← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅) ဒီလူကြီးတွေ တကယ်ကို မနာလို ဖြစ်သွားကြလိမ့်မယ်

ကျိုးချန်ယဲ့သည် သူ၏ မိဘများ၏ အမူအရာကို ကြည့်ကာ အားမလိုအားမရဖြင့် ခေါင်းယမ်းလိုက် လေ၏။ သူသည် ရှေ့သို့ အမြန်လှမ်းလိုက်ပြီး သူသယ်ဆောင်လာသော နို့မှုန့်ဗူးများနှင့် သစ်သီးများကို စားပွဲပေါ်တွင် အသာအယာ တင်လိုက်ကာ ပြုံးလျက် ပြောလိုက်လေသည်...။

"အဖေ... အမေ... ဒါက လူလတ်ပိုင်းနဲ့ လူကြီးတွေအတွက် သီးသန့် ထုတ်ထားတဲ့ နို့မှုန့်ပါ... ကယ်လ်စီ ယမ်ဓာတ်ကို ဖြည့်တင်းပေးပြီး ခန္ဓာကိုယ်ကို သန်မာစေတာမို့ ကျန်းမာရေးအတွက် နေ့တိုင်း တစ်ခွက်စီ သောက်ပေးပါဦး..."

"အေး... အေး... ကောင်းပါပြီ" ဟု အမေထျန်က အဖန်ဖန် ပြန်ပြောလိုက်ပြီးနောက်၊

"သမီးရှောင်ယာနဲ့ ငါ့ရဲ့ မြေးလေးကိုလည်း သေချာ ဂရုစိုက်ပေးပါဦး" ဟု ထပ်လောင်း ပြောလိုက်လေ သည်...။

ကျိုးချန်ယဲ့သည် သူ၏ ဇနီးသည်၏ ပုခုံးကို သဘာဝကျကျပင် ဖက်လိုက်ပြီး သူ၏ မိဘများကို ကြည့် ကာ နူးညံ့စွာ ပြောလိုက်လေသည်...။

"အဖေနဲ့ အမေ စိတ်မပူပါနဲ့... သား သူတို့ကို သေချာ ဂရုစိုက်ပါ့မယ်... ဒီနှစ် နွေဦးပွဲတော်ကျရင် သား ရှောင်ယာနဲ့ ကလေးကိုခေါ်ပြီး ရှန်ဟိုင်းကို အလည်လာခဲ့ပါ့မယ်..."

ဤစကားကို ကြားလိုက်သောအခါ အဖေကျိုး၏ မျက်လုံးများမှာ မသိစိတ်ဖြင့် ပြူးကျယ်သွားခဲ့ပြီး ဝမ်းသာအားရဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။

"ကောင်းတယ်... ကောင်းတယ်..."

သူသည် စိတ်ထဲတွင်လည်း တိတ်တဆိတ် ပျော်ရွှင်နေခဲ့လေ၏။

*ဟွန်း... အချိန်တန်ရင်တော့ ငါ့မြေးကို ချီပြီး သူငယ်ချင်းဟောင်းတွေ ရှေ့မှာ သေချာပေါက် ကြွားလုံး ထုတ်ဦးမှာ... ဒီလူကြီးတွေ ငါ့ကိုကြည့်ပြီး မနာလိုဖြစ်သွားအောင် လုပ်ပြရမယ်...*

နောက်တစ်နေ့တွင်...၊

ဘူတာရုံ ပလက်ဖောင်းပေါ်၌ လူများမှာ သွားလာနေကြပြီး ဘေးတွင် ရပ်ထားသော အစိမ်းရောင် ရထား ကြီးမှာလည်း ဥဩဆွဲနေခဲ့လေသည်။

အမေကျိုးသည် သူမ၏ ချွေးမ၏ လက်ကို ဆုပ်ကိုင်ထားပြီး အသာအယာ ပုတ်ပေးကာ လေးနက်ခိုင်မာ စွာ ပြောလိုက်လေသည်...။

"ရှောင်ယာ... သမီး စိတ်အေးအေးထားပါ..."

"အမေတို့ ပြန်ရောက်တာနဲ့ ပထမဆုံး လုပ်မယ့်အလုပ်က သမီးရဲ့ ဒီဇိုင်းပုံကြမ်းတွေနဲ့ နမူနာဝတ်စုံတွေကို စက်ရုံကို လွှဲပေးပြီး စက်ရုံအုပ်ချုပ်ရေးပိုင်းနဲ့ သေချာ ဆွေးနွေးပေးဖို့ပဲ..."

သူမသည် ခေတ္တမျှ ရပ်နားလိုက်ပြီး သူမ၏ အသံကို အနည်းငယ် နှိမ့်လိုက်သော်လည်း လေးနက်မှု အပြည့်ဖြင့် ပြောလိုက်လေသည်...။

"စိတ်မပူပါနဲ့... အဖေနဲ့ အမေက သမီးကို ဘယ်တော့မှ မနစ်နာစေရပါဘူး..."

"သမီးရဲ့ လက်ရာက အရမ်းကို ကောင်းမွန်လွန်းတာမို့ အမေက အကောင်းဆုံး အပေးအယူဖြစ်အောင် လုပ်ပေးမှာပါ... သမီးကို ဘယ်လို မတရားမှုမျိုးမှ မခံစားစေရပါဘူး..."

အဖေကျိုးသည် ဘေးတွင် ရပ်နေရင်း အတင်းအကျပ် ပြုံးပြကာ တည်ကြည်သော အသံဖြင့် ပြောလိုက် လေသည်...။

"ရှောင်ယာ... မိသားစုက သမီးအတွက် အမြဲတမ်း အားကိုးရာ ဖြစ်နေမှာပါ... သမီး လုပ်ချင်တာတွေကို သာ ဆက်လုပ်ပါ..."

