အခန်း (၃၆၇-၃၆၈)
Vol. 37 Ch. 367-368
အခန်း (၃၆၇) အမည်းစက်များ
တံတိုင်းထိပ်သို့ ရောက်ရှိသွားချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကို မျက်မြင်ကိုယ် တွေ့ ကြုံလိုက်ရသဖြင့် ယောင်ရန် မျက်မှောင်ကြုတ်မိသွားတော့သည်။ သူမနည်းတူ အခြားသူများမှာ လည်း သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ဆွံ့အမှင်တက်သွားကြလေသည်။
မြေပြင်တစ်ခုလုံးတွင် အမည်းရောင်အရည်များ၊ သွေးများနှင့် ပြန့်ကျဲနေသော မျိုးရိုးဗီဇပြောင်း ဧရာမ ငှက်ကြီးများနှင့် လူခန္ဓာကိုယ် အစိတ်အပိုင်းများ ဖုံးလွှမ်းနေလျက်ရှိလေသည်။
စွမ်းအားရှင်များက သူတို့၏ စွမ်းအင်များဖြင့် မျိုးရိုးဗီဇပြောင်း ငှက်ကြီးများကို ပစ်ခတ်တိုက်ခိုက်နေ ကြပြီး၊ အခြားသူများကမူ သူတို့ကို ဖမ်းဆွဲရန် ထိုးဆင်းလာသော မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး များကို ရရာလက်နက်များ စွဲကိုင်၍ ခုခံကာကွယ်နေကြရလေသည်။
အခြားသူများ အံ့ဩမှင်တက်နေကြဆဲ အချိန်မှာပင်၊ စစ်သည်တစ်ဦးထံသို့ ထိုးဆင်းလာသော မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးတစ်ကောင်ကို ယောင်ရန် သတိထားမိလိုက်လေသည်။
ထိုစစ်သည်မှာ အနောက်ဘက်မှ ဝင်ရောက်လာသော တိုက်ခိုက်မှုကို သတိမထားမိကြောင်း သိလိုက် ရသဖြင့် ယောင်ရန်သည် သူမ၏ နွယ်ပင်များကို ဖန်တီးဆင့်ခေါ်ရင်း သူရှိရာသို့ အလျင်အမြန် ပြေးသွား လိုက်လေသည်။
သူမ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် လုံယုနှင့် ရွှီရွှမ်းတို့ကလည်း အနောက်မှ ကပ်လျက် လိုက်ပါ သွားခဲ့ကြလေသည်။
"ရွှမ်း... ရွှမ်း... ရွှမ်း... "
ယောင်ရန်က နွယ်ပင်တစ်ခုကို ထိန်းချုပ်ကာ စစ်သည်၏ ကျောဘက်တွင် ဒိုင်းလွှားတစ်ခုအဖြစ် ဖန်တီး၍ ထိုတိုက်ခိုက်မှုကို ကာကွယ်လိုက်လေသည်။
"ဘုန်း…"
မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး၏ ခြေသည်းများ ဒိုင်းလွှားကို ရိုက်ခတ်သွားသောအခါ တန်ပြန်သက် ရောက်မှုကြောင့် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ နောက်သို့ လွင့်စင်ထွက်သွားခဲ့လေသည်။ ၎င်း ၏ အစာကို ရုတ်တရက် ဝင်ရောက်ဟန့်တားခံလိုက်ရသဖြင့် မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးက ဒေါသ တကြီးဖြင့် စူးရှစွာ အော်ဟစ်လိုက်လေသည်။
"ဂီး..."
