← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉) ကျွန်မ သိပ်မကျွမ်းကျင်လို့ပါ

အဖေထျန်သည် သူ့အား လေးနက်စွာ ကြည့်ကာ "အင်း" ဟု ခပ်တိုးတိုး တုံ့ပြန်လိုက်လေသည်။ စိတ်အေး သွားသည့် ပုံပင် ရှိလေ၏။

ရထားဥဩသံ ထွက်ပေါ်လာကာ ခရီးသည်များကို ရထားပေါ်တက်ရန် တိုက်တွန်းလိုက်လေတော့သည်။

အမေထျန်သည် သားသမီးများကို နောက်ဆုံးတစ်ခေါက် တွန့်ဆုတ်စွာ လှည့်ကြည့်ပြီးနောက် အဖေထျန် နှင့်အတူ ရထားပေါ်သို့ တက်သွားခဲ့လေသည်။

လူအချို့မှာ ပလက်ဖောင်းပေါ်တွင် ရပ်လျက် တဖြည်းဖြည်း မောင်းထွက်သွားသော ရထားကြီးကို ကြည့်နေခဲ့ကြလေသည်။

ကျိုးချန်ယဲ့သည် သူ၏ဇနီးသည်၏ လက်ကို အသာအယာ ဆုပ်ကိုင်ကာ စိတ်ချစေသည့် အပြုံးဖြင့် နှစ်သိမ့်လိုက်လေသည်။

"ဝမ်းမနည်းပါနဲ့... အချိန်ရတဲ့အခါ ကျောက်ခဲလေးကို ခေါ်ပြီး အဖေနဲ့အမေဆီ သွားလည်ကြတာ ပေါ့..."

ထျန်ရှောင်ယာသည် ရင်ထဲတွင် လှိုက်တက်လာခဲ့၏။ လက်ရှိ အခြေအနေကို သူမသည် အခြားသူများ ထက် ပို၍ သိရှိနားလည်ထားလေသည်။

အခြေအနေများမှာ ယခင်ကနှင့် မတူတော့ချေ။ ခရီးဝေး သွားလာရန် ခက်ခဲရုံသာမက မိသားစု အပ်ချုပ် ဆိုင်မှာလည်း စတင်ကာစသာ ရှိသေးပြီး ကျောက်ခဲလေးမှာလည်း ငယ်ရွယ်နေသေး၏။ ၎င်းတို့နှစ်ဦး တွင် လုပ်ဆောင်စရာများစွာ ရှိနေသဖြင့် အလိုရှိတိုင်း ထွက်သွားရန်မှာ မလွယ်ကူလှပေ။

နောက်တစ်ခေါက် ပြန်သွားခွင့် ဘယ်တော့မှ ရဦးမည်ကို မည်သူ သိနိုင်ပါအံ့နည်း။

ခင်ပွန်းဖြစ်သူ၏ မျက်လုံးထဲမှ ကြင်နာမှုများကို မြင်ရသောအခါ သူမက အသာအယာ ခေါင်းငြိမ့်ကာ တိုးညှင်းစွာ ပြောလိုက်လေသည်။

"ဟုတ်ပါတယ်... ကျွန်မ သိပါတယ်... တစ်နေ့နေ့တော့ ပြန်သွားနိုင်မယ်လို့ပဲ မျှော်လင့်ရမှာပေါ့..."

ထိုသို့ ပြောသော်လည်း စိတ်ထဲမှ ဟာတာတာ ဖြစ်နေမှုမှာမူ ချက်ချင်း ပျောက်ကွယ်သွားခြင်း မရှိပေ။

"ရှောင်ယာ... မောင်လေး... တတိယမရီး... ပြန်ကြရအောင်"

ဒုတိယအစ်ကို ထျန်ချင်းလင်းက အားလုံးကို လှည့်ပြောလိုက်လေသည်။

"ကောင်းပါပြီ"

ကျိုးချန်ယဲ့က ခေါင်းငြိမ့်လိုက်ပြီးမှ တစ်ခုခုကို သတိရသွားကာ ထပ်လောင်း ပြောလိုက်လေသည်။

"ဒါနဲ့ ဒုတိယအစ်ကို... မနက်ဖြန်ကျမှ ရှောင်ယွီနဲ့ ရှောင်ရှော့ကို တတိယမရီးဆီ ကူညီခိုင်းလိုက်ပါ... ဒီနေ့ တော့ သူတို့ကို အနားပေးလိုက်ကြရအောင်..."

ယနေ့မနက်တွင် အဖေထျန်နှင့် အမေထျန်တို့ကို ပို့ဆောင်ရန် ဘူတာရုံသို့ လာခဲ့ကြသော်လည်း ရှောင်ယွီ နှင့် ရှောင်ရှော့တို့မှာ ကျောက်ခဲလေးကို စောင့်ရှောက်ရန် အိမ်၌ စေတနာ့ဝန်ထမ်း လုပ်နေခဲ့ကြလေ သည်။

ရှောင်ယွီနှင့် ရှောင်ရှော့တို့သည် မကြာသေးမီက ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့၏ အလုပ်များ တွင် ကူညီပေးနေရသဖြင့် အလွန် ပင်ပန်းနေကြကြောင်း ကျိုးချန်ယဲ့ သိရှိထားလေသည်။ ထို့ကြောင့် ယနေ့မှာ သူတို့အတွက် အနားယူရန် အကောင်းဆုံးနေ့ပင် ဖြစ်လေသည်။

