← Chapters

အခန်း ၃၃၂

Vol. 34 Ch. 332

အခန်း ၃၃၂

Vol. 34 Ch. 332

အခန်း(၃၃၂)

သတိပေးချက် - စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အခန်း ဆက်လက်ပါရှိပါသည်။

အဲဒီလူက ရေဒီယိုကို ဖွင့်လိုက်တယ်။ တိုက်ဆိုင်စွာပဲ ရေဒီယိုကနေ ထွက်လာတဲ့ သီချင်းသံက Blue အဖွဲ့ရဲ့ သီချင်းဖြစ်နေတယ်။ သူတို့ရဲ့ ပထမဆုံး အယ်လ်ဘမ်က ခေါင်းစဉ်သီချင်းလေ။ ဒါယွန်း တစ်ယောက် တေးသွားကို ကြားတာနဲ့တင် အလိုလို ကမိနေတဲ့အထိ ဒီသီချင်းကို အကြိမ်ကြိမ် လေ့ကျင့်ခဲ့ဖူးတယ်။ ပထမအပိုဒ် အပြီးမှာတော့ ချယ်ရင် ရဲ့ တစ်ကိုယ်တော်အပိုဒ် စလာတယ်။

'အဲဒီအချိန်တုန်းကလည်း ကောင်းခဲ့တာပါပဲ'

ဒါယွန်း က ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။

အခုတော့ သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ နည်းသွားတဲ့အချိန်မှာ ချယ်ရင် တစ်ယောက်တည်း မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရနေတာက အဖွဲ့ထဲက အခြေအနေကို ပိုပြီး ဆိုးရွားသွားစေတယ်။ အချိန်တစ်ခုရောက်တော့ သူတို့လေးယောက်က ချယ်ရင် ကို ဖယ်ကြဉ်ပြီး သူတို့ဘာသာ သူတို့ပဲ သွားလာတတ်လာတယ်။ ချယ်ရင် က အငယ်ဆုံးအဖွဲ့ဝင်ဖြစ်နေတော့ သူ့ကို လျစ်လျူရှုဖို့က လွယ်ကူနေတယ်လေ။ အဲဒါက သူတို့လေးယောက်ကြားက ဆက်ဆံရေး ကောင်းမွန်တယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ သူတို့က ချယ်ရင် နဲ့ အတူမနေချင်တဲ့အခါ သူတို့အဆင်ပြေသလို အချင်းချင်း အသုံးချရုံသက်သက်ပဲ။

ဒါယွန်း စိတ်မသက်မသာ ဖြစ်လာတယ်။ အဖွဲ့ဝင်တစ်ယောက်တည်းကပဲ အာရုံစိုက်ခံရတဲ့ အိုင်ဒေါအဖွဲ့တွေ ဘာဖြစ်သွားလဲဆိုတဲ့ ဥပမာတွေ အများကြီးရှိတယ်လေ။ သူ နည်းလမ်းတစ်ခု ရှာမှရမယ်။ ဖျော်ဖြေရေးအစီအစဉ် တချို့မှာ သူ နှစ်ခါသုံးခါလောက် ပါဝင်ခဲ့ပေမယ့် ရလဒ်တွေက သိပ်မကောင်းခဲ့ဘူး။ နောက်ထပ် အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မင်ဂျီ ကတော့ အဲဒီရှိုးတွေမှာ အဆင်ပြေပြီး အလုပ်တွေ ဆက်တိုက်ဝင်နေပေမယ့် သူကတော့ ဘာအလုပ်မှ မဝင်လာဘူး။ အဖွဲ့ဝင်တွေကြားက ကွာဟချက်က ပိုပိုကျယ်လာတယ်။ မင်ဂျီ နဲ့ ချယ်ရင် ကလွဲပြီး ကျန်တဲ့ ကောင်မလေးနှစ်ယောက်ကလည်း တစ်ကိုယ်တော် အယ်လ်ဘမ် ထုတ်တာတို့၊ တေးဂီတပြဇာတ်မှာ ပါဝင်တာတို့နဲ့ လှုပ်ရှားမှုတွေ စတင်နေကြပြီ။

သူတစ်ယောက်တည်း နောက်ကောက်ကျန်ခဲ့တာ။ ဒီအတိုင်းဆို သူက ဘာမှမလုပ်နိုင်တဲ့သူတစ်ယောက် ဖြစ်သွားတော့မယ်။ အချိန်ပိုင်းအလုပ်သစ်တွေ ရဖို့ ပူပန်နေရတဲ့ အရင်နေ့ရက်တွေဆီကို သူ ပြန်မသွားချင်ဘူး။ အဲဒီအချိန်မှာပဲ သူ အဲဒီလူကို ပြန်သတိရသွားတယ်။ အဲဒီလူနဲ့ အဆက်အသွယ် ဖြတ်ထားတာ ငါးလတောင် ရှိနေပြီလေ။ သူ အဲဒီလူဆီကို စာတစ်စောင် ပို့ကြည့်လိုက်တယ်။ ထူးဆန်းတာက စာပို့လိုက်တဲ့အချိန်မှာပဲ အဲဒီလူကို ချစ်မိသွားခဲ့တဲ့ အတိတ်က သူ့ကိုယ်သူ ပြန်သတိရသွားတာပဲ။ အဲဒီအချိန်တွေက ကောင်းမွန်တဲ့ နေ့ရက်တွေပဲလို့ သူ့ဘာသာ တွေးရင်း စာပြန်အလာကို စောင့်နေခဲ့တယ်။ စာပြန်ဝင်လာတယ်။ အဲဒီလူက သူ့ကို တွေ့ချင်နေတယ်။