ယောင်ရန်၏ ဒိုင်းလွှားကို မထိမှန်မီလေးတွင် ထိုစစ်သည်သည် ငှက်ကြီးကို သတိထားမိလိုက်သော် လည်း၊ သူက အခြား မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးတစ်ကောင်နှင့် တိုက်ပွဲဖြစ်နေဆဲဖြစ်သဖြင့် အနောက်ဘက်မှ တိုက်ခိုက်လာမှုကို မရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုစစ်သည်မှာ ငှက်ကြီးနှစ်ကောင်၏ ရန်မှ မလွတ်မြောက်နိုင်တော့ကြောင်း သိလိုက်ရသဖြင့်၊ ယောင်ရန်သည် ဒိုင်းကာကို နွယ်ပင်အဖြစ် ပုံစံပြောင်းကာ စစ်သည်၏ ခါးကို ရစ်ပတ်လိုက်လေသည်။ ထို့နောက် အားပြင်းပြင်းဖြင့် တစ်ချက်ဆွဲယူကာ သူ့အား မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများနှင့် ဝေးရာသို့ ဆွဲခေါ်လိုက်လေသည်။
"ဘုန်း… ဂျလစ်…"
ပစ်မှတ်ဖြစ်သော စစ်သည် လွတ်သွားသဖြင့် မျိုးရိုးဗီဇပြောင်း ငှက်ကြီး၏ ခြေသည်းများက မြေပြင် ကိုသာ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး လွန်ခဲ့သော စက္ကန့်ပိုင်းက စစ်သည်ရပ်နေခဲ့သည့် နေရာတွင် တွင်း ကြီးတစ်တွင်း ဖြစ်ပေါ်သွားလေသည်။ ယောင်ရန်၏ ဆွဲအားကြောင့် စစ်သည်မှာ အနောက်ဘက်ရှိ အခြားသူများထံသို့ လွင့်သွားစဉ်၊ သူမက မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးနှစ်ကောင်ထံသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့လေသည်။
ထိုစစ်သည် မြေပြင်ပေါ်သို့ ကျသွားပြီး အခြားစစ်သည်များက ဝိုင်းဝန်းထူမပေးကြချိန်တွင် သူ မော့ ကြည့်လိုက်ရာ ယောင်ရန်က သူမ၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်ကို တွေ့လိုက်ရလေသည်။
မြေပြင်ကို အားကုန်စိုက်၍ ကန်တင်လိုက်ပြီးနောက် သူမသည် လေထဲသို့ ခုန်တက်သွားကာ ဓားကို မြှောက်၍ မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးတစ်ကောင်၏ တောင်ပံကို အပေါ်မှနေ၍ ခုတ်ချလိုက် လေတော့သည်။
"ရွှပ်…"
ဓားသည် ငှက်ကြီး၏ တောင်ပံအရိုးများကြားတွင် ညပ်သွားသဖြင့် နာကျင်စွာ စူးစူးဝါးဝါး အော် ဟစ်လိုက်လေသည်။
"ဂီး..."
ဒုတိယမြောက် မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးက ယောင်ရန်၏ လည်ပင်းဆီသို့ ခြေသည်းများဖြင့် ချိန်ရွယ်တိုက်ခိုက်လာသည်ကို မြင်သောအခါ လုံယုက အော်ဟစ်သတိပေးလိုက်သည်။
"ရန်ရန်... သတိထား...”
သူ၏ သတိပေးချက်ကို ကြားသည်နှင့် ယောင်ရန်က ပထမငှက်ကြီး၏ ဗိုက်ကို ခြေထောက်ဖြင့် ကန် လိုက်ပြီး၊ ထိုတွန်းကန်အားကို အသုံးပြုကာ သူမ၏ ဓားရှည်ကို ဆွဲနှုတ်ရင်း ဒုတိယငှက်ကြီး၏ တိုက်ခိုက် မှုမှ ရှောင်ထွက်သွားလိုက်လေသည်။
ဓားရှည် ကျွတ်ထွက်သွားသည်နှင့် တစ်ပြိုင်နက်၊ ပထမ မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး၏ တစ်ပိုင်း တစ်စ ပြတ်ရှသွားသော တောင်ပံဆီမှ အမည်းရောင်အရည်များ ပန်းထွက်လာတော့သည်။
"ဂီး..."
ဒဏ်ရာရသွားသော မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးသည် နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။
လေထဲမှ ယောင်ရန်၏ ခန္ဓာကိုယ် အောက်သို့ ပြန်ကျလာချိန်ကို အခွင့်ကောင်းယူကာ ဒုတိယငှက်ကြီး သည် သူမ၏ ခန္ဓာကိုယ်ဆီသို့ ခြေသည်းများဖြင့် တည့်တည့်ချိန်ရွယ်၍ ထိုးဆင်းလာလေသည်။
ချွန်ထက်သော ခြေသည်းများ သူမ၏ ခန္ဓာကိုယ်ကို မဖောက်ထွင်းမီလေးမှာပင်၊ ယောင်ရန်သည် သူမ၏ အနောက်ဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်ကို ခံစားလိုက်ရလေသည်။
အော်ဟစ်သတိပေးလိုက်သည်။ အော်ဟစ်သတိပေးလိုက်သည်။
"ရွှပ်... ရွှပ်... ရွှပ်..."
