← Chapters

အခန်း ၁၈၀

Vol. 15 Ch. 180

အခန်း ၁၈၀

Vol. 15 Ch. 180

အခန်း။ ၁၈၀

တရားသူကြီးသည် ဂူချန် တင်ပြလိုက်သော အထောက်အထားများကို စစ်ဆေးကြည့်ရှုသည်။ အဆိုပါ မှတ်တမ်းများသည် ရဲတပ်ဖွဲ့ထံမှ ရရှိထားသည့် တရားဝင် မှတ်တမ်းများ ဖြစ်နေသဖြင့် မည်သည့်အငြင်းပွားစရာမျှ မရှိတော့ပေ။

ဤအထောက်အထားများအရ ကျောက်ရိရှန်းသည် လုယက်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ လုယက်မှုအတွက် ပြစ်မှုထင်ရှားခြင်း မရှိကြောင်း ထင်ရှားသွားသည်။

သို့သော် ဘဏ်ကောင်တာကို ရိုက်ခွဲခဲ့သည့်အတွက် လျော်ကြေးပေးရန်မှာမူ လိုအပ်နေဆဲပင်။

အွန်လိုင်းမှ ကြည့်ရှုသူများမှာလည်း ဖြစ်ပျက်ခဲ့သည့် အမှန်တရားကို ရုတ်တရက် နားလည်သွားကြသည်။

[အမလေး အခုမှ သဘောပေါက်တော့တယ်]

[ဖြစ်ပျက်ခဲ့တာက ဒီလိုကိုး]

[ဒါဆို ကျောက်ရိရှန်းက အပြစ်မရှိဘူး။ သူ ဘာရာဇဝတ်မှုမှ မကျူးလွန်ထားဘူး]

[ဒါဆိုရင် အပြစ်က ဘဏ်မှာရှိနေတာပေါ့။ ဘဏ်မှာ ပြဿနာကြီးကြီးမားမား ရှိနေတာပဲ]

[ဒီဘဏ်က အရမ်းကို ရွံဖို့ကောင်းတာပဲ လူတစ်ယောက်ကို ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်ခွင့် မပေးဘူး၊ "ကျွန်တော်က ကျွန်တော့်အဖေရဲ့ သားဖြစ်ကြောင်း" သက်သေပြခိုင်းနေသေးတယ်။ အခု လုယက်မှုဖြစ်တော့မှ အပြစ်အားလုံးကို ကျောက်ရိရှန်းဆီ ပုံချလိုက်တာ။ ဘဏ်မှာ တာဝန်မရှိဘူးလား]

[တာဝန်ယူရမှာပေါ့။ ဒီဘဏ်က တကယ်ကို ရွံစရာကောင်းတယ်]

[ကျောက်ရိရှန်း အပြစ်မရှိဘူး]

[ကျောက်ရိရှန်းကို ပြစ်ဒဏ်ကနေ လွတ်မြောက်ပေးဖို့ ထောက်ခံတယ်]

တရားခွင်တွင် ဤအခြေအနေသို့ ရောက်ရှိလာသောအခါ ကျန်းယီဖန်၏ မျက်နှာမှာ ဒေါသကြောင့် အရောင်ပြောင်းသွားသည်။

ကျောက်ရိရှန်းကို သူတို့ ဆက်လက်အရေးယူနိုင်တော့မည် မဟုတ်တော့ချေ။

သို့သော် ဘဏ်၏ ဂုဏ်သိက္ခာကိုမူ မည်သို့မဆို ကာကွယ်ရမည်ပင်။

လုယက်သူများကိုလည်း ဖမ်းမိပြီးဖြစ်ရာ ဘဏ်၏ ဂုဏ်သိက္ခာကိုသာ ဆက်လက်ထိန်းသိမ်းနိုင်ပါက အခြေအနေကောင်းမည်ဟု သူ ယူဆလိုက်သည်။

