← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အပိုင်း (၃၆)

​"ဟီးဟီးဟီး..."

​ သွေးမိစ္ဆာဧကရာဇ်သည် ရယ်မောလိုက်ရာ... နက်မှောင်သော မိစ္ဆာမြူခိုးများဖြင့် ဖွဲ့စည်းထားသည့် သူ၏ ဝိညာဉ်အသွင်သဏ္ဌာန်ကြီးမှာ ညကောင်းကင်ယံတွင် တလိမ့်လိမ့် တုန်ခါသွားတော့သည်။

​ "စုချင်းရွှယ်... မင်း ကြည့်ရတာ... ဆက်ပြီး တောင့်ခံနိုင်စွမ်း မရှိတော့တဲ့ ပုံပဲ"

​ အခွင့်အရေး ရပြီ။

​ "ကောင်မလေး... မင်း ငါ့နောက်ကို လိုက်လံလုပ်ကြံနေတာ သုံးနှစ်တောင် ရှိပြီ။ ငါက မင်းကို ဘာများလုပ်ခဲ့မိလို့လဲ"

​ စုချင်းရွှယ်သည် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ယိမ်းထိုးနေသော ခန္ဓာကိုယ်ကို အတင်းအဓမ္မ ထိန်းထားရသည်။ သူမ၏ နီရဲသော မျက်ဝန်းအစုံက မိစ္ဆာကြီးအား စိုက်ကြည့်နေပြီး - "လွန်ခဲ့တဲ့ ခုနစ်နှစ်က... မိစ္ဆာမျိုးနွယ်တွေ အဆုံးမဲ့ကောင်းကင်ဘုံကို တိုက်ခိုက်ပြီး ငါ့အမေကို သတ်ခဲ့ကြတယ်။ မိစ္ဆာတွေကို မြင်ရင် မြင်တဲ့နေရာမှာ အပြတ်ရှင်းပစ်မယ်"

​ “ဟဟ... ကလဲ့စားချေတာပေါ့လေ" သွေးမိစ္ဆာဧကရာဇ်၏ လေသံမှာ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည် - "ငါက မင်းအမေ သေဆုံးခြင်းကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတဲ့ ကံကောင်းတဲ့သူ တစ်ယောက်ပဲ။ အဲဒီမြင်ကွင်းက အခုထိ မျက်စိထဲမှာ စွဲထင်နေတုန်းပဲ"

​ "အဲဒီတုန်းကသာ သူမက အဆုံးမဲ့ကောင်းကင်ဘုံကနေ ထွက်ခွာဖို့ သဘောတူခဲ့ရင်... မိစ္ဆာဧကရာဇ်ပေါင်းများစွာက သူမကို ကာကွယ်ပေးကြမှာ။ နှမြောစရာကောင်းတာက သူမက အရမ်း ခေါင်းမာလွန်းခဲ့တယ်"

​ "မိစ္ဆာတွေက မင်းအမေကို သတ်ခဲ့တာ မဟုတ်ဘူး... ဒုက္ခတွင်းထဲကနေ ကယ်တင်ပေးခဲ့တာ။ မင်းတို့ရဲ့ စုမိသားစုကသာ သူမကို တကယ်တမ်း ဒုက္ခပေးခဲ့တာ"

​ သွေးမိစ္ဆာဧကရာဇ်၏ စကားများက စုချင်းရွှယ်ကို ဒေါသအိုးကို ပေါက်ကွဲသွားစေခဲ့သည်။

​ "မင်း စကားတွေနဲ့ လျှောက်လိမ်မနေနဲ့။ သေချင်နေပြီပဲ"

​ သူမသည် စွမ်းအားအားလုံးကို စုစည်းကာ ဓားကိုဝှေ့ယမ်းပြီး သွေးမိစ္ဆာဧကရာဇ်ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

​ မြေပြင်ပေါ်တွင်မူ... ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေသော စုယွီမော့သည် ဝုန်းခနဲ ထရပ်လိုက်ပြီး ကောင်းကင်ယံက သွေးမိစ္ဆာဧကရာဇ်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ဆဲဆိုလိုက်လေသည်။