ထျန်ရှောင်ယာသည် ရင်ထဲတွင် လှိုက်တက်လာကာ မျက်လုံးများတွင် မျက်ရည်များ ဝဲလာခဲ့လေ၏။ သူမသည် တိုးညှင်းစွာ ပြောလိုက်လေသည်...။

"ကျေးဇူးတင်ပါတယ် အမေ... ကျေးဇူးတင်ပါတယ် အဖေ..."

ကျိုးချန်ယွီသည် ရှေ့သို့ တိုးလာပြီး အမေကျိုး၏ လက်မောင်းကို ဆွဲကာ ချွဲနွဲ့စွာ တောင်းဆိုလိုက်လေ သည်...။

"အမေ... ပြန်ရောက်တာနဲ့ သတင်းကောင်းကို အမြန်ဆုံး ပို့ပေးရမယ်နော်..."

"မရီး ချုပ်တဲ့ အဝတ်အစားတွေက သေချာပေါက် အရမ်းကို ရောင်းကောင်းမှာပါ..."

ကျိုးချန်ရှော့ကလည်း ထောက်ခံ၍ ခေါင်းငြိမ့်လိုက်လေသည်...။

"ဟုတ်တယ်... ကျွန်တော့် မရီးက အတော်ဆုံးပဲ..."

အမေကျိုးသည် သူမ၏ သမီးအငယ်ဆုံး၏ နဖူးကို လက်ညှိုးဖြင့် အသာအယာ တောက်လိုက်ပြီးနောက် ဘေးရှိ သားအငယ်ဆုံးကို ကြည့်ကာ သေချာစွာ မှာကြားလိုက်လေသည်...

"သိပါပြီ... သိပါပြီ... ပီကင်းမှာ နေတုန်း မင်းတို့နှစ်ယောက်လုံး ဒုတိယအစ်ကိုနဲ့ မရီးရဲ့ စကားကို နား ထောင်ရမယ်... ဘာပြဿနာမှ မရှာရဘူးနော်..."

"တစ်နေ့လုံး အပြင်ထွက်ပြီး ဆော့မနေနဲ့... ဒုတိယမရီးကို ကျောက်ခဲလေးကို ကူထိန်းပေးဦး..."

"ကျောင်းက ပေးထားတဲ့ အိမ်စာတွေကိုလည်း ပစ်မထားနဲ့... နွေရာသီ ကျောင်းပိတ်ရက် ကုန်တဲ့အခါ သင်ထားတာတွေ အကုန်မေ့မသွားအောင် စာကို သေချာ ပြန်နွှေးကြဦး" ဟု အဖေကျိုးက ဖြည့်စွက် ပြောလိုက်လေသည်။

"အဖေကလည်း..."

မောင်နှမ နှစ်ဦးစလုံးမှာ ချက်ချင်းပင် နှုတ်ခမ်းဆူသွားကြပြီး အဖေကျိုးကို မကျေမနပ် ကြည့် လိုက်ကြလေသည်။

ဤသည်ကို မြင်သောအခါ ကျိုးချန်ယဲ့က ပြုံးလျက် ဝင်ရောက် ဖြန်ဖြေပေးလိုက်လေသည်...။

"အဖေ စိတ်မပူပါနဲ့... သား ညီလေးနဲ့ ညီမလေးကို သေချာ ဂရုစိုက်ပါ့မယ်..."

အဖေကျိုးသည် သူ အမြဲတမ်း ဂုဏ်ယူရသော သားကြီးကို ကြည့်ကာ ပြုံးလျက် သူ၏ ပုခုံးကို လေးလေး နက်နက် ပုတ်ပေးလိုက်လေသည်....။

"ကောင်းတယ်..."

သူသည် ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် အကြည့်လွှဲကာ တိုးညှင်းစွာ ထပ်ပြော လိုက်လေသည်...။

"သားလည်း... ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ဦး..."

အပြန်လမ်းတွင် ကျိုးချန်ယဲ့သည် သူ၏နောက်မှ လိုက်လာသော မောင်နှမများကို လှည့်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လွင်နေခဲ့လေ၏။ သူက မေးမြန်းလိုက်လေသည်...၊

"ရှောင်ယွီ... ရှောင်ရှော့... မင်းတို့ နောက်စာသင်နှစ်ကျရင် အလယ်တန်း နောက်ဆုံးနှစ် ရောက်ပြီ မဟုတ်လား... နောက်နှစ် အထက်တန်း အောင်ဖို့ အခွင့်အရေး ဘယ်လောက်ရှိလဲ..."

"ဒုတိယအစ်ကို စိတ်မပူပါနဲ့"

ကျိုးချန်ယွီက ယုံကြည်မှု အပြည့်ဖြင့် ခေါင်းမော့ကာ ပြန်ဖြေလိုက်လေသည်...။

"ကျွန်မနဲ့ မောင်လေးက ကျောင်းမှာ အတော်ဆုံး မဟုတ်ပေမဲ့ အထက်တန်းကိုတော့ သေချာပေါက် တက်နိုင်မှာပါ..."

"ဟုတ်တယ်... ဟုတ်တယ်"

ကျိုးချန်ရှော့ကလည်း ခေါင်းကို အမြန်ငြိမ့်ပြလိုက်ပြီး ရင်ဘတ်ကို ကော့ကာ မာန်ဝင့်လိုက်လေသည်...။

"ရှင်းဟွာ တက္ကသိုလ်ကို တက်နိုင်တဲ့ အစ်ကို့ကို စံပြအဖြစ် ထားထားတာပဲ... ကျွန်တော်နဲ့ တတိယအစ်မ က ဘယ်လိုလုပ် ညံ့နေပါ့မလဲ..."