တစ်စက္ကန့်မျှသာ ကြာလိုက်ပြီး ဒုတိယမြောက် မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများ ထွက်ပေါ်လာသည်ကို သူမ မြင်လိုက်ရလေသည်။
"ဂီး..."
မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး နာကျင်စွာ အော်ဟစ်လိုက်စဉ်မှာပင် ၎င်း၏ ခန္ဓာကိုယ်မှာ ယိမ်းထိုးသွား ခဲ့လေသည်။ ခွန်အားများ ဆုံးရှုံးသွားပြီး မြေပြင်ပေါ်သို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားလေတော့ သည်။
မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး ယောင်ရန်ဆီသို့ ပြုတ်ကျလာသည်ကို မြင်သော် လုံယုက သူမကို ဖမ်းရန် ခုန်တက်လိုက်လေသည်။
"ရန်ရန်..."
လေထဲတွင် သူမကို ဖမ်းဆွဲလိုက်ပြီးနောက် လုံယုသည် သူတို့နှစ်ဦးစလုံးကို ဘေးကင်းရာသို့ ပြန်ခေါ် ဆောင်သွားရန် လေကို ထိန်းချုပ်လိုက်လေသည်။ သူ၏ ခြေဖဝါးများ မြေပြင်နှင့် ထိလိုက်သည့် အချိန် မှာပင်၊ မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး၏ ခန္ဓာကိုယ်ကြီးက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးဖြင့် ပြုတ်ကျသွားလေတော့သည်။
"ဘုန်း... "
သူမ၌ ဒဏ်ရာများ ရထားခြင်း ရှိမရှိ သေချာစွာ အကဲခတ်ကြည့်ရှုရင်း လုံယုက အောက်ငုံ့ကာ စိုးရိမ် တကြီး မေးလိုက်လေသည်။
"ရန်ရန်... မင်း အဆင်ပြေရဲ့လား...”
ယောင်ရန် မတ်တတ်ရပ်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ကျွန်မ အဆင်ပြေပါတယ်...”
သူတို့ စကားပြောနေကြစဉ်မှာပင် အခြားသူများက တိုက်ပွဲအတွင်းသို့ ဝင်ရောက်နေကြပြီ ဖြစ်ပေသည်။ ဤသည်ကို သတိပြုမိသဖြင့် ယောင်ရန်နှင့် လုံယုတို့သည် အလျင်အမြန်ပင် နောက်မှလိုက်သွားကြကာ ကျန်ရှိနေသေးသော မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများကို သတ်ဖြတ်သည့်အထဲတွင် ပါဝင်လိုက်ကြ လေသည်။
လီကျန့်နှင့် သူ၏အဖွဲ့ ရောက်လာချိန်တွင်မူ မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများ၏ အရေအတွက်မှာ ထက်ဝက်ခန့် လျော့ကျသွားပြီ ဖြစ်သည်။ အဝေးမှနေ၍ မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးတစ်ကောင်ကို သူ၏ လေဓားများဖြင့် ကျွမ်းကျင်စွာ သတ်ဖြတ်နေသော လုံယုကို တွေ့လိုက်ရသဖြင့် လီကျန့်၏ မျက် လုံးများတွင် လေးစားအားကျမှုများ တောက်ပသွားတော့သည်။
သူက လက်မြှောက်ကာ သူ၏အဖွဲ့ကို အမိန့်ပေးလိုက်လေသည်။
"နေရာယူပြီး တခြားသူတွေကို ကူညီပေးကြ...”
"ဟုတ်ကဲ့ပါ ကပ္ပတိန်...”