သူ လိုချင်တဲ့ တုံ့ပြန်မှုမျိုး ရလိုက်တဲ့အတွက် ဒါယွန်း ဝမ်းသာသွားတယ်။ အဲဒီလူက သူ့ကို Yellow Star ထဲ ဝင်နိုင်အောင် ကူညီပေးခဲ့တဲ့သူလေ။ ဒီတစ်ခါလည်း သူ့အတွက် တစ်ခုခု စီစဉ်ပေးမယ်ဆိုတာ သူ သေချာပေါက် သိနေတယ်။ သူ အဲဒီလူနဲ့ ချိန်းထားတဲ့နေရာမှာ တွေ့တော့ သတိတရနဲ့ပဲ ဖက်လိုက်တယ်။ အရင်တုန်းက အတိုင်းပါပဲ။

ဒါပေမဲ့ ပြောင်းလဲသွားတာ သူတစ်ယောက်တည်း မဟုတ်ဘူး။ အဲဒီလူကလည်း ပြောင်းလဲသွားပြီ။ ရင်းနှီးတဲ့ စကားစမြည်ပြောတာမျိုး၊ ဈေးဝယ်ထွက်တာမျိုး၊ ဘာတစ်ခုမှ မရှိခဲ့ဘူး။ သူတို့က နီးစပ်ရာ ဟိုတယ်တစ်ခုကို တန်းသွားပြီး အတူအိပ်ခဲ့ကြတယ်။ တော်တော်လေး ကြမ်းတမ်းလွန်းတယ်။ အဲဒီလူက အချိန်တိုင်း ဆဲဆိုနေခဲ့တယ်။ အဲဒီလူက 'မင်းလိုကောင်မက ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့' လို့ ဆက်တိုက်ပြောရင်း သူ့ခန္ဓာကိုယ်ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တယ်။ ဒါယွန်း တစ်ယောက် ကြောက်လန့်ပြီး ငိုနေပေမယ့် အဲဒီလူကို ပိုပြီး တင်းကျပ်နေအောင် ဖက်ထားလိုက်တယ်။ အဲဒီလိုလုပ်ရင်းနဲ့ သူ ဆင်ခြေတွေ ဆက်တိုက်ပေးနေခဲ့တယ်။ သူ အလုပ်များနေလို့ အခုမှပဲ ပြန်ဆက်သွယ်ဖို့ အချိန်ရတာပါလို့၊ သူက အရင်စပြီး ဆက်သွယ်လာတာက သက်သေပါပဲလို့၊ အဲဒီလူကို တကယ်ချစ်ပါတယ်လို့ သူ ပြောနေခဲ့တယ်။

ဒါပေမဲ့ အဲဒီလူက အရင်ကလိုမျိုး သူ့ကို အလွယ်တကူ လွှတ်မပေးခဲ့ဘူး။ အရင်ကလိုမျိုး သူ့ကို ပိုက်ဆံပေးပေမယ့် အဲဒီလူရဲ့ အကြည့်တွေက ဘားတစ်ခုက ဖျော်ဖြေရေးမယ် တစ်ယောက်ကို ကြည့်နေတဲ့ အကြည့်မျိုးပဲ။ ဒါယွန်း က အဲဒီပိုက်ဆံတွေကို မသုံးဘဲ စုထားလိုက်တယ်။ ဘဝရဲ့ ကြိုတင်ခန့်မှန်းလို့မရတဲ့ အခြေအနေတွေကို သူ ကိုယ်တိုင် တွေ့ကြုံခဲ့ရပြီးပြီလေ။ နောက်ပိုင်းအတွက် အဲဒီပိုက်ဆံတွေကို စုထားမှ ဖြစ်မယ်။

သူတို့ရဲ့ ဆက်ဆံရေးက နောက်ထပ် နှစ်ဝက်လောက် ပြန်ဆက်သွားတယ်။ အဲဒီအချိန်အတွင်းမှာ ဒါယွန်း က တီဗီပေါ်မှာ တစ်ခါမှ မပေါ်လာခဲ့ဘူး။ အဖွဲ့အနေနဲ့ နှစ်ခါသုံးခါလောက် ပါဝင်ခဲ့ပေမယ့် တစ်ကိုယ်တော် လှုပ်ရှားမှုကတော့ သုညပဲ။ သူ အပြစ်မကင်းသလို ခံစားလာရတယ်။ အေဂျင်စီက ဥက္ကဋ္ဌက သူ့ကို နှစ်သိမ့်ပေးပေမယ့် သူ စိတ်သက်သာရာ မရနိုင်ဘူး။ ဥက္ကဋ္ဌက ကြောက်စရာကောင်းတဲ့ လူတစ်ယောက်လေ။ သူက လူကောင်းတစ်ယောက်ဆိုပေမယ့် လူကောင်းဖြစ်တာနဲ့ ကြောက်စရာကောင်းတာက သီးခြားကိစ္စတွေပဲ။

