အခန်း (၃၆၅-၃၆၆)
Vol. 37 Ch. 365-366
အခန်း (၃၆၅) မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး
နောက်ဆုံးတန်းတွင် ထိုင်နေသော ယောင်ရန်၊ လုံယုနှင့် ရွှီရွှမ်းတို့သည် ရုတ်တရက် ပြတင်းပေါက်အပြင် ဘက်သို့ တစ်ပြိုင်နက်တည်း လှမ်းကြည့်မိလိုက်ကြလေသည်။
အဝေးမှ ချဉ်းကပ်လာသော အရိပ်မည်းများကို မြင်လိုက်ရသောအခါ လုံယု၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး အော်ပြောလိုက်လေသည်။
"အခု ချက်ချင်း ကားပေါ်ကဆင်း"
ထိုသို့ပြောပြီးနောက် လုံယုက ယောင်ရန်၏ခါးကို ဆွဲဖက်လိုက်ပြီး၊ ရွှီရွှမ်းကလည်း ဘတ်စ်ကား၏ နောက်ပေါက်ကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်လေသည်။
"ဝုန်း…"
တံခါး ပွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရွှီရွှမ်းက အပြင်သို့ ခုန်ထွက်သွားပြီး သူ၏နောက်မှ လုံယုနှင့် ယောင်ရန်တို့ကလည်း အလျင်အမြန် ခုန်ဆင်းလိုက်ကြလေသည်။
သူတို့သုံးဦး ရုတ်တရက် ခုန်ဆင်းသွားသည်ကို မြင်သောအခါ မုရှီးချန်က ခုံမှမတ်တတ်ရပ်ကာ အော် လိုက်သည်။
"သူတို့နောက် လိုက်ကြ… မြန်မြန်လုပ်...”
ဘတ်စ်ကားပေါ်ရှိ လူတစ်ဝက်ခန့်မှာ မုရှီးချန်၏ လက်အောက်ငယ်သားများ ဖြစ်ကြပေသည်။ သူ၏ အမိန့်ကို ကြားသည်နှင့် ၎င်းတို့သည် ကျောပိုးအိတ်များနှင့် လက်နက်များကို အမြန်ဆွဲယူလိုက်ကြသည်။ စက္ကန့်ပိုင်းအတွင်း အချို့က ပြတင်းပေါက်များမှတစ်ဆင့် တွယ်ဆင်းသွားကြပြီး၊ အချို့ကတော့ တံခါး များကို အလျင်စလိုဖွင့်ကာ အပြင်သို့ ခုန်ထွက်သွားကြလေသည်။
ဤသည်ကို မြင်သောအခါ ကျန်ရှိနေသော ခရီးသည်များမှာ ထိတ်လန့်သွားကြပြီး ယာဉ်မောင်းအား ကားရပ်ရန် အော်ဟစ်တိုက်တွန်းကြလေတော့သည်။
"ကားရပ်ပေး… မြန်မြန်ရပ်...”
ရုတ်တရက် ဖြစ်ရပ်များကြောင့် အလားတူပင် ထိတ်လန့်သွားသော ယာဉ်မောင်းမှာ ခဏတာ တုံ့ဆိုင်း သွားခဲ့ကြလေသည်။ သူ ဆုံးဖြတ်ချက် မချနိုင်မီမှာပင် လေးလံသော အရာတစ်ခုက ကားခေါင်မိုးပေါ်သို့ ပြုတ်ကျလာခဲ့လေတော့သည်။
"ဗုန်း... ကျွီ... "
ကျယ်လောင်သော အသံကြီးကြောင့် လန့်သွားသည့် ယာဉ်မောင်းသည် စတီယာရင်ကို ဘေးဘက်သို့ အလိုအလျောက် ရုတ်တရက် ချိုးကွေ့လိုက်မိလေသည်။
သူက စတီယာရင်ကို တင်းကျပ်စွာ ကိုင်ထားရင်း ကျန်ရှိနေသော ခရီးသည်များကို သတိပေးလိုက်လေ သည်။
"မြဲမြဲ ကိုင်ထားကြ...”
"အား..."