​ "မိစ္ဆာကောင်တွေ... မင်းတို့က အရိုးမရှိတဲ့ အကောင်တွေပဲ"

​ သူမကိုယ်တိုင်ပင် လေထဲသို့ ပျံတက်ပြီး အမေ့အတွက် ကလဲ့စားချေရာတွင် ကူညီပေးချင်နေမိသည်။

​ သို့သော်လည်း သူမ၏ ခြေထောက်နှစ်ဖက် မြေပြင်ကနေ နှစ်မီတာလောက်ပင်မကြွရသေးမီ... သန်မာသော လက်တစ်ဖက်က သူမ၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲကာ အောက်သို့ ပြန်ဆွဲချလိုက်သည်။

​ "အောက်မှာပဲ နေစမ်း"

​ လျူယွမ်၏ လေသံက မကျယ်သော်လည်း... ငြင်းဆန်ရန်မစွမ်းသာသော အာဏာ စွမ်းပကားတစ်ခု ပါဝင်နေသကဲ့သို့ပင်။

​ စုယွီမော့၏ စိတ်လိုက်မာန်ပါလုပ်ချင်သော စိတ်ဆန္ဒများမှာ ချက်ချင်းပင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်သို့ ငြိမ်ငြိမ်သက်သက် ပြန်လည် ဆင်းသက်ကာ ရပ်တန့်သွားတော့သည်။

​ 'ဘုရားရေ... ငါက ဘာလို့... ခဲအိုရဲ့ စကားကို ဒီလောက်တောင် နာခံနေရတာလဲ'

​ စုယွီမော့သည် စိတ်ထဲကနေ အံ့ဩနေမိသည် - 'သွားပါပြီ... သွားပါပြီ... ငါပါ ခဲအိုကို ကြွေနေမိပြီလား မသိဘူး'

​ "အပေါ်ကိုတက်ပြီး မင်းအစ်မကို အနှောင့်အယှက် မပေးနဲ့" လျူယွမ်က အကျိုးအကြောင်း ရှင်းပြလိုက်သည်။

​ စုယွီမော့၏ ခွန်အားက မလုံလောက်ချေ။ အကယ်၍ သွေးမိစ္ဆာဧကရာဇ်က သူမကို ဖမ်းဆီးပြီး စုချင်းရွှယ်ကို ဓားစာခံလုပ်ကာ ခြိမ်းခြောက်လာပါက အခြေအနေက ပိုပြီး ရှုပ်ထွေးသွားပေလိမ့်မည် ဖြစ်သည်။

​ မြင့်မားသော ကောင်းကင်ယံတွင်...

​ သွေးမိစ္ဆာဧကရာဇ်သည် "ဝိညာဉ်တစ်သောင်း အလံတော်" ကို ကိုင်ကာ စုချင်းရွှယ်၏ အားအင်ကုန်ခမ်းနေသော ဓားချက်ကို ခုခံလိုက်ရင်း တစ်ပြိုင်နက်တည်းမှာပင် ပြောလိုက်သည်။

​ "မင်းအမေရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်။ မင်းအဖေ စုကျန့်နန်နဲ့ မင်းရဲ့ ဆရာသခင် ယွန်းမြောင်တို့က မင်းကို ဘာမှ မပြောရသေးဘူး မဟုတ်လား"

​ "ဩော်... သနားစရာ ကလေးမလေးပဲ... အမှောင်ချခံထားရတာကိုး"

​ စုချင်းရွှယ် အနည်းငယ် တုန့်ဆိုင်းသွားပြီး သူမ၏ လှပသော မျက်ခုံးအစုံက တွန့်ချိုးသွားသည်။

​ 'ငါ့အမေရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက် ရှိနေတယ် ဟုတ်လား'

​ "သိချင်လား" သွေးမိစ္ဆာဧကရာဇ်က ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်ရင်း - "ငါ မင်းအမေကို... ကိုယ်တိုင် ပြောပြခိုင်းလို့ ရတာပေါ့"