ကျောက်ရိရှန်း ထောင်ကျခြင်း မကျခြင်းမှာ ဘဏ်အတွက် အရေးကြီးသည့်အချက် မဟုတ်တော့ပေ။

ကျန်းယီဖန်က အခြေအနေကို ပြန်လည်ထိန်းကျောင်းဖို့အတွက် "အကယ်၍ အမှန်တရားက တကယ်ပဲ ဒီလိုဖြစ်ရပ်မျိုး ဖြစ်ခဲ့တယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ကျောက်ရိရှန်းအပေါ် မှားယွင်းပြီး နားလည်မှုလွဲခဲ့ကြတာလို့ပဲ ဝန်ခံရမှာပါ...

ဒါပေမဲ့လည်း ကျောက်ရိရှန်းရဲ့ လုပ်ရပ်တွေက ဘယ်သူမဆို လွယ်လွယ်ကူကူနဲ့ နားလည်မှုလွဲသွားနိုင်စရာ ကောင်းနေခဲ့တာမို့ ကျွန်တော်တို့ဘက်ကလည်း မတတ်သာခဲ့လို့ပါ...

ဒါပေမဲ့ အစကနေ အဆုံးထိ ရွီမော်ဘဏ်ကတော့ တကယ့် နစ်နာသူအစစ်အမှန်ပါပဲဗျာ။ ဘဏ်လုယက်ခံလိုက်ရတာ...

ဆုံးရှုံးမှုတွေ ကြုံတွေ့လိုက်ရတာက ရွီမော်ဘဏ်ပါ...

ကျွန်တော်တို့ ဘဏ်အနေနဲ့ ဖောက်သည်တွေရဲ့ အပ်နှံငွေတွေကို အကာအကွယ်ပေးချင်တဲ့ စေတနာသက်သက်နဲ့သာ ကျောက်ရိရှန်းကို ဥပဒေအရ အရေးယူဖို့ ကြိုးစားခဲ့တာပါ။

ဖောက်သည်တွေရဲ့ အကျိုးစီးပွားကို ဦးစားပေးတာက ကျွန်တော်တို့ရဲ့ အဓိက လမ်းစဉ်ပဲလေ...

လုယက်မှုနဲ့ ပတ်သက်နေသူတွေကို မဖမ်းဆီးနိုင်ရင် ဖောက်သည်တွေရဲ့ ရန်ပုံငွေကို ဘယ်လိုလုပ်ပြီး စိတ်ချလက်ချ အပ်နှံနိုင်ပါ့မလဲ..."

"အရင်တုန်းကလည်း ဘဏ်မှာ တခြားလူရဲ့ အဖေပိုက်ဆံကို မှားယွင်းတဲ့ မှတ်ပုံတင်နဲ့ လာထုတ်သွားလို့ ငွေသိန်းဂဏန်းအထိ ဆုံးရှုံးခဲ့ဖူးတဲ့ သာဓကမျိုး ရှိခဲ့ဖူးပါတယ်...

အဲဒါကြောင့်မို့လို့ပဲ ဘဏ်ဘက်က ငွေထုတ်ယူတဲ့ စည်းမျဉ်းတွေကို ပိုပြီး တင်းကျပ်ထားခဲ့ရတာပါ...

ဒါတွေအားလုံးက ဖောက်သည်တွေကို ပိုပြီးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့နဲ့ ပိုင်ဆိုင်မှုတွေကို တာဝန်သိသိ စီမံခန့်ခွဲပေးဖို့အတွက်ပါပဲ။

အဲဒီတုန်းက ကျောက်ရိရှန်းကို ငွေထုတ်မပေးခဲ့တဲ့ ဝန်ထမ်းကလည်း ယာယီဝန်ထမ်းတစ်

ယောက်ဖြစ်ပြီး ဘဏ်အနေနဲ့လည်း သူ့ကို သင့်တော်သလို အရေးယူ ကိုင်တွယ်ဖြေရှင်းပြီးသွားပါပြီ..."

