီး...” ထျန်ထိုင် ယွီကျိုးက ဒူးထောက်ကာ ဖြေ၏။

ယွင်ကျုံးဟဲ့ သူ၏ ရင်ဘတ်ကို တစ်ချက် ထုလိုက်ပြီး ပြောလိုက်သည်။ “တကယ့်ကို ရဲရင့်တဲ့ စစ်သူကြီးပဲ။”

ထို့နောက် ယွင်ကျုံးဟဲ့သည် အသက် လေးဆယ်ကျော်အရွယ် အမျိုးသမီး တစ်ဦး၏ ရှေ့သို့ ရောက်ရှိ လာသည်။ သူမမှာ ထျန်ထိုင်ဖူဖင်း ပင်ဖြစ်သည်။ သူမသည် အသွင်ပြောင်းထားခြင်း မရှိသောကြောင့် အတော်လေး ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သော်လည်း တကယ်ကို လူငယ်ဘဝသို့ ပြန်မရောက် နိုင်တော့ပေ။

“သခင်မလေး ထျန်ထိုင်...” ယွင်ကျုံးဟဲ့က ခေါ်လိုက်သည်။

ထျန်ထိုင်ဖူဖျင်က ရိုသေစွာ အရိုအသေပေးကာ ပြောလိုက်၏။ “ထျန်ထိုင်ဖူဖျင်... အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “နင်ချင်းလည်း ပြန်ရောက်နေပြီ၊ ယွင်ပြည်နယ်မှာ ရှိတယ်။ အကယ်၍ မင်း ဆန္ဒရှိရင် သူ့ဆီ သွားလည်လို့ ရပါတယ်။ ထျန်ထိုင်ဝူယန် ကလည်း နေကောင်းပါတယ်။ တာ့ယန် အင်ပါယာမှာ သက်ဆိုင်ရာ ကုသမှုတွေ ခံယူခဲ့ပြီး အသေးစား အသွင်ပြောင်းမှုတွေ လုပ်ခဲ့လို့ အခု နည်းနည်း ပြန်ကောင်းလာပါပြီ။ အခု သူ့မှာ ကလေး တစ်ယောက် ရှိနေပြီ။”

ထျန်ထိုင်ဖူဖင်း အနည်းငယ် တုန်ယင်သွားပြီး ယွင်ကျုံးဟဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေ၏။

ထျန်ထိုင် မိသားစုတွင် အကြွေးအတင်ရဆုံး လူမှာ သေချာပေါက် ထျန်ထိုင်ဝူယန် ဖြစ်၏။ မွေးတည်းက ရူးသွပ်နေခဲ့သော ဤမိန်းကလေးသည် ထိုအချိန်က လက်ဆောင် တစ်ခုကဲ့သို့ ကျင်းဝူပင်း ထံသို့ ဖြစ်သလို ပေးအပ်ခံခဲ့ရသည်။

သူမ အသက်ရှင်နေသေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့သလို ကလေး တစ်ယောက်ပင် ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထျန်ထိုင်ဖူဖင်း၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လာပြီး ပြောလိုက်သည်။ “ကျွန်မ အခုချက်ချင်း ယွင်ပြည်နယ်ကို သွားပြီး အစ်မ နင်ချင်းနဲ့ ညီမလေး ဝူယန် ကို သွားတွေ့ချင်ပါတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကောင်းပြီ။ ရက်အနည်းငယ် အတွင်းမှာ ကျန်းကျိုးဆိပ်ကမ်းကနေ ယွင်ပြည်နယ်ကို ပြန်မယ့် ရေယာဉ်စု တစ်ခု ရှိတယ်။ ခင်ဗျားကို လိုက်ပို့ခိုင်းလိုက်မယ်။”

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး။”

ရိုးရိုးသားသား ပြောရလျှင် ထျန်ထိုင်ကျင့် လက်နက်ချမှုသည် အလွန် မမျှော်လင့်ထားသော ကိစ္စရပ် တစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကြိုတင်၍ မည်သည့် ဆွေးနွေးမှုမှ မရှိခဲ့သလို သူကလည်း မည်သည့် သံတမန်မှ မလွှတ်ခဲ့ဘဲ ရုတ်တရက် တာရှန်းမိစ္ဆာနိုင်ငံကို ပုန်ကန်လိုက်ခြင်း ဖြစ်သောကြောင့်ပင်။