​ သူ့စကား ဆုံးသည်နှင့်တစ်ပြိုင်နက်... လူဦးခေါင်းခွံများဖြင့် ချုပ်လုပ်ထားသော အနက်ရောင်အလံတော်ကြီးသည် ရေလှိုင်းများအလား ရုတ်တရက် လှုပ်ခါသွားတော့သည်။

​ ထိုအထဲမှ ဝိညာဉ်ပေါင်း ထောင်သောင်းချီ၍ ရုန်းကန်ထွက်ပေါ်လာကြသည်။

​ ထိုအထဲက ပုံရိပ်တစ်ခုက စုချင်းရွှယ်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

​ သူမသည် နန်းတွင်းဝတ်စုံကို ဆင်မြန်းထားပြီး ကောင်းကင်က ကြယ်ပွင့်တစ်ပွင့်အလား အေးစက်ကာ သန့်စင်သော အရှိန်အဝါရှိသည့် အလွန်လှပသော အမျိုးသမီးကြီး တစ်ဦး ဖြစ်သည်။

​ သူမ၏ ရုပ်ရည်က စုချင်းရွှယ်နှင့် တထပ်တည်း တူညီနေသော်လည်း... သူမ၏ မျက်ခုံးအစုံတွင်မူ အချိန်ကာလက ပေးစွမ်းထားသော နူးညံ့သိမ်မွေ့သည့် ကျော့ရှင်းမှုများ ရှိနေပြီး၊ မျက်ဝန်းအစုံမှာ ကြယ်တာရာ ကောင်းကင်ယံအလား နက်ရှိုင်းလှသဖြင့် လောကကြီး၏ အရာအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်း ရှိပုံရသည်။

​ ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ စုချင်းရွှယ်၏ လူသတ်ငွေ့များမှာ ချက်ချင်းပင် လျော့ပါးသွားပြီး ခန္ဓာကိုယ်ကြီးက ပြင်းထန်စွာ တုန်ရင်လာကာ မျက်ဝန်းအစုံက ရုတ်ချည်း နီမြန်းလာခဲ့သည်။

​ "အမေ... အမေ ဘယ်လိုဖြစ်လို့..."

​ သူမလက်ထဲက နီရဲသော ဓားသွားကြီးမှာလည်း လေထဲတွင် ရပ်တန့်သွားခဲ့ရသည်။

​ ဤသူကား... စုချင်းရွှယ်နှင့် စုယွီမော့တို့၏ မိခင်ဖြစ်သူ “ယိုကွမ်း" ပင် ဖြစ်တော့သည်။

​ ယိုကွမ်းသည် သူ့သမီးကို ကြည့်ကာ မိခင်တစ်ယောက်၏ နူးညံ့သောအပြုံးဖြင့် ပြုံးပြလိုက်သော်လည်း အနည်းငယ် အံ့ဩသွားသည့် အရိပ်အယောင်လည်း ရှိနေသည် - "ချင်းရွှယ်... မင်းလား။ သမီးလေး... အရွယ်ရောက်လာပြီပဲ"

​ "အမေ... သမီး အမေ့ကို အရမ်းလွမ်းတာပဲ..."

​ စုချင်းရွှယ် တစ်ကိုယ်လုံး တုန်ရင်နေပြီး ထိုပုံရိပ်ထံသို့ ခြေလှမ်းတစ်လှမ်း မသိစိတ်ဖြင့် လှမ်းလိုက်မိသည်။

​ မြေပြင်ပေါ်တွင်မူ...

​ စုယွီမော့သည်လည်း ထိန်းမနိုင်သိမ်းမရ ရှိုက်ကြီးတငင် ငိုကြွေးနေချေလေပြီ။ သူမသည် လက်ကို ဆန့်တန်းရင်း-

​"မေမေ... ဝူးဝူး... တကယ်ကြီး မေမေပဲ..."

