အခန်း ၃၂၂
Vol. 33 Ch. 322
အခန်း(၃၂၂)
သူတို့က လက်ခုပ်တီးပြီး အားပေးကြတယ်။ သူ့ရဲ့ တင်ဆက်မှုကို အနီးကပ် ကြည့်ရတာဟာ စခရင်မ်ပေါ်ကနေ ကြည့်ရတာနဲ့ တကယ်ကို ကွာခြားလှတယ်။ သူ့ရဲ့ သီချင်းအသစ်ကို သီဆိုပြသွားတဲ့ ချယ်ရင် က စင်ပေါ်ကနေ ဆင်းလာခါစ သရုပ်ဆောင်တစ်ယောက်လို တောက်ပနေတယ်။ ချစ်စရာကောင်းတဲ့ ရစ်သမ်နဲ့အတူ အံဝင်ခွင်ကျ လှုပ်ရှားနေတဲ့ သူ့ရဲ့ ပခုံးလေးတွေအပြင် အသံနေအသံထား အတိအကျ ထွက်ပေါ်လာတဲ့ သူ့အသံက ချယ်ရင် ကို ဘာလို့ လူတိုင်းက ချစ်ကြလဲဆိုတာ သူတို့ကို နားလည်သွားစေတယ်။ စင်မြင့်ပေါင်းများစွာမှာ အတွေ့အကြုံရှိပြီးသား ပရော်ဖက်ရှင်နယ်တွေက တကယ်ကို မတူတာပဲ။
မီနီဖျော်ဖြေပွဲတစ်ခုကို ကြည့်လိုက်ရသလိုမျိုး သူတို့ ခံစားလိုက်ရတယ်။ ချယ်ရင် အသက်ပြင်းပြင်း ရှူလိုက်တဲ့အချိန်မှာ သူတို့က လက်ခုပ်ထပ်တီးပေးလိုက်ကြတယ်။
"အကြမ်းဖျင်းကတော့ ဒီလိုခံစားချက်မျိုးပဲ။ ပြီးပြည့်စုံတဲ့ အကကွက်တွေ ဘာတွေ ဖန်တီးနေစရာ မလိုပါဘူး။ ဒါက ပွဲတော်တစ်ခုပဲလေ ဟုတ်တယ်မလား။ အရမ်းကြီး ကောင်းအောင် လုပ်မနေဘဲ ကိုယ်လုပ်နိုင်တာကိုပဲ လုပ်ပါ။ အမှတ်တရလေးတစ်ခု ဖြစ်ဖို့လောက်ပဲ မဟုတ်လား"
"ဒါပေမဲ့ စီနီယာရဲ့ တင်ဆက်မှုကို ကြည့်လိုက်ရတော့ ငါ ပိုတောင် စိတ်ဓာတ်ကျသွားပြီ။ စီနီယာက ဘာလို့ ဒီလောက်တောင် တော်နေရတာလဲ"
"ငါက နှစ်နဲ့ချီပြီး လေ့ကျင့်ထားတာဆိုတော့ ကောင်းကောင်းလုပ်နိုင်ရမှာပေါ့။ ဒါပေမဲ့ ငါက အရည်အချင်းပြပွဲအတွက် လုပ်နေတာ မဟုတ်ဘူးလေ။ စင်ပေါ်မှာ သူငယ်ချင်းတွေကို ရယ်မောပျော်ရွှင်အောင် လုပ်ပေးတာကလည်း တန်ဖိုးတစ်မျိုး ရှိတယ်လို့ ထင်တာပဲ"
သူ ခေါင်းညိတ်လိုက်တယ်။ ကောင်းကောင်းလုပ်နိုင်မှ ရမယ်လို့ သူ ထင်နေခဲ့တာလည်း ဖြစ်နိုင်တယ်။ ကျောင်းပွဲတော်ရဲ့ အရည်အချင်းပြပွဲဆိုတာ ပါဝင်ယှဉ်ပြိုင်သူတွေကို အကဲဖြတ်တဲ့နေရာမှ မဟုတ်တာ။ အကောင်းဆုံး လုပ်နိုင်ဖို့အတွက် အရမ်းကြီး ဖိအားပေးနေစရာ မလိုပါဘူး။ ဒါက ရိုးရှင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပေမယ့် ချယ်ရင် က သတိမပေးမချင်း သူတို့ထဲက ဘယ်သူကမှ အဲဒီအကြောင်းကို မတွေးမိခဲ့ကြဘူး။ လူတိုင်းက ကိုယ်ဘာလုပ်ရမလဲ ဆိုတာကိုပဲ တွေးနေခဲ့ကြတာကိုး။ ရှုထောင့်ပြောင်းတွေးဖို့က တော်တော်လေး အရေးကြီးတာပဲ။
"ဒါက အမှတ်ထဲဝင်မယ့် ကိစ္စမှ မဟုတ်တာ၊ ပေါ့ပေါ့ပါးပါးပဲ နေကြပါ။ ပြီးတော့ နင်တို့လေးယောက်က အကကမလို့ မလား။ ငါ့ရဲ့ အကကွက်တွေ ရိုက်ကူးထားတဲ့ ငါ့စီဒီတစ်ခု နင်တို့ကို ပေးမယ်လေ။ အဲဒါ အထောက်အကူ ဖြစ်မှာပါ"
"တကယ်လား။ အဲဒီလိုလုပ်ပေးရင်တော့ တကယ်ကျေးဇူးတင်ရမှာပဲ"
