← Chapters

အခန်း (၃၆၁-၃၆၂)

Vol. 37 Ch. 361-362

အခန်း (၃၆၁-၃၆၂)

Vol. 37 Ch. 361-362

အခန်း (၃၆၁) သဲမုန်တိုင်း

လုံယုပြောသည်ကို ကြားတော့ ရွှီရွှမ်းးက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်လေ သည်။

"ငါဆိုလိုတာက အဲဒီသဘော မဟုတ်ပါဘူး"

သူ့၏ စိုးရိမ်နေသော မျက်နှာထားကိုကြည့်ကာ လုံယုက ပြုံးပြီး ပြောလိုက်လေသည်။

"ငါသိပါတယ်"

ထိုသို့ပြောပြီးနောက် လုံယုက သူ့ပခုံးကို ပုတ်ကာ မတ်တတ်ရပ်လိုက်ပြီး ထမင်းစားခန်းဆီသို့ ထွက်သွား ခဲ့လေသည်။ လုံယု ထွက်သွားသည်ကို ကြည့်ရင်း ရွှီရွှမ်းး၏ မျက်မှောင်ကြုတ်မှုက ပိုမိုနက်ရှိုင်းသွားကာ အတွေးနက်သွားခဲ့လေတော့သည်။

ထမင်းစားခန်းထဲတွင် ယောင်ရန်က ချန်ဇီကျန်း၏ လူများ စားသောက်နေကြသည်ကို မြင်လိုက်ရသည်။ သူမ ရောက်လာသည်ကို သတိထားမိသွားသောအခါ သူတို့က အသားပေါက်စီများကို အမြန်ချထား လိုက်ကြပြီး နှုတ်ခမ်းမှ ဆီများကို သုတ်လိုက်ကြလေသည်။

သူမက ပြုံးလျက် ပြောလိုက်လေသည်။

"ရှင်တို့ စားစရာရှိတာ အရင်အေးဆေးစားကြပါ… ကျွန်မက ရှင်တို့စားပြီးရင် ပစ္စည်းတွေသယ်ဖို့ နောက် ဖေးခြံထဲကို သွားကြဖို့ လာပြောတာပါ"

ယင်းကိုကြားသောအခါ လူတစ်ယောက်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် မစ္စယောင်"

ယောင်ရန်က သူတို့၏ ဖောင်းကားနေသော ပါးစပ်များကို ကြည့်ကာ သတိပေးလိုက်လေသည်။

"အချိန်အကြာကြီး ငတ်မွတ်နေပြီးမှ စားတဲ့အခါ နည်းနည်းပဲ စားသင့်တယ်… မဟုတ်ရင် အစာမကြေ တာ ဒါမှမဟုတ် ဗိုက်နာတာတွေ ဖြစ်တတ်တယ်"

ထိုလူများက အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီးနောက် ခေါင်းညိတ်ကာ နာခံလိုက်ကြလေသည်။

သူတို့ကို သတိပေးပြီးနောက် ယောင်ရန်သည် နောက်ဖေးခြံထဲသို့ ထွက်လာခဲ့လိုက်လေသည်။

ထိုနေရာတွင် ရပ်ကာ သူမ၏ နေရာလွတ်ထဲမှ စံပယ်ဆန် နှစ်အိတ်ကို ထုတ်ယူလိုက်လေသည်။ ဆန် တစ်အိတ်လျှင် ကီလိုဂရမ် (၂၀၀) အလေးချိန်ရှိလေသည်။ ဆန်ပြုတ်အဖြစ် ချက်မည်ဆိုပါက လူ (၂၀၀) ကျော်ကို နှစ်ရက်ကြာ ကျွေးမွေးနိုင်သဖြင့် ဆန်နှစ်အိတ်ဆိုလျှင် အနည်းဆုံး လေးရက်တော့ ခံနိုင်မည် သာဖြစ်သည်။

ချန်ဇီကျန်းနှင့် အခြားသူများမှာ အာဟာရချို့တဲ့နေကြသဖြင့် ယောင်ရန်က သူတို့ခန္ဓာကိုယ်ကို အားဖြည့် ပေးရန် ဆန်ပြုတ်ထဲထည့်ချက်ဖို့ ဆေးဘက်ဝင်အပင်အချို့ကို ထုတ်ယူလိုက်သည်။ ထို့အပြင် ဟင်းရံ အဖြစ် ဝက်သားခြောက် ကီလိုဂရမ် (၅၀) နှင့် ချဉ်ဖတ် ကီလိုဂရမ် (၁၀၀) ကိုပါ ထုတ်ယူလိုက်လေသည်။