အန်းဂျူဟယွန်း ကို နာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌနဲ့ ချိတ်ဆက်ပေးဖို့ သူတို့ ဥက္ကဋ္ဌ ကြိုးစားနေတာကို ဒါယွန်း မြင်ဖူးတယ်။ ဂျူဟယွန်း က အဖိုးတန်တဲ့သူဖြစ်လို့ ဥက္ကဋ္ဌက လျှော့ပေးလိုက်ပေမယ့် အဲဒီနေရာမှာ သူ့ကိုသာ အစားထိုးလိုက်ရင် ဘာဖြစ်သွားမလဲ။ ဥက္ကဋ္ဌက လက်ခံလိုက်ပြီး အဲဒီကုမ္ပဏီဥက္ကဋ္ဌနဲ့ သူ အတူသောက်ရတာမျိုး ဖြစ်သွားနိုင်တယ်။

ဥက္ကဋ္ဌက အစကတည်းက အဲဒီလိုနေရာမျိုးတွေကို ဖန်တီးပေးတဲ့သူ ဖြစ်နေတဲ့အတွက် ဘယ်အချိန်မှာ သူ့ကို ရောင်းစားလိုက်မလဲဆိုတာ မသိနိုင်ဘူးလေ။ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ကျဆင်းလာတာနဲ့အမျှ အဲဒီလူအပေါ် ထားတဲ့ သူ့ရဲ့ဆန္ဒတွေ၊ အချစ်တွေ ပိုတိုးလာတယ်လို့ ဒါယွန်း ခံစားရတယ်။ သူ့ကိုယ်သူ ရွံရှာမိပေမယ့် ကျရှုံးရမှာကို ကြောက်တဲ့စိတ်က ပိုကြီးမားနေတယ်။ အဲဒီလူကို ဖက်ထားသရွေ့တော့ ကျရှုံးနိုင်ခြေ နည်းတယ်လို့ ဒါယွန်း တွေးထားမိတယ်။

ပြီးတော့ ဒီနေ့မှာလည်း အဲဒီလူနဲ့ သူ ပြန်တွေ့ခဲ့တယ်။

သူ့အမြင်အာရုံကို ဖြတ်ပြေးသွားတဲ့ အဆောက်အအုံတွေက တဖြည်းဖြည်း နှေးကွေးသွားတယ်။ မီးပွိုင့်က အနီရောင်ပြောင်းသွားပြီ။ မီးပွိုင့်ရဲ့တစ်ဖက်မှာ ဟိုတယ်တစ်ခုကို သူ မြင်လိုက်ရတယ်။

နောက်ထပ် ဟိုတယ်ပဲလား။ ဒီနေ့ရော သူ ငါ့ကို ဘယ်လောက်ပေးမလဲ မသိဘူး။ အရင်ကလိုပဲ သုံးသန်းလောက် ပေးရင် ကောင်းမှာပဲ။

သူ အဲဒီလို တွေးနေတုန်းမှာပဲ၊

"ရုပ်ရှင် တစ်ကား ရိုက်ရအောင်"

"ရှင်"

ရုပ်ရှင် အဲဒီအချိန်မှာ သူက တတိယတန်းစား အပြာကားတွေကို သွားတွေးမိတယ်။ အခု သူ တကယ်ပဲ ခန္ဓာကိုယ်ကို ရောင်းစားရတော့မှာပေါ့။ ဒါက တော်တော်လေး ပြဿနာကြီးသွားလိမ့်မယ်။ နာမည်ကြီး အိုင်ဒေါ တစ်ယောက် အဝတ်အစားတွေ ချွတ်လိုက်ပြီ - ဆိုတာမျိုးက သတင်းခေါင်းစဉ်တွေ ဖြစ်လာတော့မှာပဲ။ ဒါပေမဲ့ အဲဒီလူရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ စကားက သူ လုံးဝ မျှော်လင့်မထားတဲ့ အရာတစ်ခု ဖြစ်နေတယ်။

"ငါ့ အသိတစ်ယောက်က ရုပ်ရှင်ရိုက်နေလို့။ အဲဒီကားထဲမှာ မင်းကို ထည့်ပေးလို့ ရမလားလို့ ငါ မေးကြည့်ထားတယ်"

အဲဒီလူက ကားကို ဘယ်ဘက်ကွေ့လိုက်ရင်း နှာခေါင်းထိပ်ကို ပွတ်လိုက်တယ်။ သူတို့ သွားနေတာ ဟိုတယ်ကို မဟုတ်ဘူး။ ကားက နာမည်ကြီး စားသောက်ဆိုင်တစ်ခုဆီကို တဖြည်းဖြည်း ဦးတည်သွားတယ်။ အရင်ကလည်း အဲဒီလူနဲ့အတူ ဒီနေရာကို သူ ရောက်ဖူးတယ်။ တတိယထပ်က ကြိုတင်ဘွတ်ကင်လုပ်ထားသူတွေကိုပဲ လက်ခံပြီး ဓာတ်လှေကားနဲ့ပဲ တက်လို့ရတယ်။ ဒီနေရာမှာက လွတ်လပ်ခွင့်ကို တော်တော်လေး အလေးထားတာ။