သူတို့က တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြလေသည်။
သူ၏ လက်အောက်ငယ်သားများ တိုက်ပွဲဝင်နေကြစဉ် လီကျန့်သည် လုံယုဆီသို့ အပြေးသွားလိုက် လေသည်။
"ကပ္ပတိန်…"
လှုပ်ရှားတက်ကြွနေသော လေသံဖြင့် သူက လှမ်းခေါ်လိုက်လေသည်။
ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် လုံယု လှည့်ကြည့်လိုက်ရာ မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး များ၏ တိုက်ခိုက်မှုများကို ကျွမ်းကျင်ပေါ့ပါးစွာ ရှောင်တိမ်းရင်း ချဉ်းကပ်လာသော လီကျန့်ကို တွေ့ လိုက်ရလေသည်။
"မင်းတို့က ငါတို့ကို ကူညီဖို့ လွှတ်လိုက်တဲ့ စစ်ကူတွေလား...”
လုံယုက မေးလိုက်လေသည်။
လီကျန့်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်...”
တိုက်ပွဲမြေပြင်ကို အကဲခတ်ကြည့်ပြီးနောက် အခြေအနေများ ထိန်းချုပ်နိုင်နေပြီဖြစ်ကြောင်း တွေ့လိုက် ရသဖြင့် သူက ထပ်ပြောလိုက်လေသည်။
"ဒါပေမဲ့ ကျွန်တော် နောက်ကျသွားပြီ ထင်တယ်… ခင်ဗျားနဲ့ တခြားသူတွေ ရှိနေတော့ ကျွန်တော့်အဖွဲ့ လုပ်စရာ သိပ်မရှိတော့ဘူး...”
လုံယု လက်တစ်ချက်ခါယမ်းလိုက်ရာ နောက်ထပ် မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးအချို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြန်လေသည်။ ထို့နောက် သူက လီကျန့်ကို ကြည့်ကာပြောလိုက်လေသည်။
"မဟုတ်ပါဘူး... မင်း အချိန်ကိုက် ရောက်လာတာပါ… ငါ ခဏလောက် အနားယူဖို့ လိုနေတယ်… ဒါကြောင့် ဒီဧရိယာကို မင်း တာဝန်ယူလိုက်တော့...”
လုံယု၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသော ပင်ပန်းနွမ်းနယ်မှုကို သတိပြုမိသွားသဖြင့် လီကျန့် အမြန် ခေါင်းညိတ်လိုက်လေသည်။
"နားလည်ပါပြီ ကပ္ပတိန်...”
လီကျန့်သည် သူ၏ စနိုက်ပါရိုင်ဖယ်ကို ထုတ်ကာ မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများကို စတင်ပစ်ခတ် နေစဉ် လုံယုကမူ ယောင်ရန်နှင့် ရွှီရွှမ်းတို့ကို ရှာဖွေရန် ထွက်လာခဲ့လေသည်။
သူတို့ကို မတွေ့မီမှာပင် တစ်စုံတစ်ယောက်က အော်လိုက်လေသည်။
"ကြည့်စမ်း... အဲဒါ ဘာကြီးလဲ"
ထိုအသံကို ကြားသော် လုံယုသည် ထိုအမျိုးသား၏ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအချိန်မှာပင် ယောင်ရန်သည်လည်း အောက်ဘက် သဲပြင်ထဲမှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုကို သတိ ထားမိနေပြီ ဖြစ်လေသည်။
အဆက်မပြတ် တိုက်ခတ်နေသော သဲမုန်တိုင်းကြောင့် စခန်း၏ အပြင်ဘက် ဧရိယာသည် စုပုံနေသော ဖုန်မှုန့်များနှင့် သဲများဖြင့် ထူထပ်နေလျက်ရှိလေသည်။
အဝေးသို့ မျက်စိမှေးကြည့်လိုက်ရာ သဲများဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် အမည်းစက်လေးများ စတင်ပေါ်လာပြီး လျင်မြန်စွာ ပွားများလာသည်ကို ယောင်ရန် တွေ့လိုက်ရလေသည်။ အမြင်အာရုံ ကန့်သတ်ခံထားရမှုကြောင့် သူမအနေဖြင့် ၎င်းတို့ကို ရှင်းလင်းစွာမြင်နိုင်ရန် ခက်ခဲနေလေသည်။
စိုးရိမ်မကင်း ဖြစ်နေသော်လည်း သူမသည် တိုက်ပွဲအပေါ်သာ အာရုံစိုက်ထားပြီး မျိုးရိုးဗီဇပြောင်း ဧရာမ ငှက်ကြီးများကို တတ်နိုင်သမျှ များများသတ်နိုင်ရန် သူမ၏ နွယ်ပင်များနှင့် ဓားရှည်ကို အသုံးပြုလိုက် လေသည်။
အခန်း (၃၆၈) မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာများ
မိနစ်အနည်းငယ်ကြာပြီးနောက် လုံယုက ယောင်ရန်ကို တွေ့သွားသည်။ သူမ၏ ဓားမှ အမည်းရောင် အရည်များကို ခါထုတ်လိုက်သည်ကို မြင်သော် သူက သူမအနားသို့ ပြေးသွားလိုက်လေသည်။
"ရန်ရန်...မင်းဆီမှာ အင်းဆက်ပိုးမွှားတွေကို နှိမ်နင်းနိုင်တဲ့ ပစ္စည်းတစ်ခုခု ရှိလား...”