ဤလေ့ကျင့်မှု ကာလအတွင်း ရှောင်ယွီနှင့် ရှောင်ရှော့တို့မှာ အမှန်တကယ်ပင် အများကြီး တိုးတက် လာခဲ့ကြသည်ဟု ဆိုရပေလိမ့်မည်။

ထျန်ချင်းလင်းသည် များများစားစား မစဉ်းစားတော့ဘဲ ချက်ချင်းပင် သဘောတူလိုက်လေသည်။

"ကောင်းပြီလေ"

ဘူတာရုံမှ ထွက်လာပြီးနောက် လမ်းကြောင်း မတူကြသဖြင့် လမ်းခုလတ်တွင်ပင် အသီးသီး ခွဲခွာသွား ခဲ့ကြလေသည်။

ပျော်ရွှင်ခြင်းမုန့်ဆိုင်…။

ဒုတိယအစ်ကို ထျန်ချင်းလင်း ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သူ၏ဇနီးနှင့် စကားပြောနေသော ကောင်းချွေ့ချွေ့ကို မြင်လိုက်ရလေသည်။

သို့သော် ၎င်းတို့၏ မျက်နှာအမူအရာမှာ တစ်မျိုး ဖြစ်နေပြီး ပတ်ဝန်းကျင်မှာလည်း အနည်းငယ် တင်းမာ လျက်ရှိနေခဲ့ပေသည်။

ထျန်ချင်းလင်းသည် အခြေအနေကို မစဉ်းစားနိုင်သေးမီမှာပင် ဆိုင်ထဲရှိ ကောင်းချွေ့ချွေ့က သူ့ကို မြင်သွားပြီး ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။

"ဒုတိယအစ်ကို... ပြန်လာပြီလား..."

"အင်း... မရီး ရောက်နေတာလား"

ဒုတိယအစ်ကို ထျန်ချင်းလင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ထူးလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။

"နေကောင်းသွားပြီလား... မရီးမှာ ကလေးနှစ်ယောက်တောင် ရှိနေတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ရမယ်နော်..."

ကောင်းချွေ့ချွေ့မှာ ခေတ္တမျှ မှင်တက်သွားပြီးမှ အနည်းငယ် ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်လေသည်။

"အများကြီး သက်သာသွားပါပြီ... အခုတော့ အဆင်ပြေနေပါပြီ... ဒါဆိုရင်... ဒုတိယအစ်ကိုနဲ့ မရီးတို့ စကားပြောကြဦးနော်... ကျွန်မ ပြန်လိုက်ပါဦးမယ်..."

ထျန်ချင်းလင်းက စကားပင် ထပ်မပြောရသေးမီမှာပင် သူမသည် မုန့်ဆိုင်ထဲမှ ကတိုက်ကရိုက် ထွက် သွားခဲ့လေတော့သည်။

"ဒါက..."

ထျန်ချင်းလင်းသည် သူ၏ဇနီးကို လှည့်ကြည့်ကာ ခေါင်းကုတ်ရင်း မေးလိုက်လေသည်။

"မိန်းမ... ဝေကျွင်းရဲ့ မိန်းမက ဘာဖြစ်နေတာလဲ..."

"ဟွန်း"

ဒုတိယမရီး ကျောက်ရှောက်ထင်က မကျေမနပ်ဖြစ်စွာ နှာမှုတ်လိုက်ပြီး သက်ပြင်းကို လေးလေးပင်ပင် ချလိုက်လေသည်။

"ဝေကျွင်းရဲ့ မိန်းမက ရိုးသားဖြောင့်မတ်တဲ့သူလို့ အမြဲ ထင်ခဲ့တာ... အခုလို ဖြစ်လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားမိဘူး..."

"ဘာဖြစ်လို့လဲ"

ဒုတိယအစ်ကို ထျန်ချင်းလင်းက အလျင်အမြန် မေးလိုက်လေသည်။

"ရှောင်ယွီက မကြာသေးမီက ဆိုင်မှာ ကူလုပ်ပေးနေတာကို သူ ဘယ်ကနေ သတင်းကြားလိုက်လဲ မသိ ပါဘူး... ငါတို့က လူသစ်တစ်ယောက် ထပ်ငှားလိုက်တယ်လို့ သူက ထင်နေတာလေ..."

ဒုတိယမရီး ကျောက်ရှောက်ထင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။

"အစပိုင်းမှာတော့ သူက စကားလာပြောတယ်ပဲ ထင်တာ... ဒါပေမဲ့ နောက်ပိုင်းမှာ ဟိုအကြောင်း ဒီ အကြောင်းတွေ လျှောက်ပြောရင်း စကားလမ်းကြောင်းက ရှောင်ယွီဆီကိုပဲ ရောက်ရောက်သွားတယ်..."

"ဟင်း... ဒါတွေ အားလုံးက ဆင်းရဲလွန်းလို့ ဖြစ်ရတာပါ"

ဒုတိယအစ်ကို ထျန်ချင်းလင်းက သူ၏ဇနီး၏ လက်ကို အသာအယာ ပုတ်ကာ နှစ်သိမ့်လိုက်လေသည်။

"ထားလိုက်ပါတော့... မင်း သဘောမကျရင်လည်း နောက်ဆို အဆက်အသွယ် လျှော့လုပ်ကြတာပေါ့..."