"ဟားဟား..."

ကျိုးချန်ယဲ့သည် သူ၏ ညီလေး၏ အမူအရာကို ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်ပြီး သူ၏ လေသံမှာ ပိုမို လေးနက်လာခဲ့လေသည်...။

"အထက်တန်း အောင်ဖို့ဆိုတာ အခြေခံပဲ ရှိပါသေးတယ်... ဒုတိယအစ်ကိုက မင်းတို့ရဲ့ စာမေးပွဲ ရလဒ်ကို စိုးရိမ်နေတာ မဟုတ်ပါဘူး... ကျောင်းစာမှာပဲ တော်နေတာက မလုံလောက်သေးဘူးလို့ ခံစားရလို့ပါ..."

ကျိုးချန်ယွီနှင့် ကျိုးချန်ရှော့တို့သည် သံသယများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ၎င်းတို့ ၏ ဒုတိယအစ်ကိုကို ကြည့်ကာ တစ်ပြိုင်နက်တည်း မေးလိုက်ကြလေသည်...။

"ဒုတိယအစ်ကို... ကျွန်တော်တို့ နောက်ထပ် ဘာတွေ လိုအပ်သေးလို့လဲ..."

"မင်းတို့က ငယ်သေးတာမို့လို့ ကိုယ်ပိုင်အရည်အချင်းနဲ့ စရိုက်လက္ခဏာတွေကို ပျိုးထောင်ဖို့ အချိန် ကောင်းပဲ..."

ကျိုးချန်ယဲ့သည် လမ်းလျှောက်ရင်း အရှိန်ကို လျှော့လိုက်ကာ ပြောလိုက်လေသည်...။

"နွေရာသီ ကျောင်းပိတ်ရက်မှာ ကျောင်းစာတွေက သိပ်ပြီး မများသေးတာမို့လို့ လေ့ကျင့်မှု အချို့ ပြုလုပ် ဖို့ အချိန်ယူလို့ ရပါတယ်..."

"တစ်နေ့လုံး အိမ်ထဲမှာပဲ အောင်းနေပြီး စာဖတ်တာနဲ့ လေ့ကျင့်ခန်းတွေ လုပ်နေတာက တကယ်တော့ မင်းတို့ကို တုံးအသွားစေနိုင်သလို အကျိုးမရှိ ဖြစ်သွားစေနိုင်တယ်... မင်းတို့ရဲ့ အမြင်ကို ကျယ်ပြန့် အောင် လုပ်ပြီး လက်တွေ့ကျတဲ့ အရည်အချင်းတွေကိုလည်း ပျိုးထောင်ဖို့ လိုအပ်တယ်လေ..."

ကျိုးချန်ရှော့က ခေါင်းကို ကုတ်လိုက်ပြီး...၊

"ဒုတိယအစ်ကို... ကျွန်တော်တို့ ဘယ်လို လေ့ကျင့်နိုင်မှာလဲ... ကျွန်တော်တို့ ဘာမှ မလုပ်တတ်ဘူး လေ..."

"ဒုတိယအစ်ကိုက ဒါကို မင်းတို့အတွက် ကြိုပြီး စဉ်းစားထားပြီးသားပါ..."

ကျိုးချန်ယဲ့က ပြုံးလျက် သူ၏ အစီအစဉ်ကို တိုက်ရိုက်ပင် ပြောပြလိုက်လေသည်...၊

"မင်းတို့ သိကြတဲ့အတိုင်း မရီးရဲ့ ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့က ကိုယ်ပိုင် စီးပွားရေးတွေနဲ့ အလုပ်များနေကြတယ်..."

"အခုက အရမ်းကို အလုပ်များတဲ့ အချိန်ဖြစ်သလို လူအင်အားလည်း အမြဲတမ်း လိုအပ်နေတာလေ..."

"ဒါကြောင့် မင်းတို့ကို အဲ့နေရာကို သွားပြီး ကူညီပေးခိုင်းဖို့ စဉ်းစားထားတယ်... အလုပ်တွေ ဘယ်လို လုပ်ရတယ်ဆိုတာရယ်၊ လူတွေနဲ့ ဘယ်လို ဆက်ဆံရတယ်ဆိုတာတွေကို သင်ယူပြီး မင်းတို့ရဲ့ အမြင် တွေကို ကျယ်ပြန့်အောင် လုပ်ကြပေါ့..."

ကျိုးချန်ယွီ၏ မျက်လုံးများမှာ တောက်ပသွားခဲ့လေသည်...။

"ထျန်မိသားစုက ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့ ဆီကို သွားရမှာလား..."

"ဟုတ်တယ်" ဟု ကျိုးချန်ယဲ့က ခေါင်းငြိမ့်လိုက်ပြီး ရှင်းပြလိုက်လေသည်...။

"ပစ္စည်းတွေ စီစဉ်တာ၊ စာရင်းစစ်တာနဲ့ ဧည့်သည်တွေကို ကြိုဆိုတာမျိုးတွေကို မင်းတို့ သင်ယူနိုင်မှာ ပါ..."

"ဒီလိုမျိုး သေးငယ်တဲ့ အရာတွေကို လျှော့မတွက်လိုက်နဲ့... ဒါတွေက စေ့စပ်သေချာမှု၊ စိတ်ရှည်မှုနဲ့ လိုက်လျောညီထွေရှိမှုကို ပျိုးထောင်ပေးနိုင်တာမို့လို့ အိမ်မှာပဲ စာအုပ်ကြီးအတိုင်း ကျက်နေတာထက် အများကြီး ပိုပြီး အသုံးဝင်တယ်လေ..."