ကောင်လေးတွေထဲက တစ်ယောက်က သက်ပြင်းချလိုက်တယ်။ သီချင်းဆိုတာထက် ကရတာ ပိုကောင်းမယ်လို့ ထင်တဲ့ သူတို့ငါးယောက်က အကကျင့်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး သူရယ် တခြားနှစ်ယောက်ရယ်ကတော့ သီချင်းဆိုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
"ဒါဆိုရင် ပျော်ပျော်ပါးပါး လုပ်ကြ။ မနက်ဖြန်ကျရင် ငါ စီဒီလာပေးမယ်"
ချယ်ရင် က လက်ပြနှုတ်ဆက်ပြီး ထွက်သွားတယ်။
"သူက ငါထင်ထားတာနဲ့ လုံးဝကို ကွာခြားတာပဲ"
"အေးဟ၊ တကယ်ကို သဘောကောင်းတာ။ အင်တာနက်ပေါ်မှာ လူတိုင်းက ပြောနေကြတာလေ၊ သူက အပေါ်ယံပဲ အဲဒီလိုဟန်ဆောင်နေတာပါ ဆိုပြီးတော့"
"သူတို့က မနာလိုလို့ ပြောကြတာပါ။ အဲဒီ နူးနာက မျက်နှာလေးလှသလို စိတ်ထားလေးလည်း လှတယ်ဆိုတာ ငါ သိပြီးသား။ ဟင်းဟင်း၊ ဒါပေါ့"
"နင် သူနဲ့ စကားပြောဖူးတာ ဒါ ပထမဆုံးအကြိမ်လေ"
သူတို့တွေ တခစ်ခစ် ရယ်မောလိုက်ကြတယ်။
"ဒါနဲ့ ဘန်ဘန်၊ နင်က စီနီယာချယ်ရင်ကို သိတာလား"
"အင်း။ သူက သရုပ်ဆောင်ကလပ်ကို တစ်ခါတလေ လာတတ်တယ်လေ"
"အာ... ဟုတ်သားပဲ။ သူ ဇာတ်လမ်းတွဲ ရိုက်နေတယ် မဟုတ်လား။ သူ သရုပ်ဆောင်တာလည်း ကောင်းတယ်။ ငါကတော့ ကြည့်ရတာ ကြောင်တောင်တောင် ဖြစ်နေမလားလို့ ထင်ထားတာ၊ တကယ်တမ်းကျတော့ လုံးဝကို မဟုတ်ဘူး။ သူ တော်တော်လေး သရုပ်ဆောင်ကောင်းတာ။ နင် ကလပ်မှာ သူနဲ့အတူ လေ့ကျင့်ရတာမျိုးတွေ ရှိလား"
"ဟင့်အင်း၊ သူက ငါတို့ကို အားပေးစကား လာပြောရုံလောက်ပါပဲ။ သူက တကယ့်ကို ကျေးဇူးတင်စရာကောင်းတဲ့ စီနီယာပါ"
"ဝိုး၊ သူ တကယ်သဘောကောင်းတာပဲ။ တကယ်တော့ ငါ သူ့အကြောင်း မကောင်းတဲ့ ကောမန့်တွေ ရေးခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီညတော့ အဲဒါတွေအကုန်လုံး လိုက်ဖျက်ပြီး သူက နတ်သမီးလေးပါဆိုပြီး အများကြီး လိုက်ရေးပစ်ရမယ်"
သူက အနောက်သန်တဲ့ သူ့သူငယ်ချင်းရဲ့ ပါးတွေကို ဆွဲလိမ်လိုက်ပြီး နေရာကနေ ထလိုက်တယ်။
"ငါ အရင်သွားနှင့်တော့မယ်။ လေ့ကျင့်စရာ ရှိသေးလို့"
"အိုကေ အိုကေ။ ဘန်ဘန်က အလုပ်များနေတော့ သွားရတော့မှာပေါ့။ တနင်္လာနေ့ကျမှ သီချင်းဆိုတာကို လေ့ကျင့်ကြတာပေါ့။ အကအတွက်ကတော့ နင်တို့ငါးယောက် ဘာသာပဲ အဆင်ပြေအောင် လုပ်ကြတော့။ အခုတော့ ငါတို့ လမ်းခွဲကြပြီ။ ဒီအခြေအနေထိ ရောက်လာမှတော့ အပျော်ပဲဖြစ်ဖြစ် အတည်ပဲဖြစ်ဖြစ် ဆက်လုပ်လိုက်ကြတာပေါ့"
"ငါတို့က မြောင်ဟွာ အထက်တန်းကျောင်း ရဲ့ TTO တွေ ဖြစ်လာတော့မှာဆိုတော့ နင်တို့ကောင်မလေးတွေလည်း ပြင်ဆင်ထားကြဦး"
အကကဖို့ ဆုံးဖြတ်ထားတဲ့ ကောင်လေးငါးယောက်က မသင်္ကာစရာကောင်းတဲ့ အပြုံးမျိုး ပြုံးလိုက်ကြတယ်။ ချယ်ရင် ရဲ့ကျေးဇူးကြောင့် သူတို့ ယုံကြည်မှုတွေ ရသွားပုံပဲ။ သူက အားလုံးကို 'တနင်္လာနေ့မှ တွေ့မယ်' လို့ ပြောပြီး ကလပ်အခန်းဆီကို ပြေးသွားတော့တယ်။
"နောက်ကျသွားလို့ ဆောရီးပါ"
"နောက်ကျမှန်းသိရင်လည်း ချက်ချင်း အကြောလျှော့လေ" ကလပ်ဥက္ကဋ္ဌက ကြမ်းပြင်ကို လက်ညိုးထိုးပြရင်း ပြောလိုက်တယ်။