ဘတ်စ်ကားမှာ မှောက်လုနီးပါး အန္တရာယ်ရှိစွာ ဘေးသို့ တိမ်းစောင်းသွားရာ ခရီးသည်များမှာ ကြောက် လန့်တကြား အော်ဟစ်လိုက်ကြတော့သည်။ ကားသည် အနီးနားရှိ အဆောက်အအုံတစ်ခုနှင့် ဝင်တိုက် မိတော့မည့်ဆဲဆဲတွင် တုတ်ခိုင်သော သစ်နွယ်ပင်ကြီးများက အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ် လာကာ ဘတ်စ်ကားကို ရစ်ပတ်ထိန်းချုပ်လိုက်ပြီး တည်ငြိမ်သွားစေခဲ့လေသည်။
"ဝုန်း…"
နွယ်ပင်များက တင်းကျပ်စွာ ဆွဲထိန်းလိုက်သဖြင့် ဘတ်စ်ကားသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်ကျ လာလေသည်။
တစ်စက္ကန့်မျှ အချိန်မဆွဲတော့ဘဲ ယာဉ်မောင်းက အော်ပြောလိုက်လေသည်။
"အခု ဆင်းကြတော့...”
ယာဉ်မောင်းနှင့် ခရီးသည်များ ကားပေါ်မှ အလုအယက် ဆင်းပြေးကြစဉ်၊ ယောင်ရန်သည် စိမ်းလန်း သော သစ်နွယ်များကို ထိန်းချုပ်ကာ ကားခေါင်မိုးပေါ်တွင် နားနေသော မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး ဆီသို့ ဦးတည်ရိုက်ခတ်လိုက်လေသည်။
"ရွှမ်း... ရွှမ်း... ရွှမ်း... "
သစ်နွယ်ပင်များက လျင်မြန်စွာ ရွေ့လျားသွားပြီး မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး၏ ခန္ဓာကိုယ်ကို ရစ် ပတ်ချည်နှောင်လိုက်လေသည်။ ငှက်ကြီးကို အောင်မြင်စွာ ထိန်းချုပ်နိုင်လိုက်သည်နှင့် ယောင်ရန်က အော်ပြောလိုက်လေသည်။
"အခုပဲ...”
သူမ၏ အချက်ပြမှုနှင့်အတူ ရွှီရွှမ်းနှင့် လုံယုတို့သည် ၎င်းတို့၏ စွမ်းအင်များကို ထုတ်လွှတ်လိုက် ကြလေတော့သည်။
"ရွှပ်... ရွှပ်..."
မျက်စိတစ်မှိတ်အတွင်းမှာပင် မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးမှာ အပိုင်းပိုင်း ပြတ်တောက်သွားပြီး ၎င်း ၏အသားစများမှာ ကားပေါ်နှင့် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့လေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် အခြားအသက်ရှင်ကျန်ရစ်သူများမှာ ထိတ်လန့် တုန်လှုပ်သွားကြပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ အချို့ဆိုလျှင် မျက်နှာများ ဖြူရော် သွားကာ ထိုနေရာမှာပင် အန်ချမိလိုက်ကြသည်။
မကြာမီတွင် အချို့သော အသက်ရှင်ကျန်ရစ်သူများမှာ အသိစိတ် ပြန်ဝင်လာကြသည်။ သူတို့ထဲမှ တစ်ယောက်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး တုန်ရီသော အသံဖြင့် အော်ဟစ်လိုက် လေသည်။
"ငါ မသေချင်ဘူး…"
သူ၏ စကားနှင့်အတူ အခြားသူများလည်း သတိဝင်လာကြသည်။ တစ်ယောက်က စတင်ပြေးသည်နှင့် အခြားသူများကလည်း လိုက်ပြေးကြတော့သည်။ အသက်ရှင်ကျန်ရစ်သူများ ထိတ်လန့်တကြားနှင့် အရပ်မျက်နှာအသီးသီးသို့ လူစုကွဲ ပြေးလွှားသွားကြရန် အချိန်သိပ်မကြာလိုက်ပေ။
ဤသည်ကို မြင်သောအခါ စစ်သည်များက သူတို့ကို တားဆီးရန် ကြိုးစားကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပေတော့သည်။
"ရပ်ကြစမ်း… တစ်ယောက်တည်း သွားတာ အန္တရာယ်များတယ်...”
စစ်သည်တစ်ဦးက သတိပေးလိုက်သော်လည်း မည်သူကမျှ သူ့အား ဂရုမစိုက်ခဲ့ကြပေ။
အခြားစစ်သည်တစ်ဦးကလည်း ပျံသန်းလာသော မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးကို သတိထားမိသွား သဖြင့် အသက်ရှင်ကျန်ရစ်သူများဆီသို့ ပြေးသွားကာ အော်ဟစ်သတိပေးလိုက်သည်။
"သတိထားကြ...”
သို့သော် မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးက ထိုးဆင်းလာပြီး၊ ထွက်ပြေး နေသော အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးတစ်ဦး၏ ပခုံးကို ဖမ်းဆွဲလိုက်လေတော့သည်။
"အား... ကယ်ကြပါဦး...”
မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး၏ ခြေသည်းများအောက်မှ ရုန်းထွက်ရန် ကြိုးစားရင်း သူမသည် နာကျင်မှုကြောင့် လူးလွန့်ကာ အော်ဟစ်လိုက်လေသည်။
သူမ၏ ရုန်းကန်မှုများကြောင့် စိတ်ရှုပ်သွားဟန်ဖြင့် မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးက သူမကို လေထဲ သို့ ပစ်မြှောက်လိုက်လေသည်။
ရုတ်တရက် လေဟာနယ်ထဲရောက်သွားခြင်းကြောင့် သူမ၏ ရင်ထဲ ဟာလာဟင်းလင်းဖြစ်သွားကာ ကြောက်လန့်တကြား အော်ဟစ်လိုက်မိတော့သည်။
"အား..."
သူမ၏ ခန္ဓာကိုယ် အောက်သို့ ပြန်ကျလာချိန်တွင် မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး လေးကောင်က သူမဆီသို့ ပြေးဝင်လာကြတော့သည်။ ၎င်းတို့က သူမ၏ ခြေလက်များကို ကိုက်ဆွဲကာ အပိုင်းပိုင်း ဆွဲဖြဲ လိုက်ကြသဖြင့် ထိုအမျိုးသမီး၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့သည်။ ခေါင်းနှင့် ကိုယ်လုံးသာ ကျန်ရစ်ခဲ့ပြီး သူမသည် မျက်လုံးပြူးလျက် ကြောက်မက်ဖွယ်ကောင်းစွာ သေဆုံးသွားခဲ့ရလေတော့သည်။
"ဘုန်း…"
သူမ၏ ခန္ဓာကိုယ် အကြွင်းအကျန်များ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်နှင့် အသက်ရှင်ကျန်ရစ်သူများ ထံမှ စူးရှသော အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာခဲ့ပြန်လေသည်။
ဤကြောက်မက်ဖွယ် သာဓကကြီးက မည်သူ့ကိုမျှ တစ်ယောက်တည်း ထပ်မပြေးရဲအောင် ဟန့်တား လိုက်လေသည်။ အသက်ရှင်ကျန်ရစ်သူများမှာ အချင်းချင်း စုစည်းသွားကြပြီး၊ စစ်သည်များက ၎င်းတို့ အား စက်ဝိုင်းပုံစံ ဝန်းရံကာကွယ်ပေးရင်း ချဉ်းကပ်လာသော မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများကို ပြန်လည်ပစ်ခတ်ခဲ့ကြလေသည်။
"ဒိုင်း... ဒိုင်း... ဒိုင်း... "
မိနစ်အနည်းငယ်အတွင်းမှာပင် မယုံနိုင်လောက်အောင် များပြားလှသော အသက်ရှင်ကျန်ရစ်သူများ သေဆုံးခြင်းနှင့် ဒဏ်ရာများရရှိခြင်းတို့ ဖြစ်ခဲ့ကြလေတော့သည်။
စစ်သည်များ တိုက်ပွဲဝင်လာကြသဖြင့် လုံယု၊ ယောင်ရန်နှင့် ရွှီရွှမ်းတို့အပေါ် ကျရောက်နေသော ဖိအား များ သိသိသာသာ လျော့ကျသွားပေသည်။ သို့သော် လေထဲရှိ သွေးနံ့များက ပိုမိုများပြားသော မျိုးရိုးဗီဇ ပြောင်း ဧရာမငှက်ကြီးများကို ဆွဲဆောင်လိုက်မိလေတော့သည်။
တဖြည်းဖြည်း များပြားလာသော မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများကို ကြည့်ရင်း ယောင်ရန်၏ ရင်ထဲ လေးလံသွားခဲ့ပေသည်။
"အခြေအနေ မကောင်းဘူး… သွေးနံ့တွေက သူတို့ကို ပိုပြီး ဆွဲဆောင်မိလာလိမ့်မယ်...”
သူမ ထိုသို့ပြောလိုက်ချိန်တွင် လုံယုက ရုတ်တရက် မော့ကြည့်လိုက်လေသည်။ ထို့နောက် လက်များကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံသို့ လေဓားများ ဖြတ်သန်းခုတ်ပိုင်းသွားတော့သည်။
"ရွှပ်... ရွှပ်... ရွှပ်..."
"ဘုတ်... ဘုတ်... ဘုတ်..."