ကျိုးချန်ရှော့သည် ချက်ချင်းပင် စိတ်အားထက်သန်လာပြီး သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေ သည်...။

"ပြဿနာမရှိဘူး... ဒုတိယအစ်ကို ထျန်နဲ့ တတိယအစ်ကို ထျန်တို့ဆီကနေ ကြိုးကြိုးစားစား သင်ယူပါ့ မယ်လို့ ကတိပေးပါတယ်... ကျွန်တော် ဘယ်တော့မှ ပျင်းရိနေမှာ မဟုတ်သလို တာဝန်တွေကိုလည်း ရှောင်လွှဲမှာ မဟုတ်ပါဘူး..."

"ကျွန်မလည်း သွားမှာပါ"

ကျိုးချန်ယွီကလည်း ထပ်ဆင့်ပြောလိုက်သော်လည်း သူမ၏ လေသံတွင်မူ အနည်းငယ် စိုးရိမ်စိတ် ပါဝင် နေခဲ့လေသည်....။

"ဒါပေမဲ့... ဒုတိယအစ်ကို ထျန်တို့အတွက် အနှောင့်အယှက်များ ဖြစ်သွားမလား မသိဘူး..."

ဤသည်ကို ကြားသောအခါ ထျန်ရှောင်ယာသည် ကျိုးချန်ယွီ၏ လက်ကို အသာအယာ ဆုပ်ကိုင်လိုက် ပြီး ပြုံးလျက် ပြောလိုက်လေသည်...။

"မင်းတို့ ကူညီပေးနိုင်မယ်ဆိုရင် ကိုယ့်အစ်ကိုတွေက အရမ်းကို ဝမ်းသာမှာပေါ့... သူတို့က လူအင်အား မလုံလောက်မှာကို စိုးရိမ်နေတာလေ... ဘာလို့ အနှောင့်အယှက် ဖြစ်ရမှာလဲ..."

ကျိုးချန်ယဲ့သည် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး သူ၏ လေသံတွင်မူ မျှော်လင့်ချက်များ ပါဝင်နေခဲ့လေ သည်....။

"အများကြီး သင်ယူပြီး အများကြီး လုပ်ကြည့်ကြပါ... ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့ အရည် အချင်းတွေကို ပြုစုပျိုးထောင်လိုက်ရင် နောက်ပိုင်း စာသင်တာပဲဖြစ်ဖြစ် အလုပ်လုပ်တာပဲဖြစ်ဖြစ် ပိုပြီး ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်မှာပါ..."

"ဟုတ်..."

ကျိုးချန်ယွီနှင့် ကျိုးချန်ရှော့တို့သည် တစ်ပြိုင်နက်တည်း ခေါင်းကို လေးလေးနက်နက် ငြိမ့်ပြလိုက်ကြရာ ၎င်းတို့၏ မျက်နှာလေးများမှာလည်း တည်ကြည်မှုများဖြင့် ပြည့်နှက်နေခဲ့လေတော့သည်။

အားလုံးမှာ အိမ်သို့ လမ်းလျှောက်ပြန်ရင်း စကားတပြောပြောနှင့် ရယ်မောနေကြပြီး လမ်းတွင် ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင် တစ်ခုကို ဖြတ်ကျော်သွားခဲ့ကြလေ၏။

အားလုံး လမ်းလျှောက်ရသည်မှာ အနည်းငယ် ပူနေလိမ့်မည်ဟု ထျန်ရှောင်ယာက တွေးတောလိုက်ပြီး နောက် ဆိုင်ထဲသို့ ဝင်သွားကာ လူတိုင်းအတွက် ရေခဲချောင်းများ ဝယ်ပေးလိုက်လေသည်။ အဖေထျန် နှင့် အမေထျန်တို့ကိုလည်း မမေ့မလျော့ ဝယ်ပေးခဲ့လေသည်။

အားလုံးမှာ ချိုမြိန်အေးမြသော ရေခဲချောင်းများကို စားသောက်ရင်း၊ စကားတပြောပြောနှင့် အိမ်သို့ ဆက်လက် လမ်းလျှောက်ခဲ့ကြရာ ထိုအေးမြသော အရသာမှာ စိတ်နှလုံးထဲအထိ စိမ့်ဝင်သွားခဲ့လေ တော့သည်။

နောက်တစ်နေ့တွင်...၊

ကျိုးချန်ယွီနှင့် ကျိုးချန်ရှော့တို့သည် စောစောထကာ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားကြလေ၏။

၎င်းတို့နှစ်ဦးမှာ မနက်စာကို အမြန်စားသောက်ပြီးနောက် ကျိုးချန်ယဲ့ကို ဆွဲခေါ်ကာ ထျန်မိသားစုမှ ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား သွားခဲ့ကြလေတော့ သည်။

အခန်း (၁၁၆) ပျော်ရွှင်ခြင်း မုန့်ဆိုင်။

ကျိုးချန်ယဲ့သည် ဆိုင်ထဲသို့ ဝင်ဝင်ချင်းပင် "ဒုတိယမရီး" ဟု လှမ်းခေါ်လိုက်လေ၏။

ဒုတိယမရီးဖြစ်သူ ကျောက်ရှောက်ထင်သည် ဝယ်ယူသူများအတွက် မုန့်များကို အလုပ်များစွာဖြင့် ချိန် တွယ်ပေးနေစဉ် ထိုအသံကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ကျိုးချန်ယဲ့နှင့် သူ၏ မောင်နှမများ ကို မြင်တွေ့လိုက်ရလေသည်။ သူမသည် ချက်ချင်းပင် ပြုံးလိုက်ပြီး ပြန်လည် ထူးလိုက်လေသည်...။

"မောင်လေး... ရှောင်ယွီ... ရှောင်ရှော့... ရောက်လာကြပြီလား..."

