← Chapters

အခန်း ၁၇၉

Vol. 15 Ch. 179

အခန်း ၁၇၉

Vol. 15 Ch. 179

အခန်း။ ၁၇၉

ဘဏ်ဘက်မှ "……."

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ပရိသတ်များမှာလည်း "……"

နေဦး... ဂူချန်က တကယ်ပဲ... ကျောက်ရိရှန်းမှာ အဲဒီရာဇဝတ်သားတွေနဲ့ ရင်းနှီးတဲ့ပတ်သက်မှု ရှိနေပါတယ်ဆိုတာကို ဘဏ်ဘက်ကနေ သက်သေပြဖို့ တောင်းဆိုနေတာလား...

ဒါတင်မကသေးဘူး...

သူရလိုက်တဲ့ ပိုက်ဆံတွေက ရာဇဝတ်မှုကနေ ရလာတဲ့ ပိုက်ဆံတွေဖြစ်မှန်း ကျောက်ရိရှန်းကိုယ်တိုင် ကြိုသိနေခဲ့ပါတယ်ဆိုတာကိုပါ ဘဏ်ဘက်ကပဲ အထောက်အထားပြဖို့ တွန်းအားပေးနေတာလား...

ကျန်းယီဖန်တစ်ယောက် ချက်ချင်းဆိုသလို တုံ့ဆိုင်းသွားပြီး လုံးဝကို ဆွံ့အသွားရတော့သည်။

မဖြစ်နိုင်တာ... ဒါကို ဘယ်လိုနည်းနဲ့ သက်သေပြလို့ ရမှာလဲ...

မင်းတို့ကိုယ်တိုင်က ရာဇဝတ်သားတွေနဲ့ တစ်ကျောင်းတည်းနေ အပေါင်းအပါတွေ ဖြစ်နေပြီးတော့မှ အခုကျမှ ဘဏ်ကိုပဲ လိုက်ပြီး သက်သေပြပေးဖို့ မျှော်လင့်နေကြတာလား...

ကျန်းယီဖန်က "အဓိပ္ပာယ်မရှိတာ ခုခံချေပတဲ့ရှေ့နေက အဓိပ္ပာယ်မရှိတဲ့ စကားတွေကိုသာ လျှောက်ပြောနေတာပဲ" ဟု ပြောလိုက်သည်။

"အချက်အလက်တွေက ဒီမှာ ရှိနေပြီးသားပဲ"

"ခင်ဗျားတို့ မရှင်းပြနိုင်လို့ ကျွန်တော်တို့ဘဏ်ကိုပဲ ရှင်းပြခိုင်းနေတာလား"

"ထွက်ဆိုချက် မှတ်တမ်းတွေဟာ အမှန်တရား မဟုတ်နိုင်ဘူးလို့ ကျွန်တော် ပြောပြီးသားပဲ။ ကျောက်ရိရှန်းနဲ့ ရာဇဝတ်သားတွေကြားက ကိစ္စတွေကို ခင်ဗျား ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မလား"

"ရာဇဝတ်သားတွေက ကျောက်ရိရှန်းကို ဘာလို့ ပိုက်ဆံပေးရတာလဲ။ ရာဇဝတ်သားတွေက ဘဏ်က လုယက်လာတဲ့ ပိုက်ဆံတွေကို ကျောက်ရိရှန်းရဲ့ မိသားစု ဆေးကုသစရိတ်အတွက် ပေးလိုက်တယ်ဆိုတာ လူတိုင်းသိတဲ့ အချက်ပါပဲ။ သူတို့ တစ်ယောက်နဲ့တစ်ယောက် မသိဘူးဆိုတာ ဘယ်သူက ယုံမှာလဲ"

"ကျွန်တော် မယုံဘူး။ ပရိသတ်တွေလည်း မယုံဘူး။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့သူတွေလည်း ယုံမှာမဟုတ်ဘူး"