ဒါယွန်း ရဲ့ ခံစားချက်တွေက ရှုပ်ထွေးသွားတယ်။ ကားပေါ်က ဆင်းပြီးတဲ့နောက်မှာ အတွင်းရေးမှူးတစ်ယောက်လို အဲဒီလူရဲ့ အနောက်မှာ သူ ရပ်နေလိုက်တယ်။ အရင်စပြီး စကားပြောတာမျိုးလည်း သူ မလုပ်ခဲ့ဘူး။ သူ့နေရာသူ အခုတော့ သိနေပြီလေ။ တိတ်ဆိတ်နေတဲ့ အချိန်အတွင်းမှာ အဲဒီလူ ပြောတဲ့စကားက ဘာကိုဆိုလိုတာလဲဆိုတာကို သူ ခွဲခြမ်းစိတ်ဖြာကြည့်နေတယ်။ ရုပ်ရှင်ထဲမှာ တကယ်ပဲ သူ့ကို ထည့်ပေးမှာလား။ ဒါမှမဟုတ် ချိုသာတဲ့ စကားတွေနဲ့ သူ့ကို လှည့်စားနေတာလား။

သူတို့ကို ပြတင်းပေါက်နားက သီးသန့်အခန်းတစ်ခန်းဆီကို ယဉ်ယဉ်ကျေးကျေး လမ်းညွှန်ခေါ်ဆောင်သွားတယ်။ အလယ်မှာ အညိုရင့်ရောင် သစ်သားစားပွဲတစ်လုံးရှိပြီး ဘယ်ဘက်မှာတော့ နာမည်ကြီး ပန်းချီဆရာတစ်ယောက်ရဲ့ ပန်းချီကားတစ်ချပ် ရှိတယ်။ အဲဒီပန်းချီကားတွေက တစ်ချပ်ကို ဝမ်သန်းချီပြီး တန်တယ်လို့ ပြီးခဲ့တဲ့အကြိမ်က သူ ကြားဖူးတယ်။ ဒါက သူ နားမလည်နိုင်တဲ့ ကမ္ဘာတစ်ခုပါပဲ။

စားပွဲထိုး ဆွဲထုတ်ပေးတဲ့ ကုလားထိုင်ပေါ်မှာ သူ ထိုင်လိုက်ပြီး သူ့ဦးထုပ်ကို ကမ်းပေးလိုက်တယ်။ အရင်ကလိုပဲ ဟိုတယ်ကိုသွားပြီး ကြမ်းကြမ်းတမ်းတမ်း အတူအိပ်ပြီးမှ လမ်းခွဲကြမယ်လို့ သူ ထင်ထားပေမယ့် အခုတော့ ပထမဆုံးအကြိမ် တွေ့ခဲ့တုန်းကလို စားသောက်ဆိုင်တစ်ခုကို ရောက်နေတယ်။

တစ်ခွက်ကို ဝမ်တစ်သောင်းတန်တဲ့ ရေတစ်ခွက်နဲ့ သူ့ကို ဧည့်ခံတယ်။ ရိုးရိုးရေလေးကိုတောင် တစ်ခွက် ဝမ်တစ်သောင်းတဲ့။ ဒါက အဲဒီလို နေရာမျိုးလေ။ အဲဒီလူက စကားမပြောခင် ရေနည်းနည်း သောက်လိုက်တယ်။

"မင်း သရုပ်ဆောင်ကြည့်ဖူးလား"

"ဟင့်အင်း၊ မလုပ်ဖူးသေးဘူး"

"ဘာဖြစ်လို့လဲ။ တခြားလူတွေကတော့ အနည်းဆုံး စမ်းတော့ကြည့်ဖူးကြမယ် ထင်တယ်"

"အရင်က ဖျော်ဖြေရေးရှိုးတွေကိုတော့ သွားဖူးတယ်။ ဒါပေမဲ့ သိပ်အဆင်မပြေခဲ့ဘူး။ အဲဒီနောက်ပိုင်း ဘယ်ကမှ ဖုန်းမဆက်လာတော့ဘူး..."

"ဒါဆို မင်းရဲ့ နာမည်ကြီးမှုက ကျဆင်းသွားပြီး ဘယ်နေရာကမှ မခေါ်တော့ဘူးပေါ့"

ဒါယွန်း က ပါးစပ် မတွန့်သွားအောင် အတော်လေး ထိန်းလိုက်ရပြီး အသံတိုးတိုးလေးနဲ့ 'ဟုတ်ကဲ့' လို့ ပြန်ဖြေလိုက်တယ်။ သူ ရေဆာလာသလို ခံစားရတယ်။ ရေခွက်ကို အမြန်မော့သောက်လိုက်တယ်။ ဝမ်တစ်သောင်းက သူ့လည်ချောင်းထဲကို ဝင်သွားတယ်။ ရေဖြစ်ပေမယ့် ခံစားရတာကတော့ ကြမ်းတမ်းနေတယ်။

"ဒါဆိုရင် ဒီအခွင့်အရေးမှာ မင်း စမ်းကြည့်သင့်တယ်။ မင်းက အဓိက ဇာတ်ပို့နေရာကနေ ပါရမယ်လို့ ကြားတယ်"

"အဲဒါက... တကယ်လား"

"အင်း"

ဒါယွန်း မေးချင်နေတယ်။ သူ ဘယ်လိုနေရာကနေ သရုပ်ဆောင်ရမလဲဆိုတာထက် ရုပ်ရှင်က ဘယ်လိုအမျိုးအစားလဲဆိုတာကို သူ သိချင်နေတာ။ တကယ်လို့ လူကြီးကားသာဆိုရင် သူ့ကို တော်တော်လေး ရွံရှာမိစေလိမ့်မယ်။ ဒီလူ့ရှေ့မှာ ချွတ်တာနဲ့ ကင်မရာရှေ့မှာ ချွတ်တာက လုံးဝကို ကွာခြားတဲ့ အဆင့်တစ်ခုလေ။ ဆင်းရဲရမှာကို ကြောက်တဲ့ သူ့ရဲ့စိတ်က ကြီးမားပေမယ့် လူတိုင်းပြောစရာဖြစ်မယ့် ပြဿနာတစ်ခုလည်း သူ မဖြစ်ချင်ဘူး။ လူကြီးကား မင်းသမီးတစ်ယောက် ဖြစ်ရမယ်လို့ တွေးလိုက်တာနဲ့တင် သူ့ရဲ့ ရင်ထဲမှာ ကမောက်ကမတွေ ဖြစ်သွားတယ်။