အကြောင်းရင်းကို ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် စကားတစ်ခွန်းတည်းသာ ဖြစ်၏။ အဖေ့စကားကို နားထောင်ခြင်းပင် ဖြစ်သည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်က ထျန်ထိုင်မြဲ့မင် မသေဆုံးမီတွင် ထျန်ထိုင်ကျင့်ကို သေချာစွာ သွန်သင် ဆုံးမခဲ့သည်။ ဒီလောကကြီးက အရမ်း ရှုပ်ထွေးတယ်၊ အရမ်း အန္တရာယ်များတယ်၊ အရမ်း ကြောက်စရာ ကောင်းတယ်၊ ရှေ့လမ်းကို လုံးဝ မမြင်ရဘူး။ ဒါဆိုရင် ရှေ့လမ်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့သူ နောက်ကို လိုက်ခဲ့ပါ ဟူ၍ပင်။

ထျန်ထိုင်ကျင့် အမြဲ မှတ်ထားခဲ့သည်။ ယွင်ကျုံးဟဲ့ အရှေ့တိုင်းလောကတွင် မရှိချိန်၌ သူသည် မိသားစုကို ကာကွယ်ရန်အတွက် ရူးသွပ်စွာ လေ့ကျင့်ပြီး အသွင်ပြောင်းခဲ့သည်။

ယွင်ကျုံးဟဲ့ ပြန်ရောက်လာပြီးနောက် သူသည် ဖခင်၏ သေတမ်းစာကို ချက်ချင်း အကောင်အထည် ဖော်ခဲ့ပြီး ယွင်ကျုံးဟဲ့၏ နောက်တွင် ရပ်တည်ရန် တွန့်ဆုတ်မနေဘဲ ရွေးချယ်ခဲ့၏။

ထန်ထိုင်မြို့ကို သိမ်းပိုက်ပြီးနောက် စစ်တပ်ကြီးသည် ဆယ်ရက်ခန့် အနားယူခဲ့သည်။

ထို့နောက် ထျန်ထိုင်ကျင့်၊ ထျန်ထိုင်ယွီကျိုး တို့က စစ်သည် နှစ်သိန်း၊ အနက်ရောင်ဘုရင်ကျိုး နှင့် ပိုင်ဖေးဖေး တို့က စစ်သည် နှစ်သိန်းနှင့် ကျီးယန်၊ ကျင်းကျုံးယွဲ့၊ ဝူကျန့် တို့က စစ်သည် ငါးသိန်းကို ဦးဆောင်ကာ မြောက်ဘက်သို့ ချီတက်သွားကြ၏။

လမ်းကြောင်း သုံးခုခွဲကာ တာရှန်းမိစ္ဆာနိုင်ငံ၏ လူသူကင်းမဲ့သော နေရာရှိ အခြား အခြေစိုက် စခန်း တစ်ခုကို ညှပ်၍ တိုက်ခိုက်ကြသည်။

လေခွင်းမြို့...

ဤအချိန်တွင် လေခွင်းမြို့၏ စစ်သေနာပတိမှာ တာယင် အင်ပါယာ ဧကရာဇ်၏ ပဉ္စမမြောက် သားတော်၊ လက်ရှိ တာယင် ဘုရင်၏ ညီအရင်း ယင်ပါ့ ဖြစ်၏။

ထို့အပြင် ယွင်ကျုံးဟဲ့၏ ရင်းနှီးသော သူတစ်ယောက်၊ ယခင် တာယင် အင်ပါယာ အနက်ရောင် နဂါး အဖွဲ့ ခေါင်းဆောင် ကုန်းစွန်းယန် လည်း ရှိသေးသည်။

စစ်ပွဲကြီး ချက်ချင်း စတင်တော့မည် ဖြစ်သည်။ နှစ်ဖက်စလုံး၏ စစ်သည် နှစ်သန်းနီးပါးသည် လေခွင်းမြို့၏ မိုင်ရာပေါင်းများစွာ ရှည်လျားသော ကာကွယ်ရေး လိုင်းတွင် ရူးသွပ်စွာ သတ်ဖြတ် တိုက်ခိုက်ကြ၏။

တစ်လကျော် အကြာတွင် စစ်ပွဲ ပြီးဆုံးသွားသည်။

တာယင် ဘုရင်၏ စစ်သည် တစ်သန်းနီးပါး စစ်ရှုံးသွားပြီး တစ်ဝက်ကျော် သေဆုံး ဒဏ်ရာရကာ ကျန်တစ်ဝက်မှာ မြောက်ဘက်သို့ ထွက်ပြေးသွားကြ၏။

တာ့ယန် အင်ပါယာက လေခွင်းမြို့ကို သိမ်းပိုက်လိုက်၏။ ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့ တို့သည် ယခင် နေအိမ်သို့ ထပ်မံ ပြန်ရောက်လာကြသည်။

အပိုင်း (၈၈၀)

လေခွင်းမြို့၏ မြို့စား အိမ်တော်...