ဒုတိယမရီး ကျောက်ရှောက်ထင်က ခေါင်းငြိမ့်ပြလိုက်လေသည်။

"ကျွန်မက ရှင့်ကို ရင်ဖွင့်ပြတာပါ... အဆက်အသွယ် လုံးဝ ဖြတ်တောက်ဖို့အထိတော့ မဟုတ်ပါဘူး..."

"ဒါပေမဲ့ သူမ ပြောတာတွေက တော်တော်လေး နားဝင်မချိုလို့ပါ... ရှောင်ယွီက ငယ်သေးတာမို့ အလုပ် ကို သေသေချာချာ လုပ်မှာ မဟုတ်ဘူးတဲ့... ငါတို့ ငွေဖြုန်းနေတာပဲ ဖြစ်မှာပါတဲ့..."

ဤစကားကို ကြားသောအခါ ဒုတိယအစ်ကို ထျန်ချင်းလင်းက မျက်မှောင်ကြုံ့လိုက်လေသည်။

"သူက ကလေးဆန်နေတာပါ... စိတ်ထဲ မထားပါနဲ့... ရှောင်ယွီက အရမ်း လိမ္မာတဲ့ ကလေးပဲ... သူက ငါတို့ကို အများကြီး ကူညီပေးနေတာလေ..."

ထိုစဉ်မှာပင် ဝယ်သူတစ်ဦး ဆိုင်ထဲသို့ ဝင်လာသဖြင့် ဒုတိယအစ်ကို ထျန်ချင်းလင်းက ချက်ချင်းပင် သွားရောက် နှုတ်ဆက်လိုက်လေသည်။

ခင်ပွန်းဖြစ်သူ၏ အလုပ်များနေသော ပုံရိပ်ကို ကြည့်ရင်း ကျောက်ရှောက်ထင်၏ စိတ်ထဲမှ မကျေနပ်မှု များမှာ အများကြီး ပြေလျော့သွားခဲ့လေသည်။ ရုတ်တရက် တစ်ခုခုကို သတိရသွားသဖြင့် သူမသည် ကောင်တာ အံဆွဲထဲမှ စာရင်းစာအုပ်ကို ထုတ်ယူကာ ဆိုင်၏ ဝင်ငွေနှင့် ထွက်ငွေများကို သေသေချာချာ စတင် တွက်ချက်လေတော့သည်။

ခင်ပွန်းဖြစ်သူ အလုပ်ပြီးသွားသောအခါ ကျောက်ရှောက်ထင်က စာရင်းစာအုပ်ကို ကမ်းပေးလိုက် လေသည်။

"ကြည့်လိုက်ဦး... ဒါက ဒီကာလအတွင်းက စာရင်းတွေပဲ..."

မောင်လေးက ရှောင်ယွီကို လေ့ကျင့်ဖို့နဲ့ သင်ယူဖို့ လာခိုင်းတာလို့ ပြောပေမဲ့ သူ ရောက်လာပြီးကတည်း က ငါတို့ကို အများကြီး ကူညီပေးခဲ့တာ အမှန်ပဲလေ။ သူတို့ကို ဘာမှမပေးဘဲ အလကား ခိုင်းလို့ မဖြစ် ဘူး။ အပြင်လူတွေက ကွယ်ရာမှာ အတင်းအဖျင်း ပြောတာမျိုးကိုလည်း လုံးဝ အခွင့်ရေးမပေးနိုင်ဘူး။

"ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ယွီ့ကို လုပ်အားခ အချို့ ပေးသင့်တယ်..."

ဒုတိယအစ်ကို ထျန်ချင်းလင်းသည် စာရင်းစာအုပ်ကို ယူကာ တစ်မျက်နှာချင်းစီ သေချာ လှန်ကြည့်လိုက် လေသည်။ ကြည့်နေရင်းနှင့် သူ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်သည့် အပြုံးတစ်ခု မသိမသာ ပေါ်လွင် လာခဲ့လေသည်။

"ကောင်းပြီလေ... မင်း သဘောအတိုင်းပဲ လုပ်ကြတာပေါ့... မနက်ဖြန် သူ လာတဲ့အခါကျရင် လုပ်အားခ ပေးလိုက်မယ်လေ..."

ကျိုးမိသားစုဝင်း…။

ယခုအချိန်တွင်မူ ကျိုးချန်ယွီသည် သူမ၏ အဖော်ကို လုယူရန် ကြိုးစားနေသည့် အခြေအနေကို လုံးဝ သိရှိခြင်မရှိသေးပေ။

ဤသည်က သူမ၏ တရားဝင် အလုပ်မဟုတ်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမ သည် ပေါ့ပေါ့တန်တန် မလုပ်ဘဲ ကြိုးကြိုးစားစားနှင့် စေ့စေ့စပ်စပ် လုပ်ကိုင်ခဲ့လေသည်။

ကျိုးချန်ယဲ့နှင့် သူ၏ဇနီးသည် အိမ်ပြန်ရောက်သောအခါ ကျောက်ခဲလေးကို ချီထားရင်း ပုံပြင်များကို သက်ဝင်လှုပ်ရှားစွာ ပြောပြနေသော ရှောင်ရှော့ကို မြင်တွေ့လိုက်ရလေသည်။

ကျောက်ခဲလေးမှာလည်း လိမ္မာလှပေသည်။ တစ်ခါတစ်ရံ "အူး... အား..." နှင့် ပြန်ထူးနေသဖြင့် ရှောင်ရှော့ မှာ ပုံပြင်ပြောရာတွင် ပို၍ပင် စိတ်အားထက်သန်နေခဲ့လေသည်။

"ရှောင်ရှော့... အစ်ကိုတို့ ပြန်လာပြီ"

ကျိုးချန်ယဲ့က လှမ်းပြောရင်း ကလေးကို သူ၏လက်ထဲသို့ လွှဲယူလိုက်လေသည်။

သူက ကလေးကို အနည်းငယ် ပင့်ချီလိုက်ပြီး ပြုံးလျက် ကျီစယ်လိုက်လေသည်။

"ကျောက်ခဲလေး... အဖေ့ကို လွမ်းနေတာလား..."