"ဒါက ထူးဆန်းတဲ့ ရုပ်ရှင်မျိုး မဟုတ်ဘူး"

အဲဒီလူက သူ့မျက်နှာကို ဖတ်မိသွားသလိုပဲ သူ့ကို စိတ်အေးသွားအောင် ပြောလိုက်တယ်။ သူ တွေးနေတာကို အဲဒီလူ သိသွားမှန်း သိလိုက်ရတဲ့အခါ ဒါယွန်း ရဲ့ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။ တစ်ချိန်တည်းမှာပဲ ထူးဆန်းတဲ့ ရုပ်ရှင်ကားမျိုး မဟုတ်ဘူးဆိုတဲ့ အချက်ကြောင့် သူ သက်ပြင်းချလိုက်မိတယ်။

"ဒါဆို ဘာကား..."

"ရာဇဝတ်မှုနောက်ခံကား လို့ ထင်တာပဲ"

အဲဒီလူက ရှင်းပြတယ်။ ရုပ်ရှင်က ရာဇဝတ်မှုတွေကို အခြေခံထားတာ။ ငယ်ငယ်တုန်းက မာဖီးယားဂိုဏ်းတွေနဲ့ ပတ်သက်ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်က ကြီးလာတော့ ရန်ဖြစ်ပြီး လမ်းခွဲသွားကြတဲ့ အကြောင်းပေါ့။ အဲဒီလူကတော့ အဓိကဇာတ်ကောင်တစ်ယောက်ရဲ့ တိတ်တိတ်ပုန်း ကောင်မလေးနေရာကနေ သူ သရုပ်ဆောင်ရမယ်လို့ ပြောတယ်။

"သူက နာမည်တော်တော်လေး ရထားတဲ့ကောင်ပဲ။ သူ့ရဲ့ ပထမဆုံးကားက တော်တော်လေး အောင်မြင်ခဲ့တော့ အများစုက သူ အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်နိုင်မယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ သူ့ရဲ့ နောက်ထပ်ကားက သိပ်မကောင်းခဲ့ဘူးလေ။ နိုင်ငံခြားက ရုပ်ရှင်ပွဲတော်တချို့ကို သူ ဖိတ်ကြားခံခဲ့ရပေမယ့် ငွေမရတဲ့အတွက် ဘာမှ အသုံးမဝင်ဘူးပေါ့"

အဲဒီလူက စီးကရက်တစ်လိပ်ကို ပါးစပ်မှာ တပ်လိုက်တယ်။ ဒါက ဆေးလိပ်သောက်ခွင့်ပြုတဲ့ စားသောက်ဆိုင်လေ။ ရွှေနဲ့လုပ်ထားသလား ထင်ရတဲ့ ပြာခွက်တစ်ခုလည်း ရှိတယ်။ အဲဒီလူက တစ်ရှိုက် ဖွာလိုက်ပြီးတာနဲ့ စီးကရက်ကို ပြာခွက်ပေါ် တင်လိုက်တယ်။ သူက အဲဒီလိုလုပ်တတ်တဲ့ အကျင့် အမြဲရှိတယ်။ အမွှေးတိုင် ထွန်းနေတာနဲ့တောင် တူသေးတယ်။

"စမ်းကြည့်လိုက်။ သရုပ်ဆောင်တာက စိတ်အားထက်သန်မှုသာရှိရင် ဘယ်သူမဆို လုပ်နိုင်တဲ့အရာပဲ။ ဘာပဲဖြစ်ဖြစ် စကားလုံးတွေနဲ့ ကစားရတာပါပဲ။ စီးပွားရေးနဲ့ ယှဉ်ရင်တော့ ဒါက ကလေးကစားစရာလောက်ပဲ ရှိတာ"

"ကျွန်မ တကယ်ပဲ ရုပ်ရှင်ထဲ ရွေးချယ်ခံရတာလား"

"မင်း ငါ့ကို မယုံဘူးလား"

အဲဒီလူရဲ့ မျက်လုံးတွေက တုန်လှုပ်သွားတယ်။ ဒါယွန်း က ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်ပြီး လိမ္မာတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်လိုက်တယ်။ အဲဒီလူကို သူ မဆန့်ကျင်ရဲဘူးလေ။ အခုချိန်အထိ အဲဒီလူက သူ့ကို စိတ်ဆိုးနေတုန်းပဲ။