သေချာပေါက် ဤဧရာမ ရဲတိုက်ကြီးသည် အသစ်စက်စက် ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်ပြီး မူလ ကျင်းမိသားစု၏ မြို့စား အိမ်တော်သည် လုံးဝ မီးလောင် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဒါက ကျွန်မတို့အိမ် ဟုတ်သေးရဲ့လား။”

ယွင်ကျုံးဟဲ့က ပြန်မေး၏။ “သင်္ဘော တစ်စင်းက နှစ်အနည်းငယ် အတွင်းမှာ အစိတ်အပိုင်းတွေ အားလုံး လဲလှယ်လိုက်ရင် အဲဒါက မူလ သင်္ဘော ဟုတ်သေးရဲ့လား။”

ကျင်းကျုံးယွဲ့က ဖြေသည်။ “သေချာပေါက် မဟုတ်တော့ဘူးပေါ့။”

ယွင်ကျုံးဟဲ့က မေးလိုက်ပြန်၏။ “မင်း အကြိမ်ကြိမ် အသွင်ပြောင်းခဲ့တယ် ဆိုတော့ မင်းရဲ့ ခန္ဓာကိုယ် ဆဲလ်တွေ အားလုံး အကြိမ်ကြိမ် လဲလှယ်ပြီးသွားတာနဲ့ အတူတူပဲလေ။ ဒါဆို မင်းက မင်း ဟုတ်သေးရဲ့လား။”

ကျင်းကျုံးယွဲ့က ဖြေသည်။ “ကျွန်မက အရင်က ကျွန်မ ဟုတ်သေးလား ဆိုတာကို ရှင် အသိဆုံး ဖြစ်မှာပါ။”

ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။ “ဟုတ်တယ်။ ဒါပေမဲ့ အရသာကတော့ တခြားစီပဲ။”

ဤစကား တစ်ခွန်းတည်းဖြင့် လူနှစ်ဦး ထပ်မံ၍ အတူတကွ လုံးထွေးသွားကြပြန်သည်။

“ကျွန်မ အသွင်ပြောင်းခဲ့ရတာ အရမ်း ကံကောင်းတာပဲ။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ထျန်ထိုင်ဖူဖင်းကို တွေ့လိုက်တော့ သူ တကယ် အိုသွားပြီလေ။ ကျွန်မသာ အသွင်မပြောင်းခဲ့ရဘူး ဆိုရင် ရှင်နဲ့ အတူတူနေဖို့ သတ္တိရှိမှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့ကို ကြည့်လိုက်ရာ သူမသည် ပိုမို လှပလာပြီး ခန္ဓာကိုယ် အချိုးအစားကလည်း ပိုမို မကောင်းဆိုးဝါး ဆန်လာသော်လည်း ကြည့်ရသည်မှာ အသက် သုံးဆယ်ပင် မပြည့်သေးသည့် ပုံစံမျိုး ဖြစ်နေသည်။

“ဒီလို အသွင်ပြောင်းတာက ပေးဆပ်ရမှု ရှိတယ်လို့ ရှင် ထင်လား။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “အကြောင်းပြချက် မရှိဘဲ နုပျိုနေလို့မှ မရတာ။ ဒီလောကမှာ တကယ့် မအိုမသေ ထာဝရ အသက်ရှင်ခြင်း ဆိုတာမှ မရှိတာ။”

ယွင်ကျုံးဟဲ့က မေးသည်။ “ဘာပေးဆပ်ရမယ်လို့ မင်း ထင်လဲ။”

ကျင်းကျုံးယွဲ့က ဖြေ၏။ “ဒီလောကက လူတွေရဲ့ အသက်က အများဆုံးမှ အသက် တစ်ရာကျော်လောက်ပဲ ရှိတာလေ။ အမြဲတမ်း နုပျိုနေနိုင်ပေမယ့် သက်တမ်း စေ့သွားတာနဲ့ ချက်ချင်း သေဆုံးသွားမှာပဲ။”

“အင်း...”

ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် နုဧကရာဇ်ကို အကြောင်းပြချက် မရှိဘဲ သတိရသွားမိသည်။ ‘ဒီလူ တကယ်ပဲ ရုတ်တရက် သေဆုံးသွားခဲ့တာလား။’

......................