"ဒုတိယအစ်ကို... ဒုတိယမရီး"

ရှောင်ရှော့က အလျင်အမြန် ထရပ်ကာ နှုတ်ဆက်လိုက်လေသည်။

"အင်း"

ထျန်ရှောင်ယာက ပြုံးလျက် ပြန်ထူးလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကျိုးချန်ယွီကို မမြင် ရသဖြင့် မေးလိုက်လေသည်။

"ရှောင်ရှော့... ရှောင်ယွီ ဘယ်မှာလဲ..."

"တတိယအစ်မက မီးဖိုချောင်မှာ ထမင်းချက်နေတယ်လေ... အစ်ကိုတို့ ပြန်လာတာနဲ့ ချက်ချင်း စားလို့ ရအောင်တဲ့"

ရှောင်ရှော့က ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

ထျန်ရှောင်ယာသည် ခေတ္တမျှ မှင်တက်သွားပြီးမှ သူမ၏ မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်ပေါက် လာခဲ့လေသည်။ သူမက ကျိုးချန်ယဲ့ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"အာယဲ့... ရှင်နဲ့ ရှောင်ရှော့ပဲ အထဲမှာ ကျောက်ခဲလေးကို ကြည့်ထားပေးလိုက်ပါ... ကျွန်မ မီးဖိုချောင်ကို သွားပြီး ကူလိုက်ဦးမယ်..."

"ကောင်းပါပြီ"

ကျိုးချန်ယဲ့က ခေါင်းငြိမ့်ပြလိုက်လေသည်။

ထျန်ရှောင်ယာ မီးဖိုချောင်ထဲသို့ ခြေချလိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမသည် ရယ် ချင်စိတ်ကို မနည်း ထိန်းလိုက်ရလေသည်။

ကျိုးချန်ယွီသည် ခါးစည်းအင်္ကျီကို ဝတ်လျက် မီးဖိုရှေ့တွင် အလုပ်ရှုပ်နေခဲ့လေသည်။ သူမ၏ မျက်နှာ လေးတွင်လည်း မီးခိုးမှိုင်းများ ပေကျံနေသဖြင့် ကြောင်ပေါက်လေးတစ်ကောင်နှင့်ပင် တူနေခဲ့ပေသည်။

သူမသည် ဟင်းကြော်ရာတွင် ဆီစင်မည်ကို ကြောက်သဖြင့် အဆင်မပြေစွာ လှုပ်ရှားနေခဲ့လေသည်။

"ရှောင်ယွီ... မရီး ကူပေးမယ်လေ"

ထျန်ရှောင်ယာက ပြုံးလျက် အနားသို့ လျှောက်သွားလိုက်လေသည်။

ကျိုးချန်ယွီမှာ လန့်သွားခဲ့၏။ သူမ လှည့်ကြည့်လိုက်ရာ ထျန်ရှောင်ယာကို မြင်သွားသဖြင့် ပါးပြင်များ နီမြန်းသွားကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့လေသည်။

"ဒုတိယမရီး... ပြန်လာပြီလား..."

"မရီးတို့ အမေ့ကို လိုက်ပို့ရတာ ပင်ပန်းနေမှာစိုးလို့ ကျွန်မ ထမင်းချက်ဖို့ ကြိုးစားကြည့်တာပါ... ဒါပေမဲ့ ... ကျွန်မက သိပ်ပြီး မကျွမ်းကျင်လို့ပါ..."

အခန်း (၁၂၀) တူ…တူ…

"ရပါတယ်... မရီး သင်ပေးမယ်လေ..."

ထျန်ရှောင်ယာသည် အင်္ကျီလက်များကို လိပ်တင်လိုက်ပြီး ဟင်းသီးဟင်းရွက် လှီးဖြတ်ပုံ၊ မီးအား ထိန်း ညှိပုံနှင့် ဟင်းခတ်အမွှေးအကြိုင် ထည့်ပုံတို့ကို သူမအား တိုးညှင်းစွာ စကားပြောရင်း စတင်သင်ကြား ပေးလေတော့သည်။

မရီးဖြစ်သူက စေ့စပ်သေချာစွာ လမ်းညွှန်ပြသပြီး ညီမဖြစ်သူကလည်း ကြိုးစားပမ်းစား သင်ယူနေ သဖြင့် မကြာမီမှာပင် မီးဖိုချောင်တစ်ခုလုံး၌ ဟင်းနံ့များဖြင့် သင်းပျံ့နေခဲ့လေတော့သည်။