တခြားကလပ်အဖွဲ့ဝင်တွေက ရောက်နေကြပြီ။ သူမက ကလပ်အခန်းရဲ့ အနောက်ဘက်က အဝတ်လဲခန်းထဲမှာ အားကစားဝတ်စုံကို လဲလိုက်တယ်။
"ကျောင်းဆင်းပြီး သန့်ရှင်းရေး လုပ်နေရလို့လား"
"မဟုတ်ဘူး။ အတန်းပိုင်ဆရာမက အရည်အချင်းပြပွဲကို ဝင်ရမယ်လို့ ပြောလို့"
"နင်က လျှောက်လိုက်တာလား"
"မဲနှိုက်ပြီး အရွေးခံလိုက်ရတာ"
"ကျွတ်... ဒါဆို လေ့ကျင့်ရေးဆင်းတဲ့အချိန် နင် ပျက်တော့မှာပေါ့"
"တတ်နိုင်သလောက် အမြန်ဆုံး လာခဲ့ပါ့မယ်"
"ထားလိုက်ပါတော့။ လေ့ကျင့်ရေး တစ်ရက်လောက် နားလိုက်ရုံနဲ့ နင့်ရဲ့ အရည်အချင်းတွေ ထိခိုက်သွားလောက်တဲ့အထိ နင်က ညံ့နေတာမှ မဟုတ်တာ။ နေဦး၊ နှစ်ရက်တောင် မလား"
ကလပ်ဥက္ကဋ္ဌက မျက်လုံးကို မှေးပြီး ပြုံးလိုက်တယ်။ သူကတော့ အနေခက်စွာနဲ့ ရယ်မောလိုက်ပြီး တခြားကို လွှဲကြည့်လိုက်တယ်။
"ရိုက်ကွင်းမှာ အများကြီး လေ့လာခဲ့ဦးနော်။ နင်က အဲဒီလမ်းကြောင်းပေါ်မှာပဲ အနာဂတ်အသက်မွေးဝမ်းကျောင်းကို ရွေးချယ်ထားတာ မလား"
"ဟုတ်ကဲ့"
"ဒါနဲ့ နင်တစ်ယောက်တည်း သွားမှာလား"
"အင်း... မဟုတ်ဘူး" မာရူး ရဲ့ မျက်နှာကို သတိရသွားရင်း သူက ဖြေလိုက်တယ်။
"အဖြေပေးတာ နောက်ကျနေပါလား။ ရိုးရိုးသားသား ပြောစမ်း။ ဒိတ်လုပ်ကြမှာ မလား"
ကလပ်ဥက္ကဋ္ဌက သူ့နားကို ကပ်လာပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်တယ်။ သူလည်း လန့်သွားပြီး နောက်ကို ဆုတ်လိုက်မိတယ်။ ဒီရုတ်ရုတ်သဲသဲဖြစ်သွားမှုကြောင့် တခြားကလပ်အဖွဲ့ဝင်တွေကပါ သူတို့ကို လှမ်းကြည့်လာကြတယ်။
"ကိုယ့်အလုပ် ကိုယ်လုပ်ကြပါ။ ပြီးတော့ ပထမနှစ်တွေ... မင်းတို့မှာ အဲဒီလို ကြည့်နေဖို့ အချိန်ရှိသေးလို့လား။ ခြေထောက် အကြောလျှော့ကြမလား"
ကလပ်ဥက္ကဋ္ဌက ကြောက်စရာကောင်းတာမို့ ပထမနှစ်တွေက ချက်ချင်းပဲ အကြောစလျှော့ကြတော့တယ်။
"ဘာလဲ၊ ငါက နင့်ကို စမလို့ပဲ ရှိသေးတာ၊ နင့်ရဲ့ တုံ့ပြန်ပုံကို ကြည့်ရတာ ငါ ထင်တာ မှန်နေတဲ့ပုံပဲ။ တကယ်ပဲ ဒိတ်လုပ်ကြမှာလား။ အဲဒီလိုဆိုရင်လည်း ဖုံးကွယ်ထားစရာ မလိုပါဘူး။ နင်က အခုချိန်ထိ အများကြီး လေ့ကျင့်ခဲ့ပြီးပြီပဲ၊ တစ်ရက်လောက်တော့ နားလို့ရပါတယ်"
"ဒိတ်လုပ်တာ မဟုတ်ပါဘူး စီနီယာ ရယ်။ ငါတို့ တကယ်ပဲ ဇာတ်လမ်းတွဲ ရိုက်ကွင်းကို သွားကြမှာပါ"
"တ…ကယ်လို့။ ဒါပေမဲ့ နင့်နားရွက်တွေ ရဲတက်နေတာကို ငါက ဘာလို့ မြင်နေရတာပါလိမ့်"
အဲဒီစကားကို ကြားလိုက်ရတော့ သူက နားရွက်တွေကို အမြန်ဖုံးလိုက်တယ်။
"ကောင်းပြီလေ၊ နင်က လိမ်တတ်တဲ့လူစားမျိုး မဟုတ်လို့ ငါ ယုံပေးလိုက်ပါ့မယ်၊ ဒါပေမဲ့ မသင်္ကာစရာတော့ ကောင်းနေတုန်းပဲ။ နေပါဦး။ အာ... နင်က ဇာတ်လမ်းတွဲ ရိုက်ကွင်းလို့ ပြောလိုက်တာ မလား။ ဘာဇာတ်လမ်းတွဲလဲ"
"Youth Generation လေ"