​ သူမသည် လေထဲသို့ ပျံတက်ပြီး မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ချင်နေမိသည်။

​ သို့သော်လည်း ဘာကြောင့်ရယ်မသိ... ခဲအို၏ စကားများက သူမ၏ စိတ်ထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေခဲ့သည်။

​ သူမသည် အမေနှင့် ခဲအိုအကြား ခဏတာ ဝေခွဲမရ ဖြစ်သွားသော်လည်း... အံ့ဩစရာကောင်းလောက်အောင်ပင် ခဲအို၏ စကားကို နာခံရန် ရွေးချယ်လိုက်လေသည်။

​

​ "မိန်းမ... နောက်ဆုတ်လိုက်"

​ စုချင်းရွှယ်က ယိုကွမ်း၏ ရင်ခွင်ထဲသို့ တိုးဝင်တော့မည့် အချိန်မှာပင်... လျူယွမ်က အော်ဟစ်ကာ သူမကို တားဆီးလိုက်သည်။

​ သွေးမိစ္ဆာဧကရာဇ်သည် မိစ္ဆာတစ်ကောင် ဖြစ်သဖြင့် ဝိညာဉ်ကို ဖမ်းစားခြင်း၊ ပူးကပ်ခြင်းနှင့် လူတို့ကို လှည့်စားခြင်း အတတ်များတွင် အကျွမ်းကျင်ဆုံး ဖြစ်သည်။

​ ထိုဝိညာဉ်ပုံရိပ်က "ဝိညာဉ်တစ်သောင်း အလံတော်" ထဲက ထွက်လာခြင်း ဖြစ်သဖြင့်... ၎င်းသည် ယိုကွမ်း၏ စစ်မှန်သော ဝိညာဉ် ဟုတ်မဟုတ် မသေချာချေ။

​ အကယ်၍ စစ်မှန်သည်ဆိုဦးတော့... သူမသည် သွေးမိစ္ဆာဧကရာဇ်၏ ချုပ်ကိုင်ခြင်းကို ခံထားရပြီး ဖြစ်သဖြင့် ယုံကြည်၍ မရနိုင်ချေ။

​ စုချင်းရွှယ်သည် ချက်ချင်းပင် အသိတရား ပြန်ဝင်လာကာ နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်ပြီး ဓားကို ပြန်လည် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သူမအမေနှင့် တူလှသော ထိုဝိညာဉ်ကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်တော့သည်။

​ "ချင်းရွှယ်... သမီးက အဲဒီအမျိုးသားနဲ့ ဘာပတ်သက်လို့လဲ"

​ ယိုကွမ်း၏ အကြည့်က သမီးဖြစ်သူကို ဖြတ်ကျော်ကာ မြေပြင်ပေါ်က လျူယွမ်ထံသို့ ကျရောက်သွားပြီး မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်မှုများနှင့် ပြည့်နှက်သွားသည်။

​ သူမ၏ မှတ်ဉာဏ်ထဲတွင် ဤအမျိုးသားမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးချေ။

​ သူက ဘယ်သူလဲ…

​ ဘာလို့ သမီးဖြစ်သူက သူ့စကားကို နာခံနေရတာလဲ။

​ "အမေ..."

​ လျူယွမ်ကလည်း လှမ်းအော်လိုက်သည်။

​ ယိုကွမ်းမှာ ဆွံ့အသွားခဲ့ရလေသည်။ သူက ငါ့ကို "အမေ" လို့ ခေါ်လိုက်တာလား။

​ နေပါဦး... ငါ့မှာ ဒီလို သားမျိုး မရှိပါဘူး။

​ "ကျွန်တော်က ချင်းရွှယ်ရဲ့ ခင်ပွန်းပါ"

​ လျူယွမ်က မိမိကိုယ်ကိုယ် တည်ငြိမ်စွာ မိတ်ဆက်လိုက်သည်။ ဤသည်မှာ ဇနီးဖြစ်သူ၏ အာရုံကို လွှဲပြောင်းပေးရန်နှင့် မိစ္ဆာ၏ ထောင်ချောက်ထဲသို့ မကျဆင်းစေရန်အတွက်လည်း ဖြစ်သည်။