ဟင်းလျာများကို စားပွဲပေါ်သို့ တင်လိုက်သောအခါ အခိုးအငွေ့များ ထွက်နေသည့် ဟင်းသုံးမျိုးနှင့် ဆန်ပြုတ်တစ်အိုး ဖြစ်လေသည်။ ခရမ်းချဉ်သီး ကြက်ဥကြော်မှာ ချိုချဉ်အရသာ ရှိနေပြီး မုန်လာထုပ် ဝက်သားခြောက်ကြော်မှာမူ လတ်ဆတ်ကာ အရသာ ရှိလှပေသည်။

အာလူးချောင်း ချဉ်စပ်ကြော်မှာလည်း စား၍ ကောင်းကာ မအီမရီ ဖြစ်စေလေ၏။ ၎င်းတို့ကို ဆန်ပြုတ် ပျစ်ပျစ် နွေးနွေးလေးနှင့် တွဲဖက်လိုက်သောအခါ ရိုးရှင်းသော်လည်း စိတ်ကျေနပ်စရာ ကောင်းသော ထမင်းဝိုင်းလေး ဖြစ်လာခဲ့လေတော့သည်။

"ဝါး... တတိယအစ်မ... ဒါကို အစ်မကိုယ်တိုင် လုပ်တာလား..."

ကျိုးချန်ရှော့သည် အာလူးချောင်း ချဉ်စပ်ကြော် တစ်ဖဲ့ကို စမ်းသပ်မြည်းစမ်းကြည့်ကာ နှစ်ကိုက် သုံးကိုက်ခန့် ဝါးလိုက်ပြီးနောက် မျက်လုံးများမှာ ချက်ချင်း တောက်ပသွားခဲ့လေသည်။ သူသည် ကျိုးချန်ယွီအား အံ့အားသင့်သော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်...။

ကျိုးချန်ယွီသည် သူ၏ ချီးမွမ်းမှုကြောင့် ပါးပြင်များ နီမြန်းသွားကာ တိုးညှင်းစွာ ရေရွတ်လိုက်လေ သည်...။

"ငါတစ်ယောက်တည်း လုပ်တာ မဟုတ်ပါဘူး... ဒုတိယမရီးက အများကြီး သင်ပေးလို့ပါ... ငါက ဘေး ကနေ ကူရုံပဲ ကူတာပါ..."

"ဒါတောင်မှ တော်တော်လေး ကောင်းနေပါပြီ..."

ကျိုးချန်ရှော့သည် ထမင်းကို ပါးစပ်ထဲသို့ အားရပါးရ ထည့်ရင်း ချီးမွမ်းလိုက်လေသည်...။

"ငါ မှတ်မိသေးတယ်နော်... အရင်တစ်ခါ အိမ်မှာ ဟင်းချက်သင်တုန်းက အစ်မကြော်တဲ့ အသားစင်း ကောနဲ့ ပဲသီးကြော်ရဲ့ အရသာက... ဟားဟားဟား... တကယ့်ကို ပြောတောင်မပြောတတ်တော့ဘူး..."

"ဟွန်း..."

ကျိုးချန်ယွီသည် ချက်ချင်းပင် ပါးပြင်များ နီမြန်းသွားကာ သူ့အား စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်ကာ သူ့အား လုံးဝ အရေးမစိုက်တော့ချေ...။

ထျန်ရှောင်ယာက အလျင်အမြန်ပင် ပြုံးလိုက်ပြီး ဝက်သားခြောက်တစ်ဖဲ့ကို ကျိုးချန်ယဲ့၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေ၏။ ထို့နောက် သူမသည် ကျိုးချန်ယွီအား မျက်မှောင်တစ်ချက် ပင့်ပြကာ အေးအေး လူလူပင် ပြောလိုက်လေသည်...။

"ငါတို့ ရှောင်ယွီက အရမ်းဉာဏ်ကောင်းတာပဲ... သူက သင်ရတာ တော်တော်မြန်တယ်... အခုဆိုရင် ငါတို့အိမ်မှာ ဟင်းချက်တတ်တဲ့သူ နောက်တစ်ယောက် တိုးလာပြီပေါ့..."

ကျိုးချန်ယဲ့သည် သူ၏ ဇနီးသည်၏ အကြည့်ကို ရရှိလိုက်သည်နှင့် ဝက်သားခြောက်တစ်ဖဲ့ကို ယူစားကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ချီးမွမ်းလိုက်လေသည်...။

"အင်း... တကယ်ကို အရသာရှိတာပဲ... အနံ့ရော အရသာရော ပြည့်စုံတယ်..."

သူမ၏ ဒုတိယအစ်ကိုနှင့် ဒုတိယမရီးတို့က သူမအား ဤမျှလောက် ချီးမွမ်းနေကြသည်ကို ကြားရသော အခါ ကျိုးချန်ယွီမှာ တိတ်တဆိတ် ပြုံးမိသွားပြီး စိတ်ထဲတွင် ချိုမြိန်နေခဲ့လေ၏။ သူမတွင်လည်း ဟင်း ချက်ရာ၌ တကယ့် ပါရမီရှိနေသည် မဟုတ်ပါလော။

နောက်တစ်နေ့ နံနက်တွင် ကျိုးချန်ယွီနှင့် သူ၏မောင်လေးတို့သည် ပြင်ဆင်ပြီးနောက် မနက်စာစားကာ ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့ရှိရာသို့ အတူတူ ထွက်လာခဲ့ကြလေသည်။

ဒုတိယအစ်ကို ထျန်ချင်းလင်းသည် ကျိုးချန်ယွီကို မြင်သည်နှင့် ပြုံးလျက် ဘေးသို့ ခေါ်လိုက်လေ၏။ သူ သည် အိတ်ကပ်ထဲမှ ငွေစက္ကူအထပ်လိုက်ကို ထုတ်ယူကာ သူမအား အသာအယာ ကမ်းပေးလိုက် လေသည်...။

"ရှောင်ယွီ... ဒီရက်ပိုင်းအတွက် မင်းရဲ့ လုပ်အားခပဲ... ယူထားလိုက်ပါ..."