"စိတ်ချကြပါ... ရွီမော်ဘဏ်က ဖောက်သည်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အမြဲတမ်း အစွမ်းကုန် အကာအကွယ်ပေးသွားမှာပါ...

ကျွန်တော်တို့အတွက်တော့ ဝန်ဆောင်မှုက အမြဲတမ်း ပထမဦးစားပေးပါပဲ...

ဒါကြောင့်မို့လို့... ဒီအမှုကို ဒီတင်ပဲ အဆုံးသတ်ကြရအောင်ပါ...

ကျောက်ရိရှန်းက ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့တာမို့... ဒါက နားလည်မှုလွဲမှားခြင်းသက်သက်ပါပဲ။

ဒါပေမဲ့... တကယ့် ပြစ်မှုကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတွေကိုတော့ တရားရုံးတော်ကနေ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

ကျန်းယီဖန်က နိဂုံးချုပ်ပြီး အဆုံးသတ်ရန် ပြောလိုက်သည်။

ဤအချိန်တွင် သူ၏ လက်ထဲ၌ အခြားရွေးချယ်စရာ မကျန်ရှိတော့ပေ။

ကျောက်ရိရှန်းကို ထောင်မပို့နိုင်တော့မှန်း သိလိုက်ရသော်လည်း ဘဏ်၏ ဂုဏ်သိက္ခာကို ကာကွယ်နိုင်လျှင် ကျေနပ်နေသည်။

ဂူချန်သည် ကျန်းယီဖန်၏ စကားကို ကြားသောအခါ လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။

ပြဿနာ မရှိတော့ဘူးပေါ့လေ။

ကျောက်ရိရှန်းကို မဟုတ်မမှန် စွပ်စွဲပြီး အချိန်အတော်ကြာအောင် ဂုဏ်သိက္ခာညှိုးနွမ်းစေခဲ့ပြီးမှ စကားတစ်ခွန်းတည်းနဲ့ ပြီးဆုံးသွားဖို့ ကြိုးစားနေတာလား။

ဒီလောက်နဲ့ပဲ သူတို့ တာဝန်ကနေ ကင်းလွတ်ခွင့် ရသွားတော့မှာလား။

ယခုမူ ဂူချန်၏ စွမ်းဆောင်ရည်ကို ပြသရမည့် အချိန် ရောက်လာပြီဖြစ်သည်။

ဂူချန်က စကားစလိုက်သည်။

"ဒီကိစ္စကို ဒီအတိုင်းပဲ ပြီးဆုံးသွားဖို့ ခင်ဗျားတို့ မျှော်လင့်နေတာလား"

"ရွီမော်ဘဏ်က ကျွန်တော်တို့ရဲ့ အမှုသည်ကို မဟုတ်မမှန် စွပ်စွဲခဲ့တာကြောင့် ကျွန်တော်တို့ အမှုသည်က ဒီလောက်အထိကြာအောင် အချုပ်ခံထားခဲ့ရတယ်။

ဘဏ်က လူကောင်းတစ်ယောက်ကို အကြောင်းမဲ့ စွပ်စွဲခဲ့သလို ငွေထုတ်မရအောင် အမျိုးမျိုးသော အတားအဆီးတွေ ဖန်တီးခဲ့တယ်။

ကျွန်တော်က ကျွန်တော့်အဖေရဲ့ သားဖြစ်ကြောင်းလိုမျိုး အဓိပ္ပာယ်မရှိတဲ့ သက်သေပြချက်တွေကို တောင်းဆိုခဲ့တာ မဟုတ်ဘူးလား"