ယွင်ပြည်နယ် တိုက်ကြီး.....

ကျင်းမိသားစု တစ်ခုလုံး ဤနေရာတွင် နေထိုင်ကြသည်။ ထျန်ထိုင်ဖူဖင်းသည် နောက်ဆုံးတော့ နင်ချင်း ကို တွေ့မြင်ခွင့် ရလိုက်ပြီး လူနှစ်ဦး ဖက်၍ ငိုကြွေးကြ၏။

“ကံကောင်းလို့ ကျွန်မ ပုံမှန် မိန်းမ တစ်ယောက်ကို တွေ့ရတာ။ မိစ္ဆာမ တစ်ယောက် မဟုတ်လို့ တော်သေးတယ်။” ထျန်ထိုင်ဖူဖင်းက ပြောသည်။

“ရှင် ပြောတဲ့ မိစ္ဆာမက သူမလား။” နင်ချင်းက လက်ဖက်ရည် လာငှဲ့ပေးသော ရွှီအန်းထင်ကို လက်ညှိုးထိုး ပြလိုက်၏။

ရွှီအန်းထင်၏ မျက်နှာပေါ်တွင် အမာရွတ် ရှိနေပြီး ယွင်ကျုံးဟဲ့က သူမ၏ အမာရွတ်ကို ပျောက်ကင်းအောင် ကုသပေးရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့သည်။

ရလဒ် အနေဖြင့် ဟေးယန်အင်ပါယာ၏ ကျိန်စာတိုက်ခံထားရသော နယ်မြေတွင် သူမ အနည်းငယ် အသွင်ပြောင်းသွားခဲ့သည်။ ထို့နောက် ယွင်ကျုံးဟဲ့က သူမကို ခွဲစိတ်မှု ပြုလုပ်ပေးခဲ့ရာ သူမ၏ မျက်နှာသည် ရာခိုင်နှုန်း ကိုးဆယ်ခန့် ချောမွေ့ သန့်စင်စွာ ပြန်လည် ကောင်းမွန်လာခဲ့၏။

သို့ပေမည့် သူမသည် ကျင်းကျုံးယွဲ့ လိုမျိုး အရမ်း နုပျိုနေခြင်း မဟုတ်ဘဲ အသက် သုံးဆယ်ကျော် အရွယ် အမျိုးသမီး တစ်ဦးနှင့်သာ တူနေသည်။

ထို့နောက် ထျန်ထိုင်ဖူဖင်းက ပြောလိုက်၏။ “ကျွန်မ ယွင်ကျုံးဟဲ့ကို တွေ့ခဲ့တယ်။ သူက လူနဲ့တောင် မတူတော့ဘူး။ ကျောက်စိမ်းနဲ့ ထုဆစ်ထားသလိုပဲ၊ တကယ့် လူနဲ့ မတူဘူး။ သူ အမြဲတမ်း ဒီလို နုပျိုနေမယ် ဆိုရင် ဘယ်လောက်တောင် အနေရခက်လိုက်မလဲ။”

နင်ချင်းက ပြောသည်။ “ဘယ်သူက မဟုတ်ဘူးလို့ ပြောနေလို့လဲ။”

ထျန်ထိုင်ဖူဖင်းက မေးလိုက်၏။ “ရှင်လည်း အရမ်း နုပျိုပါတယ်။ တကယ့် အသက်ထက် ဆယ်နှစ်လောက် ပိုငယ်နေပုံ ပေါက်တယ်။ ဒါပေမဲ့ သူနဲ့ ယှဉ်လိုက်ရင်တော့ အများကြီး ပိုကြီးသလို ဖြစ်နေမှာပဲ။ ဒါဆို ရှင်တို့ အချင်းချင်း အတူတူ နေကြသေးလား။”

နင်ချင်းက နှုတ်ခမ်းကို ကိုက်ကာ ပြုံးရင်း ဖြေလိုက်သည်။ “နေတာပေါ့။ သူက ကျွန်မဆီမှာ ယုံကြည်မှု ရှာရတာကို အရမ်း သဘောကျတာ။”

‘ချီးတဲ့မှ.. ဒီစကားက သတင်းအချက်အလက် အရမ်း များတာပဲ။’

ထို့နောက် လူနှစ်ဦး ရှက်သွေးဖြာစွာ ရယ်မောလိုက်ကြပြီး အချင်းချင်း နားရွက်နား ကပ်ကာ ကလေး မဖတ်သင့်သော စကားများ အများအပြားကို ပြောဆိုကြ၏။