"ထျန်မိသားစုရဲ့ ဒုတိယမရီး" ဟု မောင်နှမနှစ်ဦးဖြစ်သော ကျိုးချန်ယွီနှင့်ကျိုးချန်ရှော့တို့က အလျင် အမြန် နှုတ်ဆက်လိုက်ကြလေသည်။

ကျိုးချန်ယဲ့သည် ထိုသို့ ခေါ်ဝေါ်လိုက်သည်ကို ကြားသောအခါ အံ့အားသင့်သွားခဲ့လေ၏။ သူသည် အားမလိုအားမရဖြစ်မှုနှင့် ရယ်ချင်စိတ်တို့ ရောပြွမ်းနေလျက် ခေါင်းကို ရမ်းလိုက်ပြီး သူ၏ မောင်နှမ ငယ်များဘက်သို့ လှည့်ကာ ပြောလိုက်လေသည်...။

"နောက်ဆိုရင် အစ်မရှောက်ထင်ကို 'မရီး' လို့ပဲ ခေါ်လို့ရပါတယ်..."

"ဟားဟား..."

ဒုတိယမရီး ကျောက်ရှောက်ထင်သည် ဤစကားကို ကြားသောအခါ အော်ဟစ်၍ မရယ်ဘဲ မနေနိုင် တော့ချေ။ သူမသည် လက်ကို အလျင်အမြန် ယမ်းပြလိုက်ပြီး...၊

"ရပါတယ်... ရပါတယ်... အဆင်ပြေသလိုပဲ ခေါ်ကြပါ..."

သူမသည် ပြောရင်းနှင့်ပင် သူမ၏ အလုပ်များကို သွက်သွက်လက်လက် လုပ်ကိုင်လိုက်ပြီး ဧည့်သည်ကို ဆိုင်ပြင်အထိ လိုက်လံပို့ဆောင်ပေးလိုက်လေသည်။

ဒုတိယမရီး အလုပ်ပြီးသွားသည်ကို မြင်သောအခါ ကျိုးချန်ယဲ့သည် ရှေ့သို့ တိုးလှမ်းလိုက်ပြီး...၊

"ဒုတိယမရီး... ရှောင်ယွီ့ကို မရီးဆီမှာပဲ အပ်ခဲ့ပါရစေ..."

ဒုတိယမရီး ကျောက်ရှောက်ထင်သည် ကျိုးချန်ယွီ၏ အနားသို့ လျှောက်သွားကာ သူမ၏ လက်ကို ဆုပ် ကိုင်လျက် အသာအယာ ပုတ်ပေးလိုက်လေသည်။ ထို့နောက် ကျိုးချန်ယဲ့ဘက်သို့ လှည့်၍ ပြုံးလျက် ပြောလိုက်လေသည်...။

"အားနာနေစရာ မလိုပါဘူး မောင်လေးရယ်... ရှောင်ယွီက မရီးကို ကူညီပေးဖို့ လာတာဆိုတော့ မရီးက တောင် ဝမ်းသာနေတာပါ..."

သူမသည် ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ထပ်မံ မေးမြန်းလိုက်လေသည်...။

"ရှောင်ရှော့က တတိယအစ်ကို့ဆီကို တန်းသွားမှာလား..."

"ဟုတ်ကဲ့" ဟု ကျိုးချန်ယဲ့က ခေါင်းငြိမ့်၍ ပြောလိုက်လေသည်...။

"ဒုတိယမရီးရဲ့ ဆိုင်မှာက အမျိုးသမီးတွေ အဝင်အထွက် များတာကြောင့် ရှောင်ယွီ ဒီမှာရှိနေတာက ပိုပြီး အဆင်ပြေမှာမို့လို့ပါ..."

"ကောင်းပြီလေ... မောင်လေး စိတ်ချလက်ချ ထားခဲ့ပါ"

ဒုတိယမရီး ကျောက်ရှောက်ထင်က ပြုံးလျက် သဘောတူလိုက်လေသည်....။

"မရီး ရှောင်ယွီ့ကို သေချာ ဂရုစိုက်ပေးပါ့မယ်..."

"ဒုတိယမရီး... နောက်ဆိုရင် လုပ်စရာရှိတာ မှန်သမျှ ရှောင်ယွီ့ကိုပဲ ခိုင်းလိုက်ပါ..."

ကျိုးချန်ယဲ့သည် ပြောရင်းနှင့် သူ၏ ညီမငယ်ကို ကြည့်ကာ မှာကြားလိုက်လေသည်...။

"ရှောင်ယွီ... ဒုတိယမရီး ပြောတာတွေကို သေချာနားထောင်ပြီး ကြိုးကြိုးစားစား သင်ယူနော်..."

"နားလည်ပါပြီ ဒုတိယအစ်ကို"

ကျိုးချန်ယွီက လိမ္မာပါးနပ်စွာပင် ပြန်လည် ဖြေကြားလိုက်လေသည်။

ကျိုးချန်ယဲ့သည် အခြေအနေများကို ရှင်းပြပြီးနောက် ကျိုးချန်ရှော့နှင့်အတူ ထွက်ခွာသွားခဲ့လေတော့ သည်။

သူမ၏ ဒုတိယအစ်ကိုနှင့် မောင်လေးတို့ ထွက်သွားသည်ကို ကြည့်ပြီးနောက် ကျိုးချန်ယွီသည် တွန့်ဆုတ် မနေတော့ဘဲ ကျောက်ရှောက်ထင်ဘက်သို့ လှည့်ကာ မေးမြန်းလိုက်လေသည်...။

"မရီးရှောက်ထင်... ကျွန်မ ကူညီပေးလို့ရမယ့် အလုပ် ရှိမလားဟင်..."