သူ၏ အမေးကြောင့် စိတ်ရှုပ်ထွေးသွားသော်လည်း ယောင်ရန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေ သည်။
"ကျွန်မဆီမှာ ပိုးမွှားနှိမ်နင်းဆေးနဲ့ ပိုးသတ်ဆေးတွေ အများကြီးရှိတယ်… ပိုးမွှားတွေကို ထိထိရောက် ရောက် နှိမ်နင်းနိုင်တဲ့ အဆိပ်ရှိ ဖလံကောင်တွေကနေ ဖော်စပ်ထားတဲ့ အဆိပ်တွေလည်း ရှိသေးတယ်"
သူ၏ မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှု အရိပ်အယောင်ကို သတိထားမိသွားသဖြင့် သူမက မေးလိုက်လေ သည်။
"အာယု၊ ဒါတွေကို ဘာလို့ မေးနေတာလဲ… တစ်ခုခုအတွက် လိုအပ်လို့လား...”
လုံယုသည် အဝေးမှ နိမိတ်မကောင်းသော အမည်းစက်လေးများကို လှမ်းကြည့်ကာ ပြန်ဖြေလိုက် လေသည်။
"နင်ပြောတာ မှန်မယ်ထင်တယ်… ငါတို့ ပြဿနာကြီးကြီးမားမားနဲ့ ရင်ဆိုင်ရနိုင်တယ်"
သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ အမည်းစက်လေးများသည် ယခုအခါ မြေပြင်တစ်ဝက် ခန့်ကို ဖုံးလွှမ်းနေပြီဖြစ်ကြောင်း ယောင်ရန် သတိပြုမိသွားခဲ့သည်။ ၎င်းတို့က ပို၍နီးကပ်လာသယောင် ရှိသဖြင့် သူမသည် ပိုမိုရှင်းလင်းစွာ မြင်ရစေရန် သူမ၏ နေရာလွတ်ထဲမှ မှန်ပြောင်းတစ်လက်ကို ထုတ် ယူလိုက်လေသည်။
ထိုအမည်းစက်လေးများသည် ဘာဆိုသည်ကို သူမ သိလိုက်ရသည့် အခိုက်အတန့်မှာပင် သူမ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲဖြစ်သွားလေတော့သည်။
"အဲဒီ အမည်းစက်တွေက... သဲကန္တာရ ပိုးတောင်မာတွေပဲ" ဟု သူမက ညှိုးငယ်သောလေသံဖြင့် ပြော လိုက်လေသည်။
လုံယုဘက်သို့ လှည့်ကာ သူမက မေးလိုက်လေသည်။
"အာယု… ဒီ သဲကန္တာရ ပိုးတောင်မာတွေအကြောင်း နင် တစ်ခုခု သိလား"
သူမ၏စကားကြောင့် လုံယု ခေါင်းခါပြလိုက်ပြီး ရှင်းပြလိုက်လေသည်။
"ဒါက ငါ သူတို့ကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ… ဒါပေမဲ့ သူတို့ကို မီးနဲ့ သတ်လို့ရတယ်လို့တော့ ငါ ကြားဖူးတယ်… ဒါပေမဲ့ တကယ်ပဲ မီးနဲ့သတ်လို့ ရမရ ဆိုတာကိုတော့ ငါ သေချာမသိဘူး"
သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယောင်ရန် ခဏမျှ စဉ်းစားလိုက်ပြီးပြောလိုက်လေသည်။
"ထိရောက်သည်ဖြစ်စေ၊ မထိရောက်သည်ဖြစ်စေ ငါတို့ စမ်းကြည့်ဖို့တော့ လိုတယ်…"