အဲဒီလိုဖြစ်နေတာတောင်မှ သူ့ကို ဒီအခွင့်အရေး ပေးနေတာကို ထည့်တွေးကြည့်ရင် အဲဒီလူရဲ့ ဒေါသတွေ နည်းနည်းတော့ လျော့သွားလောက်ပြီ။ သူ့ကို ဒီနေရာအထိ ခေါ်လာတယ်ဆိုတဲ့ အချက်ကပဲ အဲဒီလူ စိတ်ပြောင်းသွားပြီဆိုတာကို ဆိုလိုနေတယ်။ ဒါယွန်း သတ္တိမွေးပြီး အဲဒီလူကို ပြန်ကြည့်လိုက်တယ်။ အဲဒီလူက တစ်ခုခုကို မကျေနပ်တဲ့ ပုံပေါက်နေတယ်။ အဲဒီအချိန်မှာပဲ ကားထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သူ တွေးမိသွားတယ်။ သူ ကြည့်နေတဲ့ မိသားစုဓာတ်ပုံကို အဲဒီလူ ဖုံးလိုက်တုန်းက စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံပေါ်တယ်။ အရင်တုန်းက အဲဒီလူ အဲဒီလို မလုပ်ဖူးဘူး။ သူနဲ့ အတူအိပ်ပြီးတာတောင်မှ သူ့မိန်းမဆီကို ချစ်ခင်တဲ့ အသံနဲ့ ဖုန်းဆက်တတ်သေးတာ။ ဒီလူက သူ့ရဲ့ အိမ်ထောင်သည်ဘဝနဲ့ လိင်ဆက်ဆံဖော်တွေကို လုံးဝ ခွဲခြားထားတတ်တဲ့ သူမျိုး။ ဒါပေမဲ့ ဒီနေ့တော့ နည်းနည်း ကွာခြားနေသလို ခံစားရတယ်။

အဲဒီအကြောင်း မတွေးခင် ရေတစ်ငုံ ထပ်သောက်လိုက်တယ်။ သူတို့ရဲ့ ဆက်ဆံရေးကို တိုးတက်အောင် လုပ်ဖို့ လိုအပ်နေပြီ။ အခု Blue က ဖျက်သိမ်းမယ့် လမ်းကြောင်းပေါ်ကို ရောက်နေပြီမို့လို့ အဲဒီလူရဲ့ အကူအညီက သူ့အတွက် မရှိမဖြစ် လိုအပ်နေတယ်။ အရင်တုန်းကလို ဆက်ဆံရေးမျိုး ဖြစ်အောင် သူ လုပ်နိုင်သရွေ့တော့...

'ရွံစရာကောင်းပြီး ညစ်ပတ်ပေမယ့် ကျွန်မမှာ ရွေးချယ်စရာ ရှိနေတာမှ မဟုတ်တာ'

သူက အပြစ်ကင်းပါတယ်။ လက်တွေ့ဘဝရဲ့ မှောင်မိုက်တဲ့ အမှန်တရားကသာ သူ့ကို နောက်ကို တွန်းပို့နေတာ။ သူ့ကိုယ်သူ ဆင်ခြေပေးနေတာလားဆိုတဲ့ စကားလုံးက ခေါင်းထဲ ဝင်လာပေမယ့် အဲဒီစကားလုံးကို လျစ်လျူရှုထားဖို့ သူ အကောင်းဆုံး ကြိုးစားလိုက်တယ်။ အခုချိန်မှာတော့ ဒီလူ့ရဲ့ နှလုံးသားကို ပြန်ရဖို့ပဲ အာရုံစိုက်ရမယ်။

"အဟမ်း..." သူ သတိထားပြီး စကားစလိုက်တယ်။

အဲဒီလူက သူ့ကို ရက်စက်တဲ့ အကြည့်နဲ့ ပြန်ကြည့်လာရင်တော့ ရပ်လိုက်ဖို့ သူ စီစဉ်ထားတယ်။

"ဘာလဲ"

"တစ်ခုခု အဆင်မပြေဖြစ်နေလို့လားဟင်"

အဲဒီလူက အံ့သြသွားတဲ့ မျက်နှာပေးမျိုး လုပ်လိုက်ပြီးမှ ဟန်လုပ် ပြုံးပြလိုက်တယ်။ မတူညီတဲ့ ခံစားချက်တွေ အများကြီးက သူ့မျက်နှာပေါ်မှာ ဖြတ်ပြေးသွားတယ်။ ကံကောင်းတာက သိပ်ပြီး အဆိုးမြင်စရာတော့ မခံစားရဘူး။

"ငါ ဂန်နမ် ကို သွားမယ်ဆိုရင် မင်းထက် ငယ်ပြီး ပိုလှတဲ့ ကောင်မလေးတွေနဲ့ တွေ့လို့ရတယ်။ ပိုပြီး လုံခြုံသလို သူတို့က ပိုပြီးတော့လည်း စကားနားထောင်ကြတယ်။ ခြေထောက်ကို လျှာနဲ့လျက်ခိုင်းရင်တောင် လုပ်ပေးမယ့် ကောင်မလေးတွေ ရှိသေးတယ်"

အဲဒီလူက နက်တိုင်ကို နည်းနည်းလျှော့လိုက်ရင်း ဆက်ပြောတယ်။

"အဲဒီလို ဖြစ်နေတာတောင်မှ ငါ မင်းနဲ့ ဘာလို့ တွေ့နေလဲ သိလား။ အန္တရာယ်ခံပြီး မင်းနဲ့ ဘာလို့ လာတွေ့နေရတာလဲ"

"...ကျွန်မကို သဘောကျလို့များလား"