ကျိုးချန်ယွီမှာ ခေတ္တမျှ မှင်တက်သွားပြီး မသိစိတ်ဖြင့် ခြေတစ်လှမ်း နောက်ဆုတ်ကာ လက်ယမ်း၍ ငြင်း ပယ်လိုက်လေသည်...။

"အစ်ကိုချင်းလင်း... မဟုတ်တာ... မရပါဘူး... ဒုတိယအစ်ကိုက ကျွန်မကို သင်ယူဖို့ လာခိုင်းတာလို့ ပြောထားပြီးသားပဲလေ... ဒီငွေကို ကျွန်မ လက်မခံနိုင်ပါဘူး..."

"သင်ယူတာက သင်ယူတာပဲ... အလုပ်လုပ်တာက အလုပ်လုပ်တာပဲလေ..."

ထျန်ချင်းလင်းသည် စကားပင် ထပ်မပြောစေတော့ဘဲ ငွေများကို သူမ၏ လက်ထဲသို့ အတင်းထည့် ပေးလိုက်လေသည်...။

"ဒီရက်ပိုင်းအတွင်း မင်းရဲ့ အကူအညီတွေအတွက် အစ်ကိုက တကယ်ပဲ ကျေးဇူးတင်ပါတယ်... ဒါက မင်း ရသင့်ရထိုက်တဲ့ အရာမို့လို့ လက်ခံထားလိုက်ပါ..."

သူသည် ပြုံးလျက် ထပ်လောင်း ပြောကြားလိုက်လေသည်...။

"စိတ်မပူပါနဲ့... ကျိုးချန်ယဲ့ကိုတော့ အစ်ကို ပြောပြလိုက်ပါ့မယ်... သူ သေချာပေါက် ကန့်ကွက်မှာ မဟုတ်ပါဘူး..."

ကျိုးချန်ယွီသည် ငွေစက္ကူများကို ကိုင်ထားရင်း သူမ၏ လက်ချောင်းများမှာ အနည်းငယ် ပူနွေးလာသကဲ့ သို့ ခံစားလိုက်ရလေသည်။ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် သူမသည် နောက်ဆုံးတွင် လက်ကို တင်း တင်းဆုပ်ကာ ငွေများကို အိတ်ကပ်ထဲသို့ သေသေချာချာ ထည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေ သည်...။

"ကျေးဇူးတင်ပါတယ် အစ်ကိုချင်းလင်း..."

သူမသည် စိတ်ထဲတွင်လည်း တိတ်တဆိတ် ကတိပြုလိုက်မိလေသည်။ ဤကာလအတွင်း သူမသည် ပိုမို ၍ ကြိုးစားလုပ်ကိုင်သွားမည်ဖြစ်ကာ ထျန်မိသားစုမှ ဒုတိယမရီး၏ စိတ်ရင်းမှန်နှင့် ယုံကြည်မှုကို ဘယ် သောအခါမှ အလဟဿ အဖြစ်မခံတော့ပေ။

တစ်ဖက်တွင်မူ ကောင်းချွေ့ချွေ့သည် မနေ့က အိမ်ပြန်ရောက်ကတည်းက တစ်ညလုံး စဉ်းစားနေခဲ့ပြီး စဉ်းစားလေလေ သူမ တစ်ခုခု မှားယွင်းစွာ သိထားသည်ဟု ခံစားမိလေလေ ဖြစ်နေခဲ့လေသည်။ သူမ အတွက် မုန့်ဆိုင်တွင် အလုပ်လုပ်ရသည်မှာ အလွန်ပင် ပျော်စရာကောင်းလေ၏။ အလုပ်ကလည်း မပင်ပန်းသလို မိသားစုကို ဂရုစိုက်ရန်အတွက်လည်း အနှောင့်အယှက် မဖြစ်စေခဲ့ပေ။

ညီမရှောင်ယာနှင့် ပတ်သက်နေသဖြင့် ဒုတိယမရီးသည်လည်း သူမအား အမြဲတမ်း ကြင်နာစွာ ဆက်ဆံ လေ့ရှိပေသည်။ ပုံမှန်နေ့ရက်များတွင် မုန့်အသစ်များ ကျန်ရှိပါက သူမ ကြိုက်နှစ်သက်သည့် မုန့်များကို အိမ်သို့ ယူဆောင်သွားရန် အမြဲပင် ခွင့်ပြုပေးလေ့ရှိ၏။

သူမကဲ့သို့ ကောင်းမွန်သော ဆက်ဆံမှုကို အခြား မည်သည့် ဆိုင်အလုပ်သမားမျှ မရရှိနိုင်ကြောင်း အပြင် လူများက တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်ကိုလည်း သူမ ကြားဖူးခဲ့လေသည်။