သယ်ယူပို့ဆောင်ရေး ပြဿနာကို စဉ်းစားမိသောကြောင့် ယောင်ရန်က သတ္တုဓာတ်ပါသော ရေသန့်ဖာ (၅၀) ကိုပါ ထုတ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။

ပစ္စည်းများ ပြင်ဆင်နေသည်ကို အဆုံးသတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူများလည်း စားသောက် ပြီး ရောက်လာကြလေသည်။ ရေ၊ ဆန်၊ အသားနှင့် ဆေးဘက်ဝင်အပင်များ အဆင်သင့်ရှိနေသည်ကို မြင်သောအခါ သူတို့မှာ အံ့ဩသွားကြလေသည်။

ယောင်ရန်က သူတို့ဘက်လှည့်ကာ မှာကြားလိုက်လေသည်။

"ဒီဆန်တွေက ရှင်တို့ကို အနည်းဆုံး လေးရက်လောက်တော့ လောက်ငှမှာပါ… ဆန်ပြုတ်ချက်တဲ့အခါ ဆေးမြစ်တွေ ထည့်ချက်ဖို့ ချန်ဇီကျန်းကို သတိပေး ပေးပါဦး"

ထိုလူများသည် အံ့အားသင့်နေရာမှ သတိဝင်လာပြီး ကြက်များ ဆန်စုတ်သကဲ့သို့ အလျင်စလို ခေါင်း တဆက်ဆက် ညိတ်ပြကြသည်။

ဆေးဆန်ပြုတ် ပြင်ဆင်ပုံကို ညွှန်ကြားပြီးနောက် ယောင်ရန်က ထပ်လောင်းပြောကြားခဲ့သည်။

"ဒီကနေ မထွက်ခွာခင် ကျွန်မ ဒီမှာ ရက် နည်းနည်းလောက် နေဖြစ်မယ်ထင်တယ်… လူတိုင်းကို အချိန်မ ရွေး ထွက်ခွာနိုင်ဖို့ အဆင်သင့်ဖြစ်အောင် လုပ်ထားဖို့ ချန်ဇီကျန်းကို ပြောထားလိုက်ပါ"

ဤသည်ကို ကြားသောအခါ သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်များ တောက်ပလာပြီး အလျင် စလို ပြောလိုက်ကြလေသည်။

"ဟုတ်ကဲ့ပါ မစ္စယောင်"

ထိုလူများကို ပြန်လွှတ်ပြီးနောက် ယောင်ရန်က နေ့စဉ်လေ့ကျင့်ခန်းများ စတင်ရန် လေ့ကျင့်ရေးအခန်းသို့ သွားခဲ့သည်။ မကြာမီ လုံယုလည်း သူမဆီသို့ ရောက်လာခဲ့သည်။

နောက်ရက်အနည်းငယ်အတွင်း ယောင်ရန်၊ လုံယုနှင့် ရွှီရွှမ်းးတို့သည် သူတို့၏အချိန်များကို လေ့ကျင့်ခြင်း ဖြင့်သာ ကုန်ဆုံးစေခဲ့သည်။ တတိယမြောက်နေ့တွင်တော့ ကျယ်လောင်စွာမြည်ဟည်းလာသော ဥဩ သံကြောင့် ယောင်ရန် လန့်နိုးသွားခဲ့ရလေသည်။

"ဝူယဲ့ဟောင်း… ဝူယဲ့ဟောင်း… ဝူယဲ့ဟောင်း…"

မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ယောင်ရန်သည် ပြတင်းပေါက်ဆီသို့ ပြေးသွားပြီး အပြင်သို့ ကြည့်လိုက်သည်။ ကောင်းကင်ကြီးက မှောင်မိုက်နေဆဲဖြစ်ပြီး သူမအနေဖြင့် မည်သည့်အရာကိုမျှ မမြင်ရသော်လည်း အန္တရာယ်ရှိသော အရာတစ်ခုခု နီးကပ်လာနေသည်ကိုမူ သူမ ခံစားလိုက်ရလေ သည်။ အမှောင်ထုထဲသို့ စိုက်ကြည့်နေစဉ် သူမ၏ စိုးရိမ်ပူပန်မှုများက ပိုမိုကြီးထွားလာခဲ့လေတော့ သည်။

ဘာလုပ်ရမည်ကို သူမ ဆုံးဖြတ်ချက်မချနိုင်မီ ဥဩသံက ပြောင်းလဲသွားခဲ့လေသည်။

"ဝမ်…ဝမ်…ဝမ်…"