ထိုသို့ပြောပြီးနောက် ယောင်ရန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အနီးအနားရှိ မီးစွမ်းအင်အသုံးပြု သူ နှစ်ဦးကို သတိထားမိသွားလေသည်။ သူမသည် သူတို့ထံ ချဉ်းကပ်သွားကာ မေးလိုက်လေသည်။
"ရဲဘော်တို့... ကိစ္စလေးတစ်ခုလောက် ကူညီပေးလို့ ရမလား"
"ဘာများ ကူညီပေးရမလဲ" ဟု အမျိုးသမီး စွမ်းအားရှင်က အမောတကောဖြင့် မေးလိုက်လေသည်။
သူမ၏ ဖြူရော်နေသော မျက်နှာကို သတိထားမိလိုက်သဖြင့် သူမ၏ စွမ်းအင်ကို အလွန်အကျွံ အသုံး ပြုထားကြောင်း ယောင်ရန် ချက်ချင်း သိလိုက်သည်။
ယောင်ရန်သည် သူမ၏ သိုလှောင်မှုနေရာလွတ်ထဲမှ ရေဆတူရောထားသော ကန်ရေတစ်ပုလင်းကို ထုတ်ယူကာ ထိုအမျိုးသမီး စွမ်းအားရှင်အား ကမ်းပေးရင်း ပြောလိုက်လေသည်။
"ငါ့ချစ်သူနဲ့ ငါက ချဉ်းကပ်လာနေတဲ့ သဲကန္တာရ ပိုးတောင်မာအုပ်ကြီးကို တွေ့လိုက်ရလို့ပါ… သူတို့ တံတိုင်းဆီ မရောက်လာခင် မီးရှို့ပစ်ဖို့ ရှင်တို့ရဲ့ အကူအညီ လိုအပ်နေလို့ပါ...”
သူမ၏ စကားဆုံးသွားသောအခါ စွမ်းအားရှင် နှစ်ဦးစလုံး အချင်းချင်း အကဲခတ်ကြည့်လိုက်ကြသည်။ ထို့နောက် အမျိုးသား စွမ်းအားရှင်က ပြောလိုက်လေသည်။
"ကျွန်တော်တို့ စွမ်းအင်တွေ ကုန်ခမ်းနေပြီ… သိပ်များများစားစား လုပ်နိုင်မယ် မထင်ဘူး"
ယောင်ရန် ခေါင်းခါပြကာ ရှင်းပြလိုက်လေသည်။
"သဲကန္တာရ ပိုးတောင်မာတွေကို တားဆီးဖို့ ကျွန်မတို့ အတားအဆီးတစ်ခု တည်ဆောက်ထားမယ်… ရှင်တို့ဆီက လိုအပ်တာက နောက်မှ မီးရှို့ပေးဖို့ပဲ…"
၎င်းကို ကြားသော် မီးစွမ်းအားရှင် နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။ ရေပုလင်းကို ကြည့်ရင်း အမျိုးသမီး စွမ်းအားရှင်က ယောင်ရန်ထံသို့ ပြန်ပေးရန် ကြိုးစားကာ ပြောလိုက်လေသည်။
"အခုချိန်မှာ ရေက အရမ်းအဖိုးတန်ပါတယ်… ဒါကို ပြန်ယူထားလိုက်ပါ…"
သူမ၏ စကားကြောင့် ယောင်ရန် အနည်းငယ် ပြုံးလိုက်လေသည်။ ထို့နောက် ရေပုလင်းကို အမျိုးသမီး စွမ်းအားရှင်ထံသို့ ညင်သာစွာ ပြန်တွန်းပေးရင်း ပြောလိုက်လေသည်။
"ရှင် ရေဆာနေလောက်ပြီ… ကျေးဇူးပြုပြီး သောက်လိုက်ပါ… နောက်ကျရင် ရှင်တို့ရဲ့ အကူအညီ လိုအပ်မှာပါ… တကယ်လို့ ရှင်သာ မေ့လဲသွားခဲ့ရင် ဒီမှာရှိတဲ့ လူတိုင်း ဒုက္ခအကြီးကြီး ရောက်ကုန် လိမ့်မယ်"
သူမ တုံ့ဆိုင်းနေသည်ကို မြင်သော် ယောင်ရန်က ရေဘောလုံးငယ်တစ်ခုကို ဖန်တီးဆင့်ခေါ်လိုက်ပြီး ပြောလိုက်လေသည်။