ထိုသို့ တွေးမိလိုက်သောအခါ ကောင်းချွေ့ချွေ့၏ စိတ်ထဲမှ စိုးရိမ်မှုများမှာ ပြေလျော့သွားခဲ့လေသည်။ ယနေ့နံနက်တွင် သူမသည် စောစောထကာ သူမ အတော်ဆုံးဖြစ်သော စေးကပ်လှသည့် ကောက်ညှင်း မုန့်များကို အထူးတလည် ပေါင်းထားပြီး အိတ်တစ်အိတ် အပြည့် ထည့်ယူကာ ဆက်ဆံရေး ပြေလည်စေ ရန်အတွက် ဆိုင်သို့ ယူသွားရန် ပြင်ဆင်လိုက်လေသည်။

သို့သော် သူမ မုန့်ဆိုင်၏ အဝင်ဝသို့ ရောက်ရှိလာပြီး ရပ်လိုက်စဉ်မှာပင် ဆိုင်ထဲရှိ ကျိုးချန်ယွီဆီသို့ သူမ၏ အကြည့်က ကျရောက်သွားခဲ့လေ၏။ သူမသည် ထျန်ချင်းလင်းက ကျိုးချန်ယွီ၏ လက်ထဲသို့ ငွေများ ထည့်ပေးနေသည်ကို အမှတ်မထင် မြင်တွေ့လိုက်ရလေတော့သည်။

ကောင်းချွေ့ချွေ့သည် လက်ထဲမှ ကောက်ညှင်းမုန့်အိတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသော် လည်း နောက်ဆုံးတွင်မူ မုန့်ဆိုင်ထဲသို့ ခြေမချခဲ့ပေ။ သူမသည် တံခါးဝတွင် ခေတ္တမျှ ရပ်တန့်နေပြီး နောက် လှည့်ထွက်ကာ အလျင်စလိုပင် ထွက်ခွာသွားခဲ့လေတော့သည်။

ဆိုင်ထဲတွင်မူ ထျန်ချင်းလင်းနှင့် ကျိုးချန်ယွီတို့သည် စကားပြောနေကြသဖြင့် တံခါးဝမှ ဖြတ်ပြေးသွား သော ပုံရိပ်ကို မည်သူမျှ သတိမထားမိလိုက်ကြချေ။ ကျိုးချန်ယဲ့သည် ကျောက်ခဲလေးကို ချီထားရင်း ထျန်ရှောင်ယာနှင့်အတူ တဖြည်းဖြည်း လမ်းလျှောက်လာခဲ့ကြလေသည်။

၎င်းတို့ ဇနီးမောင်နှံမှာ ဆိုင်နှင့် မီတာအနည်းငယ်မျှသာ အကွာသို့ ရောက်ရှိစဉ် ထျန်ရှောင်ယာက လျင် မြန်သော အကြည့်ဖြင့် ထွက်ခွာသွားသော ပုံရိပ်ကို မြင်တွေ့လိုက်ရလေသည်။

"ချွေ့ချွေ့လား..."

သူမက မသိစိတ်ဖြင့် တိုးညှင်းစွာ ခေါ်လိုက်မိလေသည်။

"ဟင်..."

ကျိုးချန်ယဲ့သည် ဤစကားကို ကြားသောအခါ ဝေခွဲမရသော မျက်နှာထားဖြင့် သူ၏ ဇနီးသည်ဘက်သို့ လှည့်ကြည့်လိုက်လေသည်...။

"ဝေကျွင်းရဲ့ မိန်းမလား..."

"ဆိုင်ရှေ့မှာ အမျိုးသမီးတစ်ယောက် ရပ်နေတာကို တွေ့လိုက်တာ... သူက ဆိုင်ထဲမဝင်ဘဲ ပြန်ထွက် သွားတယ်... သူရဲ့ နောက်ကျောပုံစံက ချွေ့ချွေ့နဲ့ အရမ်းတူနေလို့ပါ..."

ထျန်ရှောင်ယာက စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေလျက် တိုးညှင်းစွာ ပြောလိုက်လေသည်။

ဤစကားကို ကြားလိုက်ရသောအခါ ကျိုးချန်ယဲ့၏ မျက်လုံးများမှာ အနည်းငယ် မှောင်မှိုင်းသွားခဲ့ပြီး မနေ့က နေ့ခင်းဘက်က ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်းပင် ပြန်လည် အမှတ်ရသွားခဲ့လေသည်။ ဒုတိယအစ်ကို ရောက်လာစဉ်က နောက်တစ်နေ့တွင် ရောင်းချမည့် အဝတ်အစားများကို တတိယအစ်ကို အတွက် ကူညီယူဆောင်ပေးခဲ့လေသည်။

ထိုစဉ်က ကောင်းချွေ့ချွေ့သည် ရှောင်ယွီအပေါ် တစ်ခုခု နားလည်မှု လွဲနေပုံရကြောင်းကိုလည်း သူက တိုးတိုးတိတ်တိတ် ပြောပြခဲ့ပေသေး၏။

သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။ သူသည် ကောင်းချွေ့ချွေ့၏ စရိုက်ကို သိပ်မသိသော်လည်း ဘဝနှစ်ခုလုံးတွင် ဖြတ်သန်းခဲ့ရသဖြင့် လူပေါင်းစုံနှင့် တွေ့ကြုံခဲ့ဖူးကာ အရာရာကို ကြုံတွေ့ခဲ့ဖူးလေသည်။

အတန်ငယ် စဉ်းစားလိုက်ရုံနှင့်ပင် ကောင်းချွေ့ချွေ့၏ စိတ်ကူးကို သူ အကြမ်းဖျင်း ခန့်မှန်းနိုင်လေသည်။ ယခုအခါ ထိုလူက ဆိုင်ထဲသို့ မဝင်ဘဲ တိတ်တဆိတ် ထွက်ခွာသွားသည်ကို ကြည့်ရသည်မှာ တစ်ခုခု ထပ်မံ ပြုလုပ်ဦးမည့်ပုံပင်။

"အရင်ဆုံး ဆိုင်ထဲဝင်ပြီးမှ ပြောကြတာပေါ့..."