ထိုအချိန်တွင် ယောင်ရန်၏ မျက်ဝန်းများ အရောင်လက်သွားပြီး တွေးမိလိုက်လေသည်။

*မဟန်တော့ဘူး… ဒါက သဘာဝဘေးအန္တရာယ် သတိပေးချက်ပဲ*

သတိပြန်ဝင်လာသောအခါ သူမက အင်္ကျီကို အမြန်ဝတ်ကာ အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ တံခါးကို ဖွင့်လိုက်ချိန်တွင် လုံယုနှင့် ရွှီရွှမ်းးတို့သည်လည်း သူတို့၏ အခန်းများမှ ထွက်လာကြသည်။ သူတို့သုံးဦး အချင်းချင်း အကြည့်ချင်းဖလှယ်ကာ အောက်ထပ်သို့ အလျင်စလို ဆင်းလာခဲ့ကြလေသည်။

ဘာစကားမျှ မပြောဘဲ လုံယုနှင့် ရွှီရွှမ်းးတို့က ပြတင်းပေါက်များကို စစ်ဆေးကာ လေဝင်လေထွက်ပေါက် များရှိ ကွက်လပ်မှန်သမျှကို ပိတ်ဆို့လိုက်ကြပြီး ယောင်ရန်ကမူ နောက်ဖေးခြံထဲရှိ အရာအားလုံးကို သူမ ၏ နေရာလွတ်ထဲသို့ သိမ်းဆည်းရန် အပြင်သို့ အပြေးအလွှား ထွက်သွားခဲ့သည်။ သူမ ရေစည်ကို သိမ်း ဆည်းပြီးချိန်တွင် လုံယုက မိုးကုတ်စက်ဝိုင်းပေါ်မှ တစ်စုံတစ်ရာကို မြင်လိုက်ရလေသည်။

သူက နောက်ဆုံးပြတင်းပေါက်ကို သော့ခတ်လိုက်ပြီး အော်ဟစ်သတိပေးလိုက်လေတော့သည်။

"ရန်ရန်… အခုပဲ အထဲဝင်ခဲ့တော့…"

ယောင်ရန် မော့ကြည့်လိုက်ရာ အဝေးမှနေ၍ ဧရာမအရိပ်ကြီးများ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို မြင် လိုက်ရလေသည်။ အချိန်ထပ်မဖြုန်းတော့ဘဲ သူမသည် အထဲသို့ အမြန် ပြန်လည်ပြေးဝင်လာခဲ့လေ တော့သည်။ သူမ အထဲသို့ ခြေချလိုက်သည်နှင့် လုံယုနှင့် ရွှီရွှမ်းးတို့က တံခါးကို အမြန်သော့ခတ်လိုက်ပြီး တံခါးအောက်ရှိ ဟာနေသော နေရာများကို အဝတ်စုတ်များဖြင့် ပိတ်ဆို့လိုက်ကြလေသည်။

ပြတင်းပေါက်များ၊ တံခါးများ သို့မဟုတ် လေဝင်လေထွက်ပေါက်များတွင် ကွက်လပ်များ မကျန်တော့ ကြောင်း သေချာစေပြီးနောက် သူတို့သုံးဦးသည် တတိယထပ်သို့ တက်သွားခဲ့ကြလေသည်။ ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှည်လျားသော မှန်ပြတင်းပေါက်နံဘေးတွင် ရပ်ကာ ဧရာမအရိပ်ကြီးတစ်ခုသည် ဧရာမနံရံကြီးတစ်ခုအသွင် ဖန်တီးကာ ကျွင်းချန် စစ်စခန်းဆီသို့ ရွေ့လျားလာသည်ကို သူတို့ စောင့်ကြည့် နေခဲ့ကြလေသည်။

ယောင်ရန်က လက်သီးကိုဆုပ်ကာ နီးကပ်လာသော သဲမုန်တိုင်းကြီးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့မိလေ သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ၎င်းက စစ်စခန်းကို ဝင်တိုက်လေတော့သည်။ သဲမုန်တိုင်း ရောက်လာ ချိန်တွင် သဲများကို သယ်ဆောင်လာသော လေပြင်းများက မှန်ပြတင်းပေါက်များကို ရိုက်ခတ်လာပြီး ကြမ်းတမ်းသော ခြစ်မိသံများကို ထွက်ပေါ်လာစေလေသည်။

သဲမှုန်များ မှန်ပြတင်းပေါက်များကို ရိုက်ခတ်နေသည်ကို ကြည့်ကာ လုံယုက မျက်မှောင်ကြုတ်၍ ပြောလိုက်လေသည်။