ထို့နောက် ထျန်ထိုင်ဖူဖင်းသည် ထျန်ထိုင်ဝူယန်ကို သွားတွေ့သည်။

‘တကယ်ပဲ အရမ်း နုပျိုနေသေးတာပဲ။ လွန်ခဲ့တဲ့ နှစ်အတော်ကြာက ပုံစံနဲ့ သိပ်မကွာခြားဘူး။ ပြီးတော့ အရင်ကထက် အများကြီး ပိုလှလာပြီး ဝူယန် (အရုပ်ဆိုးသူ) မဟုတ်တော့ဘူး။ အရင်ကလောက်လည်း မအတော့ဘူး။ အခု သူမရဲ့ ဉာဏ်ရည်က အသက် ဆယ်နှစ် အရွယ်လောက် ရှိနေလောက်ပြီ။’

သူမ၏ သားငယ်မှာ ယခုနှစ်တွင် အသက် ခုနစ်နှစ် တိတိ ရှိပြီဖြစ်၏။ ထို့ကြောင့်လည်း များသောအားဖြင့် ထိုသားအမိနှစ်ဦးမှာ ကလေးကဲ့သို့ပင် မုန့်လုစားခြင်း၊ ကစားစရာ လုဆော့ခြင်းများကို ပြုလုပ်နေကြဆဲ ဖြစ်သည်။

ကလေးငယ်မှာ အလွန်ဉာဏ်ကောင်းပြီး ကျန်းမာသန်စွမ်းလှရာ၊ ဤအချက်ကပင် ကတိုးမွှေးသခင်မနှင့် ထျန်ထိုင်ဖူဖင်းတို့အတွက် အကြီးမားဆုံးသော စိတ်သက်သာရာရမှုနှင့် နှစ်သိမ့်မှု ဖြစ်စေခဲ့၏။

ထျန်ထိုင်ဖူဖင်း ရောက်ရှိလာပြီး ထျန်ထိုင်ဝူယန်ကို တွေ့ရှိချိန်၌ သူမသည် သားဖြစ်သူ၊ ကတိုးမွှေးသခင်မ တို့နှင့်အတူ ချောကလက်ကိတ်မုန့် ပြုလုပ်နေကြခြင်း ဖြစ်သည်။

ကတိုးမွှေးသခင်မက မုန့်လုပ်ပေးပြီး ထျန်ထိုင်ဝူယန်က ထိုင်စားနေခြင်းလား။ အမှန်တော့ ထိုသို့မဟုတ်ပေ။

ထျန်ထိုင်ဝူယန်၏ ပါရမီများအားလုံးမှာ စားသောက်ရုံသာမက ချက်ပြုတ်ကျော်လှော်သည့် နေရာတွင်ပါ ထူးချွန်လှခြင်း ဖြစ်သည်။

တိတိကျကျ ပြောရလျှင် ဟင်းချက်ခြင်းထက် မုန့်ဖုတ်သည့်အလုပ်တွင် ပို၍ ဝါသနာထုံလှပြီး ဟင်းချက် စွမ်းရည်မှာမူ သာမန်မျှသာ ဖြစ်သည်။ သို့သော်လည်း မုန့်အမျိုးမျိုးကို စီမံဖန်တီးသည့် နေရာတွင်မူ သူမသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းသူ ဖြစ်၏။

ကျင်းဝူပင်းသည် သူမအတွက် မုန့်ဆိုင်ငယ်လေးတစ်ဆိုင်ကိုပင် ဖွင့်လှစ်ပေးထားရာ စီးပွားရေးမှာလည်း အလွန် အောင်မြင်၏။ ထို့ကြောင့် ကျင်းကျုံးယွဲ့နှင့် ယွင်ကျုံးဟဲ့တို့က ထောက်ပံ့ကျွေးမွေးရန် မလိုတော့ဘဲ မိမိခြေထောက်ပေါ် မိမိရပ်တည်ကာ အတော်ပင် ကြွယ်ဝချမ်းသာနေပြီ ဖြစ်သည်။

ထျန်ထိုင်ဖူဖင်းသည်လည်း ထိုမုန့်လုပ်ငန်းကို စိတ်ဝင်တစားဖြင့် ဝင်ရောက်ကူညီ လုပ်ကိုင်သည်။ သူမ၏ လက်ရာမှာ မဆိုးလှဟု ဆိုနိုင်သော်လည်း ညီမဖြစ်သူ ထျန်ထိုင်ဝူယန်၏ ကျွမ်းကျင်မှုနှင့် အရသာကိုမူ မမီနိုင်သေးပေ။