"နင့်ရည်းစား ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Youth Generation ကို ပြောတာလား"
ကလပ်ဥက္ကဋ္ဌက အရာအားလုံးကို နားလည်သွားသလိုမျိုး ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ဘူး။ ကလပ်ဥက္ကဋ္ဌက အထင်အလွဲကြီး လွဲနေပုံရတာကြောင့် ဒါက ဖြတ်လျှောက်သရုပ်ဆောင် အချိန်ပိုင်းအလုပ်တစ်ခုသက်သက်ပါဆိုပြီး သူ ရှင်းပြလိုက်ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။
"ဒီ ကျောင်းမှာတော့ ညဘက် စကားပြောစရာဆိုလို့ တခြားကောင်မလေးတွေပဲ ရှိတယ်၊ ငါတို့ရဲ့ ယုန်ကလေးကတော့ သူ့ကောင်လေးရဲ့ နားထဲကို ချစ်စကားတွေ တိုးတိုးလေး ပြောနေတော့မှာပေါ့ ဟုတ်လား။ အဆင်ပြေသွားရင်လည်း နောက်ကျရင် လူကောင်းတစ်ယောက်လောက်နဲ့ မိတ်ဆက်ပေးဖို့ မမေ့နဲ့ဦး"
ကလပ်ဥက္ကဋ္ဌက စကားပြောနေရင်း တကယ်မကျလာတဲ့ မျက်ရည်တွေကို သုတ်ချင်ယောင်ဆောင်လိုက်တယ်။ ဒါက သရုပ်ဆောင်ကလပ်က အဖွဲ့ဝင်တွေနဲ့ နောက်ပြောင်ရတဲ့နေရာမှာ ဆိုးရွားတဲ့ အချက်ပဲ။ အရာအားလုံးက ပြဇာတ်တစ်ပုဒ်လို ဖြစ်သွားတတ်တာကိုး။ သူတို့နှစ်ယောက်ဆီကို ရောက်လာတဲ့ တခြားအဖွဲ့ဝင်တွေကလည်း ဥက္ကဋ္ဌနဲ့အတူ ပူးပေါင်းပြီး သူ့ကို စနောက်ကြတော့တယ်။ ဇာတ်လမ်းတွဲတစ်ခုအတွက် ဇာတ်ကွက်က အဲဒီနေရာမှာတင် ချက်ချင်း ဖန်တီးပြီးသား ဖြစ်သွားတယ်။ သူ ခဏလောက် ကြောင်ကြည့်နေမိတဲ့အချိန်မှာပဲ သူက အဖြစ်ဆိုးလှတဲ့ ဇာတ်လိုက်မင်းသမီးလေးကို အနိုင်ကျင့်နေတဲ့ မိန်းမဆိုးကြီးတစ်ယောက် ဖြစ်နေပြီ။
"နင့်လို ချွေးမမျိုးကို ငါ ဘယ်တုန်းကမှ အလိုမရှိခဲ့ဘူး"
"သခင်မကြီး... စိတ်အေးအေးထားပါဦး"
နောက်ပြောင်တာတွေက အရမ်းလွန်လာတာကို တွေ့လိုက်ရတော့ သူ လက်မြှောက်အရှုံးပေးလိုက်ပြီး အမှန်တိုင်း ပြောပြလိုက်ရတယ်။ သူတို့က တကယ်ကို အကျိုးအကြောင်းမသင့်တဲ့ သူတွေပဲ။ ဒါပေမဲ့ သူတို့က စနောက်နေရုံသက်သက်မို့ သူ စိတ်ဆိုးတာမျိုးတော့ မရှိပါဘူး။ သူသာ တကယ် အတည်ပေါက်နဲ့ ရပ်ခိုင်းလိုက်ရင် သူတို့တွေ တောင်းပန်ကြမှာပဲလေ။
"သူပါတဲ့ အပိုင်းလာရင် မုန့်လေးဘာလေးစားရင်း ကြည့်ကြတာပေါ့။ နောက်နှစ်ပတ်နေရင် လာမှာလေ"
"ငါကတော့ အဆင်ပြေတယ်"
သူက သက်ပြင်းချလိုက်ပြီး အဲဒီမုန့်တွေကို သူပဲ ဝယ်ကျွေးပါ့မယ်လို့ ပြောလိုက်ရတယ်။
"ဒါဆို နင်က ချယ်ရင်နဲ့လည်း တွေ့ရမှာပေါ့"
"သေချာတော့ မသိသေးဘူး။ ငါ ကြားထားတာက မနက် ၇ နာရီအရောက် သွားရမယ်လို့တော့ ကြားတယ်။ အစက ၆ နာရီလို့ ပြောထားတာ၊ ဒါပေမဲ့ တစ်နာရီ နောက်ဆုတ်သွားလို့"
"အဲဒီလောက်တောင် စောတာလား"
"အင်း။ ငါလည်း အံ့ဩသွားတာပဲ"
"နေရောင်ရတဲ့အချိန်က သိပ်မရှည်လို့ နေမှာပေါ့"
ကလပ်ဥက္ကဋ္ဌက လူတိုင်းရဲ့ အာရုံစိုက်မှုကို ရဖို့အတွက် လက်ခုပ်တီးလိုက်တယ်။