"လေက အရမ်းပြင်းတယ်… ပြတင်းပေါက်တွေနဲ့ တံခါးတွေကို ငါတို့ ပိုခိုင်ခံ့အောင် လုပ်ဖို့လိုတယ်"

ယောင်ရန်က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။

"ကျွန်မရဲ့ နေရာလွတ်ထဲမှာ အကြမ်းခံမှန်တွေနဲ့ သတ္တုတံခါးတွေ ရှိတယ်… ဒီစံအိမ်ကို ခိုင်ခံ့အောင်လုပ်ဖို့ အဲဒါတွေ လုံလောက်မယ်ထင်ပါတယ်"

ထိုစကားကို ကြားတော့ ရွှီရွှမ်းးက သူမကို လက်မထောင်ပြလိုက်လေသည်။ လေတိုက်နှုန်း ပိုမိုပြင်းထန် လာသည်ကို မြင်သောအခါ လုံယုက တိုက်တွန်းလိုက်လေသည်။

"အဲ့ဒါတွေကို မြန်မြန် တပ်ကြရအောင်"

ထိုသို့ပြောပြီးနောက် သူတို့သုံးဦးသည် တစ်ညလုံး အလုပ်လုပ်ခဲ့ကြသည်။ ပြတင်းပေါက်များနှင့် တံခါး များကို ခိုင်ခံ့အောင် ပြုလုပ်ပြီးချိန်တွင် နံနက် ခုနစ်နာရီ ထိုးနေပြီဖြစ်လေသည်။ လေးနာရီဆက်တိုက် အလုပ်လုပ်ပြီးနောက် သူတို့ လုံးဝ အားကုန်ခမ်းသွားကြလေတော့သည်။

အပြင်ဘက်မှ လိမ္မော်ရောင် ဖုန်မှုန့်များကို ကြည့်ရင်း ယောင်ရန်ကရေရွတ်လိုက်လေသည်။

"ဒီသဲမုန်တိုင်းက ဘယ်တော့များမှ ပြီးသွားမလဲ မသိဘူး"

"ပြောရခက်တယ်… အခုလို ခန့်မှန်းရခက်တဲ့ ရာသီဥတုအခြေအနေမှာ နာရီအနည်းငယ်အတွင်းလည်း ပြီးသွားနိုင်သလို လနဲ့ချီပြီးလည်း ကြာနိုင်တယ်" ဟု လုံယုက ညှိုးနွမ်းစွာ ပြောလိုက်လေသည်။

ရွှီရွှမ်းးက သူတို့ကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်လေသည်။

"ဟွမ်ချန်နဲ့ တခြားသူတွေအတွက် စိတ်ပူမိတယ်"

သူတို့၏ သူငယ်ချင်းများကို တွေးမိကာ ယောင်ရန်က စိတ်သက်သာစေရန်ပြောလိုက်လေသည်။

"ကျီဟွေ့ရဲ့ ရေစွမ်းအင်ရယ်၊မှန်လုံအိမ်နဲ့ ရေစိုက်ပျိုးရေးအခန်းတွေ ရှိနေတော့ လအနည်းငယ်စာအ တွက် လုံလောက်တဲ့ အစားအသောက်နဲ့ ရေ သူတို့ဆီမှာ ရှိလောက်ပါတယ်…ပြီးတော့ ဆေးဝါးတွေ၊ အသင့်စား အစားအစာတွေ အပြည့်ရှိတဲ့ ဂိုဒေါင်တွေလည်း ရှိသေးတယ်လေ… သူတို့လောလောဆယ် အဆင်ပြေလောက်မှာပါ"

လုံယု မျက်မှောင်ကြုတ်သွားပြီး ထောက်ခံလိုက်လေသည်။

"ရန်ရန် ပြောတာမှန်တယ်။ သူတို့အတွက် စိတ်ပူနေမယ့်အစား ငါတို့အခြေအနေကိုပဲ ပိုစိတ်ပူမိတယ်"

"ခေါင်းဆောင်... ဘာကို ဆိုလိုတာလဲ" ဟု ရွှီရွှမ်းးက မေးလိုက်လေသည်။

လုံယုက မရှင်းပြမီ ခဏရပ်လိုက်ပြီး ၊

"မနေ့ညက သဲမုန်တိုင်းဟာ ဘာသတိပေးချက်မှမရှိဘဲ ဝင်တိုက်ခဲ့တာ… သဲတွေက ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားပြီး အမြင်အာရုံတွေ ကျဆင်းသွားနိုင်တာကြောင့် ရာဇဝတ်မှုတွေ မြင့်တက်လာမှာကို ငါ စိုးရိမ်နေမိတယ်"