စက္ကန့်အနည်းငယ်အကြာတွင် အပိုင်းပိုင်းပြတ်တောက်သွားသော မျိုးရိုးဗီဇပြောင်း ငှက်ကြီးသုံးကောင် ၏ ခန္ဓာကိုယ်များ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့လေသည်။ ချဉ်းကပ်လာသော အန္တရာယ်ကို သတိပြုမိသွားသည့် မုရှီးချန်က ချက်ချင်း အမိန့်ပေးလိုက်လေသည်။
"ရှန်းယန်... ဒဏ်ရာရတဲ့သူတွေကို တာဝန်ယူလိုက်...”
ဟွာရှန့်ယန်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။
"ငါ့တာဝန်ထားလိုက်…"
ထို့နောက် မုရှီးချန်က စွမ်းအားရှင် ဆယ်ယောက်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။
"ရှန်းယန်ကို ကာကွယ်ပေးကြ"
"ဟုတ်ကဲ့ပါ ဘော့စ်...”
သူတို့က ပြန်ဖြေပြီး ဟွာရှန့်ယန်၏ ပတ်လည်တွင် အကာအကွယ် ခံစစ်တစ်ခုကို အလျင်အမြန် ဖွဲ့စည်း လိုက်ကြလေသည်။
ထို့နောက် မုရှီးချန်က အခြားသူများကို ကြည့်ကာ ပြောလိုက်လေသည်။
"ကျန်တဲ့သူတွေ ငါ့နောက်လိုက်ခဲ့ကြ...”
"ဟုတ်ကဲ့ပါ ဘော့စ်...”
သေနတ်ကို ဆွဲထုတ်လိုက်ပြီးနောက် မုရှီးချန်သည် တိုက်ပွဲမြေပြင်ဆီသို့ ပြေးသွားကာ ယောင်ရန်တို့နှင့် ဝင်ရောက်ပူးပေါင်းလိုက်လေသည်။
ထိုစဉ် ဟွာရှန့်ယန်သည် သူ၏ ဆေးသေတ္တာကို သယ်ဆောင်လာပြီးနောက် သူ၏ သက်တော်စောင့် များကို ညွှန်ကြားလိုက်လေသည်။
"ဒဏ်ရာရတဲ့သူတွေကို စုပြီး အနီးနားက အဆောက်အအုံထဲ ရွှေ့ဖို့ ငါ့ကို ကူညီကြ...”
"ဟုတ်ကဲ့ပါ သခင်လေး...”
၎င်းတို့၏ အကူအညီဖြင့် ဟွာရှန့်ယန်သည် ဒဏ်ရာရစစ်သည်များ၊ အသက်ရှင်ကျန်ရစ်သူများနှင့် စွမ်းအားရှင်များကို ရှေးဦးသူနာပြုစုခြင်း စတင်ကုသပေးခဲ့လေသည်။ သက်တော်စောင့်များက ဒဏ်ရာရသူများကို အနီးနားရှိ အဆောက်အအုံတစ်ခုသို့ ရွှေ့ပြောင်းပေးနေစဉ် ယောင်ရန်သည် လေ တိုက်နှုန်းနှင့် ပြင်းထန်မှု အပြောင်းအလဲကို သတိထားမိလိုက်သည်။
လုံယုဘက်သို့ လှည့်ကာ သူမက ပြောလိုက်လေသည်။
"အာယု... သူတို့အားလုံးကို တစ်ပြိုင်နက်တည်း ရှင်းထုတ်ဖို့ လေကို အသုံးချလိုက်တော့...”
ထိုသို့ပြောပြီးနောက် သူမသည် နေရာလွတ်ထဲမှ ရေကန်မှရေ တစ်ပုလင်းကို ထုတ်ကာ သူ့ဆီ ပစ် ပေးလိုက်လေသည်။ လုံယုက ၎င်းကို ဖမ်းယူလိုက်ပြီး ခွန်အားများ ပြန်လည်ပြည့်ဖြိုးလာစေရန် တစ်ကျိုက် မော့သောက်လိုက်ကာ ကျန်ရှိနေသေးသော ရေတစ်ဝက်ပါသည့် ပုလင်းကို ရွှီရွှမ်း ထံသို့ ပစ်ပေးလိုက်လေသည်။
စွမ်းအင်များ အပြည့်အဝ ပြန်လည်ပြည့်ဖြိုးသွားပြီဖြစ်သော လုံယုက ယောင်ရန်နှင့် ရွှီရွှမ်းတို့ကို ကြည့် ကာ သတိပေးလိုက်လေသည်။
"အကာအကွယ် ယူကြ...”