"ကဲ... ဒါဆိုရင် လေ့ကျင့်ရေး စကြမယ်။ ပထမနှစ်တွေကို ပေးထားတဲ့ အိမ်စာတွေ စစ်ပြီးတာနဲ့ တစ်ခေါက်လောက် စမ်းကြည့်ကြမယ်။ ည ၁၀ နာရီအထိ လုပ်ရမှာဆိုတော့ အဲဒါကို စိတ်ထဲမှာ ထည့်ထားကြ။ ငါတို့ ဒါကို သေသေချာချာ အာရုံစိုက်ပြီး လုပ်သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် အဆင်သင့်ဖြစ်အောင် ပြင်ထားကြ"
"ဟုတ်ကဲ့"
မတ်တတ်မရပ်ခင် သူ ခြေထောက်တွေကို နောက်ဆုံးတစ်ခေါက် အကြောလျှော့လိုက်တယ်။ လေ့ကျင့်ရေး စပြီဆိုတာနဲ့ ကလပ်ဥက္ကဋ္ဌက လုံးဝကို နောက်ပြောင်လေ့မရှိတော့ဘူး။ အမှားတစ်ကွက်လေးကိုတောင် လက်မခံတတ်တဲ့ ကြောက်စရာကောင်းတဲ့ အမျိုးသမီးကြီး ဖြစ်သွားတော့တာပဲ။
ဟူး... အရှေ့ကို မကြည့်ခင် သူ သက်ပြင်းတစ်ချက်ကို ပြင်းပြင်း ရှူထုတ်လိုက်တယ်။
* * * * * * * * *
တနင်္ဂနွေနေ့ မနက် ၅ နာရီအချိန်။ သူ့ရဲ့ မျက်ခွံတွေက ပြန်ပိတ်ကျသွားဖို့ ကြိုးစားနေတာကြောင့် တော်တော်လေးကို လေးလံနေတယ်။ ၅ နာရီ ၁ မိနစ် ဖြစ်သွားတဲ့အထိ မှုန်ဝါးဝါးဖြစ်နေတဲ့ နာရီကို သူ ခဏလောက် ငေးကြည့်နေမိတယ်။ မိနစ်ကို ပြနေတဲ့ ဂဏန်းက သုံးဂဏန်း ဖြစ်သွားမှပဲ မာရူး က ဖြည်းဖြည်းချင်း ထိုင်လိုက်တယ်။
"ဟူး"
သူ့ကိုယ်ပေါ်မှာ လွှမ်းခြုံထားတဲ့ စောင်ကို တဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ပြီးနောက်မှာတော့ သူ ကုတင်ပေါ်ကနေ ဆင်းလိုက်တယ်။ မနက်စောစော ဖြစ်ပေမယ့် လေထုက သိပ်ပြီး အေးစက်မနေပါဘူး။ ဇူလိုင်လကနေ ဩဂုတ်လကို ကူးပြောင်းကာစပဲ ရှိသေးပေမယ့် ရာသီဥတုက ပိုပြီး ပူနွေးလာမယ့် လက္ခဏာတွေ ပြနေပြီ။ မာရူး က သူ့အခန်းတံခါးကို ဖွင့်ပြီး အပြင်ကို ထွက်လာခဲ့တယ်။ ဧည့်ခန်းက ခရမ်းရောင် သန်းနေတယ်။ သူ မီးဖိုချောင်ထဲကို ဝင်သွားပြီး ရေခဲသေတ္တာကို ဖွင့်လိုက်တဲ့အခါမှာတော့ ရေခဲသေတ္တာထဲက ကွန်ပရက်ဆာက အသံတွေ စမြည်လာတော့တယ်။
ခွက်တစ်ခွက်ထဲကို ရေအေးအေးလေး ထည့်ပြီး သူ သောက်လိုက်တယ်။ ရေအေးအေးလေးက သူ့လည်ချောင်းထဲကို စီးဆင်းသွားပြီး သူ့စိတ်ကို ကြည်လင်သွားစေတယ်။ သက်ပြင်းချသံတစ်ခုနဲ့အတူ အေးစိမ့်စိမ့် ခံစားချက်လေးတစ်ခုက ကပ်ပါလာပြီး သူ နိုးထလာပြီဆိုတာကို ပြသနေတယ်။
"တော်တော် ခက်ခဲတာပဲ"
ဇနီးသည်ကို ချစ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ဖို့ လမ်းခရီးက ရှည်လျားပြီး ကြမ်းတမ်းလှတယ်။ ဒီနေ့ သူ့မှာ ဆန်ဂမ် အထက်တန်းကျောင်း မှာ မနက် ၁၀ နာရီ ရိုက်ကူးရေး ရှိတယ်။ သူက ဒီလောက်စောစော ထစရာ မလိုပေမယ့် ဒီနေ့အတွက်တော့ စောစောထဖို့ လိုအပ်နေတာကိုး။ အရာအားလုံးက သူမအတွက်ပါပဲ။ သူမကတော့ သူမဘာသာ အဆင်ပြေပါတယ်လို့ ပြောပေမယ့် အချိန်ပိုင်းအလုပ် တစ်ခါမှ မလုပ်ဖူးတဲ့လူတစ်ယောက်ကို ကြောက်စရာကောင်းတဲ့ ခေါင်းဆောင်နဲ့ တခြားယောကျ်ားတွေ အများကြီးရှိတဲ့နေရာကို သူတစ်ယောက်တည်း မလွှတ်ချင်ပါဘူး။ သူမက အထက်တန်း ဒုတိယနှစ်ကို ရောက်နေပြီမို့ အရွယ်ရောက်နေပြီဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်နိုင်စွမ်း ရှိတယ်လို့ ပြောလို့ရပေမယ့် မာရူး မျက်လုံးထဲမှာတော့ သူမက ကလေးတစ်ယောက်နဲ့ ဘာမှမကွာသေးပါဘူး။ မြစ်ထဲကို ပြေးဆင်းသွားမယ့် ကလေးတစ်ယောက်ကို ဒီတိုင်း ကြည့်မနေနိုင်ဘူးလေ။