အခန်း (၃၆၂) ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း (၁)

လုံယုက မျက်မှောင်ကြုတ်ကာ ထပ်ပြောလိုက်လေသည်။

"အဲ့ဒါအပြင် သဲမုန်တိုင်းတွေက နေရောင်ကို ကွယ်ပြီး မြေပြင်တစ်ခုလုံးကိုလည်း ဖုန်တွေ၊ သဲတွေနဲ့ ဖုံးလွှမ်းသွားစေတယ်… ဒီအခြေအနေက စိုက်ပျိုးရေးတိုးတက်မှုကို သေချာပေါက် အဟန့်အတား ဖြစ်စေလိမ့်မယ်…"

"စခန်းရဲ့ ဂိုဒေါင်ထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို သဲမုန်တိုင်းပြီးသွားတဲ့အထိ ထောက်ပံ့ပေးနိုင် လောက်တဲ့ စားနပ်ရိက္ခာတွေ အလုံအလောက်ရှိမရှိဆိုတာတော့ ငါမသိဘူး…တကယ်လို့ သူတို့ဆီမှာသာ စားနပ်ရိက္ခာ အလုံအလောက် မရှိခဲ့ဘူးဆိုရင် ရာဇဝတ်မှုတွေဆိုတာ ငါတို့ နောက်ဆုံးမှပဲ ပူပန်ရမယ့်ကိစ္စ ဖြစ်သွားလိမ့်မယ်...”

ယောင်ရန်၏ မျက်နှာအမူအရာ ညှိုးနွမ်းသွားပြီး ဝင်ပြောလိုက်လေသည်။

"အာယု ပြောတာမှန်တယ်… သဲမုန်တိုင်းက မြူနှင်းတွေနဲ့ မတူဘူး… နှစ်ခုစလုံးက အမြင်အာရုံကို ကန့် သတ်ထားတယ်ဆိုပေမယ့် သဲမုန်တိုင်းထဲမှာ နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးအုပ်ထားရင် လူတွေ အပြင်ထွက် လမ်းလျှောက်လို့ ရနိုင်သေးတယ်… သေချာ ကြိုတင်ကာကွယ်ထားမယ်ဆိုရင် သဲမုန်တိုင်းက အသက် အန္တရာယ်ကိုတော့ မပေးနိုင်ဘူး...”

"ဒါပေမဲ့ အမြင်အာရုံ ကန့်သတ်ခံထားရတဲ့အတွက် လူသတ်ဖို့ ဒါမှမဟုတ် ဓားပြတိုက်ဖို့ ပိုလွယ်ကူသွား နိုင်တယ်… မျှော်လင့်ချက်မဲ့နေတဲ့သူတွေက ပိုပြီး အစွန်းရောက်တဲ့ လုပ်ရပ်တွေကို လုပ်လာနိုင်တယ်...”

သူမ စကားပြောပြီးသွားသည့်အခါ လုံယုနှင့် ရွှီရွှမ်းတို့ နှစ်ယောက်စလုံး အချင်းချင်း အကဲခတ်ကြည့် လိုက်ကြလေသည်။

စစ်သည်ဟောင်းများဖြစ်ကြသည့် သူတို့နှစ်ဦးသည် လူသားများ၏ အမှောင်မိုက်ဆုံး အခြမ်းများကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးကြလေသည်။ ကိုယ်ကျင့်တရားများ လုံးဝပျောက်ကွယ်လုနီးပါးဖြစ်နေပြီး ခွန်အားကြီးသူတွေကသာ သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည့် အာဏာရှိသော လက်ရှိကမ္ဘာကြီးတွင် လူသားများသည် အသက်ရှင်သန်ရန်အတွက် တစ်ဦးကိုတစ်ဦး စားသောက်သည့်အထိ လုပ်ဆောင်လာ နိုင်သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် ယောင်ရန်က ဗိုက်ဆာလာသဖြင့် မေးလိုက်လေသည်။

"ကျွန်မ စားစရာ တစ်ခုခု သွားလုပ်လိုက်ဦးမယ်… ရှင်တို့နှစ်ယောက်ရော အတူတူ စားကြမလား...”