ဒုတိယမရီး ကျောက်ရှောက်ထင်သည် ဤစကားကို ကြားသောအခါ ပြုံးလိုက်ပြီး စင်ဆီသို့ လှည့်၍ လျှောက်သွားကာ ဆိုင်တွင် ရောင်းချသော မုန့်အမျိုးအစား တစ်မျိုးစီကို ယူ၍ ဆီစိမ်စက္ကူ လင်ဗန်း တစ်ခုပေါ်သို့ တင်လိုက်လေသည်။

ဤသည်ကို မြင်သောအခါ ကျိုးချန်ယဲ့သည် ကူညီပေးရန် အလျင်အမြန် ရှေ့သို့ လှမ်းလိုက်လေ၏။

ဒုတိယမရီး ကျောက်ရှောက်ထင်သည် ကျိုးချန်ယွီ အနားသို့ တိုးလာသည်ကို မြင်သောအခါ သူမ၏ လက်ကို ဆွဲ၍ ကောင်တာသို့ ခေါ်ဆောင်သွားခဲ့လေသည်။ သူမသည် ကိုင်ထားသော မုန့်များကို ကောင် တာပေါ်သို့ အသာအယာ တင်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်...။

"မလောပါနဲ့ဦး... အရင်ဆုံး မြည်းကြည့်ပါဦး..."

"ကျေးဇူးတင်ပါတယ် မရီးရှောက်ထင်... ဒါပေမဲ့ ဒါက..." ဟု ကျိုးချန်ယွီက အလျင်အမြန် ထပ်လောင်း ပြောကြားလိုက်လေသည်...။

"ဒါပေမဲ့ ဒါတွေက အရမ်းများလွန်းပါတယ်... ပြီးတော့ ကျွန်မက ဒီကို အလုပ်လုပ်ဖို့ လာတာလေ..."

"တကယ်လို့ ဒုတိယအစ်ကိုသာ အလုပ်မလုပ်ဘဲ အရသာရှိတဲ့ မုန့်တွေကို အများကြီး စားနေတယ် ဆိုတာ သိသွားရင် အိမ်ပြန်ရောက်တဲ့အခါ သေချာပေါက် ဆူပါလိမ့်မယ်…"

"ဟားဟားဟား..."

ဒုတိယမရီး ကျောက်ရှောက်ထင်သည် ကျိုးချန်ယွီ၏ စကားကို ကြားသောအခါ ရယ်မောခြင်းကို မထိန်း နိုင်တော့ချေ။ သူမသည် မောင်လေးဖြစ်သူက လူတစ်ယောက်ကို မည်သို့ ဆဲဆိုတတ်သည်ကိုပင် စိတ်ကူးကြည့်၍ မရနိုင်တော့ပေ။

"မုန့်စားတာက မင်း အရင်ဆုံး လုပ်ရမယ့် အလုပ်ပဲ..."

ကျောက်ရှောက်ထင်က တိုးညှင်းစွာ ရယ်မောရင်း ကျိုးချန်ယွီ၏ လက်ကို အသာအယာ ပုတ်ကာ ရှင်းပြ လိုက်လေသည်...။

"မုန့်တွေကို ရောင်းတော့မယ်ဆိုရင် မုန့်အမျိုးအစား တစ်မျိုးချင်းစီရဲ့ အရသာကို မင်း သိထားဖို့ မလို ဘူးလား... ဒါမှ ဝယ်သူက မေးလာရင် မင်းက ဘယ်လို ပြန်ဖြေရမလဲဆိုတာ သိမှာပေါ့..."

"အော်... အဲ့လိုလား..."

ကျိုးချန်ယွီသည် ရှက်သွေးဖြာသွားခဲ့ပြီး ချက်ချင်းပင် သူမ၏ ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်လေ သည်...။

"မရီးရှောက်ထင်... ကျွန်မ အခုပဲ စားပါ့မယ်... မုန့်တစ်မျိုးချင်းစီရဲ့ အရသာကို မှတ်မိအောင် ကြိုးစားပါ့ မယ်လို့ ကတိပေးပါတယ်..."

သူမသည် ပြောရင်းနှင့် ဝါးတားချတ်စနပ် မုန့်တစ်ဖဲ့ကို ယူကာ တစ်ကိုက် ကိုက်လိုက်ရာ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့လေသည်။ သူမသည် ဝမ်းသာအားရပင် အော်ဟစ်လိုက်လေသည်...။

"အရသာ ရှိလိုက်တာ... ချိုပေမဲ့လည်း အီမနေဘူးပဲ..."

"ဒါဆိုရင် ဖြည်းဖြည်းချင်း စားနော်"

ဒုတိယမရီး ကျောက်ရှောက်ထင်က ရေနွေးနွေးလေး တစ်ဖန်ခွက်ကို ငှဲ့၍ ကမ်းပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်...။

"ရေသောက်ဦးနော်... မုန့်နင်နေဦးမယ်..."