အဲဒီလူက သူ့ရဲ့ အထင်ကို ဟုတ်တယ်လို့လည်း အတည်မပြုသလို ငြင်းလည်း မငြင်းဘူး။ အဲဒီ တိတ်ဆိတ်မှုထဲမှာ ဒါယွန်း က မျှော်လင့်ချက်ကို မြင်လိုက်တယ်။ သံယောဇဉ်ဆိုတာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သံယောဇဉ်ပါပဲ။ ဒီလူက သူ့အပေါ်မှာ တွယ်တာစိတ်တွေ ရှိနေတုန်းပဲ။

"ဇနီးသည်နဲ့များ တစ်ခုခု အဆင်မပြေဖြစ်နေလို့လားဟင်"

"ငါက ဉာဏ်များတဲ့ မိန်းမတွေကို သိပ်သဘောမကျဘူး"

"တ-တောင်းပန်ပါတယ်။ ကျွန်မ စည်းကျော်သွားတယ်။ နောက်ဆို သတိထားပါ့မယ်"

သူ ခေါင်းငုံ့ပြီး ပြောလိုက်တယ်။ တစ်ခဏတော့ သူ စိတ်လှုပ်ရှားသွားပေမယ့် သူ ရှင်းရှင်းလင်းလင်း သိထားရမယ့် အရာတစ်ခု ရှိတယ်။ အဲဒါက ဒီနေရာမှာ အဲဒီလူက အထက်တန်းစားဖြစ်နေတာပဲ။ အထက်အောက် ခွဲခြားတဲ့ လူ့အဖွဲ့အစည်း မရှိတော့ဘူးဆိုတာလား။ လူတိုင်းက တန်းတူညီမျှတယ်ဆိုတာလား။ အဲဒါတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေချည်းပဲ။ ဒီခေတ်က လူသားသမိုင်းမှာ အထက်အောက် ခွဲခြားမှု အများဆုံးရှိတဲ့ လူ့အဖွဲ့အစည်းတွေထဲက တစ်ခုပဲ။

"မင်း အဲဒီလောက် ကြောက်နေစရာ မလိုပါဘူး"

အဲဒီလူက လက်ဝါးလှန်ပြီး သူ့ဆီ လက်ကမ်းပေးလာတယ်။ ဒါယွန်း က မသိစိတ်ကနေပဲ အဲဒီလူရဲ့ လက်ပေါ်ကို သူ့လက် တင်လိုက်မိတယ်။ သူက လိမ္မာတဲ့ ခွေးလေးတစ်ကောင်လိုပဲ။ အဲဒီအပြုအမူကို ကြည့်ပြီး အဲဒီလူက တကယ်ကို ပြုံးလိုက်တယ်။ သူ တကယ် ပျော်သွားတဲ့ပုံပဲ။

"အင်း။ အဲဒါမှန်တယ်။ အခု မင်းလုပ်နေသလိုမျိုးလေးပဲ လုပ်နေဖို့ လိုတာ။ အရင်တုန်းက ငါတို့ရဲ့ ဆက်ဆံရေးက အဆင်ပြေခဲ့တယ် မဟုတ်လား။ အဲဒီတော့ နောင်လည်း အဲဒီလိုမျိုးပဲ ဆက်နေသွားကြမယ်လေ၊ ဟုတ်ပြီလား"

"ဟုတ်ကဲ့။ ကျွန်မ အဲဒီလိုပဲ နေပါ့မယ်"

"ကောင်းပြီ"

အဲဒီအချိန်မှာပဲ တံခါးခေါက်သံ ကြားလိုက်ရပြီး ဝင်ခဲ့လို့ရမလားလို့ မေးတဲ့ အသံတစ်ခု ထွက်လာတယ်။ အဲဒီလူက ခွင့်ပြုလိုက်တဲ့အခါ စားပွဲထိုးက တံခါးကို သတိထားပြီး ဖွင့်ကာ အခန်းထဲ ဝင်လာတယ်။

"ဧည့်သည်တစ်ယောက် ရောက်နေပါတယ်။ ဒီကို ခေါ်ခဲ့ရမလား ခင်ဗျာ"

"လွှတ်လိုက်ပါ"

စားပွဲထိုး ထွက်သွားတယ်။ ဒါယွန်း က အဲဒီလူကို ကြည့်လိုက်တယ်။ ဧည့်သည်

"ရုပ်ရှင်ဒါရိုက်တာလေ။ မင်း သူနဲ့ တွေ့ရလိမ့်မယ်"

"သူ ဒီကို ရောက်နေတာလား"

အဲဒီလူက ခေါင်းညိတ်ပြတယ်။ ခဏအကြာမှာတော့ အသက်လေးဆယ်ကျော်အရွယ် လူတစ်ယောက် အခန်းထဲ ဝင်လာတယ်။ သူက ပုံမှန်ဝတ်နေကျ ဝတ်စုံမျိုးကို ဝတ်ဆင်ထားပြီး သပ်ရပ်တဲ့ မုတ်ဆိတ်မွေး ရှိတယ်။ သူက တော်တော်လေး ရုပ်ဖြောင့်ပြီး ဒါယွန်း မြင်ဖူးတဲ့ ဝဝဖိုင့်ဖိုင့်နဲ့ ဆံပင်ရှုပ်ပွနေတဲ့ ဒါရိုက်တာတွေရဲ့ ပုံစံမျိုးနဲ့ ကွာခြားနေတယ်။

"မတွေ့ရတာ ကြာပြီနော်၊ အစ်ကိုကြီး"

"ကြာလှချည်လားကွ။ ထိုင်စမ်းပါ"