ကျန်းယီဖန် မျက်မှောင်ကြုတ်လိုက်ပြီး "ခုခံချေပတဲ့ရှေ့နေ ဘာလုပ်ချင်တာလဲ ကျွန်တော်တို့ သက်သေပြချက်တွေ ပိုတောင်းဆိုခဲ့တာက ဖောက်သည်ရဲ့ ပိုင်ဆိုင်မှု လုံခြုံရေးကို ကာကွယ်ဖို့အတွက်ပဲ။ ငွေမထုတ်ပေးဖို့ မဟုတ်ဘူး။ ကျွန်တော်က ကျွန်တော့်အဖေရဲ့ သားဖြစ်ကြောင်းလိုမျိုး တောင်းဆိုမှုက လုပ်ငန်းစဉ်ကို နားမလည်တဲ့ ယာယီဝန်ထမ်းတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ။ သူ့ရဲ့ ကျွမ်းကျင်မှု အားနည်းတာကြောင့် ဘဏ်အနေနဲ့ သူ့ကို အလုပ်ထုတ်ပြီး တာဝန်ယူဖြေရှင်းပြီးသားပါ"

"ကျွန်တော်တို့ဘဏ်ရဲ့ ဖောက်သည်ဝန်ဆောင်မှုနဲ့ ပိုင်ဆိုင်မှု ကာကွယ်ရေးအပိုင်းကို ဘယ်သူမှ မေးခွန်းထုတ်စရာ မလိုဘူး"

"အခုလို ခုခံချေပတဲ့ရှေ့နေက ကျွန်တော်တို့ဘဏ်ကို စွပ်စွဲနေတာက ဂုဏ်သိက္ခာကို ထိခိုက်စေတာပဲ ခင်ဗျားကို ဥပဒေအရ တာဝန်ယူဖို့ တောင်းဆိုတယ်"

ကျန်းယီဖန်သည် မည်သို့မျှ တွန့်ဆုတ်မနေဘဲ မတ်တပ်ရပ်လိုက်သည်။

"တရားသူကြီးခင်ဗျား ရွီမော်ဘဏ်က ဖောက်သည်အကျိုးစီးပွားကို အမြဲဦးစားပေးခဲ့ပြီး ပိုင်ဆိုင်မှု ကာကွယ်ရေးမှာ အမြင့်မားဆုံး စံနှုန်းတွေနဲ့ ဆောင်ရွက်ခဲ့ကြောင်း ကျွန်တော် လေးလေးနက်နက် ကြေညာလိုပါတယ်။ ကျွန်တော်တို့ရဲ့ မှတ်တမ်းတွေက အပြစ်ကင်းစင်ပြီး ဖောက်သည်တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပိုင်ဆိုင်မှု ဆုံးရှုံးမှုမျိုး တစ်ကြိမ်မှ မရှိခဲ့ဖူးပါဘူး"

"ခုခံချေပတဲ့ရှေ့နေရဲ့ မသင့်လျော်တဲ့ မှတ်ချက်စကားတွေက ဘဏ်ရဲ့ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေပါတယ်။ ဒါက ဂုဏ်သိက္ခာ ထိခိုက်စေမှု ဖြစ်ပါတယ်။ ဒါကြောင့် ခုခံချေပတဲ့ရှေ့နေကို ဥပဒေအရ တာဝန်ယူပေးဖို့ တောင်းဆိုပြီး ရွီမော်ဘဏ်ရဲ့ ဂုဏ်သိက္ခာနဲ့ တရားဥပဒေဆိုင်ရာ အခွင့်အရေးတွေကို ပြန်လည်ရရှိဖို့ ဥပဒေလမ်းကြောင်းအရ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

ကျန်းယီဖန်က ပြောလိုက်သည်။

တရားခွင်အတွင်း ဂူချန်နှင့် ကျန်းယီဖန်တို့မှာ အလျှော့မပေးဘဲ အပြန်အလှန် စိန်ခေါ်နေကြသည်။

ရွီမော်ဘဏ်၏ ဥပဒေဌာနက အခြား ရှေ့နေများထက် ပိုမိုထက်မြက်ကြောင်း ပြသနေသည်။

ဂူချန်က "တရားသူကြီးခင်ဗျား ကျွန်တော် ကန့်ကွက်ပါတယ်။ ကျွန်တော့်ရဲ့ လျှောက်လဲချက် မပြီးဆုံးသေးခင်မှာ တရားလိုရှေ့နေက တမင်သက်သက် နှောင့်ယှက်နေတာပါ" ဟု ပြောသည်။