"ဂရုစိုက်နော်...” ဟု ယောင်ရန်က သူ့ကို သတိပေးလိုက်ပြီး အနီးဆုံး အဆောက်အအုံဆီသို့ ရွှီရွှမ်း နောက်မှ လိုက်သွားခဲ့လေသည်။
သူတို့၏ လှုပ်ရှားမှုများကို သတိထားမိလိုက်သော မုရှီးချန်သည် လေထုထဲ၌ ကြီးမားသော စွမ်းအင် လှိုင်းကြီး မြင့်တက်လာသည်ကို ခံစားလိုက်ရသဖြင့် အမိန့်ပေးလိုက်သည်။
"အားလုံးပဲ... အနီးဆုံး အဆောက်အအုံဆီ ချက်ချင်း ဆုတ်ခွာကြ...”
သူ၏ အမိန့်ကို လိုက်နာလျက် လူတိုင်းသည် အနီးဆုံး အဆောက်အအုံများဆီသို့ အပြေးအလွှား သွားကြ လေသည်။ အပြေးသွားနေစဉ်မှာပင် မုရှီးချန်က ဟွာရှန့်ယန်၏ လက်မောင်းကို ဆွဲကာ တိုက်ပွဲမြေပြင်မှ အဝေးသို့ ဆွဲခေါ်သွားခဲ့လေသည်။
သူတို့ အဆောက်အအုံထဲသို့ ပြေးဝင်သွားချိန်မှာပင် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီး မြေပြင် ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားလေတော့သည်။
"ဘုန်း... "
အခန်း (၃၆၆) အချိန်မီ အကူအညီ
ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရသဖြင့် ယောင်ရန် လှည့်ကြည့်လိုက်ရာ ဝူယဲ့ဟောင် နှင့် အခြားသူများ လုံယုဆီသို့ ပြေးလာကြပြီး မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများထံသို့ ၎င်းတို့၏ စွမ်း အင်များကို ထုတ်လွှတ်လိုက်ကြသည်ကို မြင်လိုက်ရလေသည်။
လုံယုက လေကို ထိန်းချုပ်ကာ မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများကို အောက်သို့ဆင်းသက်လာစေရန် လေဖိအားကို မြှင့်တင်လိုက်ချိန်တွင် ဝူယဲ့ဟောင်က အခွင့်အရေးကို ဆုပ်ကိုင်ကာ သူ၏ ရွှေရောင် မိုးကြိုးများကို ဆင့်ခေါ်လိုက်လေသည်။
ဝူယဲ့ဟောင်က လက်ဖျစ်တီးလိုက်ရာ တစ်စက္ကန့်အကြာတွင် မိုးခြိမ်းသံက ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင် ထပ်သွားတော့သည်။
"ဂျိန်း…ဂျလိန်း…ဂျိန်း…"
လုံယု မော့ကြည့်လိုက်ရာ ကောင်းကင်ယံတွင် မှေးမှိန်သော လျှပ်စီးများလက်နေသည်ကို မြင်လိုက်ရ လေသည်။ လေထုထဲမှ အပြောင်းအလဲနှင့် သူ၏ဆံပင်များ၌ တည်ငြိမ်လျှပ်စစ် ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသဖြင့် လုံယု အလျင်အမြန် နောက်သို့ ခုန်ဆုတ်လိုက်လေသည်။
သူ၏ ခြေဖဝါးများ မြေပြင်နှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် ဝူယဲ့ဟောင်က လက်ဖျစ်ထပ်တီးလိုက်ရာ လေထဲတွင် ပိတ်မိနေသော မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများကို ရွှေရောင်မိုးကြိုးတန်းတစ်ခုက ပစ်ချလိုက်လေတော့သည်။
"ဂျိန်း... ဝုန်း…"
အဆောက်အအုံတစ်ခုထဲမှ စောင့်ကြည့်နေသော ယောင်ရန်မှာ ရွှေရောင်မိုးကြိုးများ မြေပြင်သို့ ရိုက် ခတ်သွားစဉ် မျက်စိကျိန်းလောက်သော ရွှေရောင်အလင်းတန်းကို ကာကွယ်ရန် သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်လေသည်။ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားချိန်၌ သူမ မျက်လုံးများကို ဖွင့် ကြည့်လိုက်ရာ လေထဲသို့ စိုက်ကြည့်နေသော လုံယုကို တွေ့လိုက်ရလေသည်။
အဆောက်အအုံထဲမှ ထွက်လာစဉ် သူမက လုံယုဆီသို့ ပြေးသွားကာ စိုးရိမ်တကြီး မေးလိုက်လေသည်။
"အာယု...ရှင် အဆင်ပြေရဲ့လား...”