သို့သော်ငြားလည်း ထျန်ထိုင်ဖူဖင်းမှာ အလွန်တက်ကြွ စိတ်အားထက်သန်နေသောကြောင့် မိမိလုပ်ထားသော မုန့်များကိုပါ ဆိုင်တွင် တင်ရောင်းရန် စီစဉ်လိုက်သည်။

ဤသည်က ထျန်ထိုင်ဝူယန်အား အလွန်အမင်း စိုးရိမ်ပူပန်သွားစေကာ သွားရောက်တားမြစ်ချင်သော်လည်း၊ ကတိုးမွှေးသခင်မ၏ တင်းကျပ်လှသော ဆုံးမမှုများကြောင့် အလိုမကျမှုကို မဖော်ပြရဲဘဲ အလိုက်တသိဖြင့် အောင့်အည်းနေခဲ့ရ၏။

ထို့ကြောင့် ထျန်ထိုင်ဝူယန်မှာ ထိုင်မရ ထမရ ဖြစ်ကာ စိတ်ဂဏာမငြိမ် ဖြစ်လာပြီး၊ အစ်မဖြစ်သူ လုပ်ထားသော မုန့်များကို ဝယ်ယူသွားသည့် ဝယ်သူများအနေဖြင့် အဆင်မပြေဘဲ မနှစ်သက်ကြမည်ကို စိုးရိမ်နေမိသည်။

ထို့ကြောင့် အစ်မဖြစ်သူ ထျန်ထိုင်ဖူဖင်း အိမ်သာသွားခိုက် အချိန်တိုလေးကို အခွင့်ကောင်းယူကာ သူမသည် ဆက်လက်အောင့်အည်း မထားနိုင်တော့ဘဲ မုန့်ဆိုင်သို့ အပြေးအလွှား သွားရောက်ခဲ့သည်။ ထို့နောက် မိမိ၏ ကိုယ်ပိုင်ငွေကို ထုတ်ယူကာ ထျန်ထိုင်ဖူဖင်း လုပ်ထားသမျှသော မုန့်များကို တစ်ခုမကျန် လိုက်လံ ရွေးချယ်ကာ ဝယ်ယူပစ်လိုက်တော့၏။

သို့သော်လည်း ကတိုးမွှေးသခင်မ ငေါက်ငမ်းဆူပူမည်ကို ကြောက်ရွံ့သောကြောင့် ထိုမုန့်များကို အိမ်သို့ တိုက်ရိုက်သယ်ဆောင်ရန် မဝံ့ရဲချေ။

ထို့ကြောင့် နံရံထောင့်တစ်နေရာ၌ တစ်ဦးတည်း ပုန်းကွယ်လျက် ထျန်ထိုင်ဖူဖင်း လုပ်ထားသော မုန့်အားလုံးကို သူမဘာသာ အကုန်အစင် စားပစ်လိုက်တော့သည်။ ထိုမုန့်များ၏ အလေးချိန်မှာ ပေါင်ဝက်ခန့်ပင် ရှိသည်။

အလွန်အမင်း အတင်းအကျပ် စားလိုက်ရသောကြောင့် လည်ချောင်းဝယ် နင်လုမတတ်ပင် ဖြစ်သွားရသည်။ အိမ်သို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း လေတက်ခြင်းဝေဒနာကို ခံစားနေရကာ သူတစ်ပါးတို့ ရိပ်မိသွားမည်ကို စိုးရိမ်သောကြောင့် မီးဖိုချောင်ထဲတွင် တစ်ဦးတည်း တိတ်တဆိတ် ပုန်းအောင်းနေခဲ့ရ၏။

ညအချိန်ရောက်၍ အိပ်ရာဝင်ချိန်ကျမှသာ လင်ယောက်ျားဖြစ်သူ ကျင်းဝူပင်းအား ထိုအကြောင်းကို ရဲရဲဝံ့ဝံ့ ဖွင့်ဟတိုင်ပင်ရဲတော့သည်။

ညဘက် ရောက်လာခဲ့၏။

ထျန်ထိုင်ဖူဖင်းသည် အဆောက်အအုံ၏ အမြင့်ဆုံး နေရာတွင် ရပ်ကာ မီးရောင် ထိန်လင်းနေသော မြို့တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနေသည်။