ကျန်းယီဖန်မှာ ဒေါသ ထွက်လာသည်။

မဟုတ်ဘူး... ဒီရှေ့နေဂူက ငြင်းခုံရာမှာ တကယ်ကို အရည်အချင်းရှိလွန်းတယ်။

ဘာလို့ သူက ဘဏ်ကိုပဲ အရာရာအတွက် အထောက်အထား တင်ပြခိုင်းနေရတာလဲ

ရှေ့နေဂူသည် ကျန်းယီဖန်၏ စကားကို ကြားသောအခါ ပြုံးလိုက်ပြီး "ဒါဆိုရင် ခင်ဗျား ပြောချင်တာက ကျောက်ရိရှန်းက လုယက်သူတွေကို သိတယ်ဆိုတာကို သက်သေပြမယ့် ခိုင်လုံတဲ့ အထောက်အထား ခင်ဗျားဆီမှာ မရှိဘူးပေါ့ ဟုတ်လား။ ရဲတပ်ဖွဲ့ရဲ့ ထွက်ဆိုချက်ကို ချေဖျက်နိုင်မယ့် အထောက်အထား မရှိဘူးဆိုတာ မှန်တယ်မလား" ဟု ပြောသည်။

"စွပ်စွဲသူက သက်သေပြရမယ်ဆိုတဲ့အတိုင်း ခင်ဗျားတို့ဆီမှာ အထောက်အထား မရှိရင် ကျောက်ရိရှန်းက ရာဇဝတ်သားတွေနဲ့ ဘာပတ်သက်မှုမှ မရှိဘူးလို့ပဲ မှတ်ယူရမှာပါ"

"ပြီးတော့ ရာဇဝတ်သားတွေက ဘာလို့ ကျောက်ရိရှန်းရဲ့အဖေကို ဆေးကုသပေးဖို့ ပိုက်ဆံပေးရတာလဲ ဆိုတာကိုတော့ ရာဇဝတ်သားတွေကိုပဲ သွားမေးပါ။ အဲဒါက ကျွန်တော့်အမှုသည်နဲ့ ဘာဆိုင်လို့လဲ"

ကျန်းယီဖန်မှာ ထိုစကားကို ကြားပြီးနောက် ဒေါသထွက်လွန်း၍ ပေါက်ကွဲသွားတော့သည်။

ဒါက ဘယ်လိုလုပ် မဆိုင်ဘဲ နေမှာလဲ။

သောက်ကျိုးနည်း…….

ကျန်းယီဖန်မှာ ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်သည်။

"ကောင်းပြီ ခင်ဗျားက ကျွန်တော့်ကို အထောက်အထား တင်ပြခိုင်းတယ်မလား"

"ကျောက်ရိရှန်းနဲ့ ရာဇဝတ်သားတွေ တစ်ယောက်နဲ့တစ်ယောက် သိကြတယ်ဆိုတာ သက်သေပြမယ့် အထောက်အထား ကျွန်တော့်ဆီမှာ ရှိတယ်။ ရဲတပ်ဖွဲ့က စေ့စပ်သေချာအောင် မစုံစမ်းခဲ့တာပဲ ဖြစ်ဖြစ် ထွက်ဆိုချက်မှတ်တမ်းတွေက အတုပဲ ဖြစ်ဖြစ် ဖြစ်နိုင်တယ်"

"ကြည့်လိုက်စမ်းပါ"

"ဒါက ချင်းဟဲ့ ပထမအလယ်တန်းကျောင်းက ကျောင်းသားစာရင်းပဲ"

"ဒါကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က သူတို့ အလယ်တန်း ပထမနှစ်တုန်းက ကျောင်းသားစာရင်းပေါ့"

"ဒီစာရင်းအရ ကျောက်ရိရှန်းနဲ့ ဒီဓားပြတွေက တစ်ယောက်နဲ့တစ်ယောက် အသိတွေဆိုတာ ပေါ်လွင်နေတယ်။ သူတို့ အချင်းချင်း သိကြတယ်။ သူတို့က အတန်းဖော်တွေ။ တစ်ချိန်တုန်းက တစ်တန်းတည်းနေခဲ့တဲ့ အတန်းဖော်တွေ ဖြစ်ကြပြီးတော့ အခုတော့ သူတို့ တစ်ယောက်နဲ့တစ်ယောက် မသိဘူးလို့ ခင်ဗျားတို့ ပြောနေဦးမှာလား အဲဒါ ဖြစ်နိုင်ပါ့မလား"

"ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းမှာ သူတို့မှာ ဘာပတ်သက်မှုမှ မရှိဘူးလို့ ရေးထားပေမဲ့ တကယ်ပဲ မပတ်သက်ဘူးလို့ ဆိုနိုင်မလား အတန်းဖော်ဆိုတာ ပတ်သက်မှု မဟုတ်ဘူးလား"

"ရှေ့နေဂူ အခု ခင်ဗျား ဘာဆက်ပြောဦးမလဲ"

"ဒါကတော့ ရှင်းနေပါပြီ"

"ကျောက်ရိရှန်းက ဒီဓားပြတွေကို သိတယ်..."