လုံယုက လှည့်ကာ သူမကို ပြုံးပြပြီး ပြန်ဖြေလိုက်လေသည်။
"ငါ အဆင်ပြေပါတယ်… မင်းရော ဘယ်လိုနေလဲ"
"ကျွန်မလည်း အဆင်ပြေပါတယ်...”
ယောင်ရန်က ပြန်ဖြေရင်း သက်ပြင်းမချမီ သူ့ကို ခေါင်းအစခြေအဆုံး သေချာစွာ စစ်ဆေးကြည့်လိုက် လေသည်။
သူ အထိအခိုက်မရှိကြောင်း သေချာသွားပြီးနောက် သူမသည် ဝူယဲ့ဟောင်ဘက်သို့ လှည့်ကာ ပြောလိုက် လေသည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဝူယဲ့ဟောင်က ခေါင်းညိတ်ပြလိုက်လေသည်။
"ဒါက ငါ့တာဝန်ပါပဲ...”
သူတို့ စကားပြောနေကြစဉ် ရွှီရွှမ်း ချဉ်းကပ်လာပြီး မေးလိုက်လေသည်။
"ခေါင်းဆောင်… ဘယ်လိုနေလဲ...”
လုံယုက သူ့ကိုကြည့်ကာ ပြန်ဖြေလိုက်လေသည်။
"ငါ အဆင်ပြေတယ်… မင်းရော ဒဏ်ရာရသေးလား...”
ရွှီရွှမ်းက ခေါင်းခါပြလေသည်။
"မရပါဘူး… ဒါပေမဲ့ ထိခိုက်ကျဆုံးမှုတော့ များတယ်… ဒီတိုက်ခိုက်မှုမှာ အသက်ရှင်ကျန်ရစ်သူ ထက် ဝက်ကျော်လောက် သေဆုံးသွားတယ်...”
၎င်းကို ကြားသောအခါ လုံယုနှင့် ယောင်ရန်တို့၏ မျက်နှာအမူအရာများ ညှိုးငယ်သွားကြလေသည်။ ယောင်ရန် စကားပြောတော့မည့်အချိန်မှာပင် မုရှီးချန် ရောက်လာခဲ့လေသည်။
သူက ယောင်ရန်ကို ကြည့်ကာ မေးလိုက်လေသည်။
"ရှောင်ရန်… နင် အဆင်ပြေရဲ့လား...”
ယောင်ရန် ခေါင်းညိတ်ပြလိုက်ပြီး၊ အဝေးတွင် ဒဏ်ရာရစစ်သည်များကို အလုပ်ရှုပ်စွာ ကုသပေးနေ သည့် ဟွာရှန့်ယန်ကို လှမ်းကြည့်လိုက်သည်။ မုရှီးချန်ဘက်သို့ ပြန်လှည့်ကာ သူမက မေးလိုက်လေ သည်။
"ရှင်နဲ့ တခြားသူတွေရော ဘယ်လိုနေလဲ...”
မုရှီးချန်က ပြန်ဖြေလိုက်လေသည်။
"ငါတို့ အဆင်ပြေပါတယ်… ဒါပေမဲ့ အခုချိန်မှာ စိတ်လျှော့ထားလို့ မရသေးဘူး...”
"ဘာကို ဆိုလိုတာလဲ...” ဟုရွှီရွှမ်းက မေးလိုက်သည်။
မူရှီးချန် မျက်မှောင်ကြုတ်သွားပြီး ရှင်းပြလေသည်။
"ငါတို့ကို တိုက်ခိုက်နေတာ ဒီမျိုးရိုးဗီဇပြောင်း ငှက်အုပ်စုလောက်ပဲ မဖြစ်နိုင်ဘူး… ဒီစခန်းမှာ လေ ကြောင်းရန် ကာကွယ်ရေးစနစ်တွေ ဘာမှမရှိဘူး… သူတို့တွေ တခြားနေရာတွေကိုပါ တိုက်ခိုက်နေ လောက်ပြီလို့ ငါ စိုးရိမ်မိတယ်...”
သူ ထိုသို့ပြောလိုက်ချိန်မှာပင် စစ်သည်တစ်ဦး သူတို့ထံ ချဉ်းကပ်လာခဲ့လေသည်။
လူအုပ်စုကို ကြည့်ကာ သူက မေးလိုက်လေသည်။
"ရဲဘော်တို့... အနောက်ဘက် အပြင်ဘက်တံတိုင်းနဲ့ တောင်ဘက် အပြင်ဘက်တံတိုင်းတွေက အခု တိုက်ခိုက်ခံနေရပါတယ်… တံတိုင်းတွေကို စောင့်ကြပ်နေတဲ့ ညီအစ်ကိုတွေကို ကူညီပေးဖို့ ကျွန်တော် တို့နောက်ကို လိုက်ခဲ့ပေးလို့ ရမလား...”