"ကျွန်မက ရေစွမ်းအားရှင်မို့လို့ ကျွန်မဆီမှာ ရေတွေ အများကြီး ရှိပါတယ်"
ယောင်ရန် ရေဘောလုံးကို ဆင့်ခေါ်လိုက်သည်ကို မြင်သောအခါ အမျိုးသမီး စွမ်းအားရှင်သည် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်စွာဖြင့်ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်"
ပုလင်းကိုဖွင့်ကာ သူမက ရေတစ်ဝက်ကို သောက်လိုက်ပြီးနောက် ကျန်ရှိနေသည့်ရေကို အမျိုးသား စွမ်းအားရှင်ထံသို့ ကမ်းပေးလိုက်လေသည်။ သူတို့ သောက်၍ ပြီးသွားသောအခါ ရေပုလင်းအလွတ်ကို ယောင်ရန်ထံသို့ ပြန်ပေးလိုက်ကြလေသည်။
ထို့နောက် အမျိုးသား စွမ်းအားရှင်က မေးလိုက်လေသည်။
"ရေအတွက် ကျေးဇူးတင်ပါတယ်… ကျွန်တော်တို့ကို မီးတံတိုင်း ဘယ်နေရာမှာ ဆောက်စေချင်တာလဲ"
ယောင်ရန် ခဏမျှ စဉ်းစားလိုက်ပြီး လုံယုကို တစ်ချက်ကြည့်ကာ မေးလိုက်လေသည်။
"အာယု၊ ဒီက ပြင်ဆင်မှုတွေကို ကျွန်မပဲ တာဝန်ယူလိုက်မယ်…. ရှင် တခြားသူတွေကို သဲကန္တာရ ပိုးတောင်မာတွေအကြောင်း သွားပြောပြပေးလို့ ရမလား…"
လုံယု ခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းပြီလေ...”
မထွက်ခွာမီ သူက သူမ၏ ဆံပင်မှ သဲများကို ခါချပေးရင်း ထပ်ပြောလိုက်လေသည်။
"ဂရုစိုက်နော်…"
"အင်း...”
လုံယု ထွက်သွားပြီးနောက် ဝူယဲ့ဟောင်သည် သူ၏လူများနှင့်အတူ ရောက်ရှိလာသည်။ သူက ယောင်ရန်ထံသို့ ချဉ်းကပ်လာပြီး မေးလိုက်လေသည်။
"သခင်မလေး... ကျွန်တော်တို့ရဲ့ အကူအညီ လိုအပ်လား…ခင်ဗျားတို့ရဲ့ စကားဝိုင်းကို ကျွန်တော် ကြား လိုက်မိတယ်… ကျွန်တော်တို့ အဖွဲ့ထဲမှာ ခင်ဗျားရဲ့ အစီအစဉ်အတွက် ကူညီပေးနိုင်တဲ့ မီးစွမ်းအားရှင် နှစ်ယောက် ရှိပါတယ်…"
၎င်းကို ကြားလိုက်ရသဖြင့် ယောင်ရန်၏ မျက်လုံးများ အရောင်လက်သွားခဲ့လေသည်။ သူမက ခေါင်းညိတ်ပြကာ ၊
"ဒါဆို အတော်ပဲ… မီးရှို့ဖို့အတွက် တံတိုင်းပေါ် ဆီလောင်းချလို့ မရဘူးလေ၊ ဒါကြောင့် ကျွန်မက ထင်းတွေကို အတားအဆီးအနေနဲ့ သုံးပြီး သဲကန္တာရ ပိုးတောင်မာတွေကို တားဆီးဖို့ မီးတံတိုင်းတစ်ခု ဖြစ်လာအောင် မီးရှို့လိုက်မှာ…" ဟု ပြောလိုက်သည်။
သူမ၏ အစီအစဉ်ကို ကြားသောအခါ ဝူယဲ့ဟောင်က အလျင်အမြန် ကန့်ကွက်လိုက်လေသည်။
"အရမ်း အန္တရာယ်များတယ်… ခင်ဗျား သွားလို့မရဘူး...”