"ဒါဆိုရင် ကျောက်ရိရှန်းနဲ့ ဒီဓားပြတွေ ဘဏ်လုယက်ဖို့ ကြိုတင်ကြံစည်ထားကြတာပေါ့"

ကျန်းယီဖန်က စကားဆက်သည်။

"ကျောက်ရိရှန်းက ရွီမော်ဘဏ်မှာ ပြဿနာရှာပြီး ဝန်ထမ်းတွေရဲ့ အာရုံကို လွှဲလိုက်တယ်။ အဲဒီအချိန်မှာ တခြား ရာဇဝတ်သားတွေက ဘဏ်ကို လုယက်ဖို့ အခွင့်အရေးစောင့်ပြီး ပြင်ဆင်နေကြတာ။ ဒီလူတွေက ဘဏ်ထဲမှာ အခွင့်သာမယ့် အချိန်ကို စောင့်နေခဲ့တာပဲ"

"နောက်ဆုံးမှာ ကျောက်ရိရှန်းက အချက်ပြလိုက်ပြီး ကောင်တာကို ရိုက်ခွဲလိုက်တယ်"

"ပြီးတော့ ဓားပြတွေ ဝင်လာတာပဲ"

"လုယက်မှု အောင်မြင်ပြီးတဲ့အခါမှာ ဒီဓားပြတွေက ပိုက်ဆံတွေကို ယူပြီး ဆေးရုံကို သွားခဲ့ကြတယ်။ ကျောက်ရိရှန်းရဲ့ အဖေ ခွဲစိတ်ကုသဖို့ ကူညီပေးခဲ့ကြတယ်။ ဒါကို နားလည်ပေးလို့ ရပေမဲ့ ဘဏ်ကို လုယက်တာကတော့ မှားယွင်းတဲ့ လုပ်ရပ်ပဲ"

"ဒါက အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပဲ"

"ဒါကြောင့် ဘဏ်လုယက်ခံလိုက်ရတာ"

"ဒီဓားပြတွေက ကျောက်ရိရှန်းနဲ့ အသေအချာကို အသိတွေ ဖြစ်နေတာပဲ"

ကျန်းယီဖန်က အကြာကြီး ပြောဆိုပြီးနောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ သံသယ ဝင်လာကြသည်။

[မဟုတ်ဘူး။ ဘဏ်ဘက်က ပြောတာလည်း ယုတ္တိရှိသလိုပဲလို့ ဘာလို့ ခံစားနေရတာလဲ] [ရွီမော်ဘဏ်က လူတစ်ယောက်မဟုတ်ပေမဲ့ သူပြောတာတွေက တကယ်ပဲ အချက်အလက်နဲ့ ကိုက်ညီနေသလိုပဲ....]

[သူတို့ အချင်းချင်း သိနေတာ ဖြစ်ဖို့ များတယ်။ မဟုတ်ရင် ဘာလို့ ဓားပြတွေက တခြားသူကို မပေးဘဲ ကျောက်ရိရှန်းရဲ့ အဖေ ဆေးကုဖို့ပဲ သီးသန့် ပေးရတာလဲ အဲဒါ အရမ်း မဖြစ်နိုင်စရာကြီး ဖြစ်နေတယ်....]

[ပြီးတော့ သူတို့က အလယ်တန်းတုန်းက အတန်းဖော်တွေဆိုတော့ အရာအားလုံးက တစ်ဆက်တည်း ဖြစ်သွားတာပဲ]

[တကယ်လို့ ဒါသာ အမှန်ဆိုရင် ကျောက်ရိရှန်း လုယက်မှုနဲ့ ထောင်ကျတာ မမှားတော့ဘူး]

အင်တာနက်အသုံးပြုသူများမှာ မှတ်ချက်များ စတင်ပေးလာကြသည်။

ထိုအချိန်တွင် ရွှယ်ချင်းချင်းမှာ သူမ၏ သူဌေးဂူချန်ကို စိုးရိမ်တကြီး ကြည့်နေမိသည်။

အခုလို အခြေအနေမျိုးမှာ ဘယ်လိုနည်းနဲ့များ ခုခံချေပလို့ ရနိုင်တော့မှာလဲ...