“အရမ်း လှတာပဲ။ ဒါက တာ့ယန် အင်ပါယာ လား။” ထျန်ထိုင်ဖူဖင်းက မနေနိုင်ဘဲ မေးလိုက်၏။

နင်ချင်းက ပြောသည်။ “ယွင်ပြည်နယ် တိုက်ကြီး တည်ဆောက်တာ နှစ်နှစ်တောင် မပြည့်သေးဘူး။ အရမ်း လှတယ်လို့ ပြောလို့ မရသေးပါဘူး။ ရှင် ရှန့်ဝမ် ပြည်နယ်ကို သွားကြည့်သင့်တယ်။ အဲဒီမှာ အထပ်မြင့် အဆောက်အအုံတွေချည်းပဲ။ အဲဒါမှ တကယ့် မီးရောင် ထိန်လင်းတာ။ ပြီးတော့ နှင်းတောင် အောက်မှာ ရှိတဲ့ မြို့တော် ဆိုရင် ပိုလှသေးတယ်။”

ထျန်ထိုင်ဖူဖင်းက မေးလိုက်၏။ “အစ်မနင်ချင်း... အစ်မ အိမ်ကို လွမ်းလား။ လူသူကင်းမဲ့တဲ့ နေရာကို လွမ်းလား။”

နင်ချင်း အတော်ကြာအောင် ပြန်တွေးကြည့်ပြီးနောက် ခေါင်းယမ်းကာ ဖြေသည်။ “လူတွေက ကိုယ့်ရဲ့ မွေးရပ်မြေကို လွမ်းဆွတ်တတ်တာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်မ အိမ်ကို လံဒးဝ မလွမ်းဘူး။ ခေါင်းထဲမှာတောင် မေ့ပျောက်နေလောက်ပြီ။ ကျွန်မမှာ မိသားစုတွေ အများကြီး ရှိနေပြီလေ၊ ထပ်ပြီး လောဘကြီးလို့ မရတော့ဘူး။”

သူမ အသက် ဆယ်နှစ်ကျော် အရွယ် မတိုင်ခင်အထိ ပျော်ရွှင်ခဲ့ရပြီး ထိပ်တန်း ပါရမီရှင် မိန်းကလေး တစ်ယောက်လည်း ဖြစ်ခဲ့သည်။ သို့ပေမည့် အိမ်ထောင်ကျပြီးနောက်ပိုင်း အရာအားလုံးသည် မပျော်ရွှင်စရာချည်း ဖြစ်ခဲ့ပြီး အထူးသဖြင့် မိသားစုက သူမကို အလွန် အေးစက်စွာ ဆက်ဆံခဲ့၏။

ထို့အပြင် သူမ၏ မိသားစု ရှိသေးသည်လား။ ယခင်က လူသူကင်းမဲ့သော နေရာ၏ ဒုတိယ အကြီးဆုံး နယ်စား ဖြစ်ခဲ့သော နင်မိသားစုသည် ယခုအခါ အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။

ထျန်ထိုင်ဖူဖင်းက မေးလိုက်၏။ “ဒါဆို အစ်မနဲ့ သူက ဘယ်လို ဆက်ဆံရေးမျိုးလဲ။”

နင်ချင်း ခဏမျှ စဉ်းစားပြီးနောက် ဖြေသည်။ “ချစ်သူတွေပေါ့။ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်။”

ထို့နောက် လူနှစ်ဦး ထပ်မံ၍ ရယ်မော နောက်ပြောင်ကြပြန်သည်။ ဤအချိန်တွင် မလှမ်းမကမ်းမှ လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

“အဲဒီဘက်မှာ ဘာလုပ်နေတာလဲ။” ထျန်ထိုင်ဖူဖင်းက မေးလိုက်သည်။

နင်ချင်းက ဖြေ၏။ “တေးဂီတ ဖျော်ဖြေပွဲ...”

ထျန်ထိုင်ဖူဖင်းက ဆက်မေးသည်။ “အထက်တန်းလွှာတွေ သွားနားထောင်တာလား။”

နင်ချင်းက ဖြေလိုက်၏။ “မဟုတ်ဘူး။ အလုပ်သမားတွေ သွားနားထောင်တာ။ အင်ပါယာရဲ့ စစ်ပွဲအတွက် သူတို့ အရမ်း၊ အရမ်းကို ပင်ပန်းကြပါတယ်။ နေ့တိုင်း အလုပ် ဆယ့်တစ်နာရီ လုပ်ရတယ်။ အလုပ်ဆင်းရင် ဆိုင်မျိုးစုံ ရှိတယ်။ လက်ဖက်ရည် သွားသောက်လို့ ရတယ်၊ တေးဂီတ ဖျော်ဖြေပွဲ သွားနားထောင်လို့ ရတယ်၊ ပုံပြင် သွားနားထောင်လို့ ရတယ်။ ဝန်ကြီးအဖွဲ့ရဲ့ စည်းမျဉ်းအရ အလုပ်သမားတိုင်းဟာ ကြွယ်ဝတဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ ရှိရမယ်၊ အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်ရမယ်တဲ့။”