သူမ မေးလိုက်သည့်အချိန်မှာပင် လုံယု၏ ဗိုက်ထဲမှ ကျယ်လောင်စွာ မြည်ဟည်းသွားရာ သုံးယောက်စ လုံး သူ့ဗိုက်ဆီသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်မိကြလေသည်။

ထိုအသံကို ကြားသောအခါ ယောင်ရန် က ရယ်မောလိုက်လေသည်။

"ငါးမိနစ်နေရင် ဆင်းခဲ့ကြ...” ဟု ပြောပြီး သူမ အောက်ထပ်သို့ ဆင်းသွားခဲ့လေတော့သည်။

သူမ ထွက်သွားစဉ် လုံယုက ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်ရာ အပြင်ဘက်တွင် ကားအချို့ ရွေ့လျားနေသည်ကို သတိထားမိလိုက်လေသည်။ စွမ်းအားရှင်တစ်ဦးအနေဖြင့် သူသည် အမြင် အာရုံပိုကောင်းသော်လည်း အောက်ဘက်ရှိ ယာဉ်များနှင့် စစ်သည်များ၏ အရိပ်များကိုသာ ခပ်ရေးရေး မျှ မြင်နိုင်ပေသည်။

စစ်သည်များ ယာဉ်များပေါ်မှ ဆင်းလာကာ ဗီလာများကို တစ်လုံးချင်းစီ စတင်တံခါးခေါက်နေသည်ကို ကြည့်ရင်း လုံယုက ပြောလိုက်လေသည်။

"စခန်းက ဒီကို စစ်သည်တွေ လွှတ်လိုက်တာပဲ...”

ရွှီရွှမ်းကလည်း ချဉ်းကပ်လာသော ကားများကို ကြည့်နေပြီး ဘာမှမပြောပေ။ ခဏတာ တိတ်ဆိတ်သွား ပြီးနောက် သူက မေးလိုက်လေသည်။

"သူတို့က အသက်ရှင်ကျန်ရစ်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ ရောက်လာတာလား...”

လုံယုက ခဏစဉ်းစားပြီး ပြန်ဖြေလိုက်လေသည်။

"ဖြစ်နိုင်တယ်… ဒီဗီလာဧရိယာမှာ နေထိုင်သူတွေက ချမ်းသာတဲ့သူတွေ ဒါမှမဟုတ် အင်အားကြီးတဲ့ အဆက်အသွယ်ရှိသူတွေလေ… စခန်းက ခေါင်းဆောင်တွေက သူတို့ကို အရင်ဆုံး ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ ဦးစားပေးတာ အံ့ဩစရာတော့ မဟုတ်ပါဘူး...”

စစ်သည်များက လူများကို ဗီလာများထဲမှ ခေါ်ထုတ်လာသည်ကို အတန်ကြာ စောင့်ကြည့်ပြီးနောက် လုံယု လှည့်ကာ အောက်ထပ်သို့ ဆင်းသွားရာ ရွှီရွှမ်းကလည်း အနီးကပ် လိုက်ပါသွားခဲ့လေသည်။ သူတို့ အောက်ထပ်သို့ ရောက်သောအခါ တစ်စုံတစ်ယောက် တံခါးလာခေါက်သံကို ကြားလိုက်ရလေသည်။

"ဒေါက်... ဒေါက်... ဒေါက်"

စက္ကန့်အနည်းငယ်အကြာတွင် တံခါးတစ်ဖက်မှ လုံးထွေးနေသော အမျိုးသားအသံတစ်သံ ထွက်ပေါ် လာခဲ့လေသည်။

"အထဲမှာ လူရှိပါသလား ခင်ဗျာ… ကျွန်တော်က ပထမတပ်မတော်က စစ်သည်တစ်ယောက်ပါ… ဒီဗီလာ ဧရိယာက နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ အမိန့်အရ ရောက်လာတာပါ… ကျေးဇူးပြု ပြီး တံခါးဖွင့်ပေးပါ...”

မီးဖိုချောင်ထဲတွင် ယောင်ရန်က ဆူညံသံကို ကြားသဖြင့် ဘာဖြစ်သလဲဟု ထွက်ကြည့်လိုက်ကြလေ သည်။

လုံယု တံခါးကိုဖွင့်လိုက်သောအခါ ပြင်းထန်သောလေက ဗီလာထဲသို့ သဲများနှင့် ဖုန်မှုန့်များကို တိုက်ခတ် ဝင်ရောက်လာစေခဲ့လေသည်။ လုံယု နှာခေါင်းကို အုပ်ထားလိုက်ပြီး လေဒဏ်ကိုကာကွယ်ရန် မျက်နှာကို ဖုံးအုပ်ထားသည့် စစ်သည်တစ်ဦး ရပ်နေသည်ကို မြင်လိုက်ရလေသည်။

ထိုစစ်သည်က သူ့ကိုကြည့်ကာ ပြောလိုက်လေသည်။

"ရဲဘော်... ကျွန်တော်တို့က လူတိုင်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ ရောက်လာတာပါ… ကျေးဇူး ပြုပြီး ပစ္စည်းတွေသိမ်းပြီး မြေအောက်ခိုလှုံရေးစခန်းဆီ ချက်ချင်း လိုက်ခဲ့ပေးပါ...”