မီးဖိုပေါ်မှာ တင်ထားတဲ့ ကင်မ်ချီဂျီဂဲက ပွက်ပွက်ဆူလာပြီ။ မနက်စောစော အလုပ်လုပ်ဖို့က ခွန်အားတွေ အများကြီး လိုအပ်တယ်လေ။ မနက်စာစားဖို့အတွက်ကိုလည်း သူ မက်ဆေ့ချ် ပို့ထားလိုက်သေးတယ်။
"အပြင်သွားတော့မလို့လား"
"အင်း။ ကင်မ်ချီဂျီဂဲက ပူနေတုန်းပဲ၊ အဲဒါ စားလိုက်လို့ရတယ်။ ဪ... အမေ သိပ်ကြိုက်တဲ့ မက်မန်းသီးပေါင်းတွေလည်း ရေခဲသေတ္တာထဲမှာ ရှိတယ်။ ပြီးတော့ ရေခဲသေတ္တာထဲက ပြည်ကြီးငါးတွေကိုလည်း ဒီနေ့အပြီး စားပစ်လိုက်ရင် ကောင်းမယ်ထင်တယ်"
"သားက အိမ်ရှင်မတစ်ယောက်ကျနေတာပဲ။ အမေ့အတွက် စိတ်မပူဘဲ သွားစရာရှိတာ သွားတော့။ ကားတွေကိုလည်း သတိထားဦး။ ပြန်လာတာ နောက်မကျဘူး မလား"
"ဒီနေ့ စောစောပြီးမယ် ထင်တာပဲ"
"နောက်ကျမယ်ထင်ရင် ဖုန်းဆက်လိုက်နော်"
"ဟုတ်ကဲ့ပါ မစ္စက်လီ ရယ်"
စူပါမားကတ်က ပိတ်ရက်မရှိတာကြောင့် သူ့အမေက ဒီနေ့လည်း အလုပ်လုပ်ရဦးမှာပဲ။ အိမ်မှာ အနားယူလို့ရပြီဆိုတဲ့အကြောင်းကို သူက သွယ်ဝိုက်ပြီး ပြောပြခဲ့ပေမယ့် အမေကတော့ အနားယူရမယ့် အရွယ် မရောက်သေးဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။ သူ့အမေက ဘာဒါ အိမ်ထောင်ကျတဲ့အထိတော့ အလုပ်လုပ်ချင်နေတုန်းပဲ။
"သား သွားတော့မယ်နော်"
အိမ်ကနေ ထွက်ထွက်ချင်းပဲ သူ ကောင်မလေးဆီကို ဖုန်းဆက်လိုက်တယ်။ ဖုန်းနှစ်ခါလောက် မြည်ပြီးသွားတဲ့အခါမှာတော့ တစ်ဖက်ကနေ ဖုန်းကိုင်လိုက်တယ်။
"နိုးပြီလား"
“ဒါပေါ့”
"အိပ်ချင်မနေဘူးလား"
“အိပ်ချင်တာပေါ့၊ ဝါး”
"အခု ဘယ်ရောက်နေပြီလဲ"
“ဆူဝမ် ဘူတာရုံ ကိုသွားမယ့် ဘတ်စ်ကားပေါ်မှာ။ နင်ကရော”
"ကိုယ် အခုလေးတင် အိမ်က ထွက်လာတာ"
“ဘာတွေ လုပ်နေတာလဲ။ မြန်မြန်လာခဲ့”
"အေးပါ။ ငိုက်နေရင်းနဲ့ ဘူတာရုံကို ကျော်သွားဦးမယ်"
“ငါ့ကို ကလေးလို့ ထင်နေတာလား”
ငါ့မျက်လုံးထဲမှာတော့ နင်က ကလေးပဲ ရှိသေးတာ - အဲဒီစကားတွေကို မြိုချလိုက်ပြီး သူ ဘတ်စ်ကားမှတ်တိုင်ဆီကို ခပ်သုတ်သုတ် လျှောက်လာခဲ့တယ်။ ဒီနေ့ရဲ့ ပထမဆုံး ဘတ်စ်ကားက မနက်ခင်း မြူနှင်းတွေကြားထဲကနေ ထွက်ပေါ်လာတယ်။ ဆူဝမ် ဘူတာရုံကို သွားမယ့်၊ မနက်ခင်းကို စတင်နေကြတဲ့ လူတွေနဲ့ ပြည့်ကျပ်နေတဲ့ ဘတ်စ်ကားပေါ်ကို သူ တက်လိုက်တယ်။ သူ ကားပေါ်ကနေ ဆင်းလိုက်တဲ့အချိန်မှာတော့ နေက ထွက်စပြုနေပြီ။ ဘူတာရုံအနောက်ဘက်ကနေ တွားသွားတက်လာတဲ့ နေမင်းကြီးကို လှမ်းကြည့်ရင်း သူ ဘူတာရုံထဲကို ဝင်လာခဲ့တယ်။