ယောင်ရန် ပြန်မပြောနိုင်မီမှာပင် ဝူယဲ့ဟောင်က သူ၏ လက်အောက်ငယ်သားတစ်ဦးဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။
"မင်း ဒီတာဝန်ကို ယူလိုက်…"
ထိုအမျိုးသားက ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ ကပ္ပတိန်...”
ယောင်ရန် မျက်မှောင်ကြုတ်သွားသည်ကို မြင်သော် ဝူယဲ့ဟောင်က ရှင်းပြလိုက်လေသည်။
"သူက လေစွမ်းအားရှင်ပါ… သူက အကွာအဝေးတိုတိုကို ပျံသန်းနိုင်တဲ့အတွက် ဒီတာဝန်အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ… တစ်ခုခုဖြစ်ခဲ့ရင် သူက အမြန် ထွက်ပြေးနိုင်တဲ့အတွက် ခင်ဗျားကိုယ် တိုင် သွားတာထက်စာရင် အန္တရာယ် ပိုနည်းပါလိမ့်မယ်...”
သူ၏ အကျိုးအကြောင်းပြချက်ကို နားထောင်ပြီးနောက် ယောင်ရန် သဘောတူလိုက်သည်။
"ကောင်းပြီလေ… ရှင်ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့...”
သူတို့ ဆုံးဖြတ်ချက်ချပြီးနောက် ယောင်ရန် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ထင်းစည်းငါးဆယ်ကျော် ထွက်ပေါ်လာခဲ့လေသည်။ မီးစွမ်းအားရှင် နှစ်ဦးစလုံး ထိုမြင်ကွင်းကိုကြည့်ကာ အံ့အားသင့်စွာ အချင်း ချင်း အကဲခတ်ကြည့်လိုက်ကြသော်လည်း ဘာမှမပြောခဲ့ကြပေ။
သူမ၏ နေရာလွတ်ထဲမှ ဓာတ်ဆီတစ်ဂါလံကို ထုတ်ယူကာ ယောင်ရန်က ဝူယဲ့ဟောင်၏ လက်အောက် ငယ်သားထံသို့ ကမ်းပေးလိုက်ပြီး ညွှန်ကြားလိုက်လေသည်။
"မီးတောက်တွေ ပိုအားကောင်းလာအောင်နဲ့ မီးကူးရလွယ်အောင် ထင်းတွေကို ဓာတ်ဆီနဲ့ စိုအောင်လုပ် လိုက်ပါ…"
ထို လေစွမ်းအားရှင်က ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ သခင်မလေး...”
ဓာတ်ဆီကို ယူလိုက်ပြီးနောက် သူက ထင်းနှစ်စည်းကို ဆွဲမလိုက်ကာ တံတိုင်းပေါ်မှ ခုန်ချလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ လေစွမ်းအင်ကို အသက်သွင်းလိုက်လေသည်။
သူ ဘေးကင်းစွာ ဆင်းသက်သွားသည်ကို ကြည့်ပြီးနောက် ယောင်ရန်က မီးစွမ်းအားရှင်များဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ကျွန်မတို့ အချက်ပြတာနဲ့ တစ်ပြိုင်နက် ထင်းတွေကို မီးရှို့လိုက်ပါ"
"နားလည်ပါပြီ...”
ထို လေစွမ်းအားရှင်သည် အောက်ဘက်တွင် ထင်းများကို စတင်ပုံနေပြီဖြစ်သည်ကို မြင်သော် ယောင်ရန်နှင့် အခြားသူများသည် ကျန်ရှိနေသော ထင်းများကို တံတိုင်းပေါ်မှနေ၍ သူ့ထံသို့ ပစ်ချပေး လိုက်ကြသည်။ သူတို့၏ ပူးပေါင်းအားထုတ်မှုများနှင့်အတူ ယောင်ရန်က ဓာတ်ဆီနှင့် ထင်းများကို ထောက်ပံ့ပေးသဖြင့် အတားအဆီးများကို လျင်မြန်စွာ ဖန်တီးတည်ဆောက်နိုင်ခဲ့လေသည်။
တစ်ချိန်တည်းမှာပင် လုံယုသည် ကွပ်ကဲရေးစင်တာအဖြစ် အသုံးပြုနေသော ကင်းစင်တစ်ခုထဲ၌ လီထျန်ယုနှင့် ဝူယဲ့ဟောင်တို့ကို တွေ့ရှိသွားလေသည်။