တရားသူကြီး ဝမ်ကျုံးက "ကန့်ကွက်ချက်ကို လက်ခံတယ်။ တရားလိုရှေ့နေ ခုခံချေပတဲ့ရှေ့နေ စကားမဆုံးခင် ကြားဖြတ်မပြောပါနဲ့" ဟု သတိပေးသည်။

ဂူချန်က ဆက်ပြောလိုက်သည်။

"ရွီမော်ဘဏ်က ကျွန်တော့်ကို ဂုဏ်သိက္ခာ ထိခိုက်စေမှုနဲ့ စွပ်စွဲနေတာလား ကျွန်တော် ပြောတာ မသင့်လျော်ဘူးလား"

"ဒါပေမဲ့ ကျွန်တော် ပြောခဲ့တာတွေအားလုံးက အမှန်တရားတွေပဲ"

"ရွီမော်ဘဏ်က ဖောက်သည်တွေရဲ့ ဆုံးရှုံးမှုအတွက် ဘယ်တုန်းက တာဝန်ယူပေးခဲ့ဖူးလို့လဲ"

"ကျွန်တော့်လက်ထဲမှာ အထောက်အထားတစ်ခု ရှိတယ်"

အနားတွင်ရှိသော ရွှယ်ချင်းချင်းက တရားရုံးမှတ်တမ်း ဖိုင်တွဲတစ်ခုကို ထုတ်ပေးလိုက်သည်။

"ဒါတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ရွီမော်ဘဏ် ကြုံတွေ့ခဲ့ရတဲ့ တရားစွဲဆိုမှု အားလုံးပဲ"

"ပထမအမှုက လွန်ခဲ့တဲ့ ၅ နှစ်တုန်းကပါ။ ဖောက်သည် ကျန်းလီဟုန်က ဘဏ်မှာ ငွေ ၁၀,၀၀၀ ကျပ် ထုတ်ယူခဲ့တယ်။ သူက ပိုက်ဆံကို စစ်ဆေးမကြည့်ဘဲ အိတ်ထဲ ထည့်လိုက်တယ်။ ဘဏ်အပေါက်ဝ ရောက်တဲ့အခါ ပြန်ရေတွက်ကြည့်တော့ ၂၀၀ ကျပ် လိုနေတယ်"

"ရွီမော်ဘဏ်က ငွေကို မျက်စိရှေ့မှာ မရေရင် တာဝန်မယူဘူးဆိုတဲ့ စကားမျိုးနဲ့ ငြင်းပယ်ခဲ့တယ်။ သူတို့က ကျန်းလီဟုန် ဘဏ်အပေါက်ဝ ရောက်နေပြီဖြစ်လို့ ဘယ်နေရာမှာ ပိုက်ဆံကို ဝှက်ထားလဲ ဘယ်သူသိမလဲဆိုပြီး လျော်ကြေးပေးဖို့ ငြင်းခဲ့တယ်။ ကျန်းလီဟုန်က CCTV မှတ်တမ်း ကြည့်ခွင့်တောင်းတော့လည်း မျက်စိရှေ့မှာ မရေရင် တာဝန်မယူဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ငြင်းပယ်ခဲ့တာပဲ"

ဂူချန်က ဆက်ပြောသည်။

"ဒုတိယအမှုက လွန်ခဲ့တဲ့ ၃ နှစ်ကပါ။ ရွီမော်ဘဏ်မှာ လုယက်မှု ဖြစ်ပွားတုန်းက ဖောက်သည်တစ်ယောက် ထုတ်ယူသွားတဲ့ ငွေ ၃၀၀,၀၀၀ ကျပ်ကို ဓားပြတွေ ယူသွားခဲ့တယ်။ ဓားပြကို ဖမ်းမိတဲ့အခါ ပိုက်ဆံတွေကို သုံးစွဲပြီး ဖြစ်နေသလို။ ဓားပြမှာလည်း လျော်ကြေးပေးနိုင်မယ့် ပိုင်ဆိုင်မှု မရှိတော့ဘူး"