"ငါ ရောက်ပြီ"
"မြန်မြန်လာ"
လက်မှတ်စစ်တဲ့ နေရာရဲ့ အလွန်ကနေ သူက လက်လှမ်းပြတယ်။ အထဲကို မဝင်ခင် သူ လက်မှတ်တစ်စောင် အရင်ဝယ်လိုက်တယ်။
"ငါတို့ အချိန်အများကြီး ရပါသေးတယ်" လို့ မာရူး က ပြောလိုက်တယ်။ သူမက ပျာယာခတ်နေပုံရတာကြောင့်ပါပဲ။
ဒါက သူမရဲ့ ပထမဆုံး အချိန်ပိုင်းအလုပ် ဖြစ်နေတာကြောင့် သူမ နည်းနည်း စိတ်လှုပ်ရှားနေတာလည်း ဖြစ်နိုင်တယ်။
"ဟုတ်လို့လား"
"အင်း။ မနက်စာ စားပြီးပြီလား"
"ဟင့်အင်း" လို့ သူမက ရဲရဲတင်းတင်းပဲ ပြန်ဖြေတယ်။
"မနက်စာ စားလာခဲ့ဖို့ ပြောထားတယ်လေ"
"ငါ နောက်ကျမှာစိုးလို့ပါ။ ပြီးတော့ မနက်စောစောစီးစီး အမေ့ကို နှိုးရမှာလည်း အားနာလို့လေ။ အမေက မနေ့ညက စာအုပ်ကို တည်းဖြတ်နေရလို့ အိပ်တာ တော်တော်နောက်ကျတယ်"
တခြားရွေးချယ်စရာ မရှိတဲ့ပုံစံမျိုးနဲ့ သူ ပြောလိုက်တာကြောင့် မာရူး လည်း သက်ပြင်းချလိုက်မိတယ်။
"လိုက်ခဲ့"
သူက ကောင်မလေးရဲ့ လက်ကိုဆွဲပြီး ဘူတာရုံထဲက စတိုးဆိုင် ဆီကို လျှောက်သွားလိုက်တယ်။ ကောင်တာဘေးနားက အနွေးအအေးပေးတဲ့ စက်ထဲကနေ ပဲနို့ပူပူလေး တစ်ဘူးကို သူ ထုတ်ယူလိုက်တယ်။ သူက အချိုကြိုက်တာမို့ အချိုအရသာကို ရွေးလိုက်တယ်။
"ဒါလေး သောက်လိုက်"
"ငါ အဆင်ပြေပါတယ်ဆို"
"လုံးဝ အဆင်မပြေဘူး"
သူက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ပုလင်းကို လက်နှစ်ဖက်နဲ့ လှမ်းကိုင်လိုက်တယ်။ ပုလင်းဆီကနေ နွေးထွေးမှုကို ခံစားလိုက်ရပြီးနောက် သူ့မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ပေါ်လာတယ်။
"နင်ရော မနက်စာ စားပြီးပြီလား" ပဲနို့ကို တစ်ငုံသောက်ရင်း သူက မေးလိုက်တယ်။
"စားပြီးပြီ။ အစားအသောက်ဆိုတာ ခွန်အားပဲလေ"
သူ ပဲနို့သောက်လို့ ကုန်ခါနီးအချိန်မှာပဲ ရထားဆိုက်လာတယ်။ ရုံးဆင်းရုံးတက်အချိန် မဟုတ်သေးတာကြောင့် ရထားပေါ်တက်ဖို့ ဘာပြဿနာမှ မရှိပါဘူး။ မာရူး က အပြင်ဘက်မှာ ဖြတ်ပြေးနေတဲ့ ရှုခင်းတွေကို ခဏလောက် ငေးကြည့်နေပြီးမှ သူမဘက်ကို လှည့်ကြည့်လိုက်တယ်။ မနက်စောစောစီးစီး အိပ်ရာထရတာ တန်တယ်လို့ ခံစားရစေတဲ့ အကြောင်းရင်းကို သူမ တွေ့လိုက်ရတယ်။ သူမက မာရူး ရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း ငိုက်မျဉ်းနေတယ်။ ခေါင်းလေးက ညိတ်ကျသွားလိုက် ပြန်မတ်လာလိုက်နဲ့။ သူမအရှေ့မှာ ထိုင်နေတဲ့ အဘွားအိုတစ်ယောက်က ထိုင်ခုံယူမလားလို့ လှမ်းမေးတယ်။
"ရပါတယ်။ ကျွန်တော်တို့က ငယ်ပါသေးတယ်၊ အဘွားရဲ့ ထိုင်ခုံကို ကျွန်တော်တို့ မယူသင့်ပါဘူး။ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘွား"
မာရူး က သူ့လက်မောင်းကို ဆွဲပြီး သူ့အနားကို ဆွဲကပ်လိုက်တယ်။ သူက လန့်ဖျပ်သွားပြီး မျက်လုံး ပွင့်လာတယ်။
"ငိုက်နေရင်းနဲ့ လဲကျသွားရင် တော်တော်နာမှာနော်"
"...."