သူတို့ဆီသို့ လျှောက်လာရင်း ယောင်ရန်က မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ… ဘာလို့ အခု ချက်ချင်း ရွှေ့ပြောင်းပေးရမှာလဲ...”

စစ်သည်က သူမဘက်သို့လှည့်ကာ ပြန်ဖြေလိုက်လေသည်။

"မိုးလေဝသနဲ့ ဘူမိရူပဗေဒ အင်စတီကျုက ဒီသဲမုန်တိုင်းဟာ ပေဖုန်းပြည်နယ်တစ်ခုလုံးကို ဖုံးလွှမ်း သွားပြီဖြစ်လို့ အချိန်အကြာကြီး ဆက်ရှိနေနိုင်တယ်လို့ ခုလေးတင် ကြေညာထားလို့ပါ...”

"လေတိုက်နှုန်းက တစ်နာရီကို အနည်းဆုံး ကီလိုမီတာ (၈၀) အထိ ရောက်နိုင်တယ်လို့လည်း ခန့်မှန်းထား ပါတယ်… လေပိုမပြင်းလာခင် ကျွန်တော်တို့ ထွက်သွားမှ ရပါမယ်… ခင်ဗျားတို့ရဲ့ လုံခြုံရေးအတွက် ကျေးဇူးပြုပြီး ပူးပေါင်းပါဝင်ပေးပါ...”

ထိုစဉ် အခြားစစ်သည်တစ်ဦး ချဉ်းကပ်လာပြီး ပြောလာလေသည်။

"ငါးမိနစ်နေရင် ကျွန်တော်တို့ ထွက်ခွာပါမယ်...”

ပထမစစ်သည်သည် သူ၏အဖွဲ့သားကို ခေါင်းညိတ်ပြလိုက်ပြီးနောက် လုံယုနှင့် ယောင်ရန်တို့ဘက်သို့ ပြန်လှည့်လာလေသည်။

"အရေးကြီးတာလောက်ပဲ ယူပြီး သုံးမိနစ်အတွင်း စုဝေးနိုင်ဖို့ ပြင်ဆင်ထားပေးပါ...” ဟု ညွှန်ကြားပြီး နောက် အိမ်နီးချင်းများ၏ တံခါးများကို သွားခေါက်ရန် ထွက်ခွာသွားခဲ့လေတော့သည်။

လုံယု တံခါးကို ပိတ်လိုက်ပြီးနောက် ရွှီရွှမ်းက မေးလိုက်လေသည်။

"ခေါင်ဆောင်… ဆုံးဖြတ်ချက်က ဘယ်လိုလဲ...”

လုံယု ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"စခန်းခေါင်းဆောင်တွေက လူတိုင်းကို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ထားမှတော့ ငါတို့လည်း သူတို့နဲ့အတူ လိုက်သွားသင့်တယ်...”

"ဒီသဲမုန်တိုင်းက ငါတို့ထင်ထားတာထက် ပိုပြီး အဖျက်စွမ်းအားကြီးနိုင်တယ်… ဒါ့အပြင် မိုးလေဝသနဲ့ ဘူမိရူပဗေဒ အင်စတီကျုက ဒီသဲမုန်တိုင်းကြီးဟာ ပေဖုန်းပြည်နယ် တစ်ခုလုံးကို လွှမ်းခြုံထားတယ်လို့ ကြေညာထားတော့ အချိန်အတော်ကြာအုန်းမယ်လို့ ငါထင်တယ်...”

သူ၏ သုံးသပ်ချက်ကို နားထောင်ရင်း ယောင်ရန်က ဝင်ပြောလိုက်လေသည်။

"အာယုပြောတာကို ငါ သဘောတူတယ်… ပြတင်းပေါက်တွေနဲ့ တံခါးတွေကို အကြမ်းခံမှန်တွေ၊ သတ္တု တံခါးတွေနဲ့ ခိုင်ခံ့အောင် လုပ်ထားရတာလေးတော့ နှမြောစရာပဲ...”