ကျောက်ရိရှန်းမှာ အပြစ်မရှိပါဘူးလို့ရော ဘယ်လိုလုပ်ပြီး သက်သေပြရတော့မှာလဲ...

ဖြစ်ပျက်ခဲ့သမျှ သက်သေအထောက်အထားတွေ အားလုံးကလည်း တစ်ခုနဲ့တစ်ခု ကွင်းဆက်မိနေသလို ဖြစ်နေတော့ ဂူချန်စကားကို ဘယ်သူကမှ ယုံကြမှာ မဟုတ်ဘူး...

ကြည့်ရတာတော့ ငါတို့ရဲ့ ရှေ့နေဂူအတွက်တောင်မှ ဒီအမှုက တကယ့်ကို အကြိတ်အနယ်နဲ့ အခက်ခဲဆုံး ကြုံရမယ့် အမှုပဲ ဖြစ်လိမ့်မယ်...

ထိုစဉ် ဂူချန်သည် စာရွက်စာတမ်း အချို့ကို ထုတ်ယူကာ တင်ပြလိုက်သည်။

"တရားသူကြီးခင်ဗျား ကျွန်တော် ကန့်ကွက်ပါတယ်"

ဂူချန်က ပြောလိုက်သည်။

တရားသူကြီးက ဂူချန်ကို ကြည့်ကာ "ဆက်ပြောပါ" ဟု ပြောလိုက်သည်။

ဂူချန်က မတ်တပ်ရပ်လိုက်ပြီး...

"အခု တရားလိုရှေ့နေဘက်က တင်ပြသွားတဲ့ အချက်အလက်တွေ အားလုံးက စိတ်ကူးယဉ် ပုံပြင်တစ်ပုဒ်လို ဖန်တီးပြောဆိုနေတာသက်သက်ပါ။

အမှန်တရားကတော့ ကျောက်ရိရှန်းက အဲဒီလုယက်သူတွေကို လုံးဝမသိကျွမ်းသလို အဲဒီလုယက်သူတွေကလည်း ကျောက်ရိရှန်းကို မသိကြပါဘူး...။

သူတို့ရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေ၊ WeChat စာတိုပေးပို့မှုမှတ်တမ်းတွေနဲ့ ရာဇဝတ်သားတွေရဲ့ ကိုယ်တိုင်ဝန်ခံချက်တွေအရ သူတို့အချင်းချင်းကြားမှာ ဘယ်လို ဆက်သွယ်မှုမျိုးမှ မရှိခဲ့ပါဘူး။

နှစ်ပေါင်းများစွာ မြို့တစ်မြို့တည်းမှာ အတူနေထိုင်ခဲ့ကြတာ မှန်ပေမဲ့ အလယ်တန်းကျောင်းပြီးကတည်းက တစ်ကြိမ်တစ်ခါမျှ မဆုံတွေ့ခဲ့ဖူးသလို အဆက်အသွယ်လည်း လုံးဝ ပြတ်တောက်နေခဲ့တာပါ...

ကျွန်တော် တစ်ခုလောက် မေးပါရစေ...

အလယ်တန်းကျောင်းတုန်းက အတန်းဖော်တွေရဲ့ မျက်နှာကို အခုထက်ထိ အမှတ်ရနေမယ့်သူ ဘယ်နှယောက်များ ရှိလို့လဲခင်ဗျာ...

ကျောင်းပြီးသွားတာ (၁၀) နှစ်ကျော်နေပြီဖြစ်လို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ အဆက်အသွယ် မလုပ်ဖြစ်ကြဘူးဆိုရင် အလယ်တန်းတုန်းက အတန်းဖော်ရဲ့ နာမည်ကို မေ့သွားတာက သဘာဝကျတဲ့ လူ့သဘောသဘာဝတစ်ခုပါပဲ..."

ထို့နောက် ဂူချန်က စာရွက်စာတမ်း နောက်တစ်စုံကို ထပ်မံထုတ်ယူလိုက်ရင်း...