ဂူချန်က ထိုအမှုတွဲနှစ်ခုကို ကိုင်တွယ်ထားရင်းမှ

"ဖောက်သည်က ရွီမော်ဘဏ်ကို တရားစွဲတဲ့အခါမှာလည်း ဘဏ်က ငွေကို မျက်စိရှေ့မှာ မရေရင် တာဝန်မယူဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ငြင်းဆိုခဲ့ပါတယ်။ ဓားပြက လုယူသွားတာဖြစ်လို့ ဘဏ်နဲ့ မသက်ဆိုင်ဘူး။ ဖောက်သည် ဘဏ်ကနေ ထွက်သွားပြီးနောက်မှာ ဖောက်သည်ရဲ့ငွေကို ကာကွယ်ပေးရမယ့် တာဝန် ဘဏ်မှာမရှိဘူးဆိုပြီး ပြောခဲ့ပါတယ်။ ရလဒ်ကတော့ ဖောက်သည်က အမှုရှုံးသွားခဲ့ပြီး ဒီနေ့ထိ ငွေ ၃၀၀,၀၀၀ ကျပ်ကို ပြန်မရခဲ့ပါဘူး"

ဂူချန်က ထိုအမှုတွဲများကို ကိုင်မြှောက်လိုက်ပြီး

"ကျွန်တော့်လက်ထဲမှာ ဒီလိုမျိုး တူညီတဲ့ အမှုပေါင်း တစ်ဒါဇင်ကျော်လောက် ရှိနေသေးတယ်။ အကုန်လုံးကို ဖတ်ပြရဦးမလား"

"အဲဒါ လိုအပ်လို့လား"

ဂူချန်၏ အသံမှာ တရားခွင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

တရားခွင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ဂူချန်သည် ထိုအမှုတွဲအားလုံးကို တရားရုံးထံ တင်ပြလိုက်သည်။

ဂူချန်က ဆက်လက်၍ "ဒီလောက် အမှုပေါင်းများစွာကို မပြောတော့ပါဘူး ဒီတစ်ခေါက် ဖြစ်ပွားခဲ့တဲ့ လုယက်မှုအကြောင်းကိုပဲ ပြောကြရအောင်"

"ဒီအမှုမှာ ဓားပြက စုစုပေါင်း ငွေ ၁.၂ သန်းကို လုယူသွားခဲ့တာပါ။ ဖောက်သည်တွေက ၅ သိန်း ဆုံးရှုံးခဲ့ပြီး ရွီမော်ဘဏ်ကတော့ စုစုပေါင်း ၇ သိန်း ဆုံးရှုံးခဲ့ပါတယ်"

"ဓားပြကို ဖမ်းမိတဲ့အချိန်မှာတော့ သူ့ဆီမှာ ပိုက်ဆံ ၄ သိန်းပဲ ကျန်တော့တယ်"

"ဒါပေမဲ့ ဘဏ်က အဲဒီ ၄ သိန်းကို သူတို့ဘာသာ အကုန်ယူလိုက်ပါတယ်"

"ယုတ္တိဗေဒအရ ပြောရရင် ဘဏ်လည်း နစ်နာတယ်။ ဖောက်သည်တွေလည်း နစ်နာတယ်ဆိုရင် ဓားပြဆီက ပြန်ရတဲ့ ပိုက်ဆံတွေကို အချိုးကျ ခွဲဝေပေးသင့်တာပါ"

"ဒါပေမဲ့ ရွီမော်ဘဏ်ကတော့ ငွေ ၄ သိန်းလုံးကို သူတို့ပဲ အကုန်ယူလိုက်ပြီး နစ်နာခဲ့ရတဲ့ ဖောက်သည်တွေကိုတော့ တစ်ပြားတစ်ချပ်မှ ပြန်မပေးခဲ့ပါဘူး"

All Chapters