၎င်းကို ကြားသော် လုံယုက ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
"ရပါတယ်...”
လုံယုက ဦးဆောင်သဘောတူလိုက်သဖြင့် ယောင်ရန်နှင့် ရွှီရွှမ်းတို့လည်း သဘောတူကြောင်း ခေါင်း ညိတ်လိုက်ကြလေသည်။
ဝူယဲ့ဟောင်သည် ယောင်ရန်ကို တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"ငါလည်း သူတို့နဲ့ လိုက်သွားမယ်...”
လုံယုနှင့် သူ၏အဖွဲ့က တာဝန်ယူလိုက်သည်ကို မြင်သော် မုရှီးချန်ကလည်း ကူညီပေးရန် သဘောတူ လိုက်လေသည်။
"ငါ့ကိုပါ ထည့်တွက်လိုက်ပါ...”
သူတို့၏ အဖြေကို ကြားရသောအခါ စစ်သည်၏ မျက်လုံးများတွင် ကျေးဇူးတင်မှုကြောင့် အရောင် လက်သွားခဲ့သည်။ သူက သူတို့အား အလေးပြုပြီး ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ရဲဘော်တို့… ကျေးဇူးပြုပြီး အခု ကျွန်တော်တို့နောက်က လိုက်ခဲ့ကြပါ...”
စစ်သည်များကို အဖွဲ့ငယ်သုံးဖွဲ့ ခွဲလိုက်ပြီးနောက် သူတို့သည် အရပ်မျက်နှာ အသီးသီးသို့ ထွက်ခွာ သွားကြလေသည်။ လုံယု၊ ယောင်ရန်၊ ရွှီရွှမ်း၊ ဝူယဲ့ဟောင်နှင့် သူ၏လူများသည် အနောက်ဘက် အပြင် ဘက်တံတိုင်းဆီသို့ စစ်သည်နောက်မှ လိုက်သွားကြပြီး မုရှီးချန်နှင့် သူ၏လူများကမူ တောင်ဘက် အပြင်ဘက်တံတိုင်းသို့ ဦးတည်သွားသော အခြားအဖွဲ့တစ်ခုနှင့် ပူးပေါင်းလိုက်ကြလေသည်။
ကျန်ရှိနေသော စွမ်းအားရှင်များကမူ အသက်ရှင်ကျန်ရစ်သူများနှင့် ဒဏ်ရာရသူများကို မြေအောက်ခို လှုံရေးစခန်းသို့ ပို့ဆောင်ပေးရန် နောက်ဆုံးအဖွဲ့နှင့်အတူ လိုက်ပါသွားခဲ့ကြလေသည်။
အနောက်ဘက် အပြင်ဘက်တံတိုင်းဆီသို့ သွားရာလမ်းတစ်လျှောက် ယောင်ရန်သည် ကောင်းကင်ကို သာ ဆက်တိုက်ကြည့်နေမိခဲ့လေသည်။ သူမ၏ စိုးရိမ်မကင်းဖြစ်နေမှုကို ရိပ်မိသော လုံယုက သူမ၏ လက်ကို ကိုင်ကာ အသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်လေသည်။
"ရန်ရန်... အရာအားလုံး အဆင်ပြေသွားမှာပါ...”
ယောင်ရန်က သူ၏လက်ကို ဆုပ်ကိုင်ရင်း မေးလိုက်လေသည်။
"အာယု၊ ငါတို့ရဲ့ အရင်ဘဝတွေတုန်းက သဲမုန်တိုင်းတွေ ရှိခဲ့လို့လား… အရင်ဘဝမှာ သဲမုန်တိုင်း တိုက်ခဲ့ တာမျိုး ငါ မမှတ်မိဘူး...”
လုံယု ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ငါလည်း သေချာတော့ မသိဘူး၊ ဒါပေမဲ့ နိုင်ငံကို နှစ်လလောက် ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ သဲမုန်တိုင်း တစ်ခုတော့ ရှိခဲ့တယ်ထင်တယ်...”
ထိုစကားကို ကြားသော် ယောင်ရန် မျက်မှောင်ကြုတ်သွားပြီး လုံယု၏ လက်ကို သူမ၏ လက်ချောင်း များဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိလေသည်။
သူမ၏ လက်များ အေးစက်လာသည်ကို ခံစားလိုက်ရသဖြင့် သူက စိုးရိမ်တကြီးဖြင့် မေးလိုက်လေ သည်။
"ရန်ရန်... ဘာဖြစ်လို့လဲ...”