​ ယိုကွမ်း သက်ပြင်းချနိုင်တော့မှ... သူက သူမ၏ သားအရင်း မဟုတ်ဘဲ သမက်ဖြစ်နေမှန်း သိလိုက်ရသည်။

​ နေပါဦး...။

​ သူမ၏ ဝိညာဉ်ခန္ဓာကိုယ်ကြီး တုန်ရင်သွားပြီး သမီးဖြစ်သူကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်လိုက်မိသည် - "ချင်းရွှယ်... သမီး... သမီး အိမ်ထောင်ကျသွားပြီ ဟုတ်လား"

​ သူမ၏ လေသံမှာ တုန်ရင်နေရှာသည်။

​ "အမေ့မှတ်ဉာဏ်ထဲမှာ သမီးကို ပုံပြင်တွေ ပြောပြပြီး သိပ်ခဲ့ရတုန်းပဲ ရှိသေးတာ... အခု... ဘယ်လိုဖြစ်ပြီး အိမ်ထောင်ကျသွားတာလဲ"

​ သူမ၏ မှတ်ဉာဏ်ထဲတွင် သမီးဖြစ်သူမှာ ကလေးငယ်လေးသာ ရှိသေးသည်။ ဘယ်လိုဖြစ်ပြီး ရုတ်တရက် ခင်ပွန်းတစ်ယောက် ရှိလာရတာလဲ။

​ ဒါ့အပြင်... သူက လုံးဝ သူစိမ်းတစ်ယောက်... သာမန် လူသားတစ်ယောက်ပဲ မဟုတ်လား။

​ ရုပ်ရည် အတန်အသင့် ချောမောတာကလွဲရင် ဤအမျိုးသားတွင် ထူးခြားသော အရည်အချင်းရှိပုံ မရချေ။

​ မိခင်ဖြစ်သူ၏ မျက်ဝန်းထဲက တုန်လှုပ်မှုနှင့် ခံစားရခက်မှုများကို မြင်သောအခါ စုချင်းရွှယ်သည် သူမကို ပိုပြီး စိတ်မကောင်းမဖြစ်စေရန် တိတ်တဆိတ်သာ ခေါင်းငြိတ်ပြလိုက်သည်။

​ မိုးပြိုကျလာသကဲ့သိုပင်...

​ သမီးဖြစ်သူက ခေါင်းငြိတ်ကာ ဝန်ခံလိုက်သည်ကို မြင်လိုက်ရသောအခါ ယိုကွမ်း၏ ဝိညာဉ်မှာ လွင့်ပျယ်လုနီးပါး ဖြစ်သွားခဲ့ရသည်။

​ သူမ၏ သမီးမှာ သူမ၏ ရင်နှစ်သည်းချာဖြစ်ပြီး ဂုဏ်ယူစရာ အကောင်းဆုံး သမီးလေး ဖြစ်သည်... ဘယ်လိုဖြစ်ပြီး သာမန်လူသားတစ်ယောက်နဲ့ လက်ထပ်နိုင်ရတာလဲ။

​ "စုချင်းရွှယ်... မင်းဘာတွေလုပ်လိုက်တာလဲ။ မင်းအမေဆီလာပြီး တောင်းပန်စမ်း" အခြေအနေကို မြင်သောအခါ သွေးမိစ္ဆာဧကရာဇ်က ချက်ချင်းပင် မီးလောင်ရာလေပင့် လုပ်လိုက်တော့သည်။

​ "မင်းအမေကို မျက်စိမမှိတ်နိုင်ဘဲ သေစေချင်တာလား။ မင်းလို မိုက်မဲတဲ့ သမီးဆိုးကြီးကို ကြည့်ပြီးတော့လေ"