"ဟုတ်ကဲ့ပါ"

ဝတ်စုံပြည့်နဲ့ ဒါရိုက်တာက ဝင်ထိုင်လိုက်တယ်။ အဲဒီနောက်တော့ သူက ဒါယွန်း ကို စကားပြောတယ်။

"ဒါယွန်း ဆိုတာ ဟုတ်တယ်မလား။ မင်းရဲ့ သီချင်းတွေကို သဘောကျပါတယ်"

"အာ.. ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်"

"ငါ ဘယ်သူလဲဆိုတာ မင်း သိလား"

အဲဒီမေးခွန်းကို ကြားလိုက်ရတော့ စားပွဲအောက်မှာရှိနေတဲ့ ဒါယွန်း ရဲ့ လက်တွေက တင်းကျပ်သွားတယ်။ သူ ဘယ်သူလဲဆိုတာ ဒါယွန်း မသိဘူးလေ။ မသိဘူးလို့ ပြောလိုက်ရင် တော်တော်လေး ရိုင်းရာကျသွားလိမ့်မယ်။

"ငါက ပတ်ဂျုံဂျင် ပါ။ 'Spring Calendar' ဆိုရင်တော့ မင်း ပိုရင်းနှီးလောက်မယ် ထင်တယ်"

ဒါရိုက်တာက သူ့နာမည်ကို အရင်ပြောပြလိုက်တယ်။ ဒါယွန်း က မျက်လုံးပြူးသွားပြီး ခေါင်းညိတ်ပြလိုက်တယ်။ Spring Calendar - အဲဒါက လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ ရုပ်ရှင်ကားရဲ့ နာမည်လေ။ အဲဒီအချိန်က သူ အလယ်တန်း တတိယနှစ်မှာ ရှိနေတုန်းပဲ။ ဗီဒီယိုခွေကို အခေါက်ခေါက်အခါခါ ဖွင့်ကြည့်ခဲ့ရတာကို ဒါယွန်း မှတ်မိနေတယ်။ အဲဒီအချိန်တုန်းက ကောင်မလေးတွေက အဲဒီရုပ်ရှင်အကြောင်း မပါဘဲနဲ့ စကားပြောလို့တောင် မရတဲ့အထိပဲ။

"ကောင်းတဲ့ ဇာတ်ကားတစ်ကားလောက် အတူတူ ရိုက်ကြတာပေါ့"

ဂျုံဂျင် က လက်ကမ်းပေးလာတယ်။

ဒါယွန်း အတွက်တော့ အဲဒီလက်က ကိုင်လိုက်သမျှ ရွှေဖြစ်သွားစေတဲ့ မိုက်ဒတ်စ် ရဲ့ လက်လိုပဲ။ သူ့ကို ရွှေဖြစ်သွားစေမယ့် မှော်လက်တစ်စုံလေ။ ဒါယွန်း က အဲဒီလက်ကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်တယ်။

* * * * * * * * *

"ဝိုး... တော်တော် ကြီးတာပဲ"

"အင်း"

မျက်စိရှေ့က ကြီးမားတဲ့ အဆောက်အအုံကြီးကို မာရူး ကြည့်လိုက်တယ်။ ဒီနေရာက ပြုပြင်မွမ်းမံထားတဲ့ စက်ရုံတစ်ခုလို့ အင်တာနက်မှာ သူ ဖတ်ဖူးပေမယ့် ဒီလောက်ကြီးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူတို့နှစ်ယောက် ဝင်သွားတဲ့အခါ ဖွဲ့စည်းပုံအမျိုးမျိုးကို သူ မြင်လိုက်ရတယ်။ တချို့က ခြံစည်းရိုးတွေ၊ နံရံတွေနဲ့ တူတယ်။ ဖျာတွေ၊ ပြိုင်တန်းတွေလည်း ရှိတယ်။

"အိုး... မင်းတို့ ရောက်လာပြီပဲ"

ပြိုကျနေတဲ့ အဆောက်အအုံကို ပုံစံတူ လုပ်ထားပုံရတဲ့ နေရာရှေ့မှာ ရပ်နေတဲ့ ချွန်းဟို က သူတို့နှစ်ယောက်ဆီ လျှောက်လာရင်း လက်ပြလိုက်တယ်။ သူက အက်ရှင်ဒါရိုက်တာလို့ ဘန်ဂျူး ကို မာရူး ပြောပြလိုက်တယ်။

"မင်္ဂလာနံနက်ခင်းပါ။ ကျွန်တော် အန်ဘန်ဂျူး ပါ"

သူ့ရဲ့ ထူးခြားပြီး ကျယ်လောင်တဲ့ အသံက အဆောက်အအုံတစ်ခုလုံးကို ဟိန်းထွက်သွားတယ်။ အတားအဆီး မျိုးစုံရှေ့မှာ စတန့်လေ့ကျင့်နေတဲ့ သူတွေက သူတို့ကို တစ်ချက်လှမ်းကြည့်ပြီး လေ့ကျင့်ခန်း ပြန်လုပ်နေကြတယ်။

"ဟားဟား... မင်းရဲ့ အသံကတော့ မျှော်လင့်ချက်ရှိသားပဲ"

ချွန်းဟို က ပြုံးလိုက်ပြီး သူတို့နှစ်ယောက်ကို နောက်ကလိုက်ခဲ့ဖို့ ပြောလိုက်တယ်။

* * * * * * * * *

All Chapters