သူမက မာရူး ကို တိတ်တဆိတ် မော့ကြည့်နေပြီးမှ အရှေ့ကို ပြန်လှည့်ကြည့်လိုက်တယ်။ သူမက မာရူး ဆီကနေ လက်မောင်းကို ပြန်မရုပ်သွားပါဘူး။ သန်းဝေလိုက်ပြီးနောက် သူမ ထပ်ပြီး ငိုက်မျဉ်းလာပြန်တယ်။ သူမက တကယ်ကို အိပ်ရေးဝဖို့ လိုအပ်နေတာ။ သူမ အခုလို စောစောစီးစီး ထလာနိုင်တာက တကယ့်ကို အံ့ဩစရာပဲ။ ရထားက ဥမင်လှိုဏ်ခေါင်းတစ်ခုထဲကို ဝင်သွားတယ်။ ဆူညံသံ ထွက်လာတာကြောင့် သူမ လန့်ပြီး ပြန်နိုးလာပြန်တယ်။
"ရောက်တော့မယ်"
"ဪ၊ အိုကေ"
"သွားရည်တွေ သုတ်လိုက်ဦး"
"သွားရည်"
သူမပါးစပ်ကို လက်ခုံနဲ့ သုတ်ယောင်သုတ်ပြာ လှမ်းသုတ်လိုက်တယ်။ ပါးစပ်က ခြောက်သွေ့နေတာကို သတိထားမိသွားတော့ မာရူး ကို ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်တယ်။ မာရူး ကတော့ ပခုံးတွန့်ပြလိုက်တယ်။
သူတို့ နောက်ထပ် ဘူတာရုံ နှစ်ခုကို ဖြတ်ကျော်လာခဲ့တယ်။ အခုတော့ ဆင်းရမယ့်အချိန် ရောက်ပြီ။ ရထားအပြင်ဘက်မှာ လူအုပ်ကြီးက အများကြီးပဲ။ တကယ်တော့ မနက်ခင်းအချိန် မြေအောက်ရထားလိုင်း နံပါတ်နှစ် ဆိုတာ ငရဲကျနေသလိုပါပဲ။ တံခါးတွေ ပွင့်သွားပြီး လူတွေ ဆင်းဖို့ အချိန်တောင် မရလိုက်ခင်မှာပဲ ရုံးဝန်ထမ်းတွေက အထဲကို အလုအယက် တိုးဝင်လာကြတယ်။ မဝင်လိုက်ရမှာ စိုးရိမ်နေတဲ့ သူတို့ရဲ့ ခံစားချက်ကို မာရူး နားလည်ပေမယ့်... သူ့ချစ်သူက အနောက်ကို တွန်းပို့ခံနေရတာကို မာရူး မြင်လိုက်ရတယ်။ ဒီလိုအဖြစ်မျိုးကို ပထမဆုံးအကြိမ် ကြုံဖူးတာမို့ သူက ပျာယာခတ်နေပုံရတယ်။
"ကိုယ့်အနောက်မှာ နေ"
ကောင်မလေးကို အနောက်မှာထားပြီး မာရူး က ရထားပေါ်ကနေ မနည်း တိုးထွက်လာခဲ့ရတယ်။ တံခါးပိတ်သွားတဲ့ အချိန်အထိ အထဲဝင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်က ကျိန်ဆဲပြီး လှည့်ထွက်သွားတယ်။ အဲဒါကို ကြည့်ပြီး သူက စိတ်ပျက်လက်ပျက်နဲ့ စုပ်သပ်လိုက်တယ်။
"မင်း အလုပ်ရသွားရင် ဒါမျိုးတွေ ပိုပြီး မြင်ရဦးမှာမို့ အဲဒါကို စိတ်ထဲမှာ မှတ်ထား"
"တကယ်လား။ မနက်တိုင်း ငါ အဲဒီလိုမျိုး ကြုံရတော့မှာပေါ့"
"ကြုံရမှာ သေချာတယ်"
"ငါ ကားတစ်စီးလောက်တော့ ဝယ်မှ ဖြစ်တော့မယ် ထင်တယ်"
"ကားရှိရင် လွယ်မယ်လို့ မထင်နဲ့နော်။ မနက်ခင်း ဆိုးလ် မြို့ဆိုတာ တကယ့်ငရဲပဲ"
"ဟွန့်... နင်က တော်တော် သိနေတဲ့ပုံပါလား။ နင်ကိုယ်တိုင်ရော အဲဒီလို ကြုံဖူးလို့လား"
"ကြုံဖူးတာပေါ့။ အများကြီးပဲ"
မလိမ်ပါနဲ့လို့ သူမက ပြောပေမယ့် မာရူး ကတော့ သူ့ကိုခေါ်ပြီး လှေကားပေါ်ကိုသာ ဆက်တက်လာခဲ့တယ်။ မနက် ၆ နာရီခွဲပဲ ရှိသေးတယ်။ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။
* * * * * * * * *