ယောင်ရန်က သူ့ကိုကြည့်ကာ စိုးရိမ်မှုအပြည့်ပါသော လေသံဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။
"အာယု၊ တချို့အချိန်တွေမှာ ရှင်ကိုယ်တိုင်တောင် အရင်ဘဝတွေမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သေချာမသိ ဘူးလို့ ငါ ခံစားမိလာတယ်...”
သူမ၏ စကားကြောင့် လုံယု တုံ့ဆိုင်းသွားခဲ့လေသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက ပြော လိုက်လေသည်။
"တစ်ခါတလေ တချို့ကိစ္စတွေကို မေ့သွားတာက ပုံမှန်ပါပဲ… ပြီးတော့ ဒါက ငါ့ရဲ့ အရင်ဘဝက မှတ်ဉာဏ် တွေလေ… ပြန်လည်မွေးဖွားလာပြီးနောက်မှာ တချို့တလေကို မှတ်မိနေသေးတာပဲ တော်တော်ကောင်း နေပါပြီ...”
သူမ စိုးရိမ်နေဆဲဖြစ်သည်ကို မြင်သော် လုံယုက ထပ်ပြောလိုက်လေသည်။
"ငါ့ရဲ့ မှတ်ဉာဏ်တွေကို ဘယ်သူမှ ဝင်စွက်ဖက် ပြင်ဆင်ထားတာမျိုး မရှိဘူးဆိုတာ ငါ သေချာတယ်… ဒါက ငါကိုယ်တိုင် မေ့တတ်နေတာပဲ ဖြစ်မှာပါ...”
သူက သူမကို ကြည့်ရင်း အေးစက်နေသော လက်များကို နွေးထွေးသွားစေရန် ပွတ်သပ်ပေးလိုက်လေ သည်။ သူမ၏ အေးစက်နေသော လက်များ နွေးထွေးလာသောအခါ လုံယုက သူမ၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်လေသည်။
"အများကြီး လျှောက်မတွေးပါနဲ့… အခု ငါတို့လုပ်ရမှာက ရောက်လာမယ့် တိုက်ပွဲကို အာရုံစိုက်ဖို့ပဲ...”
တစ်ခုခုမှားယွင်းနေသည်ဟု ခံစားချက်တစ်ခုက အမြဲတမ်း သတိပေးနေသော်လည်း၊ ယောင်ရန်သည် လုံယုပြောသည့်အတိုင်း လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ သူမက သူ့ကို ခေါင်းညိတ်ပြပြီး ပြောလိုက် လေသည်။
"အင်း... ရှင် ပြောတာ မှန်ပါတယ်…. ဒါက ကျွန်မ အများကြီး တွေးနေမိတာပဲ ဖြစ်မှာပါ...”
သူတို့ စကားပြောနေကြစဉ် ယောင်ရန်သည် အဝေးမှ သေနတ်သံများနှင့် အော်ဟစ်သံများကို သဲ့သဲ့လေး ကြားလိုက်ရလေသည်။ သူမ ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်ရာ တံတိုင်းအထက်တွင် ပျံသန်းနေ သော မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများကို မြင်လိုက်ရလေသည်။
ဤမြင်ကွင်းက သူမ၏ စိုးရိမ်ပူပန်မှုများကို ပျောက်ကွယ်သွားစေပြီး၊ ထက်မြက်သော ဆုံးဖြတ်ချက်နှင့် သတ်ဖြတ်လိုသော အငွေ့အသက်များက နေရာယူလာပေတော့သည်။
စစ်ကားများ အနောက်ဘက် အပြင်ဘက်တံတိုင်းသို့ ရောက်ရှိသွားသောအခါ စစ်သည်တစ်ဦးက နောက် တံခါးကိုဖွင့်ပြီး ခုန်ဆင်းလိုက်ရာ အခြားစစ်သည်များနှင့် စွမ်းအားရှင်များကလည်း သူ့နောက်မှ လိုက် ဆင်းလိုက်ကြလေသည်။
စစ်ကားပေါ်မှ ဆင်းပြီးနောက် ယောင်ရန်၊ လုံယုနှင့် အခြားသူများသည် စစ်သည်များနောက်မှနေ၍ တံတိုင်းဆီသို့ လိုက်သွားကြလေသည်။ သူတို့ လှေကားပေါ်သို့ တက်သွားသည်နှင့်အမျှ လေထုထဲရှိ သွေးနံ့များမှာ ပိုမိုပြင်းထန်လာခဲ့တော့သည်။