"ဒီစာရွက်စာတမ်းကတော့... ကျွန်တော်ကိုယ်တိုင် လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ရဲတပ်ဖွဲ့ဆီ သွားရောက်စုံစမ်းပြီး ရရှိလာခဲ့တဲ့... နောက်ထပ် ထွက်ဆိုချက်တစ်ခုပါ။

အဲဒီရာဇဝတ်သားတွေ ဝန်ခံထားတာကတော့ သူတို့ (၃) ယောက်လုံးက မိခင်ဖြစ်သူ ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့လို့ အဖေဖြစ်သူရဲ့ လက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့ရတဲ့ သားသမီးတွေပါ။

အခုတော့... သူတို့ရဲ့ အဖေကလည်း ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရပြီး အရေးပေါ် ခွဲစိတ်ကုသဖို့ လိုအပ်နေတာပါ...

ဒါပေမဲ့ သူတို့မှာ ပိုက်ဆံမရှိကြဘူး။

တတ်နိုင်သလောက် လိုက်လံချေးငှားခဲ့ပေမဲ့လည်း မလုံလောက်ခဲ့ပါဘူး...

ဒါကြောင့်မို့လို့... သူတို့ ဘဏ်ကိုလုယက်ဖို့အထိ စိတ်ကူးမှားခဲ့ကြတာပါ...

ဘဏ်ကို လုယက်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ အကြွေးတွေကို ပေးချေခဲ့ပြီး ကျန်တဲ့ပိုက်ဆံတွေနဲ့ အဖေအတွက် ဆေးဝါးတွေ ဝယ်ခဲ့ကြတယ်...

အဲဒီအချိန်တုန်းက ဘဏ်ထဲမှာ သူတို့ ကျောက်ရိရှန်းကို တွေ့ခဲ့ကြတာပါ။

ဒါပေမဲ့ သူတို့ ကျောက်ရိရှန်းရဲ့ ပိုက်ဆံကိုတော့ မလုခဲ့ကြပါဘူး။

ကျောက်ရိရှန်းကိုယ်တိုင်လည်း အဖေဖြစ်သူဆေးကုသဖို့အတွက် ပိုက်ဆံ လိုအပ်နေတယ်ဆိုတာကို သူတို့ သိသွားခဲ့ကြတယ်...

တိုက်ဆိုင်ချင်တော့ သူတို့ရဲ့ အဖေကလည်း အဲဒီဆေးရုံမှာပဲ တက်နေကြတာ ဖြစ်လို့ ဆေးရုံမှာပဲ ထပ်ပြီး ဆုံတွေ့ခဲ့ကြရပြန်တာပါ...။

ဒီလုယက်သူတွေက ခွဲစိတ်ကုသဖို့ ပိုက်ဆံမရှိလို့ ရင်ဆိုင်ရတဲ့ ဒုက္ခဝေဒနာကို ကိုယ်တိုင် ကောင်းကောင်း ခံစားဖူးကြသူတွေမို့ ဘဏ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကျောက်ရိရှန်းရဲ့ အခြေအနေကို မြင်တဲ့အခါ စာနာစိတ်နဲ့ ဆေးရုံက ကျောက်ရိရှန်းရဲ့ အဖေ ခွဲစိတ်စရိတ်ကိုပါ တစ်ပါတည်း ပေးချေပေးခဲ့တာပါ။

သူတို့ ပိုက်ဆံပေးချေပြီးသွားတဲ့ အချိန်ကျမှသာ ကျောက်ရိရှန်းက တစ်စုံတစ်ယောက်က သူ့အတွက် ဆေးဖိုးပေးသွားပြီဆိုတာကို သိခဲ့ရတာပါ...

ဆိုလိုတာက ကျောက်ရိရှန်းအနေနဲ့တော့ အစကနေ အဆုံးထိ ဘာတစ်ခုမှ ကြိုတင်သိရှိထားခြင်း မရှိခဲ့ပါဘူး...

ဒါက... ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားအစစ်အမှန်ပါပဲ...

ဒါကတော့... သူတို့ရဲ့ တရားဝင် ထွက်ဆိုချက်စာတမ်းပါပဲ..."

ဂူချန်က ထွက်ဆိုချက်စာတမ်းကို တင်ပြလိုက်သည်။

တရားခွင်အတွင်းမှာတော့ တိတ်ဆိတ်ကာ ငြိမ်သက်သွားတော့သည်။

All Chapters