ကျိုးချန်ယဲ့သည် ပြောရင်းနှင့်ပင် ကျောက်ခဲလေးကို ချီကာ မုန့်ဆိုင်ထဲသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့ လေတော့သည်။

၎င်းတို့ ဇနီးမောင်နှံ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် မုန့်နံ့များနှင့် ဂျုံနံ့များမှာ သင်းပျံ့စွာ လှိုင်တက်လာခဲ့လေ သည်။ ကျိုးချန်ယဲ့က ခြေလှမ်းကို တည်ငြိမ်အောင် လှမ်းလိုက်ပြီးနောက် လှမ်းခေါ်လိုက်လေသည်...။

"ဒုတိယအစ်ကို... ရှောင်ယွီ..."

"ဒုတိယအစ်ကို... ဒုတိယယောင်းမ..."

သူမ၏ အစ်ကိုဖြစ်သူ၏ အသံကို ကြားလိုက်ရသောအခါ ကျိုးချန်ယွီသည် ချက်ချင်းပင် မျက်လုံးလေး များ မှေးသွားသည်အထိ ပြုံးလျက် နှုတ်ဆက်လိုက်လေရာ အလွန်ပင် လိမ္မာယဉ်ကျေးသော ပုံစံလေး ပေါ်ပေါက်နေခဲ့လေ၏။

ထိုစဉ်မှာပင် ကျိုးချန်ယဲ့၏ ရင်ခွင်ထဲရှိ ကလေးငယ်မှာ ရုတ်တရက် သူ၏ ပါးစပ်လေးကို ဖွင့်ကာ ကလေးသံလေးဖြင့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်...။

"ဖူး..."

လေထုမှာ ခေတ္တမျှ ငြိမ်သက်သွားခဲ့လေ၏။

"ကျောက်ခဲလေး... မင်းက... မင်းက အန်တီလို့ ခေါ်လိုက်တာလား..."

ကျိုးချန်ယွီ၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပသွားခဲ့ပြီး ကျောက်ခဲလေး၏ ဘေးသို့ အလျင် အမြန် တိုးကပ်သွားကာ အံ့အားသင့်မှုနှင့် ဝမ်းသာမှုတို့ ရောပြွမ်းနေလျက် ညင်သာစွာ ချော့မြှူလိုက်လေ သည်...။

"ကျောက်ခဲလေး... နောက်တစ်ခေါက် ထပ်ခေါ်ပါဦး... အန်တီလို့လေ..."

ကျောက်ခဲလေးမှာမူ တခိခိနှင့်သာ ရယ်မောနေပြီး သူ၏ ခန္ဓာကိုယ်လေးမှာ ကျိုးချန်ယဲ့၏ ရင်ခွင်ထဲတွင် အသာအယာ လှုပ်ရှားနေခဲ့သော်လည်း အခြား မည်သည့် အသံမျှ ထပ်မံ ထွက်ပေါ်မလာခဲ့တော့ချေ။ ကျိုးချန်ယွီ၏ မျှော်လင့်တကြီးနှင့် စိတ်ပျက်နေသော မျက်နှာထားကို ကြည့်ကာ အခြားသူများမှာလည်း ရယ်မောခြင်းကို မထိန်းနိုင်တော့ချေ။

"ဘာတွေ ရယ်နေကြတာလဲ... ဘာလို့ ဒီလောက်တောင် ဆူညံနေရတာလဲ..."

မုန့်ဆိုင်ထဲမှ ရယ်မောသံများကို ကြားလိုက်ရသဖြင့် ဒုတိယမရီးသည် သူမ၏ ခါးကို ကိုင်လျက် နောက် ဖေးခြံထဲမှ လျှောက်ဝင်လာခဲ့လေသည်။ သူမ၏ နောက်တွင်မူ ခုန်ပေါက်နေသော ဆန်းဝါလည်း ပါလာ ခဲ့လေသည်။

"မောင်လေး... ဒုတိယအန်တီ..."

ဆန်းဝါသည် ကျိုးချန်ယဲ့နှင့် သူ၏ ဇနီးသည်ကို မြင်သည်နှင့် ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး...။

"အို... ကျောက်ခဲလေး..."

သူသည် ကျိုးချန်ယဲ့ဆီသို့ အပြေးအလွှား သွားခဲ့လေတော့သည်။ အမှန်တကယ်တော့ သူသည် ကျိုးချန်ယဲ့၏ ရင်ခွင်ထဲရှိ ကျောက်ခဲလေးဆီသို့ တန်းတန်းမတ်မတ် ပြေးသွားခြင်း ဖြစ်ပေသည်။

All Chapters