"ကျေးဇူးတင်ပါတယ် မရီးရှောက်ထင်"

ကျိုးချန်ယွီက ပြောပြီးနောက် စားပွဲပေါ်ရှိ မုန့်များကို ပျော်ရွှင်စွာ မြည်းစမ်းကြည့်လေတော့သည်။

သူမ၏ စိတ်အားထက်သန်မှုကို မြင်သောအခါ ကျောက်ရှောက်ထင်မှာ ပြုံးရုံမှတစ်ပါး အခြားမရှိတော့ ချေ။

ကျိုးချန်ယဲ့သည် မနေ့က မုန့်ဆိုင်သို့ လာရောက်ကာ ဤကိစ္စကို ပြောကြားခဲ့စဉ်က ဇနီးမောင်နှံ နှစ်ဦး စလုံးမှာ အလွန်ပင် ဝမ်းသာသွားခဲ့ကြပြီး ကျိုးချန်ယဲ့သည် ၎င်းတို့ မိသားစုအတွက် ကျေးဇူးရှင်ကြီး ဖြစ်ကြောင်း ပြောဆိုခဲ့ကြလေသည်။

အမှန်တကယ်တော့ လီဝေကျွင်း၏ ဇနီးဖြစ်သူ ကောင်းချွေ့ချွေ့သည် ဆိုင်တွင် ကူညီပေးနေသဖြင့် အလုပ်များမှာ အတန်အသင့် လည်ပတ်နေခြင်း ဖြစ်လေ၏။

ပြီးခဲ့သည့် လကမူ ကောင်းချွေ့ချွေ့တွင် ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ရသော်လည်း ကိုယ်ဝန်မှာ ပုံမှန် မဟုတ်သဖြင့် လက်ရှိတွင် အိမ်၌သာ အနားယူနေရလေသည်။

ကျောက်ရှောက်ထင် ကိုယ်တိုင်မှာလည်း ကိုယ်ဝန် ခုနစ်လ ရှစ်လခန့် ရှိနေပြီ ဖြစ်လေသည်။ သူမ၏ ခင်ပွန်းက ကူညီပေးသော်လည်း ၎င်းတို့နှစ်ဦးမှာ အလွန်ပင် အလုပ်များနေခဲ့ကြလေ၏။

ကျိုးချန်ယဲ့၏ ယခုကဲ့သို့ လာရောက် အကူအညီပေးမှုမှာ အချိန်ကိုက်ပင် ဖြစ်လေတော့သည်။

ဒုတိယမရီး ကျောက်ရှောက်ထင်နှင့် ကျိုးချန်ယွီတို့ မည်သို့ ပူးပေါင်း လုပ်ကိုင်ကြသည်ကို ခေတ္တ ထားခဲ့ ပါဦး။

မုန့်ဆိုင်မှ ထွက်ခွာလာပြီးနောက် ကျိုးချန်ယဲ့သည် ကျိုးချန်ရှော့ကို ခေါ်ဆောင်ကာ တတိယအစ်ကို၏ အဝတ်အထည် ဆိုင်ခန်းရှိရာသို့ လမ်းလျှောက်လာခဲ့လေသည်။

၎င်းတို့နှစ်ဦးမှာ ဆိုင်ခန်းနှင့် အတန်ငယ် ဝေးကွာနေသေးသော်လည်း ရှေ့တွင် လူအုပ်ကြီး စုဝေးနေ သည်ကို မြင်တွေ့လိုက်ရပြီး ဆူညံသံများကိုလည်း အဝေးမှပင် ကြားနေရလေသည်...။

"သူဌေး... ဒီပန်းပွင့်ပုံစံ ဂါဝန်က ဘယ်လောက်လဲဟင်..."

"ကျွန်မနဲ့ တော်မယ့် ဒီဘောင်းဘီမျိုး ရှိဦးမလား..."

"ဆရာမ... ဒီရှပ်အင်္ကျီက တခြား အရောင်တွေရော ရှိသေးလား..."

............

ကျိုးချန်ရှော့သည် သူ၏ ဒုတိယအစ်ကိုဘက်သို့ လှည့်ကြည့်ကာ အံ့အားသင့်စွာပင် ပြောလိုက်လေ သည်...။

"ဒုတိယအစ်ကို... ဒီအဝတ်အထည် ဆိုင်ခန်းက တကယ်ကို အရောင်းသွက်တာပဲနော်..."

"ဒါက ရှောင်ယာ့ရဲ့ တတိယအစ်ကို ပိုင်တဲ့ ဆိုင်ခန်းလေ"

ကျိုးချန်ယဲ့က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

"ဟင်"

ကျိုးချန်ရှော့က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်လေ၏။

သူ ယခုကဲ့သို့ အံ့အားသင့်သွားခြင်းမှာ မဆန်းလှပေ။ သူသည် ယခင်က ဤကဲ့သို့ သက်ဝင်လှုပ်ရှားနေ သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ခြင်းကြောင့် ဖြစ်လေသည်။

ယခင်က သူ၏ အဝတ်အစားများကို သူ၏ ဒုတိယအစ်ကိုက ပို့ပေးခြင်း သို့မဟုတ် သူ၏ အမေဖြစ်သူ အမေကျိုးက တိုက်ရိုက် ဝယ်ပေးခြင်းသာ ဖြစ်လေသည်။

ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင် သို့မဟုတ် ကုန်တိုက်ကြီးများသို့ တစ်ခါတစ်ရံ သွားရောက်ခဲ့ သော်လည်း အဝတ်အထည် ကောင်တာများတွင် ယခုကဲ့သို့ စည်ကားနေသည့် မြင်ကွင်းမျိုးကို တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။