သူမ၏ နှမြောတသဖြစ်နေသော မျက်နှာအမူအရာကို မြင်တော့ လုံယုက လှမ်း၍ သူမ၏ ဆံပင်များကို ဖွလိုက်လေသည်။

"ဗီလာအတွက် စိတ်မပူပါနဲ့...”

"စခန်းက ဒီဧရိယာမှာ နေထိုင်တဲ့သူတွေကို ရွှေ့ပြောင်းဖို့ စစ်သည်တွေ လွှတ်လိုက်တယ်ဆိုတော့ တခြား နေရာတွေက အသက်ရှင်ကျန်ရစ်သူတွေအတွက်လည်း အဲဒီလိုပဲ လုပ်ပေးလောက်တယ်… စစ်သည် ပြောတဲ့စကားက အမှန်ဆိုရင် ဒီကိုလာပြီး ဓားပြတိုက်မယ့်သူ ရှိမှာ မဟုတ်ပါဘူး...”

ယောင်ရန်က သူ၏စကားကို စဉ်းစားကာ ခေါင်းညိတ်လိုက်လေသည်။

"ဒါဆိုရင် ငါတို့ပစ္စည်းတွေကို ကျွန်မရဲ့ နေရာလွတ် ထဲ အရင်သွားထည့်လိုက်ဦးမယ်...”

"ကောင်းပြီလေ...”

ထိုသို့ဖြင့် သူတို့သုံးဦး အလျင်စလို စတင်သိမ်းဆည်းကြတော့သည်။ ယောင်ရန်က အရာအားလုံးကို သူမ၏ နေရာလွတ်ထဲ၌ သိမ်းဆည်းနေစဉ် လုံယုနှင့် ရွှီရွှမ်းတို့က သူတို့၏ ကိုယ်ပိုင်ပစ္စည်းများကို ကျောပိုးအိတ်ထဲသို့ ထည့်နေလိုက်ကြသည်။

မထွက်ခွာမီ ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ နှာခေါင်းစည်း သုံးခုနှင့် အကာအကွယ်မျက်မှန် သုံးလက်ကို ထုတ်ယူလိုက်လေသည်။ ၎င်းတို့ကို တပ်ဆင်ပြီးနောက် သုံးယောက်သား သတ္တုတံခါးများ ကို သော့ခတ်ကာ အပြင်သို့ ထွက်လာခဲ့ကြလေတော့သည်။

သူတို့၏ ကျောပိုးအိတ်များနှင့် လက်နက်များကို သယ်ဆောင်ရင်း စုရပ်ဆီသို့ သွားခဲ့ကြလေသည်။

သူတို့ ချဉ်းကပ်လာသည်ကို စစ်သည်များ မြင်သောအခါ ၎င်းတို့ထဲမှ တစ်ဦးက ညွှန်ကြားလိုက်လေ သည်။

"ကျေးဇူးပြုပြီး ဘတ်စ်ကား နံပါတ် (၃) ပေါ် တက်ပေးပါ...”

ညွှန်ကြားချက်အတိုင်း လုံယု၊ ယောင်ရန်နှင့် ရွှီရွှမ်းတို့ ဘတ်စ်ကား နံပါတ် (၃) ပေါ်သို့ တက်လိုက်ကြလေ သည်။ အထဲသို့ ခြေချလိုက်သည်နှင့် မူရှီးချန် ထိုနေရာတွင် ထိုင်နေသည်ကို ယောင်ရန် သတိထားမိ လိုက်လေသည်။ သူ၏ဘေးတွင် မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးက သူမအား စိတ်ဝင်တစား စိုက်ကြည့်နေခဲ့လေသည်။

ခဏမျှ အကြည့်ချင်းဖလှယ်ပြီးနောက် ယောင်ရန်က မုရှီးချန်ကို ခေါင်းညိတ်ပြကာ နောက်ဆုံးတန်းဆီသို့ လျှောက်သွားလိုက်လေသည်။ သူမက ပြတင်းပေါက်ဘေးတွင် ထိုင်လိုက်ပြီး လုံယုက သူမဘေးတွင် ဝင် ထိုင်ကာ၊ ရွှီရွှမ်းကလည်း နောက်ကလိုက်လာပြီး နောက်ဆုံးကျန်နေသည့်ခုံတွင် ဝင်ထိုင်လိုက်သည်။ နောက်ဆုံးတန်းမှနေ၍ သူတို့သည် ဘတ်စ်ကားအတွင်းပိုင်းတစ်ခုလုံးကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

All Chapters