ထျန်ထိုင်ဖူဖင်းက မေးသည်။ “ပိုက်ဆံ မပေးရဘူးလား။”

နင်ချင်းက ဖြေ၏။ “သေချာပေါက် ပိုက်ဆံ ပေးရတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ လစာက အရမ်းများတော့ အလွယ်တကူ တတ်နိုင်ပါတယ်။”

ထျန်ထိုင်ဖူဖင်းက ထပ်မေးသည်။ “ယွင်ပြည်နယ် တိုက်ကြီးမှာ စုစုပေါင်း အလုပ်သမား ဘယ်လောက် ရှိလဲ။”

နင်ချင်းက ဖြေ၏။ “တစ်သန်းကျော် ရှိနေပြီ။ တောင်ပိုင်းပြည်နယ်မှာလည်း သိန်းဂဏန်းလောက် ရှိတယ်၊ နုပြည်နယ်မှာလည်း သန်းဂဏန်းလောက် ရှိတယ်၊ ရှန့်ဝမ် ပြည်နယ်၊ အထူး ပြည်နယ် အချို့နဲ့ အင်ပါယာ ပြည်တွင်းမှာ ဆိုရင် အလုပ်သမား သန်းတစ်ရာ၊ နှစ်ရာလောက် ရှိတယ်။”

ထျန်ထိုင်ဖူဖင်းက ပြောလိုက်သည်။ “တာ့ယန် အင်ပါယာ စစ်တိုက်တဲ့အခါမှာ ဒီလောက်တောင် လက်ဖွာပြီး အမြောက်ဆန်တွေကို မိုးရွာသလို ပစ်ချနိုင်တာ မဆန်းတော့ပါဘူး။”

ထိုအချိန်တွင် မလှမ်းမကမ်းရှိ လမ်းမပေါ်၌ ခြေသံများ ထွက်ပေါ်လာပြီး ညအမှောင် အတွင်းတွင် စစ်တပ် တစ်တပ်သည် စနစ်ကျသော ခြေလှမ်းများဖြင့် မိုင်ဆယ်ဂဏန်းခန့် ကွာဝေးသော စစ်တန်းလျားဆီသို့ ချီတက်သွား၏။

ဤသည်မှာ အင်ပါယာ ပြည်တွင်းမှ လာသော စစ်တပ် ဖြစ်ပြီး သင်္ဘောပေါ်မှ ဆင်းလာသည်မှာ မကြာသေးပေ။

ယခုအခါ တောင်ပိုင်းပြည်နယ်နှင့် ယခင် တာ့ကျိုး အင်ပါယာ အတွင်းရှိ အင်ပါယာ စစ်သည်များသည် တစ်သန်းကျော် ရှိနေပြီ ဖြစ်သည်။

ယွင်ပြည်နယ် တိုက်ကြီးရှိ စစ်သည်များမှာလည်း သိန်းဂဏန်းခန့် ရှိနေပြီဖြစ်ပြီး တာ့ယန် အင်ပါယာ ပြည်တွင်းမှ စစ်သည်များသည်လည်း အဆက်မပြတ် ရောက်ရှိလာနေဆဲ ဖြစ်၏။

“ဒီစစ်ပွဲကို ကျွန်မတို့ တကယ် နိုင်မှာပါ။” ထျန်ထိုင်ဖူဖင်းမနေနိုင်ဘဲ ပြောလိုက်သည်။

နင်ချင်းက ပြော၏။ “ကျွန်မတို့ သေချာပေါက် နိုင်မှာပေါ့။ ကျွန်မတို့ ယွင်ပြည်နယ်မှာ စစ်ပွဲ အငွေ့အသက်ကို လုံးဝ မခံစားရဘူး။ အင်ပါယာ ပြည်တွင်း ဆိုရင် ပိုပြီးတော့တောင် အေးချမ်းသေးတယ်။ အဲဒါကြောင့် ကျွန်မတို့ သေချာပေါက် နိုင်မှာပါ။”

All Chapters