သူ၏ မှတ်ဉာဏ်ထဲတွင်မူ ယခုကဲ့သို့ လူအုပ်ကြီးဖြင့် စည်ကားနေသော မြင်ကွင်းမျိုးမှာ ရိက္ခာ သို့မဟုတ် စားသောက်ကုန်များ ရောင်းချသည့် ကောင်တာများတွင်သာ ရှိတတ်လေသည်။

၎င်းတို့နှစ်ဦးမှာ ခေတ္တမျှ စောင့်ဆိုင်းနေခဲ့ကြပြီး လူအုပ်ကြီး နည်းပါးသွားသောအခါမှ ကျိုးချန်ယဲ့သည် သူ၏ ညီငယ်ကို ခေါ်ဆောင်ကာ ရှေ့သို့ တိုးသွားခဲ့လေသည်။

သူ၏ ညီငယ်ကို ပုံမှန်အတိုင်း အလုပ်သွင်းပေးပြီးနောက် ကျိုးချန်ယဲ့သည် ကျိုးမိသားစုဝင်းဆီသို့ အေးအေးလူလူ လမ်းလျှောက်ပြန်လာခဲ့လေ၏။ သူသည် စိတ်ထဲတွင်လည်း ကျေနပ်စွာဖြင့် တွေးတော နေမိလေသည်...။

*နောက်ဆုံးတော့ အပိုလူနှစ်ယောက်ကို ဖယ်ထုတ်နိုင်ခဲ့ပြီမို့ အိမ်ပြန်ပြီး ဇနီးသည်နဲ့ သားကြီးနဲ့အတူ အချိန်ဖြုန်းလို့ ရပြီပေါ့...*

တစ်ဖက်တွင်မူ မုန့်ဆိုင်မှ ကျိုးချန်ယွီမှာမူ လွယ်ကူနေခြင်း မရှိပေ။

အစပိုင်းတွင် သူမသည် ဆန်းသစ်ပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မှတ်ခဲ့သော်လည်း မနက်ခင်း တစ်ခုလုံး မတ်တတ်ရပ်နေခဲ့ရသဖြင့် သူမ၏ ခြေထောက်များမှာ နာကျင်လာခဲ့လေသည်။

ထို့အပြင် ဈေးနှုန်း အမျိုးမျိုးကိုလည်း မှတ်သားထားရပြီး ဝယ်ယူသူများကလည်း မေးခွန်းပေါင်းစုံကို အမြဲတမ်း မေးမြန်းနေကြသဖြင့် သူမသည် ဈေးနှုန်းများကို အကြိမ်အနည်းငယ် မှားယွင်းစွာ ပြောမိလုနီး ပါး ဖြစ်ခဲ့လေသည်။

ကျိုးချန်ယွီနှင့် နှိုင်းယှဉ်လျှင် ကျိုးချန်ရှော့မှာ ပိုမို၍ ပင်ပန်းနွမ်းနယ်နေခဲ့လေ၏။

အဝတ်အစား တစ်ထည်ချင်းစီ၏ ဈေးနှုန်းများကို မှတ်သားထားရရုံသာမက ဆိုဒ်များကိုလည်း ခွဲခြား တတ်အောင် သင်ယူရပြီး ဝယ်ယူသူနှင့် ကိုက်ညီမည့် အဝတ်အစားကိုလည်း တိတိကျကျ ရွေးချယ်ပေး နိုင်ရမည် ဖြစ်လေသည်။

ဈေးဆစ်သော ဝယ်ယူသူများကို ကိုင်တွယ်ရသည်မှာ ပို၍ပင် ခက်ခဲလှသည်။ အရှုံးလည်း မခံနိုင်သလို ဈေးကိုလည်း အလွန်အကျွံ မလျှော့ပေးနိုင်ချေ။ ထို့အပြင် ၎င်းတို့ ပြန်လာဝယ်ချင်အောင်လည်း နည်းလမ်းမျိုးစုံ ရှာဖွေရသေးသည်။

မကြာမီမှာပင် သူသည် ချွေးများဖြင့် ရွှဲစိုသွားခဲ့ပြီး သူ၏ ဦးနှောက်မှာလည်း ဆူညံနေကာ ဦးနှောက်မှာ ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေခဲ့လေသည်။

ဆန့်ကျင်ဘက်အနေဖြင့် အဝတ်အစား ရောင်းချရာတွင် အလွယ်ကူဆုံး အစိတ်အပိုင်းမှာ ဈေးနှုန်း တွက် ချက်ခြင်းနှင့် ငွေသိမ်းခြင်းသာ ဖြစ်လေသည်။

ကျိုးချန်ယဲ့သည် အခြေအနေများကို ကြည့်ရှုရန် နေ့ခင်းဘက်တွင် ရောက်ရှိလာခဲ့လေ၏။ သူ၏ မောင် နှမငယ်များမှာ အနည်းငယ် ပင်ပန်းနေဟန် ရှိသော်လည်း အလုပ်ကိုမူ အာရုံစိုက်နေကြသည်ကို မြင်တွေ့ လိုက်ရသဖြင့် သူတို့ကို အနှောင့်အယှက် မပေးဘဲ တိတ်တဆိတ်ပင် အိမ်သို့ ပြန်သွားခဲ့လေသည်။

သူ အိမ်တံခါးဝသို့ ရောက်ရှိလာသောအခါ သူ၏ လက်ထဲတွင် လေးလံသော ထမင်းဘူး အများအပြားကို ကိုင်ဆောင်ထားခဲ့လေ၏။ ထမင်းဘူးများ၏ ကြားထဲမှ မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာခဲ့ပြီး ထိုဆွဲ ဆောင်မှုရှိသော အနံ့ကို အဝေးမှပင် ရရှိနိုင်လေတော့သတည်း။

All Chapters