​ စုချင်းရွှယ်မှာ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

​ သူမရှေ့က ဝိညာဉ်မှာ သူမအမေ၏ အငွေ့အသက် အစစ်အမှန် ပါဝင်နေသည်ကို သူမ ခံစားမိသည်။

​ ဒါပေမဲ့ ဘာလို့ ငါ့အမေရဲ့ ဝိညာဉ်စက သွေးမိစ္ဆာရဲ့ ဝိညာဉ်တစ်သောင်း အလံတော်ထဲမှာ ရှိနေရတာလဲ။

​ မိခင်ဖြစ်သူ၏ အပြစ်တင်‌နေသော အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ သူမ၏ နှလုံးသားထဲတွင် ကြီးမားသော အပြစ်ရှိစိတ်နှင့် နောင်တတရားများ ပြည့်နှက်လာခဲ့သည်။

​ "ခဲအို... အမေက ရှင့်ကို သမက်အဖြစ် လက်ခံဖို့ ခက်ခဲနေတဲ့ပုံပဲ" စုယွီမော့က ငိုရင်း ပြောလိုက်သည်။

​ "အမေ... ကျွန်တော်နဲ့ ချင်းရွှယ်က တကယ် ချစ်ကြတာပါ" လျူယွမ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ရဲရင့်သော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

​ "ကြည့်ပါဦး... ဒါ ကျွန်တော်တို့ရဲ့ သမီးလေးပဲ"

​ သူသည် မွေးကင်းစ သမီးလေးကို အပေါ်သို့ အနည်းငယ် မြှောက်ပြလိုက်သည်။

​ သမီးငယ်လေးက အခြေအနေတစ်ခုခုကို သိရှိသွားပုံရပြီး လှည့်လိုက်ကာ လျူယွမ်၏ နွေးထွေးသော ရင်ခွင်ထဲသို့ မျက်နှာလေး အသာအယာဝှက်ရင်း နို့သီးခေါင်းအတုကို ငြိမ်ငြိမ်သက်သက် ဆက်စို့နေတော့သည်။

​ စုချင်းရွှယ်သည် သမီးလေးကို ကြည့်လိုက်ရာ... မျက်ဝန်းထဲတွင် ကြင်နာမှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

​ ဤသည်မှာ သူမ၏ ဝမ်းထဲက ထွက်လာသော အသားစလေး ဖြစ်သော်လည်း... သူမ ကိုယ်တိုင်ပင် ချီပိုးခွင့် မရသေးချေ။

​ သူမသည် သွေးမိစ္ဆာဧကရာဇ်ကို ချက်ချင်း အပြတ်ရှင်းပစ်ပြီးနောက် အောက်သို့ဆင်းကာ သမီးလေးကို ပွတ်သပ်ချင်နေမိသည်။

​ "ချင်းရွှယ်... သမီး... သမီးက သူနဲ့ ကလေးတောင် ရနေပြီ ဟုတ်လား"

​ ယိုကွမ်း၏ ဝိညာဉ်ခန္ဓာကိုယ်မှာ လုံးဝ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်တော့မည်အလား….

​ ဤသတင်းကား... ခုနက အိမ်ထောင်ကျသည့် သတင်းထက် အဆပေါင်းသန်းချီ၍ ပေါက်ကွဲအား ပြင်းထန်လှသည်။

​ သူမမှတ်ဉာဏ်ထဲက ဘယ်တော့မှ အရွယ်မရောက်နိုင်တော့မည့် လိမ္မာရေးခြားရှိသော သမီးလေးက... ယခုအခါ မိခင်တစ်ယောက် ဖြစ်နေချေလေပြီ။

​ ယိုကွမ်းမှာ စိတ်နှလုံး ကြေကွဲသွားပြီး မယုံကြည်နိုင်လောက်အောင် ခေါင်းကို ဆုပ်ကိုင်ထားမိသည် - "မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး... ဒါတွေအားလုံးက အာရုံထွေပြားမှုတွေပဲ"

​ "မင်းတို့အားလုံးက ငါ့ရဲ့ အတွင်းနတ်ဆိုးတွေပဲ"

All Chapters